Final
Roaeanne's Pov
"Welcome Baby Roseanne...ထိုင်လေ "
Eleanor က ကျွန်မကို ကြိုဆိုပေမယ့် ကျွန်မက ထိုင်ရမှာကို ကြောက်နေမိတယ်...Eleanorက ကျွန်မကို တစ်ခုခုလုပ်မှာ စိတ်ပူနေမိတယ်
"Hey Sweetie အမေက သမီးကို အန္တရာယ် ပေးမှာ မဟုတ်ပါဘူးဟယ် "
Eleanor ရဲ့ စကားကြောင့် ကျွန်မ အရမ်းအံ့သြသွားတယ်
ဘုရားရေ Eleanorက သူ့ကိုယ်သူ အမေလို့ သုံးနှုန်းတယ် ဟုတ်လား ကျွန်မဘဲ နားကြားမှားတာလား
"သမီး နားကြား မမှားပါဘူး ကလေးရဲ့ ...အမေပြောတာ အမှန်ပါ "
"ရှင် ဘာတွေပြောနေတာလည်း "
"အရင်ဆုံး ထိုင်လိုက်ပါ အမေ သမီးကို ဘာမှမလုပ်ပါဘူး "
ကျွန်မလည်း သံသယစိတ်တွေနဲ့အတူ Eleanorနဲ့ မလှမ်းမကမ်းမှာ ထိုင်လိုက်တယ်
"Roseanne သေချာနားထောင်နော် မင်းရဲ့ အမေအရင်းက တို့ပါ ....."
"ရှင် ဘာတွေပြောနေတာလည်း ကျွန်မ နားမလည်ဘူး ဘာလုပ်ဖို့ ကြံစည်နေတာလည်း "
"ဘာမှမကြံစည်ပါဘူး အမေပြောတာ အမှန်ပါ "
"ရှင့်လုပ်ဇာတ်တွေကို ကျွန်မက ဘာလို့ ယုံရမှာလည်း ရူးနေတဲ့သူမို့လို့လား "
ကျွန်မရဲ့ စကားကြောင့် Eleanorက ရယ်တယ်
"လုပ်ဇာတ် ဟုတ်မဟုတ် တွေးကြည့်လေ သမီးရယ်.... သမီးရဲ့အဖေရော အမေရောက Time traveller မဟုတ်ဘဲ သမီးက ဘာလို့ အချိန်ခရီးသွားနိုင်နေရတာလည်း ဒါမျိုးက အဖေ ဒါမှမဟုတ် အမေက Time traveller ဖြစ်နေမှ ကလေးဆီ ဗီဇပါလာမှာလေ... "
Eleanorရဲ့ စကားကြောင့် ကျွန်မ တွေးမိသွားတယ်
ဟုတ်သား အဖေရော အမေရောက အချိန်ခရီးသွားနိုင်တဲ့ လူထူးဆန်းတွေ မဟုတ်ဘူးလေ ကျွန်မကသာ....
ဒါဆို Eleanor ပြောသလို မိဘနှစ်ပါးထဲက တစ်ယောက်ယောက်ရဲ့ ဗီဇပါမှ ကျွန်မ အချိန်ခရီးသွားနိုင်မှာလေ ....
ဒါပေမယ့် Eleanorက ကျွန်မရဲ့အဒေါ်လေ... အဒေါ်ဆိုတော့လည်း ဗီဇပါနိုင်တယ်မဟုတ်လား
"တွေဝေနေမယ့်အစား သမီးရဲ့ဟိုကအမေကို ဖုန်းဆက်မေးကြည့်လိုက်ပါလား ဒါဆို အဖြေကို ရှင်းရှင်းလင်းလင်း သိရမယ်ထင်တယ် "
Eleanorကို ကျွန်မ မယုံပေမယ့် ဖုန်းကိုထုတ်ပြီး အမေ့ဆီ ဆက်လိုက်တယ်
"Hello Roseanne "
"Omma...Ommaကို Chaw မေးစရာရှိတယ်...သေချာဖြေပေးနော် "
"ဘာမေးမလို့လည်း သမီး "
"Chawက..... Ommaရဲ့ သမီးအရင်းလား "
ကျွန်မရဲ့ မေးခွန်းကို အမေက ချက်ချင်း မဖြေဘဲ တိတ်ဆိတ်နေတယ်
"Omma......သမီးမေးတာဖြေအုံးလေ "
"သမီး ဘာတွေမေးနေတာလည်း..."
"သမီးရဲ့အမေအရင်းက Ommaလားလို့ "
ကျွန်မ ထပ်မေးပေမယ့် အမေက တိတ်ဆိတ်နေပြန်သည် တကယ်အမေအရင်းဆိုရင် တိတ်ဆိတ်နေစရာမလိုဘဲ ဟုတ်တယ်လို့ ဖြေပေးလိုက်ရင် ရပြီမဟုတ်လား
ဘာလို့ တိတ်ဆိတ်နေရတာလည်း အမေရယ်
"Roseanne....သမီး ဘာလို့ အမေ့ကို အခုလိုမေးရတာလည်း "
"သမီးရဲ့ အမေနောက်တစ်ယောက်ပေါ်လာလို့ "
"aww.....Eleanorလား "
အမေ့အဖြေကြောင့် ကျွန်မ မျက်လုံးပြူးသွားတယ်....အမေက. ဘယ်လိုသိတာလည်း....အမေ သိနှင့်နေတာလား
Eleanorကတော့ တွေဝေပြီးရှုပ်ထွေးနေတဲ့ ကျွန်မကို ပြုံးကြီးကြည့်နေတယ်
"နောက်ဆုံးတော့ ဒီလိုနေ့ ရောက်လာမယ်ဆိုတာ အမေ သိပါတယ် ....သမီး စိတ်အေးအေးထားပြီး အမေပြောတာ နားထောင်နော် "
အမေက ပြောပေမယ့် ကျွန်မရဲ့ စိတ်တွေကတော့ ရှုပ်ထွေးနေတယ်
"တကယ်တော့ အမေက သမီးရဲ့ အမေအရင်း မဟုတ်ဘူး ....သမီးရဲ့ အမေအရင်းက Eleanor ဘဲ "
"ဟင် ဘယ်လိုဖြစ်တာလည်း အမေ ဘာတွေဖြစ်ကုန်တာလည်း "
"Eleanor က သူအချိန်ခရီးသွားနိုင်မှန်း သိပြီး သမီး အန္တရာယ်ရှိလာမှာဆိုးလို့ သမီးကို မွေးပြီးနောက် အမေတို့ လက်ထဲ အပ်ခဲ့တာ......"
အမေရဲ့ စကားကြောင့် ကျွန်မ အသက်ရှူနှုန်းမြန်လာလို့ မနည်းထိန်းထားရသည်
"ဒါဆို သမီးရဲ့ အမေအရင်းက Eleanorဆိုတဲ့ သမီးအဒေါ်ပေါ့ '
"ဟုတ်တယ် သမီး "
ကျွန်မလည်း ဘာမှဆက်မပြောဘဲ ဖုန်းကို ချလိုက်သည်
"ဒါဆို အန်တီက ကျွန်မရဲ့ အမေဆိုတာ ဟုတ်တယ်ဆိုရင် ဘာလို့ ကျွန်မနဲ့ Lisaကို အန္တရာယ်ပေးချင်တာလည်း "
ကျွန်မရဲ့ မေးခွန်းကြောင့် Eleanorက သက်ပြင်းချပြီး ထရပ်သည်
"Honey...သမီးက အမေ့ကို အထင်လွဲနေတာဘဲ အမေက ဘာလို့ ကိုယ့်သမီးကို အန္တရာယ်ပေးဖို့ ကြိုးစားမှာလည်း "
"ဆေးရုံမှာတုန်းက အန်တီက "
"အဲ့တာ သမီးရဲ့ brain tumorကို ပျောက်ဖို့ ဆေးလာထိုးပေးတာ "
"ဘယ်လို "
"သမီး brain tumor ဖြစ်နေတာကို အမေ သိပြီးနောက် ပျောက်ကင်းစေဖို့ နှစ်တော်တော်များများဆီ အချိန်ခရီးသွားရင်း ဆေးတွေရှာဖွေနေခဲ့တာ 22ရာစုမှာ brain tumor ပျောက်ကင်းစေတဲ့ ဆေးကို ရှာဖွေတွေ့ရှိပြီး အဲ့ဆေးကို ယူလာပြီး သမီးထဲထိုးထည့်ပေးတာ ဆေးအာနိသင်ကြောင့် သမီး နည်းနည်း ထိခိုက်သွားတာတော့ရှိလာတာပေါ့ "
"ဘာတွေလည်း နားမလည်တော့ဘူး စိတ်ရှုပ်လာပြီ "
"ဘယ်သူက ကိုယ့်သွေးသားကို သေစေချင်မှာလည်း သမီးကို အသက်ရှင်စေချင်လို့တောင် နှစ်တွေအတော်ကြာဆေးတွေလိုက်ရှာဖွေနေခဲ့တာလေ ဒါကြောင့်မို့လို့လည်း သမီးတို့ကို အမေ့ဆီ လိုက်လာစေချင်လို့ hint တွေချပေးခဲ့တာ ပြီးတော့ လက္ခဏာဟောတဲ့ဆရာမနဲ့လည်း လက်ဝါးချင်းရိုက်ပြီး အချိတ်အဆက်လုပ်ခဲ့တာ "
"အဲ့တာဆိုရင် ဆေးရှာတွေ့ပြီပေါ့ "
"ဒီမှာလေ "
Eleanorဆိုတဲ့ ကျွန်မအမေက အိတ်ကို မြှောက်ပြတယ်
" ဒီဆေးကို သမီး တစ်ပတ်တစ်ခါ တစ်လလုံး ထိုးပေးရမယ်....တစ်လပြည့်ပြီဆိုရင် သမီးဖြစ်နေတာတွေ ပျောက်သွားလိမ့်မယ် ဒီမှာလည်း ဆေးစာပြေညွှန်းရှိတယ် "
ကျွန်မလည်း Eleanor ပေးတဲ့ စာရွက်ကို သေချာဖတ်ကြည့်တော့ brain tumorကို ပျောက်ကင်းစေတဲ့ ဆေးဖြစ်ကြောင်း သိလိုက်ရတယ်
"ဟုတ်ပြီ ဒါဆိုရင် အန်တီကို ကျွန်မယုံလိုက်မယ် Lisaကို လွှတ်ပေးပါ ကျွန်မ တစ်ပတ်တစ်ခါ အန်တီ့ဆီလာပြီး ဆေးထိုးမယ် "
"ဟုတ်ပြီ သမီးရဲ့ ချစ်သူကို ဖမ်းထားတာကလည်း သူက ပစ်သတ်ပြီးမှ မေးခွန်းမေးမယ့် ပုံစံမျိုးမို့လို့ ရော့ ဂိုထောင်သော့ သမီးသွားဖွင့်ပေးလိုက်ပါ အမေ သွားဖွင့်ပေးရင် သေနတ်စာမိနေမယ် "
ကျွန်မလည်း သော့ကို ယူပြီး ဂိုထောင်ဘက်သွားလိုက်တယ်
"Roseanne မင်း ဘာမှမဖြစ်ပါဘူးနော် "
Lisa က ကျွန်မကို မြင်တော့ စိတ်ပူပြီးမေးနေတယ်
"ဘာမှမဖြစ်ဘူး Lisa စိတ်အေးအေးထား "
ကျွန်မ သော့ဖွင့်ပေးရင်း အခြေအနေအမှန်ကို ပြောပြတော့ Lisa အံ့သြသွားတယ်
"ဘယ်လို ဒါဆို သူက အမေအစစ်လား "
"ဟုတ်တယ် ဟိုကအမေကပါ ထောက်ခံတော့ သူကအမေအရင်းပေါ့ Lisaရယ် "
"ကောင်းရော ကိုယ့်ယောက္ခမကို ဆဲရတယ်လို့ Lisaရယ်...."
Lisaလည်း Eleanorကို သူအထင်လွဲပြီး ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုမိလို့ တောင်းပန်စကားပြောလိုက်သေးတယ်
Eleanorကလည်း Lisaကို ကျွန်မကြောင့် ဖြစ်တာဘဲ ခွင့်လွှတ်ပါတယ်ဆိုပြီး ခွင့်လွှတ်ပေးလိုက်ပါတယ်
5 months later
ပဲရစ်က ပြန်လာပြီးနောက် တစ်ခြား ဆေးရုံမှာ စမ်းသပ်ကြည့်တော့ ကျွန်မရဲ့ brain tumorက မရှိတော့ဘူး.... Eleanorရဲ့ ကျေးဇူးကြောင့် ကျွန်မ အသက်ရှင်ခဲ့ရပြီ
ကျွန်မက အချိန်ခရီးသွားနိုင်တယ်ဆိုပေမယ့် အဲ့လောက်ထိ စွန့်စားဖို့ Lisaကလည်း ခွင့်မပြုဘူးလေ
ကျွန်မက ကျောင်းဆက်တက်ပြီး Lisaကတော့ လူနာနဲ့ချစ်မိလို့ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဆေးရုံကထွက်ပြီး ဆရာဝန်မလုပ်ဘဲ အေးအေးချမ်းချမ်း မြို့ထဲမှာ Bar ဖွင့်ထားတယ်
"Roseanne နင်ဘယ်မှာလည်း "
ကျောင်းဆင်းလို့ Eleanor အိမ်ကို သွားမယ့် လမ်းမှာ Jennieက ကျွန်မကို ဖုန်းခေါ်တယ်
"မေမေလေးဆီ သွားမလို့ "
"နောက်မှသွား အခုနင့်အိမ်ပြန်လာခဲ့ Lisa accident ဖြစ်လို့ သူ့ကို ငါတို့ အိမ်ခေါ်လာရတယ် "
Jennieရဲ့ စကားကြောင့် ကျွန်မအရမ်း လန့်သွားပြီး ကားကို လမ်းဘေးထိုးရပ်လိုက်တယ်
"ဘာ ဘယ်လိုဖြစ်တာလည်း "
"အိမ်ကို အမြန်ပြန်လာခဲ့ "
ကျွန်မလည်း Lisa ဘာမှမဖြစ်ဖို့ ဆုတောင်းရင်း အိမ်ကို ကားမောင်းပြီး အမြန်ထွက်လာလိုက်တယ်
"Lisa...."
အိမ်ထဲကို ဝင်ဝင်ချင်း အိမ်တံခါးရှေ့မှာ လက်စွပ်လေးကိုင်ပြီး ဒူးထောက်နေတဲ့ Lisaကို တွေ့လိုက်ရသည်
"Lisa နင် ဘာမှမဖြစ်ဘူးလား "
"Roseanne ကိုယ့်ကို လက်ထပ်နိုင်မလား "
ကျွန်မ ကြောင်အမ်းအမ်းဖြစ်နေစဥ် Jensooတို့က ပုန်းနေရာက ထွက်လာပြီး နှင်းဆီပန်းတွေ ကျွန်မတို့ဘက်ကြဲလိုက်သည်
"လက်ခံလိုက်ပါ Roseanne "
"အယ် နင်တို့ပြောတော့ သူကားတိုက်ခံရလို့ဆို "
"အဲ့တာ နင့်ကို suprise လုပ်ချင်လို့စတာ "
"ငါ ဘယ်လောက် ရင်တုန်သွားလည်းသိလား မကောင်းတဲ့သူတွေ "
"hey ကိုယ် ဒူးထောက်ထားရတာ ကြာပြီနော် yesလို့ ဖြေအုံးလေ "
"ကောင်းပြီ နင်နဲ့လက်ထပ်မယ် Lisa...."
Lisaလည်း ပျော်ပြီး ထရပ်ကာ ကျွန်မကို ဆွဲဖက်တယ်
"ကျေးဇူးတင်လိုက်တာ Roseanneရယ် "
"ငါနဲ့အတူ တစ်လျှောက်လုံး အခက်အခဲတွေ ရင်ဆိုင်ပေးလို့ ငါကသာ ကျေးဇူးတင်ရမှာပါ "
နောက်ဆုံးတော့ ကျွန်မ ငယ်ငယ်က အချိန်ခရီးသွားနိုင်တာကို မသိဘဲ အိမ်မက်မက်တယ်ထင်ခဲ့တဲ့ အိမ်မက်ထဲက သူ့ကို လက်ထပ်ခွင့်ရခဲ့ပြီလေ
#the end
အဆုံးထိ ဖတ်ပေးကြသူတွေကို ကျေးဇူးတင်ပါတယ်🙆♂️
#zawgyi
Roaeanne's Pov
"Hello Roseanne "
"ဘာမေးမလို့လည်း သမီး "
"aww.....Eleanorလား "
"ဟုတ်တယ် သမီး "
"ဘယ်လို "
"ဒီမှာလေ "
5 months later
"မေမေလေးဆီ သွားမလို့ "
"ဘာ ဘယ်လိုဖြစ်တာလည်း "
"Lisa...."
#the end
Bạn đang đọc truyện trên: Truyen3h.Co