Part 33
Lisa's Pov
Roseanneနဲ့ ငါ အဝတ်အစားချွတ် အလွမ်းသယ်ပြီးတဲ့နောက် ကုတင်ပေါ်မှာ အမောဖြေနေကြတယ်
"နင့်ဆီက အဆက်အသွယ်မရတော့ ငါဘယ်လောက် စိတ်ပူခဲ့ရလည်း သိလား Lisa...."
ငါ့ရဲ့ နှာခေါင်းကို ဆွဲညှစ်ပြီး Roseanne ရန်လုပ်တယ်
"ကိုယ် တောင်းပန်ပါတယ် အဲ့လိုဖြစ်ဖို့ မရည်ရွယ်ပါဘူး.... "
"ဒါနဲ့ နင်ပြောခဲ့တာက နင့်မိဘတွေကလည်း ငါ့ကို သိတယ်ပေါ့ "
Roseanneက မေးတော့ ငါခေါင်းညိတ်ပြလိုက်တယ်
"ဘယ်လိုသိတာလည်း "
"ကိုယ် ပြောပြလိုက်တာလေ မင်းကို ဘယ်လောက်ချစ်ကြောင်း မင်းနဲ့အတူ ဘဝကို တစ်သက်လုံး ဖြတ်သန်းချင်လို့ မင်းနဲ့ လက်ထပ်ချင်တဲ့အကြောင်းတွေ ပြောပြလိုက်တယ် အစပိုင်းတော့ Annaကို ကိုယ် သစ္စာဖောက်ခဲ့သလိုဖြစ် လို့ သူတို့စိတ်ဆိုးတာပေါ့ ဒါပေမယ့် ကိုယ် မင်းကို ဘယ်လောက်ချစ်ကြောင်း ကိုယ့်ပျော်ရွှင်မှုက မင်းဖြစ်နေတော့ သူတို့လည်း ဘယ်ငြင်းနိုင်မလည်း လက်ခံသွားတာပေါ့ "
ငါ့ရဲ့ စကားကြောင့် Roseanne သဘောကျပြီး ပြုံးသွားသလို ရှက်လို့ထင်ပါရဲ့ မျက်နှာလေးကလည်း နီရဲနေလေရဲ့
နောက်တစ်နေ့ မနက်မှာတော့ ပဲရစ်ကို ရောက်တုံးရောက်ခိုက် Roseanne မရောက်ဖူးတဲ့ နေရာတွေ သွားဖူးချင်တဲ့နေရာတွေကို ငါတို့နှစ်ယောက် အတူလျှောက်လည်ကြတယ်
စားကောင်းတဲ့စားသောက်ဆိုင်တွေမှာလည်း မနက်စာ နေ့လည်စာ ညစာ လိုက်ကျွေးတော့ Foodie Roseanne တစ်ယောက် တော်တော် ပျော်ပြီး သဘောကျနေလေရဲ့
တစ်နေကုန် လျှောက်လည်လို့ ပြီးတဲ့အခါမှာတော့ ဟိုတယ်ပြန်လာပြီး ငါတို့ အနားယူလိုက်ကြတယ်
Roseanneကလည်း ငါ့ရင်ခွင်ထဲ ခေါင်းလေးတို့ဝှေ့ပြီး အိပ်နေတယ်
နောက်တစ်နေ့မနက်ရောက်တော့ Roseanneထက် ငါအရင် အိပ်ရာက နိုးလာတယ်
ငါ့ရင်ခွင်ထဲ အိပ်ပျော်နေတဲ့ Roseanneကိုကြည့်ရင်း ပိုပိုချစ်လာမိတယ်
Roseanneနဲ့ ခဏလောက် ဝေးနေရချိန်မှာတောင် ငါ သေမလိုဖြစ်နေတာ....
Roseanneသာ မရှိတော့ရင် ငါ့ဘဝကို ဘယ်လိုရှေ့ဆက်ရမလည်းမသိ ဖြစ်နေမှာ
ဒါကြောင့်မို့လို့ Roseanneကို အသက်ရှင်အောင်လုပ်ရမယ်.....လက္ခဏာ ဆရာမပြောသလို Eleanorကို သတ်လိုက်ရင် အားလုံးအဆင်ပြေသွားနိုင််တယ်......
Phoneထဲ Message ဝင်လာလို့ ငါကြည့်လိုက်တော့ လက္ခဏာဆရာမဆီက ဖြစ်နေတယ်.....
Eleanorလာရင် ငါ့ဆီစာပို့ဖို့ ဖုန်းနံပါတ် ပေးထားခဲ့တာ ဒါဆို Eleanor ပဲရစ်ကို ပြန်ရောက်လာပြီပေါ့
သူ့ပို့ထားတဲ့ messageကို ဝင်ဖတ်လိုက်တော့ လိပ်စာတစ်ခုဖြစ်နေတယ်
ဒါဟာ Eleanorရဲ့ လိပ်စာဖြစ်ရမယ် ....
ငါ ချက်ချင်းဘဲ Roseanne မနိုးအောင်ထလိုက်ပြီး အဝတ်အစားကောက်ဝတ်လိုက်တယ်
ပြီးတော့ ပဲရစ်မှာ အမဲလိုက်ဖို့ဆိုပြီး လိုင်စင်နဲ့ဝယ်ထားတဲ့ သေနတ်ကို ငါ့ဂျာကင်ထဲဖွက်ထားလိုက်တယ်
Roseanneကိုတော့ မနှိုးတော့ဘူးလေ သူလိုက်လာရင် သူ့အတွက် အန္တရာယ်များတယ်.....ဒါကြောင့်မို့လို့ Roseanneကို အသိမပေးဘဲ လိပ်စာအတိုင်း ငါထွက်လာလိုက်တယ်
messageထဲက လိပ်စာအရဆို Eleanorရဲ့ အိမ်ရှေ့ကိုရောက်နေပြီဘဲ
ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ဂျာကင်အိတ်ထဲက သေနတ်ကိုယူထုတ်ကာ မောင်းချိန်လိုက်သည်
ထိုစဥ် Eleanor အိမ်ဘေးက ဂိုထောင်ထဲ အရိပ်တစ်ခုတွေ့လို့ ငါ ဂိုထောင်ဘက်ကို ချဥ်းကပ်သွားတယ်
ဂိုထောင်ထဲ သီချင်းသံတွေကြားလို့ Eleanor ဖြစ်ရမယ်လို့ တွေးပြီး ဂိုထောင်ထဲ အရဲစွန့်ဝင်လိုက်တယ်
ဒါပေမယ့် ဂိုထောင်ထဲမှာ Eleanorမရှိဘူး သီချင်းတွေမြည်နေတဲ့ ရေဒီယိုတစ်လုံးသာရှိနေတယ်
ထိုစဥ် ရုတ်တရက် ဂိုထောင် တံခါးပိတ်သွားတော့ ငါထောင်ချောက်မိလိုက်မှန်းသိလိုက်ပြီ
"shit....တံခါးဖွင့်....တံခါးဖွင့်စမ်း bitch...."
တံခါးကို ဆောင့်ကန်ပေမယ့် တံခါးကပွင့်မလာဘူး Eleanor အပြင်ကနေ သေချာပိတ်ထားတာဘဲ
သွားပြီ.....Roseanne ပြောသလို ငါ ထောင်ချောက်မိတာဘဲ
နေပါအုံး Roseanne....Roseanne... သူ တစ်ယောက်တည်း ဟိုတယ်မှာ ကျန်ခဲ့တာ.... ချီးဘဲ ချီးဘဲ Roseanneကို Eleanorက သတ်တော့မယ်
Roseanne Pov
ကျွန်မ အိပ်ရာက နိုးလာတော့ ကုတင်ပေါ်မှာ Lisa မရှိနေဘူး
Lisa ရေချိုးခန်းထဲ ရောက်နေတာလားလို့ တွေးမိပေမယ့် ရေချိုးခန်းထဲလည်း ဘာအသံမှ မကြားရဘူး
မနက်စာကို တစ်ယောက်တည်း သွားစားမှာလည်း မဟုတ်ပါဘူး
Lisa ဘယ်ရောက်နေလည်း
ကျွန်မ စိတ်ပူနေတုံး ကျွန်မဖုန်းထဲ Messageဝင်လာတယ်
-Lisaကို လိုက်ရှာနေလား
-ရှင် ဘယ်သူလည်း Lisaကို ဘာလုပ်လိုက်တာလည်း
-စိတ်မပူပါနဲ့ စိတ်မပူပါနဲ့ Roseanneရ မင်းရဲ့ကောင်မလေး ဂိုထောင်ထဲမှာ အန္တရာယ်ကင်းပါတယ် ဒါနဲ့ ဖုန်းထဲကနေဘဲ စာပို့နှုတ်ဆက်လိုက်မယ်နော် ငါ့နာမည်က Eleanor.... Eleanor Park ပေါ့
ဘုရားရေ Lisaကို Eleanor ဖမ်းမိသွားတာလား
ကျွန်မ အရမ်းစိတ်ပူပြီး ချွေးတွေ ထွက်လာသည်
ဘယ်လိုလုပ်ရမလည်း.... ကျွန်မ ဘယ်လိုလုပ်ရမလည်း
- ရှင် လိုချင်တာ ကျွန်မ မဟုတ်လား ရှင့်ဆီ ကျွန်မ လာခဲ့မယ် Lisaကိုသာ ဘာမှမလုပ်ပါနဲ့
- မလုပ်ပါဘူး သူရော ငါရော အန္တရာယ်ကင်းအောင် ဂိုထောင်ထဲ ထည့်ထားရုံပါ
- ရှင့် လိပ်စာပြော ကျွန်မလာခဲ့မယ်
ကျွန်မ တုံ့ဆိုင်းမနေဘဲ အဝတ်အစား ဝတ်ပြီး ပိုက်ဆံအိတ်ကို ယူကာ ဟိုတယ်က အမြန်ထွက်လာလိုက််တယ်
"Roseanne မလာနဲ့ ဒါ ထောင်ချောက် မလာနဲ့ "
ဂိုထောင်ပြတင်းပေါက် သံတိုင်တွေကြားကနေ Lisa အော်ဟစ်ပြီး ကျွန်မကို တားနေတယ်
"Lisa.....အားလုံးအဆင်ပြေသွားမှာပါ စိတ်မပူနဲ့ နင့်ကို ငါရအောင်ထုတ်ပေးမယ် "
"No...Roseanne သူ့အိမ်ထဲ မဝင်နဲ့ "
ထိုစဥ် Eleanorဆိုတဲ့ အမျိုးသမီးက ဝိုင်ခွက်လေး ကိုင်ပြီး ထွက်လာတယ်
ကျွန်မကို မြင်တော့ သူ စိတ်လှုပ်ရှားနေတဲ့ပုံဘဲ မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ မြင်နေရတယ်
"ရောက်လာပြီလား Sweetie...အိမ်ထဲဝင်ပြီး လက်ဖက်ရည်သောက်ပါအုံး "
"Roseanne မဝင်နဲ့ No........."
Sorry စကားနားမထောင်မိလို့ တောင်းပန်ပါတယ် Lisa
#tbc
#zawgyi
Lisa's Pov
Roseanneနဲ့ ငါ အဝတ်အစားတွေချွတ်ပြီး အလွမ်းသယ်ပြီးတဲ့နောက် ကုတင်ပေါ်မှာ အမောဖြေနေကြတယ်
"ဘယ်လိုသိတာလည်း "
ဒါကြောင့်မို့လို့ Roseanneကို အသက်ရှင်အောင်လုပ်ရမယ်.....လက္ခဏာ ဆရာမပြောသလို Eleanorကို သတ်လိုက်ရင် အားလုံးအဆင်ပြေသွားနိုင်တယ်......
Roseanne Pov
Lisa ဘယ်ရောက်နေလည်း
ကျွန်မ တုံ့ဆိုင်းမနေဘဲ အဝတ်အစား ဝတ်ပြီး ပိုက်ဆံအိတ်ကို ယူကာ ဟိုတယ်က အမြန်ထွက်လာလိုက်တယ်
"Roseanne မဝင်နဲ့ No........."
#tbc
Bạn đang đọc truyện trên: Truyen3h.Co