Part 1
#Unicode
Roseanne's Pov
"တစ်ခါတစ်လေ Roseanne Parkက ထူးဆန်းတာတွေလည်း တွေးတတ်တာဘဲ "
ကျွန်မရဲ့ စကားတစ်ချို့ကြောင့် Jackက သဘောကျပြီး ရယ်နေသည်
"အမေတို့လည်း ရောက်လာပြီဆိုတော့ ကိုယ်တို့ လျှောက်ပတ်ကြည့်ရအောင် "
Jackက ထရပ်ပြီး လက်ကမ်းလိုက်တော့ ကျွန်မလည်း Jackရဲ့ လက်ကို တွဲလိုက်တယ်
ကျွန်မရဲ့ အနာဂတ်ယောက္ခမ Jackရဲ့ အမေနဲ့ ကျွန်မရဲ့အမေက ကျွန်မတို့ နောက်တစ်လကျရင် လက်ထပ်ဖို့အတွက် လက်ထပ်ရမယ့် အင်း ထဲကို ဝင်လာကြတယ်
ဟုတ်တယ် ကျွန်မတို့ လက်ထပ်ပွဲကို ရေတွေပေါ်မှာ ဆောက်ထားတဲ့ အင်းမှာ ကျင်းပကြမှာလေ
ကျွန်မနဲ့ Jackက အစောရောက်နှင့်ပြီး အမေတို့ကိုစောင့်နေခဲ့ကြတာ
ရုတ်တရက် ထရပ်လိုက်လို့လားမသိ ကျွန်မ ခေါင်းထဲ မိုက်ခနဲ မူးဝေသွားသလို ဖြစ်လာတယ်
"Roseanne အဆင်ပြေရဲ့လား "
ကျွန်မ ရုတ်တရက် ယိုင်သွားတာကို Jackက သတိထားမိပုံပေါ်သည် အဆင်ပြေလားလို့ မေးရှာသည်
"ပြေပါတယ် ရုတ်တရက် ခေါင်းမူးသွားလို့ "
Jackကို အဆင်ပြေတယ်လို့ ပြောလိုက်ပေမယ့် ကျွန်မ အဆင်မပြေပါဘူး ကျွန်မ ကိုယ်တစ်ခြမ်းဘဲ ရှိနေသလို ခံစားနေရတယ်
"အမေတို့နေရာကနေ ဒီကို လာရတာ နည်းနည်းကြာပေမယ့် ဒီနေရာက တော်တော်လှတယ် "
ကျွန်မရဲ့ အမေကတော့ ခန်းမကို ကြည့်ပြီး စိတ်တိုင်းကျနေတယ်
"သမီးလေးက တစ်ခြားသတို့သမီးတွေလို ပြာယာခတ်မနေဘဲ တည်ငြိမ်နေသားဘဲ "
Jackရဲ့အမေ Joeyက ကျွန်မရဲ့ လက်မောင်းကို လာတွဲရင်း ချီးကျူးစကားပြောနေပုံပါဘဲလေ
"ကဲ အင်း မန်နေဂျာနဲ့ ချိန်းထားတဲ့အချိန်မရောက်သေးတော့ တို့တွေ နေ့လည်စာသွားစားကြမလား "
"ဒီအနားတစ်ဝိုက်ဘဲ လိုက်ပြလိုက်ပါ အမေ "
အစာစားချင်စိတ်မရှိလို့ ကျွန်မ အင်းတစ်ဝိုက်ကိုဘဲ လိုက်ပြဖို့ အမေ့ကို ပြောလိုက်တယ်
"ဒီလှေကားတွေကနေ သမီးက သမီးရဲ့ အဖေ အဲ့မှားလို့ ဦးလေးနဲ့ လက်တွဲပြီး အောက်မှာစောင့်နေတဲ့ Jackဆီ လျှောက်လာရမှာ "
အမေ့ရဲ့မှားသွားတဲ့စကားကြောင့် ကျွန်မ အဖေကို သတိရမိသွားတယ် ဘာလိုလိုနဲ့ အဖေဆုံးတာ ရှစ်နှစ်တောင် ရှိရောပေါ့
အမေနဲ့ အန်တီ Joeyကတော့ သူတို့ အစီအစဥ်တွေကို အားတက်သရော ပြောပြနေပေမယ့် ကျွန်မကတော့ ရုတ်တရက် ဒီနေရာကို ရင်းနှီးသလို ခံစားလာတယ်
ကျွန်မ အသိစိတ်လွတ်သွားတုန်း အမေတို့က အင်း ဘေးက မြစ်ကို ကြည့်ပြီး တစ်ခုခုကို ပြောနေကြတယ်
ကြည့်ရတာ အမေတို့က လက်ထပ်ပွဲကျင်းပချိန် ငါးဖမ်းမယ့် အပျော်စီး သဘော်တွေကြောင့် အနှောင့်အယှက် ဖြစ်မှာကို စိတ်ပူနေပုံဘဲ
"ဒီဘက်က နွံတွေများတော့ boat တော်တော်များများက မလာရဲကြဘူးလေ "
"အယ် သမီးက ဒီကိုရောက်ဖူးမှန်း အန်တီတို့ မသိရပါလား ဘယ်တုန်းက boatနဲ့လာဖူးတာလည်း "
Aunty Joey စကားကြောင့် ကျွန်မ ပါးစပ်က ရုတ်တရက်လွှတ်ခနဲ ထွက်လာမိတဲ့ စကားတွေကို သတိရသွားတယ်
ဘုရားရေ ငါဒီနေရာ တကယ်မရောက်ဖူးတာပါ
"မဟုတ်ပါဘူး Aunty ဒီကရေတွေကိုကြည့်ပြီး ထင်တာပြောမိတာရယ် ကျွန်မ ဒီကိုမရောက်ဖူးဘူး "
Jackက ဖုန်းလာလို့ ကျွန်မတို့နားကနေ ထွက်သွားပြီး မလှမ်းမကမ်းမှာ ဖုန်းသွားပြောနေတယ်
"မြက်ပင်တွေလည်း ကြည့်ပါအုံး ခြောက်ကပ်နေတာဘဲ နှင်းဆီတွေလည်းညှိုးလို့ ရေသေချာမလောင်းဘူးလားမသိဘူး "
"ရေတွေပတ်လည်ဘေးနားရှိနေတာကို ဒီပန်းတွေအပင်တွေကခြောက်ကပ်နေတာ အံ့သြစရာ"
အမေနဲ့ အန်တီ Joey က ရေရှိလျှက်နဲ့ ခြောက်ကပ်နေတဲ့ အပင်တွေကြောင့် အထူးတဆန်းဖြစ်နေချိန် ကျွန်မနားထဲ အသံတွေကြားလာတယ်
ဘာအသံတွေလည်း.... ကျွန်မ လိုက်ရှာရင်း တစ်နေရာကို ပြုတ်ကျသွားသလို ခံစားလိုက်ရတယ်
မျက်လုံးဖွင့်ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်က ကျွန်မပခုံးကို ကိုင်ထားတာ တွေ့လိုက်ရတယ်
"Roseanne နင် အဆင်ပြေရဲ့လား "
အလင်းရောင်တွေ တအားစူးနေလို့ ဘယ်သူမှန်း သေချာမမြင်ရ
"ကျွန်မ.... ဘာလို့... ဒီကိုရောက်နေတာလည်း "
"နင့်ရဲ့ လက်ထပ်ပွဲအတွက် အင်းကို ရောက်နေတာလေ ...နင် ပြုတ်ကျလာတာဘဲ "
အမျိုးသမီးရဲ့စကားကြောင့် လက်ထပ်ပွဲကို သတိရသွားတယ် ဟုတ်သား သိပ်မကြာခင် ကျွန်မ လက်ထပ်ရတော့မှာဘဲ ဒါနဲ့ လန်ဒန်က ဘာလို့အရမ်း ပူနေရတာလည်း
ရှုပ်ထွေးခြင်းများစွာနဲ့ ကျွန်မ မျက်လုံးကို မှိတ်ထားမိတော့ Lisa. ..Lisaနဲ့အတူရှိနေသလို ခံစားရတယ်
ကျွန်မရှေ့မှာ ရှိနေတဲ့ အမျိုးသမီးက Lisaလားဆိုတာ သိချင်လို့ မျက်လုံး ပြန်ဖွင့်လိုက်တော့ အမျိုးသမီးက မရှိတော့ဘူး
ဘယ်ရောက်သွားတာလည်း လွန်ခဲ့တဲ့ စက္ကန့်ပိုင်းအတွင်းကတောင် သူရှိပါသေးတယ်
"သူ ချော်လဲသွားတာဘဲ ခြေထောက်ထိသွားလားမသိဘူး ဆေးရုံသွားပြရမယ် "
ဟင့်အင်း မသွားချင်ဘူး သူတို့ ငါ့ကို ဒီနေရာက ဆွဲထုတ်ဖို့ကြိုးစားနေတာ
"မသွားဘူး Lisa ဘယ်မှာလည်း "
"Lisa ဟုတ်လား Liam ဖြစ်မှာပါ သူ ဟိုတယ်မန်နေဂျာ Liamကို မေးတာထင်တယ် "
"Roseanne မင်း မတ်တပ်ရပ်လို့ရလား"
အမျိုးသားတစ်ယောက်က...ကျွန်မ နာမည်ကို သိနေတယ်... နေပါအုံး သူ့ကို ရင်းနှီးသလို ခံစားရတယ်
"ရှင် ရှင်က ဆရာဝန်လားဟင် "
"ချစ် ကိုယ်လေ Jack "
ဘာတွေဖြစ်နေတာလည်း ဒီအမျိုးသားက ဘာလို့ ကျွန်မကို ရင်းနှီးသလို ဆက်ဆံနေတာလည်း ကျွန်မ သူ ဘယ်သူလည်း ဆိုတာ သိရဖို့ အာရုံစိုက်ကြည့်ပါသေးတယ်
"မင်းရဲ့ သတို့သားလေ "
Jackဆိုတဲ့ အမျိုးသားရဲ့ စကားကြောင့် ကျွန်မ အရမ်းလန့်သွားတယ်
မဟုတ်ဘူး... မဟုတ်ဘူး ဒါက အိမ်မက်ဆိုးဘဲ
ကျွန်မ ငြင်းဆန်ပြီး အိမ်မက်ဆိုးတစ်ခုဖြစ်ဖို့ ဆုတောင်းပေမယ့် ကျွန်မရဲ့ ဦးနှောက်အစိတ်အပိုင်း တစ်ခုက Jackကို စတင်သတိရလာတယ်
ဒါက Lisa မရှိတဲ့ တစ်ခြားကမ္ဘာဘဲ
Lisa မရှိတဲ့ တစ်ခြားကမ္ဘာဘဲ
ကျွန်မ ရေရွတ်ရင်း ကျွန်မ ကမ္ဘာက အမှောင်ဖုံးသွားတယ်
#tbc
#zawgyi
Roseanne's Pov
"တစ္ခါတစ္ေလ Roseanne Parkက ထူးဆန္းတာေတြလည္း ေတြးတတ္တာဘဲ "
ကြၽန္မရဲ႕ စကားတစ္ခ်ိဳ႕ေၾကာင့္ Jackက သေဘာက်ၿပီး ရယ္ေနသည္
"အေမတို႔လည္း ေရာက္လာၿပီဆိုေတာ့ ကိုယ္တို႔ ေလွ်ာက္ပတ္ၾကည့္ရေအာင္ "
Jackက ထရပ္ၿပီး လက္ကမ္းလိုက္ေတာ့ ကြၽန္မလည္း Jackရဲ႕ လက္ကို တြဲလိုက္တယ္
ကြၽန္မရဲ႕ အနာဂတ္ေယာကၡမ Jackရဲ႕ အေမနဲ႕ ကြၽန္မရဲ႕အေမက ကြၽန္မတို႔ ေနာက္တစ္လက်ရင္ လက္ထပ္ဖို႔အတြက္ လက္ထပ္ရမယ့္ အင္း ထဲကို ဝင္လာၾကတယ္
ဟုတ္တယ္ ကြၽန္မတို႔ လက္ထပ္ပြဲကို ေရေတြေပၚမွာ ေဆာက္ထားတဲ့ အင္းမွာ က်င္းပၾကမွာေလ
ကြၽန္မနဲ႕ Jackက အေစာေရာက္ႏွင့္ၿပီး အေမတို႔ကိုေစာင့္ေနခဲ့ၾကတာ
႐ုတ္တရက္ ထရပ္လိုက္လို႔လားမသိ ကြၽန္မ ေခါင္းထဲ မိုက္ခနဲ မူးေဝသြားသလို ျဖစ္လာတယ္
"Roseanne အဆင္ေျပရဲ႕လား "
ကြၽန္မ ႐ုတ္တရက္ ယိုင္သြားတာကို Jackက သတိထားမိပုံေပၚသည္ အဆင္ေျပလားလို႔ ေမးရွာသည္
"ေျပပါတယ္ ႐ုတ္တရက္ ေခါင္းမူးသြားလို႔ "
Jackကို အဆင္ေျပတယ္လို႔ ေျပာလိုက္ေပမယ့္ ကြၽန္မ အဆင္မေျပပါဘူး ကြၽန္မ ကိုယ္တစ္ျခမ္းဘဲ ရွိေနသလို ခံစားေနရတယ္
"အေမတို႔ေနရာကေန ဒီကို လာရတာ နည္းနည္းၾကာေပမယ့္ ဒီေနရာက ေတာ္ေတာ္လွတယ္ "
ကြၽန္မရဲ႕ အေမကေတာ့ ခန္းမကို ၾကည့္ၿပီး စိတ္တိုင္းက်ေနတယ္
"သမီးေလးက တစ္ျခားသတို႔သမီးေတြလို ျပာယာခတ္မေနဘဲ တည္ၿငိမ္ေနသားဘဲ "
Jackရဲ႕အေမ Joeyက ကြၽန္မရဲ႕ လက္ေမာင္းကို လာတြဲရင္း ခ်ီးက်ဴးစကားေျပာေနပုံပါဘဲေလ
"ကဲ အင္း မန္ေနဂ်ာနဲ႕ ခ်ိန္းထားတဲ့အခ်ိန္မေရာက္ေသးေတာ့ တို႔ေတြ ေန႕လည္စာသြားစားၾကမလား "
"ဒီအနားတစ္ဝိုက္ဘဲ လိုက္ျပလိုက္ပါ အေမ "
အစာစားခ်င္စိတ္မရွိလို႔ ကြၽန္မ အင္းတစ္ဝိုက္ကိုဘဲ လိုက္ျပဖို႔ အေမ့ကို ေျပာလိုက္တယ္
"ဒီေလွကားေတြကေန သမီးက သမီးရဲ႕ အေဖ အဲ့မွားလို႔ ဦးေလးနဲ႕ လက္တြဲၿပီး ေအာက္မွာေစာင့္ေနတဲ့ Jackဆီ ေလွ်ာက္လာရမွာ "
အေမ့ရဲ႕မွားသြားတဲ့စကားေၾကာင့္ ကြၽန္မ အေဖကို သတိရမိသြားတယ္ ဘာလိုလိုနဲ႕ အေဖဆုံးတာ ရွစ္ႏွစ္ေတာင္ ရွိေရာေပါ့
အေမနဲ႕ အန္တီ Joeyကေတာ့ သူတို႔ အစီအစဥ္ေတြကို အားတက္သေရာ ေျပာျပေနေပမယ့္ ကြၽန္မကေတာ့ ႐ုတ္တရက္ ဒီေနရာကို ရင္းႏွီးသလို ခံစားလာတယ္
ကြၽန္မ အသိစိတ္လြတ္သြားတုန္း အေမတို႔က အင္း ေဘးက ျမစ္ကို ၾကည့္ၿပီး တစ္ခုခုကို ေျပာေနၾကတယ္
ၾကည့္ရတာ အေမတို႔က လက္ထပ္ပြဲက်င္းပခ်ိန္ ငါးဖမ္းမယ့္ အေပ်ာ္စီး သေဘာ္ေတြေၾကာင့္ အႏွောင့္အယွက္ ျဖစ္မွာကို စိတ္ပူေနပုံဘဲ
"ဒီဘက္က ႏြံေတြမ်ားေတာ့ boat ေတာ္ေတာ္မ်ားမ်ားက မလာရဲၾကဘူးေလ "
"အယ္ သမီးက ဒီကိုေရာက္ဖူးမွန္း အန္တီတို႔ မသိရပါလား ဘယ္တုန္းက boatနဲ႕လာဖူးတာလည္း "
Aunty Joey စကားေၾကာင့္ ကြၽန္မ ပါးစပ္က ႐ုတ္တရက္လႊတ္ခနဲ ထြက္လာမိတဲ့ စကားေတြကို သတိရသြားတယ္
ဘုရားေရ ငါဒီေနရာ တကယ္မေရာက္ဖူးတာပါ
"မဟုတ္ပါဘူး Aunty ဒီကေရေတြကိုၾကည့္ၿပီး ထင္တာေျပာမိတာရယ္ ကြၽန္မ ဒီကိုမေရာက္ဖူးဘူး "
Jackက ဖုန္းလာလို႔ ကြၽန္မတို႔နားကေန ထြက္သြားၿပီး မလွမ္းမကမ္းမွာ ဖုန္းသြားေျပာေနတယ္
"ျမက္ပင္ေတြလည္း ၾကည့္ပါအုံး ေျခာက္ကပ္ေနတာဘဲ ႏွင္းဆီေတြလည္းညွိုးလို႔ ေရေသခ်ာမေလာင္းဘူးလားမသိဘူး "
"ေရေတြပတ္လည္ေဘးနားရွိေနတာကို ဒီပန္းေတြအပင္ေတြကေျခာက္ကပ္ေနတာ အံ့ၾသစရာ"
အေမနဲ႕ အန္တီ Joey က ေရရွိလွ်က္နဲ႕ ေျခာက္ကပ္ေနတဲ့ အပင္ေတြေၾကာင့္ အထူးတဆန္းျဖစ္ေနခ်ိန္ ကြၽန္မနားထဲ အသံေတြၾကားလာတယ္
ဘာအသံေတြလည္း.... ကြၽန္မ လိုက္ရွာရင္း တစ္ေနရာကို ျပဳတ္က်သြားသလို ခံစားလိုက္ရတယ္
မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ အမ်ိဳးသမီးတစ္ေယာက္က ကြၽန္မပခုံးကို ကိုင္ထားတာ ေတြ႕လိုက္ရတယ္
"Roseanne နင္ အဆင္ေျပရဲ႕လား "
အလင္းေရာင္ေတြ တအားစူးေနလို႔ ဘယ္သူမွန္း ေသခ်ာမျမင္ရ
"ကြၽန္မ.... ဘာလို႔... ဒီကိုေရာက္ေနတာလည္း "
"နင့္ရဲ႕ လက္ထပ္ပြဲအတြက္ အင္းကို ေရာက္ေနတာေလ ...နင္ ျပဳတ္က်လာတာဘဲ "
အမ်ိဳးသမီးရဲ႕စကားေၾကာင့္ လက္ထပ္ပြဲကို သတိရသြားတယ္ ဟုတ္သား သိပ္မၾကာခင္ ကြၽန္မ လက္ထပ္ရေတာ့မွာဘဲ ဒါနဲ႕ လန္ဒန္က ဘာလို႔အရမ္း ပူေနရတာလည္း
ရႈပ္ေထြးျခင္းမ်ားစြာနဲ႕ ကြၽန္မ မ်က္လုံးကို မွိတ္ထားမိေတာ့ Lisa. ..Lisaနဲ႕အတူရွိေနသလို ခံစားရတယ္
ကြၽန္မေရွ႕မွာ ရွိေနတဲ့ အမ်ိဳးသမီးက Lisaလားဆိုတာ သိခ်င္လို႔ မ်က္လုံး ျပန္ဖြင့္လိုက္ေတာ့ အမ်ိဳးသမီးက မရွိေတာ့ဘူး
ဘယ္ေရာက္သြားတာလည္း လြန္ခဲ့တဲ့ စကၠန့္ပိုင္းအတြင္းကေတာင္ သူရွိပါေသးတယ္
"သူ ေခ်ာ္လဲသြားတာဘဲ ေျခေထာက္ထိသြားလားမသိဘူး ေဆး႐ုံသြားျပရမယ္ "
ဟင့္အင္း မသြားခ်င္ဘူး သူတို႔ ငါ့ကို ဒီေနရာက ဆြဲထုတ္ဖို႔ႀကိဳးစားေနတာ
"မသြားဘူး Lisa ဘယ္မွာလည္း "
"Lisa ဟုတ္လား Liam ျဖစ္မွာပါ သူ ဟိုတယ္မန္ေနဂ်ာ Liamကို ေမးတာထင္တယ္ "
"Roseanne မင္း မတ္တပ္ရပ္လို႔ရလား"
အမ်ိဳးသားတစ္ေယာက္က...ကြၽန္မ နာမည္ကို သိေနတယ္... ေနပါအုံး သူ႕ကို ရင္းႏွီးသလို ခံစားရတယ္
"ရွင္ ရွင္က ဆရာဝန္လားဟင္ "
"ခ်စ္ ကိုယ္ေလ Jack "
ဘာေတြျဖစ္ေနတာလည္း ဒီအမ်ိဳးသားက ဘာလို႔ ကြၽန္မကို ရင္းႏွီးသလို ဆက္ဆံေနတာလည္း ကြၽန္မ သူ ဘယ္သူလည္း ဆိုတာ သိရဖို႔ အာ႐ုံစိုက္ၾကည့္ပါေသးတယ္
"မင္းရဲ႕ သတို႔သားေလ "
Jackဆိုတဲ့ အမ်ိဳးသားရဲ႕ စကားေၾကာင့္ ကြၽန္မ အရမ္းလန့္သြားတယ္
မဟုတ္ဘူး... မဟုတ္ဘူး ဒါက အိမ္မက္ဆိုးဘဲ
ကြၽန္မ ျငင္းဆန္ၿပီး အိမ္မက္ဆိုးတစ္ခုျဖစ္ဖို႔ ဆုေတာင္းေပမယ့္ ကြၽန္မရဲ႕ ဦးႏွောက္အစိတ္အပိုင္း တစ္ခုက Jackကို စတင္သတိရလာတယ္
ဒါက Lisa မရွိတဲ့ တစ္ျခားကမၻာဘဲ
Lisa မရွိတဲ့ တစ္ျခားကမၻာဘဲ
ကြၽန္မ ေရ႐ြတ္ရင္း ကြၽန္မ ကမၻာက အေမွာင္ဖုံးသြားတယ္
#tbc
Bạn đang đọc truyện trên: Truyen3h.Co