Part 2
#unicode
Roseanne's POV
ကျွန်မ ကားထဲကို ရောက်တဲ့အခါမှာတော့ မှတ်ဉာဏ်တစ်ချို့ပြန်ရလာသလိုဘဲ
Jack နဲ့ အမေကတော့ ကျွန်မ အစောပိုင်းက သူတို့ကိုမမှတ်မိတဲ့အတွက်ကြောင့် ကျွန်မကို ဘာမှမပြောဘဲ ကားထဲတိတ်ဆိတ်နေတယ်
"Annapolis ဆေးရုံကို သွားတာကောင်းမယ်ထင်တယ် ဒီနေရာနဲ့လည်း နီးတယ်လေ "
"Georgetown က ဆေးရုံက ပိုကောင်းတယ် ယောကကြီး...."
Jackနဲ့အမေမှာ ကျွန်မအတွက် ဆေးရုံရွေးရင်း ငြင်းခုန်နေတယ်
အမေတို့ပြောပုံအရတော့ ကျွန်မက လဲကျသွားတာတဲ့ ဒါကြောင့်မို့လို့ ခေါင်းကိုက်နေတာထင်ပါရဲ့
ဒါပေမယ့် ကျွန်မမြင်ခဲ့လိုက်တာက တကယ်ဖြစ်နေသလိုဘဲ Lisa ကြည့်ရတာ တကယ်ဖြစ်နေသလိုဘဲ.....
ကျွန်မ အိမ်မက်မက်နေတာလား တကယ်မရှိတာကို ရှိတယ်ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်နေတာလား အရိပ်တစ်ခုလို ဇဝေဇဝါဖြစ်နေတာလား
အဲ့လိုမဟုတ်လောက်ပါဘူး.... ကျွန်မနဲ့ Lisaရဲ့ ပထမဆုံး ချိန်းတွေ့ခဲ့တဲ့အချိန်ကို သတိရလာပြီ
Lisaရဲ့ ကျွန်မကို အချစ်တွေပြည့်လျှံနေတဲ့ အကြည့်နဲ့ ကြည့်တတ်တဲ့ မျက်ဝန်းလေးတွေ
Lisaရဲ့ ရယ်မောနေပုံလေးတွေ ရယ်သံလေးတွေနဲ့အတူ ကျွန်မကို Lisa အနမ်းပေးခဲ့တာတွေ....
ကျွီ......
ကားဘရိတ်အုပ်လိုက်တာကြောင့် ကျွန်မ ကားမှန်နဲ့နဖူးတိုက်မိသွားတယ်
အယ်.. Jackနဲ့ အမေက အခုထိ ငြင်းခုန်လို့မပြီးသေးပါလား
ကျွန်မကို စိတ်ပူနေတဲ့ Jack. ..
ခြောက်နှစ်လုံး ကျွန်မဘေးနား ချစ်ပေး ရှိပေးခဲ့တဲ့ Jack
Jackရှိရက်နဲ့ ကျွန်မက ဘာလို့ တစ်ခါမှမမြင်ဖူးတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း တွေးနေမိပါလိမ့်
တစ်ကယ်မတည်ရှိတဲ့ အမျိုးသမီးတစ်ယောက်ကို ဘာလို့ လိုချင်နေမိတာလည်း
ပင်ပန်းနေလို့ ထင်ပါရဲ့ ဆေးရုံသွားတဲ့ တစ်လျှောက်လုံး ကျွန်မ အိပ်ပျော်သွားမိတယ်
ကျွန်မ နိုးလာတော့ Lisaရဲ့ အခန်းထဲ ရောက်နေတယ်....
ဘုရားရေ..... Lisaက ကျွန်မရဲ့ခါးကို ဖက်ပြီး အိပ်နေတယ်
အိပ်ပျော်နေတဲ့ Lisaကို ကျွန်မ ကြည့်ရင်း ပြုံးမိနေတယ်
Spot braလေး ဝတ်ပြီး အိပ်နေတဲ့ Lisa ကို ဖျားသွားမှာဆိုးလို့ ကျွန်မ စောင်သေချာခြုံပေးလိုက်သည်
မနေ့ညက မအိပ်ခင် ကောလိပ်တက်ရင်း ရေကူးတာ ရပ်တော့မယ်လို့ ပြောခဲ့တယ်
"ဟေး နင် ဒီမှာဆက်နေသေးတာဘဲ "
အိပ်မှုန်စုန်မွှားနဲ့ နိုးလာတဲ့ Lisaကို ကြည့်ပြီး မြစ်ကို ဖြတ်ကူးလာခဲ့တာတောင် မှန်သွားပြီလို့ ကျွန်မတွေးမိနေတယ်
"ဒါပေါ့ ငါ့အိမ်ကို ဘယ်လိုပြန်ရမှန်း မသိတော့ ဒီမှာဘဲ ဆက်နေရတာပေါ့ "
"ဒါဆို ငါ့ရဲ့ evil planက အလုပ်ဖြစ်သားဘဲ ဟဟ "
"Evil plan ဟုတ်လား "
"ဟုတ်တယ် နင့်ကို ဒီမှာဘဲ ခေါ်ထားမယ့် Evil planလေ Landon မြို့အကြောင်း သိပ်မသိသေးဘူးဆိုတော့ ငါနဲ့နေတာ အကောင်းဆုံးမဟုတ်လား "
Lisaရဲ့ စကားအဆုံးမှာ ကျွန်မတို့ နှစ်ယောက်လုံး ရယ်လိုက်မိသည်
Lisaနဲ့အတူရှိနေရတာ ဘာလို့သက်တောင့်သက်သာ အရမ်းဖြစ်နေရတာလည်း
"နင့်ရဲ့ evil planကို ငါသဘောကျတယ်ထင်တယ် "
"ဒါပေါ့ သဘောကျရမှာပေါ့ ပြီးတော့ ကတိပေးခဲ့တဲ့အတိုင်း ငါက Gentlewoman ဖြစ်ခဲ့တယ်မဟုတ်လား "
Lisaရဲ့ စကားကြောင့် မနေ့ညက ကျွန်မတို့နှစ်ယောက် ပြင်သစ်အနမ်းပေးခဲ့တာကို သတိရသွားတယ်
"ဒါ့ပေါ့ နင်က gentlewoman ဖြစ်ခဲ့ပါတယ် "
ကျွန်မရဲ့ စကားကြောင့် Lisa သဘောကျသွားပုံပေါ်ပါတယ် ကျွန်မရဲ့ နှုတ်ခမ်းကိုလာနမ်းတယ်
"Hey ငါ သွားမတိုက်ရသေးဘူးလေ "
"ဒါဆို တစ်ခြားနေရာကိုနမ်းမယ် "
Lisa ပြောပြီး ကျွန်မရဲ့ jawline တစ်လျှောက်ကို လာနမ်းတယ်... ပြီးတော့ ကျွန်မရဲ့ လည်ပင်းကို သူ့သွားချွန်ချွန်လေးနဲ့ ကိုက်လာတယ်
"Ah. .."
"ဒီထက် ခပ်ကျယ်ကျယ်လေး ညည်းအောင် လုပ်ချင်လာတယ် "
ကျွန်မရဲ့ ညည်းသံကြောင့် Lisaက ကျွန်မရဲ့နားလေးကို ကပ်ပြီးပြောလာတယ်
"နင် စိတ်ကြိုက်သာလုပ် ဒါပေမယ့် အနီကွက်စွဲအောင်တော့ မလုပ်နဲ့နော် "
"အယ် လုပ်မိသွားပြီထင်တယ် "
Lisaကို ကျွန်မ တကယ်မနိုင်ပါ တဟားဟားရယ်ပြီး ကျွန်မရဲ့ လည်ပင်းကို သူ marking တွေပေးနေလေရဲ့
"Roseanne.... ထတော့ "
ကျွန်မ ပခုံးကို လှုပ်ကိုင်နှိုးလာတဲ့ Jackကြောင့် ကျွန်မ လန့်နိုးလာတယ်
ကျွန်မရှေ့မှာ ရပ်နေတဲ့ Jackကို ကြည့်ပြီး Lisa တကယ်မရှိတာကို သတိရသွားမိတယ်
ဒါပေမယ့် Lisaရဲ့ အထိအတွေ့တွေကို ကျွန်မ ခံစားမိနေတုံးဘဲ
"ဘယ်ရောက်နေတာလည်း "
"ကိုယ်တို့ ဆေးရုံရောက်နေတာ ခုနက အင်းမှာ ချစ် လဲကျသွားလို့လေ...မမှတ်မိဘူးလား ခေါင်းနာသေးလား "
"အယ် ဟုတ်လား ဆေးရုံမလာလည်းဖြစ်တာကို ပြန်ရအောင်...တို့လည်း နေလို့ကောင်းသွားပါပြီ ဒီမှာအကြာကြီးနေပြီး ဆရာဝန်တွေကို မစောင့်ချင်ဘူး "
"ဘာကို နေကောင်းတာလည်း မင်း ကိုယ့်ကိုတောင် မမှတ်မိဘူးလေ "
"ခဏအိပ်လိုက်လို့ နေလို့ကောင်းသွားပါပြီ "
ပြီးတော့ မင်းရဲ့ အမေကိုတောင် မင်း ဘယ်သူမှန်း မမှတ်မိတာကို "
Jack ရဲ့ စကားတွေ နားထောင်ရင်း ကျွန်မ တကယ် ပင်ပန်းလာတယ် ငြင်းခုန်ရတာ ပင်ပန်းလာလို့ Jackနောက်ကိုဘဲ ကျွန်မ ငြိမ်ငြိမ်လေးလိုက်သွားလိုက်တော့တယ်
ကျွန်မနာမည်ခေါ်သံကြားတော့ Jack နဲ့အတူ ဆရာဝန်ဆီ ကျွန်မဝင်သွားလိုက်သည်
ဆရာဝန်ရဲ့ စစ်ဆေးမေးမြန်းချက်တွေကိုလည်း ကျွန်မ စိတ်ကုန်နေပြီ
ကျွန်မကို ဆေးသုံးထားသလို ဆက်ဆံနေတယ် အရက်ဘာညာနည်းနည်းသောက်ထားပေမယ့် ကျွန်မ ဆေးတော့လုံးဝမသုံးပါဘူး
"ဒီတိုင်းလဲကျသွားတာပါ ဘာမှမသုံးထားသလို သောက်လည်းမသောက်ထားပါဘူး....ကြီးကြီးမားမားမဟုတ်ပါဘူး "
ကျွန်မက ဆရာဝန်မကို ပြောပြပေမယ့် Jackကတော့ သိပ်လက်မခံပေ
"သူ သူ့အမေနဲ့ ကျွန်တော့်ကိုတောင် မမှတ်မိဘူးဗျာ့ ဘယ်ကိုရောက်နေတာလည်းဆိုတာလည်း မသိဘူး... ပြီးကျ Lisaဆိုတဲ့ နာမည်ကိုဘဲ တစ်ချိန်လုံး ရွတ်နေတယ် "
Jack လေသံက သဝန်တိုနေတဲ့ ပုံဘဲ ကြည့်ရတာ သူ Lisa ကို ကျွန်မရဲ့ရည်းစားဟောင်းလို့ထင်နေတာဘဲ
"ဒီတော့ လူနာက ရုတ်တရက် သတိမေ့ပြီး ရုတ်တရက် မှတ်ဥာဏ်ပြန်ရလာတယ်ပေါ့ ဟုတ်လား "
"ဟုတ် Doctor. ..ဒီအတိုင်း ခေါင်းကိုက်ရုံပါ မနက်စာသေချာမစားလို့ ထင်တယ် "
"အင်း ...ဓာတ်မှန်ရိုက်ရအောင်နော် အရင်ဆုံး ခေါင်းနား တစ်ဝိုက် ဆေးလိမ်းပေးထားမယ် "
ဆရာဝန်ကပြောပြီး ကျွန်မကို ဆေးလိမ်းပေးဖို့ ထလာတယ်
"အာ sorry ကျွန်မ ရှင့်ရဲ့ဟိုဟာကို ထိမိသွားတယ် "
ဆရာဝန်မှာ ကျွန်မလည်ပင်းကို ထိမိရင်း တောင်းပန်လို့ ကျွန်မ ဘာဖြစ်တာလည်းဆိုပြီး လန့်သွားတယ်
"ရှင် ဘယ်ဟာလည်း "
"လည်ပင်းက အနီကွက်လေ....ဒဏ်ရာလား ဘာလားမသိပေမယ့် "
ဘုရားရေ အနီကွက်ဟုတ်လား Hickey. .....ရုတ်တရက် ကျွန်မသတိရသွားတာက အိမ်မက်လိုလိုထဲက Lisaပေးတဲ့ Hickey. ...ဘာလို့ အပြင်ထိပါလာတာလည်း......
ကျွန်မ အံ့သြနေချိန် Jack ကလည်း ဒေါသထွက်သွားပုံဘဲ ဒါပေမယ့် Jackကို ဖြေရှင်းချက်ပေးဖို့ ကျွန်မ မတွေးအားဘူး.... လည်ပင်းက Hickeyက ဘယ်လိုရောက်လာလည်းဆိုတာ ကျွန်မအရမ်း အံ့သြတုန်လှုပ်နေမိပြီ။
#tbc
#zawgyi
Roseanne's POV
ကျွီ......
"Evil plan ဟုတ်လား "
"Ah. .."
"Roseanne.... ထတော့ "
"ဘယ်ရောက်နေတာလည်း "
"ရှင် ဘယ်ဟာလည်း "
#tbc
Bạn đang đọc truyện trên: Truyen3h.Co