Part 24
#UNICODE
Roseanne's Pov
ဒါက ကောင်းတဲ့အရာလား ဆိုးတဲ့အရာလားဆိုတာ ကျွန်မ မသိတော့ဘူး ...ဒါပေမယ့် Lisaကသာ သူမကိုယ်သူမ မထိန်းနိုင်ဘူးဆိုရင် ကျွန်မကို သူ ထပ်ပြီး ထိတွေ့မှာ မဟုတ်တော့ဘူး
စနေနေ့မှာတော့ ကျွန်မကို Jennie အိမ်ကနေ လာခေါ်ဖို့ Lisaကို ဖုန်းဆက်ခဲ့တယ်
ပြီးတော့ Jack သူ ကျွန်မအလုပ်ကို လာလာစောင့်တာ နှစ်ခါမကတော့ဘူး...Lisaကိုတော့ စိတ်ပူနေမှာဆိုးလို့ မပြောတော့ပါဘူး
Jennie ရဲ့ အိမ်ရှေ့မှာ Lisa ဂျစ်ကားရပ်ပြီး ကျွန်မကိုစောင့်နေတယ်
ကျွန်မ အိမ်ထဲကနေလည်း ထွက်လာရော Lisaမှာ ကျွန်မကို စိုက်ကြည့်နေတယ်
"အိုးမိုင်ဂေါ့... ကိုယ် မင်းကို တစ်ခါမှ မပြောဖူးဘူးထင်တယ် ဒါပေမယ့် ပြောပါရစေ အချစ်ရေ မင်းက ဘောင်းဘီတိုနဲ့လည်း အရမ်းလိုက်တာဘဲ "
"ကျောင်းတက်ရတော့မယ်ဆိုတော့ နောက်ပိုင်း ဒါမျိူးတွေဝတ်ရတော့မယ်လေ "
"God မင်း ကိုယ့်အိမ်မှာသာ ဒါမျိုးလာနေမယ်ဆိုရင် ကိုယ်တော့ အလုပ်သွားနိုင်မှာ မဟုတ်ဘူး "
"ကျွန်မလည်း ရှင့်အိမ်မှာ နေရမယ်ဆို အချိန်တိုင်း ဖင်တုံးလုံးဖြစ်နေမှာ "
"Roseanne... "
"ငါ အဝတ်အစားမပါတဲ့ ပုံကို နင် စိတ်ကူးယဥ်ကြည့်မှာကို သဘောကျတယ် "
"ဟေး စကားပြောင်းမှ ဖြစ်မယ် မဟုတ်ရင် ကိုယ်တို့ အခန်းပါ ခွဲနေရလိမ့်မယ် "
"ငါတို့ အခန်းခွဲနေစရာကို မလိုပါဘူး Lisaရယ် ငါ့ကိုယ်ငါယုံသလို နင့်ကိုလည်း ငါယုံပါတယ် .."
"မယုံသင့်ဘူး ထင်တယ် "
"ငါ့ကိုယ်ငါ မယုံသင့်တာလား နင့်ကိုမယုံသင့်တာလား "
"နှစ်ခုလုံးဘဲ... ဟိုတစ်နေ့က ဟိုတယ်မှာ ကိစ္စမပြောရသေးဘူးထင်တယ် "
Lisa ပြန်ဖြေပြီး ကားလမ်းမကို အာရုံစိုက်ကာ မောင်းလိုက််သည်
ဟုတ်သားဘဲ ဟိုတယ်မှာ ကျွန်မက သူ့ကုတင်ပေါ် အိပ်ပျော်ပြီး သူက ကျွန်မကုတင်ပေါ်ရောက်နေတာ
"Lisa...ပြောရမယ်ဆိုရင် ငါတို့နှစ်ယောက် ကုတင်ခွဲပြီး အိပ်နေတုန်းက အိပ်မက်မက်ခဲ့တယ် ...အိမ်မက်ထဲ နင်က ငါ့ကုတင်ပေါ်ရောက်လာပြီး....ဖောင်းဒိုင်းခဲ့တာဘဲ "
"Oh my god "
"အဲ့အိမ်မက်ကို မပြောပြခဲ့မိလို့ တောင်းပန်ပါတယ် အကယ်၍ ငါသာ ပြောပြခဲ့ရင် နင့်ကိုယ်နင် အပြစ်ရှိသလို ခံစားရပြီး ငါ့ကိုရှောင်နေမှာဆိုးလို့ မပြောပြတာပါ "
"အဲ့တာတွေကြောင့် ကိုယ်တို့ အခန်းခွဲနေဖို့ပြောချင်တာ ကိုယ်တို့နှစ်ယောက်က အထိန်းအချုပ်မဲ့နေတာ ဘယ်အချိန်ထပ်ဖြစ်အုံးမလည်း မသိနိုင်ဘူးလေ ဒါကြောင့်...."
Lisaပြောတာလည်း မမှားပါဘူးလေ
ကျွန်မ ကြီးပြင်းလာတဲ့ မြို့ကို ထွက်လာခဲ့တာ သုံးနာရီနီးပါး မောင်းယူရခဲ့သည်
"အမေ မရှိဘူးထင်တယ် "
တံခါးခေါက်နေတာကို လာဖွင့်ပေးမယ့်သူ မရှိလို့ Lisa ပြောလိုက်သည်
အခု Lisaနဲ့ကျွန်မက အမေ့အိမ်ရှေ့မှာလေ
"မရှိတော့ပိုကောင်းတာပေါ့ "
"password မှတ်မိဖို့ ဆုတောင်းရမယ်"
တော်ပါသေးတယ် အမေက password မချိန်းလို့
ကျွန်မနဲ့ Lisaလည်း တံခါးဖွင့်ပြီး အိမ်ထဲဝင်လာသည်
ထို့နောက် အဖေ့အခန်းထဲဝင်ကာ ကျွန်မတို့ သိချင်တဲ့ အချက်အလက်တွေကို ရှာဖွေဖို့ ပြင်ဆင်ကြလေသည်
"Lisa ကြည့်ပါအုံး ဒီ photobookထဲ အန်တီ Eleanorရဲ့ ငယ်ငယ်ကပုံတစ်ပုံတည်းရှိတယ် ကျန်တာ အဖေ့ပုံချည်းဘဲ "
ထူးဆန်းတယ် မဟုတ်လား....
Photobook ထဲတွင် တကယ် Aunty Eleanorရဲ့ ပုံတစ်ပုံသာရှိသည်
"ထူးဆန်းလိုက်တာ "
ကျွန်မ Lisaကို ကြည့်လိုက်တော့ Lisaလက်တွင် ဖိုင်တစ်ဖိုင်ကိုင်ထားတာကို တွေ့ရသည်
"နင်ရော ဘာရှာတွေ့ထားလည်း Lisa "
"ကိုယ်ရှာတွေ့တာက မင်းအဖေတို့ဆောင်ထားတဲ့ အခွန်တွေရယ်...ပြီးတော့ Roseanneရဲ့ Psychologist reportဆိုတဲ့ ဖိုင်ရယ် "
"ငါ ငါးနှစ်အရွယ်လောက်က အတွေးတွေကို နင်ဖတ်မှာ စိတ်မပူတော့ပါဘူးလေ "
Lisaနဲ့အတူ ကျွန်မလည်း ဖိုင်က စာရွက်တွေကို တစ်ရွက်ဆီ လှန်ပြီးဖတ်ကြသည်
"holy shit "
စာဖတ်ရင်း Lisa ထအော်လို့ ကျွန်မ လန့်သွားတယ်
"မင်း တကယ်ဘဲ အားလုံးမှတ်မိတယ်ပေါ့ ကိုယ့်နာမည်အပြင် ကိုယ်က ဆရာဝန်ဆိုတာလည်း သူတို့ကိုပြောပြခဲ့တယ် Landonက ကိုယ်တို့လိပ်စာကိုလည်း ပြောခဲ့တယ် ကိုယ်ရေကူးတာရောဘဲ တကယ်အံ့သြစရာဘဲ အဟား ငါးနှစ်သမီးလေးက "
Lisaမှာ စာကိုဖတ်ရင်း အံ့သြနေသည်
လူနာဖြစ်သူ Roseanneက သူမမိသားစုဓာတ်ပုံဆွဲခဲ့သည် Lisaကတော့ နာမည်သာပါပြီး ပုံထဲတွင် မပါပေ
Doctor- သမီးလေး သူတို့က ဘယ်သူလည်းဆိုတာ ဦးကို ပြောပြလို့ရမလား
Roseanne - ဒါက Mommy ရယ် Daddyနဲ့ သမီးပါ ဒါကတော့ Cocoaဆိုတဲ့ သမီးတို့ ခွေးလေးပါ
Doctor- အယ် သမီးပြောပြောနေတဲ့ Lisaဆိုတဲ့ တစ်ယောက်မပါဘူးလား
Roseanne- Lisaက သမီးတို့ မိသားစုထဲ မပါနိုင်ခဲ့ဘူး
(လူနာက ပြောရင်း ဝမ်းနည်းနေပုံပေါ်သည်)
Doctor- ဘာလို့လည်း သမီးလေးရဲ့ Lisaက ဘာလို့ သမီးတို့မိသားစုထဲ မပါနိုင်တာလည်း
လူနာမှာ ငါးစက္ကန့်လောက် တွေဝေနေသည်
Roseanne- ဘာလို့လည်းဆိုတော့ Lisaက သမီးအပေါ် ဆိုးရွားတာလုပ်ခဲ့လို့
Doctor- ဘယ်လိုလုပ်ခဲ့တာလည်း
Roseanne- သမီးမပြောပြနိုင်ဘူး
Doctor- Lisaက သမီးကို မပြောပြဖို့ တောင်းဆိုထားလို့လား
Roesanne- Lisaက အဲ့လိုမျိုးဖြစ်လာမယ်လို့ သိတောင်မသိဘူးရယ်
Doctor- ဒါဆို သူက သမီးကို ဘယ်လိုဆိုးဆိုးရွားရွားလုပ်မလည်းလည်းဆိုတာ ဦးကို ပြောပြလို့ရလား
Roseanne - သမီးမပြောပြချင်ဘူး
Lisaက ကျွန်မ ငယ်ငယ်က ဆရာဝန်နဲ့ပြောခဲ့တဲ့စကားတွေကို စိတ်ဝင်တစားဖတ်နေတယ်
စာဖတ်နေတဲ့ Lisaက အရမ်းလှတာဘဲ ကျွန်မဖြင့် ရှာစရာရှိတာတွေတောင် မေ့ပြီး Lisaကိုဘဲ ငေးကြည့်နေမိတယ်
အမေ့အိမ်ကနေ ရှာစရာရှိတာ ရှာပြီး ကျွန်မတို့ Lisaရဲ့ အင်းက အိမ်ကိုသွားကြသည်
Lisaက ကျွန်မနဲ့ အခန်းခွဲနေမယ်ပြောလို့ ကျွန်မလည်း ဘာမှမပြောတော့ဘဲ အခန်းခွဲနေဖို့ သဘောတူလိုက်တယ်
"Roseanne တစ်ခုခုစားရအောင် "
Lisa တံခါးခေါက်လို့ ကျွန်မ တံခါးဖွင့်ပေးလိုက်တော့ Lisaက ထအော်သည်
"oh my god Roseanne မင်းဘာလို့ အဝါရောင် bikini ဝတ်ထားတာလည်း "
"အယ် အိုက်လို့လေ "
"ဒုက္ခပါဘဲ Roseanneရယ် "
"ခဏ ငါ အရင်ဆုံး Jackကို ဖုန်းခေါ်လိုက်အုံးမယ် "
ကျွန်မရဲ့ စကားကြောင့် Lisa မျက်နှာပျက်သွားတယ်
"ဘာလို့လည်း ..."
"ဘာလို့လည်းဆိုတော့ သူ့အမေက ငါ့ဆီ စာနှစ်ခါပို့ပြီး တောင်းပန်ထားလို့ ...Jackကို တစ်ခါလောက် စကားပြောပေးပါဆိုပြီး "
"အဲ့လိုပြောတိုင်း မင်းဆက်ပေးစရာမှမလိုတာ သူတို့အပေါ် အကြွေးရှိနေတာလည်း မဟုတ်ဘူး "
"အဲ့လိုတော့ မဟုတ်ဘူးလေ Jackရဲ့အမေ Abbyက. ငါ့အဖေသေတုန်းက ငါ့ဘေးနားရှိနေပေးခဲ့တာလေ...jackရောပေါ့ အဲ့အတွက်ကြောင့် အကြွေးတင်သလိုခံစားရတယ် "
"အင်းပါ မင်းကို ကိုယ် ဖုန်းမဆက်နဲ့လို့ မပြောလိုပါဘူး ဒါပေမယ့် Roseanne သူက မင်းဖြေရှင်းချက်ကို နားထောင်မှာ မဟုတ်ဘူး မင်း သူ့ဆီပြန်လာဖို့ကို သူက ဖိအားပေးအနိုင်ကျင့်နေမှာ သူက မင်းကို အပြစ်ရှိသလို ခံစားစေချင်တာ ..."
"အင်းပါ ငါသိပါတယ် ဒါပေမယ့် ငါဖုန်းခေါ်ရမှဖြစ်မှာလေ "
"အင်းပါ သူ နင့်ကိုတစ်ခုခုလုပ်လို့ကတော့ ငါသတ်ပစ်မှာ "
Jackဆီကို ဖုန်းခေါ်တဲ့အခါ Jackက ချက်ချင်းဘဲ ဖုန်းကိုင်တယ်
"မင်း နောက်စရာထင်နေလား Roseanne ငါတို့ ငါးနှစ်လုံး အတူရှိပြီး ဖိတ်စာတွေတောင် အဆင်သင့်ဖြစ်နေခဲ့တာလေ နောက်တော့ lobbyမှာ ငါးမိနစ်စကားပြောခွင့်ရတဲ့ စောက်ဘဝကြီးကို ရောက်သွားခဲ့တာလား"
"ကျွန်မ..."
"မပြောနဲ့ မင်း စကားပြောရမယ့် အချိန်မဟုတ်ဘူး ငါပြောတာကို နားထောင် သောက်ချီးဘဲ Roseanne. မင်းက ငါ့ကိုမချစ်ဘူးလို့ ပြောတော့ အရင်တုန်းက ဘာတွေလည်း မင်းလိမ်ခဲ့တာလား "
Lisa ပြောသလိုဘဲ Jackက အရမ်းရိုင်းနေပြီ
"ကျွန်မ လိုချင်တဲ့ဘဝမဟုတ်ဘူး Jack "
"မင်းက ဘယ်လိုစောက်ဘဝမျိုး လိုချင်နေတာလည်း "
"ကျွန်မ..."
"ငါ မင်းကို အရာအားလုံးလုပ်ပေးခဲ့တယ် D.Cကို မင်းအတွက် ပြောင်းလာခဲ့ပေးတယ် ဒီမှာဘဲ အလုပ်လုပ်ခဲ့ပေမယ့် မင်းက ငါ့ကို မချီးကျူးခဲ့ပေးဘူး"
"ရှင့်ကို ကျွန်မ အဲ့လိုလုပ်ပေးဖို့ တစ်ခါမှမပြောခဲ့ဖူးဘူး "
ဟုတ်တယ် ကျွန်မ မတောင်းဆိုခဲ့ဘူး သူကိုယ်တိိုင် ကျွန်မရဲ့ D.Cက အိမ်ရှေ့ရောက်လာခဲ့တာ
"Brain tumorကို အကြောင်းပြပြီး စောက်ရူးလို ဘယ်ဘဝလိုချင်တယ်လုပ်မနေနဲ့ Roseanne "
"ဟုတ်ပြီ ဒါဆို ကျွန်မ မလိုချင်တဲ့ဘဝကို ပြောပြမယ် ရှင့် ချီးပါးစပ်ကိုခဏပိတ်ထားပေး ကျွန်မ မလုပ်ချင်တဲ့အရာကို အတင်းတိုက်တွန်းလုပ်ခိုင်းပြီး ဘယ်ကိုပြန်ပါ ဘာညာပြောတာမျိုး ကျွန်မဖြစ်ချင်တဲ့ အိမ်မက်ကို အားမပေးတဲ့သူမျိုး ဆေးရုံမှာ ကျွန်မကို အပြစ်တင်ပြောတဲ့အပြင် ကျွန်မရဲ့ ဆရာဝန်နဲ့ပါ ရန်ဖြစ်ခဲ့တဲ့ သူမျိုး အဲ့တော့ ရှင် ကျွန်မကို ခွေးလိုလာမကိုက်ခင် မှန်ရှေ့သွားရပ်ကြည့်အုံး ကျွန်မ မလိုချင်တာ ရှင်ဆိုတာ သိရအောင်လို့ "
ကျွန်မ စိတ်ထိန်းမရဘဲ jackကိုဆဲပြီး ဖုန်းချလိုက်တော့ Lisaက ကျွန်မကို ပြုံးပြီး ကြည့်နေသည်
"နင်ကြားလိုက်လား Lisa...ဒါ ငါ့ဘဝမှာ လူတစ်ယောက်ကို ပထမဆုံး ဆဲဖူးတာဘဲ ..."
"အစအဆုံးကြားတယ် Roseanne မင်း သဘောကျရဲ့လား "
"အရမ်းသဘောကျတယ် "
"လောလောဆယ်တော့ ကုတင်ပေါ်မတက်နိုင်တဲ့အထိ ဒီတံခါးရှေ့မှာဘဲ မင်းကို အသေ fuvkချင်နေပြီ Roseanne "
Oh God..လုပ်လိုက်တော့ Lisa...အရိုင်းဆန်ပစ်လိုက်တော့
#tbc
#zawgyi
Roseanne's Pov
"ကျောင်းတက်ရတော့မယ်ဆိုတော့ နောက်ပိုင်း ဒါမျိုးတွေဝတ်ရတော့မယ်လေ "
"Roseanne... "
"မယုံသင့်ဘူး ထင်တယ် "
Lisa ပြန်ဖြေပြီး ကားလမ်းမကို အာရုံစိုက်ကာ မောင်းလိုက်သည်
"Oh my god "
"အမေ မရှိဘူးထင်တယ် "
ထူးဆန်းတယ် မဟုတ်လား....
"ထူးဆန်းလိုက်တာ "
"holy shit "
"အယ် အိုက်လို့လေ "
"ဘာလို့လည်း ..."
"ကျွန်မ..."
"ကျွန်မ..."
ဟုတ်တယ် ကျွန်မ မတောင်းဆိုခဲ့ဘူး သူကိုယ်တိုင် ကျွန်မရဲ့ D.Cက အိမ်ရှေ့ရောက်လာခဲ့တာ
"အရမ်းသဘောကျတယ် "
#tbc
Bạn đang đọc truyện trên: Truyen3h.Co