Truyen3h.Co

အိမ်မက်ထဲက သူ

Part 23

KimFany059

#unicode

Lisa's Pov

ငါ ဆေးရုံမှာ နေ့လည်စာစားချိန်ရောက်လို့ နေ့လည်စာစားဖို့ ရုံးခန်းထဲက ထွက်လာလိုက်သည်

ရုံးခန်းရှေ့တွင် Seulgiက လက်ကလေးပိုက်ပြီး ငါ့ကိုရပ်စောင့်နေတယ်

"နေ့လည်စာစားမလို့လား "

Seulgiကြည့်ရတာ Roseanneရဲ့ အကြောင်း သိပြီးပြီထင်တယ်...ပြီးတော့ လူနာဖြစ်တဲ့အပြင် မကြာခင် သေတော့မယ့်လူဆိုပြီး Seulgiက လက်မခံလောက်ဘူးဆိုတာ သေချာတယ်

ငါတို့တွေ ဆေးရုံနဲ့ မျက်နှာချင်းဆိုင်က ဟမ်ဘာဂါဆိုင်ကို သွားလိုက်ကြသည် ...

ဟမ်ဘာဂါအတူစားရင်း Seulgiက ငါ့ကို ကြည့်နေတယ်

"Anna ပြောတာ ငါကြားလိုက်တယ် နင်က သေတော့မယ့် လူနာနဲ့ ဖောက်ပြန်နေတာဆို "

Fuck! Annaကတော့ ငါတို့ဇာတ်လမ်းကို ပိုဆိုးအောင်လုပ်ပြီး ငါ့ကို ခင်မို့မို့အေးဇာတ်သွင်းသွားတယ်

"မဟုတ်ပါဘူး Annaနဲ့ ဒီကိစ္စတွေမဖြစ်ခင်ကတည်းက လမ်းခွဲခဲ့တာ "

"ထားပါ ငါသိချင်တာက နင်တကယ်ဘဲ အဲ့လိုလူနာနဲ့ တွဲနေတာလား "

Seulgiရဲ့ စကားကြောင့် ငါသက်ပြင်းချလိုက်တယ်

"သူနဲ့ငါက ကောလိပ်မှာကတည်းက ချစ်သူတွေဖြစ်ခဲ့တာ ကောလိပ်ပြီးတော့ ကွဲကွာသွားခဲ့တာ အခုဆေးရုံမှာ ပြန်တွေ့တာဘဲ "

"ကောင်းပြီ ပြောရတာ မကောင်းပေမယ့် နားထောင် နင်သူ့ကို ဆရာဝန်တစ်ယောက်ဆီ ပြောင်းလိုက်သင့်တယ် ...သူက နင့်လူနာ နင်က သူ့ဆရာဝန် သူက နင်နဲ့ဖောင်းဒိုင်းချင်တဲ့ ဆန္ဒရှိရင်တောင် နင့်ဘက်က လက်မခံသင့်တာကို "

"ဘယ်ဆရာဝန်ကိုမှ မယုံလို့ ဘယ်သူ့ဆီမှ မပြောင်းချင်ဘူး ...ပြီးတော့ "

"ဟုတ်ပြီ ထားပါတော့ နင်မှန်တယ်ဘဲ ထားပါတော့ နင်က သူ့အရာအားလုံးထားပါတော့ ဘယ်လိုနေနေ သူကသေတော့မှာလေ နင်က သေမယ့်လူတစ်ယောက်အတွက် နင့်ဆရာဝန်လက်မှတ်ကို စွန့်လွှတ်ပစ်မှာလား "

"အေး သူ့နေရာမှာ Ireneဆိုရင် နင်ဘယ်လိုလုပ်မလည်း Seulgi..."

"ဟ Ireneက ငါ့မိန်းမလေ နင့်လို ကောလိပ်ကသတိမေ့နေခဲ့တဲ့သူမဟုတ်ဘူး "

"Roseanneက အဲ့လိုမဟုတ်ဘူး နင်ထင်ထားသလို မဟုတ်ဘူး မတူဘူး"

"ဒါပေါ့ မတူဘူးလေ ဟုတ်တယ် အသစ်တစ်ယောက်နဲ့ ဖောင်းဒိုင်းရတာ ခံစားချက်ကမတူဘဲ စိတ်လှုပ်ရှားစရာကောင်းနေမှာ ဖောင်းဒိုင်းလုပ်ရုံနဲ့ နင်ကသူ့အတွက်ဆိုတာတော့ မဟုတ်ဘူးနော် "

"ငါ သူနဲ့တစ်ခါတောင် မအိပ်ရသေးဘူး "

ငါ့စကားကြောင့် Seulgi ပါးစပ်အဟောင်းသားဖြစ်သွားတယ်

"ဘာ တစ်ခါမှ မအိပ်ဖူးတဲ့ မိန်းမတစ်ယောက်အတွက် နင်ကနင့် ဆရာဝန်ဘွဲ့ကို အသိမ်းခံမယ်ပေါ့ "

"ကဲ နေပါအုံး Seul နင့်ပြဿနာက ဘာလည်း  ငါနဲ့Roseanneက အတူတွဲနေလို့လား ဒါမှမဟုတ် အတူမအိပ်ရသေးလို့လား "

ငါ့စကားကြောင့် Seulgi သက်ပြင်းချပြီး ခေါင်းခါလိုက်သည်

Roseanne's POV

ဗုဒ္ဓဟူးနေ့ မနက်ခင်းဟာ ကျွန်မအတွက် အလွန်လန်းဆန်းတက်ကြွစေသည်

လူကမှ လန်းဆန်းတက်ကြွနေပါတယ်ဆို Lisaဆီက Good Morningလို့ နှုတ်ဆက်စာကဝင်လာသည်

ဘုရားရေ ကျွန်မတော့ လမ်းလယ်ခေါင်မှာ ထကနေမိတော့မယ်

Lisa - မနေ့ညက အိမ်မက်မက်သေးလား

Roseanne- အိမ်မက်မက်သေးလား မသေချာဘူး တစ်ခုခုမှတ်မိရင် နင့်ဆီစာပို့လိုက်မယ် Lisa

Lisa- ကိုယ်ကတော့ အိမ်မက်ထဲ အဝတ်အစားပါရဲ့လားဆိုတာ အရမ်းသိချင်နေပြီ

Lisaနဲ့ စာအပြန်အလှန်ပို့ရင်း ကျွန်မ အလုပ်ကိုရောက်လာသည်

Lisaပို့တဲ့စာတွေဖတ်ရင်း အလုပ်ထဲဝင်လာတော့ Jackက ကျွန်မကို လှမ်းတားသည်

Lisaနဲ့စာပို့ရင်း စျာန်ဝင်ပျော်ရွှင်နေတာကြောင့် သူအလုပ်ကို လာစောင့်နေမှန်းတောင်မသိပေ

"ကိုယ်တို့ စကားပြောလို့ရလား နှစ်ယောက်တည်းလေ "

"ကျွန်မတို့ ဒီမှာပြောလည်းရပါတယ် "

"ဘယ်လို လွန်ခဲ့တဲ့လေးရက်လောက်ကထိ လက်ထပ်မလိုဖြစ်ခဲ့တဲ့ ကိုယ်က အခု မင်းအတွက် နှစ်​ယောက်တည်း စကားပြောဖို့ အဆင်မ​ပြေတဲ့ကောင် ဖြစ်နေပြီလား "

Jackရဲ့ စကားကြောင့် ကျွန်မ အပြစ်ရှိသလိုတော့ မခံစားရပေ ဘာလို့လည်းဆို သူကျွန်မကို စောက်အလိမ်အညာတွေပြောခဲ့တဲ့ ခွေးမဆိုပြီး voice mailပို့ခဲ့တယ်လေ

"ကျွန်မ အဲ့လိုပြောခဲ့လို့လား ရှင့်အပြုအမူကြည့်ပြီး ကျွန်မက နေရာရွေးရမယ် မဟုတ်ဘူးလား"

"ကိုယ့်အပြုအမူက ဘာဖြစ်နေလို့လည်း မင်းတကယ်ပြောနေတာလား လေးငါးနှစ်လောက်တွဲခဲ့ပြီး ကိုယ့်ကို လက်ထပ်ပွဲကျင်းပမယ့်လမ်းမှာ တစ်ယောက်တည်း ထားခဲ့တာလေ ပြီးတော့ phoneလည်းမကိုင်ဘူး"

"ကျွန်မကို အပြစ်မပြောခင် ရှင်ပို့ခဲ့တဲ့ voice mailတွေ ပြန်နားထောင်ကြည့်ပါအုံး "

"ကိုယ်တို့ ပျော်ခဲ့ကြတယ်မဟုတ်ဘူးလား "

"အရင်ကပျော်ခဲ့ကြတာပါ နောက်ပိုင်း ရှင် ကျွန်မကို ဂရုမစိုက်ပါဘူး Brain tumorဖြစ်နေတဲ့သူကို တစ်ယောက်တည်းထားပြီး ခရီးထွက်သွားတာမျိုး
ကျွန်မကို စိုးရိမ်စိတ်တာ တကယ်ရှိရင် ရှင် အလုပ်ကို စိတ်ထဲရှိနေမှာကိုမဟုတ်ဘူးလေ "

"ဒီတော့ အဲ့အကြောင်းပြချက်နဲ့ မင်းက ကိုယ့်ကို ထားခဲ့တာပေါ့ ဟုတ်လား"

"သေတော့မယ့်သူကို တစ်ယောက်တည်းထားခဲ့ပြီး ဘာတွေမေးနေတာလည်း "

"မင်းကို ဂရုစိုက်ပေးဖို့ မင်းအဖေက တောင်းဆိုခဲ့တာသိလား မသေခင်မှာ မင်းကိုလုံခြုံအောင်စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တာ သူ့ရဲ့ မသေခင် ဆန္ဒက မင်းအတွက် ဘာမှမဟုတ်ဘူးလား အရေးမပါဘူးလား"

"အတိတ်ကအကြောင်းတွေ ဆွဲမထည့်ပါနဲ့ Jack.."

"honey...ညစာအတူစားပြီး စကားပြောရအောင်လေနော် "

"ရှင်နဲ့ကျွန်မ ပြောစရာမရှိဘူး ထွက်သွားပေးပါ "

Jack ဘာမှဆက်မပြောခင် ကျွန်မ ရုံးခန်းပေါ်ကို တက်သွားလိုက်သည်

ညနေအလုပ်ဆင်းတော့ Lisaက ကျွန်မကို လာကြိုသည်.... ကျွန်မလည်း ဘာမှမပြောဘဲ Lisaကို ဟိုတယ်သို့ လိုက်ပို့ခိုင်းသည်

Lisaကလည်း ကျွန်မကို ဘာမှမမေးဘဲ ဟိုတယ်သို့ လိုက်ပို့တယ်

ဟိုတယ်အခန်းထဲတွင် ကျွန်မတို့နှစ်ယောက် အီတလီခေါက်ဆွဲအတူစားနေကြသည်

"အီတလီခေါက်ဆွဲစားချင်တာများ အချစ်ရယ် ဆိုင်ကောင်းကောင်းရှာပေးမှာပေါ့ ဘာလို့ ဟိုတယ်လည်း"

"မဟုတ်ဘူး Jackက...ငါ့အလုပ်ကို လာရှာလို့...သူက စိတ်သိပ်မှန်တာမဟုတ်ဘူး ငါ့ကိုပါ voicemailပို့ဆဲထားတာလေ အဲ့တာကြောင့် အပြင်မှာချိန်းတွေ့ရင် သူက လိုက်ရှာပြီး နင့်ကိုပါ ပြဿနာရှာမှာဆိုးလို့ ဒါကြောင့် လုံလုံခြုံခြုံလေး ဒီမှာတွေ့ဖို့ စဥ်းစားလိုက်တာ  "

"အံမယ် လာပြဿနာရှာကြည့်လေ အရိုးတစ်ခြား အသားတစ်ခြားဖြစ်အောင် ခုတ်ထစ်လိုက်မယ် ခွဲစိတ်ခန်းထဲ ဓားကိုင်လာတဲ့ ဆရာဝန်နော် "

Lisaရဲ့စကားကြောင့် ကျွန်မရယ်လိုက်တယ်

"ပြောရအုံးမယ် တစ်နေ့က စကားပြောရင်း ရုတ်တရက် ငါ အမေ့ကို အဒေါ့်အကြောင်းမေးလိုက်တယ်လေ အဲ့မှာ အဒေါ်ပုံရှိလား မေးတော့ အဒေါ်က ဓာတ်ပုံရိုက်ရတာ မကြိုက်ဘူးတဲ့ "

"အင်း ဟုတ်မယ် လူတစ်ချို့ကလည်း အဲ့လိုဘဲလေ ဓာတ်ပုံရိုက်ရမှာမကြိုက်ဘူး ကင်မရာ ကြောက်ကြတာပေါ့ ကိုယ့်အမေတောင် ပုံသိပ်မရိုက်ဘူး"

"ဒါပေမယ့် Lilyကို မှတ်မိတယ်မလား အသက်၁၅နှစ် ကလေးမက သူအကြိုက်ဆုံး bandနဲ့ ဓာတ်ပုံရိုက်ဖို့ ငြင်းခဲ့တာလေ...သေချာတွေးကြည့်စမ်းပါ အချိန်ခရီးသွားနိုင်သူတွေက ဘာလို့ ဓာတ်ပုံရိုက်ဖို့ ငြင်းတာလည်းဆိုတာ ဘာလို့လည်းဆိုတော့ သူတို့ကနေရာအနှံ့ကို တစ်ချိန်တည်းသွားနေတော့ လူမိသွားမှာဆိုးလို့ မှတ်တမ်းတွေမထားခဲ့ချင်တာ "

ကျွန်မရဲ့ စကားကြောင့် Lisaမှာ သွားကြားထိုးတံကို ပါးစပ်ထဲထည့်ကာ စဥ်းစားလေသည်

"မင်းပြောတာလည်း ဟုတ်တာဘဲ အဒေါ်က အချိန်ခရီးသွားနိုင်သူဆို ကိုယ်တို့ သူ့ကိုရှာကြတာပေါ့ သူက ကိုယ်တို့ကို ဘာလုပ်ရမလည်း ပြောပြပေးနိုင်မယ်ထင်တယ် "

"ဒါပေမယ့် သူဘယ်မှာနေမှန်းမသိဘူး အမေ့ထဲမှာလည်း လိပ်စာမရှိဘူး "

"အဖေ့ထဲရော မရှိ​ဘူးလား "

"သူ့ storageထဲ သိမ်းထားတာအများကြီးဘဲ "

"ဒါဆို စနေနေ့ကြ အတူရှာကြမယ်လေ သောကြာနေ့ကျ ကိုယ် ဘတ်စ်စကတ်ဘောဆော့မလို့ သူငယ်ချင်းက လာခေါ်လို့လေ "

"အင်းပါ "

"ဒါဆို ကိုယ်တို့ အခန်းခွဲနေရအောင်... နောက်တစ်ခန်းထပ်ငှားလိုက်မယ်နော် "

Lisaရဲ့ စကားကြောင့် ကျွန်မ မျက်မှောင်ကြုတ်မိသည်

တစ်နေ့ကလည်း မနမ်းဘဲ ရှောင်ထွက်ပြီး အခုကျလည်း အခန်း ခွဲနေချင်နေပြန်သည်

"ဘာဖြစ်နေတာလည်း Lisa...ဟိုတစ်နေ့ကလည်း ငါ့ကိုမနမ်းဘူး အခုလည်း အခန်းခွဲနေချင်တယ်ဆိုဘဲ "

"အယ် အဲ့လိုမဟုတ်ပါဘူး ကိုယ်က မင်းထင်သလို မဟုတ်ပါဘူးနော် ဖြစ်နိုင်ရင် မင်းကိုတောင်တစ်ချိန်လုံးခွထားချင်တာ "

ဒါဆိုလည်း ခွထားပစ်ပါလားလို့ ကျွန်မ အော်ပြောလိုက်ချင်သည်

"ဒါဆို ဘာဖြစ်ရပြန်တာလည်း "

"မင်းမှာ Brain tumorဖြစ်နေတာလေ ရောဂါဖြစ်နေတဲ့အချိန် ကိုယ်ဝန်လွယ်ရတာ အရမ်းခက်ခဲတာ Roseanne ကိုယ်မင်းအတွက် စဥ်းစားပြီး ရှောင်နေတာပါ ကိုယ်မင်းကို သေလောက်အောင်နမ်းချင်တာပေါ့ အရမ်း မျက်နှာကြီးပေါက်ထွက်အောင်နမ်းချင်တယ် ဒါပေမယ့် နမ်းရင်း အရှိန်တွေပါပြီး မင်းသိပါတယ် ဘာဆက်ဖြစ်မယ်ဆိုတာ ...Sexဘက်ကို ဦးတည်နိုင်တယ်လေ ဒါကြောင့်မို့လို့ ကိုယ်တို့ အစီအစဥ်လိုတယ်"

"အစီအစဥ် ဟုတ်လား ဘာအစီအစဥ်လည်း noteစာရွက်မှာ Don't fuck Roseanne's Pussyဆိုပြီးရေးပြီး ကျွန်မနဖူးမှာ ကပ်ထားပေးရမလား "

ကျွန်မရဲ့ စကားကြောင့် Lisa အားပါးတရ ထိုင်ရယ်သည် အရယ်လွန်ပြီး ထိုင်ခုံပေါ်က ပြုတ်ကျသေးသည် တကယ်မုန်းစရာ Lalisa Manobanပါရှင် ကိုယ်ဝန်ရမှာဆိုးလို့ နမ်းတောင်မနမ်းဘူး ကြားလို့မှကောင်းသေးရဲ့လား

#tbc

#zawgyi

Lisa's Pov

ငါ ေဆး႐ုံမွာ ေန႕လည္စာစားခ်ိန္ေရာက္လို႔ ေန႕လည္စာစားဖို႔ ႐ုံးခန္းထဲက ထြက္လာလိုက္သည္

႐ုံးခန္းေရွ႕တြင္ Seulgiက လက္ကေလးပိုက္ၿပီး ငါ့ကိုရပ္ေစာင့္ေနတယ္

"ေန႕လည္စာစားမလို႔လား "

Seulgiၾကည့္ရတာ Roseanneရဲ႕ အေၾကာင္း သိၿပီးၿပီထင္တယ္...ၿပီးေတာ့ လူနာျဖစ္တဲ့အျပင္ မၾကာခင္ ေသေတာ့မယ့္လူဆိုၿပီး Seulgiက လက္မခံေလာက္ဘူးဆိုတာ ေသခ်ာတယ္

ငါတို႔ေတြ ေဆး႐ုံနဲ႕ မ်က္ႏွာခ်င္းဆိုင္က ဟမ္ဘာဂါဆိုင္ကို သြားလိုက္ၾကသည္ ...

ဟမ္ဘာဂါအတူစားရင္း Seulgiက ငါ့ကို ၾကည့္ေနတယ္

"Anna ေျပာတာ ငါၾကားလိုက္တယ္ နင္က ေသေတာ့မယ့္ လူနာနဲ႕ ေဖာက္ျပန္ေနတာဆို "

Fuck! Annaကေတာ့ ငါတို႔ဇာတ္လမ္းကို ပိုဆိုးေအာင္လုပ္ၿပီး ငါ့ကို ခင္မို႔မို႔ေအးဇာတ္သြင္းသြားတယ္

"မဟုတ္ပါဘူး Annaနဲ႕ ဒီကိစၥေတြမျဖစ္ခင္ကတည္းက လမ္းခြဲခဲ့တာ "

"ထားပါ ငါသိခ်င္တာက နင္တကယ္ဘဲ အဲ့လိုလူနာနဲ႕ တြဲေနတာလား "

Seulgiရဲ႕ စကားေၾကာင့္ ငါသက္ျပင္းခ်လိဳက္တယ္

"သူနဲ႕ငါက ေကာလိပ္မွာကတည္းက ခ်စ္သူေတြျဖစ္ခဲ့တာ ေကာလိပ္ၿပီးေတာ့ ကြဲကြာသြားခဲ့တာ အခုေဆး႐ုံမွာ ျပန္ေတြ႕တာဘဲ "

"ေကာင္းၿပီ ေျပာရတာ မေကာင္းေပမယ့္ နားေထာင္ နင္သူ႕ကို ဆရာဝန္တစ္ေယာက္ဆီ ေျပာင္းလိုက္သင့္တယ္ ...သူက နင့္လူနာ နင္က သူ႕ဆရာဝန္ သူက နင္နဲ႕ေဖာင္းဒိုင္းခ်င္တဲ့ ဆႏၵရွိရင္ေတာင္ နင့္ဘက္က လက္မခံသင့္တာကို "

"ဘယ္ဆရာဝန္ကိုမွ မယုံလို႔ ဘယ္သူ႕ဆီမွ မေျပာင္းခ်င္ဘူး ...ၿပီးေတာ့ "

"ဟုတ္ၿပီ ထားပါေတာ့ နင္မွန္တယ္ဘဲ ထားပါေတာ့ နင္က သူ႕အရာအားလုံးထားပါေတာ့ ဘယ္လိုေနေန သူကေသေတာ့မွာေလ နင္က ေသမယ့္လူတစ္ေယာက္အတြက္ နင့္ဆရာဝန္လက္မွတ္ကို စြန့္လႊတ္ပစ္မွာလား "

"ေအး သူ႕ေနရာမွာ Ireneဆိုရင္ နင္ဘယ္လိုလုပ္မလည္း Seulgi..."

"ဟ Ireneက ငါ့မိန္းမေလ နင့္လို ေကာလိပ္ကသတိေမ့ေနခဲ့တဲ့သူမဟုတ္ဘူး "

"Roseanneက အဲ့လိုမဟုတ္ဘူး နင္ထင္ထားသလို မဟုတ္ဘူး မတူဘူး"

"ဒါေပါ့ မတူဘူးေလ ဟုတ္တယ္ အသစ္တစ္ေယာက္နဲ႕ ေဖာင္းဒိုင္းရတာ ခံစားခ်က္ကမတူဘဲ စိတ္လႈပ္ရွားစရာေကာင္းေနမွာ ေဖာင္းဒိုင္းလုပ္႐ုံနဲ႕ နင္ကသူ႕အတြက္ဆိုတာေတာ့ မဟုတ္ဘူးေနာ္ "

"ငါ သူနဲ႕တစ္ခါေတာင္ မအိပ္ရေသးဘူး "

ငါ့စကားေၾကာင့္ Seulgi ပါးစပ္အေဟာင္းသားျဖစ္သြားတယ္

"ဘာ တစ္ခါမွ မအိပ္ဖူးတဲ့ မိန္းမတစ္ေယာက္အတြက္ နင္ကနင့္ ဆရာဝန္ဘြဲ႕ကို အသိမ္းခံမယ္ေပါ့ "

"ကဲ ေနပါအုံး Seul နင့္ျပႆနာက ဘာလည္း  ငါနဲ႕Roseanneက အတူတြဲေနလို႔လား ဒါမွမဟုတ္ အတူမအိပ္ရေသးလို႔လား "

ငါ့စကားေၾကာင့္ Seulgi သက္ျပင္းခ်ၿပီး ေခါင္းခါလိုက္သည္

Roseanne's POV

ဗုဒၶဟူးေန႕ မနက္ခင္းဟာ ကြၽန္မအတြက္ အလြန္လန္းဆန္းတက္ႂကြေစသည္

လူကမွ လန္းဆန္းတက္ႂကြေနပါတယ္ဆို Lisaဆီက Good Morningလို႔ ႏႈတ္ဆက္စာကဝင္လာသည္

ဘုရားေရ ကြၽန္မေတာ့ လမ္းလယ္ေခါင္မွာ ထကေနမိေတာ့မယ္

Lisa - မေန႕ညက အိမ္မက္မက္ေသးလား

Roseanne- အိမ္မက္မက္ေသးလား မေသခ်ာဘူး တစ္ခုခုမွတ္မိရင္ နင့္ဆီစာပို႔လိုက္မယ္ Lisa

Lisa- ကိုယ္ကေတာ့ အိမ္မက္ထဲ အဝတ္အစားပါရဲ႕လားဆိုတာ အရမ္းသိခ်င္ေနၿပီ

Lisaနဲ႕ စာအျပန္အလွန္ပို႔ရင္း ကြၽန္မ အလုပ္ကိုေရာက္လာသည္

Lisaပို႔တဲ့စာေတြဖတ္ရင္း အလုပ္ထဲဝင္လာေတာ့ Jackက ကြၽန္မကို လွမ္းတားသည္

Lisaနဲ႕စာပို႔ရင္း စ်ာန္ဝင္ေပ်ာ္႐ႊင္ေနတာေၾကာင့္ သူအလုပ္ကို လာေစာင့္ေနမွန္းေတာင္မသိေပ

"ကိုယ္တို႔ စကားေျပာလို႔ရလား ႏွစ္ေယာက္တည္းေလ "

"ကြၽန္မတို႔ ဒီမွာေျပာလည္းရပါတယ္ "

"ဘယ္လို လြန္ခဲ့တဲ့ေလးရက္ေလာက္ကထိ လက္ထပ္မလိုျဖစ္ခဲ့တဲ့ ကိုယ္က အခု မင္းအတြက္ ႏွစ္ေယာက္တည္း စကားေျပာဖို႔ အဆင္မေျပတဲ့ေကာင္ ျဖစ္ေနၿပီလား "

Jackရဲ႕ စကားေၾကာင့္ ကြၽန္မ အျပစ္ရွိသလိုေတာ့ မခံစားရေပ ဘာလို႔လည္းဆို သူကြၽန္မကို ေစာက္အလိမ္အညာေတြေျပာခဲ့တဲ့ ေခြးမဆိုၿပီး voice mailပို႔ခဲ့တယ္ေလ

"ကြၽန္မ အဲ့လိုေျပာခဲ့လို႔လား ရွင့္အျပဳအမူၾကည့္ၿပီး ကြၽန္မက ေနရာေ႐ြးရမယ္ မဟုတ္ဘူးလား"

"ကိုယ့္အျပဳအမူက ဘာျဖစ္ေနလို႔လည္း မင္းတကယ္ေျပာေနတာလား ေလးငါးႏွစ္ေလာက္တြဲခဲ့ၿပီး ကိုယ့္ကို လက္ထပ္ပြဲက်င္းပမယ့္လမ္းမွာ တစ္ေယာက္တည္း ထားခဲ့တာေလ ၿပီးေတာ့ phoneလည္းမကိုင္ဘူး"

"ကြၽန္မကို အျပစ္မေျပာခင္ ရွင္ပို႔ခဲ့တဲ့ voice mailေတြ ျပန္နားေထာင္ၾကည့္ပါအုံး "

"ကိုယ္တို႔ ေပ်ာ္ခဲ့ၾကတယ္မဟုတ္ဘူးလား "

"အရင္ကေပ်ာ္ခဲ့ၾကတာပါ ေနာက္ပိုင္း ရွင္ ကြၽန္မကို ဂ႐ုမစိုက္ပါဘူး Brain tumorျဖစ္ေနတဲ့သူကို တစ္ေယာက္တည္းထားၿပီး ခရီးထြက္သြားတာမ်ိဳး
ကြၽန္မကို စိုးရိမ္စိတ္တာ တကယ္ရွိရင္ ရွင္ အလုပ္ကို စိတ္ထဲရွိေနမွာကိုမဟုတ္ဘူးေလ "

"ဒီေတာ့ အဲ့အေၾကာင္းျပခ်က္နဲ႕ မင္းက ကိုယ့္ကို ထားခဲ့တာေပါ့ ဟုတ္လား"

"ေသေတာ့မယ့္သူကို တစ္ေယာက္တည္းထားခဲ့ၿပီး ဘာေတြေမးေနတာလည္း "

"မင္းကို ဂ႐ုစိုက္ေပးဖို႔ မင္းအေဖက ေတာင္းဆိုခဲ့တာသိလား မေသခင္မွာ မင္းကိုလုံၿခဳံေအာင္ေစာင့္ေရွာက္ေပးဖို႔ ေတာင္းဆိုခဲ့တာ သူ႕ရဲ႕ မေသခင္ ဆႏၵက မင္းအတြက္ ဘာမွမဟုတ္ဘူးလား အေရးမပါဘူးလား"

"အတိတ္ကအေၾကာင္းေတြ ဆြဲမထည့္ပါနဲ႕ Jack.."

"honey...ညစာအတူစားၿပီး စကားေျပာရေအာင္ေလေနာ္ "

"ရွင္နဲ႕ကြၽန္မ ေျပာစရာမရွိဘူး ထြက္သြားေပးပါ "

Jack ဘာမွဆက္မေျပာခင္ ကြၽန္မ ႐ုံးခန္းေပၚကို တက္သြားလိုက္သည္

ညေနအလုပ္ဆင္းေတာ့ Lisaက ကြၽန္မကို လာႀကိဳသည္.... ကြၽန္မလည္း ဘာမွမေျပာဘဲ Lisaကို ဟိုတယ္သို႔ လိုက္ပို႔ခိုင္းသည္

Lisaကလည္း ကြၽန္မကို ဘာမွမေမးဘဲ ဟိုတယ္သို႔ လိုက္ပို႔တယ္

ဟိုတယ္အခန္းထဲတြင္ ကြၽန္မတို႔ႏွစ္ေယာက္ အီတလီေခါက္ဆြဲအတူစားေနၾကသည္

"အီတလီေခါက္ဆြဲစားခ်င္တာမ်ား အခ်စ္ရယ္ ဆိုင္ေကာင္းေကာင္းရွာေပးမွာေပါ့ ဘာလို႔ ဟိုတယ္လည္း"

"မဟုတ္ဘူး Jackက...ငါ့အလုပ္ကို လာရွာလို႔...သူက စိတ္သိပ္မွန္တာမဟုတ္ဘူး ငါ့ကိုပါ voicemailပို႔ဆဲထားတာေလ အဲ့တာေၾကာင့္ အျပင္မွာခ်ိန္းေတြ႕ရင္ သူက လိုက္ရွာၿပီး နင့္ကိုပါ ျပႆနာရွာမွာဆိုးလို႔ ဒါေၾကာင့္ လုံလုံၿခဳံၿခဳံေလး ဒီမွာေတြ႕ဖို႔ စဥ္းစားလိုက္တာ  "

"အံမယ္ လာျပႆနာရွာၾကည့္ေလ အရိုးတစ္ျခား အသားတစ္ျခားျဖစ္ေအာင္ ခုတ္ထစ္လိုက္မယ္ ခြဲစိတ္ခန္းထဲ ဓားကိုင္လာတဲ့ ဆရာဝန္ေနာ္ "

Lisaရဲ႕စကားေၾကာင့္ ကြၽန္မရယ္လိုက္တယ္

"ေျပာရအုံးမယ္ တစ္ေန႕က စကားေျပာရင္း ႐ုတ္တရက္ ငါ အေမ့ကို အေဒၚ့အေၾကာင္းေမးလိုက္တယ္ေလ အဲ့မွာ အေဒၚပုံရွိလား ေမးေတာ့ အေဒၚက ဓာတ္ပုံရိုက္ရတာ မႀကိဳက္ဘူးတဲ့ "

"အင္း ဟုတ္မယ္ လူတစ္ခ်ိဳ႕ကလည္း အဲ့လိုဘဲေလ ဓာတ္ပုံရိုက္ရမွာမႀကိဳက္ဘူး ကင္မရာ ေၾကာက္ၾကတာေပါ့ ကိုယ့္အေမေတာင္ ပုံသိပ္မရိုက္ဘူး"

"ဒါေပမယ့္ Lilyကို မွတ္မိတယ္မလား အသက္၁၅ႏွစ္ ကေလးမက သူအႀကိဳက္ဆုံး bandနဲ႕ ဓာတ္ပုံရိုက္ဖို႔ ျငင္းခဲ့တာေလ...ေသခ်ာေတြးၾကည့္စမ္းပါ အခ်ိန္ခရီးသြားနိုင္သူေတြက ဘာလို႔ ဓာတ္ပုံရိုက္ဖို႔ ျငင္းတာလည္းဆိုတာ ဘာလို႔လည္းဆိုေတာ့ သူတို႔ကေနရာအႏွံ႕ကို တစ္ခ်ိန္တည္းသြားေနေတာ့ လူမိသြားမွာဆိုးလို႔ မွတ္တမ္းေတြမထားခဲ့ခ်င္တာ "

ကြၽန္မရဲ႕ စကားေၾကာင့္ Lisaမွာ သြားၾကားထိုးတံကို ပါးစပ္ထဲထည့္ကာ စဥ္းစားေလသည္

"မင္းေျပာတာလည္း ဟုတ္တာဘဲ အေဒၚက အခ်ိန္ခရီးသြားနိုင္သူဆို ကိုယ္တို႔ သူ႕ကိုရွာၾကတာေပါ့ သူက ကိုယ္တို႔ကို ဘာလုပ္ရမလည္း ေျပာျပေပးနိုင္မယ္ထင္တယ္ "

"ဒါေပမယ့္ သူဘယ္မွာေနမွန္းမသိဘူး အေမ့ထဲမွာလည္း လိပ္စာမရွိဘူး "

"အေဖ့ထဲေရာ မရွိဘူးလား "

"သူ႕ storageထဲ သိမ္းထားတာအမ်ားႀကီးဘဲ "

"ဒါဆို စေနေန႕ၾက အတူရွာၾကမယ္ေလ ေသာၾကာေန႕က် ကိုယ္ ဘတ္စ္စကတ္ေဘာေဆာ့မလို႔ သူငယ္ခ်င္းက လာေခၚလို႔ေလ "

"အင္းပါ "

"ဒါဆို ကိုယ္တို႔ အခန္းခြဲေနရေအာင္... ေနာက္တစ္ခန္းထပ္ငွားလိုက္မယ္ေနာ္ "

Lisaရဲ႕ စကားေၾကာင့္ ကြၽန္မ မ်က္ေမွာင္ၾကဳတ္မိသည္

တစ္ေန႕ကလည္း မနမ္းဘဲ ေရွာင္ထြက္ၿပီး အခုက်လည္း အခန္း ခြဲေနခ်င္ေနျပန္သည္

"ဘာျဖစ္ေနတာလည္း Lisa...ဟိုတစ္ေန႕ကလည္း ငါ့ကိုမနမ္းဘူး အခုလည္း အခန္းခြဲေနခ်င္တယ္ဆိုဘဲ "

"အယ္ အဲ့လိုမဟုတ္ပါဘူး ကိုယ္က မင္းထင္သလို မဟုတ္ပါဘူးေနာ္ ျဖစ္နိုင္ရင္ မင္းကိုေတာင္တစ္ခ်ိန္လုံးခြထားခ်င္တာ "

ဒါဆိုလည္း ခြထားပစ္ပါလားလို႔ ကြၽန္မ ေအာ္ေျပာလိုက္ခ်င္သည္

"ဒါဆို ဘာျဖစ္ရျပန္တာလည္း "

"မင္းမွာ Brain tumorျဖစ္ေနတာေလ ေရာဂါျဖစ္ေနတဲ့အခ်ိန္ ကိုယ္ဝန္လြယ္ရတာ အရမ္းခက္ခဲတာ Roseanne ကိုယ္မင္းအတြက္ စဥ္းစားၿပီး ေရွာင္ေနတာပါ ကိုယ္မင္းကို ေသေလာက္ေအာင္နမ္းခ်င္တာေပါ့ အရမ္း မ်က္ႏွာႀကီးေပါက္ထြက္ေအာင္နမ္းခ်င္တယ္ ဒါေပမယ့္ နမ္းရင္း အရွိန္ေတြပါၿပီး မင္းသိပါတယ္ ဘာဆက္ျဖစ္မယ္ဆိုတာ ...Sexဘက္ကို ဦးတည္နိုင္တယ္ေလ ဒါေၾကာင့္မို႔လို႔ ကိုယ္တို႔ အစီအစဥ္လိုတယ္"

"အစီအစဥ္ ဟုတ္လား ဘာအစီအစဥ္လည္း noteစာ႐ြက္မွာ Don't fuck Roseanne's Pussyဆိုၿပီးေရးၿပီး ကြၽန္မနဖူးမွာ ကပ္ထားေပးရမလား "

ကြၽန္မရဲ႕ စကားေၾကာင့္ Lisa အားပါးတရ ထိုင္ရယ္သည္ အရယ္လြန္ၿပီး ထိုင္ခုံေပၚက ျပဳတ္က်ေသးသည္ တကယ္မုန္းစရာ Lalisa Manobanပါရွင္ ကိုယ္ဝန္ရမွာဆိုးလို႔ နမ္းေတာင္မနမ္းဘူး ၾကားလို႔မွေကာင္းေသးရဲ႕လား

#tbc

Bạn đang đọc truyện trên: Truyen3h.Co