Part 26
#unicode
Roseanne's POV
ကျွန်မတို့ ဖောင်းဒိုင်းလုပ်လို့ အရှိန်ကောင်းနေတုန်း တံခါးခေါက်သံကြားလိုက်ရတယ်
Lisaနဲ့ ကျွန်မလည်း အမြန်ကိစ္စရှင်းပြီး အဝတ်အစားတွေ ပြန်ဝတ်လိုက်ကြတယ်
ပြီးတော့ Lisaက တံခါးသွားဖွင့်ပေးတော့ သူမရဲ့ ရည်းစားဟောင်း Annaဖြစ်နေတယ်
"Hey Anna ဘာကိစ္စလည်း "
'ဆေးရုံအုပ်ကြီးက နင့်ကို ဒါပေးခိုင်းလို့လာပေးတာ "
Lisaလည်း Annaပေးတဲ့စာရွက်ကို ဆွဲယူလိုက်သည်
Lisaက စာရွက်ပေါ်က စာကိုဖတ်နေစဥ် Annaကတော့ ကျွန်မကိုဘဲ စိုက်ကြည့်နေတယ်
"သူက Roseanneလေ..."
"အင်း သိတယ်... "
Annaက ပြောပြီး ထွက်သွားတော့ ကျွန်မစိတ်ထဲ ကိစ္စတစ်ခုကဝင်ရောက်လာတယ်
ကျွန်မ သေသွားတဲ့အခါ Lisaက Annaနဲ့ ပြန်တွဲမှာလားလို့....Annaကို ကြည့်ရတာ Lisaကို မပြတ်နိုင်တဲ့ပုံဘဲ
"Lisa သူ့ကိုပြောပြထားလား "
"ဘာကိုပြောပြရမှာလည်း "
"ငါ သေမယ့်အကြောင်းလေ "
"သူက မင်း Tumor ဖြစ်နေတာကို သိတယ်လေ "
"အဲ့ဒီတော့ သူက နင့်ကို စောင့်နေတာပေါ့လေ သေတော့မယ့်မိန်းကလေးနဲ့ အချိန်ဖြုန်းနေတာကို သီးခံရင်းပေါ့ "
"Roseanne ရုတ်တရက်ကြီး ဘာဖြစ်တာလည်း "
Lisaမှာ အံ့သြတကြီးနဲ့ ကျွန်မကို ကြည့်နေတယ်
"ငါ နင့်ကို အပြစ်မတင်ပါဘူး ငါသေသွားတဲ့အခါကျလည်း နင်ငါ့ထက်ကောင်းတဲ့သူနဲ့ တွေ့သင့်ပါတယ် Lisa...ဒါပေမယ့် "
"Hey.....Annaကို တွေ့လိုက်ရလို့ စိတ်ဖောက်သွားတာလား... အချစ်ကလေးကတော့ ....ကိုယ်က မင်းနဲ့ပတ်သက်ရင် အရမ်းရူးသွပ်တာသိလား....အလုပ်လုပ်နေရင်းတောင် မင်းကိုစိတ်ပူမိနေတာမျိုး....အခုနောက်ပိုင်း ကိုယ်ဘာတွေးမိလည်း သိလား Roseanne...ဒီဆရာဝန် ဂုဏ်တွေ အလုပ်တွေက မင်းနဲ့ယှဥ်ရင် ကိုယ့်အတွက် အရေးမပါတဲ့ဘာမှမဟုတ်သလိုမျိုး...."
"တောင်းပန်ပါတယ် Lisa...ငါခဏ စိတ်လွတ်သွားတယ်.... "
"တောင်းပန်တယ်ဆို ကိုယ့်နောက်လိုက်ခဲ့.... ပြစရာတစ်ခုရှိတယ် "
Lisaက ကျွန်မလက်ကို တွဲပြီး လူအများကြီးရှိတဲ့ ဆေးရုံထဲကနေ ထွက်လာတယ်..... Annaကတော့ ကျွန်မတို့ကို ကြည့်ပြီး စိတ်တိုနေတဲ့ပုံပါဘဲ.....
"Lisa...ဒါက..."
"ဒီအိမ်ကို သဘောကျရဲ့လား Roseanne "
"သဘောကျပါတယ် ဧည့်ခန်းကလည်း ကျယ်ပြီး အခန်းကလည်း သပ်ရပ်တယ်..... မီးဖိုချောင်ကလည်း အဆင်ပြေသလိုဘဲ...."
"ဒါဆို ဒီအိမ်ကိုယူလိုက်မယ်.... အဲ့တော့ ငွေသားနဲ့ချေရမလား cashနဲ့ချေရမလား "
အိမ်လိုက်ပြပေးနေတဲ့ အိမ်ရှင်ကို Lisa မေးလိုက်တဲ့စကားကြောင့် အံ့သြသွားတယ်
"Li..Lisa "
"မင်းအတွက် ကိုယ်... အိမ်အသစ်ဝယ်ပေးတာလေ.... "
Lisaရဲ့ စကားကြောင့် ကျွန်မပျော်ပြီး Lisaကို ဖက်ထားလိုက်သည်
အိမ်အသစ်ဝယ်ပြီးနောက်... အိမ်နဲ့ နှစ်ပြလောက် ဝေးတဲ့ စားသောက်ဆိုင်တွင် Lisaနဲ့ ကျွန်မ ညစာအတူစားနေကြတယ်
ညစာစားရင်း ကျွန်မ ရုတ်တရက် Lisaရဲ့လည်ပင်းကို စိုက်ကြည့်နေမိတယ်
"ဘာလို့လည်း Roseanne...စားမကောင်းလို့လား ဒါမှမဟုတ် အိမ်အသစ်မှာ အတူတူနေရမှာကို စိတ်ပူနေတာလား အမှန်တိုင်းပြောပြ "
"မဟုတ်ဘူး နင့်ကိုအရမ်း fuckချင်နေကြောင်း တွေးနေတာ "
ကျွန်မရဲ့ စကားကြောင့် Lisa မျက်နှာလေး နီရဲသွားပြီး ပါးလေးတွေဟာ အပေါ်ကို မို့တက်လာတယ်
'စားပွဲခုံပေါ် နင့်ကိုမှောက်အိပ်ခိုင်းပြီး နင့်ဖင်တုံးလေးကို တဖြန်းဖြန်းရိုက်ချင်ကြောင်းရောပေါ့ "
"ဟောဗျာ အမှန်တိုင်း တကယ်ပြောချတာဘဲ ငထန်လေးပါလား "
"topicပြောင်းမှ ဖြစ်တော့မယ်"
"ဘာလို့လည်း စိုစွတ်လာလို့လား "
"yah Lisa "
Lisaကို ကျွန်မ အော်လိုက်တော့ Lisaမှာ သဘောကျပြီး တခစ်ခစ်ရယ်နေတယ်
"Lilyကို ရှာတွေ့ချင်လိုက်တာ မေးခွန်းတစ်ချို့မေးချင်လို့ "
"Lilyကို ရှာတွေ့ချင်ရင် မင်း အချိန်ခရီးသွားမှဖြစ်မှာ Roseanne "
"အချိန်ခရီးသွားရင်း ငါက သေသွားရင် ဘယ်လိုလုပ်မလည်း....ပြီးကျ ငါက အချိန်ခရီးသွားနည်းလည်းမသိဘူး ဘာဖြစ်မယ်မှန်းလည်းမသိဘူး Parallel worldကလည်း ရှိနေမှာ ပြီးကျ အဲ့ကမ္ဘာမှာ ငါက လူသတ်မှု ကျူးလွန်တဲ့လူဖြစ်ရင်ဖြစ်နေမှာ Lisa "
"မဟုတ်တာ အဲ့လိုတော့ မဖြစ်နိုင်ပါဘူး "
"နေပါအုံး ပြောရင်း အခုမှ သတိရလာတာရှိတယ် ဒီအကြောင်းကို ငါ့မိဘတွေကိုတောင် မပြောပြခဲ့ဘူး..."
"ဘာများလည်း "
"ငါ ကလေးတစ်ယောက်ကို သေနတ်နဲ့ ပစ်ခဲ့တယ် Lisa "
"ဟမ် မင်းက ကလေးကို သေနတ်နဲ့ ပစ်ခဲ့တာလား "
"လွယ်လို့ရတဲ့ သေနတ်နဲ့လေ... ကျည်ဆံကတော့ ကော်ကျည်ဆံပါ အဲ့ချီးထုပ်ကောင် Robby က သူလည်း ကော်သေနတ်နဲ့ ငှက်လိုက်ပစ်ပြီး ငှက်သေတစ်ကောင်ကို ငါတို့အိမ်ထဲ လှမ်းပစ်တယ် အဲ့ငှက်သေကြောင့် ငါလန့်ပြီး ချော်လဲလို့ ဒဏ်ရာရသေးတယ်..... အဲ့နေ့ညမှာဘဲ ငါအိမ်မက်မက်ပါလေရော ငါ သူရှိတဲ့နေရာသွားပြီး ကော် သေနတ်နဲ့ပစ်တယ်ဆိုပြီး အိမ်ရာက နိုးတော့ Robby ဆေးရုံတက်နေရကြောင်း အမေတို့ပြောနေတာ ငါကြားလိုက်ရတယ် ဘာလို့လည်း မေးတော့ သူက သစ်ပင်ပေါ်မှာ ထိုင်နေချိန် တစ်ယောက်ယောက်က တစ်ခုခုနဲ့ ပစ်လို့ လန့်ပြီး သစ်ပင်ပေါ်က ပြုတ်ကျပြီး ခြေထောက်ကျိုးသွားတယ်လို့ ပြောခဲ့တယ် "
သေနတ်နဲ့ရမ်းကားခဲ့တဲ့ Little Rosieက ချစ်ဖို့ကောင်းလို့ထင်ပါရဲ့ Lisaမှာ ထိုင်ရယ်နေတယ်
"မင်း သေပါစေလို့ ဆုတောင်းတဲ့သူတွေ နောက်ရက်ကျ သေကုန်တာတော့ မဟုတ်ပါဘူးနော် "
"Yah Lisa ငါအတည်ပြောနေတ မနောက်နဲ့ "
"ချစ်လို့စတာပါ အသည်းရယ် "
Lisaနဲ့ ကျွန်မ ညစာအတူစားရင်း အိမ်မက်အကြောင်းတွေ အိမ်ပြောင်းမယ့်အကြောင်းတွေ ပြောနေခဲ့တယ်
ကျွန်မရဲ့ အဝတ်အစားတွေက Jackနဲ့အတူနေခဲ့တဲ့အိမ်မှာ ရှိနေလို့ Lisaက သူသွားယူပေးမယ်လို့တောင် ပြောနေတယ်
Lisa's POV
ဆေးရုံမှာ နေ့လည်စာစားချိန်ရောက်တော့ ငူ အမေ့ကို ဖုန်းဆက်လိုက်တယ် အမေ့ဆီကို ဖုန်းမခေါ်ဖြစ်တာ တော်တော်ကြာရောပေါ့
"အမလေး အခုမှဘဲ ဖုန်းခေါ်တော့တယ် သမီးက အမေတို့ကိုရှောင်နေတာဘဲ "
"အမေ့ဆီ စာပို့တယ်လေ "
"စာပို့တာနဲ့ဖုန်းဆက်တာ မတူဘူးလေ ကလေးမရဲ့ အမေမသိအောင် ဘာတွေလုပ်နေလို့ အခုမှ ဖုန်းဆက်ရတာလည်း မကောင်းတဲ့သတင်းတွေ ပြောချင်လို့လား "
"အာ မကောင်းတဲ့ သတင်းမဟုတ်ပါဘူး သိချင်တာလေးရှိလို့ မေးမလို့ အဖေ့ဆီက လက်စွပ်က အဘွား manobanဆီကလား အဘွား Sawyerဘက်ကလား "
"ဘယ်လက်စွပ်လည်း "
"လက်ထပ်လက်စွပ် "
"လက်ထပ်လက်စွပ် ဟုတ်လား oh my god"
ငါ့စကားကြောင့် အမေကရုတ်တရက်ထအော်တယ်
"နောက်ဆုံးတော့ လက်ထပ်တော့မယ်ပေါ့ လက်စွပ်အတွက် ပိုက်ဆံလိုရင် အမေ့ပြော အမေဝယ်ပေးမယ် ဒါနဲ့ Annaကရော လက်ခံလား သူ့ဆီလက်ထပ်ခွင့်တောင်းပြီးပြီလား "
အာ ဟုတ်သားဘဲ Annaနဲ့လမ်းခွဲထားတာ အမေတို့ မသိသေးဘူးဘဲ
"သမီး Annaနဲ့ လမ်းခွဲလိုက်ပြီ အမေ "
" ဘာ ဘာလို့လည်း ..."
"သမီး တစ်ခြားတစ်ယောက်နဲ့တွေ့နေလို့ နေအုံး သမီး ဖောက်ပြန်တာမျိုးမလုပ်ဘူးနော်....အဲ့ကောင်မလေးကို မြင်ပြီး သူက သမီးအတွက်လို့ ခံစားရလို့.... "
"အဲ့တော့ သမီးက အဲ့ကောင်မလေးကို ချစ်ပြီး လက်ထပ်ခွင့်တောင်းတော့မယ်ပေါ့ "
"ဟုတ်တယ် သမီး သူနဲ့အတူနေချင်နေပြီ "
"Lalisa သမီး အဲ့ကောင်မလေးကို အရမ်းသဘောကျနေတာကို ဘာလို့ အမေတို့ကို တစ်ခါလေးတောင် မပြောပြရတာလည်း သူ့နာမည်က ဘာလည်း "
"Roseanneတဲ့ "
"Ros...Roseanne ဟုတ်လား"
Roseanneရဲ့ နာမည်ကို ကြားတော့ အမေလန့်ပြီး စကားတွေထစ်ကုန်တယ်
"ဟုတ်တယ် ဘာဖြစ်လို့လည်း အမေ..."
"ဘာ ဘာမှမဖြစ်ပါဘူး"
"အမေ သမီးကို မပြောဘဲ ဖုံးကွယ်ထားတာတွေမလုပ်နဲ့နော် သူ့ကိုသိလို့လား "
"မသိပေမယ့် အိမ်မက်ထဲဲမြင်ဖူးတယ် အိမ်မက်ထဲမှာ Bambamနဲ့သမီးက မိန်းကလေးတစ်ယောက်အတွက် တစ်ယောက်ကိုတစ်ယောက် အသေလုပ်ကြတာတဲ့...အဲ့မိန်းကလေးက Roseanneလို့ခေါ်တယ်တဲ့ "
ဟမ် ဘာတွေဖြစ်နေတာလည်း......
"ထားပါ အမေတို့နဲ့သူ့ကို ဘယ်တော့မိတ်ဆက်ပေးမှာလည်း "
"သူ အားတဲ့တစ်နေ့ အမေတို့ဆီလာခဲ့မယ် "
"ဟုတ်ပြီ ဒါဘဲနော် "
အမေဖုန်းချသွားပေမယ့် ငါကတော့ တွေးစရာတွေများလာတယ်..... ပထမဆုံးတွေးမိတာက ငါလက်ထပ်ခွင့်တောင်းတာကို Roseanneက လက်ခံမလားဆိုတာ သိချင်မိသည်
#tbc
#zawgyi
Roseanne's POV
"Hey Anna ဘာကိစ္စလည်း "
"သူက Roseanneလေ..."
"အင်း သိတယ်... "
"ဘာကိုပြောပြရမှာလည်း "
"ငါ သေမယ့်အကြောင်းလေ "
"Lisa...ဒါက..."
"Li..Lisa "
"yah Lisa "
"ဘာများလည်း "
Lisa's POV
"အမေ့ဆီ စာပို့တယ်လေ "
"ဘယ်လက်စွပ်လည်း "
"လက်ထပ်လက်စွပ် "
" ဘာ ဘာလို့လည်း ..."
"Roseanneတဲ့ "
"Ros...Roseanne ဟုတ်လား"
"ဘာ ဘာမှမဖြစ်ပါဘူး"
"မသိပေမယ့် အိမ်မက်ထဲမြင်ဖူးတယ် အိမ်မက်ထဲမှာ Bambamနဲ့သမီးက မိန်းကလေးတစ်ယောက်အတွက် တစ်ယောက်ကိုတစ်ယောက် အသေလုပ်ကြတာတဲ့...အဲ့မိန်းကလေးက Roseanneလို့ခေါ်တယ်တဲ့ "
"ဟုတ်ပြီ ဒါဘဲနော် "
#tbc
Bạn đang đọc truyện trên: Truyen3h.Co