Part 27
#Unicode
Lisa's Pov
"Lisa နင် ဘယ်မှာလည်း..."
Rosie သက်ပြင်းချပြီး မေးလိုက်သည်
"Florida ရောက်နေတာ အချစ် Sorryပါကွာ....Airportကို သွားတုန်းက မင်းဆီ ကိုယ်ဖုန်းဆက်သေးတယ် ခေါ်မရလို့ voicemailဘဲချန်ခဲ့တာ..."
"နင့် voicemailကို ငါ နားထောင်ပြီးပြီ Lisa ဒါပေမယ့် ငါနားမလည်ဘူး Lisa ဘာဖြစ်တာလည်း နင့်အဘွားကလည်း time travlerလား "
"ဖြစ်နိုင်တယ် ကိုယ် အမေ့ဆီ ဖုန်းဆက်ပြီးနောက် ကိစ္စတစ်ချို့ကို သေချာပြန်စဥ်းစားတော့ အဘွားသေသွားတာဘဲ သိတယ် ဘယ်လိုသေသွားလည်းဆိုတာ အဖေနဲ့အမေကို မေးရင် အဖြေက ဘယ်တော့မှ မတူညီဘူး တစ်ခါတစ်လေ အိမ်ကထွက်သွားတယ်လို့လည်း ကြားဖူးသေးတယ် Rosie စဥ်းစားကြည့် မင်းအဒေါ်လည်း ပျောက်ကွယ်ခဲ့တယ် မဟုတ်လား..Dr.Hanရဲ့ ဇနီးရောလေ.....ပျောက်သွားတာနဲ့ သေသွားတယ်လို့ ပြောလို့မှ မရတာ ကိုယ် အဘိုးကို မေးကြည့်အုံးမယ် သူတစ်ခုခုသိရင်သိနေမှာ ဒါမှမဟုတ် ကူညီနိုင်မယ့် လူတစ်ယောက်ယောက်ဖြစ်ဖြစ် "
ငါ့ စကားကြောင့် Roseanne သက်ပြင်းချလိုက်သည်
"ကောင်းပြီလေ....ဟူး...ငါက ဒီအတိုင်း.....မိုက်မဲတယ်ဆိုပေမယ့် နည်းနည်းတော့ စိတ်ပျက်သွားတယ် ဒီည နင်နဲ့အတူရှိချင်တာကို "
"ကိုယ်ရောပါဘဲ မင်းကို အရမ်းတွေ့ချင်နေတာ ဒါပေမယ့် Rosie...ကိုယ်တို့မှာ အချိန်သိပ်မကျန်တော့ဘူး.... အကူအညီရနိုင်သမျှ အပိုင်းအစလေးတွေကအစ လိုက်ရှာနေမှဖြစ်မယ် "
အဘိုးရဲ့အိမ်ကို ရောက်သွားတဲ့အခါမှာတော့ အဘိုးရဲ့နောက်ထပ်ယူထားတဲ့ မိန်းမဖြစ်သူ Sueက ငါ့ကိုကြိုဆိုနေတယ်
"Lisa ....သမီးရယ် ဘာလို့ အခုမှလာတာလည်း အဘွားတို့ဖြင့် မျှော်လိုက်ရတာ "
Sueက ဝမ်းပန်းတသာကြိုဆိုတော့ ငါ့မှာ အဘိုးရဲ့ပထမဇနီးအကြောင်း မေးဖို့ လာခဲ့တာကို အားနာမိသွားတယ်
"အဘွားတို့ အိမ်ကြီးက ခြောက်ကပ်နေတာဘဲ Lisa....ကလေးတွေ ဆော့နေတာ မြင်ရဖို့ ဘယ်လောက်ထိ စောင့်ရအုံးမှာလည်း "
"သမီး မသိဘူး "
Roseanne ကိုယ်ဝန်ဆောင်တာကို တွေးမိသွားတယ်
ပြီးတော့ မွေးဖွားလာတဲ့ ကလေးတွေကို Roseanneနဲ့အတူ စောင့်ရှောက်ရမှာကို တွေးမိသွားတယ်
ညစာစားပြီးချိန်မှာ Roseanneဆီကို ငါဖုန်းခေါ်လိုက်တယ် ဒါပေမယ့် သူမဖုန်းမကိုင်ဘူး ကြည့်ရတာ Jennieနဲ့ အပြင်ထွက်လည်နေတယ်ထင်ပါရဲ့
God...သူ့အသံလေးမကြားရတာ တစ်နာရီကျော်လောက်ဘဲ ရှိအုံးမယ် အဲ့တာကိုတောင်မှ ငါ Roseanneကို အရမ်းသတိရနေတယ် ...သူသာ ငါ့ကိုထားသွားရင်.... ငါ ရူးသွားမလားဘဲ
မနက်ရောက်တော့ အဘိုးနဲ့ ငါ လှေတစ်စီးနဲ့ ငါးဖမ်းထွက်ကြတယ်.....
"ကဲပြောပါအုံး မြေးလေး ဘာကိစ္စနဲ့ ဒီကိုရောက်လာလည်းဆိုတာ ဆေးအိတ်တွေမပါဘူးဆိုတော့ အလုပ်ကိစ္စတော့ မဖြစ်နိုင်ဘူး ညည်းအဖေက လွှတ်လိုက်တာလား အဘိုးကို သွားကြည့်အုံးဆိုပြီး "
"မဟုတ်ပါဘူး.... အဘိုးရဲ့ ပထမမိန်းမနဲ့ ပတ်သက်ပြီး သမီး သိချင်တာရှိလို့ မေးဖို့ရောက်လာတာ "
"ဘာမေးမလို့လည်း "
"အဘိုး...အဘွားက ဘာလို့သေသွားတာလည်း "
"ရေနစ်ပြီး သေသွားတာ "
"ရေနစ်တယ်ဆိုတာ သေချာလား အဘိုး "
ငါ့ရဲ့မေးခွန်းကြောင့် အဖိုးမျက်နှာပျက်သွားတယ်
"ဘာလို့မေးတာလည်း "
"သမီး တွေ့နေတဲ့ ကောင်မလေး Roseanneက brain tumorဖြစ်နေတာ ရုတ်တရက် ဘာမှမရှိဘဲ ကောက်ဖြစ်တာ အဘိုး အဲ့တာအပြင် သူက တစ်ခြားလူတွေ မလုပ်နိုင်တဲ့ အရာကိုလုပ်နိုင်တယ် "
"ဘာများလည်း...."
ငါ ပြောပြလိုက်ရင် အဘိုးလည်း ဖိအားပေးစရာမလိုဘဲ အဘွားအကြောင်း ပြောပြဖို့ကို မျှော်လင့်မိတယ်
"Time Travel ပါ အဘိုး "
အဘိုးဟာ ငါ့စကားကြောင့် တိတ်ဆိတ်သွားတယ်
ငါးတွေပွက်နေတဲ့ ရေပြင်ကြီးကို စိုက်ကြည့်နေတယ်.... အဘိုးစိတ်ထဲ ငါ့ကို စိတ်ကျန်းမာရေး ဆေးရုံလိုက်ပို့ချင်ပို့နေမှာ
"အဲ့တာကြောင့် ညည်းရဲ့ အဘွားကလည်း ရုတ်တရက်ပျောက်သွားတာဟာ Time travelလို့ ပြောချင်တာလား"
"ဟုတ်တယ် ကြားရတာတော့ ရူးချင်စရာကောင်းတယ် မဟုတ်လား အဘိုး "
"အဲ့လိုတော့ မထင်ပါဘူး...."
"ဒါ ဒါဆို သူအချိန်ခရီးသွားခဲ့တယ်လို့ ပြောတာလား"
ငါ ထပ်မေးတော့ အဘိုးက သက်ပြင်းချပြီး ခေါင်းညိတ်ပြတယ်
"သူ ဘယ်အချိန်က ပျောက်သွားတာလည်း သူဘယ်သွားလည်းဆိုတာ အဘိုးသိလား... ဘာလုပ်ခဲ့လည်းဆိုတာရော "
"ပြောရရင် အရှည်ကြီးပေါ့ "
အဘိုးက ရေဘူးကိုကောက်ယူပြီး စကားမပြောခင် ရေအရင်သောက်လိုက်တယ်
"အဘိုးက ဆေးကျောင်းတက်နိုင်ဖို့ ပိုက်ဆံစုနေချိန် သူကပြောခဲ့တယ် လွန်ခဲ့တဲ့နှစ်တစ်ချို့ကို သွားပြီး အဘိုးတို့အတွက် ရင်းနှီးမြုပ်နှံမှုလုပ်မယ်တဲ့ အဘိုးက မလုပ်ဖို့ အမြဲ ပြောပြီး ကိုယ့်မုန့်ဖိုးနဲ့ကိုယ်ကျောင်းတက်ခဲ့တယ် နောက်တော့ သမီးရဲ့ အဖေမွေးပြီးနောက် အဘိုးတို့ စီးပွားရေးတွေအဆင်မပြေဖြစ်လာတယ် အဲ့အချိန်မှာတော့ သူက လုပ်မှဖြစ်မယ်ဆိုပြီး ပျောက်သွားခဲ့တယ် ဒီလိုနဲ့ လအတော်ကြာထိ ပေါ်မလာပေမယ့် တစ်နှစ်လောက်ကြာတော့ အဘိုးဘဏ်စာအုပ်ထဲ ငွေတွေအများကြီးရောက်နေတာကို တွေ့ရတယ် ဘဏ်ကို သွားမေးတော့ 1921က ရင်းနှီးမြုပ်နှံခဲ့တဲ့ ရှယ်ယာတွေဖြစ်ကြောင်း ဘဏ်ဝန်ထမ်းက ရှင်းပြတယ်....အဘိုး သူပြန်လာဖို့ ဆုတောင်းခဲ့ပေမယ့် အခုထိ အဘိုးဆုတောင်းတွေက မပြည့်ခဲ့ပါဘူး"
"ကြားရတာ စိတ်မကောင်းပါဘူး အဘိုးရယ် "
"ထားလိုက်ပါ မြေးလေးလည်း အခု တွဲနေတဲ့သူက Time travel လုပ်နိုင်တယ်ဆို ဒီတော့ ဂရုစိုက်အုံးနော် အဘိုးကူညီနိုင်တာရှိရင် ကူညီပေးမယ် "
"ဟုတ်ကဲ့ အဘိုး "
အဘိုးနဲ့ငါ ငါးအတူမျှားပြီး အိမ်ကိုပြန်လာခဲ့တယ်..... ဖုန်းထဲ messageဝင်လာတော့ Roseanne ဆီက ဖြစ်နေလို့ ပျော်ပြီး ဖွင့်ဖတ်လိုက်သည်
Lisa.....ငါတို့က ရှေ့ဆက်ဖို့ မဖြစ်နိုင်လောက်တော့ဘူး....
Roseanneရဲ့ messageကို မြင်ပြီး ငါအရမ်းလန့်သွားတယ်
#tbc
#zawgyi
Lisa's Pov
"Lisa နင္ ဘယ္မွာလည္း..."
Rosie သက္ျပင္းခ်ၿပီး ေမးလိုက္သည္
"Florida ေရာက္ေနတာ အခ်စ္ Sorryပါကြာ....Airportကို သြားတုန္းက မင္းဆီ ကိုယ္ဖုန္းဆက္ေသးတယ္ ေခၚမရလို႔ voicemailဘဲခ်န္ခဲ့တာ..."
"နင့္ voicemailကို ငါ နားေထာင္ၿပီးၿပီ Lisa ဒါေပမယ့္ ငါနားမလည္ဘူး Lisa ဘာျဖစ္တာလည္း နင့္အဘြားကလည္း time travlerလား "
"ျဖစ္နိုင္တယ္ ကိုယ္ အေမ့ဆီ ဖုန္းဆက္ၿပီးေနာက္ ကိစၥတစ္ခ်ိဳ႕ကို ေသခ်ာျပန္စဥ္းစားေတာ့ အဘြားေသသြားတာဘဲ သိတယ္ ဘယ္လိုေသသြားလည္းဆိုတာ အေဖနဲ႕အေမကို ေမးရင္ အေျဖက ဘယ္ေတာ့မွ မတူညီဘူး တစ္ခါတစ္ေလ အိမ္ကထြက္သြားတယ္လို႔လည္း ၾကားဖူးေသးတယ္ Rosie စဥ္းစားၾကည့္ မင္းအေဒၚလည္း ေပ်ာက္ကြယ္ခဲ့တယ္ မဟုတ္လား..Dr.Hanရဲ႕ ဇနီးေရာေလ.....ေပ်ာက္သြားတာနဲ႕ ေသသြားတယ္လို႔ ေျပာလို႔မွ မရတာ ကိုယ္ အဘိုးကို ေမးၾကည့္အုံးမယ္ သူတစ္ခုခုသိရင္သိေနမွာ ဒါမွမဟုတ္ ကူညီနိုင္မယ့္ လူတစ္ေယာက္ေယာက္ျဖစ္ျဖစ္ "
ငါ့ စကားေၾကာင့္ Roseanne သက္ျပင္းခ်လိဳက္သည္
"ေကာင္းၿပီေလ....ဟူး...ငါက ဒီအတိုင္း.....မိုက္မဲတယ္ဆိုေပမယ့္ နည္းနည္းေတာ့ စိတ္ပ်က္သြားတယ္ ဒီည နင္နဲ႕အတူရွိခ်င္တာကို "
"ကိုယ္ေရာပါဘဲ မင္းကို အရမ္းေတြ႕ခ်င္ေနတာ ဒါေပမယ့္ Rosie...ကိုယ္တို႔မွာ အခ်ိန္သိပ္မက်န္ေတာ့ဘူး.... အကူအညီရနိုင္သမွ် အပိုင္းအစေလးေတြကအစ လိုက္ရွာေနမွျဖစ္မယ္ "
အဘိုးရဲ႕အိမ္ကို ေရာက္သြားတဲ့အခါမွာေတာ့ အဘိုးရဲ႕ေနာက္ထပ္ယူထားတဲ့ မိန္းမျဖစ္သူ Sueက ငါ့ကိုႀကိဳဆိုေနတယ္
"Lisa ....သမီးရယ္ ဘာလို႔ အခုမွလာတာလည္း အဘြားတို႔ျဖင့္ ေမွ်ာ္လိုက္ရတာ "
Sueက ဝမ္းပန္းတသာႀကိဳဆိုေတာ့ ငါ့မွာ အဘိုးရဲ႕ပထမဇနီးအေၾကာင္း ေမးဖို႔ လာခဲ့တာကို အားနာမိသြားတယ္
"အဘြားတို႔ အိမ္ႀကီးက ေျခာက္ကပ္ေနတာဘဲ Lisa....ကေလးေတြ ေဆာ့ေနတာ ျမင္ရဖို႔ ဘယ္ေလာက္ထိ ေစာင့္ရအုံးမွာလည္း "
"သမီး မသိဘူး "
Roseanne ကိုယ္ဝန္ေဆာင္တာကို ေတြးမိသြားတယ္
ၿပီးေတာ့ ေမြးဖြားလာတဲ့ ကေလးေတြကို Roseanneနဲ႕အတူ ေစာင့္ေရွာက္ရမွာကို ေတြးမိသြားတယ္
ညစာစားၿပီးခ်ိန္မွာ Roseanneဆီကို ငါဖုန္းေခၚလိုက္တယ္ ဒါေပမယ့္ သူမဖုန္းမကိုင္ဘူး ၾကည့္ရတာ Jennieနဲ႕ အျပင္ထြက္လည္ေနတယ္ထင္ပါရဲ႕
God...သူ႕အသံေလးမၾကားရတာ တစ္နာရီေက်ာ္ေလာက္ဘဲ ရွိအုံးမယ္ အဲ့တာကိုေတာင္မွ ငါ Roseanneကို အရမ္းသတိရေနတယ္ ...သူသာ ငါ့ကိုထားသြားရင္.... ငါ ႐ူးသြားမလားဘဲ
မနက္ေရာက္ေတာ့ အဘိုးနဲ႕ ငါ ေလွတစ္စီးနဲ႕ ငါးဖမ္းထြက္ၾကတယ္.....
"ကဲေျပာပါအုံး ေျမးေလး ဘာကိစၥနဲ႕ ဒီကိုေရာက္လာလည္းဆိုတာ ေဆးအိတ္ေတြမပါဘူးဆိုေတာ့ အလုပ္ကိစၥေတာ့ မျဖစ္နိုင္ဘူး ညည္းအေဖက လႊတ္လိုက္တာလား အဘိုးကို သြားၾကည့္အုံးဆိုၿပီး "
"မဟုတ္ပါဘူး.... အဘိုးရဲ႕ ပထမမိန္းမနဲ႕ ပတ္သက္ၿပီး သမီး သိခ်င္တာရွိလို႔ ေမးဖို႔ေရာက္လာတာ "
"ဘာေမးမလို႔လည္း "
"အဘိုး...အဘြားက ဘာလို႔ေသသြားတာလည္း "
"ေရနစ္ၿပီး ေသသြားတာ "
"ေရနစ္တယ္ဆိုတာ ေသခ်ာလား အဘိုး "
ငါ့ရဲ႕ေမးခြန္းေၾကာင့္ အဖိုးမ်က္ႏွာပ်က္သြားတယ္
"ဘာလို႔ေမးတာလည္း "
"သမီး ေတြ႕ေနတဲ့ ေကာင္မေလး Roseanneက brain tumorျဖစ္ေနတာ ႐ုတ္တရက္ ဘာမွမရွိဘဲ ေကာက္ျဖစ္တာ အဘိုး အဲ့တာအျပင္ သူက တစ္ျခားလူေတြ မလုပ္နိုင္တဲ့ အရာကိုလုပ္နိုင္တယ္ "
"ဘာမ်ားလည္း...."
ငါ ေျပာျပလိုက္ရင္ အဘိုးလည္း ဖိအားေပးစရာမလိုဘဲ အဘြားအေၾကာင္း ေျပာျပဖို႔ကို ေမွ်ာ္လင့္မိတယ္
"Time Travel ပါ အဘိုး "
အဘိုးဟာ ငါ့စကားေၾကာင့္ တိတ္ဆိတ္သြားတယ္
ငါးေတြပြက္ေနတဲ့ ေရျပင္ႀကီးကို စိုက္ၾကည့္ေနတယ္.... အဘိုးစိတ္ထဲ ငါ့ကို စိတ္က်န္းမာေရး ေဆး႐ုံလိုက္ပို႔ခ်င္ပို႔ေနမွာ
"အဲ့တာေၾကာင့္ ညည္းရဲ႕ အဘြားကလည္း ႐ုတ္တရက္ေပ်ာက္သြားတာဟာ Time travelလို႔ ေျပာခ်င္တာလား"
"ဟုတ္တယ္ ၾကားရတာေတာ့ ႐ူးခ်င္စရာေကာင္းတယ္ မဟုတ္လား အဘိုး "
"အဲ့လိုေတာ့ မထင္ပါဘူး...."
"ဒါ ဒါဆို သူအခ်ိန္ခရီးသြားခဲ့တယ္လို႔ ေျပာတာလား"
ငါ ထပ္ေမးေတာ့ အဘိုးက သက္ျပင္းခ်ၿပီး ေခါင္းညိတ္ျပတယ္
"သူ ဘယ္အခ်ိန္က ေပ်ာက္သြားတာလည္း သူဘယ္သြားလည္းဆိုတာ အဘိုးသိလား... ဘာလုပ္ခဲ့လည္းဆိုတာေရာ "
"ေျပာရရင္ အရွည္ႀကီးေပါ့ "
အဘိုးက ေရဘူးကိုေကာက္ယူၿပီး စကားမေျပာခင္ ေရအရင္ေသာက္လိုက္တယ္
"အဘိုးက ေဆးေက်ာင္းတက္နိုင္ဖို႔ ပိုက္ဆံစုေနခ်ိန္ သူကေျပာခဲ့တယ္ လြန္ခဲ့တဲ့ႏွစ္တစ္ခ်ိဳ႕ကို သြားၿပီး အဘိုးတို႔အတြက္ ရင္းႏွီးျမဳပ္ႏွံမႈလုပ္မယ္တဲ့ အဘိုးက မလုပ္ဖို႔ အၿမဲ ေျပာၿပီး ကိုယ့္မုန့္ဖိုးနဲ႕ကိုယ္ေက်ာင္းတက္ခဲ့တယ္ ေနာက္ေတာ့ သမီးရဲ႕ အေဖေမြးၿပီးေနာက္ အဘိုးတို႔ စီးပြားေရးေတြအဆင္မေျပျဖစ္လာတယ္ အဲ့အခ်ိန္မွာေတာ့ သူက လုပ္မွျဖစ္မယ္ဆိုၿပီး ေပ်ာက္သြားခဲ့တယ္ ဒီလိုနဲ႕ လအေတာ္ၾကာထိ ေပၚမလာေပမယ့္ တစ္ႏွစ္ေလာက္ၾကာေတာ့ အဘိုးဘဏ္စာအုပ္ထဲ ေငြေတြအမ်ားႀကီးေရာက္ေနတာကို ေတြ႕ရတယ္ ဘဏ္ကို သြားေမးေတာ့ 1921က ရင္းႏွီးျမဳပ္ႏွံခဲ့တဲ့ ရွယ္ယာေတြျဖစ္ေၾကာင္း ဘဏ္ဝန္ထမ္းက ရွင္းျပတယ္....အဘိုး သူျပန္လာဖို႔ ဆုေတာင္းခဲ့ေပမယ့္ အခုထိ အဘိုးဆုေတာင္းေတြက မျပည့္ခဲ့ပါဘူး"
"ၾကားရတာ စိတ္မေကာင္းပါဘူး အဘိုးရယ္ "
"ထားလိုက္ပါ ေျမးေလးလည္း အခု တြဲေနတဲ့သူက Time travel လုပ္နိုင္တယ္ဆို ဒီေတာ့ ဂ႐ုစိုက္အုံးေနာ္ အဘိုးကူညီနိုင္တာရွိရင္ ကူညီေပးမယ္ "
"ဟုတ္ကဲ့ အဘိုး "
အဘိုးနဲ႕ငါ ငါးအတူမွ်ားၿပီး အိမ္ကိုျပန္လာခဲ့တယ္..... ဖုန္းထဲ messageဝင္လာေတာ့ Roseanne ဆီက ျဖစ္ေနလို႔ ေပ်ာ္ၿပီး ဖြင့္ဖတ္လိုက္သည္
Lisa.....ငါတို႔က ေရွ႕ဆက္ဖို႔ မျဖစ္နိုင္ေလာက္ေတာ့ဘူး....
Roseanneရဲ႕ messageကို ျမင္ၿပီး ငါအရမ္းလန့္သြားတယ္
#tbc
Bạn đang đọc truyện trên: Truyen3h.Co