Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Final

KimFany059

တူညီနေတဲ့အရာတွေ ရှိနေတယ် နတ်ဘုရားမဆီက ထွက်ပြေး ထပ်ပြီး အကြိမ်ကြိမ် ထွက်ပြေးနေတာက အရမ်းလွယ်ကူနေသလိုဘဲ

သူ့ကို ပထမဆုံးစတွေ့ချိန်တုံးက သူ့က ငါ့အတွက် ဖြစ်ရမယ် ငါ့အပိုင် ​ဖြစ်လိမ့်မယ်ဆိုတာ သိနေခဲ့တယ်

သူ့မျက်လုံးကို ကြည့်တာနဲ့ သူကလည်း ငါ့အပိုင်ဖြစ်ချင်ခဲ့မယ် သူဝန်ခံချင်လိမ့်မယ်ဆိုတာ ငါ သိနေခဲ့တယ်

လ...လပြည့်လေးက မင်းကို တို့ဆီ ရောက်လာအောင် ခေါ်ဆောင်ခဲ့တယ် ....ပထမ လပြည့်နေ့ကနေ တတိယလပြည့်နေ့အတွင်း တို့်အတွက် တစ်ယောက်ယောက် ပေါ်လာခဲ့မယ်ဆိုတာ တို့သိနေခဲ့တယ်

အဲ့တစ်ယောက်ယောက်ကလည်း မင်းဖြစ်နေခဲ့လို့ တို့အရမ်း ဝမ်းသာမိခဲ့တယ်သိလား

တို့ကို မင်း ပထမဆုံးတွေ့ခဲ့တဲ့ညက တို့နှစ်ယောက်ကြားက ဆက်နွယ်မှုကို ခံစားမိခဲ့တယ်

ဘာတွေဘယ်လိုဘဲ ဖြစ်နေပါစေ ကံတရားက တို့နှစ်ယောက်ကို ပြန်ခေါ်လာစမြဲဘဲ

ဘာလို့လဲသိလား တို့နှစ်ယောက်က ရေစက်ရှိလို့ဘဲ ကံတရားအကြောင်းပါလာလို့ဘဲ

အဲ့ဒီကံတရားက မင်းကို ရေချိုးနေတဲ့တို့ဆီကို ခေါ်လာပေးခဲ့တာ

Taeyeonရေ...Oh Kim Taeyeonလေး တို့ဆီက ဘာလို့ ထွက်ပြေးရတာလဲ ဘာလို့ တို့ကို ထားသွားရဲတာလဲ

မင်း ကြောက်နေသင့်တယ်နော် ခစ်ခစ်

လှိုဏ်ဂူထဲမှာဖြစ်ဖြစ် မြောင်းထဲမှာဘဲ ဖြစ်ဖြစ် ပင်လယ်သမုဒ္ဒရာအောက် ပုန်းနေရင်တောင်မှ တို့က မင်းကို တွေ့အောင်ရှာမှာ ...ကံတရားကလည်း မင်းကို ရှာဖွေပေးမှာ

နတ်ဘုရားမဖြစ်တဲ့ တို့ကို ဘယ်သူမှ တားဆီးပိတ်ပင်တာမျိုး မလုပ်ရဲဘူး

တို့ မင်းကို စနောက်ပြီး ကစားချင်လို့ Miss Hwangအဖြစ်လည်း ဟန်ဆောင်ခဲ့သေးတယ်လေ

အဲ့တုံးကလည်း မင်းလေးမှာ မနည်းထိန်းချုပ်ထားခဲ့ရတယ်နော်

Taeyeon ah တို့ မင်းကိုပြောခဲ့ဖူးတယ်လေ ဘာတွေဘယ်လိုဖြစ်နေပါစေ မင်းက တို့ဆီကိုဘဲဲပြန်လာရမယ်လို့

ဘာတွေဘယ်လိုဖြစ်နေပါစေ ဘယ်ကိုဘဲရောက်ရောက် မင်းက တို့အပိုင်ဆိုတာ မေ့မထားနဲ့

ထပ်ပြီး ထွက်ပြေးပြန်ပြီ ဘာလို့လဲ ...တို့ကို မင်း အရမ်းချစ်မိနေပြီလို့ထင်ခဲ့မိတာ....

Ireneလေးကတော့ မင်း သူ့ကိုထားသွားတာသိရင် အရမ်းဝမ်းနည်းနေတော့မှာဘဲ

Taeyeon မင်း တို့သားအမိကို ချစ်တယ်ဆို....တို့သားအမိကို မင်း ထားသွားမှာမဟုတ်ဘူးဆိုတာ တို့သိပါတယ် မင်း မကြာခင် တို့ဆီပြန်လာမှာပါ

မကြာခင်ပေါ့ Taeyeonရယ်

မျက်နှာပေါ် လိုက်ကာစတွေရောက်လာလို့ Taeyeon အိပ်ရာက နိုးလာတယ်

နေပါအုံး ဘာတွေဖြစ်နေတာလဲ

Taeyeon အိပ်ရာကထပြီး မျက်လုံးနှစ်လုံးကို လက်နဲ့ပွတ်လိုက်သည်

ပန်းပွင့်လိုက်ကာ ပြီးတော့ နံရံပေါ်က ပိုစတာတွေနဲ့ ကြက်ဥပေါင်းအနံ့......ဒါတွေက အဘွားရဲ့ အိမ်ကို ပြန်ရောက်နေတာဘဲ

နေ နေပါအုံး Sicaကရော ဘယ်ရောက်သွားတာလဲ ငါက လူ့ကမ္ဘာကို ပြန်ရောက်လာတာလား

"Taengooရေ မနက်စာအဆင်သင့်ဖြစ်ပြီကွယ် "

အဘွားရဲ့ အသံကြောင့် Taeyeon ထရပ်လိုက်သည်

ပြီးတော့ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်တော့ သူတို့မြေးအဘွားတွေ စကားထိုင်ပြောနေကြ သစ်ပင်အောက်က ကွပ်ပျစ်ရယ် သူ့အဘိုးကားကို တွေ့လိုက်ရသည်

တကယ်ကြီး လူ့ကမ္ဘာကို ပြန်ရောက်နေတာဘဲ

"Taeng.... Aigoo "

Taeyeon အိမ်အောက်ကို ပြေးဆင်းလာပြီး သူ့အဘွားကို ပြေးဖက်လိုက်သည်

"အဘွားကို အရမ်းသတိရနေတာ အဘိုးရော ဘယ်မှာလဲဟင် "

"သူက ထမင်းစားခန်းထဲမှာ မနက်စာစားဖို့ သမီးကို စောင့်နေတာရယ် လာ "

ထမင်းစားခန်းထဲတွင် Taeyeonတစ်ယောက် ပျော်လွန်းလို့ ပါးစပ်တောင်ပိတ်မရဖြစ်နေတယ်

"သမီးကြည့်ရတာ အရမ်းပျော်နေတဲ့ပုံဘဲ တစ်ခုခုဖြစ်ခဲ့လို့လား "

အဘိုးဖြစ်သူက Taeyeonအတွက် ပေါင်မုန့်ထောပတ်သုတ်ရင်း မေးလိုက်သည်

"ဒီကလေး နိုးကတည်းက ဘာတွေစိတ်လှုပ်ရှားနေမှန်းမသိပါဘူး "

အဘွားဖြစ်သူကလည်း Taeyeonအတွက် ကော်ဖီဖျော်ပေးရင်း ပြောလိုက်သည်

"ဘာမှမဖြစ်ပါဘူး အဘွားတို့နဲ့ရှိနေရတာ ပျော်လို့ "

မနက်စာစားပြီးနောက် Taeyeon သီချင်းနားထောင် ရုပ်ရှင်ကြည့်ရင်း မှေးခနဲအိပ်ပျော်သွားတယ်

ပြတင်းပေါက်ဖွင့်ထားလို့ လေအေးတွေ တိုက်ခတ်လာတဲ့အခါမှ ချမ်းစိမ့်စိမ့်ဖြစ်လာလို့ Taeyeon နိုးလာသည်

ပြတင်းပေါက်အပြင်ဘက်ကို ကြည့်တော့ လမင်းကြီးက ထွန်းလင်းနေတာကို တွေ့ရသည်

Full moonဘဲ

"Taengooo ညစာရပြီ မအေးခင် အောက်ဆင်းလာခဲ့တော့ "

အဘွားအသံကြောင့် Taeyeon နာရီကို လှမ်းကြည့်တော့ ခုနှစ်နာရီထိုးနေပြီ

ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်ရင်း တစ်ခုခုမှားယွင်းနေသလို ခံစားနေရသည်

"Taengoo "

"လာပြီ အဘွား "

Taeyeon အောက်ထပ်ကို ဆင်းလာပြီး ထမင်းစားခန်းထဲ ဝင်လိုက်တော့ သူ့အဘွားအပြင် သူ့အမေအဖေအကိုနဲ့ Hyoyeon ကို အတူတကွမြင်လိုက်ရလို့ အံ့အားသင့်သွားတယ် ဒါပေမယ့် အဘိုးဖြစ်သူကိုတော့ မတွေ့ရပေ

"အဘွား...အဘိုးရော "

"ခြံထဲမှာထင်တယ် သွားခေါ်လိုက်အုံး "

Taeyeonလည်း ခံစားချက်မျိုးစုံနဲ့ ခြံထဲကို ဆင်းလာသည်

"အဘိုး "

"aww...Taengoo သမီးလေး...."

"လမင်းကြီးကိုကြည့်နေတာလား "

"ဟုတ်တယ် လပြည့်နေ့နဲ့ ပတ်သက်ပြီး ဇာတ်လမ်းတစ်ပုဒ်ကို ကြားဖူးလား "

အဘိုးဖြစ်သူ စကားကြောင့် Taeyeon အေးခဲသွားတယ်

"Aigoo မသိသေးဘူးဘဲ အဘိုးပြောပြမယ် တစ်ရံရောအခါကပေါ့ကွယ် တောအုပ်ထဲက ရေကန်ဘေးနားမှာ ထိုင်ရတာ သဘောကျတဲ့ ကောင်မလေးတစ်ယောက် ရှိသတဲ့ သူက ပထမအကြိမ် လပြည့်နေ့နဲ့တတိယအကြိမ် လပြည့်ဖို့ကို စောင့်နေသတဲ့...တိုက်ဆိုင်လိုက်တာ ဒီနေ့က တတိယအကြိမ် လပြည့်နေ့လေးဘဲ "

အဘိုးဖြစ်သူ​က ကျောက်ရုပ်ဖြစ်နေတဲ့ Taeyeonကို စကားဆက်ပြောလေသည်

"လှပတဲ့ကောင်မလေးက သူလိုချင်တာကို ရအောင်ယူပြီး တစ်ဘဝလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားသတဲ့ကွယ် "

တစ်ဘဝလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားသတဲ့.....

ဘယ်ကမှန်းမသိတဲ့ တွန်းအားတွေကြောင့် Taeyeon ရုတ်တရက် တောအုပ်ဘက်ကို ထွက်လာခဲ့သည်

ထူးဆန်းတာက အဘိုးဖြစ်သူကလည်း မတားဘဲ ပြုံးပြီး ကြည့်နေလေရဲ့

ငါ ဘာတွေဖြစ်နေတာလဲ Stephanie ကလည်း လေပြေလေညှင်းလို့ ငါ့နားထဲ သူ့အသံတွေဝင်လာနေတယ်

Irene....ငါ့သမီးလေး...

ရေကန်နားရောက်လာလေ အလင်းတန်းများက ပေါ်လာပြီး Taeyeonကို ဆွဲဆောင်လေ ဖြစ်နေသည်

ဒါကြောင့်မို့လို့ Taeyeon ခပ်သွက်သွက်လေး လျှောက်သွားလိုက်သည်

ရေကန်ဘက်ကိုလည်း ရောက်ရော Taeyeon နှလုံးခုန်သံတွေမြန်လာသည်

ရေကန်ထဲမှာ Stephanie နဲ့ ကလေးမလေး ကြည့်ရတာ Ireneနဲ့တူပါတယ် သူတို့နှစ်ယောက်က လက်ဆန့်တန်းပြီး ငါ့ကို ကြိုဆိုနေကြတယ်

"ဒီကိုလာခဲ့ Taeyeon ငါ့ရဲ့ Taeyeonလေး အခု ဒီကနေ ထွက်သွားဖို့ အချိန်ကျပြီ "

Stephanie ရဲ့အသံကြားတော့ Taeyeon ရုတ်တရက် တက်ကြွလာပြီး စိတ်လှုပ်ရှားခြင်းများစွာဖြင့် ရေကန်ထဲ ဆင်းသွားတယ်

Stephanie ကလည်း ပြုံး Taeyeonကလည်း ပြုံး

မိသားစုသုံးယောက် ရေကန်ထဲ တစ်ယောက်ကို တစ်ယောက် တင်းတင်းကြပ်ကြပ်ဖက်ထားနေကြသည်

"ငါတို့ကို ထပ်ပြီး ထားမသွားနဲ့တော့ နော် ..ချစ်တယ် Taeyeon "

"ငါလည်း ချစ်တယ် ဘယ်တော့မှထားမသွားတော့ဘူး "

အဘိုးပြောတာ မှန်တာဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်နေပြီ နေထိုင်သွားပြီလေ .....

ပုံပြင်တွေ​က တစ်ခါတစ်လေ တကယ်ဖြစ်တတ်တာဘဲ ဖြစ်နေတာဘဲတဲ့....

#The End

#Zawgyi

တူညီေနတဲ့အရာေတြ ရွိေနတယ္ နတ္ဘုရားမဆီက ထြက္ေျပး ထပ္ၿပီး အႀကိမ္ႀကိမ္ ထြက္ေျပးေနတာက အရမ္းလြယ္ကူေနသလိုဘဲ

သူ႕ကို ပထမဆုံးစေတြ႕ခ်ိန္တုံးက သူ႕က ငါ့အတြက္ ျဖစ္ရမယ္ ငါ့အပိုင္ ျဖစ္လိမ့္မယ္ဆိုတာ သိေနခဲ့တယ္

သူ႕မ်က္လုံးကို ၾကည့္တာနဲ႕ သူကလည္း ငါ့အပိုင္ျဖစ္ခ်င္ခဲ့မယ္ သူဝန္ခံခ်င္လိမ့္မယ္ဆိုတာ ငါ သိေနခဲ့တယ္

လ...လျပည့္ေလးက မင္းကို တို႔ဆီ ေရာက္လာေအာင္ ေခၚေဆာင္ခဲ့တယ္ ....ပထမ လျပည့္ေန႕ကေန တတိယလျပည့္ေန႕အတြင္း တို႔္အတြက္ တစ္ေယာက္ေယာက္ ေပၚလာခဲ့မယ္ဆိုတာ တို႔သိေနခဲ့တယ္

အဲ့တစ္ေယာက္ေယာက္ကလည္း မင္းျဖစ္ေနခဲ့လို႔ တို႔အရမ္း ဝမ္းသာမိခဲ့တယ္သိလား

တို႔ကို မင္း ပထမဆုံးေတြ႕ခဲ့တဲ့ညက တို႔ႏွစ္ေယာက္ၾကားက ဆက္ႏြယ္မႈကို ခံစားမိခဲ့တယ္

ဘာေတြဘယ္လိုဘဲ ျဖစ္ေနပါေစ ကံတရားက တို႔ႏွစ္ေယာက္ကို ျပန္ေခၚလာစၿမဲဘဲ

ဘာလို႔လဲသိလား တို႔ႏွစ္ေယာက္က ေရစက္ရွိလို႔ဘဲ ကံတရားအေၾကာင္းပါလာလို႔ဘဲ

အဲ့ဒီကံတရားက မင္းကို ေရခ်ိဳးေနတဲ့တို႔ဆီကို ေခၚလာေပးခဲ့တာ

Taeyeonေရ...Oh Kim Taeyeonေလး တို႔ဆီက ဘာလို႔ ထြက္ေျပးရတာလဲ ဘာလို႔ တို႔ကို ထားသြားရဲတာလဲ

မင္း ေၾကာက္ေနသင့္တယ္ေနာ္ ခစ္ခစ္

လွိုဏ္ဂူထဲမွာျဖစ္ျဖစ္ ေျမာင္းထဲမွာဘဲ ျဖစ္ျဖစ္ ပင္လယ္သမုဒၵရာေအာက္ ပုန္းေနရင္ေတာင္မွ တို႔က မင္းကို ေတြ႕ေအာင္ရွာမွာ ...ကံတရားကလည္း မင္းကို ရွာေဖြေပးမွာ

နတ္ဘုရားမျဖစ္တဲ့ တို႔ကို ဘယ္သူမွ တားဆီးပိတ္ပင္တာမ်ိဳး မလုပ္ရဲဘူး

တို႔ မင္းကို စေနာက္ၿပီး ကစားခ်င္လို႔ Miss Hwangအျဖစ္လည္း ဟန္ေဆာင္ခဲ့ေသးတယ္ေလ

အဲ့တုံးကလည္း မင္းေလးမွာ မနည္းထိန္းခ်ဳပ္ထားခဲ့ရတယ္ေနာ္

Taeyeon ah တို႔ မင္းကိုေျပာခဲ့ဖူးတယ္ေလ ဘာေတြဘယ္လိုျဖစ္ေနပါေစ မင္းက တို႔ဆီကိုဘဲဲျပန္လာရမယ္လို႔

ဘာေတြဘယ္လိုျဖစ္ေနပါေစ ဘယ္ကိုဘဲေရာက္ေရာက္ မင္းက တို႔အပိုင္ဆိုတာ ေမ့မထားနဲ႕

ထပ္ၿပီး ထြက္ေျပးျပန္ၿပီ ဘာလို႔လဲ ...တို႔ကို မင္း အရမ္းခ်စ္မိေနၿပီလို႔ထင္ခဲ့မိတာ....

Ireneေလးကေတာ့ မင္း သူ႕ကိုထားသြားတာသိရင္ အရမ္းဝမ္းနည္းေနေတာ့မွာဘဲ

Taeyeon မင္း တို႔သားအမိကို ခ်စ္တယ္ဆို....တို႔သားအမိကို မင္း ထားသြားမွာမဟုတ္ဘူးဆိုတာ တို႔သိပါတယ္ မင္း မၾကာခင္ တို႔ဆီျပန္လာမွာပါ

မၾကာခင္ေပါ့ Taeyeonရယ္

မ်က္ႏွာေပၚ လိုက္ကာစေတြေရာက္လာလို႔ Taeyeon အိပ္ရာက နိုးလာတယ္

ေနပါအုံး ဘာေတြျဖစ္ေနတာလဲ

Taeyeon အိပ္ရာကထၿပီး မ်က္လုံးႏွစ္လုံးကို လက္နဲ႕ပြတ္လိုက္သည္

ပန္းပြင့္လိုက္ကာ ၿပီးေတာ့ နံရံေပၚက ပိုစတာေတြနဲ႕ ၾကက္ဥေပါင္းအနံ႕......ဒါေတြက အဘြားရဲ႕ အိမ္ကို ျပန္ေရာက္ေနတာဘဲ

ေန ေနပါအုံး Sicaကေရာ ဘယ္ေရာက္သြားတာလဲ ငါက လူ႕ကမၻာကို ျပန္ေရာက္လာတာလား

"Taengooေရ မနက္စာအဆင္သင့္ျဖစ္ၿပီကြယ္ "

အဘြားရဲ႕ အသံေၾကာင့္ Taeyeon ထရပ္လိုက္သည္

ၿပီးေတာ့ ျပတင္းေပါက္အျပင္ဘက္ကို ၾကည့္ေတာ့ သူတို႔ေျမးအဘြားေတြ စကားထိုင္ေျပာေနၾက သစ္ပင္ေအာက္က ကြပ္ပ်စ္ရယ္ သူ႕အဘိုးကားကို ေတြ႕လိုက္ရသည္

တကယ္ႀကီး လူ႕ကမၻာကို ျပန္ေရာက္ေနတာဘဲ

"Taeng.... Aigoo "

Taeyeon အိမ္ေအာက္ကို ေျပးဆင္းလာၿပီး သူ႕အဘြားကို ေျပးဖက္လိုက္သည္

"အဘြားကို အရမ္းသတိရေနတာ အဘိုးေရာ ဘယ္မွာလဲဟင္ "

"သူက ထမင္းစားခန္းထဲမွာ မနက္စာစားဖို႔ သမီးကို ေစာင့္ေနတာရယ္ လာ "

ထမင္းစားခန္းထဲတြင္ Taeyeonတစ္ေယာက္ ေပ်ာ္လြန္းလို႔ ပါးစပ္ေတာင္ပိတ္မရျဖစ္ေနတယ္

"သမီးၾကည့္ရတာ အရမ္းေပ်ာ္ေနတဲ့ပုံဘဲ တစ္ခုခုျဖစ္ခဲ့လို႔လား "

အဘိုးျဖစ္သူက Taeyeonအတြက္ ေပါင္မုန့္ေထာပတ္သုတ္ရင္း ေမးလိုက္သည္

"ဒီကေလး နိုးကတည္းက ဘာေတြစိတ္လႈပ္ရွားေနမွန္းမသိပါဘူး "

အဘြားျဖစ္သူကလည္း Taeyeonအတြက္ ေကာ္ဖီေဖ်ာ္ေပးရင္း ေျပာလိုက္သည္

"ဘာမွမျဖစ္ပါဘူး အဘြားတို႔နဲ႕ရွိေနရတာ ေပ်ာ္လို႔ "

မနက္စာစားၿပီးေနာက္ Taeyeon သီခ်င္းနားေထာင္ ႐ုပ္ရွင္ၾကည့္ရင္း ေမွးခနဲအိပ္ေပ်ာ္သြားတယ္

ျပတင္းေပါက္ဖြင့္ထားလို႔ ေလေအးေတြ တိုက္ခတ္လာတဲ့အခါမွ ခ်မ္းစိမ့္စိမ့္ျဖစ္လာလို႔ Taeyeon နိုးလာသည္

ျပတင္းေပါက္အျပင္ဘက္ကို ၾကည့္ေတာ့ လမင္းႀကီးက ထြန္းလင္းေနတာကို ေတြ႕ရသည္

Full moonဘဲ

"Taengooo ညစာရၿပီ မေအးခင္ ေအာက္ဆင္းလာခဲ့ေတာ့ "

အဘြားအသံေၾကာင့္ Taeyeon နာရီကို လွမ္းၾကည့္ေတာ့ ခုႏွစ္နာရီထိုးေနၿပီ

ျပတင္းေပါက္အျပင္ဘက္ကို လွမ္းၾကည့္ရင္း တစ္ခုခုမွားယြင္းေနသလို ခံစားေနရသည္

"Taengoo "

"လာၿပီ အဘြား "

Taeyeon ေအာက္ထပ္ကို ဆင္းလာၿပီး ထမင္းစားခန္းထဲ ဝင္လိုက္ေတာ့ သူ႕အဘြားအျပင္ သူ႕အေမအေဖအကိုနဲ႕ Hyoyeon ကို အတူတကြျမင္လိုက္ရလို႔ အံ့အားသင့္သြားတယ္ ဒါေပမယ့္ အဘိုးျဖစ္သူကိုေတာ့ မေတြ႕ရေပ

"အဘြား...အဘိုးေရာ "

"ၿခံထဲမွာထင္တယ္ သြားေခၚလိုက္အုံး "

Taeyeonလည္း ခံစားခ်က္မ်ိဳးစုံနဲ႕ ၿခံထဲကို ဆင္းလာသည္

"အဘိုး "

"aww...Taengoo သမီးေလး...."

"လမင္းႀကီးကိုၾကည့္ေနတာလား "

"ဟုတ္တယ္ လျပည့္ေန႕နဲ႕ ပတ္သက္ၿပီး ဇာတ္လမ္းတစ္ပုဒ္ကို ၾကားဖူးလား "

အဘိုးျဖစ္သူ စကားေၾကာင့္ Taeyeon ေအးခဲသြားတယ္

"Aigoo မသိေသးဘူးဘဲ အဘိုးေျပာျပမယ္ တစ္ရံေရာအခါကေပါ့ကြယ္ ေတာအုပ္ထဲက ေရကန္ေဘးနားမွာ ထိုင္ရတာ သေဘာက်တဲ့ ေကာင္မေလးတစ္ေယာက္ ရွိသတဲ့ သူက ပထမအႀကိမ္ လျပည့္ေန႕နဲ႕တတိယအႀကိမ္ လျပည့္ဖို႔ကို ေစာင့္ေနသတဲ့...တိုက္ဆိုင္လိုက္တာ ဒီေန႕က တတိယအႀကိမ္ လျပည့္ေန႕ေလးဘဲ "

အဘိုးျဖစ္သူက ေက်ာက္႐ုပ္ျဖစ္ေနတဲ့ Taeyeonကို စကားဆက္ေျပာေလသည္

"လွပတဲ့ေကာင္မေလးက သူလိုခ်င္တာကို ရေအာင္ယူၿပီး တစ္ဘဝလုံး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ေနသြားသတဲ့ကြယ္ "

တစ္ဘဝလုံး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ေနသြားသတဲ့.....

ဘယ္ကမွန္းမသိတဲ့ တြန္းအားေတြေၾကာင့္ Taeyeon ႐ုတ္တရက္ ေတာအုပ္ဘက္ကို ထြက္လာခဲ့သည္

ထူးဆန္းတာက အဘိုးျဖစ္သူကလည္း မတားဘဲ ၿပဳံးၿပီး ၾကည့္ေနေလရဲ႕

ငါ ဘာေတြျဖစ္ေနတာလဲ Stephanie ကလည္း ေလေျပေလညွင္းလို႔ ငါ့နားထဲ သူ႕အသံေတြဝင္လာေနတယ္

Irene....ငါ့သမီးေလး...

ေရကန္နားေရာက္လာေလ အလင္းတန္းမ်ားက ေပၚလာၿပီး Taeyeonကို ဆြဲေဆာင္ေလ ျဖစ္ေနသည္

ဒါေၾကာင့္မို႔လို႔ Taeyeon ခပ္သြက္သြက္ေလး ေလွ်ာက္သြားလိုက္သည္

ေရကန္ဘက္ကိုလည္း ေရာက္ေရာ Taeyeon ႏွလုံးခုန္သံေတြျမန္လာသည္

ေရကန္ထဲမွာ Stephanie နဲ႕ ကေလးမေလး ၾကည့္ရတာ Ireneနဲ႕တူပါတယ္ သူတို႔ႏွစ္ေယာက္က လက္ဆန့္တန္းၿပီး ငါ့ကို ႀကိဳဆိုေနၾကတယ္

"ဒီကိုလာခဲ့ Taeyeon ငါ့ရဲ႕ Taeyeonေလး အခု ဒီကေန ထြက္သြားဖို႔ အခ်ိန္က်ၿပီ "

Stephanie ရဲ႕အသံၾကားေတာ့ Taeyeon ႐ုတ္တရက္ တက္ႂကြလာၿပီး စိတ္လႈပ္ရွားျခင္းမ်ားစြာျဖင့္ ေရကန္ထဲ ဆင္းသြားတယ္

Stephanie ကလည္း ၿပဳံး Taeyeonကလည္း ၿပဳံး

မိသားစုသုံးေယာက္ ေရကန္ထဲ တစ္ေယာက္ကို တစ္ေယာက္ တင္းတင္းၾကပ္ၾကပ္ဖက္ထားေနၾကသည္

"ငါတို႔ကို ထပ္ၿပီး ထားမသြားနဲ႕ေတာ့ ေနာ္ ..ခ်စ္တယ္ Taeyeon "

"ငါလည္း ခ်စ္တယ္ ဘယ္ေတာ့မွထားမသြားေတာ့ဘူး "

အဘိုးေျပာတာ မွန္တာဘဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ေနထိုင္ေနၿပီ ေနထိုင္သြားၿပီေလ .....

ပုံျပင္ေတြက တစ္ခါတစ္ေလ တကယ္ျဖစ္တတ္တာဘဲ ျဖစ္ေနတာဘဲတဲ့....

#The End

Bạn đang đọc truyện trên: Truyen3h.Co