Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 37

KimFany059

နောက်တစ်နေ့ မနက်ကိုရောက်တော့ ခံစားချက်တွေက ဘာမှ မရှိတော့သလို ပုံမှန်အတိုင်း ပြန်ဖြစ်နေသလို Taeyeon ခံစားရသည်

တစ်ခြားနတ်ဘုရားမတွေနဲ့ စကားပြောနေတဲ့ Stephanie ကို ကြည့်ရင်း Taeyeon ပြုံးနေမိတယ်

အဲ့ဒီမျက်လုံး အဲ့ဒီနှုတ်ခမ်း အဲ့ဒီအပြုံးနဲ့ ဆံကေသာလေးတွေကအစ ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ် အစရှိတဲ့ Stephanie ရဲ့ အရာအားလုံးကို Taeyeon သဘောကျလွန်းသည်

Stephanieကို ကြည့်လေ ကြည့်လေ နှလုံးခုန်နှုန်းမြန်လာလေ ဖြစ်နေတယ်

နတ်ဘုရားရဲ့အစွမ်းကြောင့်လား သက်ရောက်မှုလား ဒါမှမဟုတ် သူ့ကို Taeyeon အရမ်းစွဲလမ်းနေမိပြီလား

"Taeyeon.... "

Stephanie ရဲ့ အသံကြောင့် Taeyeon သတိပြန်ဝင်လာတယ်

Stephanieက အတွေးလွန်နေတဲ့ Taeyeon ကို စိုးရိမ်နေတဲ့မျက်လုံးတွေနဲ့ ကြည့်နေသည်

"အဆင်ပြေရဲ့လား တို့ မင်းကို ခေါ်နေတာ ကြာရောပေါ့ နေမကောင်းဘူးလား အိမ်ပြန်ချင်လား "

"အာ ဘာမှမဖြစ်ဘူးရယ် ရတယ် "

Taeyeonက ပြောပြီး Stephanieရဲ့ လက်ကို ကိုင်လိုက်သည်

Stephanieကလည်း ပြုံးပြီး Taeyeonရဲ့လက်ကို ပြန်ဆုပ်ကိုင်လိုက်သည်

ပြီးတော့ Taeyeonကိုခေါ်ပြီး နတ်ဘုရားတွေ ကြားထဲသို့ သွားလေသည်

Taeyeonမှာ သူနဲ့Stephanieရဲ့လက်ကလေးတွဲထားတာကိုကြည့်ပြီး  အရူးတစ်ယောက်လို အရမ်းသဘောကျနေလေရဲ့

ဘေးနားမှာ နတ်ဘုရားမတွေအများကြီး ရှိနေတာတောင် Taeyeonရဲ့ မျက်ဝန်းထဲ မျက်လုံးထဲ Stephanie ကိုသာ မြင်နေမိသည်

ငါ ခဏတာ ရူးသွားမိတယ်ထင်ပါရဲ့ ဒီနေရာက ငါ့အိမ်ကို ဘာလို့ လူ့ကမ္ဘာဆီပြန်သွားချင်နေရတာလဲ အိမ်ပြန်ဖို့ မတွေးသင့်တော့ဘူး Stephanie ရှိရာ အရပ်က ငါ့အိမ် ငါ့ကမ္ဘာဘဲ

Stephanieကို Suprise လုပ်ဖို့ စီစဥ်ထားတာလေး ရှိတယ်

"Stephanie.... "

Taeyeonကခေါ်တော့ Ireneကို ပွေ့ချီထားတဲ့ Stephanieက လှည့်ကြည့်တယ်

"ပြောလေ Taeyeon "

Stephanieက ကလေးကို ပုခက်ထဲထည့်လိုက်ပြီး Taeyeonဆီ လျှောက်လာတယ်

"မနက်ဖြန်ညကျရင် နင်နဲ့ အပြင်မှာ Dinner date လုပ်ချင်လို့ ဒီနန်းတော် အပြင်ဘက်လေ "

Taeyeonရဲ့ စကားကြောင့် Stephanie အံ့သြပြီး ကျောက်ရုပ်လိုဖြစ်သွားတယ်

"တ...တကယ်လား "

Stephanie ရဲ့မျက်ဝန်းတွေထဲ ပျော်ရွှင်မှုတွေကို Taeyeon မြင်နေရတယ်

ဒီနေ့ မနက်ကတည်းက Taeyeon တစ်ယောက် တစ်ခြားနတ်ဘုရားမတွေကို Stephanie နဲ့အတူ Romantic dinner dateလုပ်ဖို့အတွက် ကူညီပေးဖို့ အကူအညီတောင် တောင်းခဲ့သေးသည်

Stephanie မသိဘဲ အားလုံးပြင်ဆင်ပြီးပြီလေ

"မင်း တကယ်ဘဲ တို့ကို ဒိတ်လုပ်ဖို့ မေးနေတာလား "

Stephanie က အခုထိ မယုံနိုင်သေးဘဲ ဖြစ်နေတယ်

"ဘာလို့လဲ သဘောမကျလို့လား "

"အာ မဟုတ်ပါဘူး ဒါက မင်း တို့ကို ဒိတ်လုပ်ဖို့ ပထမဆုံးအကြိမ် မေးတာလေ မဟုတ်လား "

Stephanie ရဲ့ အသံက တုန်ရီနေသည်

ထို့နောက် ဝမ်းသာပြီး Taeyeonကို ဆွဲဖက်လေသည်

"ဒီတော့ နတ်ဘုရားရဲ့ spellတွေက နင့်တစ်ကိုယ်လုံးကို လွှမ်းမိုးချုပ်ကိုင်သွားပြီဘဲ Taeyeon ....နင် သူ့ကိုကြည့်တဲ့အကြည့်တွေကနေ တစ်ဆင့် ငါခံစားမိတယ် "

Sicaက Stephanie မရှိချိန်တိုင်း Taeyeonဆီ ခဏခဏရောက်လာသည်

"Taeyeon ဒီနေ့က နောက်ဆုံးနေ့နော် နင့်ကို ဒီနေ့ထိဘဲ နင့်ကမ္ဘာကိုရောက်အောင် ငါပြန်ပို့ပေးနိုင်တာ Taeyeon ဒီကနေ ထွက်ပြီး သာမန်ကမ္ဘာ သာမန်ဘဝထဲမှာ နေလိုက်စမ်းပါဟာ "

ဒီတစ်ခါတော့ Sicaရဲ့ စကားတွေက Taeyeonရဲ့ နားထဲ ဝင်လာသည်

Taeyeonရဲ့ စိတ်ထဲမှာလည်း ကလေးနဲ့မိန်းမကို ထားပြီး ပြန်သင့်မပြန်သင့် တိုက်ပွဲပြင်းထန် လွန်ဆွဲနေသည်

"Taeyeon အခုက Right timeဘဲနော် "

"Sica... Ireneကိုရော ခေါ်သွားလို့ရလား "

"Taeyeon... နတ်ဘုရားသွေးရောထားတဲ့သူကို ဘာလို့ခေါ်ချင်ရတာလဲ နင့်အတွက် ကျိန်စာတစ်ခုနော် မလုပ်စမ်းနဲ့ မရဘူး "

Taeyeon သက်ပြင်းချပြီး သူ့သမီးကို ကြည့်လိုက်သည်

တစ်ခါတစ်လေကျတော့လည်း Ireneက သူ့သမီးဆိုတာကို Taeyeon မယုံနိုင်ဖြစ်မိသေးတယ်

နတ်ဘုရားနဲ့ ဘယ်လိုကိုယ်ဝန်ရပြီး ဘယ်လို ကလေးမွေးစေလည်းဆိုတာ Taeyeon စဥ်းစားမရသလို ဘယ်မှာမှလဲ ရှာလို့မရဖြစ်နေတယ်

ဒါပေမယ့်လည်း Ireneက သူ့သွေးတစ်ဝက်ပါနေလို့ Taeyeon ပျော်ပါသေးသည် နတ်ဘုရားတစ်ဝက် လူတစ်ဝက်ဖြစ်တဲ့ သမီးလေးကို ထားခဲ့ဖို့ ထိုက်တန်ပါ့မလား

"နင် ဘာတွေတွေးနေလဲ ငါသိတယ် Taeyeon လျှောက်တွေးမနေဘဲ နင့်သမီးလေးကိုထားခဲ့ဖို့ ပြင်ဆင်တော့ Taeyeon "

Sicaရဲ့စကားကြောင့် သူ့ကိုပြုံးပြနေတဲ့ Ireneပေါက်စလေးကို ကြည့်ပြီး Taeyeon ငိုမိသွားတယ်

"အယ် နင်ဘာလို့ ငိုနေတာလဲ Taeyeon "

"နင့်ပါးစပ်ကို ပိတ်ထား Sica "

"ဘာလို့ ငါ့ကို လာအော်နေတာလဲ ကောင်းပြီ ငါအပြင်မှာ စောင့်နေမယ် "

Sicaကပြောပြီး ထွက်သွားတော့ သူ့သမီးလေးကို ဖက်ပြီး Taeyeon ငိုလေသည်

"Good bye ငါ့သမီးလေး....ထားသွားခဲ့ပေမယ့် ငါကလေ သမီးကို အရမ်းချစ်တာ သိတယ်မလား "

**

Romantic ဆန်စေဖို့ စီစဥ်ထားခဲ့တဲ့ Dinner က အခုတော့ တစ်ခြားရည်ရွယ်ချက်အတွက် ဖြစ်သွားခဲ့လို့ Taeyeon မလုံမလဲ ဖြစ်နေသည်

စားသောက်စရာတွေထဲ အိပ်ဆေးခပ်ထားမှန်း မသိတဲ့ Stephanie ကတော့ ပျော်ပျော်ကြီး သုံးဆောင်စားသောက်နေလေရဲ့

Stephanie ကို ကြည့်ပြီး Taeyeon မငိုမိအောင် ထိန်းထားရတယ်

"တို့ ဒီနေ့ အရမ်းပျော်တာဘဲ သိလား..... "

"အာ အင်း ဟုတ် "

"ကျေးဇူးတင်ပါတယ် ချစ်တယ်နော် Taeyeon "

"ငါလည်း Stephanie ကို ချစ်တယ် "

Taeyeonက ပြောပြီး ဝိုင်တစ်ခွက်မော့ချလိုက်သည်

အိပ်ဆေးအရှိန်ကြောင့် အိပ်ပျော်သွားတဲ့ Stephanieကို ကြည့်ပြီး Taeyeon ငိုချလိုက်သည်

"Taeyeon အချိန်မရှိဘူး အမြန်လာ "

"Good bye Stephanie.... "

#tbc

ဒီတစ်ခေါက်ရော Taeyeon လွတ်မြောက်နိုင်ပါ့မလား

#zawgyi

ေနာက္တစ္ေန႕ မနက္ကိုေရာက္ေတာ့ ခံစားခ်က္ေတြက ဘာမွ မရွိေတာ့သလို ပုံမွန္အတိုင္း ျပန္ျဖစ္ေနသလို Taeyeon ခံစားရသည္

တစ္ျခားနတ္ဘုရားမေတြနဲ႕ စကားေျပာေနတဲ့ Stephanie ကို ၾကည့္ရင္း Taeyeon ၿပဳံးေနမိတယ္

အဲ့ဒီမ်က္လုံး အဲ့ဒီႏႈတ္ခမ္း အဲ့ဒီအၿပဳံးနဲ႕ ဆံေကသာေလးေတြကအစ ဆြဲေဆာင္မႈရွိတဲ့ခႏၶာကိုယ္ အစရွိတဲ့ Stephanie ရဲ႕ အရာအားလုံးကို Taeyeon သေဘာက်လြန္းသည္

Stephanieကို ၾကည့္ေလ ၾကည့္ေလ ႏွလုံးခုန္ႏႈန္းျမန္လာေလ ျဖစ္ေနတယ္

နတ္ဘုရားရဲ႕အစြမ္းေၾကာင့္လား သက္ေရာက္မႈလား ဒါမွမဟုတ္ သူ႕ကို Taeyeon အရမ္းစြဲလမ္းေနမိၿပီလား

"Taeyeon.... "

Stephanie ရဲ႕ အသံေၾကာင့္ Taeyeon သတိျပန္ဝင္လာတယ္

Stephanieက အေတြးလြန္ေနတဲ့ Taeyeon ကို စိုးရိမ္ေနတဲ့မ်က္လုံးေတြနဲ႕ ၾကည့္ေနသည္

"အဆင္ေျပရဲ႕လား တို႔ မင္းကို ေခၚေနတာ ၾကာေရာေပါ့ ေနမေကာင္းဘူးလား အိမ္ျပန္ခ်င္လား "

"အာ ဘာမွမျဖစ္ဘူးရယ္ ရတယ္ "

Taeyeonက ေျပာၿပီး Stephanieရဲ႕ လက္ကို ကိုင္လိုက္သည္

Stephanieကလည္း ၿပဳံးၿပီး Taeyeonရဲ႕လက္ကို ျပန္ဆုပ္ကိုင္လိုက္သည္

ၿပီးေတာ့ Taeyeonကိုေခၚၿပီး နတ္ဘုရားေတြ ၾကားထဲသို႔ သြားေလသည္

Taeyeonမွာ သူနဲ႕Stephanieရဲ႕လက္ကေလးတြဲထားတာကိုၾကည့္ၿပီး  အ႐ူးတစ္ေယာက္လို အရမ္းသေဘာက်ေနေလရဲ႕

ေဘးနားမွာ နတ္ဘုရားမေတြအမ်ားႀကီး ရွိေနတာေတာင္ Taeyeonရဲ႕ မ်က္ဝန္းထဲ မ်က္လုံးထဲ Stephanie ကိုသာ ျမင္ေနမိသည္

ငါ ခဏတာ ႐ူးသြားမိတယ္ထင္ပါရဲ႕ ဒီေနရာက ငါ့အိမ္ကို ဘာလို႔ လူ႕ကမၻာဆီျပန္သြားခ်င္ေနရတာလဲ အိမ္ျပန္ဖို႔ မေတြးသင့္ေတာ့ဘူး Stephanie ရွိရာ အရပ္က ငါ့အိမ္ ငါ့ကမၻာဘဲ

Stephanieကို Suprise လုပ္ဖို႔ စီစဥ္ထားတာေလး ရွိတယ္

"Stephanie.... "

Taeyeonကေခၚေတာ့ Ireneကို ေပြ႕ခ်ီထားတဲ့ Stephanieက လွည့္ၾကည့္တယ္

"ေျပာေလ Taeyeon "

Stephanieက ကေလးကို ပုခက္ထဲထည့္လိုက္ၿပီး Taeyeonဆီ ေလွ်ာက္လာတယ္

"မနက္ျဖန္ညက်ရင္ နင္နဲ႕ အျပင္မွာ Dinner date လုပ္ခ်င္လို႔ ဒီနန္းေတာ္ အျပင္ဘက္ေလ "

Taeyeonရဲ႕ စကားေၾကာင့္ Stephanie အံ့ၾသၿပီး ေက်ာက္႐ုပ္လိုျဖစ္သြားတယ္

"တ...တကယ္လား "

Stephanie ရဲ႕မ်က္ဝန္းေတြထဲ ေပ်ာ္႐ႊင္မႈေတြကို Taeyeon ျမင္ေနရတယ္

ဒီေန႕ မနက္ကတည္းက Taeyeon တစ္ေယာက္ တစ္ျခားနတ္ဘုရားမေတြကို Stephanie နဲ႕အတူ Romantic dinner dateလုပ္ဖို႔အတြက္ ကူညီေပးဖို႔ အကူအညီေတာင္ ေတာင္းခဲ့ေသးသည္

Stephanie မသိဘဲ အားလုံးျပင္ဆင္ၿပီးၿပီေလ

"မင္း တကယ္ဘဲ တို႔ကို ဒိတ္လုပ္ဖို႔ ေမးေနတာလား "

Stephanie က အခုထိ မယုံနိုင္ေသးဘဲ ျဖစ္ေနတယ္

"ဘာလို႔လဲ သေဘာမက်လိဳ႕လား "

"အာ မဟုတ္ပါဘူး ဒါက မင္း တို႔ကို ဒိတ္လုပ္ဖို႔ ပထမဆုံးအႀကိမ္ ေမးတာေလ မဟုတ္လား "

Stephanie ရဲ႕ အသံက တုန္ရီေနသည္

ထို႔ေနာက္ ဝမ္းသာၿပီး Taeyeonကို ဆြဲဖက္ေလသည္

"ဒီေတာ့ နတ္ဘုရားရဲ႕ spellေတြက နင့္တစ္ကိုယ္လုံးကို လႊမ္းမိုးခ်ဳပ္ကိုင္သြားၿပီဘဲ Taeyeon ....နင္ သူ႕ကိုၾကည့္တဲ့အၾကည့္ေတြကေန တစ္ဆင့္ ငါခံစားမိတယ္ "

Sicaက Stephanie မရွိခ်ိန္တိုင္း Taeyeonဆီ ခဏခဏေရာက္လာသည္

"Taeyeon ဒီေန႕က ေနာက္ဆုံးေန႕ေနာ္ နင့္ကို ဒီေန႕ထိဘဲ နင့္ကမၻာကိုေရာက္ေအာင္ ငါျပန္ပို႔ေပးနိုင္တာ Taeyeon ဒီကေန ထြက္ၿပီး သာမန္ကမၻာ သာမန္ဘဝထဲမွာ ေနလိုက္စမ္းပါဟာ "

ဒီတစ္ခါေတာ့ Sicaရဲ႕ စကားေတြက Taeyeonရဲ႕ နားထဲ ဝင္လာသည္

Taeyeonရဲ႕ စိတ္ထဲမွာလည္း ကေလးနဲ႕မိန္းမကို ထားၿပီး ျပန္သင့္မျပန္သင့္ တိုက္ပြဲျပင္းထန္ လြန္ဆြဲေနသည္

"Taeyeon အခုက Right timeဘဲေနာ္ "

"Sica... Ireneကိုေရာ ေခၚသြားလို႔ရလား "

"Taeyeon... နတ္ဘုရားေသြးေရာထားတဲ့သူကို ဘာလို႔ေခၚခ်င္ရတာလဲ နင့္အတြက္ က်ိန္စာတစ္ခုေနာ္ မလုပ္စမ္းနဲ႕ မရဘူး "

Taeyeon သက္ျပင္းခ်ၿပီး သူ႕သမီးကို ၾကည့္လိုက္သည္

တစ္ခါတစ္ေလက်ေတာ့လည္း Ireneက သူ႕သမီးဆိုတာကို Taeyeon မယုံနိုင္ျဖစ္မိေသးတယ္

နတ္ဘုရားနဲ႕ ဘယ္လိုကိုယ္ဝန္ရၿပီး ဘယ္လို ကေလးေမြးေစလည္းဆိုတာ Taeyeon စဥ္းစားမရသလို ဘယ္မွာမွလဲ ရွာလို႔မရျဖစ္ေနတယ္

ဒါေပမယ့္လည္း Ireneက သူ႕ေသြးတစ္ဝက္ပါေနလို႔ Taeyeon ေပ်ာ္ပါေသးသည္ နတ္ဘုရားတစ္ဝက္ လူတစ္ဝက္ျဖစ္တဲ့ သမီးေလးကို ထားခဲ့ဖို႔ ထိုက္တန္ပါ့မလား

"နင္ ဘာေတြေတြးေနလဲ ငါသိတယ္ Taeyeon ေလွ်ာက္ေတြးမေနဘဲ နင့္သမီးေလးကိုထားခဲ့ဖို႔ ျပင္ဆင္ေတာ့ Taeyeon "

Sicaရဲ႕စကားေၾကာင့္ သူ႕ကိုၿပဳံးျပေနတဲ့ Ireneေပါက္စေလးကို ၾကည့္ၿပီး Taeyeon ငိုမိသြားတယ္

"အယ္ နင္ဘာလို႔ ငိုေနတာလဲ Taeyeon "

"နင့္ပါးစပ္ကို ပိတ္ထား Sica "

"ဘာလို႔ ငါ့ကို လာေအာ္ေနတာလဲ ေကာင္းၿပီ ငါအျပင္မွာ ေစာင့္ေနမယ္ "

Sicaကေျပာၿပီး ထြက္သြားေတာ့ သူ႕သမီးေလးကို ဖက္ၿပီး Taeyeon ငိုေလသည္

"Good bye ငါ့သမီးေလး....ထားသြားခဲ့ေပမယ့္ ငါကေလ သမီးကို အရမ္းခ်စ္တာ သိတယ္မလား "

**

Romantic ဆန္ေစဖို႔ စီစဥ္ထားခဲ့တဲ့ Dinner က အခုေတာ့ တစ္ျခားရည္႐ြယ္ခ်က္အတြက္ ျဖစ္သြားခဲ့လို႔ Taeyeon မလုံမလဲ ျဖစ္ေနသည္

စားေသာက္စရာေတြထဲ အိပ္ေဆးခပ္ထားမွန္း မသိတဲ့ Stephanie ကေတာ့ ေပ်ာ္ေပ်ာ္ႀကီး သုံးေဆာင္စားေသာက္ေနေလရဲ႕

Stephanie ကို ၾကည့္ၿပီး Taeyeon မငိုမိေအာင္ ထိန္းထားရတယ္

"တို႔ ဒီေန႕ အရမ္းေပ်ာ္တာဘဲ သိလား..... "

"အာ အင္း ဟုတ္ "

"ေက်းဇူးတင္ပါတယ္ ခ်စ္တယ္ေနာ္ Taeyeon "

"ငါလည္း Stephanie ကို ခ်စ္တယ္ "

Taeyeonက ေျပာၿပီး ဝိုင္တစ္ခြက္ေမာ့ခ်လိဳက္သည္

အိပ္ေဆးအရွိန္ေၾကာင့္ အိပ္ေပ်ာ္သြားတဲ့ Stephanieကို ၾကည့္ၿပီး Taeyeon ငိုခ်လိဳက္သည္

"Taeyeon အခ်ိန္မရွိဘူး အျမန္လာ "

"Good bye Stephanie.... "

#tbc

ဒီတစ္ေခါက္ေရာ Taeyeon လြတ္ေျမာက္နိုင္ပါ့မလား

Bạn đang đọc truyện trên: Truyen3h.Co