Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 1

KimFany059


ထူထပ်လှတဲ့ အစိမ်းရောင် သစ်ပင်တွေကို ကြည့်ရင်း သူမ ငယ်ငယ်က အတိုင်းဘဲလို့ တွေးနေမိသည်

ဒီမြို့ကို သူမ အလည်အပတ်အနေဖြင့် မရောက်ခဲ့တာ တစ်နှစ်ကျော်လောက် ကြာရောပေါ့

သူမရဲ့ အဘိုးအဘွားရှိတဲ့ မြို့လေးကို အခုလာလည်တာ နောက်ဆုံးအကြိမ်ပင်ဖြစ်ပါလိမ့်မည် ဘာလို့ဆို မကြာခင် သူမက ကောလိပ်တက်ရတော့မယ်လေ

ကောလိပ်တက်ပြီး အလုပ်ရှုပ်မည်ဆိုတော့ ဒီမြို့လေးကို တစ်နှစ် နှစ်နှစ်လောက်ထိ ပြန်လာဖြစ်မည် မဟုတ်ပေ

"Taeyeon...ငါတို့ Taeyeonလေး ရောက်လာပြီ အဘွားကြီးရေ "

အိုဟောင်းနေတဲ့ အိမ်ရှေ့ကို Taeyeon ရောက်လာသည်နဲ့ တစ်ပြိုင်နက် အဘိုးအိုတစ်ယောက်ရဲ့ အသံကို ကြားရသည်

"အဘွား "

Taeyeonမှာ လက်ထဲက အထုပ်အပိုးတွေ ချပြီး သူ့အဘွားကို ပြေးဖက်လိုက်သည်

"Aigoo ကလေးပေါက်စတောင် အတော်ထွားလာရောပေါ့ "

အဘွားဖြစ်သူမှာ Taeyeonရဲ့ ပါးနှစ်ဖက်ကိုဆွဲညှစ်ကာ ပြောလိုက်သည်

"သမီးရဲ့ အဘွားတော့ မျက်လုံးမကောင်းတော့ဘူး ထင်ပါရဲ့ မြို့ပြကြီးထဲက မျက်စိဆရာဝန်ဆီ သွားပြမှ ဖြစ်တော့မယ် "

အဘိုးဖြစ်သူမှာ သူ့မြေးမလေးကို စနောက်ပြီး အနားကပ်ကာ လာဖက်လေသည်

"အဘိုးနော် "

Taeyeonမှာ အဘိုးကို ရန်လုပ်ပြီး ပြန်ဖက်လိုက်သည်

"တကယ်ပြောတာ Taeyeonရ သမီး ပါးဖောင်းဖောင်းလေးတွေသာ ပျောက်သွားတယ် အရပ်ကရှည်မလာဘူး "

အဘိုးမှာ Taeyeonကို ထပ်ပြီး စနောက်ပြန်သည်

နောက်ဆုံးတော့ Taeyeonမှာ သူမကို အော်ဟစ်ဆူပူမယ့်သူမရှိတဲ့ ဆူညံတဲ့ သူမသူငယ်ချင်းတွေ မရှိတဲ့ ကားမီးခိုးငွေ့တွေ စက်ရုံမီးခိုးငွေ့တွေ ရှူစရာမလိုတဲ့ အေးချမ်းသော မြို့ငယ်လေးကို ရောက်ရှိလို့လာပါပြီ

သူမ ငယ်ငယ်က အဘိုးလုပ်ပေးထားတဲ့ အခန်းထဲရောက်တော့ Taeyeon သူ့အထုပ်အပိုးတွေ နေရာချလိုက်သည်

ငယ်ငယ်က အဘိုးတို့ဆီကို အလည်လာတိုင်း ဒီအခန်းထဲ နေ့လည်နေ့ခင်း ပုံဆွဲပြီး တစ်ရေးတစ်မော အိပ်ခဲ့တာကို Taeyeon မှတ်မိသေးသည်

နေချင်စရာကောင်းတဲ့ မြို့ငယ်လေးဘဲ ဒါပေမယ့် ငါ့မှာ ဘဝတစ်ခုရှိပြီး တာဝန်ဝတ္တရားတွေက တစ်ဖက်မှာ စောင့်နေသေးတော့ ခက်ချေပြီ

"Taeyeon မုန့်တွေအဆင်သင့်ဖြစ်ပြီ အောက်ဆင်းခဲ့တော့ "

"ဟုတ် အဘွား "

Taeyeon အောက်ထပ်ကနေ သူမကို လှမ်းခေါ်တဲ့ အဘွားကို ပြန်ပြောလိုက်သည်

ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ လဲပြီးနောက် သူမအဘွားရဲ့လက်ရာဖြစ်တဲ့ မုန့်တွေကို စားဖို့ Taeyeon စိတ်လှုပ်ရှားစွာ ဆင်းလာသည်

ခြံထဲက ကွပ်ပျစ်ပေါ်တွင် ​မြေးအဘိုးနှစ်ယောက် အဘွားလုပ်ပေးထားတဲ့ ချောကလက်ဖျော်ရည်သောက်နေကြသည်

"သုံးကြိမ်မြောက် လပြည့်ခြင်းနဲ့ ပတ်သက်ပြီး အဘိုးတို့ဆီက ပုံပြင်ဟောင်းတစ်ပုဒ်ကို သိလား Taeyeon "

"မသိဘူး အဘိုး အခုမှ ကြားဖူးတာ "

"ဒါဆို ငါ့မြေးကို အဘိုးပြောပြရမှာပေါ့ ဒီလို ညတိုင်း အဘိုးတို့မြို့က ရေကန်ဘေးနားမှာ နေရတာကို သဘောကျတဲ့ ကောင်မလေးတစ်ယောက်ရှိတယ် သူက ပထမတစ်ကြိမ်လပြည့်ပြီး သုံးကြိမ်မြောက်ထိ အဲ့ရေကန်ဘေးနားမှာ စောင့်လေ့ရှိတယ်တဲ့ "

"သူက ဘာကိုစောင့်နေတာလည်း အဘိုး...ဆုတောင်းပြည့်ဖို့ ဘာညာလား "

"အင်း အဲ့လိုဘဲပြောရတာပေါ့ "

"အဲ့ လ သုံးကြိမ်ပြည့်မယ့်အချိန် စောင့်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့ အဲ့ဒီတော့ အဲ့ကောင်မလေးက ဆုတောင်းပြည့်ချင်လို့ စောင့်နေတာဖြစ်နိုင်သလို နောက်ထပ် လူတွေပြောနေကြတာတော့ လပြည့်ည အပြင်ထွက်ရင် အန္တရာယ် အရမ်းများတယ်တဲ့"

"အဲ့တာဆို အဘိုးပြောတဲ့ အဲ့ကောင်မလေးကရော ဘာဆက်ဖြစ်သွားလည်း "

"ပုံပြင်ထဲက ကောင်မလေးကတော့ သူလိုချင်တာ ရသွားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားတယ်ဆိုဘဲ "

"ပုံပြင်ကကောင်းပေမယ့် ဒီလိုဘဲ ထုံးစံအတိုင်း ရိုးရိုးရှင်းရှင်း ဇာတ်သိမ်းသွားတာဘဲနော် "

Taeyeon ပြောပြီး ကွတ်ကီးတစ်ခုကို ယူစားလိုက်သည်

"ကျွတ်ကျွတ်ကျွတ် အဘိုးကြီးကတော့ သမီးကြိုက်မယ် ထင်ပြီး ဘယ်ကပုံပြင်တွေ ယူလာပြောနေတယ်မသိဘူး"

အဘွားမှာ ကွပ်ပျစ်ပေါ်က သူမတို့ စကားဝိုင်းကို ဝင်ရောက်လာသည်

မြေးအဘိုးသုံးယောက်မှာ သစ်ပင်ကြီးအောက် ပုံပြင်တွေလျှောက်ပြောပြီး စားသောက်ရင်း ရယ်မောနေကြသည်

အဘိုးတို့နဲ့ စကားပြောပြီးနောက်မှာတော့ Taeyeonတစ်ယောက် နေမဝင်ခင် သူမတို့ မြို့လေးက တောအုပ်ထဲ သွားလည်ဖို့ တွေးလိုက်သည်

ပြီးတော့ ရုတ်တရက် သူမအဘိုးပြောတဲ့ စကားကိုလည်း Taeyeon သတိရသွားတယ်

"ငါ့မြေးရေ ရေကန်ဘက်မသွားနဲ့နော် ကောင်မလေးချောချောလေးကို တွေ့နေရမယ်"

Taeyeonမှာ သူမအဘိုးက သူမကို ခြောက်လှန့်ပြီးပြောတယ်ထင်လို့ ရယ်လိုက်မိရင်း တောအုပ်ထဲ ဝင်သွားသည်

ပုံပြင်ထဲက ကောင်မလေးက သရဲလား မကောင်းဆိုးဝါးမို့လို့ ကြောက်ရမှာလားလို့ Taeyeon တွေးရင်း တောအုပ်ထဲက ရေကန်ဘက်သို့ ရောက်လာသည်

ခပ်ဝေးဝေးကနေ ကြည့်ရင်း ရေကန်ဘေးတွင် ကောင်မလေးတစ်ယောက် ထိုင်နေတာကို Taeyeon တွေ့လိုက်သည်

Taeyeonမှာ စိတ်ဝင်စားလို့ သစ်ပင်အကွယ်ကို နေရာယူပြီး ကောင်မလေး ဘယ်သူလည်းဆိုတာ ချောင်းကြည့်နေသည်

သို့သော်လည်း မျက်နှာကို မမြင်ရဘဲ နောက်ကျောလေးကိုသာ တွေ့ရသည်

ဒီကောင်မလေးက ပုံပြင်ထဲက ကောင်မလေးများ ဖြစ်နေမလား

Taeyeonမှာ သစ်ပင်အကွယ်ကနေသာ ချောင်းကြည့်နေမိသည် ကောင်မလေးက တစ်ယောက်တည်းများ နေချင်မလားဆိုတဲ့ စိတ်နဲ့ အနားကပ်ဖို့တောင် မစဥ်းစားမိပေ

ကောင်းကင်ကို မော့ကြည့်တော့ မှောင်မဲလာသည့်အပြင် လပြည့်လေးက ထွက်ပေါ်လာတာကို တွေ့ရသည်

ကောင်းပြီ လပြည့်နေ့မှာ ကောင်မလေးတစ်ယောက်က ရေကန်ဘေးနား ထိုင်နေတယ်.... ဒါက တိုက်ဆိုင်မှုတစ်ခုဘဲဲ ဖြစ်မှာပါလေ

Taeyeno ကြည့်နေရင်း ကောင်မလေးက ထရပ်ပြီး သူမအဝတ်အစားတွေကို ချွတ်ချနေတာကို တွေ့လိုက်ရသည်

"ဘုရားရေ သူက ဘာလို့ ရုတ်တရက် အဝတ်အစားချွတ်ရတာလည်း ဒီတောထဲ တစ်ခြားသူတွေ ရှိနေရင် ဘယ်လိုလုပ်မလည်း "

Taeyeon တိုးတိုးလေး ပြောရင်း ဘေးပတ်ဝန်းကျင်ကို လူရှိမရှိ ကြည့်မိသည်

ဘယ်သူမှ မရှိတာ တော်သေးသည် Taeyeonမှာ ရေကန်ထဲ ဆင်းကာ ရေဆော့နေတဲ့ ကောင်မလေးကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေမိသည်

"မဖြစ်သေးပါဘူး နောက်ကျနေပြီ ပြန်မှဖြစ်မယ် အဘွား စိတ်ပူနေရောပေါ့ "

Taeyeon အိမ်ပြန်ဖို့ကို သတိရပြီး အနောက်ပြန်လှည့်ကာ ခြေသံလုံလုံဖြင့် လမ်းလျှောက်လေသည်

တော်ကြာ ကောင်မလေး က သူရှိနေမှန်းသိသွားရင် သူ့ကို နှာဘူးထင်နေမှာလေ

Taeyeon တွေးမိပြီး နောက်ကိုတစ်ချက် ပြန်လှည့်ကြည့်တော့ ကောင်မလေးမှာ မရှိတော့ပေ

Taeyeonမှာ လန့်ပြီး တောအုပ်ထဲကနေ အမြန်ပြေးထွက်လာသည်

#tbc

#zawgyi

ထူထပ္လွတဲ့ အစိမ္းေရာင္ သစ္ပင္ေတြကို ၾကည့္ရင္း သူမ ငယ္ငယ္က အတိုင္းဘဲလို႔ ေတြးေနမိသည္

ဒီၿမိဳ႕ကို သူမ အလည္အပတ္အေနျဖင့္ မေရာက္ခဲ့တာ တစ္ႏွစ္ေက်ာ္ေလာက္ ၾကာေရာေပါ့

သူမရဲ႕ အဘိုးအဘြားရွိတဲ့ ၿမိဳ႕ေလးကို အခုလာလည္တာ ေနာက္ဆုံးအႀကိမ္ပင္ျဖစ္ပါလိမ့္မည္ ဘာလို႔ဆို မၾကာခင္ သူမက ေကာလိပ္တက္ရေတာ့မယ္ေလ

ေကာလိပ္တက္ၿပီး အလုပ္ရႈပ္မည္ဆိုေတာ့ ဒီၿမိဳ႕ေလးကို တစ္ႏွစ္ ႏွစ္ႏွစ္ေလာက္ထိ ျပန္လာျဖစ္မည္ မဟုတ္ေပ

"Taeyeon...ငါတို႔ Taeyeonေလး ေရာက္လာၿပီ အဘြားႀကီးေရ "

အိုေဟာင္းေနတဲ့ အိမ္ေရွ႕ကို Taeyeon ေရာက္လာသည္နဲ႕ တစ္ၿပိဳင္နက္ အဘိုးအိုတစ္ေယာက္ရဲ႕ အသံကို ၾကားရသည္

"အဘြား "

Taeyeonမွာ လက္ထဲက အထုပ္အပိုးေတြ ခ်ၿပီး သူ႕အဘြားကို ေျပးဖက္လိုက္သည္

"Aigoo ကေလးေပါက္စေတာင္ အေတာ္ထြားလာေရာေပါ့ "

အဘြားျဖစ္သူမွာ Taeyeonရဲ႕ ပါးႏွစ္ဖက္ကိုဆြဲညွစ္ကာ ေျပာလိုက္သည္

"သမီးရဲ႕ အဘြားေတာ့ မ်က္လုံးမေကာင္းေတာ့ဘူး ထင္ပါရဲ႕ ၿမိဳ႕ျပႀကီးထဲက မ်က္စိဆရာဝန္ဆီ သြားျပမွ ျဖစ္ေတာ့မယ္ "

အဘိုးျဖစ္သူမွာ သူ႕ေျမးမေလးကို စေနာက္ၿပီး အနားကပ္ကာ လာဖက္ေလသည္

"အဘိုးေနာ္ "

Taeyeonမွာ အဘိုးကို ရန္လုပ္ၿပီး ျပန္ဖက္လိုက္သည္

"တကယ္ေျပာတာ Taeyeonရ သမီး ပါးေဖာင္းေဖာင္းေလးေတြသာ ေပ်ာက္သြားတယ္ အရပ္ကရွည္မလာဘူး "

အဘိုးမွာ Taeyeonကို ထပ္ၿပီး စေနာက္ျပန္သည္

ေနာက္ဆုံးေတာ့ Taeyeonမွာ သူမကို ေအာ္ဟစ္ဆူပူမယ့္သူမရွိတဲ့ ဆူညံတဲ့ သူမသူငယ္ခ်င္းေတြ မရွိတဲ့ ကားမီးခိုးေငြ႕ေတြ စက္႐ုံမီးခိုးေငြ႕ေတြ ရႉစရာမလိုတဲ့ ေအးခ်မ္းေသာ ၿမိဳ႕ငယ္ေလးကို ေရာက္ရွိလို႔လာပါၿပီ

သူမ ငယ္ငယ္က အဘိုးလုပ္ေပးထားတဲ့ အခန္းထဲေရာက္ေတာ့ Taeyeon သူ႕အထုပ္အပိုးေတြ ေနရာခ်လိဳက္သည္

ငယ္ငယ္က အဘိုးတို႔ဆီကို အလည္လာတိုင္း ဒီအခန္းထဲ ေန႕လည္ေန႕ခင္း ပုံဆြဲၿပီး တစ္ေရးတစ္ေမာ အိပ္ခဲ့တာကို Taeyeon မွတ္မိေသးသည္

ေနခ်င္စရာေကာင္းတဲ့ ၿမိဳ႕ငယ္ေလးဘဲ ဒါေပမယ့္ ငါ့မွာ ဘဝတစ္ခုရွိၿပီး တာဝန္ဝတၱရားေတြက တစ္ဖက္မွာ ေစာင့္ေနေသးေတာ့ ခက္ေခ်ၿပီ

"Taeyeon မုန့္ေတြအဆင္သင့္ျဖစ္ၿပီ ေအာက္ဆင္းခဲ့ေတာ့ "

"ဟုတ္ အဘြား "

Taeyeon ေအာက္ထပ္ကေန သူမကို လွမ္းေခၚတဲ့ အဘြားကို ျပန္ေျပာလိုက္သည္

ေပါ့ေပါ့ပါးပါး အဝတ္အစားေတြ လဲၿပီးေနာက္ သူမအဘြားရဲ႕လက္ရာျဖစ္တဲ့ မုန့္ေတြကို စားဖို႔ Taeyeon စိတ္လႈပ္ရွားစြာ ဆင္းလာသည္

ၿခံထဲက ကြပ္ပ်စ္ေပၚတြင္ ေျမးအဘိုးႏွစ္ေယာက္ အဘြားလုပ္ေပးထားတဲ့ ေခ်ာကလက္ေဖ်ာ္ရည္ေသာက္ေနၾကသည္

"သုံးႀကိမ္ေျမာက္ လျပည့္ျခင္းနဲ႕ ပတ္သက္ၿပီး အဘိုးတို႔ဆီက ပုံျပင္ေဟာင္းတစ္ပုဒ္ကို သိလား Taeyeon "

"မသိဘူး အဘိုး အခုမွ ၾကားဖူးတာ "

"ဒါဆို ငါ့ေျမးကို အဘိုးေျပာျပရမွာေပါ့ ဒီလို ညတိုင္း အဘိုးတို႔ၿမိဳ႕က ေရကန္ေဘးနားမွာ ေနရတာကို သေဘာက်တဲ့ ေကာင္မေလးတစ္ေယာက္ရွိတယ္ သူက ပထမတစ္ႀကိမ္လျပည့္ၿပီး သုံးႀကိမ္ေျမာက္ထိ အဲ့ေရကန္ေဘးနားမွာ ေစာင့္ေလ့ရွိတယ္တဲ့ "

"သူက ဘာကိုေစာင့္ေနတာလည္း အဘိုး...ဆုေတာင္းျပည့္ဖို႔ ဘာညာလား "

"အင္း အဲ့လိုဘဲေျပာရတာေပါ့ "

"အဲ့ လ သုံးႀကိမ္ျပည့္မယ့္အခ်ိန္ ေစာင့္ၿပီး ဆုေတာင္းရင္ ဆုေတာင္းျပည့္တယ္တဲ့ အဲ့ဒီေတာ့ အဲ့ေကာင္မေလးက ဆုေတာင္းျပည့္ခ်င္လို႔ ေစာင့္ေနတာျဖစ္နိုင္သလို ေနာက္ထပ္ လူေတြေျပာေနၾကတာေတာ့ လျပည့္ည အျပင္ထြက္ရင္ အႏၱရာယ္ အရမ္းမ်ားတယ္တဲ့"

"အဲ့တာဆို အဘိုးေျပာတဲ့ အဲ့ေကာင္မေလးကေရာ ဘာဆက္ျဖစ္သြားလည္း "

"ပုံျပင္ထဲက ေကာင္မေလးကေတာ့ သူလိုခ်င္တာ ရသြားၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ေနထိုင္သြားတယ္ဆိုဘဲ "

"ပုံျပင္ကေကာင္းေပမယ့္ ဒီလိုဘဲ ထုံးစံအတိုင္း ရိုးရိုးရွင္းရွင္း ဇာတ္သိမ္းသြားတာဘဲေနာ္ "

Taeyeon ေျပာၿပီး ကြတ္ကီးတစ္ခုကို ယူစားလိုက္သည္

"ကြၽတ္ကြၽတ္ကြၽတ္ အဘိုးႀကီးကေတာ့ သမီးႀကိဳက္မယ္ ထင္ၿပီး ဘယ္ကပုံျပင္ေတြ ယူလာေျပာေနတယ္မသိဘူး"

အဘြားမွာ ကြပ္ပ်စ္ေပၚက သူမတို႔ စကားဝိုင္းကို ဝင္ေရာက္လာသည္

ေျမးအဘိုးသုံးေယာက္မွာ သစ္ပင္ႀကီးေအာက္ ပုံျပင္ေတြေလွ်ာက္ေျပာၿပီး စားေသာက္ရင္း ရယ္ေမာေနၾကသည္

အဘိုးတို႔နဲ႕ စကားေျပာၿပီးေနာက္မွာေတာ့ Taeyeonတစ္ေယာက္ ေနမဝင္ခင္ သူမတို႔ ၿမိဳ႕ေလးက ေတာအုပ္ထဲ သြားလည္ဖို႔ ေတြးလိုက္သည္

ၿပီးေတာ့ ႐ုတ္တရက္ သူမအဘိုးေျပာတဲ့ စကားကိုလည္း Taeyeon သတိရသြားတယ္

"ငါ့ေျမးေရ ေရကန္ဘက္မသြားနဲ႕ေနာ္ ေကာင္မေလးေခ်ာေခ်ာေလးကို ေတြ႕ေနရမယ္"

Taeyeonမွာ သူမအဘိုးက သူမကို ေျခာက္လွန့္ၿပီးေျပာတယ္ထင္လို႔ ရယ္လိုက္မိရင္း ေတာအုပ္ထဲ ဝင္သြားသည္

ပုံျပင္ထဲက ေကာင္မေလးက သရဲလား မေကာင္းဆိုးဝါးမို႔လို႔ ေၾကာက္ရမွာလားလို႔ Taeyeon ေတြးရင္း ေတာအုပ္ထဲက ေရကန္ဘက္သို႔ ေရာက္လာသည္

ခပ္ေဝးေဝးကေန ၾကည့္ရင္း ေရကန္ေဘးတြင္ ေကာင္မေလးတစ္ေယာက္ ထိုင္ေနတာကို Taeyeon ေတြ႕လိုက္သည္

Taeyeonမွာ စိတ္ဝင္စားလို႔ သစ္ပင္အကြယ္ကို ေနရာယူၿပီး ေကာင္မေလး ဘယ္သူလည္းဆိုတာ ေခ်ာင္းၾကည့္ေနသည္

သို႔ေသာ္လည္း မ်က္ႏွာကို မျမင္ရဘဲ ေနာက္ေက်ာေလးကိုသာ ေတြ႕ရသည္

ဒီေကာင္မေလးက ပုံျပင္ထဲက ေကာင္မေလးမ်ား ျဖစ္ေနမလား

Taeyeonမွာ သစ္ပင္အကြယ္ကေနသာ ေခ်ာင္းၾကည့္ေနမိသည္ ေကာင္မေလးက တစ္ေယာက္တည္းမ်ား ေနခ်င္မလားဆိုတဲ့ စိတ္နဲ႕ အနားကပ္ဖို႔ေတာင္ မစဥ္းစားမိေပ

ေကာင္းကင္ကို ေမာ့ၾကည့္ေတာ့ ေမွာင္မဲလာသည့္အျပင္ လျပည့္ေလးက ထြက္ေပၚလာတာကို ေတြ႕ရသည္

ေကာင္းၿပီ လျပည့္ေန႕မွာ ေကာင္မေလးတစ္ေယာက္က ေရကန္ေဘးနား ထိုင္ေနတယ္.... ဒါက တိုက္ဆိုင္မႈတစ္ခုဘဲဲ ျဖစ္မွာပါေလ

Taeyeno ၾကည့္ေနရင္း ေကာင္မေလးက ထရပ္ၿပီး သူမအဝတ္အစားေတြကို ခြၽတ္ခ်ေနတာကို ေတြ႕လိုက္ရသည္

"ဘုရားေရ သူက ဘာလို႔ ႐ုတ္တရက္ အဝတ္အစားခြၽတ္ရတာလည္း ဒီေတာထဲ တစ္ျခားသူေတြ ရွိေနရင္ ဘယ္လိုလုပ္မလည္း "

Taeyeon တိုးတိုးေလး ေျပာရင္း ေဘးပတ္ဝန္းက်င္ကို လူရွိမရွိ ၾကည့္မိသည္

ဘယ္သူမွ မရွိတာ ေတာ္ေသးသည္ Taeyeonမွာ ေရကန္ထဲ ဆင္းကာ ေရေဆာ့ေနတဲ့ ေကာင္မေလးကို မ်က္ေတာင္မခတ္ဘဲ ေငးၾကည့္ေနမိသည္

"မျဖစ္ေသးပါဘူး ေနာက္က်ေနၿပီ ျပန္မွျဖစ္မယ္ အဘြား စိတ္ပူေနေရာေပါ့ "

Taeyeon အိမ္ျပန္ဖို႔ကို သတိရၿပီး အေနာက္ျပန္လွည့္ကာ ေျခသံလုံလုံျဖင့္ လမ္းေလွ်ာက္ေလသည္

ေတာ္ၾကာ ေကာင္မေလး က သူရွိေနမွန္းသိသြားရင္ သူ႕ကို ႏွာဘူးထင္ေနမွာေလ

Taeyeon ေတြးမိၿပီး ေနာက္ကိုတစ္ခ်က္ ျပန္လွည့္ၾကည့္ေတာ့ ေကာင္မေလးမွာ မရွိေတာ့ေပ

Taeyeonမွာ လန့္ၿပီး ေတာအုပ္ထဲကေန အျမန္ေျပးထြက္လာသည္

Bạn đang đọc truyện trên: Truyen3h.Co