Part 2
#unicode
"Aigoo ငါ့မြေးလေး Taeyeon ဘယ်တွေများ သွားနေပါလိမ့်..သမီး ဗိုက်ဆာနေမှာ သိလို့ အဘွား ညစာပြင်ထားတယ် "
Taeyeon အိမ်ကိုပြန်ရောက်တော့ သူမ အဘွားမှာ အိမ်ရှေ့တွင် ထွက်ကြိုနေသည်
ညစာစားပြီးနောက်တွင် တောအုပ်ထဲမှာ တွေ့ခဲ့တဲ့ မိန်းကလေးက Taeyeonကို အခုထိ နှောင့်ယှက်နေတုန်းပင်....သူမအကြောင်းကိုဘဲ Taeyeon တွေးနေမိသည်
မဟုတ်သေးပါဘူး သူ့အကြောင်း တွေးနေလို့ မဖြစ်ပါဘူး
Taeyeonလည်း အာရုံလွှဲလိုက်တဲ့အနေနဲ့ သူမအဘိုးတို့နဲ့အတူ Radioက လွှင့်တဲ့ classic ဆန်ဆန် သီချင်းတွေကို လိုက်နားထောင်လိုက်သည်
"အဘိုး...နေ့လည်က အဘိုးပြောတဲ့အကြောင်းက တကယ်ရှိနေရင်ရော "
Taeyeon သိချင်စိတ်ကို ထိန်းမရလို့ မေးလိုက်သည် ဘာလို့လည်းဆို အဲ့ဒီမိန်းကလေးက Taeyeonရဲ့ စိတ်ကို စိုးမိုးနေလို့လေ
"ဘာလို့ မေးတာလည်း မြေးလေး အဲ့တာ ဒီအတိုင်း ပုံပြင်တစ်ပုဒ်ဘဲလေ "
အဘိုးက Taeyeonရဲ မေးခွန်းကို ပြန်ဖြေလိုက်သည်
"Taeyeonရေ အဲ့အဘိုးကြီးရဲ့ ပုံပြင်တွေ နားထောင်တာ လျော့ပါတော့ "
Taeyeonရဲ့အဘွားမှာ Taeyeonကို စနောက်လိုက်သည်
"အာ သမီးက ဒီအတိုင်း မေးကြည့်တာပါ အကယ်၍ အဘိုးပြောပြတဲ့ ပုံပြင်က တကယ်ဖြစ်နေ ရှိနေရင်ရော "
"ဘာလို့လည်း သမီးက အဲ့ဒီမိန်းကလေးကို တွေ့ခဲ့လို့လား "
"အာ မဟုတ်တာ အဘိုးရယ် မတွေ့ခဲ့ပါဘူး ဒီအတိုင်း ဒီနေ့ ရေကန်ဘက်က ဖြတ်သွားရင်း တွေးမိတာလေးပါ "
Taeyeon လိမ်ပြောလိုက်တယ်
"တကယ်လား "
"ဒါပေါ့ အဘိုးရ အဲ့မိန်းကလေးကို အပြင်မှာ တွေ့ကြည့်ပါလား သမီး ချက်ချင်းကို အော်ပြီး ပြေးလာမှာ "
Taeyeon ထပ်ပြီး လိမ်ပြောလိုက်ပြန်သည်
မိန်းကလေးကို တွေ့ခဲ့ပေမယ့် အင်းလေ ပုံပြင်က တကယ်ဖြစ်လာနိုင်စရာအကြောင်းမှ မရှိတာ ဟုတ်တယ်မလား ဒီအတိုင်း လပြည့်နေ့မှာ ကောင်မလေးတစ်ယောက်က လာထိုင်ရုံဖြစ်မှာပါ တိုက်ဆိုင်မှုတစ်ခုပေါ့လေ
"သြော် ဟုတ်ပါပြီ ဒါနဲ့ ငါ့မြေးကို သတိပေးရအုံးမယ် အဘိုးပြောသမျှ ပုံပြင်တွေကို မယုံနဲ့ နော် "
Taeyeonရဲ့ ဆံပင်တွေကို ဖွဖွလေး ပုတ်ပေးရင်း သူမအဘိုးမှာ ပြောလိုက်သည်
ဟုတ်မှာပါ ငါအရမ်း အတွေးလွန်နေတာ ဖြစ်မယ်
Taeyeonမှာ သူမအခန်းကို ပြန်လာပြီး ကုတင်ပေါ်တွင် လှဲအိပ်လိုက်သည်
Taeyeon မျက်လုံးမှိတ်မလို့ရှိသေး သူမအခန်း ပြတင်းပေါက်ဘက်ကနေ ထူးဆန်းတဲ့ အသံကြားလိုက်ရသည်
ပြတင်းပေါက်ဘက်က သွားစစ်ဆေးမယ့်အစား Taeyeon မျက်လုံးမှိတ်ပြီး သူမခေါင်းအုံးကို ခပ်တင်းတင်းဖက်ထားရင်း သရဲမဖြစ်ပါစေနဲ့ တောထဲက မကောင်းဆိုးဝါးတွေ မဖြစ်ကြဖို့ ဆုတောင်းနေမိသည်
Shit Shit
ပြတင်းပေါက်ကို ဖွင့်ထားခဲ့မိတဲ့ အတွက် Taeyeon နောင်တတောင် ရမိသည်
လေအေးအေးနဲ့ အိပ်ချင်မိတာ အခုတော့ ချီးတွေ ဖြစ်ကုန်ပြီ
ထပ်ပြီး အသံတွေ ကြားရတော့ Taeyeon မျက်လုံးတစ်ဖက်ကို ဖွင့်ပြီး ချောင်းကြည့်လိုက်မိသည်
ချောင်းသာကြည့်မိသည် ပုံပျက်ပန်းပျက် ပုံသဏ္ဏာန်တွေ မြင်ရမှာကိုလည်း Taeyeon ကြောက်မိသေးတယ်
Taeyeon ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့်လည်း ဆံပင်အနက်ရောင် ရှည်ရှည်ရယ် ဂါဝန်အဖြူ ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က သူမအခန်း ထောင့်တွင် ရပ်နေသည်
****
"Taeyeon Taeyeonရေ ထတော့ "
သူ့မြေးမလေး ကောင်းကောင်းမွန်မွန် အိပ်ပျော်နေလားဆိုပြီး အဘွားက လာကြည့်ပေမယ့် အိမ်မက်ဆိုးမက်ပြီး ချွေးစေးပြန်နေတဲ့ Taeyeonကို တွေ့လိုက်ရသည်
ဒါကြောင့်မို့လို့ အခန်းထဲဝင်လာပြီး Taeyeonကို နှိုးလိုက်သည်
Taeyeonမှာ ချွေးတွေကြားကနေ နိုးလာပြီး မျက်လုံးဖွင့်ကြည့်တော့ သူမအဘွားကို တွေ့တာနဲ့ ဖက်လိုက်မိသည် သူမ အရမ်းကြောက်နေတာလေ
"အိမ်မက်ဆိုးတွေ မက်နေတာလား မြေးလေး "
အဘွားမှာ Taeyeonရဲ့ ကျောကုန်းကို ပုတ်ပေးရင်း မေးလိုက်သည်
"ဟုတ်တယ် အဘွား သမီး အဘွားအခန်းမှာ အိပ်လို့ ရမလားဟင် "
"ရတာပေါ့ ကလေးရယ် လာ"
Taeyeonလည်း အဘွားနဲ့လိုက်အိပ်ဖို့ အခန်းထဲက ထွက်လာသည်
ကလေးဆန်တယ်ဆိုတာ သိပေမယ့် အိမ်မက်ဆိုးကနေ နိုးလာတော့ အဘွားတို့နဲ့ အတူအိပ်ချင်မိသည်
အခန်းက မျက်နှာကြက်ကို ငေးကြည့်ရင်း အိပ်မပျော်နိုင် ဖြစ်နေသည် တော်ပါသေးရဲ့ အဘွားတို့ ကုတင်က ကျယ်ပြီး သုံးယောက်ဆန့်လို့...
ဟူးးးး
သက်ပြင်းချသံကြောင့် အဘွားမှာ Taeyeonဘက်ကို လှည့်လာသည်
"အိပ်လို့ မပျော်ဘူးလား Taeyeon "
"ဟုတ်တယ် အဘွား "
"ဒါဆို အဘွားက သီချင်းဆိုပြရမလား "
"ဟုတ် အဘွား "
ဒါကြောင့်မို့လို့ အဘွားတို့နဲ့ နေရတာကို Taeyeon အရမ်း သဘောကျမိတယ်လေ
အဘွားက သီချင်းဆိုပြီး ချော့သိပ်မှဘဲ Taeyeon အိပ်ပျော်သွားတော့သည်
မနက်ရောက်သောအခါ Taeyeonတို့ မြေးအဘိုးတွေ မနက်စာ စားနေကြသည်
"Taeyeonရေ နေ့လည်ကျရင် အဘိုးနဲ့အတူ တောထဲလိုက်ပေးပါအုံး "
"ဟုတ်ကဲ့ အဘိုး "
"ဒါနဲ့ သမီးရဲ့ အဘွားကပြောတယ် မနေ့ညက သမီး အိမ်မက်ဆိုးမက်လို့ဆို ကောင်းကောင်းအိပ်ပျော်ရဲ့လား"
"ဟုတ် အိပ်ပျော်ပါတယ် သမီး တကယ်ကြောက်သွားတာ "
"Aigoo ဟုတ်ပါပြီ နောက်ရက်လည်း အဘိုးတို့နဲ့အတူ အိပ်ပေါ့ "
"ဟုတ် အဘိုး...."
အဘိုးတို့နဲ့ မနက်စာစားပြီးနောက် Taeyeon အိမ်ထဲက ထွက်လာသည် သူငယ်ချင်းအသစ် ရလိုရငှားစိတ်နဲ့ လျှောက်သွားရင်း တောထဲဲပြန်ရောက်လာပြန်သည်
ဒီတစ်ခါတော့ ရေကန်ဘက်မှာ ဘယ်သူမှ မရှိသောကြောင့် Taeyeon စိတ်အေးသွားသည်
ရေကန်ဘေးနားထိုင်ရင်း လေအေးအေးလေးကြောင့် Taeyeon အိပ်ငိုက်လာသည်
ညက ကြောက်လို့ Taeyeon သေချာ မအိပ်ရသေးဘူးမဟုတ်လား
ဒါကြောင့်မို့လို့ Taeyeon သစ်ပင်ခြေရင်း လှဲပြီး အိပ်ငိုက်လာသည်
ထူးဆန်းတဲ့ အသံကြောင့် Taeyeon လန့်နိုးလာတော့ မနေ့က သူမအခန်းထဲရောက်လာတဲ့ ရေကန်ဘေးမှ ဂါဝန်အဖြူနဲ့ ကောင်မလေးက သူမဘေးနား လှဲအိပ်နေသည်
သူ ဘယ်သူလည်း ဘာလို့ ငါ့အနားရောက်လာတာလည်း....
#tbc
#zawgyi
"Aigoo ငါ့ေျမးေလး Taeyeon ဘယ္ေတြမ်ား သြားေနပါလိမ့္..သမီး ဗိုက္ဆာေနမွာ သိလို႔ အဘြား ညစာျပင္ထားတယ္ "
Taeyeon အိမ္ကိုျပန္ေရာက္ေတာ့ သူမ အဘြားမွာ အိမ္ေရွ႕တြင္ ထြက္ႀကိဳေနသည္
ညစာစားၿပီးေနာက္တြင္ ေတာအုပ္ထဲမွာ ေတြ႕ခဲ့တဲ့ မိန္းကေလးက Taeyeonကို အခုထိ ႏွောင့္ယွက္ေနတုန္းပင္....သူမအေၾကာင္းကိုဘဲ Taeyeon ေတြးေနမိသည္
မဟုတ္ေသးပါဘူး သူ႕အေၾကာင္း ေတြးေနလို႔ မျဖစ္ပါဘူး
Taeyeonလည္း အာ႐ုံလႊဲလိုက္တဲ့အေနနဲ႕ သူမအဘိုးတို႔နဲ႕အတူ Radioက လႊင့္တဲ့ classic ဆန္ဆန္ သီခ်င္းေတြကို လိုက္နားေထာင္လိုက္သည္
"အဘိုး...ေန႕လည္က အဘိုးေျပာတဲ့အေၾကာင္းက တကယ္ရွိေနရင္ေရာ "
Taeyeon သိခ်င္စိတ္ကို ထိန္းမရလို႔ ေမးလိုက္သည္ ဘာလို႔လည္းဆို အဲ့ဒီမိန္းကေလးက Taeyeonရဲ႕ စိတ္ကို စိုးမိုးေနလို႔ေလ
"ဘာလို႔ ေမးတာလည္း ေျမးေလး အဲ့တာ ဒီအတိုင္း ပုံျပင္တစ္ပုဒ္ဘဲေလ "
အဘိုးက Taeyeonရဲ ေမးခြန္းကို ျပန္ေျဖလိုက္သည္
"Taeyeonေရ အဲ့အဘိုးႀကီးရဲ႕ ပုံျပင္ေတြ နားေထာင္တာ ေလ်ာ့ပါေတာ့ "
Taeyeonရဲ႕အဘြားမွာ Taeyeonကို စေနာက္လိုက္သည္
"အာ သမီးက ဒီအတိုင္း ေမးၾကည့္တာပါ အကယ္၍ အဘိုးေျပာျပတဲ့ ပုံျပင္က တကယ္ျဖစ္ေန ရွိေနရင္ေရာ "
"ဘာလို႔လည္း သမီးက အဲ့ဒီမိန္းကေလးကို ေတြ႕ခဲ့လို႔လား "
"အာ မဟုတ္တာ အဘိုးရယ္ မေတြ႕ခဲ့ပါဘူး ဒီအတိုင္း ဒီေန႕ ေရကန္ဘက္က ျဖတ္သြားရင္း ေတြးမိတာေလးပါ "
Taeyeon လိမ္ေျပာလိုက္တယ္
"တကယ္လား "
"ဒါေပါ့ အဘိုးရ အဲ့မိန္းကေလးကို အျပင္မွာ ေတြ႕ၾကည့္ပါလား သမီး ခ်က္ခ်င္းကို ေအာ္ၿပီး ေျပးလာမွာ "
Taeyeon ထပ္ၿပီး လိမ္ေျပာလိုက္ျပန္သည္
မိန္းကေလးကို ေတြ႕ခဲ့ေပမယ့္ အင္းေလ ပုံျပင္က တကယ္ျဖစ္လာနိုင္စရာအေၾကာင္းမွ မရွိတာ ဟုတ္တယ္မလား ဒီအတိုင္း လျပည့္ေန႕မွာ ေကာင္မေလးတစ္ေယာက္က လာထိုင္႐ုံျဖစ္မွာပါ တိုက္ဆိုင္မႈတစ္ခုေပါ့ေလ
"ေၾသာ္ ဟုတ္ပါၿပီ ဒါနဲ႕ ငါ့ေျမးကို သတိေပးရအုံးမယ္ အဘိုးေျပာသမွ် ပုံျပင္ေတြကို မယုံနဲ႕ ေနာ္ "
Taeyeonရဲ႕ ဆံပင္ေတြကို ဖြဖြေလး ပုတ္ေပးရင္း သူမအဘိုးမွာ ေျပာလိုက္သည္
ဟုတ္မွာပါ ငါအရမ္း အေတြးလြန္ေနတာ ျဖစ္မယ္
Taeyeonမွာ သူမအခန္းကို ျပန္လာၿပီး ကုတင္ေပၚတြင္ လွဲအိပ္လိုက္သည္
Taeyeon မ်က္လုံးမွိတ္မလို႔ရွိေသး သူမအခန္း ျပတင္းေပါက္ဘက္ကေန ထူးဆန္းတဲ့ အသံၾကားလိုက္ရသည္
ျပတင္းေပါက္ဘက္က သြားစစ္ေဆးမယ့္အစား Taeyeon မ်က္လုံးမွိတ္ၿပီး သူမေခါင္းအုံးကို ခပ္တင္းတင္းဖက္ထားရင္း သရဲမျဖစ္ပါေစနဲ႕ ေတာထဲက မေကာင္းဆိုးဝါးေတြ မျဖစ္ၾကဖို႔ ဆုေတာင္းေနမိသည္
Shit Shit
ျပတင္းေပါက္ကို ဖြင့္ထားခဲ့မိတဲ့ အတြက္ Taeyeon ေနာင္တေတာင္ ရမိသည္
ေလေအးေအးနဲ႕ အိပ္ခ်င္မိတာ အခုေတာ့ ခ်ီးေတြ ျဖစ္ကုန္ၿပီ
ထပ္ၿပီး အသံေတြ ၾကားရေတာ့ Taeyeon မ်က္လုံးတစ္ဖက္ကို ဖြင့္ၿပီး ေခ်ာင္းၾကည့္လိုက္မိသည္
ေခ်ာင္းသာၾကည့္မိသည္ ပုံပ်က္ပန္းပ်က္ ပုံသဏၰာန္ေတြ ျမင္ရမွာကိုလည္း Taeyeon ေၾကာက္မိေသးတယ္
Taeyeon ရွင္းရွင္းလင္းလင္း မျမင္ရေပမယ့္လည္း ဆံပင္အနက္ေရာင္ ရွည္ရွည္ရယ္ ဂါဝန္အျဖဴ ဝတ္ထားတဲ့ မိန္းကေလးတစ္ေယာက္က သူမအခန္း ေထာင့္တြင္ ရပ္ေနသည္
****
"Taeyeon Taeyeonေရ ထေတာ့ "
သူ႕ေျမးမေလး ေကာင္းေကာင္းမြန္မြန္ အိပ္ေပ်ာ္ေနလားဆိုၿပီး အဘြားက လာၾကည့္ေပမယ့္ အိမ္မက္ဆိုးမက္ၿပီး ေခြၽးေစးျပန္ေနတဲ့ Taeyeonကို ေတြ႕လိုက္ရသည္
ဒါေၾကာင့္မို႔လို႔ အခန္းထဲဝင္လာၿပီး Taeyeonကို ႏွိုးလိုက္သည္
Taeyeonမွာ ေခြၽးေတြၾကားကေန နိုးလာၿပီး မ်က္လုံးဖြင့္ၾကည့္ေတာ့ သူမအဘြားကို ေတြ႕တာနဲ႕ ဖက္လိုက္မိသည္ သူမ အရမ္းေၾကာက္ေနတာေလ
"အိမ္မက္ဆိုးေတြ မက္ေနတာလား ေျမးေလး "
အဘြားမွာ Taeyeonရဲ႕ ေက်ာကုန္းကို ပုတ္ေပးရင္း ေမးလိုက္သည္
"ဟုတ္တယ္ အဘြား သမီး အဘြားအခန္းမွာ အိပ္လို႔ ရမလားဟင္ "
"ရတာေပါ့ ကေလးရယ္ လာ"
Taeyeonလည္း အဘြားနဲ႕လိုက္အိပ္ဖို႔ အခန္းထဲက ထြက္လာသည္
ကေလးဆန္တယ္ဆိုတာ သိေပမယ့္ အိမ္မက္ဆိုးကေန နိုးလာေတာ့ အဘြားတို႔နဲ႕ အတူအိပ္ခ်င္မိသည္
အခန္းက မ်က္ႏွာၾကက္ကို ေငးၾကည့္ရင္း အိပ္မေပ်ာ္နိုင္ ျဖစ္ေနသည္ ေတာ္ပါေသးရဲ႕ အဘြားတို႔ ကုတင္က က်ယ္ၿပီး သုံးေယာက္ဆန့္လို႔...
ဟူးးးး
သက္ျပင္းခ်သံေၾကာင့္ အဘြားမွာ Taeyeonဘက္ကို လွည့္လာသည္
"အိပ္လို႔ မေပ်ာ္ဘူးလား Taeyeon "
"ဟုတ္တယ္ အဘြား "
"ဒါဆို အဘြားက သီခ်င္းဆိုျပရမလား "
"ဟုတ္ အဘြား "
ဒါေၾကာင့္မို႔လို႔ အဘြားတို႔နဲ႕ ေနရတာကို Taeyeon အရမ္း သေဘာက်မိတယ္ေလ
အဘြားက သီခ်င္းဆိုၿပီး ေခ်ာ့သိပ္မွဘဲ Taeyeon အိပ္ေပ်ာ္သြားေတာ့သည္
မနက္ေရာက္ေသာအခါ Taeyeonတို႔ ေျမးအဘိုးေတြ မနက္စာ စားေနၾကသည္
"Taeyeonေရ ေန႕လည္က်ရင္ အဘိုးနဲ႕အတူ ေတာထဲလိုက္ေပးပါအုံး "
"ဟုတ္ကဲ့ အဘိုး "
"ဒါနဲ႕ သမီးရဲ႕ အဘြားကေျပာတယ္ မေန႕ညက သမီး အိမ္မက္ဆိုးမက္လို႔ဆို ေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႕လား"
"ဟုတ္ အိပ္ေပ်ာ္ပါတယ္ သမီး တကယ္ေၾကာက္သြားတာ "
"Aigoo ဟုတ္ပါၿပီ ေနာက္ရက္လည္း အဘိုးတို႔နဲ႕အတူ အိပ္ေပါ့ "
"ဟုတ္ အဘိုး...."
အဘိုးတို႔နဲ႕ မနက္စာစားၿပီးေနာက္ Taeyeon အိမ္ထဲက ထြက္လာသည္ သူငယ္ခ်င္းအသစ္ ရလိုရငွားစိတ္နဲ႕ ေလွ်ာက္သြားရင္း ေတာထဲဲျပန္ေရာက္လာျပန္သည္
ဒီတစ္ခါေတာ့ ေရကန္ဘက္မွာ ဘယ္သူမွ မရွိေသာေၾကာင့္ Taeyeon စိတ္ေအးသြားသည္
ေရကန္ေဘးနားထိုင္ရင္း ေလေအးေအးေလးေၾကာင့္ Taeyeon အိပ္ငိုက္လာသည္
ညက ေၾကာက္လို႔ Taeyeon ေသခ်ာ မအိပ္ရေသးဘူးမဟုတ္လား
ဒါေၾကာင့္မို႔လို႔ Taeyeon သစ္ပင္ေျခရင္း လွဲၿပီး အိပ္ငိုက္လာသည္
ထူးဆန္းတဲ့ အသံေၾကာင့္ Taeyeon လန့္နိုးလာေတာ့ မေန႕က သူမအခန္းထဲေရာက္လာတဲ့ ေရကန္ေဘးမွ ဂါဝန္အျဖဴနဲ႕ ေကာင္မေလးက သူမေဘးနား လွဲအိပ္ေနသည္
သူ ဘယ္သူလည္း ဘာလို႔ ငါ့အနားေရာက္လာတာလည္း....
#tbc
Bạn đang đọc truyện trên: Truyen3h.Co