Part 13
"မင်းကို Guest Roomမှာ နေခိုင်းမှာပါ ခဏစောင့်နော် Taeyeon တို့ အခန်းသွားပြင်ပေးမယ် "
Tiffanyကပြောတော့ Taeyeon ခေါင်းညိတ်ပြသည် ပြီးတော့ သူ့အနားက ထွက်သွားတဲ့ Tiffanyကို Taeyeon ကြည့်နေမိသည်
ထပ်ပြီး Taeyeon တစ်ယောက်တည်း ဖြစ်သွားပြန်သည် အေးစိမ့်စိမ့်ခံစားချက်ကြီးက ထပ်ဖြစ်လာပြန်ပြီး Taeyeon ငကြောက်တစ်ယောက် ဖြစ်သွားပြန်ပြီ
"Fuck သရဲကြောက်ပါတယ်ဆို Guest Roomမှာလည်း တစ်ယောက်တည်းမအိပ်ရဲဘူး "
Taeyeon တိုးတိုးလေး ကျိန်ဆဲလိုက်သည်
"Taeyeon "
"အားးး "
ရုတ်တရက်ထွက်ပေါ်လာတဲ့ Tiffanyအသံကြောင့် Taeyeon လန့်ပြီး အော်လေသည်
Tiffanyမှာတော့ Taeyeonကို စိတ်ပူတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေသည်
"ဘာဖြစ်လို့လည်း Taeyeon တစ်ခုခုဖြစ်နေတာလား "
Tiffanyကပြောပြီး Taeyeonရဲ့ မျက်နှာလေးကို ဆုပ်ကိုင်ကာ စမ်းကြည့်လေသည်
"မ မဟုတ်ပါဘူး သရဲမြင်လိုက်ရတယ်ထင်လို့ လန့်သွားတာရယ် "
"Aww မကြောက်ပါနဲ့ တို့ မင်းကို အတူအိပ်ပေးရင် အဖော်ပြုပေးမှာပေါ့ မကြောက်နဲ့နော် ..."
Tiffanyက Taeyeonကို ကလေးတစ်ယောက်လို ခေါင်းလေးကို ပုတ်ပေးပြီး ချော့နေတော့ Taeyeon သတ္တိရှိလာသလို ခံစားရသည်
"ကျေးဇူးတင်ပါတယ် Ms.Hwang "
"ရော့ ဒါက တို့အဝတ်အစားတွေ မင်းနဲ့တော်မယ်ထင်တယ် "
Tiffanyကပြောပြီး Taeyeonကို သူ့အဝတ်အစားတွေ လှမ်းပေးသည်
"Ah...ဟိုလေ ရေချိုးခန်းသုံးလို့ရလားဟင် "
Taeyeon ရေချိုးခန်းကို လက်ညိုးထိုးပြပြီး မေးလိုက်သည် အခု သူတို့က Guest Roomထဲ ရောက်နေတာလေ
"ရေချိုးခန်းက မပြင်ရသေးဘူးရယ် လာ တို့ရဲ့ အခန်းကို သွားကြမယ်လေ နော် "
Tiffanyရဲ့ အခန်းထဲကိုလည်းရောက်ရော နံရံက ပန်းရောင်တွေကြောင့် Taeyeon မျက်လုံးကန်းသွားသလိုတောင် ခံစားရသည်
"Sorryကွယ် တို့က ပန်းရောင်ကို အရမ်းကြိုက်လို့ "
"အာ ရပါတယ် "
တကယ်တော့ Taeyeonက ပန်းရောင်ကို မကြိုက်ပါ မကြိုက်ကြောင်းပြောရင် Tiffanyက သူ့ကို အိမ်ကနေ ကန်ထုတ်မှာသိနေလို့ မပြောဘဲ နေခြင်းဖြစ်သည်
ဟူး တော်ပါသေးတယ် အဝတ်အစား ပန်းရောင်တွေမပေးလို့
"ရေချိုးခန်းအရင်သုံးနှင့်လေနော် "
"ဟုတ်ကဲ့ ကျေးဇူးပါ Miss Hwang "
Taeyeonလည်း ရေချိုးဖို့ ရေချိုးခန်းထဲ ဝင်သွားလေသည်
ရေချိုးပြီး ရေချိုးခန်းထဲက ထွက်လာတော့ Tiffanyက သူ့ကိုပြုံးပြီး ကြည့်နေတာကို တွေ့ရသည်
'Ahh Miss Hwang ရေချိုးလို့ရပြီ "
Taeyeonကပြောတော့ Tiffanyက ပြုံးပြီး ခေါင်းညိတ်ပြသည်
ashhh ဘာလို့ သူအဲ့လိုကြီး ပြုံးပြနေရတာလည်း
Tiffany ရေချိုးဖို့ အထဲဝင်သွားတဲ့ အချိန် Taeyeonမှာ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်
သူ့ကုတင်ပေါ် ထိုင်လိုက်ရမလား အဲ့တာဆို ရိုင်းသလိုဖြစ်သွားလိမ့်မယ် ဟူး...နေရတာ ရင်တထိတ်ထိတ်နဲ့ ငါတစ်ယောက်တည်း အဆင်ပြေတယ် အိပ်လိုက်မယ်လို့ ပြောလိုက်ရမလား မဖြစ်သေးပါဘူးလေ သူ့စေတနာကို စော်ကားသလိုဖြစ်သွားမှာ နေပါအုံး အခု ငါက သူနဲ့ရင်းနှီးသွားပြီလား သူ့အိမ်ကိုလိုက်လည် ညစာချက်ကျွေးတာစားပြီး အတူအိပ်မယ်ဆိုတော့လေ ...မဟုတ်သေးပါဘူး ငါတစ်ယောက်တည်း အိပ်လိုက်မယ်လို့ ပြောလိုက်မယ် နေပါအုံး Miss Hwangရေချိုးတာ ကြာလှချည်လား ဘာဖြစ်နေတာလည်း မသိဘူး
Taeyeonမှာ ရေချိုးခန်းတံခါးကို ခေါက်ဖို့လျှောက်အလာ ရေချိုးခန်းတံခါးက ပွင့်လာသည်
Taeyeonမှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားတယ်
Miss Hwangက အဝတ်အစားလည်းမပါဘူး တုံးလုံးကြီးဟ
"Ahhhh Sorry ပါ Miss Hwang မရည်ရွယ်ပါဘူး "
Taeyeon တောင်းပန်ပြီး Tiffanyကို ကျောပေးလိုက်သည်
"တို့လည်း တောင်းပန်ပါတယ် အာ ဧည့်သည်ရှိတာကို တကယ်မေ့သွားတာ "
Tiffany လည်း တောင်းပန်ပြီး ရေချိုးခန်းတံခါး ပိတ်လိုက်သည်
သရဲလား အဝတ်အစားမပါတဲ့ Tiffanyလား ဘယ်အရာက ပိုကြောက်ဖို့ကောင်းလည်းဆိုတာ Taeyeonမသိတော့ပေ
အခုလောလောဆယ်တော့ အဝတ်အစားမပါတဲ့ Tiffanyရဲ့ ခန္ဓာကိုယ်ပုံရိပ်က Taeyeonရဲ့ စိတ်ကို ကျူးကျော်ဝင်ရောက်နေပြီလေ
"Sorryကွယ် တို့အဝတ်အစားမပါဘဲ အိမ်ထဲလျှောက်သွားနေတာ အကျင့်ဖြစ်နေလို့ "
Tiffanyကပြောပြီး သူ့ဘီဒိုထဲက အဝတ်အစားတွေ ထုတ်ဝတ်တယ်
"အာ ရ ရပါတယ် "
Taeyeonက သူ့လည်ပင်းကို ကိုင်ကာပြောပြီး အကြည့်လွှဲပစ်သည်
"မင်းကို တို့အဖော်ပြုပေးပြီး အတူတူအိပ်ပေးမယ်လို့ ကတိပေးခဲ့တယ် မဟုတ်လား ဒီတော့ တို့အခန်းထဲမှာဘဲ အိပ်ကြရအောင်လား "
"Ahh Miss Hwang တကယ်တော့ Chaw အဆင်ပြေပါတယ် ...တစ်ယောက်တည်း အိပ်ရဲတယ်ရယ် "
"တို့ကို ကတိမတည်တဲ့သူ ဖြစ်စေချင်တာလား ဒီမှာဘဲ အိိပ်လိုက်ပါဆို "
နောက်ဆုံးတော့ Taeyeonလည်း မငြင်းနိုင်တော့ဘဲ Tiffanyနဲ့ အတူအိပ်ဖို့ သဘောတူလိုက်သည်
Tiffanyက အိမ်တံခါးတွေပိတ်ထားလား စစ်ဆေးဖို့သွားနေစဥ် Taeyeonက သူ့အိမ်ကို messageပို့နေသည်
မိုးအရမ်းရွာနေလို့ ပရော်ဖက်ဆာရဲ့အိမ်မှာ တစ်ညအိပ်မယ်လို့ စာပို့လိုက်သည်
ပြီးတော့ Taeyeon အိပ်ဖို့ ကြိုးစားနေတယ် Tiffany ပြန်မရောက်လာခင် သူအိပ်ပျော်နေမှဖြစ်မယ် မဟုတ်ရင် သူ့စိတ်ကိုသူ ထိန်းနိုင်မှာ မဟုတ်ဘူး
"Taeyeon မအိပ်သေးဘူးလား "
Tiffanyက ညအိပ်ဝတ်စုံလေးနဲ့ရောက်လာတော့ Taeyeon ရင်တွေခုန်လာသည်
"ဟ...ဟုတ် မအိပ်သေး အာ အိပ်တော့မှာ "
Tiffanyက သူ့ဘေးနားလာအိပ်တော့ Taeyeon ရင်တွေအရမ်းခုန်ပြီး စကားတွေထစ်လာသည်
"Aww ဟုတ်ပါပြီ ကောင်းသောညနော် "
Tiffanyက နှုတ်ဆက်ပြီး အိပ်ဖို့လုပ်တော့ Taeyeonလည်း ခေါင်းညိတ်ပြလိုက်သည်
နာရီဝက်ကျော်သွားတော့ Tiffanyက အိပ်ပျော်သွားပေမယ့် Taeyeonက အိပ်မပျော်ပေ
သူ့ဘက်လှည့်ပြီး အိပ်မောကျနေတဲ့ Tiffanyကို ကြည့်ရင်း နမ်းချင်စိတ်ဖြစ်လာလို့ Tiffanyကို Taeyeon နမ်းလိုက်သည်
ဘုရားတရားမလို့ Miss Hwang မနိုးပါစေနဲ့
ထိုစဥ် Tiffanyက ရုတ်တရက်နိုးလာလေသည်
"Taeyeon...."
Taeyeonရဲ့ ဆုတောင်းမပြည့်ခဲ့ပေ
#tbc
#zawgyi
"မင္းကို Guest Roomမွာ ေနခိုင္းမွာပါ ခဏေစာင့္ေနာ္ Taeyeon တို႔ အခန္းသြားျပင္ေပးမယ္ "
Tiffanyကေျပာေတာ့ Taeyeon ေခါင္းညိတ္ျပသည္ ၿပီးေတာ့ သူ႕အနားက ထြက္သြားတဲ့ Tiffanyကို Taeyeon ၾကည့္ေနမိသည္
ထပ္ၿပီး Taeyeon တစ္ေယာက္တည္း ျဖစ္သြားျပန္သည္ ေအးစိမ့္စိမ့္ခံစားခ်က္ႀကီးက ထပ္ျဖစ္လာျပန္ၿပီး Taeyeon ငေၾကာက္တစ္ေယာက္ ျဖစ္သြားျပန္ၿပီ
"Fuck သရဲေၾကာက္ပါတယ္ဆို Guest Roomမွာလည္း တစ္ေယာက္တည္းမအိပ္ရဲဘူး "
Taeyeon တိုးတိုးေလး က်ိန္ဆဲလိုက္သည္
"Taeyeon "
"အားးး "
႐ုတ္တရက္ထြက္ေပၚလာတဲ့ Tiffanyအသံေၾကာင့္ Taeyeon လန့္ၿပီး ေအာ္ေလသည္
Tiffanyမွာေတာ့ Taeyeonကို စိတ္ပူတဲ့မ်က္ဝန္းေတြနဲ႕ ၾကည့္ေနသည္
"ဘာျဖစ္လို႔လည္း Taeyeon တစ္ခုခုျဖစ္ေနတာလား "
Tiffanyကေျပာၿပီး Taeyeonရဲ႕ မ်က္ႏွာေလးကို ဆုပ္ကိုင္ကာ စမ္းၾကည့္ေလသည္
"မ မဟုတ္ပါဘူး သရဲျမင္လိုက္ရတယ္ထင္လို႔ လန့္သြားတာရယ္ "
"Aww မေၾကာက္ပါနဲ႕ တို႔ မင္းကို အတူအိပ္ေပးရင္ အေဖာ္ျပဳေပးမွာေပါ့ မေၾကာက္နဲ႕ေနာ္ ..."
Tiffanyက Taeyeonကို ကေလးတစ္ေယာက္လို ေခါင္းေလးကို ပုတ္ေပးၿပီး ေခ်ာ့ေနေတာ့ Taeyeon သတၱိရွိလာသလို ခံစားရသည္
"ေက်းဇူးတင္ပါတယ္ Ms.Hwang "
"ေရာ့ ဒါက တို႔အဝတ္အစားေတြ မင္းနဲ႕ေတာ္မယ္ထင္တယ္ "
Tiffanyကေျပာၿပီး Taeyeonကို သူ႕အဝတ္အစားေတြ လွမ္းေပးသည္
"Ah...ဟိုေလ ေရခ်ိဳးခန္းသုံးလို႔ရလားဟင္ "
Taeyeon ေရခ်ိဳးခန္းကို လက္ညိုးထိုးျပၿပီး ေမးလိုက္သည္ အခု သူတို႔က Guest Roomထဲ ေရာက္ေနတာေလ
"ေရခ်ိဳးခန္းက မျပင္ရေသးဘူးရယ္ လာ တို႔ရဲ႕ အခန္းကို သြားၾကမယ္ေလ ေနာ္ "
Tiffanyရဲ႕ အခန္းထဲကိုလည္းေရာက္ေရာ နံရံက ပန္းေရာင္ေတြေၾကာင့္ Taeyeon မ်က္လုံးကန္းသြားသလိုေတာင္ ခံစားရသည္
"Sorryကြယ္ တို႔က ပန္းေရာင္ကို အရမ္းႀကိဳက္လို႔ "
"အာ ရပါတယ္ "
တကယ္ေတာ့ Taeyeonက ပန္းေရာင္ကို မႀကိဳက္ပါ မႀကိဳက္ေၾကာင္းေျပာရင္ Tiffanyက သူ႕ကို အိမ္ကေန ကန္ထုတ္မွာသိေနလို႔ မေျပာဘဲ ေနျခင္းျဖစ္သည္
ဟူး ေတာ္ပါေသးတယ္ အဝတ္အစား ပန္းေရာင္ေတြမေပးလို႔
"ေရခ်ိဳးခန္းအရင္သုံးႏွင့္ေလေနာ္ "
"ဟုတ္ကဲ့ ေက်းဇူးပါ Miss Hwang "
Taeyeonလည္း ေရခ်ိဳးဖို႔ ေရခ်ိဳးခန္းထဲ ဝင္သြားေလသည္
ေရခ်ိဳးၿပီး ေရခ်ိဳးခန္းထဲက ထြက္လာေတာ့ Tiffanyက သူ႕ကိုၿပဳံးၿပီး ၾကည့္ေနတာကို ေတြ႕ရသည္
'Ahh Miss Hwang ေရခ်ိဳးလို႔ရၿပီ "
Taeyeonကေျပာေတာ့ Tiffanyက ၿပဳံးၿပီး ေခါင္းညိတ္ျပသည္
ashhh ဘာလို႔ သူအဲ့လိုႀကီး ၿပဳံးျပေနရတာလည္း
Tiffany ေရခ်ိဳးဖို႔ အထဲဝင္သြားတဲ့ အခ်ိန္ Taeyeonမွာ ဘာလုပ္ရမွန္းမသိျဖစ္ေနတယ္
သူ႕ကုတင္ေပၚ ထိုင္လိုက္ရမလား အဲ့တာဆို ရိုင္းသလိုျဖစ္သြားလိမ့္မယ္ ဟူး...ေနရတာ ရင္တထိတ္ထိတ္နဲ႕ ငါတစ္ေယာက္တည္း အဆင္ေျပတယ္ အိပ္လိုက္မယ္လို႔ ေျပာလိုက္ရမလား မျဖစ္ေသးပါဘူးေလ သူ႕ေစတနာကို ေစာ္ကားသလိုျဖစ္သြားမွာ ေနပါအုံး အခု ငါက သူနဲ႕ရင္းႏွီးသြားၿပီလား သူ႕အိမ္ကိုလိုက္လည္ ညစာခ်က္ေကြၽးတာစားၿပီး အတူအိပ္မယ္ဆိုေတာ့ေလ ...မဟုတ္ေသးပါဘူး ငါတစ္ေယာက္တည္း အိပ္လိုက္မယ္လို႔ ေျပာလိုက္မယ္ ေနပါအုံး Miss Hwangေရခ်ိဳးတာ ၾကာလွခ်ည္လား ဘာျဖစ္ေနတာလည္း မသိဘူး
Taeyeonမွာ ေရခ်ိဳးခန္းတံခါးကို ေခါက္ဖို႔ေလွ်ာက္အလာ ေရခ်ိဳးခန္းတံခါးက ပြင့္လာသည္
Taeyeonမွာ ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ ပါးစပ္အေဟာင္းသားျဖစ္သြားတယ္
Miss Hwangက အဝတ္အစားလည္းမပါဘူး တုံးလုံးႀကီးဟ
"Ahhhh Sorry ပါ Miss Hwang မရည္႐ြယ္ပါဘူး "
Taeyeon ေတာင္းပန္ၿပီး Tiffanyကို ေက်ာေပးလိုက္သည္
"တို႔လည္း ေတာင္းပန္ပါတယ္ အာ ဧည့္သည္ရွိတာကို တကယ္ေမ့သြားတာ "
Tiffany လည္း ေတာင္းပန္ၿပီး ေရခ်ိဳးခန္းတံခါး ပိတ္လိုက္သည္
သရဲလား အဝတ္အစားမပါတဲ့ Tiffanyလား ဘယ္အရာက ပိုေၾကာက္ဖို႔ေကာင္းလည္းဆိုတာ Taeyeonမသိေတာ့ေပ
အခုေလာေလာဆယ္ေတာ့ အဝတ္အစားမပါတဲ့ Tiffanyရဲ႕ ခႏၶာကိုယ္ပုံရိပ္က Taeyeonရဲ႕ စိတ္ကို က်ဴးေက်ာ္ဝင္ေရာက္ေနၿပီေလ
"Sorryကြယ္ တို႔အဝတ္အစားမပါဘဲ အိမ္ထဲေလွ်ာက္သြားေနတာ အက်င့္ျဖစ္ေနလို႔ "
Tiffanyကေျပာၿပီး သူ႕ဘီဒိုထဲက အဝတ္အစားေတြ ထုတ္ဝတ္တယ္
"အာ ရ ရပါတယ္ "
Taeyeonက သူ႕လည္ပင္းကို ကိုင္ကာေျပာၿပီး အၾကည့္လႊဲပစ္သည္
"မင္းကို တို႔အေဖာ္ျပဳေပးၿပီး အတူတူအိပ္ေပးမယ္လို႔ ကတိေပးခဲ့တယ္ မဟုတ္လား ဒီေတာ့ တို႔အခန္းထဲမွာဘဲ အိပ္ၾကရေအာင္လား "
"Ahh Miss Hwang တကယ္ေတာ့ Chaw အဆင္ေျပပါတယ္ ...တစ္ေယာက္တည္း အိပ္ရဲတယ္ရယ္ "
"တို႔ကို ကတိမတည္တဲ့သူ ျဖစ္ေစခ်င္တာလား ဒီမွာဘဲ အိိပ္လိုက္ပါဆို "
ေနာက္ဆုံးေတာ့ Taeyeonလည္း မျငင္းနိုင္ေတာ့ဘဲ Tiffanyနဲ႕ အတူအိပ္ဖို႔ သေဘာတူလိုက္သည္
Tiffanyက အိမ္တံခါးေတြပိတ္ထားလား စစ္ေဆးဖို႔သြားေနစဥ္ Taeyeonက သူ႕အိမ္ကို messageပို႔ေနသည္
မိုးအရမ္း႐ြာေနလို႔ ပေရာ္ဖက္ဆာရဲ႕အိမ္မွာ တစ္ညအိပ္မယ္လို႔ စာပို႔လိုက္သည္
ၿပီးေတာ့ Taeyeon အိပ္ဖို႔ ႀကိဳးစားေနတယ္ Tiffany ျပန္မေရာက္လာခင္ သူအိပ္ေပ်ာ္ေနမွျဖစ္မယ္ မဟုတ္ရင္ သူ႕စိတ္ကိုသူ ထိန္းနိုင္မွာ မဟုတ္ဘူး
"Taeyeon မအိပ္ေသးဘူးလား "
Tiffanyက ညအိပ္ဝတ္စုံေလးနဲ႕ေရာက္လာေတာ့ Taeyeon ရင္ေတြခုန္လာသည္
"ဟ...ဟုတ္ မအိပ္ေသး အာ အိပ္ေတာ့မွာ "
Tiffanyက သူ႕ေဘးနားလာအိပ္ေတာ့ Taeyeon ရင္ေတြအရမ္းခုန္ၿပီး စကားေတြထစ္လာသည္
"Aww ဟုတ္ပါၿပီ ေကာင္းေသာညေနာ္ "
Tiffanyက ႏႈတ္ဆက္ၿပီး အိပ္ဖို႔လုပ္ေတာ့ Taeyeonလည္း ေခါင္းညိတ္ျပလိုက္သည္
နာရီဝက္ေက်ာ္သြားေတာ့ Tiffanyက အိပ္ေပ်ာ္သြားေပမယ့္ Taeyeonက အိပ္မေပ်ာ္ေပ
သူ႕ဘက္လွည့္ၿပီး အိပ္ေမာက်ေနတဲ့ Tiffanyကို ၾကည့္ရင္း နမ္းခ်င္စိတ္ျဖစ္လာလို႔ Tiffanyကို Taeyeon နမ္းလိုက္သည္
ဘုရားတရားမလို႔ Miss Hwang မနိုးပါေစနဲ႕
ထိုစဥ္ Tiffanyက ႐ုတ္တရက္နိုးလာေလသည္
"Taeyeon...."
Taeyeonရဲ႕ ဆုေတာင္းမျပည့္ခဲ့ေပ
#tbc
Bạn đang đọc truyện trên: Truyen3h.Co