Part 12
Taeyeon ကားပြတင်းပေါက်ကနေ အပြင်ကိုဘဲဲ ကြည့်နေမိသည် Tiffanyကို စိုက်ကြည့်မိလေ Tiffanyရဲ့ အလှမှာ Taeyeon နစ်မြောသွားမိလို့ Taeyeon အကြည့်တွေကို လွှဲထားမိသည်
မဟုတ်ဘူး ငါ အဲ့လိုဖြစ်လို့မရဘူး
"Sorryပါကွယ် တို့အိမ်က အရမ်းဝေးနေတာကို မေ့သွားတယ် ဒါပေမယ့် စိတ်မပူပါနဲ့ မကြာခင် ရောက်တော့မှာပါ "
Tiffanyက ကားမောင်းရင်း Taeyeonရဲ့ ပေါင်ပေါ်လက်တင်ပြီး ပြောလိုက်သောကြောင့် Taeyeon ရင်တွေ အရမ်းခုန်သွားတယ်
"အာ ဟုတ် ရပါတယ် "
Taeyeon ရှက်လို့ စကားတွေထစ်ကုန်သည်
"အဆင်ပြေရဲ့လား Taeyeon ....အေးနေလား "
Tiffanyကမေးပြီး Taeyeonရဲ့ နဖူးကို လက်နဲ့ စမ်းပြန်သည်
"အာ ဟုတ် "
"အေးဆေးပေါ့ ခဏနေ အိမ်ကိုရောက်တော့မှာ အဲ့ကျမှ ပူအောင်လုပ်ပေးမယ် "
Tiffanyရဲ့စကားကြောင့် Taeyeon ကြက်သီးတွေထသွားတယ် ပြီးတော့ Stephanieနဲ့ကုတင်ပေါ်မှာ အတူနေခဲ့တဲ့အကြောင်းတွေ ပြန်တွေးမိသွားတယ်
Taeyeon မျက်လုံးကိုမှိတ်ထားပြီး Stephanieနဲ့ကုတင်ပေါ်က အကြောင်းတွေမတွေးမိအောင် ကြိုးစားနှင်ထုတ်နေသည်
"Taeyeon နေလို့မကောင်းဘူးလား "
Tiffanyကမေးပြီး Taeyeonရဲ့ ပေါင်ကို လာကိုင်ပြန်သည်
ဒီအမျိုးသမီးကတော့ Taeyeonကို ရူးအောင်လုပ်နေတာဘဲ
"မဟုတ်ပါဘူး ခေါင်းနည်းနည်းကိုက်လို့ "
"ဟော တို့အိမ်ကိုရောက်ပြီရယ် "
Tiffany စကားကြောင့် Taeyeonကြည့်လိုက်တော့ သူ့ကို Stephanieခေါ်လာခဲ့တဲ့နေရာ မဟုတ်လို့ စိတ်သက်သာရာရသွားတယ်
ရိုးရိုးရှင်းရှင်းအိမ်လေးပါဘဲ အိမ်ရှေ့ကပန်းအိုးလေးတွေရယ် အုတ်နီလေးတွေနဲ့ဆောက်ထားတဲ့ခေါင်မိုးရယ်
"တို့အိမ်ကနေ ကြိုဆိုပါတယ်ကွယ် "
Taeyeon အိမ်ထဲကို လိုက်ဝင်တော့ Tiffanyက တံခါးဖွင့်ပေးရင်း ကြိုဆိုလိုက်သည်
"သက်တောင့်သက်သာဘဲနေနော် တို့အဝတ်သွားလဲလိုက်အုံးမယ် ပြီးရင် ကော်ဖီဖျော်ပေးမယ် အယ် ခေါင်းကိုက်နေတာဆိုတော့ ကော်ဖီသောက်လို့အဆင်ပြေပါ့မလား လက်ဖက်ရည်သောက်မလား "
"ဟုတ် လက်ဖက်ရည်ဘဲ သောက်လိုက်မယ် ကျေးဇူးပါ Miss.Hwang "
Tiffany သူ့အခန်းထဲ ဝင်သွားတဲ့အထိ Taeyeon ရပ်ကြည့်နေမိသည်
ထို့နောက် ဆိုဖာတွင် ထိုင်ရင်း Tiffany ပြန်လာမယ့် အချိန်ကို Taeyeon စောင့်နေမိသည်
Taeyeon စောင့်ရင်း ဆိုဖာပေါ် အိပ်ပျော်သွားရာ မိုးတွေအရမ်းရွာတဲ့ အသံကြောင့် လန့်နိုးလာတယ်
Taeyeon ထပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ မိုးကတော်တော်လေး ရွာနေတာကို တွေ့လိုက်ရတယ်
ထိုစဥ် ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ ဘယ်သူမှရှိမနေပေ
နေပါအုံး သရဲခြောက်တာလားဟ ဘယ်သူမှလည်း မရှိဘူး
Taeyeonလည်း စိတ်ထဲမထားဘဲဲ ပြတင်းပေါက်ဘက်ကိုဘဲ ထပ်ကြည့်လိုက်စဥ် ခြေသံထပ်ကြားရပြန်သည်
ဒီတစ်ခါ လှည့်ကြည့်လိုက်တော့ Tiffany ဖြစ်နေသည်
Tiffanyက အနီရောင် ရေချိုးဝတ်စုံကို ဝတ်ထားတယ် အရမ်းဆွဲဆောင်မှုရှိလွန်းလို့ ခေါင်းကနေ ခြေဖျားအထိကြည့်မိပြီး Taeyeon တံတွေးမျိုချမိသွားတယ်
"ဟိတ် ဘာတွေကြည့်နေတာလည်း "
Tiffanyရဲ့စကားကြောင့် Taeyeon ရှက်ပြီး မျက်နှာတွေ နီရဲလာတယ်
"အပြင်မှာ မိုးတွေရွာနေတာဘဲ သတင်းဖွင့်ကြည့်လိုက်အုံးမယ် "
Tiffany ပြောပြီး Tv remoteကို ကောက်ကိုင်ကာ Tvဖွင့်လိုက်သည်
ထို့နောက် ဆိုဖာပေါ်တွင် ထိုင်လိုက်တော့ Taeyeonလည်း လိုက်ထိုင်မိသည်
ပြီးတော့ Taeyeonရဲ့ မျက်လုံးတွေက Tiffanyရဲ့ ရင်ဘတ်ပေါ်ကို ထပ်ရောက်ပြန်သည် အကြည့်လွှဲလို့ကိုမရပေ
Tiffanyလား Stephanieလား သိရအောင် စမ်းသပ်ကြည့်ရမလား
"Taeyeon တကယ်ရော အဆင်ပြေရဲ့လား "
Tiffanyရဲ့ စကားကြောင့် Taeyeon သတိဝင်လာသည်
"အယ် ပြေပါတယ် "
"ဟင့်အင်း မင်းကို ကြည့်ရတာ အဆင်ပြေတဲ့ပုံလည်း မပေါ်ဘူး ခေါင်းကိုက်နေတာကို တို့ကိုမပြောဘဲ ဖုံးကွယ်ထားတာ မဟုတ်လား "
"တကယ်က "
"ဒီမှာ ခဏအိပ်နေလိုက်လေ တို့ညစာပြင်လိုက်အုံးမယ် အပြင်မှာ မိုးတအားကြီးနေလို့ အန္တရာယ်များတယ်လို့ သတင်းကပြောတယ် ဒီတော့ မင်းကို အိမ်ပြန်ပို့ပေးဖို့က အဆင်ပြေမှာ မဟုတ်ဘူး "
တကယ်တော့ Miss Tiffanyက ပိုပြီး အန္တရာယ်ရှိတာပါ
Taeyeon စိတ်ထဲကနေ ပြောလိုက်မိသည်
"လာ ဒီမှာ လှဲနေလိုက် "
Taeyeonရဲ့လက်ကို ဆွဲပြီး Tiffany လှဲခိုင်းလိုက်သည်
"တို့ ညစာသွားပြင်ပြီနော် "
မီးဖိုခန်းဘက် ထွက်သွားတဲ့ Tiffanyကို Taeyeonစိုက်ကြည့်နေမိသည်
ထို့နောက် မျက်လုံးကို မှိတ်ထားပြီး မိုးသံတွေကို နားထောင်နေစဥ် ထပ်ပြီး ခြေသံတွေ ကြားရပြန်သည်
မျက်လုံးဖွင့်လိုက်တော့ ဘယ်သူမှရှိမနေပေ
"Miss Hwang "
Taeyeonကြောက်ပြီး Tiffanyရဲ့ နာမည်ကို အော်ခေါ်လိုက်သည်
"အင်း Taeyeon "
Tiffanyက မီးဖိုခန်းထဲကနေ လှမ်းထူးသည်
"အဲ့ဒီကို လာလို့ရလားဟင် "
"ဘာလို့လည်း အဲ့မှာနားနေလေ နာရီဝက်လောက်ဆို ညစာပြင်လို့ ပြီးမှာပါ "
"အာ ဟုတ်ကဲ့ "
သောက်ကျိုးတွေတော့ နည်းပြီ Miss Hwangနဲ့ ရင်းနှီးချင်လို့ လိုက်လာပါတယ်ဆို သရဲခြောက်ခံနေရလားမသိဘူး Miss Hwangကတော့ ငါ့ကို အရူးလို့ထင်တော့မယ်
T
aeyeon ရေရွတ်ရင်း ထပ်ပြီး အိပ်ပျော်သွားပြန်သည်
"Tae...ညစာရပြီ "
မီးဖိုခန်းထဲက Tiffanyရဲ့ အသံကြောင့် Taeyeon နိုးလာသည်
နောက်ဆုံးတော့ တစ်ယောက်တည်း စိတ်ခြောက်ခြားစရာမလိုတော့ဘူး
Taeyeonလည်း မီးဖိုခန်းဘက် အမြန်သွားလိုက်သည်
စားပွဲခုံပေါ်က စားသောက်စရာဖွယ်ဖွယ်ရာရာများကို ကြည့်ရင်း Taeyeon ပါးစပ်အဟောင်းသား ဖြစ်သွားတယ်
"wow စားကောင်းမယ့်ပုံဘဲ "
"ဒါပေါ့ တို့ချက်ထားတာ တို့လက်ရာဆိုတော့ စားကောင်းမှာပေါ့ "
Tiffanyက ပြောတော့ Taeyeon ပြုံးပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်
ထို့နောက် Tiffanyက Taeyeonရဲ့ ပန်းကန်ထဲ ဟင်းတွေထည့်ပေးလိုက်သည်
"စားလို့ကောင်းလား Taeyeon "
"စားလို့ကောင်းတယ် ကမ္ဘာပေါ်မှာ အမေ့လက်ရာပြီးရင် Miss Hwang လက်ရာက အကောင်းဆုံးဘဲ "
Taeyeonက ချီးကျူးတော့ Tiffanyကရယ်တယ်
"ပြောတတ်တယ်နော် "
နှစ်ယောက်သား ရယ်မောရင်း ညစာအတူစားလိုက်ကြသည်
ညစာစားပြီးနောက် မိုးကလည်း မတိတ်သေးသောကြောင့် Taeyeon ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်
"ဟိုလေ Miss Hwang မိုးတိတ်သွားရင်တော့ အိမ်ပြန်လိုက်မယ်နော် "
"အယ် ပြန်လို့မရပါဘူး မိုးတိတ်သွားလည်း လမ်းပေါ် မှောင်မဲပြီး ဘယ်သူမှမရှိဘူး အန္တရာယ်များတယ် Taeyeon မဖြစ်ဘူး တို့ မင်းကို တစ်ယောက်တည်းလွှတ်ဖို့ စိတ်မချဘူးရယ် တို့နဲ့အတူတူ အိပ်လိုက်တော့ "
Tiffanyရဲ့စကားကြောင့် Taeyeon ရေတွေ သီးကုန်သည်
#tbc
#zawgyi
Taeyeon ကားပြတင်းပေါက်ကနေ အပြင်ကိုဘဲ ကြည့်နေမိသည် Tiffanyကို စိုက်ကြည့်မိလေ Tiffanyရဲ့ အလှမှာ Taeyeon နစ်မြောသွားမိလို့ Taeyeon အကြည့်တွေကို လွှဲထားမိသည်
"အာ ဟုတ် ရပါတယ် "
"အာ ဟုတ် "
Taeyeonလည်း စိတ်ထဲမထားဘဲ ပြတင်းပေါက်ဘက်ကိုဘဲ ထပ်ကြည့်လိုက်စဉ် ခြေသံထပ်ကြားရပြန်သည်
"အယ် ပြေပါတယ် "
"တကယ်က "
"လာ ဒီမှာ လှဲနေလိုက် "
"Miss Hwang "
"အင်း Taeyeon "
"အာ ဟုတ်ကဲ့ "
T
"Tae...ညစာရပြီ "
"ပြောတတ်တယ်နော် "
#tbc
Bạn đang đọc truyện trên: Truyen3h.Co