Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 15

KimFany059


တော်သေးသည် အတန်းက နေ့လည် ၁နာရီမှ စမှာမို့လို့ မနက်ခင်း အလောတကြီး လုပ်စရာမလိုပေ

Tiffanyက Taeyeonကို အိမ်အထိလိုက်ပို့ပေးမယ်လို့ ပြောသော်လည်း Taeyeonက သူ့မိသားစုရော ဘေးပတ်ဝန်းကျင်တွေက တစ်မျိုးထင်မှာဆိုးလို့ မြို့ထဲကိုဘဲ လိုက်ပို့ပေးဖို့ ပြောလေသည်

ဘူတာရုံရှေ့ထိ လိုက်ပို့ပေးတဲ့ Tiffanyကို Taeyeon လက်ပြနှုတ်ဆက်လိုက်သ​ည်

ပြီးနောက် သူ့အိမ်ဘက်သို့ ထွက်လာသည်

Taeyeonကို အိမ်မှာ သော့ခတ်မထားဘဲဲ ပြန်လိုက်ပို့ပေးတယ်ဆိုတော့ Tiffanyက Stephanie မဖြစ်နိုင်လောက်ဘူးထင်တယ်

Taeyeon သံသယဝင်နေပေမယ့်လည်း Tiffanyအပေါ် ရှိနေတဲ့ သူ့ခံစားချက်တွေက တဖြည်းဖြည်းသန်မာကြီးထွားလာတယ်

သံသယတွေကြောင့် လေ့လာနေရာကနေ Tiffanyရဲ့ ဆွဲဆောင်မှုတွေက Taeyeonကို ယိမ်းယိုင်လာစေတယ်

အတွေးများစွာနဲ့ လမ်းလျှောက်လာရင်း Taeyeon သူ့အိမ်ကို ပြန်ရောက်လာမှန်းမသိပေ

"Yah Taeyeon မင်း ဘယ်သူ့အိမ်သွားအိပ်နေတာလည်း Hyoyeonဆီ ဖုန်းဆက်ကြည့်တာ သူ့ဆီလာမအိပ်ဘူးပြောတယ် "

Taeyeon ရဲ့အကိုမှာ Taeyeonကိုလည်း တွေ့ရော အိမ်ထဲက ထွက်လာသည်

"အာ တစ်ခြားသူငယ်ချင်းအိမ်မှာ အိပ်တာ "

Taeyeonကပြောတော့ သူ့အကိုက မယုံသက်ာနဲ့ မျက်ခုံးပင့်ကြည့်သည်

"Humm တကယ်လား ထားပါတော့လေ အမေက စိတ်ပူနေတယ် အမြန်သွားလိုက်အုံး "

Taeyeonမှာ သူ့မိဘတွေကို ပြန်ရောက်လာကြောင်း အသိပေးနှုတ်ဆက်ပြီးနောက် သူ့အခန်းထဲသို့ ပြေးဝင်သွားတယ်

"အားး တစ်ရက်လေး ခွဲရသေးတယ် လွမ်းလိုက်တာ အိပ်ရာလေးရယ် "

Taeyeon ကျောင်းကိုမသွားခင် ခဏလောက်အိပ်ဖို့ ဆုံးဖြတ်လိုက်သ​ည်

မိနစ်အနည်းငယ်ကြာတော့ ဝမ်းဗိုက်ထဲက တစ်ခုခုဖြစ်လာသလို Taeyeonခံစားလာရတယ်

ဝမ်းဗိုက်ထဲကနေ ပါးစပ်ထဲကို မြွေတစ်ကောင်ရောက်လာသလို တက်လာသလို Taeyeon ခံစားမိနေတယ်

Taeyeon အမြန်ထပြီး အိမ်သာဘက်ကိုပြေးလေသည်

သို့သော်လည်း လမ်းတစ်ဝက်မှာဘဲ Tiffany အိမ်မှာ စားထားတဲ့မနက်စာတွေအားလုံး အန်ဖတ်အဖြစ် Taeyeonရဲ့ အခန်းထဲတွင် ပြန့်ကြဲသွားလေသည်

"Shit တော်သေးတယ် အိပ်ရာပေါ်အန်မချမိလို့ "

"Damn it ဘာအစားမှားလို့လည်းမသိဘူး "

Taeyeon လည်း ကျောင်းမသွားခင် သူ့အခန်းထဲက အန်ဖတ်တွေကို သန့်ရှင်းရေးအမြန်လုပ်လေသည်

Taeyeon ကျောင်းကိုရောက်လာတော့ အတန်းဘက်လျှောက်လာစဥ် အန်ချင်လာလို့ နီးရာ လက်ဆေးကန်ဘက်ပြေးရသေးပြန်သ​ည်

"ထပ်ပြီး အန်ပြန်ပြီလား ဘာဖြစ်တာလည်း မသိဘူး "

Taeyeon အန်ပြီးနောက် ဘေစင်တွင် လက်ဆေးနေတုံး ဖုန်းမြည်လာသည်

ဘယ်သူလည်း ကြည့်တော့ သူ့သူငယ်ချင်း Hyoyeonဖြစ်နေတယ်

"နင်ဘယ်ရောက်နေတုံး Taeng "

"ကျောင်းရောက်နေပြီ နည်းနည်းတော့နောက်ကျမယ် "

"ဟဲ့ နင့်အသံက ဘာဖြစ်နေတာလည်း အဆင်ရော ပြေရဲ့လား ဒါနဲ့ နင်ငါ့ကို ရှင်းပြစရာရှိသေးတယ်နော်  "

"aww အေးပါ ပြီးရင်ပြောပြမယ် ခုဖုန်းချလိုက်တော့မယ်နော် "

"ဟေး နေပါ "

Taeyeonမှာ Hyoyeonစကားဆုံးတဲ့အထိ မစောင့်နိုင် ဖုန်းအမြန်ချပြီး တတိယအကြိမ်ထပ်အန်ပြန်သ​ည်

လေးခါလောက် အန်ပြီးနောက် Taeyeon ဘေစင်က မှန်ကိုကြည့်လိုက်တော့ သူ့မျက်နှာက ဇွန်ဘီတစ်ကောင်လို စုတ်ပြတ်သတ်နေသည်

Taeyeon အတန်းဘက်ကိုသွားစဥ် ပရော်ဖက်ဆာရဲ့အော်သံကို ကြားရလေသည် ကြည့်ရတာ ပရော်ဖက်ဆာက သူတို့အတန်းကို ဆူနေပုံရသည်

Taeyeonမှာ ဆယ့်ငါးမိနစ်နောက်ကျထားတော့ အတန်းထဲဝင်ရမှာကို ကြောက်နေသည်

ဆရာက ကျောက်သင်ပုန်းဘက်လှည့်သွားစဥ် Taeyeonမှာ အတန်းထဲသို့ ခိုးကြောင်ခိုးဝှက်နဲ့ အမြန်ဝင်လာသည်

Hyoyeonရဲ့နောက်မှာ ခုံတစ်ခုလွတ်နေတော့ ထိုနေရာတွင် Taeyeonဝင်ထိုင်လေသည်

ပြီးတော့ သူအတန်းထဲရောက်နေကြောင်းလည်း Hyoyeonရဲ့နောက်ကျောလေးကို ပုတ်ပြီး အချက်ပြလေသည်

"Taeng "

"ဘာလို့လည်း ဘာဖြစ်တာလည်း "

"ဆရာက စိတ်အခြေအနေမကောင်းဘူးဟ လာ ဘေးနားအမြန်လာထိုင် "

"ဟ သူရှေ့ကို ရုတ်တရက်လှည့်လာရင် မိသွားမှာပေါ့ဟ မလာချင်ဘူး "

Taeyeonလည်း ဆရာ ရှေ့ကိုပြန်မလှည့်လာလောက်သေးဘူးထင်ပြီး Hyoyeonဘေးနား ဝင်ထိုင်ဖို့လုပ်ကာမှ ရှေ့ကိုလှည့်လာတဲ့ ဆရာနဲ့ တည့်တိုးတွေ့လေသည်

ပရော်ဖက်ဆာက Taeyeonကို ဝါးစားလုမတတ်မျက်လုံးတွေနဲ့ စိုက်ကြည့်နေတော့ Hyoyeonမှာ သူမမြောက်ပေးတဲ့အတိုင်း မသိချင်ယောင်ဆောင်နေသည်

"Ms.Kim ဆရာတို့ အတန်းက နေ့လည် တစ်နာရီစတာမဟုတ်လား "

ပရော်ဖက်ဆာရဲ့စကားကြောင့် တစ်တန်းလုံးက Taeyeonကို ဝိုင်းကြည့်နေကြသည်

"ဟုတ်...ဟုတ်ပါတယ် ဆရာ "

"မင်း မိနစ်နှစ်ဆယ်တောင် နောက်ကျတယ်နော် ပြီးတော့ ငါ့ကို ခွင့်မတောင်းဘဲ အသိမပေးဘဲ ငါ့ခွင့်ပြုချက်မရှိဘဲ အတန်းထဲကို ခိုးကြောင်ခိုးဝှက်နဲ့ ဝင်လာတယ် ဟုတ်လား လေးစားသမှု မရှိတဲ့ ကျောင်းသားကျောင်းသူတွေကို ငါအရမ်းမုန်းတာဘဲ "

"ဆရာ...ဟိုလေ "

"အခုချက်ချင်း ရုံးခန်းကိုလိုက်ခဲ့ "

ဆရာမှာ ရုံးခန်းကိုခေါ်တော့ Hyoyeonမှာ အားနာနေတဲ့ မျက်ဝန်းတွေနဲ့ Taeyeonကို တောင်းပန်နေသည်

Taeyeonလည်း ဆရာရဲ့အနောက်ကို တိတ်တိတ်လေးလိုက်လာသည် ဘယ်လိုနေနေ ဆရာရဲ့စည်းကမ်းကိုတော့ လိုက်နာရမယ် မဟုတ်လား

ရုံးခန်းနားကိုရောက်တော့ Tiffanyကို တွေ့ရမလားဆိုတဲ့အသိစိတ်ကြောင့် Taeyeon နှလုံးခုန်သံတွေ မြန်လာသည်

Tiffanyကိုတွေ့ရရင်တော့ စကားပြောခွင့်လေးသာရရင် ဒေါသထွက်နေတဲ့ ပရော်ဖက်ဆာက ကြိုက်သလို အပြစ်ပေးပါစေ Taeyeon မမှုတော့ပေ

Taeyeon ရုံးခန်းထဲကိုရောက်တော့ Tiffanyကို လိုက်ရှာနေမိသည်

ကံကောင်းချင်တယ်လို့ပြောရမလားဘဲ အခုဒေါသထွက်နေတဲ့ ပရော်ဖက်ဆာရဲ့ဘေးနားမှာ Tiffanyရဲ့စားပွဲခုံကို တွေ့ရပြီး တစ်ခုခုကို ရေးနေတဲ့ Tiffanyကိုတွေ့ရသည်

"Hello Miss Hwang ကျွန်တော့်ကျောင်းသူလေးကို ဒီမှာ စာရွက်တွေ စီခိုင်းစစ်ဆေးခိုင်းမှာမို့လို့ စိတ်မရှိပါနဲ့နော် "

ဘုရားရေ တစ်ကျောင်းလုံးမှာ အချောဆုံးအလှဆုံး အလန်းဆုံးဖြစ်တဲ့ ဆရာမဘေးနားမှာ စာရွက်တွေစစ်ဆေးစီစစ်ရမှာ အပြစ်မှမဟုတ်တာ ဆုလာဘ်ကြီးဖြစ်နေပြီ

"Aww Taeyeonလေးလား သူကလည်း ကျွန်မရဲ့ ကျောင်းသူမို့လို့ သူ့ကိုမျက်စိဒေါက်ထောက်ကြည့်နေမှာပါ စိတ်မပူပါနဲ့ရှင် "

Tiffanyကပြောပြီး Taeyeonကို eyesmileလေးနဲ့ရယ်ပြနေတယ်

"ကျေးဇူးတင်ပါတယ် Miss Hwang...Miss Kim အလုပ်ကို သေချာလုပ်မယ်နော် "

"yes sir "

ပရော်ဖက်ဆာထွက်သွားတော့Taeyeonနဲ့ Tiffany နှစ်ယောက်ထဲသာ ရုံးခန်းထဲကျန်ခဲ့သည်

ဒီအချိန်က ဆရာတွေအတန်းသင်နေရချိန်မဟုတ်လား

"ဘာတွေများလုပ်လို့ အပြစ်ပေးခံရတာလည်း Taeyeon shii "

"အတန်းနောက်ကျလို့ အတန်းထဲခိုးဝင်တုံး သူမိသွားတာရယ် "

"ဟုတ်လား ပုံမှန်ဆို သူက လွယ်လွယ်နဲ့ဒေါသမထွက်တတ်ပါဘူး "

"ဟုတ်တယ် chaw အတန်းရှေ့ရောက်တော့ သူဆူနေတာကြားရတယ် အဲ့ကတည်းက စိတ်တိုနေတာနေမယ် "

"Aww အဲ့လိုလား "

Taeyeonမှာ ပရော်ဖက်ဆာပေးထားတဲ့ အလုပ်တွေလုပ်ရင်း Tiffanyကို ခိုးကြည့်နေမိသည်

မနေ့ညက သူတို့တကယ် အတူအိပ်ခဲ့တာလား အိမ်မက်လားဆိုတာ Taeyeonအခုထိ ဝေခွဲမရဖြစ်နေတယ်

"Taeyeon shii ဒီကို အပြစ်ပေးခံရလို့ ရောက်လာတာနော် တို့ကို ခိုးကြည့်ဖို့မဟုတ်ဘူး "

Taeyeonက သူ့ကိုခိုးကြည့်နေတာကို Tiffany သိသည်

Taeyeonမှာ Tiffanyစကားကြောင့် ရှက်ပြီး မျက်နှာလေးနီရဲလာသည်

#tbc

#zawgyi

ေတာ္ေသးသည္ အတန္းက ေန႕လည္ ၁နာရီမွ စမွာမို႔လို႔ မနက္ခင္း အေလာတႀကီး လုပ္စရာမလိုေပ

Tiffanyက Taeyeonကို အိမ္အထိလိုက္ပို႔ေပးမယ္လို႔ ေျပာေသာ္လည္း Taeyeonက သူ႕မိသားစုေရာ ေဘးပတ္ဝန္းက်င္ေတြက တစ္မ်ိဳးထင္မွာဆိုးလို႔ ၿမိဳ႕ထဲကိုဘဲ လိုက္ပို႔ေပးဖို႔ ေျပာေလသည္

ဘူတာ႐ုံေရွ႕ထိ လိုက္ပို႔ေပးတဲ့ Tiffanyကို Taeyeon လက္ျပႏႈတ္ဆက္လိုက္သည္

ၿပီးေနာက္ သူ႕အိမ္ဘက္သို႔ ထြက္လာသည္

Taeyeonကို အိမ္မွာ ေသာ့ခတ္မထားဘဲဲ ျပန္လိုက္ပို႔ေပးတယ္ဆိုေတာ့ Tiffanyက Stephanie မျဖစ္နိုင္ေလာက္ဘူးထင္တယ္

Taeyeon သံသယဝင္ေနေပမယ့္လည္း Tiffanyအေပၚ ရွိေနတဲ့ သူ႕ခံစားခ်က္ေတြက တျဖည္းျဖည္းသန္မာႀကီးထြားလာတယ္

သံသယေတြေၾကာင့္ ေလ့လာေနရာကေန Tiffanyရဲ႕ ဆြဲေဆာင္မႈေတြက Taeyeonကို ယိမ္းယိုင္လာေစတယ္

အေတြးမ်ားစြာနဲ႕ လမ္းေလွ်ာက္လာရင္း Taeyeon သူ႕အိမ္ကို ျပန္ေရာက္လာမွန္းမသိေပ

"Yah Taeyeon မင္း ဘယ္သူ႕အိမ္သြားအိပ္ေနတာလည္း Hyoyeonဆီ ဖုန္းဆက္ၾကည့္တာ သူ႕ဆီလာမအိပ္ဘူးေျပာတယ္ "

Taeyeon ရဲ႕အကိုမွာ Taeyeonကိုလည္း ေတြ႕ေရာ အိမ္ထဲက ထြက္လာသည္

"အာ တစ္ျခားသူငယ္ခ်င္းအိမ္မွာ အိပ္တာ "

Taeyeonကေျပာေတာ့ သူ႕အကိုက မယုံသက္ာနဲ႕ မ်က္ခုံးပင့္ၾကည့္သည္

"Humm တကယ္လား ထားပါေတာ့ေလ အေမက စိတ္ပူေနတယ္ အျမန္သြားလိုက္အုံး "

Taeyeonမွာ သူ႕မိဘေတြကို ျပန္ေရာက္လာေၾကာင္း အသိေပးႏႈတ္ဆက္ၿပီးေနာက္ သူ႕အခန္းထဲသို႔ ေျပးဝင္သြားတယ္

"အားး တစ္ရက္ေလး ခြဲရေသးတယ္ လြမ္းလိုက္တာ အိပ္ရာေလးရယ္ "

Taeyeon ေက်ာင္းကိုမသြားခင္ ခဏေလာက္အိပ္ဖို႔ ဆုံးျဖတ္လိုက္သည္

မိနစ္အနည္းငယ္ၾကာေတာ့ ဝမ္းဗိုက္ထဲက တစ္ခုခုျဖစ္လာသလို Taeyeonခံစားလာရတယ္

ဝမ္းဗိုက္ထဲကေန ပါးစပ္ထဲကို ေႁမြတစ္ေကာင္ေရာက္လာသလို တက္လာသလို Taeyeon ခံစားမိေနတယ္

Taeyeon အျမန္ထၿပီး အိမ္သာဘက္ကိုေျပးေလသည္

သို႔ေသာ္လည္း လမ္းတစ္ဝက္မွာဘဲ Tiffany အိမ္မွာ စားထားတဲ့မနက္စာေတြအားလုံး အန္ဖတ္အျဖစ္ Taeyeonရဲ႕ အခန္းထဲတြင္ ျပန့္ႀကဲသြားေလသည္

"Shit ေတာ္ေသးတယ္ အိပ္ရာေပၚအန္မခ်မိလို႔ "

"Damn it ဘာအစားမွားလို႔လည္းမသိဘူး "

Taeyeon လည္း ေက်ာင္းမသြားခင္ သူ႕အခန္းထဲက အန္ဖတ္ေတြကို သန့္ရွင္းေရးအျမန္လုပ္ေလသည္

Taeyeon ေက်ာင္းကိုေရာက္လာေတာ့ အတန္းဘက္ေလွ်ာက္လာစဥ္ အန္ခ်င္လာလို႔ နီးရာ လက္ေဆးကန္ဘက္ေျပးရေသးျပန္သည္

"ထပ္ၿပီး အန္ျပန္ၿပီလား ဘာျဖစ္တာလည္း မသိဘူး "

Taeyeon အန္ၿပီးေနာက္ ေဘစင္တြင္ လက္ေဆးေနတုံး ဖုန္းျမည္လာသည္

ဘယ္သူလည္း ၾကည့္ေတာ့ သူ႕သူငယ္ခ်င္း Hyoyeonျဖစ္ေနတယ္

"နင္ဘယ္ေရာက္ေနတုံး Taeng "

"ေက်ာင္းေရာက္ေနၿပီ နည္းနည္းေတာ့ေနာက္က်မယ္ "

"ဟဲ့ နင့္အသံက ဘာျဖစ္ေနတာလည္း အဆင္ေရာ ေျပရဲ႕လား ဒါနဲ႕ နင္ငါ့ကို ရွင္းျပစရာရွိေသးတယ္ေနာ္  "

"aww ေအးပါ ၿပီးရင္ေျပာျပမယ္ ခုဖုန္းခ်လိဳက္ေတာ့မယ္ေနာ္ "

"ေဟး ေနပါ "

Taeyeonမွာ Hyoyeonစကားဆုံးတဲ့အထိ မေစာင့္နိုင္ ဖုန္းအျမန္ခ်ၿပီး တတိယအႀကိမ္ထပ္အန္ျပန္သည္

ေလးခါေလာက္ အန္ၿပီးေနာက္ Taeyeon ေဘစင္က မွန္ကိုၾကည့္လိုက္ေတာ့ သူ႕မ်က္ႏွာက ဇြန္ဘီတစ္ေကာင္လို စုတ္ျပတ္သတ္ေနသည္

Taeyeon အတန္းဘက္ကိုသြားစဥ္ ပေရာ္ဖက္ဆာရဲ႕ေအာ္သံကို ၾကားရေလသည္ ၾကည့္ရတာ ပေရာ္ဖက္ဆာက သူတို႔အတန္းကို ဆူေနပုံရသည္

Taeyeonမွာ ဆယ့္ငါးမိနစ္ေနာက္က်ထားေတာ့ အတန္းထဲဝင္ရမွာကို ေၾကာက္ေနသည္

ဆရာက ေက်ာက္သင္ပုန္းဘက္လွည့္သြားစဥ္ Taeyeonမွာ အတန္းထဲသို႔ ခိုးေၾကာင္ခိုးဝွက္နဲ႕ အျမန္ဝင္လာသည္

Hyoyeonရဲ႕ေနာက္မွာ ခုံတစ္ခုလြတ္ေနေတာ့ ထိုေနရာတြင္ Taeyeonဝင္ထိုင္ေလသည္

ၿပီးေတာ့ သူအတန္းထဲေရာက္ေနေၾကာင္းလည္း Hyoyeonရဲ႕ေနာက္ေက်ာေလးကို ပုတ္ၿပီး အခ်က္ျပေလသည္

"Taeng "

"ဘာလို႔လည္း ဘာျဖစ္တာလည္း "

"ဆရာက စိတ္အေျခအေနမေကာင္းဘူးဟ လာ ေဘးနားအျမန္လာထိုင္ "

"ဟ သူေရွ႕ကို ႐ုတ္တရက္လွည့္လာရင္ မိသြားမွာေပါ့ဟ မလာခ်င္ဘူး "

Taeyeonလည္း ဆရာ ေရွ႕ကိုျပန္မလွည့္လာေလာက္ေသးဘူးထင္ၿပီး Hyoyeonေဘးနား ဝင္ထိုင္ဖို႔လုပ္ကာမွ ေရွ႕ကိုလွည့္လာတဲ့ ဆရာနဲ႕ တည့္တိုးေတြ႕ေလသည္

ပေရာ္ဖက္ဆာက Taeyeonကို ဝါးစားလုမတတ္မ်က္လုံးေတြနဲ႕ စိုက္ၾကည့္ေနေတာ့ Hyoyeonမွာ သူမေျမာက္ေပးတဲ့အတိုင္း မသိခ်င္ေယာင္ေဆာင္ေနသည္

"Ms.Kim ဆရာတို႔ အတန္းက ေန႕လည္ တစ္နာရီစတာမဟုတ္လား "

ပေရာ္ဖက္ဆာရဲ႕စကားေၾကာင့္ တစ္တန္းလုံးက Taeyeonကို ဝိုင္းၾကည့္ေနၾကသည္

"ဟုတ္...ဟုတ္ပါတယ္ ဆရာ "

"မင္း မိနစ္ႏွစ္ဆယ္ေတာင္ ေနာက္က်တယ္ေနာ္ ၿပီးေတာ့ ငါ့ကို ခြင့္မေတာင္းဘဲ အသိမေပးဘဲ ငါ့ခြင့္ျပဳခ်က္မရွိဘဲ အတန္းထဲကို ခိုးေၾကာင္ခိုးဝွက္နဲ႕ ဝင္လာတယ္ ဟုတ္လား ေလးစားသမႈ မရွိတဲ့ ေက်ာင္းသားေက်ာင္းသူေတြကို ငါအရမ္းမုန္းတာဘဲ "

"ဆရာ...ဟိုေလ "

"အခုခ်က္ခ်င္း ႐ုံးခန္းကိုလိုက္ခဲ့ "

ဆရာမွာ ႐ုံးခန္းကိုေခၚေတာ့ Hyoyeonမွာ အားနာေနတဲ့ မ်က္ဝန္းေတြနဲ႕ Taeyeonကို ေတာင္းပန္ေနသည္

Taeyeonလည္း ဆရာရဲ႕အေနာက္ကို တိတ္တိတ္ေလးလိုက္လာသည္ ဘယ္လိုေနေန ဆရာရဲ႕စည္းကမ္းကိုေတာ့ လိုက္နာရမယ္ မဟုတ္လား

႐ုံးခန္းနားကိုေရာက္ေတာ့ Tiffanyကို ေတြ႕ရမလားဆိုတဲ့အသိစိတ္ေၾကာင့္ Taeyeon ႏွလုံးခုန္သံေတြ ျမန္လာသည္

Tiffanyကိုေတြ႕ရရင္ေတာ့ စကားေျပာခြင့္ေလးသာရရင္ ေဒါသထြက္ေနတဲ့ ပေရာ္ဖက္ဆာက ႀကိဳက္သလို အျပစ္ေပးပါေစ Taeyeon မမႈေတာ့ေပ

Taeyeon ႐ုံးခန္းထဲကိုေရာက္ေတာ့ Tiffanyကို လိုက္ရွာေနမိသည္

ကံေကာင္းခ်င္တယ္လို႔ေျပာရမလားဘဲ အခုေဒါသထြက္ေနတဲ့ ပေရာ္ဖက္ဆာရဲ႕ေဘးနားမွာ Tiffanyရဲ႕စားပြဲခုံကို ေတြ႕ရၿပီး တစ္ခုခုကို ေရးေနတဲ့ Tiffanyကိုေတြ႕ရသည္

"Hello Miss Hwang ကြၽန္ေတာ့္ေက်ာင္းသူေလးကို ဒီမွာ စာ႐ြက္ေတြ စီခိုင္းစစ္ေဆးခိုင္းမွာမို႔လို႔ စိတ္မရွိပါနဲ႕ေနာ္ "

ဘုရားေရ တစ္ေက်ာင္းလုံးမွာ အေခ်ာဆုံးအလွဆုံး အလန္းဆုံးျဖစ္တဲ့ ဆရာမေဘးနားမွာ စာ႐ြက္ေတြစစ္ေဆးစီစစ္ရမွာ အျပစ္မွမဟုတ္တာ ဆုလာဘ္ႀကီးျဖစ္ေနၿပီ

"Aww Taeyeonေလးလား သူကလည္း ကြၽန္မရဲ႕ ေက်ာင္းသူမို႔လို႔ သူ႕ကိုမ်က္စိေဒါက္ေထာက္ၾကည့္ေနမွာပါ စိတ္မပူပါနဲ႕ရွင္ "

Tiffanyကေျပာၿပီး Taeyeonကို eyesmileေလးနဲ႕ရယ္ျပေနတယ္

"ေက်းဇူးတင္ပါတယ္ Miss Hwang...Miss Kim အလုပ္ကို ေသခ်ာလုပ္မယ္ေနာ္ "

"yes sir "

ပေရာ္ဖက္ဆာထြက္သြားေတာ့Taeyeonနဲ႕ Tiffany ႏွစ္ေယာက္ထဲသာ ႐ုံးခန္းထဲက်န္ခဲ့သည္

ဒီအခ်ိန္က ဆရာေတြအတန္းသင္ေနရခ်ိန္မဟုတ္လား

"ဘာေတြမ်ားလုပ္လို႔ အျပစ္ေပးခံရတာလည္း Taeyeon shii "

"အတန္းေနာက္က်လိဳ႕ အတန္းထဲခိုးဝင္တုံး သူမိသြားတာရယ္ "

"ဟုတ္လား ပုံမွန္ဆို သူက လြယ္လြယ္နဲ႕ေဒါသမထြက္တတ္ပါဘူး "

"ဟုတ္တယ္ chaw အတန္းေရွ႕ေရာက္ေတာ့ သူဆူေနတာၾကားရတယ္ အဲ့ကတည္းက စိတ္တိုေနတာေနမယ္ "

"Aww အဲ့လိုလား "

Taeyeonမွာ ပေရာ္ဖက္ဆာေပးထားတဲ့ အလုပ္ေတြလုပ္ရင္း Tiffanyကို ခိုးၾကည့္ေနမိသည္

မေန႕ညက သူတို႔တကယ္ အတူအိပ္ခဲ့တာလား အိမ္မက္လားဆိုတာ Taeyeonအခုထိ ေဝခြဲမရျဖစ္ေနတယ္

"Taeyeon shii ဒီကို အျပစ္ေပးခံရလို႔ ေရာက္လာတာေနာ္ တို႔ကို ခိုးၾကည့္ဖို႔မဟုတ္ဘူး "

Taeyeonက သူ႕ကိုခိုးၾကည့္ေနတာကို Tiffany သိသည္

Taeyeonမွာ Tiffanyစကားေၾကာင့္ ရွက္ၿပီး မ်က္ႏွာေလးနီရဲလာသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co