Part 16
Taeyeon စာရွက်တွေ စစ်ဆေးနေရင်း ရုတ်တရက် လည်ပင်းထဲတစ်ဆို့လာသလို ခံစားရပြန်သည်
Oh come on အန်ချင်ပြန်ပြီလားမသိဘူး
Taeyeonမှာ အသက်ဝဝရှုပြီး မအန်မိအောင်ထိန်းနေသည်
နှုတ်ခမ်းကိုဖိကိုက်ထားရင် အရေးပေါ်ဖြစ်လာရင် ပြေးအန်ရမယ့် နေရာကိုလည်း လိုက်ရှာနေမိသည်
ကံကောင်းတယ်ပြောရမလား ဆရာတွေရုံးခန်းထဲ အိမ်သာလေးရှိတယ်
"အဆင်ပြေရဲ့လား Tae..."
Tiffanyက Taeyeonကို လှမ်းမေးတယ်
"အာ ဟုတ် "
"သေချာလို့လား "
Taeyeonမှာ Tiffany ထပ်မေးတာကို ပြန်မဖြေနိုင်ဘဲ ရုံးခန်းထဲက အိမ်သာထဲပြေးကာ ဘေစင်ထဲတွင် ခေါင်းစိုက်လိုက်သည်
Tiffanyကလည်း ပြေးလိုက်လာပြီး Taeyeonရဲ့နောက်ကျောကို နှိပ်ပေးသည်
Miss Hwangက ထူးဆန်းနေသလိုဘဲ ငါအန်နေတာကို ဘာတစ်ခွန်းမှလည်း မမေးဘူး ဒါမှမဟုတ် ငါအန်လို့ ပြီးတဲ့အချိန်ထိ စောင့်နေတာလား
Taeyeonမှာ အန်ပြီးနောက် ခေါင်းပြန်ထောင်လာတော့ မှန်ထဲကနေ သူ့ကို မျက်တောင်တောင်မခတ်ဘဲ စိုက်ကြည့်နေတဲ့ Tiffanyကို တွေ့ရလေသည်
အဲ့အကြည့်တွေက Taeyeonကို... တစ်စုံတစ်ယောက်ကို သတိရစေတယ်
"ရှင်...ရှင်ရော Stephanie စားပြီးပြီလား "
"Stephanie? မင်း တို့ကို Stephanieလို့ ခေါ်လိုက်တာလား "
Tiffany မျက်တောင်တောင်မခက်ဘဲ Taeyeonကို မေးလိုက်သည်
Tiffanyရဲ့ တုံ့ပြန်မှုက အံ့သြနေတာလား ဒေါသထွက်နေတာလား စိတ်ရှုပ်နေတာလားဆိုတာ Taeyeon ပုံဖော်မရပေ
"အာ...ဟုတ် ဟုတ်တယ် မကြိုက်လို့လား Chawက ဒီအတိုင်း "
Taeyeon ကြောက်ပြီး ချွေးတွေထွက်ကာ စကားထစ်နေစဥ် Tiffanyမှာ သံသယဝင်စရာအပြုံးကြီးနဲ့ထပ်ပြုံးပြပြန်သည်
"မဟုတ်တာ တို့ကြိုက်ပါတယ် "
Tiffanyကပြောပြီး Taeyeonရဲ့နှုတ်ခမ်းလေးကို ပြွတ်ခနဲနမ်းလိုက်တယ်
Taeyeonမှာ အံ့သြသွားတယ် ထိုစဥ် မှန်ထဲကနေ Tiffanyရဲ့ မျက်လုံးက အညိုရောင်ပြောင်းသွားတာကို Taeyeonမြင်လိုက်ရတယ်
Taeyeon အမြင်မှားတာများလား အညိုရောင် မျက်ဝန်းဆိုတာ Stephanieရဲ့ မျက်ဝန်းတွေလေ
Taeyeon နောက်တစ်ခေါက်ပြန်ကြည့်တဲ့အခါမှာတော့ မျက်လုံး အနက်ရောင်ဖြစ်နေတာကို တွေ့လိုက်ရတယ်
Taeyeon အတန်းထဲကို ပြန်ရောက်တဲ့အထိ Tiffanyရဲ့ အပြုအမူတွေက ထူးဆန်းလွန်းနေတယ်
"Hyo.."
Tiffanyရဲ့ lectureတွေ နားထောင်နေတဲ့ HyoyeonကိုHyoyeonကို Taeyeonခေါ်လိုက်သည်
"အင်း "
Hyoyeon ပြန်ထူးပေမယ့် အကြည့်တွေကတော့ Tiffanyဆီမှာပင်
"ငါမေးစရာလေးရှိလို့ "
"ဘာများလည်း "
"ခဏခဏ အန်တဲ့အခါလေ အဲ့တာဘာဖြစ်လို့လည်း "
"ဟမ် နင် ကိုယ်ဝန်ရှိနေတာလား "
Hyoyeon လန့်ပြီး ထအော်လိုက်သောကြောင့် တစ်တန်းလုံးရော Tiffanyကပါ သူတို့နှစ်ယောက်ကို ကြည့်နေကြသည်
"Oh the fuck "
Taeyeonမှာ Hyoyeonကို ပါးစပ်ပိတ်ဖို့ ခြေထောက်နဲ့တက်နင်းလေသည်
"ဘာတွေဖြစ်နေကြတာလည်း Miss Kimတို့ "
Tiffany လေသံက ခပ်မာမာဖြစ်နေတယ်
"ဘာ ဘာမှမဟုတ်ပါဘူး "
"စာသင်တာကို အာရုံစိုက်ပါ ဆော့မနေနဲ့ "
Tiffany က Taeyeonတို့ကို ဟောက်ပြီး ရှေ့ကို ပြန်လှည့်သွားတယ်
"နင် ဘာလို့အော်ရတာလည်း "
"နင် တကယ်ကိုယ်ဝန်ရှိနေတာလား ကလေးအဖေက ဘယ်သူလည်း '
Taeyeon သူ့သူငယ်ချင်းမျက်နှာကို ထိုးချင်စိတ်တွေ ဖြစ်လာတယ်
"ငါကိုယ်ဝန်ရှိနေတာ မဟုတ်ဘူးဟဲ့ ဒီအတိုင်းမေးကြည့်တာ "
"Aww အင်းပါ တော်သေးတာပေါ့ "
Hyoyeonကို မေးလိုက်မိမှာ ဆယ်ပါးမှောက်ကုန်ပြီဆိုပြီး Taeyeon သက်ပြင်းချလိုက်သည်
အတန်းချိန်က ထင်ထားတာထက် စောပြီးနေလို့ Taeyeon အံ့သြနေတယ်
Tiffanyက ဘာလို့ အတန်းကို အစောကြီး ဆင်းပေးရတာလည်း သူ နေမကောင်းလို့လား
အတန်းမစခင်ကတည်းက သူ့ပုံစံက တစ်ခုခုဖြစ်နေတာ ဘာများဖြစ်လို့ပါလိမ့်
"Taeyeon shii"
Tiffanyက သူ့ပခုံးကို လာပုတ်ပြီးခေါ်သောကြောင့် Taeyeon ပစ္စည်းတွေ သိမ်းရာက လှည့်ကြည့်လိုက်သည်
"ဟုတ် Miss Hwang "
"တို့ကို ဌာနရုံးခန်းမှာ လာတွေ့ပေးပါ "
Tiffanyရဲ့အသံက နေမကောင်းဖြစ်နေတာနဲ့ တူနေသည်
"အဆင်ပြေရဲ့လား Miss Hwang "
Tiffanyကို ကြည့်ရတာ အဆင်မပြေနေတာမို့လို့ Taeyeon စိတ်ပူပြီး မေးလိုက်သည်
"humm တို့ အဲ့ဒီမှာ မင်းကို စောင့်နေမယ် "
Tiffanyက Taeyeonရဲ့အကြည့်တွေကို ရှောင်လွဲပြီး ထွက်သွားတယ်
Tiffany ထွက်သွားတာကို Taeyeon စိုက်ကြည့်နေမိသည်
တစ်ခုခုများ မှားနေတာလား သူ့ပုံစံက အရမ်း ထူးဆန်းလွန်းတယ် တစ်ခြားတစ်ယောက်လို ပြောင်းလဲနေသလိုဘဲ
"Hyo ငါ Miss Hwangနဲ့ တွေ့ရအုံးမှာမို့လို့ နင်အရင်ပြန်နှင့် "
"oh ငါ့ Taengလေးကတော့ အကွက်ရွေ့နေပြီဟေ့ "
"Ohh ပါးစပ်ပိတ်ထားစမ်းပါ "
" Taeng စိတ်မပူပါနဲ့ နင့်အတွက်ဆို သူ့ကိုလည်း ငါသဘောကျပါတယ် Fighting "
"bye "
Taeyeonလည်း သူ့သူငယ်ချင်းကို နှုတ်ဆက်ပြီး ကျောပိုးအိတ် လွယ်ကာ ထွက်လာလိုက်သည်
"Miss Hwang "
Taeyeon ချိန်းထားတဲ့အခန်းထဲရောက်တော့ သူ့ကိုဆူတော့မယ့်ရုပ်နဲ့ ကြည့်နေတဲ့ Tiffanyကို တွေ့ရသည်
"ရောက်လာပြီလား ထိုင်ပါအုံး "
Taeyeonလည်း Tiffanyနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်
ဒီနေ့ကြမှ လေထုကလည်း ဘာလို့ထူးဆန်းနေတယ်မသိပေ....
"Chawကို ပြောစရာရှိလို့လား Miss Hwang "
Taeyeonရဲ့ စကားကြောင့် Tiffany သက်ပြင်းချမိလိုက်သည်
"တို့မေးတာ သေချာလေး အမှန်တိုင် ဖြေပေးပါ "
"ဟုတ် ဖြေပေးပါမယ် "
Taeyeonရဲ့ လက်ကို Tiffany ဆွဲကိုင်ပြီး
"Taeyeon "
"ဟုတ် "
"မင်း ကိုယ်ဝန်ရှိနေတာလား "
#tbc
#zawgyi
Taeyeon စာ႐ြက္ေတြ စစ္ေဆးေနရင္း ႐ုတ္တရက္ လည္ပင္းထဲတစ္ဆို႔လာသလို ခံစားရျပန္သည္
Oh come on အန္ခ်င္ျပန္ၿပီလားမသိဘူး
Taeyeonမွာ အသက္ဝဝရႈၿပီး မအန္မိေအာင္ထိန္းေနသည္
ႏႈတ္ခမ္းကိုဖိကိုက္ထားရင္ အေရးေပၚျဖစ္လာရင္ ေျပးအန္ရမယ့္ ေနရာကိုလည္း လိုက္ရွာေနမိသည္
ကံေကာင္းတယ္ေျပာရမလား ဆရာေတြ႐ုံးခန္းထဲ အိမ္သာေလးရွိတယ္
"အဆင္ေျပရဲ႕လား Tae..."
Tiffanyက Taeyeonကို လွမ္းေမးတယ္
"အာ ဟုတ္ "
"ေသခ်ာလို႔လား "
Taeyeonမွာ Tiffany ထပ္ေမးတာကို ျပန္မေျဖနိုင္ဘဲ ႐ုံးခန္းထဲက အိမ္သာထဲေျပးကာ ေဘစင္ထဲတြင္ ေခါင္းစိုက္လိုက္သည္
Tiffanyကလည္း ေျပးလိုက္လာၿပီး Taeyeonရဲ႕ေနာက္ေက်ာကို ႏွိပ္ေပးသည္
Miss Hwangက ထူးဆန္းေနသလိုဘဲ ငါအန္ေနတာကို ဘာတစ္ခြန္းမွလည္း မေမးဘူး ဒါမွမဟုတ္ ငါအန္လို႔ ၿပီးတဲ့အခ်ိန္ထိ ေစာင့္ေနတာလား
Taeyeonမွာ အန္ၿပီးေနာက္ ေခါင္းျပန္ေထာင္လာေတာ့ မွန္ထဲကေန သူ႕ကို မ်က္ေတာင္ေတာင္မခတ္ဘဲ စိုက္ၾကည့္ေနတဲ့ Tiffanyကို ေတြ႕ရေလသည္
အဲ့အၾကည့္ေတြက Taeyeonကို... တစ္စုံတစ္ေယာက္ကို သတိရေစတယ္
"ရွင္...ရွင္ေရာ Stephanie စားၿပီးၿပီလား "
"Stephanie? မင္း တို႔ကို Stephanieလို႔ ေခၚလိုက္တာလား "
Tiffany မ်က္ေတာင္ေတာင္မခက္ဘဲ Taeyeonကို ေမးလိုက္သည္
Tiffanyရဲ႕ တုံ႕ျပန္မႈက အံ့ၾသေနတာလား ေဒါသထြက္ေနတာလား စိတ္ရႈပ္ေနတာလားဆိုတာ Taeyeon ပုံေဖာ္မရေပ
"အာ...ဟုတ္ ဟုတ္တယ္ မႀကိဳက္လို႔လား Chawက ဒီအတိုင္း "
Taeyeon ေၾကာက္ၿပီး ေခြၽးေတြထြက္ကာ စကားထစ္ေနစဥ္ Tiffanyမွာ သံသယဝင္စရာအၿပဳံးႀကီးနဲ႕ထပ္ၿပဳံးျပျပန္သည္
"မဟုတ္တာ တို႔ႀကိဳက္ပါတယ္ "
Tiffanyကေျပာၿပီး Taeyeonရဲ႕ႏႈတ္ခမ္းေလးကို ႁပြတ္ခနဲနမ္းလိုက္တယ္
Taeyeonမွာ အံ့ၾသသြားတယ္ ထိုစဥ္ မွန္ထဲကေန Tiffanyရဲ႕ မ်က္လုံးက အညိုေရာင္ေျပာင္းသြားတာကို Taeyeonျမင္လိုက္ရတယ္
Taeyeon အျမင္မွားတာမ်ားလား အညိုေရာင္ မ်က္ဝန္းဆိုတာ Stephanieရဲ႕ မ်က္ဝန္းေတြေလ
Taeyeon ေနာက္တစ္ေခါက္ျပန္ၾကည့္တဲ့အခါမွာေတာ့ မ်က္လုံး အနက္ေရာင္ျဖစ္ေနတာကို ေတြ႕လိုက္ရတယ္
Taeyeon အတန္းထဲကို ျပန္ေရာက္တဲ့အထိ Tiffanyရဲ႕ အျပဳအမူေတြက ထူးဆန္းလြန္းေနတယ္
"Hyo.."
Tiffanyရဲ႕ lectureေတြ နားေထာင္ေနတဲ့ HyoyeonကိုHyoyeonကို Taeyeonေခၚလိုက္သည္
"အင္း "
Hyoyeon ျပန္ထူးေပမယ့္ အၾကည့္ေတြကေတာ့ Tiffanyဆီမွာပင္
"ငါေမးစရာေလးရွိလို႔ "
"ဘာမ်ားလည္း "
"ခဏခဏ အန္တဲ့အခါေလ အဲ့တာဘာျဖစ္လို႔လည္း "
"ဟမ္ နင္ ကိုယ္ဝန္ရွိေနတာလား "
Hyoyeon လန့္ၿပီး ထေအာ္လိုက္ေသာေၾကာင့္ တစ္တန္းလုံးေရာ Tiffanyကပါ သူတို႔ႏွစ္ေယာက္ကို ၾကည့္ေနၾကသည္
"Oh the fuck "
Taeyeonမွာ Hyoyeonကို ပါးစပ္ပိတ္ဖို႔ ေျခေထာက္နဲ႕တက္နင္းေလသည္
"ဘာေတြျဖစ္ေနၾကတာလည္း Miss Kimတို႔ "
Tiffany ေလသံက ခပ္မာမာျဖစ္ေနတယ္
"ဘာ ဘာမွမဟုတ္ပါဘူး "
"စာသင္တာကို အာ႐ုံစိုက္ပါ ေဆာ့မေနနဲ႕ "
Tiffany က Taeyeonတို႔ကို ေဟာက္ၿပီး ေရွ႕ကို ျပန္လွည့္သြားတယ္
"နင္ ဘာလို႔ေအာ္ရတာလည္း "
"နင္ တကယ္ကိုယ္ဝန္ရွိေနတာလား ကေလးအေဖက ဘယ္သူလည္း '
Taeyeon သူ႕သူငယ္ခ်င္းမ်က္ႏွာကို ထိုးခ်င္စိတ္ေတြ ျဖစ္လာတယ္
"ငါကိုယ္ဝန္ရွိေနတာ မဟုတ္ဘူးဟဲ့ ဒီအတိုင္းေမးၾကည့္တာ "
"Aww အင္းပါ ေတာ္ေသးတာေပါ့ "
Hyoyeonကို ေမးလိုက္မိမွာ ဆယ္ပါးေမွာက္ကုန္ၿပီဆိုၿပီး Taeyeon သက္ျပင္းခ်လိဳက္သည္
အတန္းခ်ိန္က ထင္ထားတာထက္ ေစာၿပီးေနလို႔ Taeyeon အံ့ၾသေနတယ္
Tiffanyက ဘာလို႔ အတန္းကို အေစာႀကီး ဆင္းေပးရတာလည္း သူ ေနမေကာင္းလို႔လား
အတန္းမစခင္ကတည္းက သူ႕ပုံစံက တစ္ခုခုျဖစ္ေနတာ ဘာမ်ားျဖစ္လို႔ပါလိမ့္
"Taeyeon shii"
Tiffanyက သူ႕ပခုံးကို လာပုတ္ၿပီးေခၚေသာေၾကာင့္ Taeyeon ပစၥည္းေတြ သိမ္းရာက လွည့္ၾကည့္လိုက္သည္
"ဟုတ္ Miss Hwang "
"တို႔ကို ဌာန႐ုံးခန္းမွာ လာေတြ႕ေပးပါ "
Tiffanyရဲ႕အသံက ေနမေကာင္းျဖစ္ေနတာနဲ႕ တူေနသည္
"အဆင္ေျပရဲ႕လား Miss Hwang "
Tiffanyကို ၾကည့္ရတာ အဆင္မေျပေနတာမို႔လို႔ Taeyeon စိတ္ပူၿပီး ေမးလိုက္သည္
"humm တို႔ အဲ့ဒီမွာ မင္းကို ေစာင့္ေနမယ္ "
Tiffanyက Taeyeonရဲ႕အၾကည့္ေတြကို ေရွာင္လြဲၿပီး ထြက္သြားတယ္
Tiffany ထြက္သြားတာကို Taeyeon စိုက္ၾကည့္ေနမိသည္
တစ္ခုခုမ်ား မွားေနတာလား သူ႕ပုံစံက အရမ္း ထူးဆန္းလြန္းတယ္ တစ္ျခားတစ္ေယာက္လို ေျပာင္းလဲေနသလိုဘဲ
"Hyo ငါ Miss Hwangနဲ႕ ေတြ႕ရအုံးမွာမို႔လို႔ နင္အရင္ျပန္ႏွင့္ "
"oh ငါ့ Taengေလးကေတာ့ အကြက္ေ႐ြ႕ေနၿပီေဟ့ "
"Ohh ပါးစပ္ပိတ္ထားစမ္းပါ "
" Taeng စိတ္မပူပါနဲ႕ နင့္အတြက္ဆို သူ႕ကိုလည္း ငါသေဘာက်ပါတယ္ Fighting "
"bye "
Taeyeonလည္း သူ႕သူငယ္ခ်င္းကို ႏႈတ္ဆက္ၿပီး ေက်ာပိုးအိတ္ လြယ္ကာ ထြက္လာလိုက္သည္
"Miss Hwang "
Taeyeon ခ်ိန္းထားတဲ့အခန္းထဲေရာက္ေတာ့ သူ႕ကိုဆူေတာ့မယ့္႐ုပ္နဲ႕ ၾကည့္ေနတဲ့ Tiffanyကို ေတြ႕ရသည္
"ေရာက္လာၿပီလား ထိုင္ပါအုံး "
Taeyeonလည္း Tiffanyနဲ႕ မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္လိုက္သည္
ဒီေန႕ၾကမွ ေလထုကလည္း ဘာလို႔ထူးဆန္းေနတယ္မသိေပ....
"Chawကို ေျပာစရာရွိလို႔လား Miss Hwang "
Taeyeonရဲ႕ စကားေၾကာင့္ Tiffany သက္ျပင္းခ်မိလိုက္သည္
"တို႔ေမးတာ ေသခ်ာေလး အမွန္တိုင္ ေျဖေပးပါ "
"ဟုတ္ ေျဖေပးပါမယ္ "
Taeyeonရဲ႕ လက္ကို Tiffany ဆြဲကိုင္ၿပီး
"Taeyeon "
"ဟုတ္ "
"မင္း ကိုယ္ဝန္ရွိေနတာလား "
#tbc
Bạn đang đọc truyện trên: Truyen3h.Co