Part 20
"Taeng နင်အဆင်ပြေနေရဲ့လား နင့်စိတ်တွေ အာကာသဆီရောက်နေတာလား "
Hyoyeon က သူ့လက်မောင်းကို ရိုက်ပြီးပြောလို့ စာသင်ခန်းထဲက Taeyeon သတိပြန်ဝင်လာတယ်
ဆေးခန်းက ပြန်လာပေမယ့်လည်း စာသင်ခန်းထဲရောက်နေတာတောင် Tiffanyအကြောင်းတွေဘဲ Taeyeon တွေးနေမိတယ်လေ
"မရောက်ပါဘူး တွေးစရာလေးတစ်ချို့ရှိနေလို့ရယ် "
"သေချာလို့လား အဆင်မပြေတာရှိရင် ငါ့ကိုပြောပြီး ရင်ဖွင့်လို့ရတယ်နော် "
သူ့အပေါ် တကယ်စိတ်ပူနေတဲ့ သူငယ်ချင်း Hyoyeonကိုတော့ Taeyeon တကယ်အားနာမိသည်
ဒါပေမယ့် Stephanieအကြောင်း Hyoyeon မသိတာ ပိုကောင်းတယ် မဟုတ်လား
Taeyeon တစ်ယောက်တည်း အဖြေရှာပြီး ဖြေရှင်းဖို့ လိုအပ်တယ်လေ
Damn it Stephanieရော Miss Hwangကရော ငါ့ကို စိတ်ကင်ဆာတွေ ပေးနေတာဘဲ
"စိတ်မပူနဲ့ရယ် ငါ အဆင်ပြေပါတယ် "
Hyoyeonကို Taeyeon ပြုံးပြပြီး ပြောလိုက်သည်
****
မနေ့ညက Taeyeonအတွက် တကယ်ကို ခက်ခဲစေခဲ့တဲ့ ညလေးပါဘဲ
တွေးစရာတွေများလွန်းလို့ မနက်နှစ်နာရီမှ Taeyeon အိပ်ပျော်တယ်လေ
ဟုတ်တယ် Tiffanyက Taeyeonကို တွေးစရာအလုပ်တွေ အများကြီးပေးခဲ့တယ်
သူ့ကို နမ်းဖို့ ကြိုးစားခဲ့တဲ့ Taeyeonကို ဘာလို့ ကျောင်းအုပ်ကြီးနဲ့ မတိုင်ခဲ့တာလည်း
ပြီးတော့ ဘာလို့ Taeyeonကို ချက်ချင်း ခွင့်လွှတ်ပေးခဲ့တာလည်း
မိန်းကလေးဖြစ်နေလို့ မရှက်တာလား
တကယ်ဘဲ တွေးစရာတွေများလွန်းနေပြီ
ဒါပေမယ့် Taeyeon မှတ်မိတာတစ်ခုရှိသည်
Tiffanyရဲ့ လှုပ်ရှားမှုတိုင်းက Taeyeonရဲ့ စိတ်ကို သတိပေးနေသလိုဘဲ ...Taeyeon သံသယဝင်စရာတစ်ခု တိုးလာပြန်သည်
Taeyeon ကော်ရစ်တာကနေ အတန်းဘက်ကို သွားစဥ် သူ့အတန်းဖော်တစ်ဦးက Taeyeonကို လှမ်းခေါ်သည်
"Taeyeon ဘယ်သွားမလို့လည်း "
"အတန်းသွားတက်မလို့ "
"အခုအချိန်က အားကစားချိန်လေ "
အတန်းဖော်ပြောမှ အားကစားချိန်မှန်း Taeyeon သတိရသည် အခုတလော သူ့စိတ်တွေ ရှုပ်ထွေးနေတော့ ပတ်ဝန်းကျင်ကအရာတွေတောင် မေ့ချင်သလိုဖြစ်လာတယ်
Taeyeon အားကစားချိန်မို့လို့ အဝတ်အစားလဲနေချိန် ကိုယ်ကြပ်ဝတ်စုံဝတ်ထားတဲ့ Tiffanyက အဝတ်လဲခန်းထဲ ဝင်လာတာကို တွေ့လိုက်ရသည်
Tiffanyကို ကြည့်ရင်း Taeyeon နှလုံးခုန်မြန်လာတယ်
ပြီးတော့ Tiffanyကို ဆက်တိုက်ထိတွေ့ချင်ပြီး Tiffanyနဲ့အတူ အိပ်ချင်တဲ့ စိတ်တွေလည်း ဖြစ်လာတယ်
နေပါအုံး အဲ့လိုခံစားချက်မျိုး အရင်က ဖြစ်ခဲ့ဖူးပါတယ်
Taeyeon ချက်ချင်းဘဲ သူ့အိတ်ကို ကောက်လွယ်လိုက်တယ်
အဲ့ဒီနေရာကို သွားရမယ်
အဝတ်လဲခန်းထဲ ထွက်ရင်းနဲ့ Hyoyeonနဲ့တောင် ဝင်တိုက်မိသေးသည်
"Taeng "
"Hyo ငါ နင့်အကူအညီလိုတယ် အခု ငါအဘွားတို့ဆီ ပြန်သွားမလို့ ငါဖုန်းခေါ်တာကို စောင့်ရင်း Miss Hwangကို စောင့်ကြည့်နေပေးပါ "
"ဟင် ဘာလို့လည်း နင် အဆင်ပြေရဲ့လား ချွေးတွေကလည်း ရွှဲလို့ "
"ငါ ဘာမှမဖြစ်ဘူး အဆင်ပြေတယ် ငါ့ကို ကူညီပေးပါနော် ငါသွားတော့မယ် အချိန်မရှိဘူး "
"Taeng "
Hyoyeonကခေါ်နေပေမယ့် Taeyeonကတော့ လှည့်မကြည့်ဘဲ ကားပါကင်ဘက်ကို သွားလေသည်
Taeyeon သူ့အဘွားတို့ဆီကို ရောက်ပေမယ့် အဘွားတို့ကို ဝင်မတွေ့ဘဲ တောအုပ်ဘက်ကို မောင်းထွက်လာသည်
အဘွားတို့ကို ဝင်တွေ့ရင်လည်း ဘာလို့ ဒီကို ရုတ်တရက်ရောက်လာလည်း မေးရင် ဖြေစရာ အဖြေမရှိဘူးလေ
ဒါကြောင့်မို့လို့ Stephanie သူ့ကို သော့ခတ်ဖမ်းထားတဲ့ အိမ်ကို ရှာဖို့ ထွက်လာတယ်
နောက်ဆုံးအကြိမ် အဲ့ဒီနေရာကို ရဲတွေ ရှာဖွေတုံးက ဘာအိမ်မှ မတွေ့ခဲ့ဘူးလို့ ပြောတယ်
ရဲမှူးကိုယ်တိုင်က ရေကန်နားလေးမှာ အိမ်နဲ့တူတဲ့ အရာတောင် မရှိဘူးလို့ Taeyeonကို ပြောခဲ့တယ်လေ
မဖြစ်နိုင်တာ Taeyeon ခံစားခဲ့ရတဲ့ သာယာမှုတွေ လိင်စိတ်ပြင်းပြမှုတွေ တပ်မက်မှုတွေအားလုံးက စိတ်ကူးယဥ်စရာတွေမှ မဟုတ်တာ
Taeyeon တောအုပ်ရှေ့ ကားရပ်ပြီး တောအုပ်ထဲ ဝင်လာကာ ရေကန်ဘက်ကို သွားလေသည်
Stephanieကို ပထမဆုံး တွေ့ခဲ့တဲ့ရေကန်...အဲ့ရေကန်နားမှာဘဲ အိမ်ရှိရမယ်ဆိုပြီး Taeyeon ကြိုးစားကာ ရှာဖွေနေသည်
ထိုစဥ် သူ့မျက်စိရှေ့ကို အုတ်အိမ်လေးတစ်အိမ်ပေါ်လာသည် ပြီးတော့ ရုတ်တရက် ပြန်ပျောက်သွားပြန်တယ်
ဒါက...ဒါက မှော်ပညာမဟုတ်ရင် Stephanieက ငါ့ကို ကစားနေတာဘဲ သူ ခပ်လှမ်းလှမ်းကနေ ငါ့ကို ချောင်းကြည့်နေတာများလား
Taeyeon တွေးပြီး သူ့ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်လိုက်သည်
ပြီးတော့ သူ့မျက်စိရှေ့ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ အိမ်ကို သေချာကြည့်ရင်း Hyoyeonဆီ ဖုန်းခေါ်လိုက်သည်
နာရီကိုကြည့်တော့ ညနေ ငါးနာရီဘဲ ရှိသေးသည် Tiffanyက ည ခုနှစ်နာရီထိ ကျောင်းမှာ နေရမှာလေ ဒါကြောင့် Tiffanyက ကျောင်းမှာ ရှိသေးလားဆိုတာ အတည်ပြုဖို့ Hyoyeonဆီ Taeyeon ဖုန်းခေါ်နေသည်
"Hello Hyo "
"Geeze Taeyeon ငါ နင်ဖုန်းခေါ်မှာကို စောင့်နေတာ "
"တောင်းပန်ပါတယ်ဟယ် Miss Hwang အဲ့မှာ ရှိနေသေးလား "
"သူ ခုနကဘဲ နင့်ကို လိုက်ရှာနေသေးတယ် ဘာကိစ္စလည်းတော့မသိဘူး "
"အဲ့ကိစ္စကို နောက်မှပြော Miss Hwang အဲ့မှာ ရှိနေသေးလား "
"နေအုံး ငါသွားကြည့်ပေးမယ် "
Hyoyeonနဲ့ ဖုန်းပြောရင်း Taeyeon နှလုံးခုန်မြန်နေပုံများ ပေါက်ထွက်သွားတော့မလို ခံစားနေရသည်
"Taeng သူကလေ... "
"Hello Hyo...."
"Taeng ငါပြောတာ ကြားလား "
ရုတ်တရက် ကောင်းကင်ကြီးက မည်းမှောင်လာပြီး Taeyeonနဲ့ Hyoyeonရဲ့ ဖုန်းလိုင်းတွေက ရုတ်တရက် ပြတ်တောက်သွားတယ်
ပြီးတော့ Stephanieနဲ့စတွေ့ခဲ့တဲ့ အချိန်ကလို လမင်းကြီးက ပြည့်နေပြီး သာနေတယ်
ဘာလို့လည်း Taeyeon ဘာလို့ တို့ဆီက ထွက်ပြေးနေရတာလည်း တို့ကို အဲ့ဒီလောက်တောင် ကြောက်တာလား တို့ကို အဲ့လောက်ထိ မကြိုက်တာလား တို့မှာတော့ မင်းကို ချစ်လွန်းလို့ မင်းရဲ့ ပရော်ဖက်ဆာဟန်ဆောင်ပြီး မင်းနောက်ကို လိုက်လာခဲ့ရတာ ....ပြီးတော့လေ ဝမ်းသာစရာသတင်းပြောပြရအုံးမယ် တို့နှစ်ယောက်ဆီမှာ ကလေးလေးရှိလာပြီ မင်းတာဝန်ယူမှဖြစ်မယ်နော်
Taeyeon ချာချာလည်မူးလာပြီး လဲကျသွားလေသည်
#tbc
#zawgyi
"Taeng နင္အဆင္ေျပေနရဲ႕လား နင့္စိတ္ေတြ အာကာသဆီေရာက္ေနတာလား "
Hyoyeon က သူ႕လက္ေမာင္းကို ရိုက္ၿပီးေျပာလို႔ စာသင္ခန္းထဲက Taeyeon သတိျပန္ဝင္လာတယ္
ေဆးခန္းက ျပန္လာေပမယ့္လည္း စာသင္ခန္းထဲေရာက္ေနတာေတာင္ Tiffanyအေၾကာင္းေတြဘဲ Taeyeon ေတြးေနမိတယ္ေလ
"မေရာက္ပါဘူး ေတြးစရာေလးတစ္ခ်ိဳ႕ရွိေနလို႔ရယ္ "
"ေသခ်ာလို႔လား အဆင္မေျပတာရွိရင္ ငါ့ကိုေျပာၿပီး ရင္ဖြင့္လို႔ရတယ္ေနာ္ "
သူ႕အေပၚ တကယ္စိတ္ပူေနတဲ့ သူငယ္ခ်င္း Hyoyeonကိုေတာ့ Taeyeon တကယ္အားနာမိသည္
ဒါေပမယ့္ Stephanieအေၾကာင္း Hyoyeon မသိတာ ပိုေကာင္းတယ္ မဟုတ္လား
Taeyeon တစ္ေယာက္တည္း အေျဖရွာၿပီး ေျဖရွင္းဖို႔ လိုအပ္တယ္ေလ
Damn it Stephanieေရာ Miss Hwangကေရာ ငါ့ကို စိတ္ကင္ဆာေတြ ေပးေနတာဘဲ
"စိတ္မပူနဲ႕ရယ္ ငါ အဆင္ေျပပါတယ္ "
Hyoyeonကို Taeyeon ၿပဳံးျပၿပီး ေျပာလိုက္သည္
****
မေန႕ညက Taeyeonအတြက္ တကယ္ကို ခက္ခဲေစခဲ့တဲ့ ညေလးပါဘဲ
ေတြးစရာေတြမ်ားလြန္းလို႔ မနက္ႏွစ္နာရီမွ Taeyeon အိပ္ေပ်ာ္တယ္ေလ
ဟုတ္တယ္ Tiffanyက Taeyeonကို ေတြးစရာအလုပ္ေတြ အမ်ားႀကီးေပးခဲ့တယ္
သူ႕ကို နမ္းဖို႔ ႀကိဳးစားခဲ့တဲ့ Taeyeonကို ဘာလို႔ ေက်ာင္းအုပ္ႀကီးနဲ႕ မတိုင္ခဲ့တာလည္း
ၿပီးေတာ့ ဘာလို႔ Taeyeonကို ခ်က္ခ်င္း ခြင့္လႊတ္ေပးခဲ့တာလည္း
မိန္းကေလးျဖစ္ေနလို႔ မရွက္တာလား
တကယ္ဘဲ ေတြးစရာေတြမ်ားလြန္းေနၿပီ
ဒါေပမယ့္ Taeyeon မွတ္မိတာတစ္ခုရွိသည္
Tiffanyရဲ႕ လႈပ္ရွားမႈတိုင္းက Taeyeonရဲ႕ စိတ္ကို သတိေပးေနသလိုဘဲ ...Taeyeon သံသယဝင္စရာတစ္ခု တိုးလာျပန္သည္
Taeyeon ေကာ္ရစ္တာကေန အတန္းဘက္ကို သြားစဥ္ သူ႕အတန္းေဖာ္တစ္ဦးက Taeyeonကို လွမ္းေခၚသည္
"Taeyeon ဘယ္သြားမလို႔လည္း "
"အတန္းသြားတက္မလို႔ "
"အခုအခ်ိန္က အားကစားခ်ိန္ေလ "
အတန္းေဖာ္ေျပာမွ အားကစားခ်ိန္မွန္း Taeyeon သတိရသည္ အခုတေလာ သူ႕စိတ္ေတြ ရႈပ္ေထြးေနေတာ့ ပတ္ဝန္းက်င္ကအရာေတြေတာင္ ေမ့ခ်င္သလိုျဖစ္လာတယ္
Taeyeon အားကစားခ်ိန္မို႔လို႔ အဝတ္အစားလဲေနခ်ိန္ ကိုယ္ၾကပ္ဝတ္စုံဝတ္ထားတဲ့ Tiffanyက အဝတ္လဲခန္းထဲ ဝင္လာတာကို ေတြ႕လိုက္ရသည္
Tiffanyကို ၾကည့္ရင္း Taeyeon ႏွလုံးခုန္ျမန္လာတယ္
ၿပီးေတာ့ Tiffanyကို ဆက္တိုက္ထိေတြ႕ခ်င္ၿပီး Tiffanyနဲ႕အတူ အိပ္ခ်င္တဲ့ စိတ္ေတြလည္း ျဖစ္လာတယ္
ေနပါအုံး အဲ့လိုခံစားခ်က္မ်ိဳး အရင္က ျဖစ္ခဲ့ဖူးပါတယ္
Taeyeon ခ်က္ခ်င္းဘဲ သူ႕အိတ္ကို ေကာက္လြယ္လိုက္တယ္
အဲ့ဒီေနရာကို သြားရမယ္
အဝတ္လဲခန္းထဲ ထြက္ရင္းနဲ႕ Hyoyeonနဲ႕ေတာင္ ဝင္တိုက္မိေသးသည္
"Taeng "
"Hyo ငါ နင့္အကူအညီလိုတယ္ အခု ငါအဘြားတို႔ဆီ ျပန္သြားမလို႔ ငါဖုန္းေခၚတာကို ေစာင့္ရင္း Miss Hwangကို ေစာင့္ၾကည့္ေနေပးပါ "
"ဟင္ ဘာလို႔လည္း နင္ အဆင္ေျပရဲ႕လား ေခြၽးေတြကလည္း ႐ႊဲလို႔ "
"ငါ ဘာမွမျဖစ္ဘူး အဆင္ေျပတယ္ ငါ့ကို ကူညီေပးပါေနာ္ ငါသြားေတာ့မယ္ အခ်ိန္မရွိဘူး "
"Taeng "
Hyoyeonကေခၚေနေပမယ့္ Taeyeonကေတာ့ လွည့္မၾကည့္ဘဲ ကားပါကင္ဘက္ကို သြားေလသည္
Taeyeon သူ႕အဘြားတို႔ဆီကို ေရာက္ေပမယ့္ အဘြားတို႔ကို ဝင္မေတြ႕ဘဲ ေတာအုပ္ဘက္ကို ေမာင္းထြက္လာသည္
အဘြားတို႔ကို ဝင္ေတြ႕ရင္လည္း ဘာလို႔ ဒီကို ႐ုတ္တရက္ေရာက္လာလည္း ေမးရင္ ေျဖစရာ အေျဖမရွိဘူးေလ
ဒါေၾကာင့္မို႔လို႔ Stephanie သူ႕ကို ေသာ့ခတ္ဖမ္းထားတဲ့ အိမ္ကို ရွာဖို႔ ထြက္လာတယ္
ေနာက္ဆုံးအႀကိမ္ အဲ့ဒီေနရာကို ရဲေတြ ရွာေဖြတုံးက ဘာအိမ္မွ မေတြ႕ခဲ့ဘူးလို႔ ေျပာတယ္
ရဲမႉးကိုယ္တိုင္က ေရကန္နားေလးမွာ အိမ္နဲ႕တူတဲ့ အရာေတာင္ မရွိဘူးလို႔ Taeyeonကို ေျပာခဲ့တယ္ေလ
မျဖစ္နိုင္တာ Taeyeon ခံစားခဲ့ရတဲ့ သာယာမႈေတြ လိင္စိတ္ျပင္းျပမႈေတြ တပ္မက္မႈေတြအားလုံးက စိတ္ကူးယဥ္စရာေတြမွ မဟုတ္တာ
Taeyeon ေတာအုပ္ေရွ႕ ကားရပ္ၿပီး ေတာအုပ္ထဲ ဝင္လာကာ ေရကန္ဘက္ကို သြားေလသည္
Stephanieကို ပထမဆုံး ေတြ႕ခဲ့တဲ့ေရကန္...အဲ့ေရကန္နားမွာဘဲ အိမ္ရွိရမယ္ဆိုၿပီး Taeyeon ႀကိဳးစားကာ ရွာေဖြေနသည္
ထိုစဥ္ သူ႕မ်က္စိေရွ႕ကို အုတ္အိမ္ေလးတစ္အိမ္ေပၚလာသည္ ၿပီးေတာ့ ႐ုတ္တရက္ ျပန္ေပ်ာက္သြားျပန္တယ္
ဒါက...ဒါက ေမွာ္ပညာမဟုတ္ရင္ Stephanieက ငါ့ကို ကစားေနတာဘဲ သူ ခပ္လွမ္းလွမ္းကေန ငါ့ကို ေခ်ာင္းၾကည့္ေနတာမ်ားလား
Taeyeon ေတြးၿပီး သူ႕ေဘာင္းဘီအိတ္ထဲက ဖုန္းကိုထုတ္လိုက္သည္
ၿပီးေတာ့ သူ႕မ်က္စိေရွ႕ ေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနတဲ့ အိမ္ကို ေသခ်ာၾကည့္ရင္း Hyoyeonဆီ ဖုန္းေခၚလိုက္သည္
နာရီကိုၾကည့္ေတာ့ ညေန ငါးနာရီဘဲ ရွိေသးသည္ Tiffanyက ည ခုႏွစ္နာရီထိ ေက်ာင္းမွာ ေနရမွာေလ ဒါေၾကာင့္ Tiffanyက ေက်ာင္းမွာ ရွိေသးလားဆိုတာ အတည္ျပဳဖို႔ Hyoyeonဆီ Taeyeon ဖုန္းေခၚေနသည္
"Hello Hyo "
"Geeze Taeyeon ငါ နင္ဖုန္းေခၚမွာကို ေစာင့္ေနတာ "
"ေတာင္းပန္ပါတယ္ဟယ္ Miss Hwang အဲ့မွာ ရွိေနေသးလား "
"သူ ခုနကဘဲ နင့္ကို လိုက္ရွာေနေသးတယ္ ဘာကိစၥလည္းေတာ့မသိဘူး "
"အဲ့ကိစၥကို ေနာက္မွေျပာ Miss Hwang အဲ့မွာ ရွိေနေသးလား "
"ေနအုံး ငါသြားၾကည့္ေပးမယ္ "
Hyoyeonနဲ႕ ဖုန္းေျပာရင္း Taeyeon ႏွလုံးခုန္ျမန္ေနပုံမ်ား ေပါက္ထြက္သြားေတာ့မလို ခံစားေနရသည္
"Taeng သူကေလ... "
"Hello Hyo...."
"Taeng ငါေျပာတာ ၾကားလား "
႐ုတ္တရက္ ေကာင္းကင္ႀကီးက မည္းေမွာင္လာၿပီး Taeyeonနဲ႕ Hyoyeonရဲ႕ ဖုန္းလိုင္းေတြက ႐ုတ္တရက္ ျပတ္ေတာက္သြားတယ္
ၿပီးေတာ့ Stephanieနဲ႕စေတြ႕ခဲ့တဲ့ အခ်ိန္ကလို လမင္းႀကီးက ျပည့္ေနၿပီး သာေနတယ္
ဘာလို႔လည္း Taeyeon ဘာလို႔ တို႔ဆီက ထြက္ေျပးေနရတာလည္း တို႔ကို အဲ့ဒီေလာက္ေတာင္ ေၾကာက္တာလား တို႔ကို အဲ့ေလာက္ထိ မႀကိဳက္တာလား တို႔မွာေတာ့ မင္းကို ခ်စ္လြန္းလို႔ မင္းရဲ႕ ပေရာ္ဖက္ဆာဟန္ေဆာင္ၿပီး မင္းေနာက္ကို လိုက္လာခဲ့ရတာ ....ၿပီးေတာ့ေလ ဝမ္းသာစရာသတင္းေျပာျပရအုံးမယ္ တို႔ႏွစ္ေယာက္ဆီမွာ ကေလးေလးရွိလာၿပီ မင္းတာဝန္ယူမွျဖစ္မယ္ေနာ္
Taeyeon ခ်ာခ်ာလည္မူးလာၿပီး လဲက်သြားေလသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co