Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 19

KimFany059


Taeyeon သူ့စိတ်ကို သူထိန်းမရဘဲ Tiffanyကို အတင်းနမ်းလေသည်

"Tae....."

Tiffanyက ဆောင့်တွန်းလိုက်တဲ့အခါမှ Taeyeon အသိစိတ် ပြန်ဝင်လာတယ်

Taeyeon သူ့မျက်လုံးကို လိုက်နဲ့ပွတ်ပြီး ကြည့်လိုက်တော့ Tiffanyက ကြောက်လန့်နေတဲ့ မျက်ဝန်းနဲ့ သူ့ကိုကြည့်နေတာကို တွေ့ရသည်

"Miss...Miss Hwang "

Taeyeon သူ့နဖူးပေါ်က ချွေးတွေကို သုတ်ရင်း တုန်ရီနေတဲ့ Tiffanyနာမည်ကို ခေါ်လိုက်သည်

Tiffanyကတော့ ခေါင်းကိုငုံ့ထားလိုက်သည်

ငါ ဘာတွေလုပ်မိသွားတာလည်း

"Miss Hwang "

လှုပ်ရှားမှုမရှိဘဲ ​ငြိမ်သက်နေတဲ့ Tiffanyရဲ့ ပခုံးကိုကိုင်ရင်း Taeyeonမေးလိုက်သည်

Taeyeonကို Tiffany မော့ကြည့်လိုက်တော့ Tiffanyရဲ့ မျက်ဝန်းတွေထဲ မျက်ရည်စတွေကို Taeyeon မြင်လိုက်ရသည်

ဘုရားရေ ငါက Miss Hwangကို ငိုအောင်လုပ်မိတာဘဲ

"Miss Hwang....Chaw...တကယ်... တကယ်တောင်းပန်ပါတယ် "

Tiffanyမှာ ဘာမှမပြောဘဲ သန့်စင်ခန်းထဲကနေ ထွက်သွားလေသည်

ဟုတ်ပါတယ်.... ငါနဲ့ထိုက်တန်ပါတယ်လေ ငါက...ငါက စည်းအရမ်းကျော်မိသွားတာ

Taeyeon သူ့ရဲ့ ခန္ဓာကိုယ်ကနေ အားအင်တွေ ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်

နံရံကို မှီပြီး သူ့ဆံပင်တွေကို လက်နဲ့ရှုပ်ဖွကာ ခေါင်းကို အတွင်တွင် ခါယမ်းမိသ​ည်

ငါ ဘာလို့ အဲ့လိုလုပ်ခဲ့မိတာလည်း

ပွဲရှိတာကို Taeyeon မတက်ဘဲ မသွားဘဲနဲ့ အိမ်သာထဲမှာဘဲ ပွဲပြီးတဲ့အထိ ငုတ်တုတ်ထိုင်နေမိသည်

ရှက်လိုက်တာ....ငါ ဘာတွေလုပ်ခဲ့မိတာလည်း

Hyoyeonတော့ ငါ့ကို လိုက်ရှာနေတော့မှာဘဲ

Taeyeon ရှက်လို့ ကျောင်းကို နှစ်ရက်လောက် မသွားဘဲ အိမ်ထဲမှာဘဲ အိမ်တွင်းပုန်းလုပ်နေမိသည်

ကျောင်းခဏခဏပျက်နေလို့ ကျောင်းက တိုင်စာပို့လို့ Mrs.Kimဆူတာကိုလည်း Taeyeon ခံရသေးသည်

တော်ပါသေးတယ် ကျောင်းမတက်တဲ့အကြောင်းဘဲ တိုင်စာပို့လို့ ပရော်ဖက်ဆာကို နမ်းဖို့ ကြိုးစားခဲ့တယ်ဆိုတာသာ Miss Hwang က တိုင်ခဲ့ရင် ငါတော့ ကျောင်းထုတ်ခံရပြီဘဲ

အမေသာ ငါ Miss Hwangကို နမ်းဖို့ ကြိုးစားခဲ့တယ်ဆိုတာ သိသွားရင် ငါ့ကို အိမ်ကနေ ကန်ချမှာသေချာတယ်

အမေသိသွားမှာထက် Miss Hwangက ငါ့ကိုရှောင်နေတယ် ဘယ်လိုလုပ်ရပါ့ ....နှုတ်ဆက်တာတောင် မသိချင်ယောင်ဆောင်ပြီး ကျော်သွားတာ ငါက ကိုယ်ပျောက်လူသားလား

ဟုတ်ပါတယ်လေ ဒါက ငါ့အမှားပါ သူ အဲ့လိုဆက်ဆံတာ ငါ နဲ့ထိုက်တန်ပါတယ် ကျောင်းကနေ မထုတ်တာတောင် ကျေးဇူးတင်ရမှာ

Taeyeon တွေးရင်း သက်ပြင်းချလိုက်သည် ဒီနေ့နဲ့ဆို တစ်ပတ်ပြည့်တော့မယ်လေ

သူလုပ်ခဲ့တဲ့ လုပ်ရပ်က ခွင့်လွှတ်ချင်စရာမကောင်းမှန်း Taeyeon သိပါတယ် ဒါပေမယ့် အခုချိန်ထိ Tiffanyအပေါ် ခံစားချက်တွေ ကြီးထွားလာတာကို Taeyeon မထိန်းနိုင်ဘူးလေ

ထပ်ပြီး ဆယ်ကြိမ်မြောက်အနေနဲ့ Taeyeon သက်ပြင်းချလိုက်မိသည်

သူတို့အတန်းထဲ စာလာသင်တဲ့တစ်ချိန်ဘဲ Tiffanyကို Taeyeon ကြည့်နိုင်သည် ကျန်တဲ့အချိန်တွေမှာဆို Tiffanyက ဆရာတွေနားနေခန်းထဲ နေတာများသည်

Taeyeonကလည်း ဆရာများနားနေခန်းဘက်သွားဖို့ အကြောင်းပြချက် လုံလုံလောက်လောက်ကို ရှာမတွေ့သေးဘူးလေ

ကောင်းတဲ့ဘက်ကတွေးပြန်ရင်လည်း Miss Hwangက Stephanie မဟုတ်ကြောင်း ငါ့ကို သက်သေပြသွားသလိုဘဲ သူ့ကို ငါနမ်းမယ့်အချိန်တုန်းက သူအရမ်းလန့်ပြီး တုန်လှုပ်နေခဲ့တာလေ
Stephanieကတော့ အဲ့လိုဖြစ်မှာ မဟုတ်ဘူး ငါ့ကို ဝါးမျိုချလုမတတ် ပြန်နမ်းပစ်မှာ

ဟူး တော်ပါသေးတယ် အခုတလော ငါပေါက်ကရတွေ အရမ်းတွေးလွန်းပြီး ရူးကြောင်ကြောင် ဖြစ်နေတာရယ်

ကိုယ်ဝန်များရနေလားဆိုပြီး ပေါက်တတ်ကရတွေတောင် တွေးနေခဲ့တာလေ

"Taeng အတန်းပြီးရင် ငါ့အိမ်မှာ ရုပ်ရှင်ကြည့်ရအောင် "

Hyoyeon စကားကြောင့် Taeyeon အတွေးလွန်ရာက အသိပြန်ဝင်လာတယ်

"ငါ အိမ်မှာလုပ်စရာရှိလို့ "

"Oh come on နင် မနေ့ကတည်းက ငါ့ကို ငြင်းနေတာ နင်ငါ့ကို မလိုချင်တော့ဘူးလား "

Hyoyeonရဲ့ Dramaတွေကြောင့် Taeyeon ခေါင်းခါယမ်းလိုက်မိသည်

"ငါ တကယ်အလုပ်များနေလို့ပါဟ နောက်ရက်ကျ ရုပ်ရှင်အတူတူကြည့်မယ်လို့ ကတိပေးပါတယ် "

Taeyeon ပြောပြီး အတန်းထဲက ထွက်လာစဥ် သူ့နှာခေါင်းထဲက သွေးတွေလျှံကျလာတာကို ခံစားမိလာသည်

ပြီးတော့ အမြင်အာရုံတွေလည်း တဖြည်းဖြည်း ဝေဝါးလာပြီး Taeyeon နောက်ဆုံးမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ Tiffanyက သူ့ဆီပြေးလာတာကိုပင်

Taeyeon သတိပြန်ရလာပြီး မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက Tiffanyရဲ့ မျက်နှာလှလှလေးပင်

"Taeyeon သတိရလာပြီလား သက်သာလား "

သူ့မျက်နှာလေးကို လာကိုင်တဲ့ Tiffanyကြောင့် Taeyeon ရင်ခုန်သံတွေ မြန်ဆန်လာသည်

"ဟုတ်...Chaw အဆင်ပြေပါတယ် "

Tiffanyရဲ့ နှုတ်ခမ်းကို ကြည့်မိသွားလို့ Taeyeon မလုံမလဲဖြစ်လာပြီး အကြည့်လွှဲလိုက်မိသည်

"တော်သေးတာပေါ့ "

သက်သာလားမေးပြီးနောက် Tiffanyတို့ ဘာစကားမှ ဆက်မပြောတော့ဘဲ တိတ်ဆိတ်သွားကြသည်

တစ်ယောက်ယောက်ကတော့ ဒီတိတ်ဆိတ်မှုကို ဖြိုခွင်းမှ ဖြစ်မယ်

Tiffanyကို မကြည့်ရဲလို့ Taeyeon ခေါင်းငိုက်စိုက်ပြီး

"Miss Hwang "

"Tae "

ဟော တိတ်ဆိတ်တော့လည်း အတူတူ စကားစပြောတော့လည်း အတူတူဖြစ်နေတော့ Tiffany သဘောကျပြီး တခစ်ခစ်ရယ်လေသည်

ပြီးတော့ Taeyeonကို အရင်စပြောဖို့ အချက်ပြလိုက်သည်

"Miss Hwang...Chawလေ ဟို....ဟိုဟာ "

"Humm"

"Miss Hwang အပေါ် လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး တောင်းပန်ချင်လို့ပါ "

"Taeyeon... အဲ့တုံးက မင်း ဘာဖြစ်သွားလည်း တို့မသိဘူး တကယ် မင်းနဲ့မတူဘူး တစ်ခြားလူတစ်ယောက်လိုဘဲ ပြောင်းလဲသွားတာများ "

"ဟုတ် ဟုတ်တယ် Chawလည်း ဘာဖြစ်သွားမှန်း မသိဘူး ပြီးတော့ "

"ပြီးတော့ ? "

"Chaw တောင်းပန်ပါတယ် အဲ့လိုမလုပ်ခဲ့သင့်ဘူး chawလည်း ဘာဖြစ်သွားမှန်း မသိဘူး "

Taeyeon က တောင်းပန်ပေမယ့် Tiffanyကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်

"Chaw နားလည် "

"တို့ မင်းကို ခွင့်လွှတ်ပြီးသားပါကွယ် "

Taeyeonရဲ့ စကားကို Tiffany ဖြတ်ပြောလိုက်သည်

"ကျေး...ကျေးဇူးတင်ပါတယ် Miss Hwang "

Tiffanyက သူ့ကို ခွင့်လွှတ်တယ်ပြောလို့ Taeyeon အရမ်းပျော်သွားတယ်

"ဒါပေမယ့် ဒီကိစ္စကို ဒီအတိုင်းတော့ ကျော်မသွားနိုင်ဘူး မင်းကို တို့ အပြစ်ပေးရမယ် "

Tiffanyရဲ့ အပြစ်ပေးမယ်ဆိုတဲ့စကားကြောင့် Taeyeon မကောင်းတဲ့ အတွေးတွေ ဝင်လာပြန်သည်

What the hell Taeyeon နင် အခုတလော ဘာဖြစ်နေတာလည်း စိတ်ထိန်းစမ်း

"အပြစ်ပေးမှာက ဆိုးဆိုးဝါးဝါး မဟုတ်ပါဘူး စိတ်လျော့ Taeyeon...အခုလောလောဆယ်တော့ နားလိုက်အုံး နေကောင်းမှ အပြစ်အ​ကြောင်း ဆက်ပြောကြတာပေါ့ အတန်းရှိသေးလို့ တို့သွားတော့မယ်နော် "

Taeyeonကို နှုတ်ဆက်ပြီး Tiffany ကျောင်းဆေးပေးခန်းကနေ ထွက်လာခဲ့သည်

#tbc

#Zawgyi

Taeyeon သူ႕စိတ္ကို သူထိန္းမရဘဲ Tiffanyကို အတင္းနမ္းေလသည္

"Tae....."

Tiffanyက ေဆာင့္တြန္းလိုက္တဲ့အခါမွ Taeyeon အသိစိတ္ ျပန္ဝင္လာတယ္

Taeyeon သူ႕မ်က္လုံးကို လိုက္နဲ႕ပြတ္ၿပီး ၾကည့္လိုက္ေတာ့ Tiffanyက ေၾကာက္လန့္ေနတဲ့ မ်က္ဝန္းနဲ႕ သူ႕ကိုၾကည့္ေနတာကို ေတြ႕ရသည္

"Miss...Miss Hwang "

Taeyeon သူ႕နဖူးေပၚက ေခြၽးေတြကို သုတ္ရင္း တုန္ရီေနတဲ့ Tiffanyနာမည္ကို ေခၚလိုက္သည္

Tiffanyကေတာ့ ေခါင္းကိုငုံ႕ထားလိုက္သည္

ငါ ဘာေတြလုပ္မိသြားတာလည္း

"Miss Hwang "

လႈပ္ရွားမႈမရွိဘဲ ၿငိမ္သက္ေနတဲ့ Tiffanyရဲ႕ ပခုံးကိုကိုင္ရင္း Taeyeonေမးလိုက္သည္

Taeyeonကို Tiffany ေမာ့ၾကည့္လိုက္ေတာ့ Tiffanyရဲ႕ မ်က္ဝန္းေတြထဲ မ်က္ရည္စေတြကို Taeyeon ျမင္လိုက္ရသည္

ဘုရားေရ ငါက Miss Hwangကို ငိုေအာင္လုပ္မိတာဘဲ

"Miss Hwang....Chaw...တကယ္... တကယ္ေတာင္းပန္ပါတယ္ "

Tiffanyမွာ ဘာမွမေျပာဘဲ သန့္စင္ခန္းထဲကေန ထြက္သြားေလသည္

ဟုတ္ပါတယ္.... ငါနဲ႕ထိုက္တန္ပါတယ္ေလ ငါက...ငါက စည္းအရမ္းေက်ာ္မိသြားတာ

Taeyeon သူ႕ရဲ႕ ခႏၶာကိုယ္ကေန အားအင္ေတြ ကုန္ခမ္းသြားသလို ခံစားလိုက္ရသည္

နံရံကို မွီၿပီး သူ႕ဆံပင္ေတြကို လက္နဲ႕ရႈပ္ဖြကာ ေခါင္းကို အတြင္တြင္ ခါယမ္းမိသည္

ငါ ဘာလို႔ အဲ့လိုလုပ္ခဲ့မိတာလည္း

ပြဲရွိတာကို Taeyeon မတက္ဘဲ မသြားဘဲနဲ႕ အိမ္သာထဲမွာဘဲ ပြဲၿပီးတဲ့အထိ ငုတ္တုတ္ထိုင္ေနမိသည္

ရွက္လိုက္တာ....ငါ ဘာေတြလုပ္ခဲ့မိတာလည္း

Hyoyeonေတာ့ ငါ့ကို လိုက္ရွာေနေတာ့မွာဘဲ

Taeyeon ရွက္လို႔ ေက်ာင္းကို ႏွစ္ရက္ေလာက္ မသြားဘဲ အိမ္ထဲမွာဘဲ အိမ္တြင္းပုန္းလုပ္ေနမိသည္

ေက်ာင္းခဏခဏပ်က္ေနလို႔ ေက်ာင္းက တိုင္စာပို႔လို႔ Mrs.Kimဆူတာကိုလည္း Taeyeon ခံရေသးသည္

ေတာ္ပါေသးတယ္ ေက်ာင္းမတက္တဲ့အေၾကာင္းဘဲ တိုင္စာပို႔လို႔ ပေရာ္ဖက္ဆာကို နမ္းဖို႔ ႀကိဳးစားခဲ့တယ္ဆိုတာသာ Miss Hwang က တိုင္ခဲ့ရင္ ငါေတာ့ ေက်ာင္းထုတ္ခံရၿပီဘဲ

အေမသာ ငါ Miss Hwangကို နမ္းဖို႔ ႀကိဳးစားခဲ့တယ္ဆိုတာ သိသြားရင္ ငါ့ကို အိမ္ကေန ကန္ခ်မွာေသခ်ာတယ္

အေမသိသြားမွာထက္ Miss Hwangက ငါ့ကိုေရွာင္ေနတယ္ ဘယ္လိုလုပ္ရပါ့ ....ႏႈတ္ဆက္တာေတာင္ မသိခ်င္ေယာင္ေဆာင္ၿပီး ေက်ာ္သြားတာ ငါက ကိုယ္ေပ်ာက္လူသားလား

ဟုတ္ပါတယ္ေလ ဒါက ငါ့အမွားပါ သူ အဲ့လိုဆက္ဆံတာ ငါ နဲ႕ထိုက္တန္ပါတယ္ ေက်ာင္းကေန မထုတ္တာေတာင္ ေက်းဇူးတင္ရမွာ

Taeyeon ေတြးရင္း သက္ျပင္းခ်လိဳက္သည္ ဒီေန႕နဲ႕ဆို တစ္ပတ္ျပည့္ေတာ့မယ္ေလ

သူလုပ္ခဲ့တဲ့ လုပ္ရပ္က ခြင့္လႊတ္ခ်င္စရာမေကာင္းမွန္း Taeyeon သိပါတယ္ ဒါေပမယ့္ အခုခ်ိန္ထိ Tiffanyအေပၚ ခံစားခ်က္ေတြ ႀကီးထြားလာတာကို Taeyeon မထိန္းနိုင္ဘူးေလ

ထပ္ၿပီး ဆယ္ႀကိမ္ေျမာက္အေနနဲ႕ Taeyeon သက္ျပင္းခ်လိဳက္မိသည္

သူတို႔အတန္းထဲ စာလာသင္တဲ့တစ္ခ်ိန္ဘဲ Tiffanyကို Taeyeon ၾကည့္နိုင္သည္ က်န္တဲ့အခ်ိန္ေတြမွာဆို Tiffanyက ဆရာေတြနားေနခန္းထဲ ေနတာမ်ားသည္

Taeyeonကလည္း ဆရာမ်ားနားေနခန္းဘက္သြားဖို႔ အေၾကာင္းျပခ်က္ လုံလုံေလာက္ေလာက္ကို ရွာမေတြ႕ေသးဘူးေလ

ေကာင္းတဲ့ဘက္ကေတြးျပန္ရင္လည္း Miss Hwangက Stephanie မဟုတ္ေၾကာင္း ငါ့ကို သက္ေသျပသြားသလိုဘဲ သူ႕ကို ငါနမ္းမယ့္အခ်ိန္တုန္းက သူအရမ္းလန့္ၿပီး တုန္လႈပ္ေနခဲ့တာေလ
Stephanieကေတာ့ အဲ့လိုျဖစ္မွာ မဟုတ္ဘူး ငါ့ကို ဝါးမ်ိဳခ်လဳမတတ္ ျပန္နမ္းပစ္မွာ

ဟူး ေတာ္ပါေသးတယ္ အခုတေလာ ငါေပါက္ကရေတြ အရမ္းေတြးလြန္းၿပီး ႐ူးေၾကာင္ေၾကာင္ ျဖစ္ေနတာရယ္

ကိုယ္ဝန္မ်ားရေနလားဆိုၿပီး ေပါက္တတ္ကရေတြေတာင္ ေတြးေနခဲ့တာေလ

"Taeng အတန္းၿပီးရင္ ငါ့အိမ္မွာ ႐ုပ္ရွင္ၾကည့္ရေအာင္ "

Hyoyeon စကားေၾကာင့္ Taeyeon အေတြးလြန္ရာက အသိျပန္ဝင္လာတယ္

"ငါ အိမ္မွာလုပ္စရာရွိလို႔ "

"Oh come on နင္ မေန႕ကတည္းက ငါ့ကို ျငင္းေနတာ နင္ငါ့ကို မလိုခ်င္ေတာ့ဘူးလား "

Hyoyeonရဲ႕ Dramaေတြေၾကာင့္ Taeyeon ေခါင္းခါယမ္းလိုက္မိသည္

"ငါ တကယ္အလုပ္မ်ားေနလို႔ပါဟ ေနာက္ရက္က် ႐ုပ္ရွင္အတူတူၾကည့္မယ္လို႔ ကတိေပးပါတယ္ "

Taeyeon ေျပာၿပီး အတန္းထဲက ထြက္လာစဥ္ သူ႕ႏွာေခါင္းထဲက ေသြးေတြလွ်ံက်လာတာကို ခံစားမိလာသည္

ၿပီးေတာ့ အျမင္အာ႐ုံေတြလည္း တျဖည္းျဖည္း ေဝဝါးလာၿပီး Taeyeon ေနာက္ဆုံးျမင္လိုက္ရတဲ့ ျမင္ကြင္းကေတာ့ Tiffanyက သူ႕ဆီေျပးလာတာကိုပင္

Taeyeon သတိျပန္ရလာၿပီး မ်က္လုံးဖြင့္ဖြင့္ခ်င္း ျမင္လိုက္ရတာက Tiffanyရဲ႕ မ်က္ႏွာလွလွေလးပင္

"Taeyeon သတိရလာၿပီလား သက္သာလား "

သူ႕မ်က္ႏွာေလးကို လာကိုင္တဲ့ Tiffanyေၾကာင့္ Taeyeon ရင္ခုန္သံေတြ ျမန္ဆန္လာသည္

"ဟုတ္...Chaw အဆင္ေျပပါတယ္ "

Tiffanyရဲ႕ ႏႈတ္ခမ္းကို ၾကည့္မိသြားလို႔ Taeyeon မလုံမလဲျဖစ္လာၿပီး အၾကည့္လႊဲလိုက္မိသည္

"ေတာ္ေသးတာေပါ့ "

သက္သာလားေမးၿပီးေနာက္ Tiffanyတို႔ ဘာစကားမွ ဆက္မေျပာေတာ့ဘဲ တိတ္ဆိတ္သြားၾကသည္

တစ္ေယာက္ေယာက္ကေတာ့ ဒီတိတ္ဆိတ္မႈကို ၿဖိဳခြင္းမွ ျဖစ္မယ္

Tiffanyကို မၾကည့္ရဲလို႔ Taeyeon ေခါင္းငိုက္စိုက္ၿပီး

"Miss Hwang "

"Tae "

ေဟာ တိတ္ဆိတ္ေတာ့လည္း အတူတူ စကားစေျပာေတာ့လည္း အတူတူျဖစ္ေနေတာ့ Tiffany သေဘာက်ၿပီး တခစ္ခစ္ရယ္ေလသည္

ၿပီးေတာ့ Taeyeonကို အရင္စေျပာဖို႔ အခ်က္ျပလိုက္သည္

"Miss Hwang...Chawေလ ဟို....ဟိုဟာ "

"Humm"

"Miss Hwang အေပၚ လုပ္ခဲ့တာနဲ႕ ပတ္သက္ၿပီး ေတာင္းပန္ခ်င္လို႔ပါ "

"Taeyeon... အဲ့တုံးက မင္း ဘာျဖစ္သြားလည္း တို႔မသိဘူး တကယ္ မင္းနဲ႕မတူဘူး တစ္ျခားလူတစ္ေယာက္လိုဘဲ ေျပာင္းလဲသြားတာမ်ား "

"ဟုတ္ ဟုတ္တယ္ Chawလည္း ဘာျဖစ္သြားမွန္း မသိဘူး ၿပီးေတာ့ "

"ၿပီးေတာ့ ? "

"Chaw ေတာင္းပန္ပါတယ္ အဲ့လိုမလုပ္ခဲ့သင့္ဘူး chawလည္း ဘာျဖစ္သြားမွန္း မသိဘူး "

Taeyeon က ေတာင္းပန္ေပမယ့္ Tiffanyကေတာ့ ဘာမွျပန္မေျပာဘဲ တိတ္ဆိတ္ေနသည္

"Chaw နားလည္ "

"တို႔ မင္းကို ခြင့္လႊတ္ၿပီးသားပါကြယ္ "

Taeyeonရဲ႕ စကားကို Tiffany ျဖတ္ေျပာလိုက္သည္

"ေက်း...ေက်းဇူးတင္ပါတယ္ Miss Hwang "

Tiffanyက သူ႕ကို ခြင့္လႊတ္တယ္ေျပာလို႔ Taeyeon အရမ္းေပ်ာ္သြားတယ္

"ဒါေပမယ့္ ဒီကိစၥကို ဒီအတိုင္းေတာ့ ေက်ာ္မသြားနိုင္ဘူး မင္းကို တို႔ အျပစ္ေပးရမယ္ "

Tiffanyရဲ႕ အျပစ္ေပးမယ္ဆိုတဲ့စကားေၾကာင့္ Taeyeon မေကာင္းတဲ့ အေတြးေတြ ဝင္လာျပန္သည္

What the hell Taeyeon နင္ အခုတေလာ ဘာျဖစ္ေနတာလည္း စိတ္ထိန္းစမ္း

"အျပစ္ေပးမွာက ဆိုးဆိုးဝါးဝါး မဟုတ္ပါဘူး စိတ္ေလ်ာ့ Taeyeon...အခုေလာေလာဆယ္ေတာ့ နားလိုက္အုံး ေနေကာင္းမွ အျပစ္အေၾကာင္း ဆက္ေျပာၾကတာေပါ့ အတန္းရွိေသးလို႔ တို႔သြားေတာ့မယ္ေနာ္ "

Taeyeonကို ႏႈတ္ဆက္ၿပီး Tiffany ေက်ာင္းေဆးေပးခန္းကေန ထြက္လာခဲ့သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co