Truyen3h.Co
တောအုပ်ထဲက ကောင်မလေး
Part 24
KimFany059
"ဟူးစ် "
Taeyeon သူ့မျက်နှာရှေ့တည့်တည့် လေနဲလာမှုတ်သလို ခံစားရလို့ သတိပြန်ရလာတော့ သူ့ကို ပြုံးပြီး ကြည့်နေတဲ့ Stephanieကို တွေ့ရလေသည်
"Stephanie... "
Taeyeon ထပြီး Stephanieရဲ့ ဘေးနားတွင် ထိုင်လိုက်သည်
"ခင်ဗျား ဘယ်တွေရောက်နေတာလဲ "
"ဘာလဲ တို့ကို လွမ်းနေတာလား "
Stephanie ကပြောပြီး Taeyeonရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်တယ်
"အာ အဲ့လိုမဟုတ်ပါဘူး "
Taeyeon ပြောပြီး Stephanieကို အကြည့်လွှဲလိုက်တယ် ပြီးတော့ တံခါးပေါက်ကို မသိမသာလှမ်းကြည့်လိုက်သည်
တံခါးသော့တွေ ချိန်းတွေမရှိတော့ဘူးဘဲ ဒါဆို ထွက်ပြေးလို့ ရပြီ မဟုတ်လား နေပါအုံး ထွက်ပြေးတဲ့အခါကျလည်း Stephanieက နတ်ဘုရားမဖြစ်လို့ သူ့ကို အလွယ်တကူရှာတွေ့နိုင်မှာဘဲလေ အပင်ပန်းခံပြီး ထွက်မပြေးဖို့ Taeyeon စဥ်းစားလိုက်သည်
Taeyeon သူ့အိမ်ကို ပြန်ခွင့်မရတော့ဘူးလို့ တွေးခဲ့ပေမယ့် နောက်ဆုံးတော့ သူ့အိမ်ရှေ့ကို ပြန်ရောက်လာသည်
လည်ပင်းက အကွက်တွေကို အမေတို့ မသိစေဖို့ မာဖလာပတ်လိုက်ပြီး အိမ်ထဲသို့ ဝင်လာလိုက်သည်
ဟူး လည်ပင်းမှာ အနီကွက်တွေထပ်တိုးလာတာ Taeyeon ငြင်းမရဘူးလေ အိမ်မပြန်ခင် Stephanieက တစ်ခါလောက်ဆိုပြီး ခွင့်တောင်းလို့ လိုက်လျောပေးရသေးတယ်
အင်း အဲ့ဒီအချိန်မှာလေ Stephanieပုံစံက ထူးခြားနေတယ် မျက်လုံးအညိုလေးကနေ အနက်ရောင်အဖြစ်ပြန်ပြောင်းသွားပြန်တယ် ဘာတွေဖြစ်နေလဲ Taeyeon မသိတော့ဘူး လိုက်မမှီတော့ဘူး
အိမ်ထဲကို ဝင်လိုက်တော့ Mrs.Kimက ပြုံးပြီး သူ့ကို ကြိုနေလို့ Taeyeon အံ့သြနေသည်
သူ့အမေအပြုအမူက ထူးဆန်းနေတယ် မဟုတ်လား တကယ်ဆို သူက မနေ့ညက အိမ်ပြန်မအိပ်သည့်အပြင်  အိမ်ပြန်မအိပ်မယ့်အကြောင်းလည်း သတင်းမပေးအကြောင်းမကြားခဲ့ဘူးလေ
အရင်တစ်ခါက Hyoyeonအိမ်မှာ ညအိပ်မယ့်အကြောင်း အကြောင်းမကြားမိဘဲ အိပ်ခဲ့တဲ့ Taeyeonကို Mrs.Kim အရမ်းဆူခဲ့တာ မဟုတ်လား အခုကျ နောက်ကျမှ နေ့လည်မှ အိမ်ပြန်လာတာတောင် Mrs.Kimက ပျော်နေသလို ဝမ်းသာနေသလိုပင်
"Aigoo Taengooလေး ပြန်လာပြီလား ပင်ပန်းနေပြီလား ငါ့သမီးလေး "
"ဟင် Omma ဘာလို့လဲ "
"Miss Hwangက အမေ့ကို လာအသိပေးတယ် သမီးက ခေါင်းဆောင်လုပ်ဖို့အတွက် လေ့ကျင့်နေရကြောင်းလေ ...အဲ့တာ အိမ်အထိလာပြောတော့ အမေ့မှာ ငါ့သမီးအတွက် ဂုဏ်ယူလိုက်တာ "
Mrs.Kimမှာ ပြောပြီး Taeyeonရဲ့ အဝတ်အစားတွေကို ထုတ်ပိုးနေသည်
နေပါအုံး ဘယ်ခေါင်းဆောင်လုပ်ပြီး ဘာကိုလေ့ကျင့်ရမှာလဲ Stephanieက ငါ့ကို ဘာမှလည်း မပြောဘူးရော် အမေကရော ဘာလို့ ငါ့အဝတ်အစားတွေကို ထုတ်ပိုးနေတာလဲ
"Omma.. Ste...Miss Hwangက အိမ်ကိုလာခဲ့သေးတာလား "
Taeyeon မယုံနိုင်စွာ မေးလိုက်တယ်
ဒါကြောင့် သူ မနက်က အိမ်မှာ မရှိနေတာများလား
"ဟုတ်တယ် အမေတို့အတွက် သစ်သီးတွေတောင် ဝယ်လာပေးသေးတယ် နောက်တစ်ခါကျ သူ့ကို ညစာစားဖို့ ဖိတ်အုံးမှပါ "
"Ommaကို သူ ဘာပြောသေးလဲ "
"Aigoo ဒီက​လေးကတော့ အမေးအမြန်းထူမနေဘဲ Trainingအတွက်သာ အနားယူနေစမ်းပါ အမေ သွားစရာရှိနေလို့ သွားအုံးမယ် "
Taeyeon ဘာမှပြန်ပြောချိန်မရ Mrs.Kimက ထွက်သွားတယ်
"မင်း ပစ္စည်းတွေက ဘယ်မှာလဲ "
Stephanieက Taeyeonကို ကြည့်ပြီး မေးလိုက်သည်
Stephanieက သူ့အမေကို ဘာတွေပြောခဲ့လဲဆိုတာ မသိရသေးသ၍ Taeyeon သူ့ပစ္စည်းတွေ အကုန်လုံး ယူလာဖို့ စိတ်ကူးမရှိဘူးလေ
အတန်းတက်ဖို့ ကျောင်းကိုလာရင်း နတ်ဘုရားမနဲ့ဝင်တိုက်မိပြီး အစစ်ဆေးခံနေရပါလေရော
ash တကယ်ဘဲ Stephanie က အရမ်း ပိုင်စိုးပိုင်နင်းလုပ်လွန်းတာဘဲ
"ahh Chaw မေ့သွားလို့ "
Taeyeon လိမ်ပြောလိုက်တယ်
"အရင်ဆုံး မင်း တို့နဲ့ အတူနေရမယ်နော် "
"ဟင် "
"တို့ပြောတာ ကြားတယ်မဟုတ်လား "
"အာ ဟုတ် ကြားပါတယ် "
Taeyeon ခေါင်း​ညိတ်ပြီး Stephanieကို ကြည့်တော့ မျက်လုံးတွေက အနက်ရောင်ဖြစ်နေတုံးပင်
ထူးဆန်းနေတယ် အညိုရောင်ဖြစ်ရမယ့်ဟာကို ဘာလို့ အနက်ရောင်လဲ...ပြီးတော့ ဒိတစ်နေကုန် Stephanieရဲ့ အပြုအမူတွေက ထူးဆန်းနေတယ်ရော်
"Taengoo နင် ဘာတွေလုပ်နေလို့ နောက်ကျနေတာလဲ နင့်ကြည့်ရတာ အလုပ်များနေတဲ့ပုံဘဲ "
"အာ ဘာမှမလုပ်ပါဘူး Hyoyeonရ ဒီအတိုင်း ငါက အပျင်းထူနေလို့လေ အတန်းကလည်း ပျင်းစရာကောင်းတယ် မဟုတ်လား "
Taeyeonမှာ အဓိပ္ပါယ်မရှိတာတွေ ပြောပြီး သူ့သူငယ်ချင်းကို လိမ်လိုက်သည်
"Tsk ငါနင့်ကို မယုံပါဘူးနော် နင်ဖြင့် Miss Hwangရဲ့ အတန်းချိန်ဆို ပျော်နေတာကို "
"ပါးစပ်ပိတ်ထား "
"COME ON Taengကလည်း ဝန်ခံလိုက်စမ်းပါ ဝန်ခံလိုက်ပေါ့ မင်းချစ်တယ်ဆိုလည်း "
"နင် ဘာတွေပြောနေတာလဲ "
"Miss Kim Taeyeon "
Professorက သူ့နာမည်ကို ခေါ်လို့ Taeyeon လန့်သွားတယ်
သေပြီ သူ့အချိန် စာနားမထောင်ဘဲ လေပေါနေလို့ ဆူတော့မှာလားမသိဘူး
Taeyeon ကြောက်​ကြောက်လန့်လန့်နဲ့ ထရပ်လိုက်သည်
"ဟုတ် "
"Miss Sunmiက မင်းနဲ့စကားပြောချင်လို့ဆိုပြီး ခွင့်တောင်းနေတယ် သွားလိုက်ပါအုံး "
"shit သူက ဘာလို့ ငါနဲ့စကားပြောချင်ရတာလဲ "
Taeyeon တိုးတိုးလေး ပြောလိုက်သည်
"နင်က သူ့အတန်းချိန်ဆို သိပ်မတက်ဘူးလေ ပျက်တာများနေတာကိုး ခေါ်တွေ့ပြီပေါ့"
Hyoyeon ကလည်း ဆရာမကြားအောင် တိုးတိုးလေး ပြန်ပြောလိုက်သည်
Taeyeonလည်း စာအုပ်တွေသိမ်းပြီး အိတ်လွယ်ကာ အတန်းထဲကထွက်လာတော့ အတန်းရှေ့တွင် သူ့ကိုရပ်စောင့်နေတဲ့ Sunmiနဲ့ တွေ့လေသည်
"Taeyeon shii "
"ဟုတ် မင်္ဂလာပါ Miss Sunmi "
"လာ ရုံးခန်းကိုဝင်ရအောင် တို့ မင်းရဲ့အဆင့်နဲ့ပတ်သက်ပြီး ပြောစရာရှိလို့ "
Taeyeonလည်း Sunmiနဲ့အတူ ရုံးခန်းထဲ လိုက်ဝင်တော့ သူတို့ကို ကြည့်နေတဲ့ ဒေါသတွေပါနေသော Stephanieရဲ့ မျက်လုံးနဲ့ အကြည့်ချင်းဆုံပြီး Taeyeon ပျော့ခွေသွားသလို ခံစားလာရသည်
"Hey အဆင်ပြေရဲ့လား Taeyeon shii "
လဲကျမလိုဖြစ်သွားတဲ့ Taeyeonရဲ့လက်မောင်းကို Sunmiက လှမ်းဆွဲလိုက်သည်
"အာ ဟုတ် ပြေပါတယ် ကျေးဇူးတင်ပါတယ် "
"ဘာတွေဖြစ်နေကြတာလဲဟင် "
ထိုင်ခုံမှာထိုင်နေတဲ့ Stephanieတစ်ယောက် ချက်ချင်းဘဲ နတ်ဘုရားအစွမ်းနဲ့အတူ Taeyeon နဲ့ Sunmiကြားကို ရောက်ရှိလာသည်
#tbc
#zawgyi
"ဟူးစ် "
"Stephanie... "
"အာ အဲ့လိုမဟုတ်ပါဘူး "
"ဟင် Omma ဘာလို့လဲ "
"ahh Chaw မေ့သွားလို့ "
"ဟင် "
"အာ ဟုတ် ကြားပါတယ် "
"ပါးစပ်ပိတ်ထား "
"နင် ဘာတွေပြောနေတာလဲ "
"Miss Kim Taeyeon "
"ဟုတ် "
"Taeyeon shii "
#tbc
Bạn đang đọc truyện trên: Truyen3h.Co