Part 25
"Hello Miss Hwang တစ်ခုခုလိုလို့လားရှင် "
Sunmiက Stephanie ကို နှုတ်ဆက်လိုက်သည်
"Humm ဘာမှမဟုတ်ပါဘူး ဒါနဲ့ Taeyeonက ဘာလို့ ရှင်နဲ့အတူရှိနေရတာလဲ "
Stephanie က Sunmi ကို ပြောပြီးနောက် Taeyeon ကို ကြည့်လိုက်သည် ပြီးတော့ Sunmiကို ပြန်ကြည့်နေသည်
Stephanieရဲ့ အကြည့်တွေ စကားတွေနဲ့တင် အန္တရာယ်အငွေ့အသက်တွေကို Taeyeon ခံစားမိနေတယ်
"Miss Hwang ဘာဖြစ်လို့ ကျွန်မကို အဲ့လိုကြည့်နေရတာလဲ တစ်ခုခုဖြစ်နေလို့လား "
Sunmiမှာ သက်တောင့်သက်သာမဖြစ်သလို ခံစားလာရပြီလေ
ဒီအေးစက်စက်ကြောက်စရာအခြေအနေကနေ လွတ်ဖို့ Taeyeon ဝင်ပါလိုက်ရသည်
"Miss Sunmiက သူ့ဘာသာရပ်နဲ့ပတ်သက်ပြီး Chawရဲ့ အဆင့်တွေနဲ့ ပတ်သက်ပြီး ပြောစရာရှိလို့ ခေါ်လာတာပါ "
Taeyeon ရဲ့ စကားကြောင့် ပိုင်ဆိုးပိုင်နင်း အရမ်းလုပ်ချင်နေတဲ့ Stephanie မှာ နည်းနည်းတော့ အပူတွေကျသွားတယ်
"အဲ့တာဘဲလား "
"ဟုတ်ပါတယ် Miss Hwang "
"အဲ့တာဆိုလည်း ပြီးတာဘဲ "
Stephanie မှာ ပြောပြီး သူ့ထိုင်ခုံဘက်သို့ ပြန်သွားကာ ထိုင်လိုက်သည်
Sunmiမှာ Taeyeon ကို သူ့စားပွဲဘက်ခေါ်သွားပြီး စာရွက်စာတမ်းတွေ ထုတ်ပြလေသည်
ပြီးတော့ Taeyeonကို ဘာလို့ခေါ်ရလဲဆိုတဲ့ အကြောင်းအရင်းကို စတင် ရှင်းပြသည်
"Taeyeon shii အမှန်တိုင်းပြောရရင် ကျွန်မ ဘာသာရပ်မှာလည်း Taeyeon က အမှတ်ကောင်းပါတယ် ဒါပေမယ့် ကျွန်မရဲ့စိတ်ကို အနှောင့်အယှက်ပေးနေတာ တစ်ခုရှိတယ်.... Taeyeon ဘာလို့ ကျွန်မရဲ့ အတန်းကို ပုံမှန်မတက်နိုင်ရတာလဲ ကျွန်မ စာသင်တာကို မကြိုက်လို့လား "
Sunmi က ပြောပေမယ့် Taeyeonကတော့ Sunmiကို အာရုံစိုက်မအား သူ့ကို စိုက်ကြည့်နေတဲ့ Stephanie ကြောင့် ဘာလုပ်ရမှန်းမသိဖြစ်နေသည်
ကြက်သီးတွေပါထလာလို့ Taeyeon အသက်ကို မှန်မှန်ရှူပြီး စိတ်လျော့နေသည်
"Taeyeon shii "
Sunmiက သူ့ပခုံးကို လာကိုင်လို့ Taeyeon အမြန် Sunmiလက်ကို ပုတ်ချလိုက်သည်
Sunmiမှာ Taeyeon ရဲ့ အပြုအမူကြောင့် မျက်မှောင်ကြုတ်သွားမိတယ်
"အဆင်ပြေရဲ့လား Taeyeon "
"ဟုတ် Miss Sunmi Chaw အဆင်ပြေပါတယ် "
Taeyeon ပြောပြီး Sunmiကို တောင်းပန်လိုက်သည်
သို့ပေမယ့်လည်း Taeyeon စိတ်ထဲမှာတော့ သက်တောင့်သက်သာဖြစ်မနေပေ
Sunmiက ဘာလို့ Taeyeon ကို ဆက်တိုက်ထိတွေ့နေတာလဲ သူ့ကို သေတွင်းထဲ ပို့နေတာနဲ့တူနေတယ်
Stephanieကသာ နဂါးဆိုရင် Sunmiတစ်ယောက် မျက်စောင်းထိုးခံရလွန်းလို့ ဘဝဆက်တိုင်း ပြာကျနေလောက်ရောပေါ့
Taeyeon ရုတ်တရက် သူ့ဗိုက်ထဲတစ်ခုခုဖြစ်လာသလို ခံစားလာရတယ်
နေပါအုံး ခဏနေပါအုံး ငါ့ဗိုက်က ဘာလို့ ဒီလို ဖြစ်နေရတာလဲ
Taeyeon ဆက်ပြီး ထိန်းမထားနိုင်တော့ Sunmiကို ခွင့်တောင်းပြီး အိမ်သာဘက်သို့ ပြေးလေသည်
ထို့နောက် အိမ်သာတံခါးကို ဖွင့်ပြီး အန်လေသည်
အန်ပြီးနောက် ဘေစင်တွင် လက်ဆေးနေစဥ် Stephanie က အနောက်ကနေရောက်လာသည်
"တွေ့လား တို့ကလေးကအစ မင်း တစ်ခြားကောင်မလေးနဲ့ အီစီကလီလုပ်နေတာကို မကြိုက်ဘူး Taeyeon "
Taeyeon လက်ဆေးရင်း ကြည့်လိုက်တော့ Stephanieက သူ့ဝမ်းဗိုက်လေးကို ပွတ်ရင်း ကလေးနဲ့စကားပြောနေသလို လုပ်နေသည်
"Chaw အီစီကလီလုပ်နေတာ မဟုတ်ပါဘူးနော် "
"အဲ့တာတော့ တို့မသိဘူး ဟင်းဟင်း နောက်တစ်ခါ သူ မင်းကို ဆက်ထိကြည့် သူ့အသက်ကို တို့အာမမခံဘူး မင်းလည်း သူထိတာကို ခွင့်ပြုရင် တို့ မင်းကို အပြစ်ပေးမှာနော် "
Stephanieမှာ မဲ့ပြုံးပြုံးပြီး Taeyeonကို သတိပေးလိုက်သည်
Taeyeonမှာ Stephanie ကို ချော့မော့ပြောပြီး အိမ်သို့ ပြန်လာသည်
Stephanieကို သူ့ရဲ့အိမ်တွင် စောင့်ခိုင်းပြီး Taeyeonကတော့ အိမ်ပြန်အဝတ်အစားတွေ ထုတ်ပိုးခဲ့မယ်လို့ ချော့ပြောခဲ့ရသည်
ပြီးတော့ Taeyeonရဲ့ အမေကလည်း Stephanieကို အရမ်းသဘောကျနေတာ ခက်သည်
နတ်ဘုရားမတွေက အဲ့လိုမျိုး လူတွေရဲ့ စိတ်ကို ပြုစားတတ်တာလား
ဘယ်လိုဘဲနေနေ ငါ့မိသားစုဘဝထဲတော့ Stephanie ဝင်ရောက်စွက်ဖက်တာကို ခွင့်မပြုနိုင်ဘူး
ပြီးတော့ နတ်ဘုရားမနဲ့ ကလေးယူပြီး တစ်အိုးတစ်အိမ်တည်ထောင်ဖို့ အဆင်သင့်မဖြစ်သေးဘူး ငါ့မှာ သင်ယူစရာတွေ အများကြီးရှိနေသေးတယ်
ဟူး အရာအားလုံးက ခက်ခဲနေတာဘဲ
ငါ့လို သာမန်လူသားတစ်ယောက်မှာ ဘာလို့ ဒါမျိုးတွေ လာဖြစ်နေရတာလဲ
Taeyeon အိတ်ကို လွယ်ပြီးနောက် နံရံက သူ့မိသားစု ဓာတ်ပုံကို ကြည့်လိုက်သည်
ငါ့မိသားစုကို ချစ်တယ် Hyoyeonကိုလည်း ချစ်တယ် ပြီးတော့ ငါဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းချင်သေးတယ်
Taeyeon သက်ပြင်းချပြီး သူ့အစီအစဥ်အတိုင်း လုပ်ဖို့ ဆုံးဖြတ်လိုက်သည်
Taeyeon မျက်လုံးမှိတ်လိုက်ပြီး အသက်ကို ရှုထုတ်လိုက်သည်
ပြီးတော့ မျက်လုံးကို ဖြည်းဖြည်းလေးပြန်ဖွင့်ပြီး နံရံက နာရီကို ကြည့်လိုက်တယ်
ပုန်းနေဖို့ အချိန်ကျပြီဘဲ
Taeyeon သူ့ကားဆီပြေးသွားပြီး အထုတ်အပိုးတွေ အားလုံးထည့်လိုက်သည်
ပြီးတော့ ကားပေါ်တွင် သေချာထိုင်ပြီး Stephanie ရှာမတွေ့နိုင်မယ့် သူပုန်းလို့ရမယ့် နေရာတွေကို သေချာစဥ်းစားကြည့်နေသည်
Taeyeon ကားစက်နှိုးပြီး ခြေဦးတည်ရာကို မောင်းလိုက်သည်
ပြီးတော့ စိတ်ထဲကနေလည်း နတ်ဘုရားမလေးဟာ သူ့စွမ်းအင်တွေနဲ့ Taeyeonကို လိုက်မချောင်းဖို့ ဆုတောင်းနေမျှော်လင့်နေသေးသည်
Stephanieနဲ့ ဝေးနိုင်သမျှ ဝေးရာကို သွားရင် သူနောက်ယောင်ခံလို့ မရလောက်တော့ဘူး စွမ်းအားသုံးလို့ မရလောက်တော့ဘူး မဟုတ်လား
ဝေးနိုင်သမျှ ဝေးဝေးကို သွားရမယ် ဒါမှ ကျိန်စာကနေ လွတ်မြောက်မှာ
ငါ...ငါ Stephanieကို သဘောကျပါတယ် သူ့ဆွဲဆောင်မှုအောက်မှာလည်း ငါ ခဏခဏကျရှုံးခဲ့ပါတယ် ဒါပေမယ့်လေ လက်ထပ်ပြီး ကလေးမွေးဖို့ အထိကျ ငါအဆင်သင့်မဖြစ်သေးဘူး ......
Taeyeon ခြေဦးတည့်ရာ ကားမောင်းရင်း သူ့အဘွားတို့ မြို့ငယ်လေးကို ရောက်လာသည်
ဒီပြဿနာတွေ ဒီကိစ္စတွေ စဖြစ်ခဲ့တဲ့ မြို့ငယ်လေးပေါ့
သောက်ကျိုးနည်းပါလား Taeyeonရေ Stephanieနဲ့ ဝေးရာကို ပြေးပါတယ်ဆို ဘာလို့ ဒီနေရာကို ရောက်လာရပြန်တာလဲ
Taeyeonလည်း ရောက်လက်စနဲ့ မထူးဘူးဆိုပြီး ကားပေါ်ကဆင်းကာ သူ့အဘွားအိမ်ဘက်သွားလေသည်
အိမ်တံခါးကိုခေါက်ကြည့်ပေမယ့် ဘယ်သူမှ တံခါးလာဖွင့်မပေးပေ
မိနစ်အတော်ကြာမှ Taeyeon သတိရသွားတယ်
တောအုပ်ထဲက ကိစ္စတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ Taeyeonရဲ့ အဘွားတို့ သူတို့မြို့ကို ပြောင်းလာခဲ့ကြတယ်လေ ခုမှသတိရတယ် အိမ်မှာ အဘွားတို့ မရှိဘူးဘဲ
Taeyeonလည်း တံခါးဆက်မခေါက်ဘဲ လှည့်ထွက်လာခဲ့တယ်
ထိုစဥ် သူ့အဘွားရဲ့ အိမ်တံခါးပွင့်လာသံကို ကြားရလေသည်
Taeyeon အသံကြားလို့ လှည့်ကြည့်တော့ ကြက်သီးတွေ ထလာပြီး လည်ချောင်းတွေပါ ခြောက်ကပ်လာတယ်
Stephanie...သူ သူက ငါ့ကို ပြုံးပြီးကြည့်နေတယ် ဘာလို့ ငါသွားတဲ့နေရာတိုင်းကို သူသိနေရတာလဲ
#tbc
#zawgyi
"Hello Miss Hwang တစ္ခုခုလိုလို႔လားရွင္ "
Sunmiက Stephanie ကို ႏႈတ္ဆက္လိုက္သည္
"Humm ဘာမွမဟုတ္ပါဘူး ဒါနဲ႕ Taeyeonက ဘာလို႔ ရွင္နဲ႕အတူရွိေနရတာလဲ "
Stephanie က Sunmi ကို ေျပာၿပီးေနာက္ Taeyeon ကို ၾကည့္လိုက္သည္ ၿပီးေတာ့ Sunmiကို ျပန္ၾကည့္ေနသည္
Stephanieရဲ႕ အၾကည့္ေတြ စကားေတြနဲ႕တင္ အႏၱရာယ္အေငြ႕အသက္ေတြကို Taeyeon ခံစားမိေနတယ္
"Miss Hwang ဘာျဖစ္လို႔ ကြၽန္မကို အဲ့လိုၾကည့္ေနရတာလဲ တစ္ခုခုျဖစ္ေနလို႔လား "
Sunmiမွာ သက္ေတာင့္သက္သာမျဖစ္သလို ခံစားလာရၿပီေလ
ဒီေအးစက္စက္ေၾကာက္စရာအေျခအေနကေန လြတ္ဖို႔ Taeyeon ဝင္ပါလိုက္ရသည္
"Miss Sunmiက သူ႕ဘာသာရပ္နဲ႕ပတ္သက္ၿပီး Chawရဲ႕ အဆင့္ေတြနဲ႕ ပတ္သက္ၿပီး ေျပာစရာရွိလို႔ ေခၚလာတာပါ "
Taeyeon ရဲ႕ စကားေၾကာင့္ ပိုင္ဆိုးပိုင္နင္း အရမ္းလုပ္ခ်င္ေနတဲ့ Stephanie မွာ နည္းနည္းေတာ့ အပူေတြက်သြားတယ္
"အဲ့တာဘဲလား "
"ဟုတ္ပါတယ္ Miss Hwang "
"အဲ့တာဆိုလည္း ၿပီးတာဘဲ "
Stephanie မွာ ေျပာၿပီး သူ႕ထိုင္ခုံဘက္သို႔ ျပန္သြားကာ ထိုင္လိုက္သည္
Sunmiမွာ Taeyeon ကို သူ႕စားပြဲဘက္ေခၚသြားၿပီး စာ႐ြက္စာတမ္းေတြ ထုတ္ျပေလသည္
ၿပီးေတာ့ Taeyeonကို ဘာလို႔ေခၚရလဲဆိုတဲ့ အေၾကာင္းအရင္းကို စတင္ ရွင္းျပသည္
"Taeyeon shii အမွန္တိုင္းေျပာရရင္ ကြၽန္မ ဘာသာရပ္မွာလည္း Taeyeon က အမွတ္ေကာင္းပါတယ္ ဒါေပမယ့္ ကြၽန္မရဲ႕စိတ္ကို အႏွောင့္အယွက္ေပးေနတာ တစ္ခုရွိတယ္.... Taeyeon ဘာလို႔ ကြၽန္မရဲ႕ အတန္းကို ပုံမွန္မတက္နိုင္ရတာလဲ ကြၽန္မ စာသင္တာကို မႀကိဳက္လို႔လား "
Sunmi က ေျပာေပမယ့္ Taeyeonကေတာ့ Sunmiကို အာ႐ုံစိုက္မအား သူ႕ကို စိုက္ၾကည့္ေနတဲ့ Stephanie ေၾကာင့္ ဘာလုပ္ရမွန္းမသိျဖစ္ေနသည္
ၾကက္သီးေတြပါထလာလို႔ Taeyeon အသက္ကို မွန္မွန္ရႉၿပီး စိတ္ေလ်ာ့ေနသည္
"Taeyeon shii "
Sunmiက သူ႕ပခုံးကို လာကိုင္လို႔ Taeyeon အျမန္ Sunmiလက္ကို ပုတ္ခ်လိဳက္သည္
Sunmiမွာ Taeyeon ရဲ႕ အျပဳအမူေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားမိတယ္
"အဆင္ေျပရဲ႕လား Taeyeon "
"ဟုတ္ Miss Sunmi Chaw အဆင္ေျပပါတယ္ "
Taeyeon ေျပာၿပီး Sunmiကို ေတာင္းပန္လိုက္သည္
သို႔ေပမယ့္လည္း Taeyeon စိတ္ထဲမွာေတာ့ သက္ေတာင့္သက္သာျဖစ္မေနေပ
Sunmiက ဘာလို႔ Taeyeon ကို ဆက္တိုက္ထိေတြ႕ေနတာလဲ သူ႕ကို ေသတြင္းထဲ ပို႔ေနတာနဲ႕တူေနတယ္
Stephanieကသာ နဂါးဆိုရင္ Sunmiတစ္ေယာက္ မ်က္ေစာင္းထိုးခံရလြန္းလို႔ ဘဝဆက္တိုင္း ျပာက်ေနေလာက္ေရာေပါ့
Taeyeon ႐ုတ္တရက္ သူ႕ဗိုက္ထဲတစ္ခုခုျဖစ္လာသလို ခံစားလာရတယ္
ေနပါအုံး ခဏေနပါအုံး ငါ့ဗိုက္က ဘာလို႔ ဒီလို ျဖစ္ေနရတာလဲ
Taeyeon ဆက္ၿပီး ထိန္းမထားနိုင္ေတာ့ Sunmiကို ခြင့္ေတာင္းၿပီး အိမ္သာဘက္သို႔ ေျပးေလသည္
ထို႔ေနာက္ အိမ္သာတံခါးကို ဖြင့္ၿပီး အန္ေလသည္
အန္ၿပီးေနာက္ ေဘစင္တြင္ လက္ေဆးေနစဥ္ Stephanie က အေနာက္ကေနေရာက္လာသည္
"ေတြ႕လား တို႔ကေလးကအစ မင္း တစ္ျခားေကာင္မေလးနဲ႕ အီစီကလီလုပ္ေနတာကို မႀကိဳက္ဘူး Taeyeon "
Taeyeon လက္ေဆးရင္း ၾကည့္လိုက္ေတာ့ Stephanieက သူ႕ဝမ္းဗိုက္ေလးကို ပြတ္ရင္း ကေလးနဲ႕စကားေျပာေနသလို လုပ္ေနသည္
"Chaw အီစီကလီလုပ္ေနတာ မဟုတ္ပါဘူးေနာ္ "
"အဲ့တာေတာ့ တို႔မသိဘူး ဟင္းဟင္း ေနာက္တစ္ခါ သူ မင္းကို ဆက္ထိၾကည့္ သူ႕အသက္ကို တို႔အာမမခံဘူး မင္းလည္း သူထိတာကို ခြင့္ျပဳရင္ တို႔ မင္းကို အျပစ္ေပးမွာေနာ္ "
Stephanieမွာ မဲ့ၿပဳံးၿပဳံးၿပီး Taeyeonကို သတိေပးလိုက္သည္
Taeyeonမွာ Stephanie ကို ေခ်ာ့ေမာ့ေျပာၿပီး အိမ္သို႔ ျပန္လာသည္
Stephanieကို သူ႕ရဲ႕အိမ္တြင္ ေစာင့္ခိုင္းၿပီး Taeyeonကေတာ့ အိမ္ျပန္အဝတ္အစားေတြ ထုတ္ပိုးခဲ့မယ္လို႔ ေခ်ာ့ေျပာခဲ့ရသည္
ၿပီးေတာ့ Taeyeonရဲ႕ အေမကလည္း Stephanieကို အရမ္းသေဘာက်ေနတာ ခက္သည္
နတ္ဘုရားမေတြက အဲ့လိုမ်ိဳး လူေတြရဲ႕ စိတ္ကို ျပဳစားတတ္တာလား
ဘယ္လိုဘဲေနေန ငါ့မိသားစုဘဝထဲေတာ့ Stephanie ဝင္ေရာက္စြက္ဖက္တာကို ခြင့္မျပဳနိုင္ဘူး
ၿပီးေတာ့ နတ္ဘုရားမနဲ႕ ကေလးယူၿပီး တစ္အိုးတစ္အိမ္တည္ေထာင္ဖို႔ အဆင္သင့္မျဖစ္ေသးဘူး ငါ့မွာ သင္ယူစရာေတြ အမ်ားႀကီးရွိေနေသးတယ္
ဟူး အရာအားလုံးက ခက္ခဲေနတာဘဲ
ငါ့လို သာမန္လူသားတစ္ေယာက္မွာ ဘာလို႔ ဒါမ်ိဳးေတြ လာျဖစ္ေနရတာလဲ
Taeyeon အိတ္ကို လြယ္ၿပီးေနာက္ နံရံက သူ႕မိသားစု ဓာတ္ပုံကို ၾကည့္လိုက္သည္
ငါ့မိသားစုကို ခ်စ္တယ္ Hyoyeonကိုလည္း ခ်စ္တယ္ ၿပီးေတာ့ ငါဘဝကို ေပ်ာ္ေပ်ာ္ႀကီး ျဖတ္သန္းခ်င္ေသးတယ္
Taeyeon သက္ျပင္းခ်ၿပီး သူ႕အစီအစဥ္အတိုင္း လုပ္ဖို႔ ဆုံးျဖတ္လိုက္သည္
Taeyeon မ်က္လုံးမွိတ္လိုက္ၿပီး အသက္ကို ရႈထုတ္လိုက္သည္
ၿပီးေတာ့ မ်က္လုံးကို ျဖည္းျဖည္းေလးျပန္ဖြင့္ၿပီး နံရံက နာရီကို ၾကည့္လိုက္တယ္
ပုန္းေနဖို႔ အခ်ိန္က်ၿပီဘဲ
Taeyeon သူ႕ကားဆီေျပးသြားၿပီး အထုတ္အပိုးေတြ အားလုံးထည့္လိုက္သည္
ၿပီးေတာ့ ကားေပၚတြင္ ေသခ်ာထိုင္ၿပီး Stephanie ရွာမေတြ႕နိုင္မယ့္ သူပုန္းလို႔ရမယ့္ ေနရာေတြကို ေသခ်ာစဥ္းစားၾကည့္ေနသည္
Taeyeon ကားစက္ႏွိုးၿပီး ေျခဦးတည္ရာကို ေမာင္းလိုက္သည္
ၿပီးေတာ့ စိတ္ထဲကေနလည္း နတ္ဘုရားမေလးဟာ သူ႕စြမ္းအင္ေတြနဲ႕ Taeyeonကို လိုက္မေခ်ာင္းဖို႔ ဆုေတာင္းေနေမွ်ာ္လင့္ေနေသးသည္
Stephanieနဲ႕ ေဝးနိုင္သမွ် ေဝးရာကို သြားရင္ သူေနာက္ေယာင္ခံလို႔ မရေလာက္ေတာ့ဘူး စြမ္းအားသုံးလို႔ မရေလာက္ေတာ့ဘူး မဟုတ္လား
ေဝးနိုင္သမွ် ေဝးေဝးကို သြားရမယ္ ဒါမွ က်ိန္စာကေန လြတ္ေျမာက္မွာ
ငါ...ငါ Stephanieကို သေဘာက်ပါတယ္ သူ႕ဆြဲေဆာင္မႈေအာက္မွာလည္း ငါ ခဏခဏက်ရႈံးခဲ့ပါတယ္ ဒါေပမယ့္ေလ လက္ထပ္ၿပီး ကေလးေမြးဖို႔ အထိက် ငါအဆင္သင့္မျဖစ္ေသးဘူး ......
Taeyeon ေျခဦးတည့္ရာ ကားေမာင္းရင္း သူ႕အဘြားတို႔ ၿမိဳ႕ငယ္ေလးကို ေရာက္လာသည္
ဒီျပႆနာေတြ ဒီကိစၥေတြ စျဖစ္ခဲ့တဲ့ ၿမိဳ႕ငယ္ေလးေပါ့
ေသာက္က်ိဳးနည္းပါလား Taeyeonေရ Stephanieနဲ႕ ေဝးရာကို ေျပးပါတယ္ဆို ဘာလို႔ ဒီေနရာကို ေရာက္လာရျပန္တာလဲ
Taeyeonလည္း ေရာက္လက္စနဲ႕ မထူးဘူးဆိုၿပီး ကားေပၚကဆင္းကာ သူ႕အဘြားအိမ္ဘက္သြားေလသည္
အိမ္တံခါးကိုေခါက္ၾကည့္ေပမယ့္ ဘယ္သူမွ တံခါးလာဖြင့္မေပးေပ
မိနစ္အေတာ္ၾကာမွ Taeyeon သတိရသြားတယ္
ေတာအုပ္ထဲက ကိစၥေတြ ျဖစ္ခဲ့ၿပီးေနာက္ပိုင္းမွာ Taeyeonရဲ႕ အဘြားတို႔ သူတို႔ၿမိဳ႕ကို ေျပာင္းလာခဲ့ၾကတယ္ေလ ခုမွသတိရတယ္ အိမ္မွာ အဘြားတို႔ မရွိဘူးဘဲ
Taeyeonလည္း တံခါးဆက္မေခါက္ဘဲ လွည့္ထြက္လာခဲ့တယ္
ထိုစဥ္ သူ႕အဘြားရဲ႕ အိမ္တံခါးပြင့္လာသံကို ၾကားရေလသည္
Taeyeon အသံၾကားလို႔ လွည့္ၾကည့္ေတာ့ ၾကက္သီးေတြ ထလာၿပီး လည္ေခ်ာင္းေတြပါ ေျခာက္ကပ္လာတယ္
Stephanie...သူ သူက ငါ့ကို ၿပဳံးၿပီးၾကည့္ေနတယ္ ဘာလို႔ ငါသြားတဲ့ေနရာတိုင္းကို သူသိေနရတာလဲ
#tbc
Bạn đang đọc truyện trên: Truyen3h.Co