Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 3

KimFany059

#unicode

Taeyeon ထပြေးရမလားလို့ တွေးနေစဥ် သူမဘေးနား အိပ်နေတဲ့ ကောင်မလေးက အိပ်ရာက ထလာပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ အကြောဆန့်လိုက်သည်

ထို့နောက် Taeyeonကို ကြည့်ပြီး ပြုံးပြသောကြောင့် Taeyeonလည်း ပြန်ပြုံးပြလိုက်သည်

"H..Hi "

Taeyeon ကောင်မလေးကို လက်ကမ်းပေးပြီး နှုတ်ဆက်လိုက်သည်

"Hello..."

ကောင်မလေးကလည်း ပြန်နှုတ်ဆက်ပြီး Taeyeonလက်ကို ကိုင်ဆွဲလိုက်သည်

Oh! ဘယ်လောက်တောင် နူးညံ့တဲ့ လက်ကလေးလည်း.... ဒီလက်ကလေးကို တစ်သက်လုံး ကိုင်ထားရရင် ကောင်းမှာဘဲ...

"မင်း...မင်းရဲ့နာမည်က ဘယ်လိုခေါ်လည်း "

သူမရှေ့မှာ သဘာဝက ဖန်တီးထားတဲ့ လှပလွန်းတဲ့ ကောင်မလေးကြောင့် Taeyeon စကားတွေ ထစ်နေသည်

"ငါ့ နာမည်က Stephanie "

Stephanie တဲ့ ဘယ်လောက်လှလိုက်တဲ့ နာမည်လည်း

" နင််နာမည်ကရော... "

"Taeyeon "

"တွေ့ရတာ ဝမ်းသာပါတယ် Taeyeon "

"အာ အင်း ငါရောဘဲ "

တစ်ယောက်နာမည် တစ်ယောက် မိတ်ဆက်ပြီးနောက် Taeyeonတို့ ငြိမ်သက် တိတ်ဆိတ်သွားကြသည်

Taeyeonကတော့ ကျောင်းမှာလည်း မိန်းကလေးတွေနဲ့ စကားပြောနေကြ လှတဲ့ မိန်းကလေးတွေနဲ့ တွေ့နေကြကို ဘာလို့ အခုမှ စိတ်လှုပ်ရှားပြီး စကားတွေထစ်နေသလည်းဆိုတာ ကိုယ့်ကိုကိုယ် ပြန်စဥ်းစားနေသည်

တစ်ခြားသူတွေနဲ့ဆို အေးအေးဆေးဆေးနေနိုင်ခဲ့ပေမယ့် ဒီနတ်ဘုရားသဖွယ် လှပတဲ့ မိန်းကလေးကတော့ Taeyeonကို စိတ်လွတ်ပြီး ရူးအောင်လုပ်နေသလိုပင်

"ဒီတော့...ဒီနေရာကို နင် ရှာတွေ့ခဲ့တာလား "

ကောင်မလေးမှာ စကားစပြောပြီး Taeyeonအနားကို တိုးကပ်လာသည်

ထပ်ပြီး ကောင်မလေးရဲ့အလှနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ အသံကြောင့် Taeyeon စိတ်လှုပ်ရှားပြီး တံတွေးမျိုချလိုက်သည်

"အာ....ဟုတ်တယ် တကယ်တော့ ငါက ဒီအနားတစ်ဝိုက် လျှောက်သွားနေတာရယ် ငါ့ခြေထောက်က ဒီဘက်ကိုခေါ်လာလို့ ရောက်လာတာ ဟီးဟီး "

သေတော့မှာဘဲ Taeyeonရယ် ဘာတွေပေါက်ကရပြောနေတာလည်း ကောင်မလေးကတော့ ငါ့ကို ရူးနေတယ်ထင်တော့မယ်

"သြော် ဒီတော့ နင်က ဒီနေရာကိုရောက်လာဖို့ကို ကံတရားပါလာတယ်လို့ ပြောရမယ်ပေါ့နော် ..."

ကောင်မလေးက ပြောပြီး ပြုံးပြပြန်သည်....

Stephanie က ပြုံးနေရတာကို ပင်ပန်းနေတဲ့ပုံမပေါ်

သူမ တစ်ခါ ပြုံးပြတိုင်း မျက်နှာပေါ် ပေါ်လာတဲ့ eyesmileလေးက ရင်သက်ရှုမောဖွယ်ကောင်းလွန်းသည်

Stephanieကို ကြည့်ရတာ ရိုးသားဖြူစင်တဲ့ပုံပေါ်သည်

သူမ ပုံစံက ညဘက်ကြီး အပြင်ထွက်ပြီး အဝတ်အစားမပါဘဲ ရေဆော့တတ်တဲ့သူနဲ့တောင် မတူပေ

အင်း...မနေ့ညက ကောင်မလေးက သူမဟုတ်ဘူးထင်ပါရဲ့ .......

ကဲ ငါ့ဘဝတစ်လျှောက်လုံး ဘေးနားထားရမယ့် ကောင်မလေးကို ရှာတွေ့ပြီ ....ငါ့အိမ်ကို ခေါ်သွားပြီး သောက်စရာတစ်ခုခု မပေးခင်အထိ သူ့ကို ငါ့ဘေးနားမှာနေရတာ သက်တောင့်သက်သာဖြစ်စေတယ်လို့ ခံစားစေရပြီး ငါ့ကို ယုံကြည်လာအောင် လုပ်ရမယ်

သောက်စရာဆိုတာက ငါ့အမ သင်ပေးထားတဲ့ လိုချင်တဲ့သူကို ပိုင်ဆိုင်စေဖို့ ဖော်စပ်ထားတဲ့ အရည်တစ်မျိုးလေ ထားပါ အဲ့တာမလိုလောက်ဘူးထင်ပါရဲ့ သူ့ကို ကြည့်ရတာ ငါ့ကို စိတ်ဝင်စားနေပုံဘဲ...Taeyeonက ငါ့ကို သဘောကျနေတဲ့ပုံဘဲ ငါ သူ့ကို သဘောကျပြီး လိုချင်သလို သူလည်း ငါ့ကို သဘောကျပြီး လိုချင်ရင် ကောင်းမှာဘဲ

နင် ငါ့ကို လိုချင်တပ်မက်လာအောင် လုပ်ပြမယ် Taeyeon.....

*****

Taeyeon တစ်ယောက် အိပ်ရာပေါ်တွင် လူးလှိမ့်နေသည်

Stephanieကို Taeyeon ထပ်တွေ့ချင်နေသည်

Stephanieက ကောင်းကင်ကနေ နတ်သက်ကြွေလာတဲ့ နတ်သမီးနဲ့တူသည်

Stephanieနဲ့တွေ့ရင် မနေ့ကလို စကားတွေထစ်အနေတာမျိုး မဖြစ်အောင် Taeyeon လေ့ကျင့် ပြင်ဆင်နေသည်

မနေ့က Stephanieနဲ့ စကားပြောတုံးက တစ်ယောက်တည်း စကားတွေထစ်ပြီး ရူးကြောင်ကြောင်ပုံစံဖြစ်နေသောကြောင့် Taeyeon သူ့ကိုယ်သူရှက်နေမိတယ်

Stephanieနဲ့ စကားပြောခဲ့ချိန်ကို Taeyeon ပြန်တွေးမိသည်

Flashback

"ဒီတော့... Taeyeon "'

"ဟင် ငါ...ငါလား "

Taeyeon သူမကိုယ်သူမ ပိတ်ရိုက်ချင်စိတ်တွေ ဖြစ်လာသည်

ဘာတွေအူကြောင်ကြောင် ဖြစ်နေတာလည်း Kim Taeyeon

"နင်က တကယ် ချစ်ဖို့ကောင်းတာဘဲ "

"အာ... မ မဟုတ်တာ ချစ်ဖို့မကောင်းပါဘူး ငါက "

"ဘာလို့ စိတ်တွေလှုပ်ရှားနေတာလည်း Taeyeonရယ် "

"ဘာလို့လည်းဆိုတော့ နင်က အရမ်းလှနေလို့ "

Taeyeonရဲ့ စကားကြောင့် Stephanie သဘောကျပြီး ရယ်လိုက်သည်

Taeyeonကတော့ ရှက်ပြီး Stephanieကို မကြည့်ရဲ

"ငါလည်းအတူတူပါဘဲ ဒါပေမယ့် နင်က ပိုချစ်ဖို့ကောင်းတယ် "

Stephanieမှာ တခစ်ခစ်ရယ်ပြီး Taeyeonရဲ့ ပါးလေးကို ဆွဲညှစ်လိုက်သည်

ဘုရားရေ Stephanieက Taeyeonကို အသေသတ်နေတာဘဲ

Taeyeon စိတ်လှုပ်ရှားလွန်းလို့ ထပြေးချင်စိတ်တွေ ဖြစ်လာသည်

သူမ မျက်နှာက ခရမ်းချဥ်သီးလို နီရဲနေမယ်ဆိုတာ Taeyeon သိသည်

ထိုစဥ် Stephanieက Taeyeonရဲ့ မျက်နှာကို ကိုင်ပြီး အနားကို တိုးလာသည်

Stephanie သူမကို နမ်းမယ်ထင်ပြီး Taeyeon မျက်လုံးတောင် မှိတ်ပေးထားသေးသည်

Stephanieကတော့ နမ်းသွားပါသည် Taeyeonရဲ့ နှုတ်ခမ်းကိုမဟုတ်ဘဲ နှာခေါင်းလေးကိုပါ

"See You Taeyeon "

Stephanie က ရှက်သွားလို့ထင်ပါရဲ့ နမ်းပြီး ထပြေးသွားသည်

Taeyeonကတော့ ကျောက်ရုပ်လို ကျန်ခဲ့ပြီး Stephanie ခပ်ဝေးဝေးကိုရောက်မှ

"ထပ်တွေ့ကြမယ်နော် Stephanie "

ပြီးတော့ ရေကန်မှာ ရေကူးခဲ့တဲ့ကောင်မလေးက Stephanieလား တစ်ခြားကောင်မလေးလားဆိုတာ Taeyeon ခုထိ တွေးနေမိသေးသည်

"Taeyeonရေ ညစာရပြီ စားကြစို့ဟေ့ "

အဘွားရဲ့ အော်သံကြောင့် Taeyeon အသိစိတ်ပြန်ဝင်လာသည်

"လာပြီ အဘွား "

Taeyeon ကုတင်ပေါ်က ဆင်းပြီး အခန်းထဲကနေ ညစာစားဖို့ ထွက်လာသည်

ညစာစားရင်း ညစာစားပြီးနောက် သစ်တောတွေဘက်က ရေကန်ကို တစ်ခေါက်ပြန်သွားကြည့်ဖို့ Taeyeon တွေးလိုက်သည်.... ထိုရေကန်က ကောင်မလေးက Stephanieလား တစ်ခြားသူလားဆိုတာ Taeyeon စစ်ဆေးရမယ်လေ

#tbc

#zawgyi

Taeyeon ထေျပးရမလားလို႔ ေတြးေနစဥ္ သူမေဘးနား အိပ္ေနတဲ့ ေကာင္မေလးက အိပ္ရာက ထလာၿပီး လက္ႏွစ္ဖက္ကို ဆန့္တန္းကာ အေၾကာဆန့္လိုက္သည္

ထို႔ေနာက္ Taeyeonကို ၾကည့္ၿပီး ၿပဳံးျပေသာေၾကာင့္ Taeyeonလည္း ျပန္ၿပဳံးျပလိုက္သည္

"H..Hi "

Taeyeon ေကာင္မေလးကို လက္ကမ္းေပးၿပီး ႏႈတ္ဆက္လိုက္သည္

"Hello..."

ေကာင္မေလးကလည္း ျပန္ႏႈတ္ဆက္ၿပီး Taeyeonလက္ကို ကိုင္ဆြဲလိုက္သည္

Oh! ဘယ္ေလာက္ေတာင္ ႏူးညံ့တဲ့ လက္ကေလးလည္း.... ဒီလက္ကေလးကို တစ္သက္လုံး ကိုင္ထားရရင္ ေကာင္းမွာဘဲ...

"မင္း...မင္းရဲ႕နာမည္က ဘယ္လိုေခၚလည္း "

သူမေရွ႕မွာ သဘာဝက ဖန္တီးထားတဲ့ လွပလြန္းတဲ့ ေကာင္မေလးေၾကာင့္ Taeyeon စကားေတြ ထစ္ေနသည္

"ငါ့ နာမည္က Stephanie "

Stephanie တဲ့ ဘယ္ေလာက္လွလိုက္တဲ့ နာမည္လည္း

" နင္္နာမည္ကေရာ... "

"Taeyeon "

"ေတြ႕ရတာ ဝမ္းသာပါတယ္ Taeyeon "

"အာ အင္း ငါေရာဘဲ "

တစ္ေယာက္နာမည္ တစ္ေယာက္ မိတ္ဆက္ၿပီးေနာက္ Taeyeonတို႔ ၿငိမ္သက္ တိတ္ဆိတ္သြားၾကသည္

Taeyeonကေတာ့ ေက်ာင္းမွာလည္း မိန္းကေလးေတြနဲ႕ စကားေျပာေနၾက လွတဲ့ မိန္းကေလးေတြနဲ႕ ေတြ႕ေနၾကကို ဘာလို႔ အခုမွ စိတ္လႈပ္ရွားၿပီး စကားေတြထစ္ေနသလည္းဆိုတာ ကိုယ့္ကိုကိုယ္ ျပန္စဥ္းစားေနသည္

တစ္ျခားသူေတြနဲ႕ဆို ေအးေအးေဆးေဆးေနနိုင္ခဲ့ေပမယ့္ ဒီနတ္ဘုရားသဖြယ္ လွပတဲ့ မိန္းကေလးကေတာ့ Taeyeonကို စိတ္လြတ္ၿပီး ႐ူးေအာင္လုပ္ေနသလိုပင္

"ဒီေတာ့...ဒီေနရာကို နင္ ရွာေတြ႕ခဲ့တာလား "

ေကာင္မေလးမွာ စကားစေျပာၿပီး Taeyeonအနားကို တိုးကပ္လာသည္

ထပ္ၿပီး ေကာင္မေလးရဲ႕အလွနဲ႕ ဆြဲေဆာင္မႈရွိလြန္းတဲ့ အသံေၾကာင့္ Taeyeon စိတ္လႈပ္ရွားၿပီး တံေတြးမ်ိဳခ်လိဳက္သည္

"အာ....ဟုတ္တယ္ တကယ္ေတာ့ ငါက ဒီအနားတစ္ဝိုက္ ေလွ်ာက္သြားေနတာရယ္ ငါ့ေျခေထာက္က ဒီဘက္ကိုေခၚလာလို႔ ေရာက္လာတာ ဟီးဟီး "

ေသေတာ့မွာဘဲ Taeyeonရယ္ ဘာေတြေပါက္ကရေျပာေနတာလည္း ေကာင္မေလးကေတာ့ ငါ့ကို ႐ူးေနတယ္ထင္ေတာ့မယ္

"ေၾသာ္ ဒီေတာ့ နင္က ဒီေနရာကိုေရာက္လာဖို႔ကို ကံတရားပါလာတယ္လို႔ ေျပာရမယ္ေပါ့ေနာ္ ..."

ေကာင္မေလးက ေျပာၿပီး ၿပဳံးျပျပန္သည္....

Stephanie က ၿပဳံးေနရတာကို ပင္ပန္းေနတဲ့ပုံမေပၚ

သူမ တစ္ခါ ၿပဳံးျပတိုင္း မ်က္ႏွာေပၚ ေပၚလာတဲ့ eyesmileေလးက ရင္သက္ရႈေမာဖြယ္ေကာင္းလြန္းသည္

Stephanieကို ၾကည့္ရတာ ရိုးသားျဖဴစင္တဲ့ပုံေပၚသည္

သူမ ပုံစံက ညဘက္ႀကီး အျပင္ထြက္ၿပီး အဝတ္အစားမပါဘဲ ေရေဆာ့တတ္တဲ့သူနဲ႕ေတာင္ မတူေပ

အင္း...မေန႕ညက ေကာင္မေလးက သူမဟုတ္ဘူးထင္ပါရဲ႕ .......

ကဲ ငါ့ဘဝတစ္ေလွ်ာက္လုံး ေဘးနားထားရမယ့္ ေကာင္မေလးကို ရွာေတြ႕ၿပီ ....ငါ့အိမ္ကို ေခၚသြားၿပီး ေသာက္စရာတစ္ခုခု မေပးခင္အထိ သူ႕ကို ငါ့ေဘးနားမွာေနရတာ သက္ေတာင့္သက္သာျဖစ္ေစတယ္လို႔ ခံစားေစရၿပီး ငါ့ကို ယုံၾကည္လာေအာင္ လုပ္ရမယ္

ေသာက္စရာဆိုတာက ငါ့အမ သင္ေပးထားတဲ့ လိုခ်င္တဲ့သူကို ပိုင္ဆိုင္ေစဖို႔ ေဖာ္စပ္ထားတဲ့ အရည္တစ္မ်ိဳးေလ ထားပါ အဲ့တာမလိုေလာက္ဘူးထင္ပါရဲ႕ သူ႕ကို ၾကည့္ရတာ ငါ့ကို စိတ္ဝင္စားေနပုံဘဲ...Taeyeonက ငါ့ကို သေဘာက်ေနတဲ့ပုံဘဲ ငါ သူ႕ကို သေဘာက်ၿပီး လိုခ်င္သလို သူလည္း ငါ့ကို သေဘာက်ၿပီး လိုခ်င္ရင္ ေကာင္းမွာဘဲ

နင္ ငါ့ကို လိုခ်င္တပ္မက္လာေအာင္ လုပ္ျပမယ္ Taeyeon.....

*****

Taeyeon တစ္ေယာက္ အိပ္ရာေပၚတြင္ လူးလွိမ့္ေနသည္

Stephanieကို Taeyeon ထပ္ေတြ႕ခ်င္ေနသည္

Stephanieက ေကာင္းကင္ကေန နတ္သက္ေႂကြလာတဲ့ နတ္သမီးနဲ႕တူသည္

Stephanieနဲ႕ေတြ႕ရင္ မေန႕ကလို စကားေတြထစ္အေနတာမ်ိဳး မျဖစ္ေအာင္ Taeyeon ေလ့က်င့္ ျပင္ဆင္ေနသည္

မေန႕က Stephanieနဲ႕ စကားေျပာတုံးက တစ္ေယာက္တည္း စကားေတြထစ္ၿပီး ႐ူးေၾကာင္ေၾကာင္ပုံစံျဖစ္ေနေသာေၾကာင့္ Taeyeon သူ႕ကိုယ္သူရွက္ေနမိတယ္

Stephanieနဲ႕ စကားေျပာခဲ့ခ်ိန္ကို Taeyeon ျပန္ေတြးမိသည္

Flashback

"ဒီေတာ့... Taeyeon "'

"ဟင္ ငါ...ငါလား "

Taeyeon သူမကိုယ္သူမ ပိတ္ရိုက္ခ်င္စိတ္ေတြ ျဖစ္လာသည္

ဘာေတြအူေၾကာင္ေၾကာင္ ျဖစ္ေနတာလည္း Kim Taeyeon

"နင္က တကယ္ ခ်စ္ဖို႔ေကာင္းတာဘဲ "

"အာ... မ မဟုတ္တာ ခ်စ္ဖို႔မေကာင္းပါဘူး ငါက "

"ဘာလို႔ စိတ္ေတြလႈပ္ရွားေနတာလည္း Taeyeonရယ္ "

"ဘာလို႔လည္းဆိုေတာ့ နင္က အရမ္းလွေနလို႔ "

Taeyeonရဲ႕ စကားေၾကာင့္ Stephanie သေဘာက်ၿပီး ရယ္လိုက္သည္

Taeyeonကေတာ့ ရွက္ၿပီး Stephanieကို မၾကည့္ရဲ

"ငါလည္းအတူတူပါဘဲ ဒါေပမယ့္ နင္က ပိုခ်စ္ဖို႔ေကာင္းတယ္ "

Stephanieမွာ တခစ္ခစ္ရယ္ၿပီး Taeyeonရဲ႕ ပါးေလးကို ဆြဲညွစ္လိုက္သည္

ဘုရားေရ Stephanieက Taeyeonကို အေသသတ္ေနတာဘဲ

Taeyeon စိတ္လႈပ္ရွားလြန္းလို႔ ထေျပးခ်င္စိတ္ေတြ ျဖစ္လာသည္

သူမ မ်က္ႏွာက ခရမ္းခ်ဥ္သီးလို နီရဲေနမယ္ဆိုတာ Taeyeon သိသည္

ထိုစဥ္ Stephanieက Taeyeonရဲ႕ မ်က္ႏွာကို ကိုင္ၿပီး အနားကို တိုးလာသည္

Stephanie သူမကို နမ္းမယ္ထင္ၿပီး Taeyeon မ်က္လုံးေတာင္ မွိတ္ေပးထားေသးသည္

Stephanieကေတာ့ နမ္းသြားပါသည္ Taeyeonရဲ႕ ႏႈတ္ခမ္းကိုမဟုတ္ဘဲ ႏွာေခါင္းေလးကိုပါ

"See You Taeyeon "

Stephanie က ရွက္သြားလို႔ထင္ပါရဲ႕ နမ္းၿပီး ထေျပးသြားသည္

Taeyeonကေတာ့ ေက်ာက္႐ုပ္လို က်န္ခဲ့ၿပီး Stephanie ခပ္ေဝးေဝးကိုေရာက္မွ

"ထပ္ေတြ႕ၾကမယ္ေနာ္ Stephanie "

ၿပီးေတာ့ ေရကန္မွာ ေရကူးခဲ့တဲ့ေကာင္မေလးက Stephanieလား တစ္ျခားေကာင္မေလးလားဆိုတာ Taeyeon ခုထိ ေတြးေနမိေသးသည္

"Taeyeonေရ ညစာရၿပီ စားၾကစို႔ေဟ့ "

အဘြားရဲ႕ ေအာ္သံေၾကာင့္ Taeyeon အသိစိတ္ျပန္ဝင္လာသည္

"လာၿပီ အဘြား "

Taeyeon ကုတင္ေပၚက ဆင္းၿပီး အခန္းထဲကေန ညစာစားဖို႔ ထြက္လာသည္

ညစာစားရင္း ညစာစားၿပီးေနာက္ သစ္ေတာေတြဘက္က ေရကန္ကို တစ္ေခါက္ျပန္သြားၾကည့္ဖို႔ Taeyeon ေတြးလိုက္သည္.... ထိုေရကန္က ေကာင္မေလးက Stephanieလား တစ္ျခားသူလားဆိုတာ Taeyeon စစ္ေဆးရမယ္ေလ

#tbc

Bạn đang đọc truyện trên: Truyen3h.Co