Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 6

KimFany059


Stephanieရဲ့ အထိအတွေ့တွေအပေါ် တုံ့ပြန်မှု မပေးဖို့ Taeyeon အကောင်းဆုံးကြိုးစားနေတယ်

နောက်ဆုံးကျန်တဲ့ မာနကို ထိန်းသိမ်းဖို့အတွက် Taeyeon အိပ်ချင်ယောင်ဆောင်နေလိုက်သည်

အိပ်ချင်ယောင်ဆောင်နေရင်း Stephanie ရဲ့ထူးဆန်းတဲ့ စကားတွေကို နားထောင်နေရသည်

"တို့မိသားစုက မင်းကို တွေ့ရဖို့ အရမ်းပျော်နေကြတာ တို့အမေကတော့ မင်းကို ကလေးလေးတွေ ဖန်တီးပေးဖို့ ပိုတောင်းဆိုတော့မှာ သေချာတယ် ဘယ်လောက်တောင် လှပလိုက်သလဲ "

Stephanie ပြောရင်း သူမရဲ့ လက်ချောင်းလေးတွေဟာ Taeyeon ဗိုက်သားပေါ်တွင် ဆော့ကစားနေသည်

"ဒီနေရာက တို့အိမ်လေ....တို့နှစ်ယောက် စိတ်ကြိုက်နေလို့ရတယ် မဟုတ်လား "

Stephanie ပြောပြီး အိပ်ချင်ယောင်ဆောင်နေတဲ့ Taeyeonရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်

Taeyeonလည်း Stephanieရဲ့ နှုတ်ခမ်းကို ပြန်လည်နမ်းချင်နေသည်

ဘာလည်း ငါက ထွက်ပြေးဖို့ ကြိုးစားရမှာလေ ဘာဖြစ်နေတာလည်း Taeyeon

"မင်းကြည့်ရတာ ပင်ပန်းနေပုံဘဲ Taeyeon စိတ်မပူပါနဲ့ အချိန်တစ်ခုရောက်လာရင် အမေက မင်းကိုကောင်းချီးမဂ်လာတွေ ပေးလိမ့်မယ် အဲ့ကျရင် မင်းကို တို့လိုဖြစ်လာအောင်လုပ်ပြီး တို့နှစ်ယောက် တစ်သက်လုံး အတူနေလို့ရသွားလိမ့်မယ် "

Stephanie ရဲ့ စကားကြောင့် Taeyeon ရှောခ့်ရပြီး မျက်လုံးဖွင့်မကြည့်ဖို့ကို ထိန်းထားရသည်

Stephanie က ဘာပြောချင်တာလည်း...သူတို့က ငါ့ကိုပြောင်းပေးတော့မလို့လား Stephanieက သူမကိုယ်သူမ နတ်ဘုရားလို့ ခဏခဏသုံးနှုန်းနေတာက တကယ်လည်း ဖြစ်နိုင်တယ် ဒါမှမဟုတ် Stephanie ရူးနေတာဘဲ

ရူးရူးမရူးရူး ဒီနေရာကနေ ခုချက်ချင်း ငါထွက်ပြေးမှရမယ်  ဒီနေရာကနေ ထွက်ရဖို့ ဘာဘဲလုပ်ရလုပ်ရ လုပ်မယ်လို့ ငါကြွေးကြော်နေပေမယ့် ငါ့စိတ်တစ်ထောင့်တစ်နေရာကတော့ ဒီနေရာကနေ ထွက်မသွားချင်ဘူး ဖြစ်နေတယ်

Taeyeon အိပ်ချင်ယောင် ဆောင်ရင်း တစ်ကယ်အိပ်ပျော်သွားပြီး နိုးလာတော့ Stephanieက အခန်းထဲမှာ မရှိပေ

ပြီးတော့ စကားပြောသံတွေကလည်း ကြားရသေးသည် Stephanieက သူ့အိမ်ထဲ ဘယ်သူ့ကိုမှ အဝင်မခံဘူးလေ ဟုတ်တယ်မလား

ဘယ်သူနဲ့စကားပြောနေတာလည်းဆိုတာ Taeyeon နားစွင့်ပြီး အာရုံစိုက်နားထောင်ကြည့်တော့ အမျိုးသမီးတစ်ယောက်အသံကို ကြားရသည်
ကြည့်ရတာ Stephanieရဲ့ အမေဖြစ်နိုင်လောက်သည်

Taeyeon ချက်ချင်းဘဲ ဝတ်စရာအဝတ်တွေကို ရှာဖွေလိုက်သည်  သူတို့ဘာတွေပြောနေလည်း နားထောင်နေချိန်မရှိ ဒီအိမ်ကထွက်ပြေးမှရမယ်

Stephanieက တစ်ခြားတစ်ယောက်နဲ့စကားပြော အာရုံစိုက်နေလို့ Taeyeon ဒီကနေ လွတ်အောင်ပြေးနိုင်မယ်လို့ ခံစားမိနေတယ်

Stephanie သူမကို ဖမ်းမမိဖို့ မျှော်လင့်ရင်း တွေ့တဲ့အဝတ်အစားကိုကောက်ဝတ်လိုက်သည်...

နေပါအုံး ဒါက ငါ့အဝတ်အစားတွေ မဟုတ်လား Stephanie ကန်ကနေပြန်ယူလာတာလား

ထို့နောက် တံခါးတေးတေးလေးဖွင့်ပြီး ချောင်းကြည့်တော့ Stephanieတို့က မီးဖိုခန်းထဲ စကားပြောနေတာကို သိလိုက်ရသည်

Taeyeon ထွက်ပြေးဖို့ အချိန်ရောက်ပြီလို့ တွေးမိပေမယ့် ဒီကနေထွက်သွားဖို့လည်း နှမြောနေမိသည်

Stephanieနဲ့sexလုပ်ရလို့ ငြိတွယ်နေမိတာလား

တော်တော့ နှာဘူး နင့်မိသားစုတွေက နင့်ကိုစိတ်ပူနေကြတာ ဒီမှာ သာယာနေလို့ မဖြစ်ဘူး

Taeyeon သူ့ကိုယ်သူသတိပြန်ပေးလိုက်သည်

Taeyeon အခန်းထဲက ခိုးထွက်လာပြီး ခြေသံလုံလုံဖြင့် ဧည့်ခန်းဘက်ကို သွားလေသည်

Stephanieရဲ့ အမေဖြစ်သူက သူမရှိရာဘက်ကို ကျောပေးထားလို့ Taeyeonထွက်လာတာကို မမြင်ရဘူးလေ

Taeyeonလည်း ကြမ်းပြင်ကို ဖွဖွလေးနင်းပြီး တံခါးလက်ကိုင်ကို​ဆုပ်ကိုင်ထားသည်

တံခါးကို သာသာယာယာလေးဖွင့်ပြီး နောက်လှည့်ကြည့်တော့ ဘယ်သူမှသူ့ကိုသတိမထားမိပေ

Taeyeon အိမ်ပြင်ကို အမြန်ထွက်လိုက်ပြီး အသက်ဝဝရှူလိုက်သည်

နောက်ဆုံးတော့ သူမကိုယ်သူမ နတ်ဘုရားဆိုပြီး ထင်နေတဲ့ ရူးကြောင်ကြောင် ဆိုက်ကိုဆီက ငါလွတ်မြောက်ပြီကွ

Taeyeon စိတ်ထဲကနေ ကြွေးကြော်ပြီး Stephanieရဲ့အိမ်ကနေ အဝေးဆုံး အဝေးဆုံးသို့ ပြေးလေသည်

ပြေးရင်းပြေးရင်း ရဲကားတွေကို တွေ့တော့ Taeyeon အရမ်းပျော်ပြီး အော်ခေါ်လိုက်သည်

"hey....hey ရပ်ပါအုံး "

ရဲတွေမှာ ကားရပ်ပြီး ကားထဲကနေ သေနတ်တွေချိန်ကာ ထွက်လာကြသည်

"နေပါအုံး အဲ့တာ Taeyeon ဘဲ "

Mrs.Kimမှာ ရဲကားထဲကနေ ပြေးထွက်လာပြီး Taeyeonကိုဖက်လေသည်

Kim familyတို့ အလွမ်းသယ်နေကြစဥ် ရဲတွေမှာ အထက်လူကြီးကို သတင်းပို့ကြလေသည်

"Sir...Kim Taeyeonကို ရှာတွေ့ပါပြီ သူ ကျွန်တော်တို့နဲ့ အတူရှိနေပါတယ် "

နောက်ဆုံးတော့ ငါလွတ်မြောက်ခဲ့ပြီ အကိုတို့က ငါ့ကို ရက်အတော်ကြာထိလိုက်ရှာနေတယ် ပြောပေမယ့် ငါ့အတွက်တော့ တစ်နှစ်လောက်ကြာသလို ခံစားရတယ် အခုတော့ မိသားစုနဲ့အတူရှိနေရလို့ စိတ်ချမ်းသာပြီး သက်တောင့်သက်သာ ရှိသလို ခံစားရတယ်

ဒါပေမယ့် ပြဿနာက ရဲတွေမေးခွန်းတွေကို ငါဘယ်လိုဖြေရမလည်း

ငါ ပြောပြရင် ငါ့မိသားစုက စိတ်ပူပြီး  ငါ့ကို ရူးသွားတယ်လို့ ထင်ကြလိမ့်မယ်

ရဲတွေကို အမှန်တိုင်း ပြောပြလိုက်ရမလား ဒါမှ သူတို့ Stephanieကို ဖမ်းပြီး ရိုးရိုးထောင် ဒါမှမဟုတ် အရူးထောင်ကို ပို့ပစ်မှာ ဒါဆိုရင် ငါလည်း သူလိုက်လာမှာကို စိတ်ပူစရာမလိုဘဲ အေးဆေးနေလို့ရပြီလေ

#tbc

#zawgyi

Stephanieရဲ႕ အထိအေတြ႕ေတြအေပၚ တုံ႕ျပန္မႈ မေပးဖို႔ Taeyeon အေကာင္းဆုံးႀကိဳးစားေနတယ္

ေနာက္ဆုံးက်န္တဲ့ မာနကို ထိန္းသိမ္းဖို႔အတြက္ Taeyeon အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္

အိပ္ခ်င္ေယာင္ေဆာင္ေနရင္း Stephanie ရဲ႕ထူးဆန္းတဲ့ စကားေတြကို နားေထာင္ေနရသည္

"တို႔မိသားစုက မင္းကို ေတြ႕ရဖို႔ အရမ္းေပ်ာ္ေနၾကတာ တို႔အေမကေတာ့ မင္းကို ကေလးေလးေတြ ဖန္တီးေပးဖို႔ ပိုေတာင္းဆိုေတာ့မွာ ေသခ်ာတယ္ ဘယ္ေလာက္ေတာင္ လွပလိုက္သလဲ "

Stephanie ေျပာရင္း သူမရဲ႕ လက္ေခ်ာင္းေလးေတြဟာ Taeyeon ဗိုက္သားေပၚတြင္ ေဆာ့ကစားေနသည္

"ဒီေနရာက တို႔အိမ္ေလ....တို႔ႏွစ္ေယာက္ စိတ္ႀကိဳက္ေနလို႔ရတယ္ မဟုတ္လား "

Stephanie ေျပာၿပီး အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့ Taeyeonရဲ႕ ႏႈတ္ခမ္းကို နမ္းလိုက္သည္

Taeyeonလည္း Stephanieရဲ႕ ႏႈတ္ခမ္းကို ျပန္လည္နမ္းခ်င္ေနသည္

ဘာလည္း ငါက ထြက္ေျပးဖို႔ ႀကိဳးစားရမွာေလ ဘာျဖစ္ေနတာလည္း Taeyeon

"မင္းၾကည့္ရတာ ပင္ပန္းေနပုံဘဲ Taeyeon စိတ္မပူပါနဲ႕ အခ်ိန္တစ္ခုေရာက္လာရင္ အေမက မင္းကိုေကာင္းခ်ီးမဂ္လာေတြ ေပးလိမ့္မယ္ အဲ့က်ရင္ မင္းကို တို႔လိုျဖစ္လာေအာင္လုပ္ၿပီး တို႔ႏွစ္ေယာက္ တစ္သက္လုံး အတူေနလို႔ရသြားလိမ့္မယ္ "

Stephanie ရဲ႕ စကားေၾကာင့္ Taeyeon ေရွာခ့္ရၿပီး မ်က္လုံးဖြင့္မၾကည့္ဖို႔ကို ထိန္းထားရသည္

Stephanie က ဘာေျပာခ်င္တာလည္း...သူတို႔က ငါ့ကိုေျပာင္းေပးေတာ့မလို႔လား Stephanieက သူမကိုယ္သူမ နတ္ဘုရားလို႔ ခဏခဏသုံးႏႈန္းေနတာက တကယ္လည္း ျဖစ္နိုင္တယ္ ဒါမွမဟုတ္ Stephanie ႐ူးေနတာဘဲ

႐ူး႐ူးမ႐ူး႐ူး ဒီေနရာကေန ခုခ်က္ခ်င္း ငါထြက္ေျပးမွရမယ္  ဒီေနရာကေန ထြက္ရဖို႔ ဘာဘဲလုပ္ရလုပ္ရ လုပ္မယ္လို႔ ငါေႂကြးေၾကာ္ေနေပမယ့္ ငါ့စိတ္တစ္ေထာင့္တစ္ေနရာကေတာ့ ဒီေနရာကေန ထြက္မသြားခ်င္ဘူး ျဖစ္ေနတယ္

Taeyeon အိပ္ခ်င္ေယာင္ ေဆာင္ရင္း တစ္ကယ္အိပ္ေပ်ာ္သြားၿပီး နိုးလာေတာ့ Stephanieက အခန္းထဲမွာ မရွိေပ

ၿပီးေတာ့ စကားေျပာသံေတြကလည္း ၾကားရေသးသည္ Stephanieက သူ႕အိမ္ထဲ ဘယ္သူ႕ကိုမွ အဝင္မခံဘူးေလ ဟုတ္တယ္မလား

ဘယ္သူနဲ႕စကားေျပာေနတာလည္းဆိုတာ Taeyeon နားစြင့္ၿပီး အာ႐ုံစိုက္နားေထာင္ၾကည့္ေတာ့ အမ်ိဳးသမီးတစ္ေယာက္အသံကို ၾကားရသည္
ၾကည့္ရတာ Stephanieရဲ႕ အေမျဖစ္နိုင္ေလာက္သည္

Taeyeon ခ်က္ခ်င္းဘဲ ဝတ္စရာအဝတ္ေတြကို ရွာေဖြလိုက္သည္  သူတို႔ဘာေတြေျပာေနလည္း နားေထာင္ေနခ်ိန္မရွိ ဒီအိမ္ကထြက္ေျပးမွရမယ္

Stephanieက တစ္ျခားတစ္ေယာက္နဲ႕စကားေျပာ အာ႐ုံစိုက္ေနလို႔ Taeyeon ဒီကေန လြတ္ေအာင္ေျပးနိုင္မယ္လို႔ ခံစားမိေနတယ္

Stephanie သူမကို ဖမ္းမမိဖို႔ ေမွ်ာ္လင့္ရင္း ေတြ႕တဲ့အဝတ္အစားကိုေကာက္ဝတ္လိုက္သည္...

ေနပါအုံး ဒါက ငါ့အဝတ္အစားေတြ မဟုတ္လား Stephanie ကန္ကေနျပန္ယူလာတာလား

ထို႔ေနာက္ တံခါးေတးေတးေလးဖြင့္ၿပီး ေခ်ာင္းၾကည့္ေတာ့ Stephanieတို႔က မီးဖိုခန္းထဲ စကားေျပာေနတာကို သိလိုက္ရသည္

Taeyeon ထြက္ေျပးဖို႔ အခ်ိန္ေရာက္ၿပီလို႔ ေတြးမိေပမယ့္ ဒီကေနထြက္သြားဖို႔လည္း ႏွေျမာေနမိသည္

Stephanieနဲ႕sexလုပ္ရလို႔ ၿငိတြယ္ေနမိတာလား

ေတာ္ေတာ့ ႏွာဘူး နင့္မိသားစုေတြက နင့္ကိုစိတ္ပူေနၾကတာ ဒီမွာ သာယာေနလို႔ မျဖစ္ဘူး

Taeyeon သူ႕ကိုယ္သူသတိျပန္ေပးလိုက္သည္

Taeyeon အခန္းထဲက ခိုးထြက္လာၿပီး ေျခသံလုံလုံျဖင့္ ဧည့္ခန္းဘက္ကို သြားေလသည္

Stephanieရဲ႕ အေမျဖစ္သူက သူမရွိရာဘက္ကို ေက်ာေပးထားလို႔ Taeyeonထြက္လာတာကို မျမင္ရဘူးေလ

Taeyeonလည္း ၾကမ္းျပင္ကို ဖြဖြေလးနင္းၿပီး တံခါးလက္ကိုင္ကိုဆုပ္ကိုင္ထားသည္

တံခါးကို သာသာယာယာေလးဖြင့္ၿပီး ေနာက္လွည့္ၾကည့္ေတာ့ ဘယ္သူမွသူ႕ကိုသတိမထားမိေပ

Taeyeon အိမ္ျပင္ကို အျမန္ထြက္လိုက္ၿပီး အသက္ဝဝရႉလိုက္သည္

ေနာက္ဆုံးေတာ့ သူမကိုယ္သူမ နတ္ဘုရားဆိုၿပီး ထင္ေနတဲ့ ႐ူးေၾကာင္ေၾကာင္ ဆိုက္ကိုဆီက ငါလြတ္ေျမာက္ၿပီကြ

Taeyeon စိတ္ထဲကေန ေႂကြးေၾကာ္ၿပီး Stephanieရဲ႕အိမ္ကေန အေဝးဆုံး အေဝးဆုံးသို႔ ေျပးေလသည္

ေျပးရင္းေျပးရင္း ရဲကားေတြကို ေတြ႕ေတာ့ Taeyeon အရမ္းေပ်ာ္ၿပီး ေအာ္ေခၚလိုက္သည္

"hey....hey ရပ္ပါအုံး "

ရဲေတြမွာ ကားရပ္ၿပီး ကားထဲကေန ေသနတ္ေတြခ်ိန္ကာ ထြက္လာၾကသည္

"ေနပါအုံး အဲ့တာ Taeyeon ဘဲ "

Mrs.Kimမွာ ရဲကားထဲကေန ေျပးထြက္လာၿပီး Taeyeonကိုဖက္ေလသည္

Kim familyတို႔ အလြမ္းသယ္ေနၾကစဥ္ ရဲေတြမွာ အထက္လူႀကီးကို သတင္းပို႔ၾကေလသည္

"Sir...Kim Taeyeonကို ရွာေတြ႕ပါၿပီ သူ ကြၽန္ေတာ္တို႔နဲ႕ အတူရွိေနပါတယ္ "

ေနာက္ဆုံးေတာ့ ငါလြတ္ေျမာက္ခဲ့ၿပီ အကိုတို႔က ငါ့ကို ရက္အေတာ္ၾကာထိလိုက္ရွာေနတယ္ ေျပာေပမယ့္ ငါ့အတြက္ေတာ့ တစ္ႏွစ္ေလာက္ၾကာသလို ခံစားရတယ္ အခုေတာ့ မိသားစုနဲ႕အတူရွိေနရလို႔ စိတ္ခ်မ္းသာၿပီး သက္ေတာင့္သက္သာ ရွိသလို ခံစားရတယ္

ဒါေပမယ့္ ျပႆနာက ရဲေတြေမးခြန္းေတြကို ငါဘယ္လိုေျဖရမလည္း

ငါ ေျပာျပရင္ ငါ့မိသားစုက စိတ္ပူၿပီး  ငါ့ကို ႐ူးသြားတယ္လို႔ ထင္ၾကလိမ့္မယ္

ရဲေတြကို အမွန္တိုင္း ေျပာျပလိုက္ရမလား ဒါမွ သူတို႔ Stephanieကို ဖမ္းၿပီး ရိုးရိုးေထာင္ ဒါမွမဟုတ္ အ႐ူးေထာင္ကို ပို႔ပစ္မွာ ဒါဆိုရင္ ငါလည္း သူလိုက္လာမွာကို စိတ္ပူစရာမလိုဘဲ ေအးေဆးေနလို႔ရၿပီေလ

#tbc

Bạn đang đọc truyện trên: Truyen3h.Co