Part 7
#Unicode
နောက်ဆုံးတော့ စုံထောက်တွေ မေးသမျှ မေးခွန်းတွေဖြေပြီး Taeyeon စခန်းကပြန်ထွက်လာသည်
စုံထောက်တွေ မေးတာတွေဖြေခဲ့ပေမယ့် ယုံမယုံတော့ Taeyeon မသိ
ဒါတောင် တစ်ညလုံးယုံနိုင်စရာရှိမယ့် ဇာတ်လမ်းတွေ Taeyeon စဥ်းစားပြီး စာစီခဲ့ရသေးတယ်
နတ်ဘုရားမတစ်ပါးက သူ့ကိုဖမ်းပြီး ခဏခဏလိင်ဆက်ဆံခြင်းပြုလုပ်ပါတယ်လို့ စုံထောက်တွေကို သွားပြောမိလို့ကတော့ Taeyeon အရူးထောင် ချက်ချင်းရောက်သွားနိုင်သည်
ဒီတော့ အသက်ကြီးကြီးလူတစ်ယောက်က သူ့ကို သေသွားတဲ့သမီးထင်လို့ အိမ်မှာဖမ်းချုပ်ထားကြောင်း အဘိုးကြီးအလစ်မှာ Taeyeon ထွက်ပြေးလာကြောင်း ဇာတ်လမ်းထွင် လိမ်ပြောခဲ့လိုက်သည်
စုံထောက်နဲ့ရဲတွေမှာ တစ်နေကုနလုံး တောအုပ်ထဲသို့ လူတွေဖြန့်ကာ ရှာဖွေခြင်း ပြုလုပ်ကြသည်
ရဲတွေရဲ့သတင်းပေးမှုကြောင့် Taeyeonနဲ့ သူ့မိသားစု အံ့သြခဲ့ရသည်ည်
'ဘယ်လို မဖြစ်နိုင်တာ အဲ့မှာရှိပါတယ် "
ရဲတွေက Taeyeonပြောတဲ့ အိမ်လေးက တောထဲမှာမရှိကြောင်းပြောတာကို Taeyeonမယုံနိုင်ဖြစ်နေတယ်
"ခင်ဗျားတို့ သေချာရော စစ်ဆေးခဲ့ရဲ့လားဗျာ "
"ကျွန်တော်တို့ နှစ်ကြိမ်တောင် စစ်ဆေးခဲ့ပါတယ် အိမ်အရိပ်အယောင်မတွေ့ရသလို ဖျက်စီးထားပုံလည်း မတွေ့ရပါဘူး ပြီးတော့ တောစပ်နားက အိမ်တွေကိုမေးကြည့်တဲ့အခါ သူတို့တွေ တောထဲ ထင်းခဏခဏသွားခွေပေမယ့် အိမ်နဲ့တူတာ မတွေ့ခဲ့ကြောင်း ပြောတယ်ဗျာ့ "
Taeyeon မယုံနိုင်ဘူးဖြစ်နေတယ် သူကြုံတွေ့ခဲ့ရတာတွေက အိမ်မက်ဆန်ဆန်စိတ်ကူးယဥ်ဆန်တာမျိုး မဟုတ်ဘူးလေ
"ကျွန်တော်တို့ ဆက်လက်ပြီး စုံစမ်းနေမှာပါ ခင်ဗျားသမီးဘက်က ဒီလောက်သေချာနေတာ တောအုပ်ထဲကလည်း အကျယ်ကြီး ဆိုတော့ လူတွေမသိတာလည်း ဖြစ်နိုင်ပါတယ် "
Mr.Kimမှာ ရဲတွေပြောတာ သိပ်သဘောမကျပေမယ့် ခေါင်းသာညိတ်ပြလိုက်သည်
Mrs.Kimမှာ အခန်းထဲဝင်လာပြီး သူ့သမီး အဆင်ပြေမပြေ ဂရုစိုက်နေသည်
ထိုစဥ် Stephanieရဲ့အသံကြားယောင်လာ လို့ Taeyeon လန့်သွားတယ်
"မင်းသိလား Tae...တို့တွေ မကြာခင် ကလေးရလာတော့မှာ "
မဖြစ်နိုင်ဘူးလို့ Taeyeon ကိုယ့်ကိုကိုယ်ပြန်သတိပေးနေမိတယ်
ပြီးတော့ သူကိုယ်ဝန်ရမှာကိုလည်း အရမ်းကြောက်နေမိတယ်
အာ မဟုတ်သေးပါဘူး မိန်းကလေးချင်း ဗိုက်မကြီးနိုင်ပါဘူးဟာ တကယ်ရူးနေတာဘဲ Taeyeon....ဗိုက်ကြီးရအောင် Stephanieက ယောက်ကျားမှမဟုတ်တာ ဒါပေမယ့် Stephanieက နတ်ဘုရားအစစ်သာဆိုရင်တော့ ဖြစ်နိုင်ချေရှိတယ် အာ နတ်ဘုရားတွေလည်း တကယ်မရှိပါဘူး
နောက်တစ်ရက်မှာတော့ Taeyeon ဆေးစစ်ချက်တွေယူဖို့ သူ့မိဘတွေမသိအောင် ဆေးရုံကို ခိုးထွက်လာသည်
မမျှော်ထားတဲ့အခြေအနေ စစ်ဆေးချက်ထွက်လာရင် သူ့မိဘတွေပါ ပါလာရင် Taeyeon ဘယ်လိုနေရမှန်းမသိဖြစ်နေမှာလေ
ဥပမာ- ကိုယ်ဝန်ရှိနေတာမျိုး
"Good Morningပါ Miss Kim....နေလို့ထိုင်လို့ အဆင်ပြေရဲ့လား "
ဆရာဝန်မှာ အခန်းထဲဝင်လာတဲ့ Taeyeonကို နှုတ်ဆက်လိုက်သည်
"ဟုတ် နေကောင်းပါတယ် Doctor "
"ဘာလို့တစ်ယောက်တည်း လာခဲ့တာလည်း Taeyeon shii "
ဆရာဝန်မှာ သူ့ရှေ့ဝင်ထိုင်တဲ့ Taeyeonကို မေးလိုက်သည်
"ကျွန်မ မိဘတွေကို အလုပ်မရှုပ်စေချင်လို့ပါ ပြီးတော့ သူတို့ကလည်း အလုပ်များနေတော့လေ အဲ့တာမို့လို့တစ်ယောက်တည်း လာခဲ့တာ "
"ကောင်းပါပြီ ဆေးစစ်ချက်တွေအရ Taeyeonရဲ့ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာတွေ မရှိပါဘူး "
"ဟို ကိုယ်ဝန်ရှိတာမျိုးရော "
"အဲ့လိုလက္ခဏာတွေလည်း မရှိပါဘူး အကုန်ရှင်းပါတယ် Taeyeon shii စိတ်ပူစရာမရှိပါဘူး "
ဆရာဝန်မှာ သူ့လူနာက စိတ်ဒဏ်ရာရနေမှာသိလို့ နှစ်သိမ့်ပြီး ပြုံးကာပြောလေသည်
ဆရာဝန်ရဲ့ စကားကြောင့် Taeyeon စိတ်သက်သာရာ ရပြီး အရမ်းပျော်သွားတယ်
ဆရာဝန်ကို အထပ်ထပ်အခါခါ နှုတ်ဆက်ပြီး Taeyeonဆေးရုံကနေ ထွက်လာသည်
Thanks...god...ဒါမျိုးဖြစ်မယ်ဆိုတာ သိသားဘဲ ဟီး ဘယ်လိုလုပ် မိန်းကလေးချင်း ဗိုက်ကြီးနိုင်မှာလည်း အိမ်ကလူတွေကို စိတ်မပူအောင် ပြောရအုံးမယ် ဟိဟိ
Stephanie ကို မေ့ပစ်ပြီး ဘာမှမဖြစ်သလို ငါ့ဘဝကို ရှေ့ဆက်နေထိုင်ရမယ်
နှစ်ပတ်ကြာပြီးနောက်မှာတော့ Taeyeon ကောလိပ်ကျောင်းသူဘဝကို ပြန်စတင်ခွင့်ရသည်
အတိတ်က ကြောက်စရာကောင်းပြီး ထူးဆန်းတဲ့အခြေအနေကို ဖြတ်ကျော်ပြီးနောက် ကောလိပ်ကျောင်းသူ ဘဝကို ပျော်ပျော်ဖြတ်သန်းဖို့ Taeyeon ဆုံးဖြတ်လိုက်သည်
ပြီးတော့ Taeyeonတို့မိသားစုကလည်း စုံစမ်းစစ်ဆေးရေးကို ရပ်လိုက်ပြီလေ
Taeyeonကလည်း Stephanieက သူ့ကို အနှောင့်အယှက် မပေးတော့ဘူးလို့ တွေးထားလိုက်တယ်
ဒါပေမယ့် Taeyeon အဆင်မပြေပါဘူး ညဘက်ရောက်တိုင်း ကုတင်ပေါ်လှဲအိပ်တဲ့အခါ Stephanieရဲ့ အထိအတွေ့တွေ Taeyeon ငတ်မွတ်လာသလို ဆာလာလောင်သလို ခံစားနေရတယ်
"Taeng နင် အဆင်ပြေရဲ့လား "
Taeyeon မျက်နှာပျက်သွားတာကို သူ့သူငယ်ချင်း Hyoyeonက သတိထားမိပြီး မေးလိုက်သည်
"ပြေပါတယ် "
"ပြေမှဘဲ နင် ကောလိပ်စတက်တက်ချင်း နောက်ကျတယ်နော် "
"ငါ ညကအိပ်ရာဝင်တာ နောက်ကျလို့ပါဟ ဒါနဲ့ ပရောဖက်ဆာရော မလာသေးဘူးလား သူကဘယ်လိုပုံစံလည်း ခပ်ဆိုးဆိုးလား"
"မဟုတ်ပါဘူး နင်ပြောတာမှားတယ် ပရောဖက်ဆာက အရမ်းလှပြီး ကြင်နာတတ်တယ်ဟ သူဘယ်လောက်လှလည်းဆို အတန်းထဲ သူဝင်လာတာနဲ့ တစ်တန်းလုံးက လူတွေက ပါးစပ်အဟောင်းသားဘဲ "
"ငါတော့ အဲ့လိုမထင်ပါဘူး"
"ဟော သူလာပြီ..."
အတန်းထဲကို ဝင်လာတဲ့ ပရောဖက်ဆာကြောင့် Taeyeon ကျောက်ရုပ်လိုဖြစ်သွားတယ်
ဆံပင်ပုံစံ ခန္ဓာကိုယ်အချိုးအစား အထူးသဖြင့် တင်ပါးလုံးလုံးလေးတွေက တစ်စုံတစ်ယောက်နဲ့ တစ်ပုံစံတည်းတူနေတယ်လေ
မဟုတ်ဘူး သူမဖြစ်နိုင်ဘူး မဖြစ်နိုင်တာ....
"ချောတယ်မဟုတ်လား သူ တကယ်နတ်ဘုရားတစ်ပါးလိုကိုချောလွန်းတယ်နော် Taeng "
"Hello Class...တို့က ဒီတစ်နှစ်လုံး မင်းတို့ကို စာသင်ပေးမယ့် Professor Tiffany Hwangပါ ပထမတစ်ရက်က တို့တွေတွေ့ဖူးတယ် မဟုတ်လား ခုနာမည်မှတ်မိအောင် ထပ်မိတ်ဆက်ပေးတာပါ "
Tiffany Hwang က Taeyeonကို ကြည့်ပြီး ပြောလိုက်သည့်စကားကား
"တွေ့ရတာဝမ်းသာပါတယ် "
Taeyeon အိမ်မက်မက်နေသလို ခံစားနေရတယ် ဒါကြီးကမဖြစ်နိုင်ဘူး မဟုတ်လား
Tiffany Hwangက Stephanieနဲ့ ဘာလို့တစ်ပုံစံတည်းတူနေရတာလည်း
Stephanie မဖြစ်နိုင်လောက်ပါဘူး......
#Tbc
Stephanie လား? ဒါမှမဟုတ် ရုပ်ချင်းဆင်တူတဲ့သူလား ဘယ်လိုထင်ကြလည်းဗျာ့
#Zawgyi
ေနာက္ဆုံးေတာ့ စုံေထာက္ေတြ ေမးသမွ် ေမးခြန္းေတြေျဖၿပီး Taeyeon စခန္းကျပန္ထြက္လာသည္
စုံေထာက္ေတြ ေမးတာေတြေျဖခဲ့ေပမယ့္ ယုံမယုံေတာ့ Taeyeon မသိ
ဒါေတာင္ တစ္ညလုံးယုံနိုင္စရာရွိမယ့္ ဇာတ္လမ္းေတြ Taeyeon စဥ္းစားၿပီး စာစီခဲ့ရေသးတယ္
နတ္ဘုရားမတစ္ပါးက သူ႕ကိုဖမ္းၿပီး ခဏခဏလိင္ဆက္ဆံျခင္းျပဳလုပ္ပါတယ္လို႔ စုံေထာက္ေတြကို သြားေျပာမိလို႔ကေတာ့ Taeyeon အ႐ူးေထာင္ ခ်က္ခ်င္းေရာက္သြားနိုင္သည္
ဒီေတာ့ အသက္ႀကီးႀကီးလူတစ္ေယာက္က သူ႕ကို ေသသြားတဲ့သမီးထင္လို႔ အိမ္မွာဖမ္းခ်ဳပ္ထားေၾကာင္း အဘိုးႀကီးအလစ္မွာ Taeyeon ထြက္ေျပးလာေၾကာင္း ဇာတ္လမ္းထြင္ လိမ္ေျပာခဲ့လိုက္သည္
စုံေထာက္နဲ႕ရဲေတြမွာ တစ္ေနကုနလုံး ေတာအုပ္ထဲသို႔ လူေတြျဖန့္ကာ ရွာေဖြျခင္း ျပဳလုပ္ၾကသည္
ရဲေတြရဲ႕သတင္းေပးမႈေၾကာင့္ Taeyeonနဲ႕ သူ႕မိသားစု အံ့ၾသခဲ့ရသည္ည္
'ဘယ္လို မျဖစ္နိုင္တာ အဲ့မွာရွိပါတယ္ "
ရဲေတြက Taeyeonေျပာတဲ့ အိမ္ေလးက ေတာထဲမွာမရွိေၾကာင္းေျပာတာကို Taeyeonမယုံနိုင္ျဖစ္ေနတယ္
"ခင္ဗ်ားတို႔ ေသခ်ာေရာ စစ္ေဆးခဲ့ရဲ႕လားဗ်ာ "
"ကြၽန္ေတာ္တို႔ ႏွစ္ႀကိမ္ေတာင္ စစ္ေဆးခဲ့ပါတယ္ အိမ္အရိပ္အေယာင္မေတြ႕ရသလို ဖ်က္စီးထားပုံလည္း မေတြ႕ရပါဘူး ၿပီးေတာ့ ေတာစပ္နားက အိမ္ေတြကိုေမးၾကည့္တဲ့အခါ သူတို႔ေတြ ေတာထဲ ထင္းခဏခဏသြားေခြေပမယ့္ အိမ္နဲ႕တူတာ မေတြ႕ခဲ့ေၾကာင္း ေျပာတယ္ဗ်ာ့ "
Taeyeon မယုံနိုင္ဘူးျဖစ္ေနတယ္ သူႀကဳံေတြ႕ခဲ့ရတာေတြက အိမ္မက္ဆန္ဆန္စိတ္ကူးယဥ္ဆန္တာမ်ိဳး မဟုတ္ဘူးေလ
"ကြၽန္ေတာ္တို႔ ဆက္လက္ၿပီး စုံစမ္းေနမွာပါ ခင္ဗ်ားသမီးဘက္က ဒီေလာက္ေသခ်ာေနတာ ေတာအုပ္ထဲကလည္း အက်ယ္ႀကီး ဆိုေတာ့ လူေတြမသိတာလည္း ျဖစ္နိုင္ပါတယ္ "
Mr.Kimမွာ ရဲေတြေျပာတာ သိပ္သေဘာမက်ေပမယ့္ ေခါင္းသာညိတ္ျပလိုက္သည္
Mrs.Kimမွာ အခန္းထဲဝင္လာၿပီး သူ႕သမီး အဆင္ေျပမေျပ ဂ႐ုစိုက္ေနသည္
ထိုစဥ္ Stephanieရဲ႕အသံၾကားေယာင္လာ လို႔ Taeyeon လန့္သြားတယ္
"မင္းသိလား Tae...တို႔ေတြ မၾကာခင္ ကေလးရလာေတာ့မွာ "
မျဖစ္နိုင္ဘူးလို႔ Taeyeon ကိုယ့္ကိုကိုယ္ျပန္သတိေပးေနမိတယ္
ၿပီးေတာ့ သူကိုယ္ဝန္ရမွာကိုလည္း အရမ္းေၾကာက္ေနမိတယ္
အာ မဟုတ္ေသးပါဘူး မိန္းကေလးခ်င္း ဗိုက္မႀကီးနိုင္ပါဘူးဟာ တကယ္႐ူးေနတာဘဲ Taeyeon....ဗိုက္ႀကီးရေအာင္ Stephanieက ေယာက္က်ားမွမဟုတ္တာ ဒါေပမယ့္ Stephanieက နတ္ဘုရားအစစ္သာဆိုရင္ေတာ့ ျဖစ္နိုင္ေခ်ရွိတယ္ အာ နတ္ဘုရားေတြလည္း တကယ္မရွိပါဘူး
ေနာက္တစ္ရက္မွာေတာ့ Taeyeon ေဆးစစ္ခ်က္ေတြယူဖို႔ သူ႕မိဘေတြမသိေအာင္ ေဆး႐ုံကို ခိုးထြက္လာသည္
မေမွ်ာ္ထားတဲ့အေျခအေန စစ္ေဆးခ်က္ထြက္လာရင္ သူ႕မိဘေတြပါ ပါလာရင္ Taeyeon ဘယ္လိုေနရမွန္းမသိျဖစ္ေနမွာေလ
ဥပမာ- ကိုယ္ဝန္ရွိေနတာမ်ိဳး
"Good Morningပါ Miss Kim....ေနလို႔ထိုင္လို႔ အဆင္ေျပရဲ႕လား "
ဆရာဝန္မွာ အခန္းထဲဝင္လာတဲ့ Taeyeonကို ႏႈတ္ဆက္လိုက္သည္
"ဟုတ္ ေနေကာင္းပါတယ္ Doctor "
"ဘာလို႔တစ္ေယာက္တည္း လာခဲ့တာလည္း Taeyeon shii "
ဆရာဝန္မွာ သူ႕ေရွ႕ဝင္ထိုင္တဲ့ Taeyeonကို ေမးလိုက္သည္
"ကြၽန္မ မိဘေတြကို အလုပ္မရႈပ္ေစခ်င္လို႔ပါ ၿပီးေတာ့ သူတို႔ကလည္း အလုပ္မ်ားေနေတာ့ေလ အဲ့တာမို႔လို႔တစ္ေယာက္တည္း လာခဲ့တာ "
"ေကာင္းပါၿပီ ေဆးစစ္ခ်က္ေတြအရ Taeyeonရဲ႕ ခႏၶာကိုယ္မွာ ထိခိုက္ဒဏ္ရာေတြ မရွိပါဘူး "
"ဟို ကိုယ္ဝန္ရွိတာမ်ိဳးေရာ "
"အဲ့လိုလကၡဏာေတြလည္း မရွိပါဘူး အကုန္ရွင္းပါတယ္ Taeyeon shii စိတ္ပူစရာမရွိပါဘူး "
ဆရာဝန္မွာ သူ႕လူနာက စိတ္ဒဏ္ရာရေနမွာသိလို႔ ႏွစ္သိမ့္ၿပီး ၿပဳံးကာေျပာေလသည္
ဆရာဝန္ရဲ႕ စကားေၾကာင့္ Taeyeon စိတ္သက္သာရာ ရၿပီး အရမ္းေပ်ာ္သြားတယ္
ဆရာဝန္ကို အထပ္ထပ္အခါခါ ႏႈတ္ဆက္ၿပီး Taeyeonေဆး႐ုံကေန ထြက္လာသည္
Thanks...god...ဒါမ်ိဳးျဖစ္မယ္ဆိုတာ သိသားဘဲ ဟီး ဘယ္လိုလုပ္ မိန္းကေလးခ်င္း ဗိုက္ႀကီးနိုင္မွာလည္း အိမ္ကလူေတြကို စိတ္မပူေအာင္ ေျပာရအုံးမယ္ ဟိဟိ
Stephanie ကို ေမ့ပစ္ၿပီး ဘာမွမျဖစ္သလို ငါ့ဘဝကို ေရွ႕ဆက္ေနထိုင္ရမယ္
ႏွစ္ပတ္ၾကာၿပီးေနာက္မွာေတာ့ Taeyeon ေကာလိပ္ေက်ာင္းသူဘဝကို ျပန္စတင္ခြင့္ရသည္
အတိတ္က ေၾကာက္စရာေကာင္းၿပီး ထူးဆန္းတဲ့အေျခအေနကို ျဖတ္ေက်ာ္ၿပီးေနာက္ ေကာလိပ္ေက်ာင္းသူ ဘဝကို ေပ်ာ္ေပ်ာ္ျဖတ္သန္းဖို႔ Taeyeon ဆုံးျဖတ္လိုက္သည္
ၿပီးေတာ့ Taeyeonတို႔မိသားစုကလည္း စုံစမ္းစစ္ေဆးေရးကို ရပ္လိုက္ၿပီေလ
Taeyeonကလည္း Stephanieက သူ႕ကို အႏွောင့္အယွက္ မေပးေတာ့ဘူးလို႔ ေတြးထားလိုက္တယ္
ဒါေပမယ့္ Taeyeon အဆင္မေျပပါဘူး ညဘက္ေရာက္တိုင္း ကုတင္ေပၚလွဲအိပ္တဲ့အခါ Stephanieရဲ႕ အထိအေတြ႕ေတြ Taeyeon ငတ္မြတ္လာသလို ဆာလာေလာင္သလို ခံစားေနရတယ္
"Taeng နင္ အဆင္ေျပရဲ႕လား "
Taeyeon မ်က္ႏွာပ်က္သြားတာကို သူ႕သူငယ္ခ်င္း Hyoyeonက သတိထားမိၿပီး ေမးလိုက္သည္
"ေျပပါတယ္ "
"ေျပမွဘဲ နင္ ေကာလိပ္စတက္တက္ခ်င္း ေနာက္က်တယ္ေနာ္ "
"ငါ ညကအိပ္ရာဝင္တာ ေနာက္က်လိဳ႕ပါဟ ဒါနဲ႕ ပေရာဖက္ဆာေရာ မလာေသးဘူးလား သူကဘယ္လိုပုံစံလည္း ခပ္ဆိုးဆိုးလား"
"မဟုတ္ပါဘူး နင္ေျပာတာမွားတယ္ ပေရာဖက္ဆာက အရမ္းလွၿပီး ၾကင္နာတတ္တယ္ဟ သူဘယ္ေလာက္လွလည္းဆို အတန္းထဲ သူဝင္လာတာနဲ႕ တစ္တန္းလုံးက လူေတြက ပါးစပ္အေဟာင္းသားဘဲ "
"ငါေတာ့ အဲ့လိုမထင္ပါဘူး"
"ေဟာ သူလာၿပီ..."
အတန္းထဲကို ဝင္လာတဲ့ ပေရာဖက္ဆာေၾကာင့္ Taeyeon ေက်ာက္႐ုပ္လိုျဖစ္သြားတယ္
ဆံပင္ပုံစံ ခႏၶာကိုယ္အခ်ိဳးအစား အထူးသျဖင့္ တင္ပါးလုံးလုံးေလးေတြက တစ္စုံတစ္ေယာက္နဲ႕ တစ္ပုံစံတည္းတူေနတယ္ေလ
မဟုတ္ဘူး သူမျဖစ္နိုင္ဘူး မျဖစ္နိုင္တာ....
"ေခ်ာတယ္မဟုတ္လား သူ တကယ္နတ္ဘုရားတစ္ပါးလိုကိုေခ်ာလြန္းတယ္ေနာ္ Taeng "
"Hello Class...တို႔က ဒီတစ္ႏွစ္လုံး မင္းတို႔ကို စာသင္ေပးမယ့္ Professor Tiffany Hwangပါ ပထမတစ္ရက္က တို႔ေတြေတြ႕ဖူးတယ္ မဟုတ္လား ခုနာမည္မွတ္မိေအာင္ ထပ္မိတ္ဆက္ေပးတာပါ "
Tiffany Hwang က Taeyeonကို ၾကည့္ၿပီး ေျပာလိုက္သည့္စကားကား
"ေတြ႕ရတာဝမ္းသာပါတယ္ "
Taeyeon အိမ္မက္မက္ေနသလို ခံစားေနရတယ္ ဒါႀကီးကမျဖစ္နိုင္ဘူး မဟုတ္လား
Tiffany Hwangက Stephanieနဲ႕ ဘာလို႔တစ္ပုံစံတည္းတူေနရတာလည္း
Stephanie မျဖစ္နိုင္ေလာက္ပါဘူး......
#Tbc
Stephanie လား? ဒါမွမဟုတ္ ႐ုပ္ခ်င္းဆင္တူတဲ့သူလား ဘယ္လိုထင္ၾကလည္းဗ်ာ့
Bạn đang đọc truyện trên: Truyen3h.Co