Final
Minjeongက သူ့ကို မမှတ်မိဘူးဘဲ.....
"Minjeong...သူက နင့်ကိုခွဲစိတ်ပေးတဲ့ဆရာဝန်လေ သူ့ကြောင့် နင်အကြာကြီး သတိမေ့ရာကနေ သတိပြန်ရလာတာ "
Yizhuoက ဝင်လာပြီး ထောက်ပြောတော့ Minjeongက သြော် လို့ ရေရွတ်ပြီး ခေါင်းညိတ်လိုက်သည်
"ကျွန်မကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် "
"ရပါတယ် သတိရလာတာမြင်တော့ ဝမ်းသာမိပါတယ် ဒါဆိုလည်း နားလိုက်အုံးလေနော် "
Jimin မငိုမိအောင်လို့ Minjeongဆီကနေ ထွက်လာသည်
Minjeongက သူ့ကိုမမှတ်မိတော့ပေမယ့် သတိပြန်ရလာတာနဲ့တင် အဆင်ပြေနေပါပြီဆိုပြီး Jimin တွေးလိုက်ပေမယ့် သူ အိမ်ပြန်တဲ့အခါ တစ်ယောက်တည်း ဖြစ်နေမှာကို Jimin ကြောက်သည်
မတတ်နိုင်ဘူး နေတတ်အောင်နေရမှာဘဲ အနည်းဆုံးတော့ Minjeongက ပျော်နေတယ်မဟုတ်လား
Minjeong ဆေးရုံကဆင်းတဲ့နေ့တုန်းက Jimin ခွဲစိတ်ခန်းဝင်နေရလို့ နောက်ဆုံးအနေနဲ့ တွေ့ခွင့်မရလိုက်သောကြောင့် ဝမ်းနည်းကာ စိတ်မကောင်းဖြစ်နေသည်
Minjeong မရှိတော့တဲ့ သူ့ရဲ့အိမ်က အရင်လို စန္ဒရားတီးသံတွေမကြားရတော့ဘဲ တိတ်ဆိတ်နေသလို ဆေးရုံမှာလည်း သူ့နောက်တကောက်ကောက်လိုက်ပြီး Minjeongကို ကယ်တင်ပေးဖို့ အကူအညီတောင်းတဲ့ Yizhuoလည်းမရှိတော့ အရာအားလုံးက တိတ်ဆိတ်နေသလို ခံစားရသည်....
************
"Doctor Yu...ဆယ့်ငါးမိနစ်နေရင် ခွဲစိတ်မှုစတင်ပါမယ် "
"Ok...."
အခုဆိုရင် Jimin တစ်ယောက် စီနီယာဆရာဝန်တွေရဲ့အကူအညီမလိုဘဲ ခွဲစိတ်ခွင့်ရတဲ့အပြင် လက်ထောက်တစ်ယောက်လည်း ရလိုက်သေးသည်
ခွဲစိတ်မှုပြီးတဲ့နောက် Jimin ရုံးခန်းထဲတွင် ကော်ဖီသောက်ရင်း လူနာတွေရဲ့ မှတ်တမ်းတွေကို ဖတ်နေသည်
"Jimimnie......"
ရုံးခန်းထဲဝင်မလာသေး အပြင်ကနေ သူ့နာမည်အော်ခေါ်ပြီး ပြေးလာတဲ့ အသံကြောင့် ဘယ်သူလည်းဆိုတာ Jimin သိနေတယ်လေ
Jimin ရုံးခန်းထဲကနေ ထွက်လာပြီး တံခါးရှေ့တွင် ခါးထောက်ကာရပ်လိုက်သည်
"Kim Minjeong....ဆေးရုံထဲအော်ပြီး မပြေးလာဖို့ ဘယ်နှခါပြောရမလည်း တကယ်ပါဘဲ ဟိုမှာ လူတွေဝိုင်းကြည့်နေကြတယ် တွေ့လား "
Jimin သူ့ဆီပြေးလာတဲ့ကောင်မလေးကို ခါးလေးထောက်ကာ ဆူနေသည်
ဟုတ်ပါတယ် သရဲမလေးဖြစ်ခဲ့တဲ့ Kim Minjeongပါ....
Minjeongနဲ့Jiminက ရေစက်ပါတယ်လို့ပြောရမလား ကံကြမ္မာကြောင့်လို့ ပြောရမလား
နောက်တကြိမ်ထပ်ပြီး တွေ့ဆုံခွင့်ရခဲ့တယ်လေ
အဲ့ဒီနေ့က Jimin ဆေးရုံမှာ ညဂျူတီဆင်းရမှာမို့လို့ ကော်ဖီဆိုင်တွင် ကော်ဖီဝယ်နေသည်
မိုးကလည်း သည်းကြီးမည်းကြီးရွာနေသောကြောင့် Jimin ထီးဆောင်းရင်း ဆိုင်ထဲကနေ ထွက်လာသည်
ရုတ်တရက် လျှပ်စီးလက်သွားသောကြောင့် တစ်ဖက်လမ်းက ပလက်ဖောင်းပေါ်တွင် ငုတ်တုတ်ထိုင်ကာ ငိုနေတဲ့ ကောင်မလေးကို မြင်တော့ Jimin လန့်ပြီး လက်ထဲက ကော်ဖီခွက် ပြုတ်ကျသွားသည်
Jiminအမြန်ဘဲ လမ်းကူးပြီး ကောင်မလေးကို ထီးမိုးပေးလိုက်သည်
"အဆင်ပြေရဲ့လား ဘာဖြစ်တာလည်း "
ကောင်မလေးမှာ Jiminကို မော့ကြည့်ပြီး
"ကျွန်မ လမ်းဖြတ်ကူးတုန်း ဆိုင်ကယ်ကဝင်တိုက်သွားတာ အခုခြေထောက်ခေါက်ပြီး လမ်းမလျှောက်နိုင်လို့ "
"လာ ကားပေါ်အရင်တက် မိုးတွေရွာနေတာ Minjeong "
"ရှင့်ကားစိုသွားမှာပေါ့ ဒါနဲ့ ကျွန်မနာမည် ဘယ်လိုသိတာလည်း "
"..."
"အာ မှတ်မိပြီ မေမေတို့ပြောတဲ့ ဆရာဝန်မလေး Yu Jimin မဟုတ်လား ကျွန်မအသက်ကိုကယ်ပြီး တရားခံဖြစ်သူ အဖေအရင်းကို ထုတ်ဖော်ခဲ့တယ်ဆိုတာလေ "
"ဟုတ်တယ် တို့ဘဲ လာ...ဆေးရုံသွားပြီး တစ်ခြားနေရာထိခိုက်သွားသေးလား စစ်ကြည့်ရအောင် "
ထပ်ပြီး မတော်တဆမှုကဘဲ Jiminတို့ကို ပြန်လည်ဆုံစည်းစေပါတယ်
"Jiminnie ဘာတွေတွေးနေတာလည်း "
Minjeong အသံကြောင့် Jimin သဲသောင်ပြင်ပေါ်ထိုင်နေတဲ့ သူ့ချစ်သူကို လှမ်းကြည့်လိုက်သည်
"ဘာမှမတွေးပါဘူး ဝါးးးတစ်ညလုံး ဂျူတီဆင်းရတာ ပင်ပန်းလိုက်တာ "
Jimin ပြောပြီး Minjeongရဲ့ ပေါင်ပေါ် လှဲအိပ်လိုက်သည်
"ငါ့ကောင်မလေး ပင်ပန်းနေမှာသိလို့ တစ်ညလုံးစောင့်ပေးပြီး အခု ကမ်းခြေကို ခေါ်လာတာလေ "
Minjeongကပြောတော့ Jimin သဘောကျပြီးရယ်တယ်
"အတတ်ကလေးနော် "
"ပြီးတော့ ဒီကမ်းခြေလည်းသဘောကျလို့ "
"မင်း သဘောကျတာ တို့သိပါတယ် "
"ဘယ်လိုသိတာလည်း တစ်ခါမှလည်း မပြောပြဖူးပါဘူး "
"အကြားအမြင်ရနေတာလေ "
Jiminကပြောတော့ Minjeongက ငုံ့ပြီး သူ့ကောင်မလေးကို နမ်းလိုက်သည်
"ချစ်တယ် Jimin ငါ့ဘဝကို ထပ်ခါထပ်ခါ ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် "
The end
#Zawgyi
Minjeongက သူ႕ကို မမွတ္မိဘူးဘဲ.....
"Minjeong...သူက နင့္ကိုခြဲစိတ္ေပးတဲ့ဆရာဝန္ေလ သူ႕ေၾကာင့္ နင္အၾကာႀကီး သတိေမ့ရာကေန သတိျပန္ရလာတာ "
Yizhuoက ဝင္လာၿပီး ေထာက္ေျပာေတာ့ Minjeongက ေၾသာ္ လို႔ ေရ႐ြတ္ၿပီး ေခါင္းညိတ္လိုက္သည္
"ကြၽန္မကို ကယ္တင္ေပးလို႔ ေက်းဇူးတင္ပါတယ္ "
"ရပါတယ္ သတိရလာတာျမင္ေတာ့ ဝမ္းသာမိပါတယ္ ဒါဆိုလည္း နားလိုက္အုံးေလေနာ္ "
Jimin မငိုမိေအာင္လို႔ Minjeongဆီကေန ထြက္လာသည္
Minjeongက သူ႕ကိုမမွတ္မိေတာ့ေပမယ့္ သတိျပန္ရလာတာနဲ႕တင္ အဆင္ေျပေနပါၿပီဆိုၿပီး Jimin ေတြးလိုက္ေပမယ့္ သူ အိမ္ျပန္တဲ့အခါ တစ္ေယာက္တည္း ျဖစ္ေနမွာကို Jimin ေၾကာက္သည္
မတတ္နိုင္ဘူး ေနတတ္ေအာင္ေနရမွာဘဲ အနည္းဆုံးေတာ့ Minjeongက ေပ်ာ္ေနတယ္မဟုတ္လား
Minjeong ေဆး႐ုံကဆင္းတဲ့ေန႕တုန္းက Jimin ခြဲစိတ္ခန္းဝင္ေနရလို႔ ေနာက္ဆုံးအေနနဲ႕ ေတြ႕ခြင့္မရလိုက္ေသာေၾကာင့္ ဝမ္းနည္းကာ စိတ္မေကာင္းျဖစ္ေနသည္
Minjeong မရွိေတာ့တဲ့ သူ႕ရဲ႕အိမ္က အရင္လို စႏၵရားတီးသံေတြမၾကားရေတာ့ဘဲ တိတ္ဆိတ္ေနသလို ေဆး႐ုံမွာလည္း သူ႕ေနာက္တေကာက္ေကာက္လိုက္ၿပီး Minjeongကို ကယ္တင္ေပးဖို႔ အကူအညီေတာင္းတဲ့ Yizhuoလည္းမရွိေတာ့ အရာအားလုံးက တိတ္ဆိတ္ေနသလို ခံစားရသည္....
************
"Doctor Yu...ဆယ့္ငါးမိနစ္ေနရင္ ခြဲစိတ္မႈစတင္ပါမယ္ "
"Ok...."
အခုဆိုရင္ Jimin တစ္ေယာက္ စီနီယာဆရာဝန္ေတြရဲ႕အကူအညီမလိုဘဲ ခြဲစိတ္ခြင့္ရတဲ့အျပင္ လက္ေထာက္တစ္ေယာက္လည္း ရလိုက္ေသးသည္
ခြဲစိတ္မႈၿပီးတဲ့ေနာက္ Jimin ႐ုံးခန္းထဲတြင္ ေကာ္ဖီေသာက္ရင္း လူနာေတြရဲ႕ မွတ္တမ္းေတြကို ဖတ္ေနသည္
"Jimimnie......"
႐ုံးခန္းထဲဝင္မလာေသး အျပင္ကေန သူ႕နာမည္ေအာ္ေခၚၿပီး ေျပးလာတဲ့ အသံေၾကာင့္ ဘယ္သူလည္းဆိုတာ Jimin သိေနတယ္ေလ
Jimin ႐ုံးခန္းထဲကေန ထြက္လာၿပီး တံခါးေရွ႕တြင္ ခါးေထာက္ကာရပ္လိုက္သည္
"Kim Minjeong....ေဆး႐ုံထဲေအာ္ၿပီး မေျပးလာဖို႔ ဘယ္ႏွခါေျပာရမလည္း တကယ္ပါဘဲ ဟိုမွာ လူေတြဝိုင္းၾကည့္ေနၾကတယ္ ေတြ႕လား "
Jimin သူ႕ဆီေျပးလာတဲ့ေကာင္မေလးကို ခါးေလးေထာက္ကာ ဆူေနသည္
ဟုတ္ပါတယ္ သရဲမေလးျဖစ္ခဲ့တဲ့ Kim Minjeongပါ....
Minjeongနဲ႕Jiminက ေရစက္ပါတယ္လို႔ေျပာရမလား ကံၾကမၼာေၾကာင့္လို႔ ေျပာရမလား
ေနာက္တႀကိမ္ထပ္ၿပီး ေတြ႕ဆုံခြင့္ရခဲ့တယ္ေလ
အဲ့ဒီေန႕က Jimin ေဆး႐ုံမွာ ညဂ်ဴတီဆင္းရမွာမို႔လို႔ ေကာ္ဖီဆိုင္တြင္ ေကာ္ဖီဝယ္ေနသည္
မိုးကလည္း သည္းႀကီးမည္းႀကီး႐ြာေနေသာေၾကာင့္ Jimin ထီးေဆာင္းရင္း ဆိုင္ထဲကေန ထြက္လာသည္
႐ုတ္တရက္ လွ်ပ္စီးလက္သြားေသာေၾကာင့္ တစ္ဖက္လမ္းက ပလက္ေဖာင္းေပၚတြင္ ငုတ္တုတ္ထိုင္ကာ ငိုေနတဲ့ ေကာင္မေလးကို ျမင္ေတာ့ Jimin လန့္ၿပီး လက္ထဲက ေကာ္ဖီခြက္ ျပဳတ္က်သြားသည္
Jiminအျမန္ဘဲ လမ္းကူးၿပီး ေကာင္မေလးကို ထီးမိုးေပးလိုက္သည္
"အဆင္ေျပရဲ႕လား ဘာျဖစ္တာလည္း "
ေကာင္မေလးမွာ Jiminကို ေမာ့ၾကည့္ၿပီး
"ကြၽန္မ လမ္းျဖတ္ကူးတုန္း ဆိုင္ကယ္ကဝင္တိုက္သြားတာ အခုေျခေထာက္ေခါက္ၿပီး လမ္းမေလွ်ာက္နိုင္လို႔ "
"လာ ကားေပၚအရင္တက္ မိုးေတြ႐ြာေနတာ Minjeong "
"ရွင့္ကားစိုသြားမွာေပါ့ ဒါနဲ႕ ကြၽန္မနာမည္ ဘယ္လိုသိတာလည္း "
"..."
"အာ မွတ္မိၿပီ ေမေမတို႔ေျပာတဲ့ ဆရာဝန္မေလး Yu Jimin မဟုတ္လား ကြၽန္မအသက္ကိုကယ္ၿပီး တရားခံျဖစ္သူ အေဖအရင္းကို ထုတ္ေဖာ္ခဲ့တယ္ဆိုတာေလ "
"ဟုတ္တယ္ တို႔ဘဲ လာ...ေဆး႐ုံသြားၿပီး တစ္ျခားေနရာထိခိုက္သြားေသးလား စစ္ၾကည့္ရေအာင္ "
ထပ္ၿပီး မေတာ္တဆမႈကဘဲ Jiminတို႔ကို ျပန္လည္ဆုံစည္းေစပါတယ္
"Jiminnie ဘာေတြေတြးေနတာလည္း "
Minjeong အသံေၾကာင့္ Jimin သဲေသာင္ျပင္ေပၚထိုင္ေနတဲ့ သူ႕ခ်စ္သူကို လွမ္းၾကည့္လိုက္သည္
"ဘာမွမေတြးပါဘူး ဝါးးးတစ္ညလုံး ဂ်ဴတီဆင္းရတာ ပင္ပန္းလိုက္တာ "
Jimin ေျပာၿပီး Minjeongရဲ႕ ေပါင္ေပၚ လွဲအိပ္လိုက္သည္
"ငါ့ေကာင္မေလး ပင္ပန္းေနမွာသိလို႔ တစ္ညလုံးေစာင့္ေပးၿပီး အခု ကမ္းေျခကို ေခၚလာတာေလ "
Minjeongကေျပာေတာ့ Jimin သေဘာက်ၿပီးရယ္တယ္
"အတတ္ကေလးေနာ္ "
"ၿပီးေတာ့ ဒီကမ္းေျခလည္းသေဘာက်လိဳ႕ "
"မင္း သေဘာက်တာ တို႔သိပါတယ္ "
"ဘယ္လိုသိတာလည္း တစ္ခါမွလည္း မေျပာျပဖူးပါဘူး "
"အၾကားအျမင္ရေနတာေလ "
Jiminကေျပာေတာ့ Minjeongက ငုံ႕ၿပီး သူ႕ေကာင္မေလးကို နမ္းလိုက္သည္
"ခ်စ္တယ္ Jimin ငါ့ဘဝကို ထပ္ခါထပ္ခါ ကယ္တင္ေပးလို႔ ေက်းဇူးတင္ပါတယ္ "
The end
Bạn đang đọc truyện trên: Truyen3h.Co