Truyen3h.Co

သရဲမလေး ကိုယ့်ချစ်သူ

Part 6

KimFany059


ခွဲစိတ်မှု ပြီးတဲ့အခါမှာတော့ Jiminဟာ ဆေးရုံကနေ ထွက်လာပြီး ရဲစခန်းကို မောင်းသွားသည်

သူ့ကို Minjeong မှတ်တမ်းတွေ ပြခဲ့တဲ့ ရဲမှူးနဲ့ထပ်တွေ့ပြီး သူ့အဖေဟာ တရားခံဖြစ်ကြောင်းကို သက်သေတွေနဲ့တကွ Jimin ပြပြီး ပြောလေသည်

"ဒီတော့ မင်းအဖေက ဒီကောင်မလေးကို တိုက်ပြေးသွားတယ်လို့ ပြောချင်တာလား "

"ဟုတ်ကဲ့ "

"နှစ်အတော်ကြာပြီး ခုကျမှ အဖြစ်မှန်ကို ဖော်ထုတ်ပြီးကြော်ငြာတာက ဘယ်လောက်ထိခိုက်စေမလည်းဆိုတာ သိတယ်မလား ပြောချင်တာက နှစ်တွေအတော်ကြာနေပြီကွာ ဟိုးတုန်းကလည်း မင်းမိသားစု မင်းအဖေက ဒီကားမတော်တဆမှုနဲ့ ပတ်သက်ပြီး နှုတ်ပိတ်နေခဲ့ရာက အခုမှ ထုတ်ဖော်တဲ့အခါကျ "

"ကျွန်မတို့လည်း မသိခဲ့လို့ မပြောတာပါ အဖေကဖုံးကွယ်ထားတော့ မသိလို့ ဘာမှမပြောနိုင်တာ သိခဲ့ရင် ကျွန်မ ဖုံးကွယ်ထားပါ့မလား သူဘာကြောင့် ဖုံးကွယ်ထားလည်း ကျွန်မ မသိ​ပေမယ့် Minjeongနဲ့ပတ်သက်ပြီး မှတ်တမ်းတွေ လိုက်စုပြီး သိလာခဲ့တာ  ကျွန်မက ဘာလို့ မကောင်းမှုကို မသိသလိုနေနေရမှာလည်း "

***

ရဲစခန်းကို Jimin သွားတိုင်ကြားတာ တစ်ပတ်ပြည့်သွားပြီ ရဲစခန်းကိုသွားခဲ့ပြီးနောက် Jimin သူ့အမေဆီဖုန်းဆက်ပြီး Minjeong အမှုကိစ္စအကြောင်းကို ပြောပြသည်

Jiminရဲ့အမေကလည်း Jiminကို ဆူငေါက်အော်ဟစ်ခြင်း မရှိဘဲ အမှန်တရားကို ရွေးချယ်ဖော်ထုတ်ပေးလို့ ဂုဏ်ယူကြောင်း ပြောခဲ့သည်

ထို့နောက် Mr.Yuကိုယ်တိုင်လည်း သူ့ကိုယ်သူ အရှက်ရပြီး ရဲစခန်းကို သွားရောက်ဝန်ခံသည်

Mrs.Yuကတော့ ခွဲစိတ်ခန်းကထွက်လာပြီး သတိမရသေးတဲ့ သတိလစ်တာကြာနေပြီဖြစ်တဲ့ Minjeongအကြောင်းကြားတော့ သူ့ယောက်ျားပေါ့ဆမှုကြောင့် ကလေးတစ်ယောက် အခုလိုဖြစ်ရတာဆိုပြီး ယူကြုံးမရဖြစ်ကာ စိတ်မကောင်းဖြစ်နေသည်

"Doctor Yu....အခန်းနံပါတ် 101က မင်းကိုရှာနေပါတယ် "

Minjeongနေနေတဲ့အခန်းနံပါတ် နာမည်ကိုကြားရလို့ Jimin လန့်သွားတယ်

Jimin လုပ်လက်စကိုပစ်ထားပြီး Minjeong အခန်းဘက် ပြေးလာသည်

"ဘာဖြစ်တာလည်း "

"Unnie...Minjeong တုံ့ပြန်လှုပ်ရှားနေတယ် "

Yizhuoကပြောတော့ Jiminမှာ ကုတင်အနားကိုကပ်ကြည့်တယ်

ဟုတ်တယ် Minjeongရဲ့ လက်ချောင်းလေးတွေ လှုပ်နေတယ် ဟော မျက်လုံး...မျက်လုံးပါ ဖြည်းဖြည်းချင်းပွင့်လာပြီ

"သူ သတိရလာပြီ Yizhuo ဆရာဝန်အမြန်သွားခေါ် "

Jiminနဲ့Yizhuoမှာ အရမ်းပျော်သွားကြတယ် Yizhuoဆို ခုန်ပေါက်ပြီး ဆရာဝန်ကို သွားခေါ်သည်

ဆရာဝန်မှာ ချက်ချင်းရောက်လာပြီး Minjeongကို စစ်ဆေးပေမယ့် Minjeongကတော့ တိတ်ဆိတ်နေပြီး အခန်းထဲကလူတွေကို အေးစက်စက်အကြည့်တွေနဲ့သာ ကြည့်နေသည်

"သူက အချိန်တွေအကြာကြီး အိပ်နေခဲ့ရသူမို့လို့ သူ့ကိုအချိန်နည်းနည်းပေးလိုက်ကြပါ မေးခွန်းမမေးဘဲနဲ့ သူ့ကိုအနားယူခိုင်းလိုက်ပါ သူ စကားစပြောလာရင် ငါ့ကိုချက်ချင်းဆက်သွယ်နော် Yizhuo "

Yizhuoလည်း Jiminပြောတာကို ခေါင်းညိတ်ပြလိုက်သည်

တစ်ပတ်ကြာတဲ့အခါ Minjeong စကားစပြောလာသည်

ဆရာဝန်ကို ခေါ်ပြီးစစ်ဆေးတဲ့အခါ Minjeong စကားပြောနေပေမယ့် တုံ့ပြန်မှုကတော့ နှေးကွေးလွန်းသည်

တစ်လကြာတဲ့အခါမှာတော့ Minjeongမှာ အရင်ကထက် ပိုသက်သာပြီး ဆေးရုံကဆင်းခွင့်တောင်ရနေပြီလေ

Jiminမှာ Minjeongကို  နေ့တိုင်း လာကြည့်ရင်း နောက်ဆုံးဆေးရုံဆင်းခွင့်ရပြီဆိုလို့ အရမ်းပျော်နေတယ်

အရင်နေ့တွေမှာတော့ Minjeong အနှောင့်အယှက်ဖြစ်မှာဆိုးလို့ သူအိပ်နေတဲ့အချိန်မှ Jimin သွားကြည့်ပေမယ့် အခုတော့ အခန်းတံခါးဖွင့်ပြီး  Minjeongဆီ လျှောက်လာသည်

"အရင်တိုင်း ပြန်ဖြစ်သွားပြီး ဆေးရုံက ဆင်းခွင့်ရလို့ congratulationပါ Minjeong "

ကုတင်ပေါ်မှာ ထိုင်နေတဲ့ Minjeongကို ဖက်ပြီး Jimin ပြောလိုက်သည်

သို့သော် Minjeongမှာ ပြန်မဖက်ဘဲ Jiminကို တွန်းလိုက်သည်

"ကျွန်မ ရှင့်ကို သိလို့လား "

#tbc

#Zawgyi

ခြဲစိတ္မႈ ၿပီးတဲ့အခါမွာေတာ့ Jiminဟာ ေဆး႐ုံကေန ထြက္လာၿပီး ရဲစခန္းကို ေမာင္းသြားသည္

သူ႕ကို Minjeong မွတ္တမ္းေတြ ျပခဲ့တဲ့ ရဲမႉးနဲ႕ထပ္ေတြ႕ၿပီး သူ႕အေဖဟာ တရားခံျဖစ္ေၾကာင္းကို သက္ေသေတြနဲ႕တကြ Jimin ျပၿပီး ေျပာေလသည္

"ဒီေတာ့ မင္းအေဖက ဒီေကာင္မေလးကို တိုက္ေျပးသြားတယ္လို႔ ေျပာခ်င္တာလား "

"ဟုတ္ကဲ့ "

"ႏွစ္အေတာ္ၾကာၿပီး ခုက်မွ အျဖစ္မွန္ကို ေဖာ္ထုတ္ၿပီးေၾကာ္ျငာတာက ဘယ္ေလာက္ထိခိုက္ေစမလည္းဆိုတာ သိတယ္မလား ေျပာခ်င္တာက ႏွစ္ေတြအေတာ္ၾကာေနၿပီကြာ ဟိုးတုန္းကလည္း မင္းမိသားစု မင္းအေဖက ဒီကားမေတာ္တဆမႈနဲ႕ ပတ္သက္ၿပီး ႏႈတ္ပိတ္ေနခဲ့ရာက အခုမွ ထုတ္ေဖာ္တဲ့အခါက် "

"ကြၽန္မတို႔လည္း မသိခဲ့လို႔ မေျပာတာပါ အေဖကဖုံးကြယ္ထားေတာ့ မသိလို႔ ဘာမွမေျပာနိုင္တာ သိခဲ့ရင္ ကြၽန္မ ဖုံးကြယ္ထားပါ့မလား သူဘာေၾကာင့္ ဖုံးကြယ္ထားလည္း ကြၽန္မ မသိေပမယ့္ Minjeongနဲ႕ပတ္သက္ၿပီး မွတ္တမ္းေတြ လိုက္စုၿပီး သိလာခဲ့တာ  ကြၽန္မက ဘာလို႔ မေကာင္းမႈကို မသိသလိုေနေနရမွာလည္း "

***

ရဲစခန္းကို Jimin သြားတိုင္ၾကားတာ တစ္ပတ္ျပည့္သြားၿပီ ရဲစခန္းကိုသြားခဲ့ၿပီးေနာက္ Jimin သူ႕အေမဆီဖုန္းဆက္ၿပီး Minjeong အမႈကိစၥအေၾကာင္းကို ေျပာျပသည္

Jiminရဲ႕အေမကလည္း Jiminကို ဆူေငါက္ေအာ္ဟစ္ျခင္း မရွိဘဲ အမွန္တရားကို ေ႐ြးခ်ယ္ေဖာ္ထုတ္ေပးလို႔ ဂုဏ္ယူေၾကာင္း ေျပာခဲ့သည္

ထို႔ေနာက္ Mr.Yuကိုယ္တိုင္လည္း သူ႕ကိုယ္သူ အရွက္ရၿပီး ရဲစခန္းကို သြားေရာက္ဝန္ခံသည္

Mrs.Yuကေတာ့ ခြဲစိတ္ခန္းကထြက္လာၿပီး သတိမရေသးတဲ့ သတိလစ္တာၾကာေနၿပီျဖစ္တဲ့ Minjeongအေၾကာင္းၾကားေတာ့ သူ႕ေယာက္်ားေပါ့ဆမႈေၾကာင့္ ကေလးတစ္ေယာက္ အခုလိုျဖစ္ရတာဆိုၿပီး ယူႀကဳံးမရျဖစ္ကာ စိတ္မေကာင္းျဖစ္ေနသည္

"Doctor Yu....အခန္းနံပါတ္ 101က မင္းကိုရွာေနပါတယ္ "

Minjeongေနေနတဲ့အခန္းနံပါတ္ နာမည္ကိုၾကားရလို႔ Jimin လန့္သြားတယ္

Jimin လုပ္လက္စကိုပစ္ထားၿပီး Minjeong အခန္းဘက္ ေျပးလာသည္

"ဘာျဖစ္တာလည္း "

"Unnie...Minjeong တုံ႕ျပန္လႈပ္ရွားေနတယ္ "

Yizhuoကေျပာေတာ့ Jiminမွာ ကုတင္အနားကိုကပ္ၾကည့္တယ္

ဟုတ္တယ္ Minjeongရဲ႕ လက္ေခ်ာင္းေလးေတြ လႈပ္ေနတယ္ ေဟာ မ်က္လုံး...မ်က္လုံးပါ ျဖည္းျဖည္းခ်င္းပြင့္လာၿပီ

"သူ သတိရလာၿပီ Yizhuo ဆရာဝန္အျမန္သြားေခၚ "

Jiminနဲ႕Yizhuoမွာ အရမ္းေပ်ာ္သြားၾကတယ္ Yizhuoဆို ခုန္ေပါက္ၿပီး ဆရာဝန္ကို သြားေခၚသည္

ဆရာဝန္မွာ ခ်က္ခ်င္းေရာက္လာၿပီး Minjeongကို စစ္ေဆးေပမယ့္ Minjeongကေတာ့ တိတ္ဆိတ္ေနၿပီး အခန္းထဲကလူေတြကို ေအးစက္စက္အၾကည့္ေတြနဲ႕သာ ၾကည့္ေနသည္

"သူက အခ်ိန္ေတြအၾကာႀကီး အိပ္ေနခဲ့ရသူမို႔လို႔ သူ႕ကိုအခ်ိန္နည္းနည္းေပးလိုက္ၾကပါ ေမးခြန္းမေမးဘဲနဲ႕ သူ႕ကိုအနားယူခိုင္းလိုက္ပါ သူ စကားစေျပာလာရင္ ငါ့ကိုခ်က္ခ်င္းဆက္သြယ္ေနာ္ Yizhuo "

Yizhuoလည္း Jiminေျပာတာကို ေခါင္းညိတ္ျပလိုက္သည္

တစ္ပတ္ၾကာတဲ့အခါ Minjeong စကားစေျပာလာသည္

ဆရာဝန္ကို ေခၚၿပီးစစ္ေဆးတဲ့အခါ Minjeong စကားေျပာေနေပမယ့္ တုံ႕ျပန္မႈကေတာ့ ႏွေးေကြးလြန္းသည္

တစ္လၾကာတဲ့အခါမွာေတာ့ Minjeongမွာ အရင္ကထက္ ပိုသက္သာၿပီး ေဆး႐ုံကဆင္းခြင့္ေတာင္ရေနၿပီေလ

Jiminမွာ Minjeongကို  ေန႕တိုင္း လာၾကည့္ရင္း ေနာက္ဆုံးေဆး႐ုံဆင္းခြင့္ရၿပီဆိုလို႔ အရမ္းေပ်ာ္ေနတယ္

အရင္ေန႕ေတြမွာေတာ့ Minjeong အႏွောင့္အယွက္ျဖစ္မွာဆိုးလို႔ သူအိပ္ေနတဲ့အခ်ိန္မွ Jimin သြားၾကည့္ေပမယ့္ အခုေတာ့ အခန္းတံခါးဖြင့္ၿပီး  Minjeongဆီ ေလွ်ာက္လာသည္

"အရင္တိုင္း ျပန္ျဖစ္သြားၿပီး ေဆး႐ုံက ဆင္းခြင့္ရလို႔ congratulationပါ Minjeong "

ကုတင္ေပၚမွာ ထိုင္ေနတဲ့ Minjeongကို ဖက္ၿပီး Jimin ေျပာလိုက္သည္

သို႔ေသာ္ Minjeongမွာ ျပန္မဖက္ဘဲ Jiminကို တြန္းလိုက္သည္

"ကြၽန္မ ရွင့္ကို သိလို႔လား "

#tbc

Bạn đang đọc truyện trên: Truyen3h.Co