Part 1
#Unicode
ပစ္စည်းတွေ သိမ်းဆည်းနေတာ နှေးကွေးလို့ဆိုပြီး သူ့အမေ သူ့ကိုဘယ်နှကြိမ်လောက် ဆူပူနေမှန်း Jimin ရေတွက်လို့မရပေ
အမှန်တိုင်း ပြောရရင် Jimin ပစ္စည်းတွေသိမ်းဆည်းနေရတာ စိတ်မပါ အဘယ်ကြောင့်ဆိုသော် ယခု သူနေနေတဲ့ အိမ်လေးကို သံယောဇဉ် ရှိတယ်လေ
ဒါပေမယ့် အဘွားတို့ အမွေပေးထားတဲ့ အိမ်ကို ပြောင်းရမယ့်နေ့က ရောက်ရှိလာတယ်
သူ ကောလိပ်တက်ရလို့ အဘွားတို့က လက်ဆောင်ပေးတယ်လို့ အမေတို့က ပြောပေမယ့် Jiminကတော့ အရမ်းပျော်နေတဲ့ထဲ မပါပေ
ပြီးတော့ အမေတို့က ပြောသေးသည် ထိုအိမ်ကြီးကို ဂရုစိုက်ပေးရမယ်တဲ့
အဲ့အိမ်ကြီးက အဘွားတို့ မျိုးရိုးစဥ်ဆက်နေလာခဲ့တဲ့ အိမ်ကြီးလို့ ပြောလို့ Jimin သက်တောင့်သက်သာဖြစ်သလို မခံစားရဘဲ လေးလံနေသည်
အလုပ်နဲ့ နီးလို့ သွားလာရ လွယ်ကူတဲ့အချက်ကဘဲ Jiminကို ထိုအိမ်ပြောင်းဖို့ စိတ်သက်သာရနည်းနည်းရစေခဲ့သည်
Jiminက အဝေးကြီးတွေသွားရတာ မကြိုက်ဘူးလေ
Jimin တစ်ယောက်တည်း ဖြစ်မနေရအောင် ယုံကြည်ရတဲ့ အိမ်ဖော်တွေလည်းထည့်ပေးမယ်လို့ အမေတို့က ပြောတာဘဲ
"Jimin ပြီးပြီလား ပစ္စည်းသယ်ဖို့ ကုန်ကားကရောက်လာနေပြီ ငါတို့ သွားမှဖြစ်မယ် "
"လာပြီ Omma "
Jimin မသွားခင် သူ့ရဲ့အခန်းလေးကို နောက်ဆုံးအနေနဲ့ ကြည့်လိုက်သည်
သူမငယ်ကတည်းကနေ အသက် ၂၂နှစ်ထိ နေလာခဲ့တဲ့အခန်းလေးကို ကြည့်ရင်း ဝမ်းနည်းစွာပြုံးလိုက်သည်
ဘယ်အရာမှမတည်မြဲဘူးဆိုတာသိပေမယ့်လည်း နောက်ဆုံးတော့ အနာဂတ်အတွက် Jimin အိမ်ဟောင်းလေးကနေ ထွက်လာခဲ့သည်
"အဆင်သင့်ဖြစ်ပြီလား Honey..."
သူ့အဖေက လှမ်းမေးတော့ Jimin ခေါင်းညိတ်ပြသည်
"သမီး...မွေးကတည်းက ခုထိ အမေတို့နဲ့ဘဲ နေလာခဲ့တာဆိုတော့ အခုတစ်ယောက်တည်းနေရမှာ သမီးအတွက် ခက်ခဲမှာပေါ့ ဒါပေမယ့် ကောင်းတဲ့ဘက်ကကြည့်ရင် သမီးတစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေရပြီး အရာရာကို သမီး စိတ်ကြိုက်ဆုံးဖြတ်ခွင့်ရမှာလေ ဟုတ်တယ်မလား... ပြီးတော့ သမီး အမေတို့ဆီ လာလည်ချင်တဲ့အခါ သမီးအဖေဝယ်ပေးထားတဲ့ ကားနဲ့လာလို့ရတယ်လေ နော့် "
Mrs.Yuက Jimin ရဲ့ လက်ကို ကိုင်ပြီး နှစ်သိမ့်ပေးလိုက်သည်
"ဟုတ်ကဲ့အမေ...."
Mr.Yuတို့မှာ Jiminကို သူနေရမယ့် အိမ်သို့ လိုက်ပို့ပေးသည်
နှစ်နာရီလောက် ကားမောင်းနေရချိန်တွင် ကောင်းကင်ကြီးကလည်း မဲမှောင်ပြီး သစ်ပင်တွေကလည်း အုပ််မိုးနေသောကြောင့် ပတ်ဝန်းကျင်ကိုလည်း Jimin သေချာမမြင်ရပေ
နောက်ဆုံး သူနေရမယ့် အိမ်ကိုရောက်တော့ ခြံစောင့်က ပြေးလာပြီး တံခါးဖွင့်ပေးသည်
"ကြိုဆိုပါတယ် Mr.Yu Mrs.Yuနဲ့ ချစ်လှစွာသော မိန်းမပျိုလေးခင်ဗျာ "
Jiminမှာ ထိုလူကြီးကို အူကြောင်ကြောင်နဲ့ ကြည့်နေစဥ် သူ့မိဘတွေကတော့ ထိုလူကြီးကို ပြုံးပြလိုက်သည်
"သူက ဘာလို့ သမီးကို အဲ့လိုခေါ်ရတာလည်း "
Jimin သူ့အမေကို တိုးတိုးလေးကပ်မေးလိုက်ပေမယ့် သူ့အမေက စိတ်ထဲမထားဖို့ဘဲ ပြန်ပြောလိုက်သည်
ခြံစောင့်မှာ အိမ်တံခါးမကြီးကို ဖွင့်လိုက်တော့ အိမ်ကြီးက တော်တော်ကြီးမားကြောင်း တွေ့လိုက်ရသည်
အနီရောင်ကောဇောတွေကလည်း ခင်းထားပြီး ရွှေရောင်မီးဆိုင်းတွေကလည်း မျက်နှာကြက်မှာ စီရီနေသည်
အိမ်ကြီးမှာ နန်းတော်ကြီးသဖွယ် တောက်ပနေသည်
ထို့အပြင် မီးဆိုင်းတစ်ခုအောက်တွင် ပီယာနို အကြီးကြီးတစ်ခုကိုလည်း Jimin တွေ့လိုက်ရလို့ စိတ်လှုပ်ရှားမိသွားသည်
"Mr.Yuတို့ မမလေးအတွက် အိမ်ဖော်ငှားပြီးပြီလား ခင်ဗျာ့ "
"လွန်ခဲ့တဲ့တစ်ပတ်က တစ်ယောက်ကို အင်တာဗျူးထားတယ် သူ မနက်ဖြန်ကျလာလိမ့်မယ် ဒါနဲ့ Jiminနေမယ့်အခန်းနဲ့ နီးတဲ့ အခန်းရှိလား "
"ဟုတ်ကဲ့ ရှိပါတယ် Mrs.Yu... မမလေး အခန်းနဲ့မလှမ်းမကမ်းမှာ စာကြည့်ခန်းရှိပါတယ် အသုံးမပြုတာ ကြာပြီမို့လို့ ပစ္စည်းတွေလည်း သိပ်မရှိတော့ အိမ်ဖော်လေး အိပ်လို့ရနိုင်ပါတယ် "
Jimin ပစ္စည်းတွေ နေရာချထားပြီးနောက် သူမ မိဘတွေက ခြံစောင့်နဲ့စကားခဏပြောပြီး ပြန်သွားလေသည်
မနက်ဖြန်မှ အိမ်ဖော်လေးခေါ်လာပြီး မိတ်ဆက်ပေးမယ်လို့တော့ ပြောသည်
ခြံစောင့်လည်း ထွက်သွားပြီမို့လို့ Jimin ရေချိုးဖို့ ပြင်လိုက်သည်
ရေချိုးကန်ကြီးကလည်း အလွန်ကြီးမားကျယ်ပြန့်သောကြောင့် ရေစိမ်နေရတာကို Jimin နှစ်ခြိုက်မိသည်
ရေချိုးပြီး ထွက်လာတော့ သူမအခင်ဆုံး သူငယ်ချင်းဆီ ဖုန်းဆက်ဖို့ Jimin သတိရသွားတယ်
ထို့ကြောင့် သူမသူငယ်ချင်းဆီ video callခေါ်လိုက်သည်
"Hey Yu Ji...Oh my god အဝတ်အစား ဝတ်ထားစမ်းပါဟ "
Jimin မှာ ထိုကောင်မလေးရဲ့ တုံ့ပြန်မှုကို သဘောကျပြီး ရယ်လိုက်သည်
"come on Aeri...ငါတို့ တစ်ယောက်နဲ့တစ်ယောက် အဝတ်အစားမပါတဲ့ခန္ဓာကိုယ်ကို မမြင်ဖူးတဲ့ ပုံစံမျိုး လုပ်ပြမနေစမ်းနဲ့ အခြေအနေဘယ်လိုလည်း"
"အဲ့မေးခွန်းကို ငါကမေးရမှာပါဟ အိမ်အသစ်ပြောင်းရတာ ဘယ်လိုလည်း အဆင်ပြေလား အဲ့အိမ်မှာ နင်နေရမှာ သဘောမကျဘူးဆိုတာ သိပေမယ့် ပြဿနာတော့ရှာမနေနဲ့အုံး "
"အမှန်တိုင်းပြောရရင် ဒီအိမ်ကြီးက ငါထင်ထားသလောက် မဆိုးဘူးဟ...အိမ်ကြီးက အရင်ခေတ်ပုံစံကြီးမို့လို့ အိမ်ထဲလျှောက်သွားကြည့်ရင်း ကိုယ့်ကိုကိုယ် မင်းသမီးတစ်ပါးလိုတောင် ခံစားမိနေပြီ"
"နင်တို့မိသားစု ဆွေစဥ်မျိုးဆက်နေလာခဲ့တဲ့အိမ်ဆိုတော့ ဘယ်သူက အဲ့အိမ်မှာဘာဖြစ်ခဲ့မှန်းသိတာမဟုတ်ဘူး "
"ဘာပြောချင်တာလည်း Aeri "
"ပြောချင်တဲ့ အဓိပ္ပါယ်ကတော့ အမြဲတမ်း သတိထားပြီး ကိုယ့်ကိုကိုယ် လုံခြုံအောင် ဂရုစိုက်ပါ တစ်ယောက်တည်းနေတာဆိုတော့ အခန်းတံခါးကိုသော့ခတ်ထား အပြင်သွားရင်လည်း အတူတူဘဲ "
"yes mom..."
"ပြောင်ချော်ချော်လုပ်မနေနဲ့ ပြီးတော့ အရမ်းလည်း စပ်စုမနေနဲ့ "
"ဟမ် ဘာပြောတာလည်း "
"ဘာမှမဟုတ်ဘူး ထားလိုက်တော့ ဒါဘဲနော် Yu Ji...ခုနှစ်နာရီကျော်နေပြီ ညစားစားဖို့ အမေခေါ်နေလို့ သွားတော့မယ် တာ့တာ ဂရုစိုက် ချစ်တယ် အရူးမ "
Aeri ပြောချင်တာပြောပြီး ဖုန်းချသွားသောကြောင့် Jimin သက်ပြင်းချလိုက်သည်
ထို့နောက် ညစာစားဖို့ မီးဖိုခန်းထဲ တစ်ခုခုများရှိမလားဆိုပြီး Jimin ထွက်လာခဲ့သည်
"Ah အမေချက်ကျွေးတဲ့ ဟင်းလေးတွေ သတိရလိုက်တာ မနက်ဖြန်ကျ အမေယူလာပေးရင်ကောင်းမယ် "
မီးဖိုခန်းထဲတွင် ခေါက်ဆွဲပြုတ်ဘဲ တွေ့လို့ Jimin ခေါက်ဆွဲပြုတ်နေရင်း ရုတ်တရက်အေးလာသလိုခံစားရသည်
"ဘာလို့ အေးလာတာပါလိမ့် အပူပေးစက်တပ်ရအုံးမယ် "
Jimin ရေရွတ်ပြီး ခေါက်ဆွဲစားနေစဥ် သီချင်းသံကို ကြားရသောကြောင့် ခေါက်ဆွဲစားရာကရပ်ပြီး ဖုန်းကိုယူကြည့်လိုက်သည်
သူမဖုန်းထဲ notiလည်းမဝင် ဖုန်းခေါ်တာတွေလည်း မရှိဘဲ သီချင်းသံက ဘယ်ကရောက်လာတာလည်းလို့ Jimin စိတ်ထဲမတင်မကျဖြစ်လာသည်
ရုတ်တရက် လေအေးကတိုက်ခတ်လာသောကြောင့် Jimin တစ်ကိုယ်လုံး ကြက်သီးထလာသည်
ထိုစဥ် Aeriပြောခဲ့တဲ့ မစပ်စုနဲ့ဆိုတဲ့ စကားကို Jimin ကြားယောင်လာသည်
သို့သော်လည်း အသံကြားရာနောက် Jimin သွားကြည့်တော့ မိန်းကလေးတစ်ယောက် ပီယာနိုတီးနေတာကို မြင်ပြီး Jimin အရမ်းလန့်သွားသည်
"အား သရဲ...သရဲ သောက်ကျိုးနည်း သရဲရှိတယ်ဟ "
ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး ခြေထောက်နှစ်ဖက်ကလည်း မြေကြီးပေါ်မထိဘဲ ပီယာနိုတီးနေတဲ့ မိန်းကလေးကို တွေ့ပြီး Jimin အရမ်းလန့်သွားလို့ နှလုံးတစ်ခုလုံး ပြုတ်ကျသွားသလို ခံစားရသည်
သူ ထင်ယောင်ထင်မှားဖြစ်နေတာလားဆိုပြီး Jimin သူ့မျက်နှာသူ ပိတ်ရိုက်ကြည့်ပေမယ့် သရဲမကို မြင်နေရတုံးပင်
"နေပါအုံး ဟေး နင်ငါ့ကို မြင်ရတာလား "
အံ့သြသွားတဲ့ သရဲမနဲ့ အကြည့်ချင်းဆုံလိုက်ရတော့ Jimin အော်သံက ပိုမိုကျယ်လောင်လာသည်
"hey အော်မနေနဲ့ "
သရဲမမှာ ပီယာနိုတီးနေရာက ရပ်ပြီး Jiminဆီကို လှမ်းလာသည်
"နားထောင် နင်သရဲတစ်ခါမှ မမြင်ဖူးလို့ ကြောက်စရာကောင်းတယ်လို့ တွေးနေရင်တွေးနေပေမယ့် ငါတကယ် နင့်ကိုခြောက်ဖို့ အစီအစဥ်မရှိတာပါ "
"ဒါ တကယ် ဖြစ်နေတာမဟုတ်ဘူး ငါသိတယ် Jiminက အိပ်ပျော်သွားပြီး အိမ်မက်ဆိုး မက်နေတာ နိုးလာတော့ Jimin နိုးလာတော့ "
Jimin နာပေမယ့်လည်း သူ့မျက်နှာကို သူမ အကြိမ်ပေါင်းများစွာ ပိတ်ရိုက်နေသည်
သရဲမကတော့ Jiminကို ကြည့်ရင်း အူကြောင်ကြောင်ဖြစ်နေသည်
"ဟဲ့ မလုပ်ပါနဲ့တော့ နင့်မျက်နှာက သွေးတွေထက်တောင် နီရဲနေတယ် မနာဘူးလား "
"ငါ့ကိုစကားမပြောနဲ့ ထွက်သွား မကောင်းဆိုဝါး သရဲမ ငါ့မှာ အကာအကွယ်ရှိတယ်နော် "
သရဲမမှာ မကြောက်တဲ့အပြင် Jiminကို ကြည့်ရင်း တခစ်ခစ်နဲ့ရယ်နေသည်
"ဒီမှာ...ဒီနေရာမှာ ငါနေလာတာ ခုနှစ်နှစ်လောက်တောင်ရှိနေပြီ ဒီကိုလာနေတဲ့သူတွေ သရဲနှင်တဲ့သူတွေနဲဘ ပရောဂဆရာတွေ ခေါ်လာပေမယ့် ငါအခုထိ ဒီမှာ ရှိနေတုံးဘဲ ဒီတော့ နင်ပြောတဲ့ အကာအကွယ်တွေက ငါ့အပေါ်အလုပ်ဖြစ်မှာမဟုတ်ဘူး ပြီးတော့ ငါက မကောင်းဆိုးဝါးမဟုတ်ပါဘူး...သေပြီးတာကလွဲလို့ ပီယာနိုတီးရင်း ပျော်ရွှင်မှုကိုရှာနေတဲ့ ကောင်မလေးပါ "
Jiminz သက်ပြင်းချလိုက်သည် ဒီအိမ်မှာ သရဲရှိကြောင်း တစ်ခါမှမကြားဖူးဘူးလေ ခြံစောင့်တောင် သရဲရှိတယ်ဆိုတာ သိရဲ့လားမသိ
"Come on သရဲရှိတော့ရော ဘာဖြစ်လည်း နင်တောင်အဖော်ရသေးတာဘဲ အဲ့တာအပြင် ငါက ပီယာနိုတီးတတ်တော့ နင် အပျင်းပြေမှာနော် မမိုက်ဘူးလား "
"နားထောင် သရဲမ နင့်ကို ငါ့အဖော်အဖြစ်ထားဖို့ အစီအစဥ်မရှိဘူး ပြီးတော့ နင်က သရဲ ငါ့အိမ်မှာ ရှိရမယ့်အစား ကောင်းကင်ဘုံ ဒါမှမဟုတ် တစ်နေရာရာမှာ ရှိနေရမှာ "
Jiminရဲ့ စကားကြောင့် သရဲမမှာ နှုတ်ခမ်းစူသွားသည်
"နင်သိလား ငါ့ကို ပထမဆုံး မြင်ရတဲ့သူက နင်တစ်ယောက်ဘဲရှိတာ ပြီးတော့ ငါကကြောက်စရာမကောင်းပါဘူးဟ "
"အင်းပေါ့ ဖြူစွတ်ပြီး ခြေထောက်က မြေကြီးကို မထိတာကလွဲလို့ ကြောက်စရာမကောင်းပါဘူး "
"သရဲတွေက အဲ့လိုဘဲကို ထားပါတော့ နောက်ဆိုလည်း ငါ့ကို နင်က ခဏခဏမြင်ရတော့မှာမို့လို့ ငါ့ကိုယ်ငါ မိတ်ဆက်ပေးမယ် ငါ့နာမည်က Kim Minjeong... အခု ငါ့အသက်က ဘယ်လောက်ရှိမှန်း မသိတော့ဘူး ငါ ဆယ်ကျော်သက်အရွယ်တုံးက ဆိုးဝါးတဲ့ မတော်တမှုကြောင့် သေခဲ့ရတာဆိုတော့ အခုချိန်ဆို အသက်၂၀လောက်ရှိရောပေါ့ ငါသာ မသေရင် ကောလိပ်ကျောင်းသူ ဖြစ်လောက်မယ် "
Jiminမှာ ဘာမှဆက်မပြောဘဲ သူမခေါက်ဆွဲတွေ အေးကုန်မှာဆိုးလို့ မီးဖိုခန်းဘက် ပြန်သွားသည်
"သောက်ကျိုးနည်း လန့်သေပါပြီ "
ပန်းကန်ဆေးမလို့ ထလိုက်ရင်း Minjeongက သူမရှေ့ရုတ်တရက်ပေါ်လာသောကြောင့် Jimin လန့်ပြီး တုန်တက်သွားသည်
"Jesus...နင် တော်လိုက်ပါတော့ဟ "
"ငါက နင်နဲ့သူငယ်ချင်းဖြစ်ဖို့ ကြိုးစားနေတာပါ ငါ့ကို မြင်နိုင်တဲ့သူက နင်ဘဲရှိတော့ ငါကြိုးစားသင့်တယ် မဟုတ်ဘူးလား "
Jiminလည်း ဒီနေရာကြီးမှာ ဘယ်လောက်ကြာကြာနေရမှာလည်း မသိသောကြောင့် အခုကြုံနေရတဲ့ သရဲကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်
"နင် ဒီမှာနေတာ ဘယ်လောက်ကြာပြီလည်း "
"ခုနှစ်နှစ်လောက်ရှိရောပေါ့....ငါလေ ငါ့မွေးနေ့တိုင်း တစ်ယောက်တည်း ကျင်းပရတယ်သိလား ဒီအိမ်က မိသားစုတွေ သူတို့အချင်းချင်း ကိတ်မုန့်တွေ ဘောလုံးတွေနဲ့ မွေးနေ့ကျင်းပတာမြင်ရင် ငါအရမ်း အားကျတာ သူတို့ကို ဆက်သွယ်ဖို့စကားပြောဖို့ ကြိုးစားကြည့်ပေမယ့် မရပါဘူးဟာ "
Minjeongရဲ့ စကားကြောင့် Jimin စိတ်မကောင်းဖြစ်သွားတယ် သူ မူကြိုကနေ အလယ်တန်းကျောင်းတက်တဲ့အချိန်လောက်ထိက သူငယ်ချင်းမရှိဘဲ တစ်ယောက်တည်းဖြစ်နေခဲ့ရတာလေ
ပြီးတော့ သရဲမြင်ရတယ်လို့ ပြောတတ်တဲ့ သူနဲ့ ဘယ်သူက သူငယ်ချင်းဖြစ်ချင်ပြီး ကစားချင်မှာလည်း ဟုတ်တယ်မလား
"ဒါများ လာမယ့် နင့်မွေးနေ့ကျ ငါတို့ အတူတူကျင်းပကြမယ်လေ "
Jimin အထီးကျန်နေတဲ့ သရဲမလေးကို နှစ်သိမ့်ပေးလိုက်သည်
"ငါ့မွေးနေ့က ဇန်နဝါရီ ၁ရက်နေ့လေ အဲ့နေ့ထိ နင်က ဒီမှာရှိအုံးမှ "
Minjeong သက်ပြင်းချပြီး ပြောလိုက်သည်
"hey ငါက ဒီအိမ်ကို စောင့်ရှောက်ရမှာမို့လို့ အကြာကြီးနေရမှာသိလား စိတ်ချ နင့်မွေးနေ့ကျ အတူကျင်းပကြမယ် လောလောဆယ်တော့ ငါပင်ပန်းနေလို့ အိပ်တော့မယ် "
Minjeongလည်း နာရီကိုကြည့်တော့ အိပ်ချိန်ရောက်နေပြီမို့လို့ Jiminကို အနားပေးဖို့ ဆုံးဖြတ်လိုက်သည်
ဒါကြောင့်မို့လို့ Jiminကို နှုတ်ဆက်ပြီး ကိုယ်ယောင်ဖျောက်လိုက်သည်
#tbc
#zawgyi
ပစၥည္းေတြ သိမ္းဆည္းေနတာ ႏွေးေကြးလို႔ဆိုၿပီး သူ႕အေမ သူ႕ကိုဘယ္ႏွႀကိမ္ေလာက္ ဆူပူေနမွန္း Jimin ေရတြက္လို႔မရေပ
အမွန္တိုင္း ေျပာရရင္ Jimin ပစၥည္းေတြသိမ္းဆည္းေနရတာ စိတ္မပါ အဘယ္ေၾကာင့္ဆိုေသာ္ ယခု သူေနေနတဲ့ အိမ္ေလးကို သံေယာဇဥ္ ရွိတယ္ေလ
ဒါေပမယ့္ အဘြားတို႔ အေမြေပးထားတဲ့ အိမ္ကို ေျပာင္းရမယ့္ေန႕က ေရာက္ရွိလာတယ္
သူ ေကာလိပ္တက္ရလို႔ အဘြားတို႔က လက္ေဆာင္ေပးတယ္လို႔ အေမတို႔က ေျပာေပမယ့္ Jiminကေတာ့ အရမ္းေပ်ာ္ေနတဲ့ထဲ မပါေပ
ၿပီးေတာ့ အေမတို႔က ေျပာေသးသည္ ထိုအိမ္ႀကီးကို ဂ႐ုစိုက္ေပးရမယ္တဲ့
အဲ့အိမ္ႀကီးက အဘြားတို႔ မ်ိဳးရိုးစဥ္ဆက္ေနလာခဲ့တဲ့ အိမ္ႀကီးလို႔ ေျပာလို႔ Jimin သက္ေတာင့္သက္သာျဖစ္သလို မခံစားရဘဲ ေလးလံေနသည္
အလုပ္နဲ႕ နီးလို႔ သြားလာရ လြယ္ကူတဲ့အခ်က္ကဘဲ Jiminကို ထိုအိမ္ေျပာင္းဖို႔ စိတ္သက္သာရနည္းနည္းရေစခဲ့သည္
Jiminက အေဝးႀကီးေတြသြားရတာ မႀကိဳက္ဘူးေလ
Jimin တစ္ေယာက္တည္း ျဖစ္မေနရေအာင္ ယုံၾကည္ရတဲ့ အိမ္ေဖာ္ေတြလည္းထည့္ေပးမယ္လို႔ အေမတို႔က ေျပာတာဘဲ
"Jimin ၿပီးၿပီလား ပစၥည္းသယ္ဖို႔ ကုန္ကားကေရာက္လာေနၿပီ ငါတို႔ သြားမွျဖစ္မယ္ "
"လာၿပီ Omma "
Jimin မသြားခင္ သူ႕ရဲ႕အခန္းေလးကို ေနာက္ဆုံးအေနနဲ႕ ၾကည့္လိုက္သည္
သူမငယ္ကတည္းကေန အသက္ ၂၂ႏွစ္ထိ ေနလာခဲ့တဲ့အခန္းေလးကို ၾကည့္ရင္း ဝမ္းနည္းစြာၿပဳံးလိုက္သည္
ဘယ္အရာမွမတည္ၿမဲဘူးဆိုတာသိေပမယ့္လည္း ေနာက္ဆုံးေတာ့ အနာဂတ္အတြက္ Jimin အိမ္ေဟာင္းေလးကေန ထြက္လာခဲ့သည္
"အဆင္သင့္ျဖစ္ၿပီလား Honey..."
သူ႕အေဖက လွမ္းေမးေတာ့ Jimin ေခါင္းညိတ္ျပသည္
"သမီး...ေမြးကတည္းက ခုထိ အေမတို႔နဲ႕ဘဲ ေနလာခဲ့တာဆိုေတာ့ အခုတစ္ေယာက္တည္းေနရမွာ သမီးအတြက္ ခက္ခဲမွာေပါ့ ဒါေပမယ့္ ေကာင္းတဲ့ဘက္ကၾကည့္ရင္ သမီးတစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ေနရၿပီး အရာရာကို သမီး စိတ္ႀကိဳက္ဆုံးျဖတ္ခြင့္ရမွာေလ ဟုတ္တယ္မလား... ၿပီးေတာ့ သမီး အေမတို႔ဆီ လာလည္ခ်င္တဲ့အခါ သမီးအေဖဝယ္ေပးထားတဲ့ ကားနဲ႕လာလို႔ရတယ္ေလ ေနာ့္ "
Mrs.Yuက Jimin ရဲ႕ လက္ကို ကိုင္ၿပီး ႏွစ္သိမ့္ေပးလိုက္သည္
"ဟုတ္ကဲ့အေမ...."
Mr.Yuတို႔မွာ Jiminကို သူေနရမယ့္ အိမ္သို႔ လိုက္ပို႔ေပးသည္
ႏွစ္နာရီေလာက္ ကားေမာင္းေနရခ်ိန္တြင္ ေကာင္းကင္ႀကီးကလည္း မဲေမွာင္ၿပီး သစ္ပင္ေတြကလည္း အုပ္္မိုးေနေသာေၾကာင့္ ပတ္ဝန္းက်င္ကိုလည္း Jimin ေသခ်ာမျမင္ရေပ
ေနာက္ဆုံး သူေနရမယ့္ အိမ္ကိုေရာက္ေတာ့ ၿခံေစာင့္က ေျပးလာၿပီး တံခါးဖြင့္ေပးသည္
"ႀကိဳဆိုပါတယ္ Mr.Yu Mrs.Yuနဲ႕ ခ်စ္လွစြာေသာ မိန္းမပ်ိဳေလးခင္ဗ်ာ "
Jiminမွာ ထိုလူႀကီးကို အူေၾကာင္ေၾကာင္နဲ႕ ၾကည့္ေနစဥ္ သူ႕မိဘေတြကေတာ့ ထိုလူႀကီးကို ၿပဳံးျပလိုက္သည္
"သူက ဘာလို႔ သမီးကို အဲ့လိုေခၚရတာလည္း "
Jimin သူ႕အေမကို တိုးတိုးေလးကပ္ေမးလိုက္ေပမယ့္ သူ႕အေမက စိတ္ထဲမထားဖို႔ဘဲ ျပန္ေျပာလိုက္သည္
ၿခံေစာင့္မွာ အိမ္တံခါးမႀကီးကို ဖြင့္လိုက္ေတာ့ အိမ္ႀကီးက ေတာ္ေတာ္ႀကီးမားေၾကာင္း ေတြ႕လိုက္ရသည္
အနီေရာင္ေကာေဇာေတြကလည္း ခင္းထားၿပီး ေ႐ႊေရာင္မီးဆိုင္းေတြကလည္း မ်က္ႏွာၾကက္မွာ စီရီေနသည္
အိမ္ႀကီးမွာ နန္းေတာ္ႀကီးသဖြယ္ ေတာက္ပေနသည္
ထို႔အျပင္ မီးဆိုင္းတစ္ခုေအာက္တြင္ ပီယာနို အႀကီးႀကီးတစ္ခုကိုလည္း Jimin ေတြ႕လိုက္ရလို႔ စိတ္လႈပ္ရွားမိသြားသည္
"Mr.Yuတို႔ မမေလးအတြက္ အိမ္ေဖာ္ငွားၿပီးၿပီလား ခင္ဗ်ာ့ "
"လြန္ခဲ့တဲ့တစ္ပတ္က တစ္ေယာက္ကို အင္တာဗ်ဴးထားတယ္ သူ မနက္ျဖန္က်လာလိမ့္မယ္ ဒါနဲ႕ Jiminေနမယ့္အခန္းနဲ႕ နီးတဲ့ အခန္းရွိလား "
"ဟုတ္ကဲ့ ရွိပါတယ္ Mrs.Yu... မမေလး အခန္းနဲ႕မလွမ္းမကမ္းမွာ စာၾကည့္ခန္းရွိပါတယ္ အသုံးမျပဳတာ ၾကာၿပီမို႔လို႔ ပစၥည္းေတြလည္း သိပ္မရွိေတာ့ အိမ္ေဖာ္ေလး အိပ္လို႔ရနိုင္ပါတယ္ "
Jimin ပစၥည္းေတြ ေနရာခ်ထားၿပီးေနာက္ သူမ မိဘေတြက ၿခံေစာင့္နဲ႕စကားခဏေျပာၿပီး ျပန္သြားေလသည္
မနက္ျဖန္မွ အိမ္ေဖာ္ေလးေခၚလာၿပီး မိတ္ဆက္ေပးမယ္လို႔ေတာ့ ေျပာသည္
ၿခံေစာင့္လည္း ထြက္သြားၿပီမို႔လို႔ Jimin ေရခ်ိဳးဖို႔ ျပင္လိုက္သည္
ေရခ်ိဳးကန္ႀကီးကလည္း အလြန္ႀကီးမားက်ယ္ျပန့္ေသာေၾကာင့္ ေရစိမ္ေနရတာကို Jimin ႏွစ္ၿခိဳက္မိသည္
ေရခ်ိဳးၿပီး ထြက္လာေတာ့ သူမအခင္ဆုံး သူငယ္ခ်င္းဆီ ဖုန္းဆက္ဖို႔ Jimin သတိရသြားတယ္
ထို႔ေၾကာင့္ သူမသူငယ္ခ်င္းဆီ video callေခၚလိုက္သည္
"Hey Yu Ji...Oh my god အဝတ္အစား ဝတ္ထားစမ္းပါဟ "
Jimin မွာ ထိုေကာင္မေလးရဲ႕ တုံ႕ျပန္မႈကို သေဘာက်ၿပီး ရယ္လိုက္သည္
"come on Aeri...ငါတို႔ တစ္ေယာက္နဲ႕တစ္ေယာက္ အဝတ္အစားမပါတဲ့ခႏၶာကိုယ္ကို မျမင္ဖူးတဲ့ ပုံစံမ်ိဳး လုပ္ျပမေနစမ္းနဲ႕ အေျခအေနဘယ္လိုလည္း"
"အဲ့ေမးခြန္းကို ငါကေမးရမွာပါဟ အိမ္အသစ္ေျပာင္းရတာ ဘယ္လိုလည္း အဆင္ေျပလား အဲ့အိမ္မွာ နင္ေနရမွာ သေဘာမက်ဘဴးဆိုတာ သိေပမယ့္ ျပႆနာေတာ့ရွာမေနနဲ႕အုံး "
"အမွန္တိုင္းေျပာရရင္ ဒီအိမ္ႀကီးက ငါထင္ထားသေလာက္ မဆိုးဘူးဟ...အိမ္ႀကီးက အရင္ေခတ္ပုံစံႀကီးမို႔လို႔ အိမ္ထဲေလွ်ာက္သြားၾကည့္ရင္း ကိုယ့္ကိုကိုယ္ မင္းသမီးတစ္ပါးလိုေတာင္ ခံစားမိေနၿပီ"
"နင္တို႔မိသားစု ေဆြစဥ္မ်ိဳးဆက္ေနလာခဲ့တဲ့အိမ္ဆိုေတာ့ ဘယ္သူက အဲ့အိမ္မွာဘာျဖစ္ခဲ့မွန္းသိတာမဟုတ္ဘူး "
"ဘာေျပာခ်င္တာလည္း Aeri "
"ေျပာခ်င္တဲ့ အဓိပ္ပါယ်ကတော့ အၿမဲတမ္း သတိထားၿပီး ကိုယ့္ကိုကိုယ္ လုံၿခဳံေအာင္ ဂ႐ုစိုက္ပါ တစ္ေယာက္တည္းေနတာဆိုေတာ့ အခန္းတံခါးကိုေသာ့ခတ္ထား အျပင္သြားရင္လည္း အတူတူဘဲ "
"yes mom..."
"ေျပာင္ေခ်ာ္ေခ်ာ္လုပ္မေနနဲ႕ ၿပီးေတာ့ အရမ္းလည္း စပ္စုမေနနဲ႕ "
"ဟမ္ ဘာေျပာတာလည္း "
"ဘာမွမဟုတ္ဘူး ထားလိုက္ေတာ့ ဒါဘဲေနာ္ Yu Ji...ခုႏွစ္နာရီေက်ာ္ေနၿပီ ညစားစားဖို႔ အေမေခၚေနလို႔ သြားေတာ့မယ္ တာ့တာ ဂ႐ုစိုက္ ခ်စ္တယ္ အ႐ူးမ "
Aeri ေျပာခ်င္တာေျပာၿပီး ဖုန္းခ်သြားေသာေၾကာင့္ Jimin သက္ျပင္းခ်လိဳက္သည္
ထို႔ေနာက္ ညစာစားဖို႔ မီးဖိုခန္းထဲ တစ္ခုခုမ်ားရွိမလားဆိုၿပီး Jimin ထြက္လာခဲ့သည္
"Ah အေမခ်က္ေကြၽးတဲ့ ဟင္းေလးေတြ သတိရလိုက္တာ မနက္ျဖန္က် အေမယူလာေပးရင္ေကာင္းမယ္ "
မီးဖိုခန္းထဲတြင္ ေခါက္ဆြဲျပဳတ္ဘဲ ေတြ႕လို႔ Jimin ေခါက္ဆြဲျပဳတ္ေနရင္း ႐ုတ္တရက္ေအးလာသလိုခံစားရသည္
"ဘာလို႔ ေအးလာတာပါလိမ့္ အပူေပးစက္တပ္ရအုံးမယ္ "
Jimin ေရ႐ြတ္ၿပီး ေခါက္ဆြဲစားေနစဥ္ သီခ်င္းသံကို ၾကားရေသာေၾကာင့္ ေခါက္ဆြဲစားရာကရပ္ၿပီး ဖုန္းကိုယူၾကည့္လိုက္သည္
သူမဖုန္းထဲ notiလည္းမဝင္ ဖုန္းေခၚတာေတြလည္း မရွိဘဲ သီခ်င္းသံက ဘယ္ကေရာက္လာတာလည္းလို႔ Jimin စိတ္ထဲမတင္မက်ျဖစ္လာသည္
႐ုတ္တရက္ ေလေအးကတိုက္ခတ္လာေသာေၾကာင့္ Jimin တစ္ကိုယ္လုံး ၾကက္သီးထလာသည္
ထိုစဥ္ Aeriေျပာခဲ့တဲ့ မစပ္စုနဲ႕ဆိုတဲ့ စကားကို Jimin ၾကားေယာင္လာသည္
သို႔ေသာ္လည္း အသံၾကားရာေနာက္ Jimin သြားၾကည့္ေတာ့ မိန္းကေလးတစ္ေယာက္ ပီယာနိုတီးေနတာကို ျမင္ၿပီး Jimin အရမ္းလန့္သြားသည္
"အား သရဲ...သရဲ ေသာက္က်ိဳးနည္း သရဲရွိတယ္ဟ "
ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္ေနၿပီး ေျခေထာက္ႏွစ္ဖက္ကလည္း ေျမႀကီးေပၚမထိဘဲ ပီယာနိုတီးေနတဲ့ မိန္းကေလးကို ေတြ႕ၿပီး Jimin အရမ္းလန့္သြားလို႔ ႏွလုံးတစ္ခုလုံး ျပဳတ္က်သြားသလို ခံစားရသည္
သူ ထင္ေယာင္ထင္မွားျဖစ္ေနတာလားဆိုၿပီး Jimin သူ႕မ်က္ႏွာသူ ပိတ္ရိုက္ၾကည့္ေပမယ့္ သရဲမကို ျမင္ေနရတုံးပင္
"ေနပါအုံး ေဟး နင္ငါ့ကို ျမင္ရတာလား "
အံ့ၾသသြားတဲ့ သရဲမနဲ႕ အၾကည့္ခ်င္းဆုံလိုက္ရေတာ့ Jimin ေအာ္သံက ပိုမိုက်ယ္ေလာင္လာသည္
"hey ေအာ္မေနနဲ႕ "
သရဲမမွာ ပီယာနိုတီးေနရာက ရပ္ၿပီး Jiminဆီကို လွမ္းလာသည္
"နားေထာင္ နင္သရဲတစ္ခါမွ မျမင္ဖူးလို႔ ေၾကာက္စရာေကာင္းတယ္လို႔ ေတြးေနရင္ေတြးေနေပမယ့္ ငါတကယ္ နင့္ကိုေျခာက္ဖို႔ အစီအစဥ္မရွိတာပါ "
"ဒါ တကယ္ ျဖစ္ေနတာမဟုတ္ဘူး ငါသိတယ္ Jiminက အိပ္ေပ်ာ္သြားၿပီး အိမ္မက္ဆိုး မက္ေနတာ နိုးလာေတာ့ Jimin နိုးလာေတာ့ "
Jimin နာေပမယ့္လည္း သူ႕မ်က္ႏွာကို သူမ အႀကိမ္ေပါင္းမ်ားစြာ ပိတ္ရိုက္ေနသည္
သရဲမကေတာ့ Jiminကို ၾကည့္ရင္း အူေၾကာင္ေၾကာင္ျဖစ္ေနသည္
"ဟဲ့ မလုပ္ပါနဲ႕ေတာ့ နင့္မ်က္ႏွာက ေသြးေတြထက္ေတာင္ နီရဲေနတယ္ မနာဘူးလား "
"ငါ့ကိုစကားမေျပာနဲ႕ ထြက္သြား မေကာင္းဆိုဝါး သရဲမ ငါ့မွာ အကာအကြယ္ရွိတယ္ေနာ္ "
သရဲမမွာ မေၾကာက္တဲ့အျပင္ Jiminကို ၾကည့္ရင္း တခစ္ခစ္နဲ႕ရယ္ေနသည္
"ဒီမွာ...ဒီေနရာမွာ ငါေနလာတာ ခုႏွစ္ႏွစ္ေလာက္ေတာင္ရွိေနၿပီ ဒီကိုလာေနတဲ့သူေတြ သရဲႏွင္တဲ့သူေတြနဲဘ ပေရာဂဆရာေတြ ေခၚလာေပမယ့္ ငါအခုထိ ဒီမွာ ရွိေနတုံးဘဲ ဒီေတာ့ နင္ေျပာတဲ့ အကာအကြယ္ေတြက ငါ့အေပၚအလုပ္ျဖစ္မွာမဟုတ္ဘူး ၿပီးေတာ့ ငါက မေကာင္းဆိုးဝါးမဟုတ္ပါဘူး...ေသၿပီးတာကလြဲလို႔ ပီယာနိုတီးရင္း ေပ်ာ္႐ႊင္မႈကိုရွာေနတဲ့ ေကာင္မေလးပါ "
Jiminz သက္ျပင္းခ်လိဳက္သည္ ဒီအိမ္မွာ သရဲရွိေၾကာင္း တစ္ခါမွမၾကားဖူးဘူးေလ ၿခံေစာင့္ေတာင္ သရဲရွိတယ္ဆိုတာ သိရဲ႕လားမသိ
"Come on သရဲရွိေတာ့ေရာ ဘာျဖစ္လည္း နင္ေတာင္အေဖာ္ရေသးတာဘဲ အဲ့တာအျပင္ ငါက ပီယာနိုတီးတတ္ေတာ့ နင္ အပ်င္းေျပမွာေနာ္ မမိုက္ဘူးလား "
"နားေထာင္ သရဲမ နင့္ကို ငါ့အေဖာ္အျဖစ္ထားဖို႔ အစီအစဥ္မရွိဘူး ၿပီးေတာ့ နင္က သရဲ ငါ့အိမ္မွာ ရွိရမယ့္အစား ေကာင္းကင္ဘုံ ဒါမွမဟုတ္ တစ္ေနရာရာမွာ ရွိေနရမွာ "
Jiminရဲ႕ စကားေၾကာင့္ သရဲမမွာ ႏႈတ္ခမ္းစူသြားသည္
"နင္သိလား ငါ့ကို ပထမဆုံး ျမင္ရတဲ့သူက နင္တစ္ေယာက္ဘဲရွိတာ ၿပီးေတာ့ ငါကေၾကာက္စရာမေကာင္းပါဘူးဟ "
"အင္းေပါ့ ျဖဴစြတ္ၿပီး ေျခေထာက္က ေျမႀကီးကို မထိတာကလြဲလို႔ ေၾကာက္စရာမေကာင္းပါဘူး "
"သရဲေတြက အဲ့လိုဘဲကို ထားပါေတာ့ ေနာက္ဆိုလည္း ငါ့ကို နင္က ခဏခဏျမင္ရေတာ့မွာမို႔လို႔ ငါ့ကိုယ္ငါ မိတ္ဆက္ေပးမယ္ ငါ့နာမည္က Kim Minjeong... အခု ငါ့အသက္က ဘယ္ေလာက္ရွိမွန္း မသိေတာ့ဘူး ငါ ဆယ္ေက်ာ္သက္အ႐ြယ္တုံးက ဆိုးဝါးတဲ့ မေတာ္တမႈေၾကာင့္ ေသခဲ့ရတာဆိုေတာ့ အခုခ်ိန္ဆို အသက္၂၀ေလာက္ရွိေရာေပါ့ ငါသာ မေသရင္ ေကာလိပ္ေက်ာင္းသူ ျဖစ္ေလာက္မယ္ "
Jiminမွာ ဘာမွဆက္မေျပာဘဲ သူမေခါက္ဆြဲေတြ ေအးကုန္မွာဆိုးလို႔ မီးဖိုခန္းဘက္ ျပန္သြားသည္
"ေသာက္က်ိဳးနည္း လန့္ေသပါၿပီ "
ပန္းကန္ေဆးမလို႔ ထလိုက္ရင္း Minjeongက သူမေရွ႕႐ုတ္တရက္ေပၚလာေသာေၾကာင့္ Jimin လန့္ၿပီး တုန္တက္သြားသည္
"Jesus...နင္ ေတာ္လိုက္ပါေတာ့ဟ "
"ငါက နင္နဲ႕သူငယ္ခ်င္းျဖစ္ဖို႔ ႀကိဳးစားေနတာပါ ငါ့ကို ျမင္နိုင္တဲ့သူက နင္ဘဲရွိေတာ့ ငါႀကိဳးစားသင့္တယ္ မဟုတ္ဘူးလား "
Jiminလည္း ဒီေနရာႀကီးမွာ ဘယ္ေလာက္ၾကာၾကာေနရမွာလည္း မသိေသာေၾကာင့္ အခုႀကဳံေနရတဲ့ သရဲကို ရင္ဆိုင္ဖို႔ ဆုံးျဖတ္လိုက္တယ္
"နင္ ဒီမွာေနတာ ဘယ္ေလာက္ၾကာၿပီလည္း "
"ခုႏွစ္ႏွစ္ေလာက္ရွိေရာေပါ့....ငါေလ ငါ့ေမြးေန႕တိုင္း တစ္ေယာက္တည္း က်င္းပရတယ္သိလား ဒီအိမ္က မိသားစုေတြ သူတို႔အခ်င္းခ်င္း ကိတ္မုန့္ေတြ ေဘာလုံးေတြနဲ႕ ေမြးေန႕က်င္းပတာျမင္ရင္ ငါအရမ္း အားက်တာ သူတို႔ကို ဆက္သြယ္ဖို႔စကားေျပာဖို႔ ႀကိဳးစားၾကည့္ေပမယ့္ မရပါဘူးဟာ "
Minjeongရဲ႕ စကားေၾကာင့္ Jimin စိတ္မေကာင္းျဖစ္သြားတယ္ သူ မူႀကိဳကေန အလယ္တန္းေက်ာင္းတက္တဲ့အခ်ိန္ေလာက္ထိက သူငယ္ခ်င္းမရွိဘဲ တစ္ေယာက္တည္းျဖစ္ေနခဲ့ရတာေလ
ၿပီးေတာ့ သရဲျမင္ရတယ္လို႔ ေျပာတတ္တဲ့ သူနဲ႕ ဘယ္သူက သူငယ္ခ်င္းျဖစ္ခ်င္ၿပီး ကစားခ်င္မွာလည္း ဟုတ္တယ္မလား
"ဒါမ်ား လာမယ့္ နင့္ေမြးေန႕က် ငါတို႔ အတူတူက်င္းပၾကမယ္ေလ "
Jimin အထီးက်န္ေနတဲ့ သရဲမေလးကို ႏွစ္သိမ့္ေပးလိုက္သည္
"ငါ့ေမြးေန႕က ဇန္နဝါရီ ၁ရက္ေန႕ေလ အဲ့ေန႕ထိ နင္က ဒီမွာရွိအုံးမွ "
Minjeong သက္ျပင္းခ်ၿပီး ေျပာလိုက္သည္
"hey ငါက ဒီအိမ္ကို ေစာင့္ေရွာက္ရမွာမို႔လို႔ အၾကာႀကီးေနရမွာသိလား စိတ္ခ် နင့္ေမြးေန႕က် အတူက်င္းပၾကမယ္ ေလာေလာဆယ္ေတာ့ ငါပင္ပန္းေနလို႔ အိပ္ေတာ့မယ္ "
Minjeongလည္း နာရီကိုၾကည့္ေတာ့ အိပ္ခ်ိန္ေရာက္ေနၿပီမို႔လို႔ Jiminကို အနားေပးဖို႔ ဆုံးျဖတ္လိုက္သည္
ဒါေၾကာင့္မို႔လို႔ Jiminကို ႏႈတ္ဆက္ၿပီး ကိုယ္ေယာင္ေဖ်ာက္လိုက္သည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co