Truyen3h.Co

သရဲမလေး ကိုယ့်ချစ်သူ

Part 2

KimFany059


Jimin အိပ်ရာက နိုးလာတော့ ထထိုင်ကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လို​က်သည်

သို့သော်လည်း အိပ်ရာနိုးခါစဖြစ်လို့ အမြင်အာရုံတွေက ဝေဝါးနေသည်

ခဏကြာတော့ Jimin သက်ပြင်းချလိုက်သည် သူမက အိမ်ကြီးထဲမှာ ရှိနေပြီး မနေ့ညက ကိစ္စကလည်း အိမ်မက်မဟုတ်ပေ

သရဲမလေးကိုလည်း Jimin ကျေးဇူးတင်မိသေးသည်

အိပ်ပျော်နေတဲ့ သူရှေ့ သတိလစ်အောင်ပေါ်လာပြီး လာမနှိုးလို့ပင်

Jimin အိပ်ခန်းထဲက ထွက်လာပြီး ဧည့်ခန်းထဲတွင် သရဲမလေးကို လိုက်ရှာကြည့်သည် သို့သော်လည်း သူ့ကို ဘယ်နေရာမှ ရှာမတွေ့ပေ

"Minjeongရေ "

"Jimin သမီးလေး နိုးလာပြီဘဲ..."

Jimin အသံကြားလို့ လှည့်ကြည့်တော့ သူ့အမေဖြစ်နေသည်

"အမေ ဘယ်အချိန်ကလည်းကရောက်နေတာလည်း "

Jimin သူ့မျက်လုံးနှစ်ဖက်ကို လက်နဲ့ပွတ်ပြီး သူ့အမေကို မေးလိုက်သည်

"လွန်ခဲ့တဲ့တစ်နာရီကျော်လောက်ကတည်းကရောက်နေတာ သမီးက အရမ်းအိပ်မောကျနေလို့ မနေ့ညက အိမ်အသစ်ပြောင်းရပြီး အိပ်ရာမတူလို့ မအိပ်ရဘူးထင်ပြီး မနှိုးဘဲ စောင့်နေတာ ဒါနဲ့ အိမ်ဖော်အသစ်လေး ဒီကိုရောက်လာပြီနော် ဘာညာသရကာစိတ်မပူနဲ့ သမီးအဖေနဲ့ အမေတို့ သူ့နောက်ကြောင်းကို သေချာစစ်ပြီးမှ ခေါ်တာ သူ့မိသားစုနောက်ခံကလည်းကောင်းတယ် ကလေးမလေးကလည်း ယဥ်ကျေးဖော်ရွေတယ် သမီးသူ့ကို သဘောကျမှာပါ "

Mrs.Yu စကားလည်းဆုံးရော အဝတ်လျှော်ခြင်းတောင်းကိုင်ကာ ရောက်လာတဲ့ အရပ်ရှည်ရှည်ကောင်မလေးက Jimimကို နှုတ်ဆက်သည်

"တွေ့ရတာ ဝမ်းသာပါတယ် မမလေး Jimin ကျွန်မရဲ့ နာမည်က Joeပါ "

"ငါက တော်ဝင်မင်းသမီး မဟုတ်လို့ Jiminလို့ဘဲ သက်တောင့်သက်သာခေါ်ပါ ရွယ်တူမဟုတ်လား "

"Awwn ဒါနဲ့ သမီး ခုနက ဘယ်သူ့ကို ခေါ်နေတာလည်း "

Jiminရဲ့ အမေက မနက်စာပြင်ဆင်ပြီးနောက် စားပွဲခုံပေါ် ပန်းကန်တွေတင်ရင်း Jiminကို မေးလိုက်သည်

"ဘယ်သူလည်း Omma "

"ဧည့်ခန်းထဲမှာ သမီး တစ်ယောက်ယောက်နာမည်ခေါ်လိုက်ပါတယ် Minjeongဆိုလား ကောလိပ်က သမီးရဲ့ သူငယ်ချင်းက မနေ့ညကလာအိပ်တာလား "

Jimin ရုတ်တရက် အာခြောက်သွားသလို ခံစားလိုက်ရသည် သူ ဘာလို့ အိပ်ရာက နိုးနိုးချင်း Minjeongကို ရှာမိနေလည်း မသိပေ

မနေ့ညက သရဲကို စကားကောင်းကောင်းမပြောလိုက်လို့ အိမ်ကနေ ထွက်သွားတာလားဆိုပြီးလည်း စိတ်ပူနေမိသေးသည်

"Jimin သမီး "

သူ့အမေက သူ့မျက်နှာရှေ့ လက်ဖြောက်တီးကာမှ Jimin အတွေးလွန်ရာကနေ အသိစိတ်ဝင်လာသည်

"အာ ဘာမှမဟုတ်ပါဘူး မနေ့ညက ဘယ်သူမှမလာဘူးရယ် သမီး အိမ်မက်မက်ခဲ့တာထင်ပါရဲ့ လျှောက်တွေးမနေပါနဲ့ Omma "

Jiminတို့ မနက်စာစားနေကြရင်း Joeက အရင်စားပြီးလို့ စားပွဲဝိုင်းက ထကာ လုပ်စရာရှိသော အိမ်အလုပ်တွေကို လုပ်နေသည်

Jiminကတော့ Minjeongအကြောင်း တွေးနေတာ ရပ်မရပေ...Minjeongရဲ့ အကြောင်းကို Jimin ပိုသိချင်လာသည်

Minjeongက ဘယ်ကလည်း ဘာကြောင့် ဒီကိုရောက်နေတာလည်း ပြီးတော့ ဒီမှာနေခဲ့တဲ့သူတွေကို သူခြောက်လှန့်ခဲ့လား?

ထိုစဥ် အဖြူရောင်အရိပ်တစ်ခု Joeဘေးနားကနေ ဖြတ်သွားတာကို Jimin မြင်လိုက်ရသည် Joeကလည်း သတိထားမိပုံပေါ်သည် 

ဒါပေမယ့် မြင်တော့ မမြင်ရ​ဘူးပေါ့

Jiminကတော့ Minjeong တစ်ယောက် သူ့ကို မမြင်ရဲ့ Joeကို စနောက်နေတာကို မြင်ရတယ်လေ

"သမီး အလုပ်ချိန်က ဘယ်တော့လည်း "

Minjeongကို လိုက်ကြည့်နေရင်း သူ့အမေက ရုတ်တရက်စကားလာပြောလို့ Jimin လန့်ပြီး တုန်တက်သွားသည်

"၁၂မထိုးခင် သွားရမှာ မနက်စာစားပြီး အဆင်သင့်ပြင်ထားလိုက်မယ် "

Jimin က အာရုံကြောဆရာဝန်တစ်ယောက်ပါ သူမရဲ့ပထမဆုံး ခွဲစိတ်မှုကို သေသပ်စွာ လုပ်နိုင်ခဲ့လို့  သူက ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ဆေးရုံမှာ ဝင်ခွင့်ရခဲ့တယ်လေ

"ကားကို သေချာမောင်းနော် သမီး မနက်က မိုးတွေရွာထားတော့ လမ်းမတွေကချော်နေတာ "

"ဟုတ်ကဲ့ "

Jimin ခေါင်းညိတ်ပြပြီး သူ့အမေဘေးနား ဆော့နေတဲ့ Minjeongကို ကြည့်လိုက်သည်

Minjeongနဲ့ အကြည့်ချင်းဆုံတော့ အပေါ်ထပ်ကို လိုက်ခဲ့ဖို့ Jimin မျက်လုံးနဲ့ အချက်ပြလိုက်သည်

Minjeong လည်း ချက်ချင်းဘဲ Jiminနောက်ကို လိုက်လာသည်

"Minjeong ဒီနေရာမှာ လျှောက်သွားနေတာ ဂရုစိုက်သင့်တယ်နော် ဘယ်သူမှ မမြင်ရဘူးဆိုတာ သိပေမယ့် မင်းရှိနေတာကို သူတို့ခံစားမိလောက်တယ် "

Jiminက ပြောတော့ Minjeong နှုတ်ခမ်းစူသွားတယ်

"နင်က သူတို့နဲ့စကားပြောနေတော့ ငါတစ်ယောက်တည်း ပျင်းတာပေါ့ဟ ဒါနဲ့ နင် အပြင်သွားမလို့ဆို "

"ဟုတ်တယ် အလုပ်သွားမလို့ Joeက အိမ်မှာနေကုန်ရှိလိမ့်မယ် အဲ့တာ သူ့ attentionရဖို့ လေပေါ်ပျံပြမနေနဲ့အုံး ကြားလား အခန်းထဲမှာနေရင်နေ ဒါမှမဟုတ် ခြံထဲက အပင်တွေ သွားကြည့်နေလိုက် "

"ဘယ်အချိန်မှ ပြန်လာမှာလည်း လုပ်ပြန်ပြီ စကားပြောဖို့ လူမရှိပြန်ဘူး "

"ဘယ်သူမှမရှိဘဲ နင်နေလာတာ နှစ်တွေကြာနေပြီကို ငါတစ်ရက်လောက် အလုပ်သွားတာနဲ့ ဘာဖြစ်မှာကျလို့ "

"ဟူး ငါလည်းမသိဘူး နင်နဲ့စကားပြောရတာဘုကလန့်ဆိုပေမယ့် ပျော်စရာတော့ကောင်းတယ် ဖြစ်နိုင်ရင် နင်နဲ့ တစ်ချိန်လုံး စကားပြောချင်တယ် "

"ဘာဘဲဖြစ်ဖြစ် ငါအလုပ်သွားနေတုန်း အိမ်မှာ လိမ်လိမ်မာမာနေနော် တတ်နိုင်သမျှ စောစောပြန်လာနိုင်အောင် ကြိုးစားမယ် ဟုတ်ပြီလား "

Minjeongကို နှုတ်ဆက်ပြီး Jimin ဆေးရုံကို ထွက်လာလိုက်သည်

ဆေးရုံက သူနာပြုနဲ့ဆရာဝန်တွေကလည်း Jiminကို နွေးနွေးထွေးထွေးကြိုဆိုကြတယ်

Jiminကို Sasha ဆိုတဲ့ သူနာပြုလေးက သူနေရမယ့် ဆရာဝန်ရုံးခန်းကိုခေါ်သွားပြီး Jiminကြည့်ရမယ့် သိထားရမယ့် လူနာစာရင်းနဲ့ခွဲစိတ်မှု စာရင်းတွေကို ထုတ်ပေးလေသည်

သုံးလေးနာရီကြာအောင် စာရင်းတွေဖတ်ပြီးနောက် Jimin အကြောဆန့်ပြီး ကော်ဖီဝယ်သောက်ဖို့ ရုံးခန်းကနေ ထွက်လာသည်

ထိုစဥ် ဆံပင်ပန်းရောင်နဲ့ ကောင်မလေးက Jiminရဲ့ လက်ကို လာကိုင်သည် သူ့ကိုကြည့်ရတာ စိတ်ပူပြီး အကူအညီလိုနေတဲ့ပုံပင်

"ဟိုလေ အမက အာရုံကြောဆရာဝန်လားဟင် "

"အာ ဟုတ်ပါတယ် ဒါပေမယ့် ကျွန်မက အခုမှ ဒီကို အသစ်ရောက်လာတာ အဲ့တာကြောင့် ပရော်ဖက်ရှင်နယ်ကျတဲ့ ဆရာဝန်လိုရင် "

"ညီမနဲ့ လိုက်ခဲ့ပါ "

Jiminမှာ ဘာမှမပြောလိုက်နိုင်ခင် ကောင်မလေးခေါ်ရာနောက်ပါလာသည်

အခန်းတစ်ခန်းထဲတွင် ကုတင်ပေါ် သတိလစ်နေတဲ့ ကောင်မလေးကို Jimin တွေ့လိုက်ရသည် မျက်နှာမှာ အောက်ဆီဂျင်ပေးနေတဲ့ပိုက်တွေရယ် ပတ်တီးတွေစည်းထားသောကြောင့် ကောင်မလေးရဲ့ မျက်နှာကို Jimin သေချာမမြင်ရပေ

"ညီမရဲ့ နာမည်က Yizhuoပါ သူကတော့ ညီမရဲ့ အခင်ဆုံး သူငယ်ချင်းပါ သူက အလွန်ဆိုးဝါးတဲ့ ကားအက်ဆီးဒင့်ဖြစ်ပြီး ကိုမာဝင်နေတဲ့အ​ခြေအနေဖြစ်နေတာ ဆရာဝန်တွေက လက်လျော့ဖို့ ပြောပေမယ့်  ညီမကတော့ သူငယ်ချင်းကို ဒီအတိုင်း လက်မလွှတ်နိုင်ဘူး  "

မိမိအခင်ဆုံးသူကို ဆေးရုံပေါ် သတိလစ်နေတာ နေ့တိုင်း ထိုင်ကြည့်နေရတဲ့ Yizhuo ဘယ်လောက်နာကျင်နေရမလည်းဆိုတာ Jimin နားလည်သဘောပေါက်ပါတယ်

"သူ ကိုမာဝင် သတိလစ်နေတာ ဘယ်လောက်ကြာပြီလည်း "

"ခြောက်နှစ် ခုနှစ်နှစ်လောက်တော့ရှိပြီ "

Jimin တစ်ခုခုကို သတိရပြီး Yizhuoကို နာမည်မေးလိုက်သည်

"သူ့နာမည်က ဘယ်သူလည်း "

"Kim Minjeong "

Yizhuoရဲ့ အဖြေကြောင့် Jimin အံ့သြပြီး သူ့လက်က စာအုပ်ပြုတ်ကျသွားလေသည်

#tbc

#zawgyi

Jimin အိပ္ရာက နိုးလာေတာ့ ထထိုင္ကာ ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္လိုက္သည္

သို႔ေသာ္လည္း အိပ္ရာနိုးခါစျဖစ္လို႔ အျမင္အာ႐ုံေတြက ေဝဝါးေနသည္

ခဏၾကာေတာ့ Jimin သက္ျပင္းခ်လိဳက္သည္ သူမက အိမ္ႀကီးထဲမွာ ရွိေနၿပီး မေန႕ညက ကိစၥကလည္း အိမ္မက္မဟုတ္ေပ

သရဲမေလးကိုလည္း Jimin ေက်းဇူးတင္မိေသးသည္

အိပ္ေပ်ာ္ေနတဲ့ သူေရွ႕ သတိလစ္ေအာင္ေပၚလာၿပီး လာမႏွိုးလို႔ပင္

Jimin အိပ္ခန္းထဲက ထြက္လာၿပီး ဧည့္ခန္းထဲတြင္ သရဲမေလးကို လိုက္ရွာၾကည့္သည္ သို႔ေသာ္လည္း သူ႕ကို ဘယ္ေနရာမွ ရွာမေတြ႕ေပ

"Minjeongေရ "

"Jimin သမီးေလး နိုးလာၿပီဘဲ..."

Jimin အသံၾကားလို႔ လွည့္ၾကည့္ေတာ့ သူ႕အေမျဖစ္ေနသည္

"အေမ ဘယ္အခ်ိန္ကလည္းကေရာက္ေနတာလည္း "

Jimin သူ႕မ်က္လုံးႏွစ္ဖက္ကို လက္နဲ႕ပြတ္ၿပီး သူ႕အေမကို ေမးလိုက္သည္

"လြန္ခဲ့တဲ့တစ္နာရီေက်ာ္ေလာက္ကတည္းကေရာက္ေနတာ သမီးက အရမ္းအိပ္ေမာက်ေနလို႔ မေန႕ညက အိမ္အသစ္ေျပာင္းရၿပီး အိပ္ရာမတူလို႔ မအိပ္ရဘူးထင္ၿပီး မႏွိုးဘဲ ေစာင့္ေနတာ ဒါနဲ႕ အိမ္ေဖာ္အသစ္ေလး ဒီကိုေရာက္လာၿပီေနာ္ ဘာညာသရကာစိတ္မပူနဲ႕ သမီးအေဖနဲ႕ အေမတို႔ သူ႕ေနာက္ေၾကာင္းကို ေသခ်ာစစ္ၿပီးမွ ေခၚတာ သူ႕မိသားစုေနာက္ခံကလည္းေကာင္းတယ္ ကေလးမေလးကလည္း ယဥ္ေက်းေဖာ္ေ႐ြတယ္ သမီးသူ႕ကို သေဘာက်မွာပါ "

Mrs.Yu စကားလည္းဆုံးေရာ အဝတ္ေလွ်ာ္ျခင္းေတာင္းကိုင္ကာ ေရာက္လာတဲ့ အရပ္ရွည္ရွည္ေကာင္မေလးက Jimimကို ႏႈတ္ဆက္သည္

"ေတြ႕ရတာ ဝမ္းသာပါတယ္ မမေလး Jimin ကြၽန္မရဲ႕ နာမည္က Joeပါ "

"ငါက ေတာ္ဝင္မင္းသမီး မဟုတ္လို႔ Jiminလို႔ဘဲ သက္ေတာင့္သက္သာေခၚပါ ႐ြယ္တူမဟုတ္လား "

"Awwn ဒါနဲ႕ သမီး ခုနက ဘယ္သူ႕ကို ေခၚေနတာလည္း "

Jiminရဲ႕ အေမက မနက္စာျပင္ဆင္ၿပီးေနာက္ စားပြဲခုံေပၚ ပန္းကန္ေတြတင္ရင္း Jiminကို ေမးလိုက္သည္

"ဘယ္သူလည္း Omma "

"ဧည့္ခန္းထဲမွာ သမီး တစ္ေယာက္ေယာက္နာမည္ေခၚလိုက္ပါတယ္ Minjeongဆိုလား ေကာလိပ္က သမီးရဲ႕ သူငယ္ခ်င္းက မေန႕ညကလာအိပ္တာလား "

Jimin ႐ုတ္တရက္ အာေျခာက္သြားသလို ခံစားလိုက္ရသည္ သူ ဘာလို႔ အိပ္ရာက နိုးနိုးခ်င္း Minjeongကို ရွာမိေနလည္း မသိေပ

မေန႕ညက သရဲကို စကားေကာင္းေကာင္းမေျပာလိုက္လို႔ အိမ္ကေန ထြက္သြားတာလားဆိုၿပီးလည္း စိတ္ပူေနမိေသးသည္

"Jimin သမီး "

သူ႕အေမက သူ႕မ်က္ႏွာေရွ႕ လက္ေျဖာက္တီးကာမွ Jimin အေတြးလြန္ရာကေန အသိစိတ္ဝင္လာသည္

"အာ ဘာမွမဟုတ္ပါဘူး မေန႕ညက ဘယ္သူမွမလာဘူးရယ္ သမီး အိမ္မက္မက္ခဲ့တာထင္ပါရဲ႕ ေလွ်ာက္ေတြးမေနပါနဲ႕ Omma "

Jiminတို႔ မနက္စာစားေနၾကရင္း Joeက အရင္စားၿပီးလို႔ စားပြဲဝိုင္းက ထကာ လုပ္စရာရွိေသာ အိမ္အလုပ္ေတြကို လုပ္ေနသည္

Jiminကေတာ့ Minjeongအေၾကာင္း ေတြးေနတာ ရပ္မရေပ...Minjeongရဲ႕ အေၾကာင္းကို Jimin ပိုသိခ်င္လာသည္

Minjeongက ဘယ္ကလည္း ဘာေၾကာင့္ ဒီကိုေရာက္ေနတာလည္း ၿပီးေတာ့ ဒီမွာေနခဲ့တဲ့သူေတြကို သူေျခာက္လွန့္ခဲ့လား?

ထိုစဥ္ အျဖဴေရာင္အရိပ္တစ္ခု Joeေဘးနားကေန ျဖတ္သြားတာကို Jimin ျမင္လိုက္ရသည္ Joeကလည္း သတိထားမိပုံေပၚသည္ 

ဒါေပမယ့္ ျမင္ေတာ့ မျမင္ရဘူးေပါ့

Jiminကေတာ့ Minjeong တစ္ေယာက္ သူ႕ကို မျမင္ရဲ႕ Joeကို စေနာက္ေနတာကို ျမင္ရတယ္ေလ

"သမီး အလုပ္ခ်ိန္က ဘယ္ေတာ့လည္း "

Minjeongကို လိုက္ၾကည့္ေနရင္း သူ႕အေမက ႐ုတ္တရက္စကားလာေျပာလို႔ Jimin လန့္ၿပီး တုန္တက္သြားသည္

"၁၂မထိုးခင္ သြားရမွာ မနက္စာစားၿပီး အဆင္သင့္ျပင္ထားလိုက္မယ္ "

Jimin က အာ႐ုံေၾကာဆရာဝန္တစ္ေယာက္ပါ သူမရဲ႕ပထမဆုံး ခြဲစိတ္မႈကို ေသသပ္စြာ လုပ္နိုင္ခဲ့လို႔  သူက ကိုရီးယားနိုင္ငံရဲ႕ နာမည္ႀကီး ေဆး႐ုံမွာ ဝင္ခြင့္ရခဲ့တယ္ေလ

"ကားကို ေသခ်ာေမာင္းေနာ္ သမီး မနက္က မိုးေတြ႐ြာထားေတာ့ လမ္းမေတြကေခ်ာ္ေနတာ "

"ဟုတ္ကဲ့ "

Jimin ေခါင္းညိတ္ျပၿပီး သူ႕အေမေဘးနား ေဆာ့ေနတဲ့ Minjeongကို ၾကည့္လိုက္သည္

Minjeongနဲ႕ အၾကည့္ခ်င္းဆုံေတာ့ အေပၚထပ္ကို လိုက္ခဲ့ဖို႔ Jimin မ်က္လုံးနဲ႕ အခ်က္ျပလိုက္သည္

Minjeong လည္း ခ်က္ခ်င္းဘဲ Jiminေနာက္ကို လိုက္လာသည္

"Minjeong ဒီေနရာမွာ ေလွ်ာက္သြားေနတာ ဂ႐ုစိုက္သင့္တယ္ေနာ္ ဘယ္သူမွ မျမင္ရဘူးဆိုတာ သိေပမယ့္ မင္းရွိေနတာကို သူတို႔ခံစားမိေလာက္တယ္ "

Jiminက ေျပာေတာ့ Minjeong ႏႈတ္ခမ္းစူသြားတယ္

"နင္က သူတို႔နဲ႕စကားေျပာေနေတာ့ ငါတစ္ေယာက္တည္း ပ်င္းတာေပါ့ဟ ဒါနဲ႕ နင္ အျပင္သြားမလို႔ဆို "

"ဟုတ္တယ္ အလုပ္သြားမလို႔ Joeက အိမ္မွာေနကုန္ရွိလိမ့္မယ္ အဲ့တာ သူ႕ attentionရဖို႔ ေလေပၚပ်ံျပမေနနဲ႕အုံး ၾကားလား အခန္းထဲမွာေနရင္ေန ဒါမွမဟုတ္ ၿခံထဲက အပင္ေတြ သြားၾကည့္ေနလိုက္ "

"ဘယ္အခ်ိန္မွ ျပန္လာမွာလည္း လုပ္ျပန္ၿပီ စကားေျပာဖို႔ လူမရွိျပန္ဘူး "

"ဘယ္သူမွမရွိဘဲ နင္ေနလာတာ ႏွစ္ေတြၾကာေနၿပီကို ငါတစ္ရက္ေလာက္ အလုပ္သြားတာနဲ႕ ဘာျဖစ္မွာက်လိဳ႕ "

"ဟူး ငါလည္းမသိဘူး နင္နဲ႕စကားေျပာရတာဘုကလန့္ဆိုေပမယ့္ ေပ်ာ္စရာေတာ့ေကာင္းတယ္ ျဖစ္နိုင္ရင္ နင္နဲ႕ တစ္ခ်ိန္လုံး စကားေျပာခ်င္တယ္ "

"ဘာဘဲျဖစ္ျဖစ္ ငါအလုပ္သြားေနတုန္း အိမ္မွာ လိမ္လိမ္မာမာေနေနာ္ တတ္နိုင္သမွ် ေစာေစာျပန္လာနိုင္ေအာင္ ႀကိဳးစားမယ္ ဟုတ္ၿပီလား "

Minjeongကို ႏႈတ္ဆက္ၿပီး Jimin ေဆး႐ုံကို ထြက္လာလိုက္သည္

ေဆး႐ုံက သူနာျပဳနဲ႕ဆရာဝန္ေတြကလည္း Jiminကို ႏြေးႏြေးေထြးေထြးႀကိဳဆိုၾကတယ္

Jiminကို Sasha ဆိုတဲ့ သူနာျပဳေလးက သူေနရမယ့္ ဆရာဝန္႐ုံးခန္းကိုေခၚသြားၿပီး Jiminၾကည့္ရမယ့္ သိထားရမယ့္ လူနာစာရင္းနဲ႕ခြဲစိတ္မႈ စာရင္းေတြကို ထုတ္ေပးေလသည္

သုံးေလးနာရီၾကာေအာင္ စာရင္းေတြဖတ္ၿပီးေနာက္ Jimin အေၾကာဆန့္ၿပီး ေကာ္ဖီဝယ္ေသာက္ဖို႔ ႐ုံးခန္းကေန ထြက္လာသည္

ထိုစဥ္ ဆံပင္ပန္းေရာင္နဲ႕ ေကာင္မေလးက Jiminရဲ႕ လက္ကို လာကိုင္သည္ သူ႕ကိုၾကည့္ရတာ စိတ္ပူၿပီး အကူအညီလိုေနတဲ့ပုံပင္

"ဟိုေလ အမက အာ႐ုံေၾကာဆရာဝန္လားဟင္ "

"အာ ဟုတ္ပါတယ္ ဒါေပမယ့္ ကြၽန္မက အခုမွ ဒီကို အသစ္ေရာက္လာတာ အဲ့တာေၾကာင့္ ပေရာ္ဖက္ရွင္နယ္က်တဲ့ ဆရာဝန္လိုရင္ "

"ညီမနဲ႕ လိုက္ခဲ့ပါ "

Jiminမွာ ဘာမွမေျပာလိုက္နိုင္ခင္ ေကာင္မေလးေခၚရာေနာက္ပါလာသည္

အခန္းတစ္ခန္းထဲတြင္ ကုတင္ေပၚ သတိလစ္ေနတဲ့ ေကာင္မေလးကို Jimin ေတြ႕လိုက္ရသည္ မ်က္ႏွာမွာ ေအာက္ဆီဂ်င္ေပးေနတဲ့ပိုက္ေတြရယ္ ပတ္တီးေတြစည္းထားေသာေၾကာင့္ ေကာင္မေလးရဲ႕ မ်က္ႏွာကို Jimin ေသခ်ာမျမင္ရေပ

"ညီမရဲ႕ နာမည္က Yizhuoပါ သူကေတာ့ ညီမရဲ႕ အခင္ဆုံး သူငယ္ခ်င္းပါ သူက အလြန္ဆိုးဝါးတဲ့ ကားအက္ဆီးဒင့္ျဖစ္ၿပီး ကိုမာဝင္ေနတဲ့အေျခအေနျဖစ္ေနတာ ဆရာဝန္ေတြက လက္ေလ်ာ့ဖို႔ ေျပာေပမယ့္  ညီမကေတာ့ သူငယ္ခ်င္းကို ဒီအတိုင္း လက္မလႊတ္နိုင္ဘူး  "

မိမိအခင္ဆုံးသူကို ေဆး႐ုံေပၚ သတိလစ္ေနတာ ေန႕တိုင္း ထိုင္ၾကည့္ေနရတဲ့ Yizhuo ဘယ္ေလာက္နာက်င္ေနရမလည္းဆိုတာ Jimin နားလည္သေဘာေပါက္ပါတယ္

"သူ ကိုမာဝင္ သတိလစ္ေနတာ ဘယ္ေလာက္ၾကာၿပီလည္း "

"ေျခာက္ႏွစ္ ခုႏွစ္ႏွစ္ေလာက္ေတာ့ရွိၿပီ "

Jimin တစ္ခုခုကို သတိရၿပီး Yizhuoကို နာမည္ေမးလိုက္သည္

"သူ႕နာမည္က ဘယ္သူလည္း "

"Kim Minjeong "

Yizhuoရဲ႕ အေျဖေၾကာင့္ Jimin အံ့ၾသၿပီး သူ႕လက္က စာအုပ္ျပဳတ္က်သြားေလသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co