Final
ဒီရက်ပိုင်း Beckyက Nopနဲ့ တွဲသွားတွဲလာများနေတာကို Freen ကြည့်မရဘူး ဖြစ်နေတယ်....
ဘာလို့ အဲ့ကလေးမက Nopနဲ့တပူးပူးတတွဲတွဲ ဖြစ်နေရတာလဲ
ခေတ်လူငယ်တွေများ ပြောကို မပြောချင်ဘူး
မိန်းကလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက် အတူတွဲသွားတွဲလာလုပ်နေတာကို ဘေးလူတွေက မြင်ရင် သူငယ်ချင်း လို့ ထင်ကြမလား?
No ပါ သမီးရည်းစား အတွဲတွေလို့ ထင်ကြမှာ သေချာပေါက်ဘဲ...
ငါ ပြောရင် Beckyက လက်မခံတဲ့အပြင် တစ်မျိုးထင်နေအုံးမှာ မဖြစ်သေးပါဘူး အမေ့ကို ပြောခိုင်းရမယ် Yess
Freen မှာ မတော်ရသေးတဲ့ ရည်းစားလေး သူများနောက် မပါရေး တို့အရေး ဆိုသလို ဥာဏ်နီဥာဏ်နက်တွေနဲ့ သောက်လက်စ ကော်ဖီကို အကုန်ထိသောက်ပြီး သူ့အမေဆီ သွားလေသည်
"အော်အေ လူငယ်ချင်းချင်းဘဲ ဘာပြုတုံး သွားပါစေ Freen ရဲ့ "
Freenရဲ့ အမေမှာ ဘာဘယ်တီးဖျော်ရင်း ပြောလိုက်သည်
"သူတို့က သူငယ်ချင်း အချင်းချင်းဆိုပေမယ့် ဘေးလူတွေက တစ်မျိုးထင်ရင် ဘယ်လိုလုပ်မလဲ အမေကလည်း "
Freenက လက်သုတ်ပုဝါကို ခေါက်ရင်း သူ့အမေကို ပြန်ပြောသည်
"အခုခေတ်မှာ ဘယ်သူမှ အဲ့လိုတွေအထင်မလွဲတော့ပါဘူးပွင့်လင်းပါပြီကွဲ့ "
ဇွတ်တွေ ခေတ်မှီနေတဲ့ သူ့အမေကို Freen စိတ်မရှည်တော့...
"အမေကလည်း...."
"အမေကမလဲနဲ့ ညည်းသာ ခေတ်နောက်ကျပြီး အဘွားကြီး အမြင် ဖြစ်နေတာ ပွစိပွစိမလုပ်ဘဲ ကလေးတွေကို အေးဆေးပေးနေလိုက်ပါ မိဖရင်ရယ် "
Mission Failed! အားကိုးရသော တစ်ဦးတည်းသော အမေကပါ Becky ဘက်ကဆိုတော့ Freen ဆိုင်က စားပွဲခုံတွေ သုတ်ပြီးသာ ပြန်လာလိုက်ရသည်
အခုရက်ပိုင်း ငါ ဘာဖြစ်နေတာလဲ..... တကယ်ဘဲ အိန္ဒြေကို မရနေတာ.....
Freen စာရေးဖို့လည်း အာရုံစိုက်မရ....
ပြီးကျ အခုတလော Becky ကို မြင်ရင် ရင်ခုန်ပြီး ပြေးဖက်ချင်တာလိုလို ဖက်နမ်းချင်တာလိုလို ဒါမှမဟုတ် Nopနဲ့ရယ်မောနေတာမြင်ရင် Becky ကို ပြေးလုပ်ချင်တာလိုလို Nop ကို တစ်စစီဆုတ်ဖြဲချင်တာလိုလို ဖြစ်နေတယ်
ဘောပင်နဲ့ စားပွဲခုံကို ခေါက်ရင်း လေးချက်မြောက်မှာတော့ စာရေးဆရာမ Freen သူ့ကိုယ်သူ ဘာဖြစ်နေလဲဆိုတာ သိလိုက်ရပြီ
ချစ်နေတာဘဲ What the hell ငါက Becky Armstrong ကို ချစ်မိနေတာဘဲ
Freen တွေးမိပြီး ကုတင်ပေါ်သို့ ပစ်လှဲကာ လူးလှိမ့်လိုက်သည်
ဟူး.....တကယ်ကို ချစ်မိနေတာဘဲကွာ.....
သူများကမှ ယုံကြည်လို့ ကိုယ့်အိမ်ကိုလွှတ်လိုက်ပါတယ် ကိုယ်က သူများ သမီးလေးကို အပိုင်သိမ်းပြီး စားချင်နေတာဘဲ.....
Freen အိပ်ရာက နိုးလာပြီး မျက်နှာသစ် ရေချိုးကာ အခန်းထဲက ထွက်လာလိုက်သည်
ဟော ပန်းရောင်ကျောပိုးအိတ်လေးကလေး လွယ်ပြီး သူ့ရှေ့က ဖြတ်သွားတဲ့ Beckyကို Freen မျက်စိတစ်ဆုံး လိုက်ကြည့်နေမိသည်
ချစ်မိပြီဆိုတာသိပြီးတဲ့နောက် Beckyကို မြင်ရရင်ကို အရင်ကထက် ဆယ်ဆပိုပြီး ရင်ခုန်နေတယ်
အကောင်ပေါက်လေးရယ် အိတ်ကပ်ထဲထည့်သိမ်းလိုက်ချင််တယ်
Freenရဲ့ သူမကို ကြည့်နေတဲ့ အကြည့်တွေက အခုတလော တစ်မျိုး ဖြစ်နေတယ်ဆိုတာ Becky သတိထားမိသည်
ဘယ်သွားသွား မျက်စိတစ်ဆုံးကြည့်နေတာတွေ ပြီးကျ Nopနဲ့သူ့ကို တွေ့ရင် ခါးထောက်ပြီး ထွက်ရိုက်လုမတတ်ဖြစ်နေတဲ့ရုပ်လေးကအစ Becky သတိထားမိသည်
ဒါကြောင့်လည်း ပိုပြီး အူတိုသဝန်တိုအောင် Becky လုပ်ချင်လို့ Nopကို ခဏခဏ အိမ်ဘက်ခေါ်လာတာလေ
ယုန်ပေါက်လေး အူတိုနေတဲ့ရုပ်လေးက ချစ်စရာလေးကွာ....
"အိမ်ထိပြန်လိုက်ပို့ပေးလို့ ကျေးဇူးပါ Nop "
Freen ခြံထဲ အပင်တွေကို ရေလောင်းရင်း Beckyအသံကြားလို့ ပျော်သွားတယ်
သို့သော် သူအမြင်ကတ်ဆုံးကောင်က အတူပါလာနေမှန်းသိတော့ စိတ်ထဲထောင်းခနဲ ဖြစ်သွားသည်
"ရပါတယ် Becရဲ့ ဟို..."
Nopက ပြောရင်း ဘာကိုရှက်နေလဲမသိ သူ့ခေါင်းကဆံပင်တွေကို ပွတ်လိုက်ပြီး ငြိမ်သွားပြန်တယ်
ယောင်္ကျားဖြစ်ပြီး မူယာမာယာများနေတာဟေ ကြည့်ရင်း အူယားပြီး ပြေးလုပ်ချင်လာပြီ
Freen ကြည့်ရင်း လုပ်ချင်စိတ်ကို ထိန်းနေရတယ်
"ဟို.... ကျွန်တော်လေ Becကို ချစ်လို့......ချစ်နေတာကြာပြီ အခုမှ ဖွင့်ပြောတာပါ "
Nopရဲ့ စကားကြောင့် Becky ပါးစပ်အဟောင်းသားဖြစ်သွားတယ်
သကောင့်သားက အခွင့်အရေးယူနေတာဘဲ
Freenကတော့ ဒေါသထွက်လွန်းလို့ ရေပိုက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်
"Bec ကျွန်တော့်ကို ပြန်ချစ် ဖလူးးးဖလူးးး"
Nop ပြောရင်း ရုတ်တရက် သူ့မျက်နှာကို ရေပိုက်နဲ့ ထိုးခံရလို့ ရေတွေသီးကုန်တယ်
"အယ် Nop... "
Freenလည်း ရေပိုက်ကို ပစ်ချပြီး ခြံထဲကနေ Beckyဆီကို ထွက်လာလိုက်သည်
"ဆောတီးနော် လမ်းပေါ်က ခွေးတစ်ကောင်ကို မျက်စိနောက်လို့ ရေပိုက်နဲ့ထိုးလိုက်တာ မင်းကို ရေစိုအောင် လုပ်မိသွားတယ် "
"ဟယ် "
Becky ရယ်ချင်စိတ်ကို မနည်းထိန်းထားရတယ်
တကယ်ဘဲ အပျိုကြီး အူတိုနေတာ...
ပြီးကျ ရေတွေရွှဲနှစ်နေတဲ့အပြင် ခွေးနဲ့နှိုင်းခံရလို့ ငိုမဲ့မဲ့ ဖြစ်နေတဲ့ Nop ကို ကြည့်ရင်း Becky မထိန်းနိုင်တော့ပါ
ရယ်လိုက်မိသွားတယ်
Sorryပါ Nopရယ်....
"လမ်းမပေါ်မှာ အော်ကြီးဟစ်ကျယ်နဲ့ ရယ်မနေနဲ့ အထဲဝင် "
Freenက ပြောပြီး Becky ကို ဆောင့်ဆွဲကာ အိမ်ထဲခေါ်လာတယ်
"ဘယ်လိုဖြစ်နေတာလဲ...သူများကို အားနာစရာ "
"ဘာ အားနာစရာလိုလဲ အဲ့ကောင်က နင့်ခင်မင်မှုကို အခွင့်အရေးယူပြီး... နင့်ကို ဖွင့်ပြောနေတာလေ "
"အဲ့တာ P'Freen အစ်မနဲ့ ဘာဆိုင်လို့လဲ "
"ဆိုင်တယ် သိပ်ကိုဆိုင်တာ တို့က မင်းကို ချစ်နေတာ သူ့လက်ထဲပါသွားလို့မရဘူး Becky "
Freenက ရုတ်တရက် ဖွင့်ပြောလိုက်လို့ Becky ဝမ်းသာသွားတယ်
"ဘယ်လို "
"အခုလိုပြောရတာ...ဘယ်လိုဖြစ်နေလဲမသိပေမယ့် တို့ မင်းကိုချစ်တယ် သူနဲ့အတူတွဲမြင်နေရတာ တို့မကြိုက်ဘူး မုန်းတယ် ဟုတ်တယ် တို့မှာ အဲ့လိုအူတိုပိုင်ခွင့်မရှိတာကို တို့သိပါတယ် တို့ကိုလေ ပြန်မကြိုက်ချင်နေပါ သူနဲ့တွဲသွားတွဲလာမလုပ်ပါနဲ့လားဟင် "
"ပြန်မကြိုက်လို့ရတယ်ပေါ့ "
Becky စပ်ဖြီးဖြီးနဲ့မေးလိုက်သည်
"အယ် အဲ့လိုရယ်တော့လည်း မဟုတ်ဘူးလေ "
"ဒါဆို ဘယ်လိုလဲ "
"Becky ရာ... "
"ကဲပါ အပျိုကြီးကို ညီမ မစတော့ပါဘူး တကယ်တော့ Nopနဲ့ တပူးပူးဖြစ်နေတာ အစ်မကို အူတိုစေချင်လို့ရယ် ဘာလို့ အူတိုစေချင်တာလဲသိလား ချစ်လို့လေ ချစ်လို့ အစ်မကိုလည်း ညီမက ချစ်နေတာသိလား "
Beckyကလည်း သူ့ကိုချစ်နေကြောင်းပြောတော့ Freen အရမ်းပျော်သွားတယ်.....
"ဟုတ်တယ်....အစ်မထက်အရင် ညီမက စချစ်ခဲ့တာ သိလား အပျိုကြီးရဲ့..... "
Beckyကပြောပြီး ယုန်ပေါက်လေး Freenရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်
Freenကလည်း Beckyရဲ့အနမ်းကို ပြန်လည်တုန့်ပြန်လိုက်သည်
ဘာဘယ်တီးဆိုင်ပိတ်ပြီး ခြံထဲက ဖြတ်သွားတဲ့ Freenရဲ့ အမေဖြစ်သူကတော့ သူ့သမီးလေးကို ကြည့်ပြီး မမြင်ချင်ယောင်ဆောင်သွားလေရဲ့
နောက်ဆုံးတော့ ငါတို့ချင်း သဘောတူအတင်းစေ့စပ်စရာမလိုဘဲ သူတို့ချင်းအရင် ကြိုက်သွားကြပြီဘဲ......
Freenရဲ့ အမေက စိတ်ထဲကနေ တွေးပြီး ပြုံးလိုက်သည်
#the end
မကောင်းမကန်းလေးကို အချိန်အကြာကြီး စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
#zawgyi
ဒီရက္ပိုင္း Beckyက Nopနဲ႕ တြဲသြားတြဲလာမ်ားေနတာကို Freen ၾကည့္မရဘူး ျဖစ္ေနတယ္....
ဘာလို႔ အဲ့ကေလးမက Nopနဲ႕တပူးပူးတတြဲတြဲ ျဖစ္ေနရတာလဲ
ေခတ္လူငယ္ေတြမ်ား ေျပာကို မေျပာခ်င္ဘူး
မိန္းကေလးတစ္ေယာက္နဲ႕ ေယာကၤ်ားေလးတစ္ေယာက္ အတူတြဲသြားတြဲလာလုပ္ေနတာကို ေဘးလူေတြက ျမင္ရင္ သူငယ္ခ်င္း လို႔ ထင္ၾကမလား?
No ပါ သမီးရည္းစား အတြဲေတြလို႔ ထင္ၾကမွာ ေသခ်ာေပါက္ဘဲ...
ငါ ေျပာရင္ Beckyက လက္မခံတဲ့အျပင္ တစ္မ်ိဳးထင္ေနအုံးမွာ မျဖစ္ေသးပါဘူး အေမ့ကို ေျပာခိုင္းရမယ္ Yess
Freen မွာ မေတာ္ရေသးတဲ့ ရည္းစားေလး သူမ်ားေနာက္ မပါေရး တို႔အေရး ဆိုသလို ဥာဏ္နီဥာဏ္နက္ေတြနဲ႕ ေသာက္လက္စ ေကာ္ဖီကို အကုန္ထိေသာက္ၿပီး သူ႕အေမဆီ သြားေလသည္
"ေအာ္ေအ လူငယ္ခ်င္းခ်င္းဘဲ ဘာျပဳတုံး သြားပါေစ Freen ရဲ႕ "
Freenရဲ႕ အေမမွာ ဘာဘယ္တီးေဖ်ာ္ရင္း ေျပာလိုက္သည္
"သူတို႔က သူငယ္ခ်င္း အခ်င္းခ်င္းဆိုေပမယ့္ ေဘးလူေတြက တစ္မ်ိဳးထင္ရင္ ဘယ္လိုလုပ္မလဲ အေမကလည္း "
Freenက လက္သုတ္ပုဝါကို ေခါက္ရင္း သူ႕အေမကို ျပန္ေျပာသည္
"အခုေခတ္မွာ ဘယ္သူမွ အဲ့လိုေတြအထင္မလြဲေတာ့ပါဘူးပြင့္လင္းပါၿပီကြဲ႕ "
ဇြတ္ေတြ ေခတ္မွီေနတဲ့ သူ႕အေမကို Freen စိတ္မရွည္ေတာ့...
"အေမကလည္း...."
"အေမကမလဲနဲ႕ ညည္းသာ ေခတ္ေနာက္က်ၿပီး အဘြားႀကီး အျမင္ ျဖစ္ေနတာ ပြစိပြစိမလုပ္ဘဲ ကေလးေတြကို ေအးေဆးေပးေနလိုက္ပါ မိဖရင္ရယ္ "
Mission Failed! အားကိုးရေသာ တစ္ဦးတည္းေသာ အေမကပါ Becky ဘက္ကဆိုေတာ့ Freen ဆိုင္က စားပြဲခုံေတြ သုတ္ၿပီးသာ ျပန္လာလိုက္ရသည္
အခုရက္ပိုင္း ငါ ဘာျဖစ္ေနတာလဲ..... တကယ္ဘဲ အိႏၵျေကို မရေနတာ.....
Freen စာေရးဖို႔လည္း အာ႐ုံစိုက္မရ....
ၿပီးက် အခုတေလာ Becky ကို ျမင္ရင္ ရင္ခုန္ၿပီး ေျပးဖက္ခ်င္တာလိုလို ဖက္နမ္းခ်င္တာလိုလို ဒါမွမဟုတ္ Nopနဲ႕ရယ္ေမာေနတာျမင္ရင္ Becky ကို ေျပးလုပ္ခ်င္တာလိုလို Nop ကို တစ္စစီဆုတ္ၿဖဲခ်င္တာလိုလို ျဖစ္ေနတယ္
ေဘာပင္နဲ႕ စားပြဲခုံကို ေခါက္ရင္း ေလးခ်က္ေျမာက္မွာေတာ့ စာေရးဆရာမ Freen သူ႕ကိုယ္သူ ဘာျဖစ္ေနလဲဆိုတာ သိလိုက္ရၿပီ
ခ်စ္ေနတာဘဲ What the hell ငါက Becky Armstrong ကို ခ်စ္မိေနတာဘဲ
Freen ေတြးမိၿပီး ကုတင္ေပၚသို႔ ပစ္လွဲကာ လူးလွိမ့္လိုက္သည္
ဟူး.....တကယ္ကို ခ်စ္မိေနတာဘဲကြာ.....
သူမ်ားကမွ ယုံၾကည္လို႔ ကိုယ့္အိမ္ကိုလႊတ္လိုက္ပါတယ္ ကိုယ္က သူမ်ား သမီးေလးကို အပိုင္သိမ္းၿပီး စားခ်င္ေနတာဘဲ.....
Freen အိပ္ရာက နိုးလာၿပီး မ်က္ႏွာသစ္ ေရခ်ိဳးကာ အခန္းထဲက ထြက္လာလိုက္သည္
ေဟာ ပန္းေရာင္ေက်ာပိုးအိတ္ေလးကေလး လြယ္ၿပီး သူ႕ေရွ႕က ျဖတ္သြားတဲ့ Beckyကို Freen မ်က္စိတစ္ဆုံး လိုက္ၾကည့္ေနမိသည္
ခ်စ္မိၿပီဆိုတာသိၿပီးတဲ့ေနာက္ Beckyကို ျမင္ရရင္ကို အရင္ကထက္ ဆယ္ဆပိုၿပီး ရင္ခုန္ေနတယ္
အေကာင္ေပါက္ေလးရယ္ အိတ္ကပ္ထဲထည့္သိမ္းလိုက္ခ်င္္တယ္
Freenရဲ႕ သူမကို ၾကည့္ေနတဲ့ အၾကည့္ေတြက အခုတေလာ တစ္မ်ိဳး ျဖစ္ေနတယ္ဆိုတာ Becky သတိထားမိသည္
ဘယ္သြားသြား မ်က္စိတစ္ဆုံးၾကည့္ေနတာေတြ ၿပီးက် Nopနဲ႕သူ႕ကို ေတြ႕ရင္ ခါးေထာက္ၿပီး ထြက္ရိုက္လုမတတ္ျဖစ္ေနတဲ့႐ုပ္ေလးကအစ Becky သတိထားမိသည္
ဒါေၾကာင့္လည္း ပိုၿပီး အူတိုသဝန္တိုေအာင္ Becky လုပ္ခ်င္လို႔ Nopကို ခဏခဏ အိမ္ဘက္ေခၚလာတာေလ
ယုန္ေပါက္ေလး အူတိုေနတဲ့႐ုပ္ေလးက ခ်စ္စရာေလးကြာ....
"အိမ္ထိျပန္လိုက္ပို႔ေပးလို႔ ေက်းဇူးပါ Nop "
Freen ၿခံထဲ အပင္ေတြကို ေရေလာင္းရင္း Beckyအသံၾကားလို႔ ေပ်ာ္သြားတယ္
သို႔ေသာ္ သူအျမင္ကတ္ဆုံးေကာင္က အတူပါလာေနမွန္းသိေတာ့ စိတ္ထဲေထာင္းခနဲ ျဖစ္သြားသည္
"ရပါတယ္ Becရဲ႕ ဟို..."
Nopက ေျပာရင္း ဘာကိုရွက္ေနလဲမသိ သူ႕ေခါင္းကဆံပင္ေတြကို ပြတ္လိုက္ၿပီး ၿငိမ္သြားျပန္တယ္
ေယာကၤ်ားျဖစ္ၿပီး မူယာမာယာမ်ားေနတာေဟ ၾကည့္ရင္း အူယားၿပီး ေျပးလုပ္ခ်င္လာၿပီ
Freen ၾကည့္ရင္း လုပ္ခ်င္စိတ္ကို ထိန္းေနရတယ္
"ဟို.... ကြၽန္ေတာ္ေလ Becကို ခ်စ္လို႔......ခ်စ္ေနတာၾကာၿပီ အခုမွ ဖြင့္ေျပာတာပါ "
Nopရဲ႕ စကားေၾကာင့္ Becky ပါးစပ္အေဟာင္းသားျဖစ္သြားတယ္
သေကာင့္သားက အခြင့္အေရးယူေနတာဘဲ
Freenကေတာ့ ေဒါသထြက္လြန္းလို႔ ေရပိုက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားသည္
"Bec ကြၽန္ေတာ့္ကို ျပန္ခ်စ္ ဖလူးးးဖလူးးး"
Nop ေျပာရင္း ႐ုတ္တရက္ သူ႕မ်က္ႏွာကို ေရပိုက္နဲ႕ ထိုးခံရလို႔ ေရေတြသီးကုန္တယ္
"အယ္ Nop... "
Freenလည္း ေရပိုက္ကို ပစ္ခ်ၿပီး ၿခံထဲကေန Beckyဆီကို ထြက္လာလိုက္သည္
"ေဆာတီးေနာ္ လမ္းေပၚက ေခြးတစ္ေကာင္ကို မ်က္စိေနာက္လို႔ ေရပိုက္နဲ႕ထိုးလိုက္တာ မင္းကို ေရစိုေအာင္ လုပ္မိသြားတယ္ "
"ဟယ္ "
Becky ရယ္ခ်င္စိတ္ကို မနည္းထိန္းထားရတယ္
တကယ္ဘဲ အပ်ိဳႀကီး အူတိုေနတာ...
ၿပီးက် ေရေတြ႐ႊဲႏွစ္ေနတဲ့အျပင္ ေခြးနဲ႕ႏွိုင္းခံရလို႔ ငိုမဲ့မဲ့ ျဖစ္ေနတဲ့ Nop ကို ၾကည့္ရင္း Becky မထိန္းနိုင္ေတာ့ပါ
ရယ္လိုက္မိသြားတယ္
Sorryပါ Nopရယ္....
"လမ္းမေပၚမွာ ေအာ္ႀကီးဟစ္က်ယ္နဲ႕ ရယ္မေနနဲ႕ အထဲဝင္ "
Freenက ေျပာၿပီး Becky ကို ေဆာင့္ဆြဲကာ အိမ္ထဲေခၚလာတယ္
"ဘယ္လိုျဖစ္ေနတာလဲ...သူမ်ားကို အားနာစရာ "
"ဘာ အားနာစရာလိုလဲ အဲ့ေကာင္က နင့္ခင္မင္မႈကို အခြင့္အေရးယူၿပီး... နင့္ကို ဖြင့္ေျပာေနတာေလ "
"အဲ့တာ P'Freen အစ္မနဲ႕ ဘာဆိုင္လို႔လဲ "
"ဆိုင္တယ္ သိပ္ကိုဆိုင္တာ တို႔က မင္းကို ခ်စ္ေနတာ သူ႕လက္ထဲပါသြားလို႔မရဘူး Becky "
Freenက ႐ုတ္တရက္ ဖြင့္ေျပာလိုက္လို႔ Becky ဝမ္းသာသြားတယ္
"ဘယ္လို "
"အခုလိုေျပာရတာ...ဘယ္လိုျဖစ္ေနလဲမသိေပမယ့္ တို႔ မင္းကိုခ်စ္တယ္ သူနဲ႕အတူတြဲျမင္ေနရတာ တို႔မႀကိဳက္ဘူး မုန္းတယ္ ဟုတ္တယ္ တို႔မွာ အဲ့လိုအူတိုပိုင္ခြင့္မရွိတာကို တို႔သိပါတယ္ တို႔ကိုေလ ျပန္မႀကိဳက္ခ်င္ေနပါ သူနဲ႕တြဲသြားတြဲလာမလုပ္ပါနဲ႕လားဟင္ "
"ျပန္မႀကိဳက္လို႔ရတယ္ေပါ့ "
Becky စပ္ၿဖီးၿဖီးနဲ႕ေမးလိုက္သည္
"အယ္ အဲ့လိုရယ္ေတာ့လည္း မဟုတ္ဘူးေလ "
"ဒါဆို ဘယ္လိုလဲ "
"Becky ရာ... "
"ကဲပါ အပ်ိဳႀကီးကို ညီမ မစေတာ့ပါဘူး တကယ္ေတာ့ Nopနဲ႕ တပူးပူးျဖစ္ေနတာ အစ္မကို အူတိုေစခ်င္လို႔ရယ္ ဘာလို႔ အူတိုေစခ်င္တာလဲသိလား ခ်စ္လို႔ေလ ခ်စ္လို႔ အစ္မကိုလည္း ညီမက ခ်စ္ေနတာသိလား "
Beckyကလည္း သူ႕ကိုခ်စ္ေနေၾကာင္းေျပာေတာ့ Freen အရမ္းေပ်ာ္သြားတယ္.....
"ဟုတ္တယ္....အစ္မထက္အရင္ ညီမက စခ်စ္ခဲ့တာ သိလား အပ်ိဳႀကီးရဲ႕..... "
Beckyကေျပာၿပီး ယုန္ေပါက္ေလး Freenရဲ႕ ႏႈတ္ခမ္းကို နမ္းလိုက္သည္
Freenကလည္း Beckyရဲ႕အနမ္းကို ျပန္လည္တုန့္ျပန္လိုက္သည္
ဘာဘယ္တီးဆိုင္ပိတ္ၿပီး ၿခံထဲက ျဖတ္သြားတဲ့ Freenရဲ႕ အေမျဖစ္သူကေတာ့ သူ႕သမီးေလးကို ၾကည့္ၿပီး မျမင္ခ်င္ေယာင္ေဆာင္သြားေလရဲ႕
ေနာက္ဆုံးေတာ့ ငါတို႔ခ်င္း သေဘာတူအတင္းေစ့စပ္စရာမလိုဘဲ သူတို႔ခ်င္းအရင္ ႀကိဳက္သြားၾကၿပီဘဲ......
Freenရဲ႕ အေမက စိတ္ထဲကေန ေတြးၿပီး ၿပဳံးလိုက္သည္
#the end
မေကာင္းမကန္းေလးကို အခ်ိန္အၾကာႀကီး စိတ္ရွည္ရွည္နဲ႕ ေစာင့္ဖတ္ေပးလို႔ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။
Bạn đang đọc truyện trên: Truyen3h.Co