Part 8
.
"Becky Armstrong ..."
သူမ နာမည်ကို အပြည့်အစုံခေါ်လို့ Becky စကားပြောနေရာက ကြည့်တော့ ပန်းစည်းကြီးကိုင်ပြီး သူမဆီ ကမူးကရူးလျှောက်လာတဲ့ Freenကို တွေ့ရသည်
ဟောတော့......
"P'Freen...ဒီကို ဘာလာလုပ်..."Freenက Becky မေးတာကိုလည်း မဖြေ Beckyကိုလည်း ဘာမှမပြောခိုင်းဘဲ Beckyရဲ့ လက်ကို ဆွဲပြီး ခေါ်သွားသည်
"အယ် Nop...နောက်နေ့မှ တွေ့မယ်နော် "
Freen ဆွဲခေါ်ရာနောက် တရွတ်တိုက် ပါသွားရင် အနောက်မှာ ကြောင်အမ်းအမ်းနဲ့ တစ်ယောက်တည်း ကျန်ခဲ့သော Nopကို Becky အားနာလို့ အော်ပြောလိုက်သည်
"ဘာလို့ Nopနဲ့ အရမ်းရင်းနှီးနေရတာလဲ "
"ဟယ်.... "ဘာမပြောညာမပြောနဲ့ ဆွဲခေါ်ခံရသည့်အပြင် ရန်လုပ်ခံနေရသောကြောင့် Becky ဘာပြောရမှန်းမသိ ဆွံ့အနေမိသည်
"ဟို..သူငယ်ချင်းမို့လို့ပါ ""သူငယ်ချင်း....မင်းမှာ ပေါင်းစရာမိန်းကလေးသူငယ်ချင်းတွေ မရှိဘူးလား ပေါင်းစရာရှားနေလို့ ယောင်္ကျားနဲ့ပေါင်းနေရလား "
Freenက ပြောပြီး ကားစက်နှိုးလိုက်သည်နေပါအုံး စိတ်ဆိုးနေတဲ့သူက ငါမဟုတ်လား သူက ဘာလို့ ငါ့ကို စိတ်ပြန်ဆိုးပြီး ရန်လုပ်နေရတာလဲ
Freen စိတ်ဆိုးနေတဲ့စိတ်တိုနေတဲ့ပုံစံက တော်တော်ချစ်ဖို့ကောင်းသည် ရှင်းရှင်းပြောရင် သဝန်တိုဆုံးအချိန်ပေါ့
သူနဲ့Nopကို သဝန်တိုနေမှန်း Becky သိတယ်လေ အပျိုကြီးကသာ သူ့ကိုယ့်သူ သဝန်တိုနေမှန်းမသိမှာ
"ဒါက Nongရဲ့ကိစ္စပါ Nongရဲ့ကိစ္စထဲ ဝင်မပါပါနဲ့ "
Freen သူမကို ပြောခဲဲ့သလို Beckyက ပြန်လည်ချေပပြောလိုက်သည်
"ဘယ်လို "
သူ့စကားနဲ့သူခံလိုက်ရတဲ့ Freenကို ကြည့်ပြီး Becky ရယ်ချင်စိတ်ကို ထိန်းထားရသည်
"P'Freen လည်း မနေ့က ညီမကို အဲ့လိုပြောခဲ့တာ မဟုတ်ဘူးလား.... "
"နေပါအုံး မင်းက မကျေနပ်လို့ လက်စားပြန်ချေတာလား '
Freen ကားကို လမ်းဘေးချရပ်ပြီး မေးလိုက်သည်.
ဟော ကြည့် သူပြောတဲ့စကားနဲ့ပြန်အသုံးချပြောတော့
စိတ်တိုနေတဲ့ မျက်နှာလေးကလည်း ချစ်ဖို့ကောင်းသည်
ဝတ္ထုစာကို အာရုံစိုက်ရေးနေပုံကလည်း ချစ်ဖို့ကောင်းသည်
နူးနူးညံ့ညံ့နဲ့ ပန်းချီဆွဲနေပုံကလည်း ချစ်ဖို့ကောင်းသည်
ရေစိုနေတဲ့ဆံပင်ကို သုတ်နေတဲ့ပုံစံကလည်း ဆွဲဆောင်မှုရှိပြန်သည်
တစ်ခါတစ်လေ ရုပ်တည်တည်နဲ့ ဝမ်းနည်းနေတဲ့အခါမျိုးကျလည်း ပျော်ရွှင်အောင် လုပ်ပေးချင်မိသည်
ဘယ်သူက ကိုယ်ချစ်တဲ့သူကို ဝမ်းနည်းနေတာ မြင်ချင်မှာလဲ
ဟုတ်ပါတယ် Freenကို Beckyက ချစ်နေတာပါ
လေဆိပ်မှာကတည်းက ခုန်ဆွခုန်ဆွလုပ်နေတဲ့ ယုန်ပေါက်စလေးက Beckyရဲ့ ရင်ခွင်ထဲ ရောက်လာခဲ့တာလေ
ကားကို စမတ်ကျကျစတိုင်ကျကျ မောင်းနေသူကို ငေးကြည့်မိတာ မိသွားတုံးကလည်း Becky ရှက်သွေးဖြာမိသေးသည်
အရင်က ထိုင်းစကားသင်ချင်လို့ ထိုင်းကို လာခဲ့ပေမယ့် အခုတော့ ထိုင်းမလေးကို လိုချင်မိတဲ့ ရည်ရွယ်ချက်အဖြစ်သို့ ပြောင်းသွားပြီ
ဘာဖြစ်လဲ ထိုင်းမလေးကို ရရင် ထိုင်းစကားသင်ခိုင်းလို့ရတာဘဲလေ
ဟဲဟဲ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့
"တို့မေးတာ ဖြေအုံးလေ ဘယ်နဲ့ကြောင့် ပြုံးစိစိဖြစ်နေတာလဲ ကလေးမ "
သူ မေးတာကို မဖြေဘဲ ပြုံးစိစိလုပ်နေတဲ့ Beckyကို Freen အူတွေယားလာသည်
"ရှင်ပြောသလိုပြောကြည့်တာလေ အပျိုကြီးရဲ့ "
"တို့ကို အပျိုကြီးလို့မခေါ်နဲ့လို့ ဘယ်နှခါပြောရမလဲ "
"ဒါဆို ဘာလို့ ညီမကို ကလေးမလို့ခေါ်ရတာလဲ.... "
"ဟော မင်းက တို့စကားတွေကို တစ်ခုချင်းဆီ လိုက်ထောက်နေတာလား "
"မထောက်ပါဘူး "
"ဟူး...Bec..Bec.... တို့ လွန်ခဲ့တယ်ဆိုတာ သိပါတယ် အဲ့အတွက်ကြောင့် တောင်းပန်ပါတယ် မင်းစေတနာကို သိပေမယ့်....တို့က မင်းကို အော်ခဲ့မိတယ် ဟုတ်ပါတယ် တို့... တို့ကို သစ္စာဖောက်ခဲ့တဲ့ ကောင်မလေးကိုတွေ့ပြီး တို့...ဒေါသစိတ်က မင်းအပေါ်ကို ပုံချမိသလိုဖြစ်သွားတာပါ တို့တောင်းပန်ပါတယ်နော် Bec..တို့ မင်းကို တောင်းပန်ချင်ခဲ့တာ မင်းက ဆက်တိုက် တို့ကို ရှောင်နေလို့....."
သိပါတယ် သူ့ကို Freenက တောင်းပန်ချင်နေမှန်း Becky သိသည်
သူ့ကို တောင်းပန်ချင်လို့ အကြောင်းမျိုးစုံရှာခဲ့ပြီး သူ့ဆီလာခဲ့တာကို သိတယ်
ဒါပေမယ့် သူ့စိတ်ကို ဝမ်းနည်းအောင်လုပ်လို့ Becky တမင် ပညာပြန်ပြခဲ့ခြင်းဖြစ်သည်
"တို့ကိုရှောင်နေတဲ့ မင်းကို မရရအောင်ချော့ချင်လို့ ပန်းစည်းကိုယ်တိုင်လုပ်ပြီး မင်းဆီကို လိုက်လာတာပါ.....တောင်းပန်မလို့ပါဆိုနေ ထပ်ပြီး မင်းကို နာအောင်လုပ်မိပြန်ပြီ တို့ ဆောင့်ဆွဲခဲ့လို့ မင်းရဲ့ လက်ကောက်ဝတ်လေး နီရဲနေပြီ "
Becky ရဲ့ လက်ကောက်ဝတ်လေး နီရဲနေတာကို တွေ့ပြီး Freen စိတ်မကောင်းဖြစ်သွားသည်
"ရပါတယ် P'Freen...ဒီပန်းစည်းက ညီမအတွက်လား "
Becky ပြောပြီး Freenရဲ့ ကားနောက်ခန်းက နှင်းဆီပန်းစည်းကို ယူလိုက်သည်
"ဟုတ်တယ် မင်းအတွက် တို့ကိုယ်တိုင် စျေးသွားပြီး ပန်းစည်းကိုယ်တိုင်စည်းခဲ့တာ "
'ကျေးဇူးတင်ပါတယ် P'Freen ညီမ သဘောကျတယ် '
Becky ပြောပြီး နှင်းဆီပန်းတွေကို နမ်းလိုက်သည်
"ဒါဆို တို့ကို စိတ်မဆိုးတော့ဘူးပေါ့နော် "
"အချိန်ပေးပြီး ပန်းစည်းကိုယ်တိုင် လုပ်ပေးလို့ စိတ်ဆိုးပြေလိုက်ပါမယ်လေ "
Becky က စိတ်ဆိုးပြေပြီလို့ ပြောတော့ Freen ဝမ်းသာသွားတယ်
"ကျေးဇူးတင်ပါတယ် စိတ်ဆိုးပြေလို့ "
"ကျေးဇူးတင်ရင် ဘာဘယ်တီးဝယ်တိုက် "
"အယ် ဘာဘယ်တီးက ဝယ်တိုက်ရမှာလား အိမ်မှာရှိနေတာကို ဖျော်တိုက်မယ်လေ "
"okပါ ဖျော်တိုက်...P'Freen ကိုယ်တိုင် ဖျော်တိုက်တာလေး သောက်ချင်တယ် "
ဒီလိိုနဲ့ သင်တန်းက ပြန်လာတဲ့တစ်လျှောက် Freenbecky တို့ စစ်ပြေငြိမ်းသွားပြီး အဆင်ပြေသွားကြတယ်လေ
#tbc
#zawgyi
.
"Becky Armstrong ..."
သူမ နာမည္ကို အျပည့္အစုံေခၚလို႔ Becky စကားေျပာေနရာက ၾကည့္ေတာ့ ပန္းစည္းႀကီးကိုင္ၿပီး သူမဆီ ကမူးက႐ူးေလွ်ာက္လာတဲ့ Freenကို ေတြ႕ရသည္
ေဟာေတာ့......
"P'Freen...ဒီကို ဘာလာလုပ္..."Freenက Becky ေမးတာကိုလည္း မေျဖ Beckyကိုလည္း ဘာမွမေျပာခိုင္းဘဲ Beckyရဲ႕ လက္ကို ဆြဲၿပီး ေခၚသြားသည္
"အယ္ Nop...ေနာက္ေန႕မွ ေတြ႕မယ္ေနာ္ "
Freen ဆြဲေခၚရာေနာက္ တ႐ြတ္တိုက္ ပါသြားရင္ အေနာက္မွာ ေၾကာင္အမ္းအမ္းနဲ႕ တစ္ေယာက္တည္း က်န္ခဲ့ေသာ Nopကို Becky အားနာလို႔ ေအာ္ေျပာလိုက္သည္
"ဘာလို႔ Nopနဲ႕ အရမ္းရင္းႏွီးေနရတာလဲ "
"ဟယ္.... "ဘာမေျပာညာမေျပာနဲ႕ ဆြဲေခၚခံရသည့္အျပင္ ရန္လုပ္ခံေနရေသာေၾကာင့္ Becky ဘာေျပာရမွန္းမသိ ဆြံ႕အေနမိသည္
"ဟို..သူငယ္ခ်င္းမို႔လို႔ပါ ""သူငယ္ခ်င္း....မင္းမွာ ေပါင္းစရာမိန္းကေလးသူငယ္ခ်င္းေတြ မရွိဘူးလား ေပါင္းစရာရွားေနလို႔ ေယာကၤ်ားနဲ႕ေပါင္းေနရလား "
Freenက ေျပာၿပီး ကားစက္ႏွိုးလိုက္သည္ေနပါအုံး စိတ္ဆိုးေနတဲ့သူက ငါမဟုတ္လား သူက ဘာလို႔ ငါ့ကို စိတ္ျပန္ဆိုးၿပီး ရန္လုပ္ေနရတာလဲ
Freen စိတ္ဆိုးေနတဲ့စိတ္တိုေနတဲ့ပုံစံက ေတာ္ေတာ္ခ်စ္ဖို႔ေကာင္းသည္ ရွင္းရွင္းေျပာရင္ သဝန္တိုဆုံးအခ်ိန္ေပါ့
သူနဲ႕Nopကို သဝန္တိုေနမွန္း Becky သိတယ္ေလ အပ်ိဳႀကီးကသာ သူ႕ကိုယ့္သူ သဝန္တိုေနမွန္းမသိမွာ
"ဒါက Nongရဲ႕ကိစၥပါ Nongရဲ႕ကိစၥထဲ ဝင္မပါပါနဲ႕ "
Freen သူမကို ေျပာခဲဲ့သလို Beckyက ျပန္လည္ေခ်ပေျပာလိုက္သည္
"ဘယ္လို "
သူ႕စကားနဲ႕သူခံလိုက္ရတဲ့ Freenကို ၾကည့္ၿပီး Becky ရယ္ခ်င္စိတ္ကို ထိန္းထားရသည္
"P'Freen လည္း မေန႕က ညီမကို အဲ့လိုေျပာခဲ့တာ မဟုတ္ဘူးလား.... "
"ေနပါအုံး မင္းက မေက်နပ္လို႔ လက္စားျပန္ေခ်တာလား '
Freen ကားကို လမ္းေဘးခ်ရပ္ၿပီး ေမးလိုက္သည္.
ေဟာ ၾကည့္ သူေျပာတဲ့စကားနဲ႕ျပန္အသုံးခ်ေျပာေတာ့
စိတ္တိုေနတဲ့ မ်က္ႏွာေလးကလည္း ခ်စ္ဖို႔ေကာင္းသည္
ဝတၳဳစာကို အာ႐ုံစိုက္ေရးေနပုံကလည္း ခ်စ္ဖို႔ေကာင္းသည္
ႏူးႏူးညံ့ညံ့နဲ႕ ပန္းခ်ီဆြဲေနပုံကလည္း ခ်စ္ဖို႔ေကာင္းသည္
ေရစိုေနတဲ့ဆံပင္ကို သုတ္ေနတဲ့ပုံစံကလည္း ဆြဲေဆာင္မႈရွိျပန္သည္
တစ္ခါတစ္ေလ ႐ုပ္တည္တည္နဲ႕ ဝမ္းနည္းေနတဲ့အခါမ်ိဳးက်လည္း ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးခ်င္မိသည္
ဘယ္သူက ကိုယ္ခ်စ္တဲ့သူကို ဝမ္းနည္းေနတာ ျမင္ခ်င္မွာလဲ
ဟုတ္ပါတယ္ Freenကို Beckyက ခ်စ္ေနတာပါ
ေလဆိပ္မွာကတည္းက ခုန္ဆြခုန္ဆြလုပ္ေနတဲ့ ယုန္ေပါက္စေလးက Beckyရဲ႕ ရင္ခြင္ထဲ ေရာက္လာခဲ့တာေလ
ကားကို စမတ္က်က်စတိုင္က်က် ေမာင္းေနသူကို ေငးၾကည့္မိတာ မိသြားတုံးကလည္း Becky ရွက္ေသြးျဖာမိေသးသည္
အရင္က ထိုင္းစကားသင္ခ်င္လို႔ ထိုင္းကို လာခဲ့ေပမယ့္ အခုေတာ့ ထိုင္းမေလးကို လိုခ်င္မိတဲ့ ရည္႐ြယ္ခ်က္အျဖစ္သို႔ ေျပာင္းသြားၿပီ
ဘာျဖစ္လဲ ထိုင္းမေလးကို ရရင္ ထိုင္းစကားသင္ခိုင္းလို႔ရတာဘဲေလ
ဟဲဟဲ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ေပါ့
"တို႔ေမးတာ ေျဖအုံးေလ ဘယ္နဲ႕ေၾကာင့္ ၿပဳံးစိစိျဖစ္ေနတာလဲ ကေလးမ "
သူ ေမးတာကို မေျဖဘဲ ၿပဳံးစိစိလုပ္ေနတဲ့ Beckyကို Freen အူေတြယားလာသည္
"ရွင္ေျပာသလိုေျပာၾကည့္တာေလ အပ်ိဳႀကီးရဲ႕ "
"တို႔ကို အပ်ိဳႀကီးလို႔မေခၚနဲ႕လို႔ ဘယ္ႏွခါေျပာရမလဲ "
"ဒါဆို ဘာလို႔ ညီမကို ကေလးမလို႔ေခၚရတာလဲ.... "
"ေဟာ မင္းက တို႔စကားေတြကို တစ္ခုခ်င္းဆီ လိုက္ေထာက္ေနတာလား "
"မေထာက္ပါဘူး "
"ဟူး...Bec..Bec.... တို႔ လြန္ခဲ့တယ္ဆိုတာ သိပါတယ္ အဲ့အတြက္ေၾကာင့္ ေတာင္းပန္ပါတယ္ မင္းေစတနာကို သိေပမယ့္....တို႔က မင္းကို ေအာ္ခဲ့မိတယ္ ဟုတ္ပါတယ္ တို႔... တို႔ကို သစၥာေဖာက္ခဲ့တဲ့ ေကာင္မေလးကိုေတြ႕ၿပီး တို႔...ေဒါသစိတ္က မင္းအေပၚကို ပုံခ်မိသလိုျဖစ္သြားတာပါ တို႔ေတာင္းပန္ပါတယ္ေနာ္ Bec..တို႔ မင္းကို ေတာင္းပန္ခ်င္ခဲ့တာ မင္းက ဆက္တိုက္ တို႔ကို ေရွာင္ေနလို႔....."
သိပါတယ္ သူ႕ကို Freenက ေတာင္းပန္ခ်င္ေနမွန္း Becky သိသည္
သူ႕ကို ေတာင္းပန္ခ်င္လို႔ အေၾကာင္းမ်ိဳးစုံရွာခဲ့ၿပီး သူ႕ဆီလာခဲ့တာကို သိတယ္
ဒါေပမယ့္ သူ႕စိတ္ကို ဝမ္းနည္းေအာင္လုပ္လို႔ Becky တမင္ ပညာျပန္ျပခဲ့ျခင္းျဖစ္သည္
"တို႔ကိုေရွာင္ေနတဲ့ မင္းကို မရရေအာင္ေခ်ာ့ခ်င္လို႔ ပန္းစည္းကိုယ္တိုင္လုပ္ၿပီး မင္းဆီကို လိုက္လာတာပါ.....ေတာင္းပန္မလို႔ပါဆိုေန ထပ္ၿပီး မင္းကို နာေအာင္လုပ္မိျပန္ၿပီ တို႔ ေဆာင့္ဆြဲခဲ့လို႔ မင္းရဲ႕ လက္ေကာက္ဝတ္ေလး နီရဲေနၿပီ "
Becky ရဲ႕ လက္ေကာက္ဝတ္ေလး နီရဲေနတာကို ေတြ႕ၿပီး Freen စိတ္မေကာင္းျဖစ္သြားသည္
"ရပါတယ္ P'Freen...ဒီပန္းစည္းက ညီမအတြက္လား "
Becky ေျပာၿပီး Freenရဲ႕ ကားေနာက္ခန္းက ႏွင္းဆီပန္းစည္းကို ယူလိုက္သည္
"ဟုတ္တယ္ မင္းအတြက္ တို႔ကိုယ္တိုင္ ေစ်းသြားၿပီး ပန္းစည္းကိုယ္တိုင္စည္းခဲ့တာ "
'ေက်းဇူးတင္ပါတယ္ P'Freen ညီမ သေဘာက်တယ္ '
Becky ေျပာၿပီး ႏွင္းဆီပန္းေတြကို နမ္းလိုက္သည္
"ဒါဆို တို႔ကို စိတ္မဆိုးေတာ့ဘူးေပါ့ေနာ္ "
"အခ်ိန္ေပးၿပီး ပန္းစည္းကိုယ္တိုင္ လုပ္ေပးလို႔ စိတ္ဆိုးေျပလိုက္ပါမယ္ေလ "
Becky က စိတ္ဆိုးေျပၿပီလို႔ ေျပာေတာ့ Freen ဝမ္းသာသြားတယ္
"ေက်းဇူးတင္ပါတယ္ စိတ္ဆိုးေျပလို႔ "
"ေက်းဇူးတင္ရင္ ဘာဘယ္တီးဝယ္တိုက္ "
"အယ္ ဘာဘယ္တီးက ဝယ္တိုက္ရမွာလား အိမ္မွာရွိေနတာကို ေဖ်ာ္တိုက္မယ္ေလ "
"okပါ ေဖ်ာ္တိုက္...P'Freen ကိုယ္တိုင္ ေဖ်ာ္တိုက္တာေလး ေသာက္ခ်င္တယ္ "
ဒီလိိုနဲ႕ သင္တန္းက ျပန္လာတဲ့တစ္ေလွ်ာက္ Freenbecky တို႔ စစ္ေျပၿငိမ္းသြားၿပီး အဆင္ေျပသြားၾကတယ္ေလ
#tbc
Bạn đang đọc truyện trên: Truyen3h.Co