Truyen3h.Co

ဘက်ကီရဲ့ အပျိုကြီး မမ

Part 1

KimFany059

တဖွဲဖွဲကျနေတဲ့ မိုးရေစက်တွေကိုကြည့်ရင်း
ကျွန်မ မျက်ရည်တွေကို သုတ်လိုက်မိသည်

နှမြောလိုက်တာ အချိန်အကြာကြီး အတူရှိခဲ့တဲ့
အတန်ဖိုးထားဆုံးအရာကို ကျွန်မ ဆုံးရှုံးလိုက်ရပြီ

ပျောက်ဆုံးသွားခဲ့ပြီ ပြန်ရှာမရတော့ဘူး......

ဂရုမစိုက်မိဘဲ အလေးမထားမိဘဲ ဆုံးရှုံးသွားမှ နောင်တရမိနေပြီ

ကျွန်မ တန်ဖိုးထားရတဲ့.....ပိုက်ဆံ ငါးထောင် ကျပျောက်သွားပြီ အဲ့တာ မိုးကြောင့်

မာလာရှမ်းကောစားဖို့ စုထားတဲ့ပိုက်ဆံကို

ဖောက်ယူပြီး အိမ်ကနေ ထွက်လာခဲ့တာ

အဲ့ဒီမိုးရွာလို့ ကျွန်မ မိုးလွတ်ရာကို ပြေးရင်း

ပိုက်ဆံကျပျောက်သွားတာ

အသက်ကို ပြင်းပြင်းရှု တဖျောက်ဖျောက်ကျနေတဲ့ မိုးရေတွေကြားထဲ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ကျွန်မ အော်ဟစ်လိုက်မိသည်

မိုးရာသီ ဒီကမ္ဘာလောကကြီးထဲကနေ ပျောက်ကွယ်သွားပေး......

"Freen...သမီး ခဏ လာပါအုံး "

အမေဖြစ်သူရဲ့ ခေါ်သံကြောင့် Freen mood အပြည့် စာရေးနေရာက ရပ်ပြီး အခန်းထဲက ထွက်လာသည်

"သမီး စာရေးနေတာ အမေ ဘာခိုင်းမလို့လဲ "

"အမလေး စာသာရေးနေ တစ်ခါမှလည်း နင့်စာတွေက သတင်းစာထဲတောင် ပါလာတာမဟုတ်ဘူး "

"သမီးလည်း ကြိုးစားရေးပြီး ပို့နေတာဘဲ ဂျာနယ်တိုက်တွေကိုက သမီးစာကို မခံစားတတ်ဘဲ ပယ်ချနေတာ မတတ်နိုင်ဘူး "

"အကျိုးမရှိအသုံးမဝင်တဲ့ စာတွေရေးမနေနဲ့ အမေတစ်ခု ခိုင်းစရာရှိတယ် လုပ်ပေးအုံး "

"ဘာခိုင်းမလို့လဲ "

"မနက်ဖြန်ကျရင် အန်တီရေဘက်ကာရဲ့ သမီး Englandကနေ ထိုင်းကို ကျောင်းတက်ဖို့  ပြန်လာမယ်တဲ့ ရေဘက်ကာတော့ ပါမလာဘူးပေါ့ အဲ့တာ ရေဘက်ကာက သူတို့မရှိတဲ့အတောအတွင်း သူ့သမီးကို အိမ်မှာခေါ်ထာပေးပြီး ဂရုစိုက်ပေးပါပြောလို့ သမီးကဘဲ သူ့သမီးလေးကို လေဆိပ်သွားကြိုပေးပါလား "

"သမီးမှ သူ့ကိုမသိတာ "

"ရော့ ရေဘက်ကာက သူ့သမီးပုံလေး ပို့လိုက်တယ် သေချာမှတ်သွား နာမည်က Beckyတဲ့ "

"ဟုတ် ဟုတ် "

Freen လည်း သူ့အမေပြတဲ့ပုံကို သေချာကြည့်လိုက်သည်

ကောင်မလေးကတော့ ကပြားရုပ်လေး ကြည့်ရတာ ကပြားမလေးဖြစ်နိုင်သည်

"အဲ့တော့ သူ့ကို ဘယ်အချိန်သွားကြိုရမှာလဲ "

"မနက် ၆နာရီ "

"ဟုတ် အမေ "

Freenလည်း သူ သွားကြိုရမယ့် Beckyပုံကို သေချာကြည့်ကာ စိတ်ထဲ မှတ်လိုက်သည်

"ကိစ္စက အမေလုပ်တာနဲ့ Mood ပျောက်သွားပြီ ဇာတ်လမ်းကို ဘယ်လိုဆက်ရေးရပါ့ "

Freenလည်း အခန်းထဲ ပြန်ဝင်လာပြီး ဇာတ်လမ်းရေးဖို့ ခေါင်းထိုင်ကုတ်နေသည်

"Becky သမီး ထိုင်းကို ပြန်ရောက်ရင် ကျောင်းအေးဆေးတက်ရမယ်နော် စာလည်း သေချာလိုက်လုပ် အန်တီ ရမ်မီရဲ့ စကားလည်း နားထောင်နော် ငါ့သမီးလေးက ထိုင်းစကားပြောချင်တယ် ထိုင်းကိုပြန်ချင်ပြီး ကျောင်းတက်ချင်တယ်ပြောလို့သာ လွှတ်လိုက်တာ သိပ်ပြီး စိတ်ချတာ မဟုတ်ဘူး "

"စိတ်ချပါ Mommyရဲ့ သမီး အန်တီ ရမ်မီကို အခက်တွေ့အောင်မလုပ်ပါဘူး လိမ်လိမ်မာမာနဲ့နေမှာပါ "

Becky သူ့အထုပ်အပိုးတွေကို ပြင်ဆင်ရင်း ပြန်ပြောလိုက်သည်

"ရည်းစားတွေဘာတွေလည်း ထားမနေနဲ့ ပညာရေးသာ အာရုံစိုက်နော် "

"Daddyကလည်း Beckyလို ဘောကန် လက်ဝှေ့ထိုးနဲ့ ယောင်္ကျားဆိုက်ကို ဘယ်ကောင်က သဘောကျပြီး အနားကပ်ရဲမှာလဲ စိတ်ပူမနေနဲ့ သူ့ကို ဘယ်သူမှကြိုက်မှာမဟုတ်ဘူး "

"Richie နင်နော် ငါအဝတ်သိမ်းပြီးရင် တွေ့မယ် "

Beckyက ရန်လုပ်တော့ အကိုဖြစ်သူ Richieက ပြောင်ပြပြီး ထွက်ပြေးသွားသည်

Richieက သူ့ညီမကို ယောင်္ကျားဆိုက်လို့သာ အပြင်ပန်းမှာ စနောက်နေပေမယ့် တကယ်တမ်းတော့ သဘောကျသည်

ဘယ်အကောင်မှ သူ့ညီမအနားမကပ်လေ Richie ပိုကြိုက်လေ.... စိတ်အေးအေးနဲ့နေရတာပေါ့....

တစ်ဦးတည်းသော ညီမလေး တစ်ယောက်မို့ Richie စိတ်မချနိုင် ဘယ်ယောင်္ကျားလက်ထဲမှ ထည့်မပေးနိုင် ဖြစ်နေသည်

*****

Alarm မြည်သံကြောင့် Freen အိပ်ရာက ထပြီး မျက်နှာသစ် ရေချိုးလေသည်

အမေပြောတဲ့ Beckyဆိုတဲ့ ကလေးမလေးကို သွားကြိုရမယ်လေ

"အမေ သွားပြီနော် ပြန်လာမှ ဘာဘယ်တီးဆိုင်ဖွင့်ဖို့ ကူညီပေးမယ် "

Freen ဦးထုပ်အဖြူလေးကို ဆောင်းပြီး သူ့အမေကို ပြောလိုက်သ​ည်

"အေးအေး ကားကို ဖြည်းဖြည်းမောင်း "

"ဟုတ် "

Freenလည်း ကားစက်နှိုးပြီး လေဆိပ်ဘက်ကို ထွက်လာသည်

လေဆိပ်ကို ရောက်လာတော့ လေယာဥ်ဆိုက်မယ့်အချိန်ကို ရပ်စောင့်နေလိုက်သည်

ခဏကြာတော့ လေယာဥ်ကွင်းထဲကနေ မျက်မှန်အနက်ရောင်တပ်ပြီး ဘောင်းဘီအဖြူအတိုလေးဝတ်ကာ အိတ်ဆွဲပြီး ထွက်လာတဲ့ Becky ကို Freen ရှာတွေ့မိတယ်

"Hey Becky Hey "

Becky ကြားအောင် Freen အော်ပြီး လက်ဝှေ့ပြလိုက်သည်

Becky လည်း သူ့နာမည်ခေါ်သံကြားလို့ အသံပိုင်ရှင်လိုက်ရှာတော့ လူအုပ်ကြားကနေ ခုန်ဆွခုန်ဆွနဲ့ သူ့ကိုလက်ပြအော်နေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်

"ညီမကို သိတာလား "

"ဟုတ်တယ် မင်းကို တို့ လာကြိုတာ "

"အာ အန်တီ ရမ်မီက လွှတ်လိုက်တာလား "

"ဟုတ်တယ် တို့က သူ့သမီးလေ မင်းကို ကြိုပေးရမယ်ဆိုလို့ "

"ကားငှားပြီး လာရမယ်ထင်နေတာ လာကြိုပေးလို့ ကျေးဇူးတင်ပါတယ် "

"ရပါတယ် လာ "

Freenလည်း Beckyရဲ့ အထုပ်တွေကို ကူသယ်ပေးလိုက်သည်

ကားမောင်းနေတဲ့ Freenကို Becky လေဆိပ်ကတည်းကနေ ဘာစကားမှ မပြောဘဲ ထိုင်ကြည့်နေမိတာ

အန်တီ ရမ်မီရဲ့ သမီးက ကားမောင်း​နေတာတောင် ကြည့်လို့အရမ်းကောင်းတာဘဲ မိန်းကလေးတစ်ယောက် ကားမောင်းနေတဲ့ပုံက အရမ်း ခန့်ညားနေတာ ဖြစ်သင့်လား

"Nong Becky ဘာလို့ စိုက်ကြည့်နေတာလဲ တို့ မျက်နှာမှာ တစ်ခုခုပေနေလို့လား ဒါမှမဟုတ် ကားလိုက်စီးရတာ ကြောက်လို့လား "

Freenရဲ့ စကားကြောင့် Becky သူခိုးလူမိသွားသလို ရှက်သွားပြီး လျှောက်ဖြေလိုက်သည်

"အာ မဟုတ်ပါဘူး England မှာ ကျန်ခဲ့တဲ့ ခွေးလေးအကြောင်း တွေးနေတာပါ "

"သြော် ခွေးလေးမွေးထားတာလား "

"ဟုတ်တယ် မမ "

"မမ လို့မခေါ်ပါနဲ့ တို့နာမည်က Freen P'Freenလို့ ခေါ်ပေါ့ "

"Freen...."

Freen ဒီနာမည်ကို Becky ကြားဖူးသလိုရှိလို့ Becky သေချာပြန်စဥ်းစားလိုက်သည်

ဘယ်နေရာမှာ ကြားဖူးတာပါလိမ့်

ဒါက အန်တီရမ်မီ ဒါက သူ့သမီး Freenတဲ့ သမီး ကျောင်းပိတ်လို့ Englandကနေ ထိုင်းကို အလည်ပြန်တိုင်း Freenနဲ့ဆော့နေကြလေ

အဲ့တုံးက ငါ့သမီးပေါက်စလေးက Freenကို လက်ထပ်မယ်လို့ ထပြောလို့ အမေတို့တောင် အံ့သြခဲ့သေးတယ်

သူ့အမေ ဓာတ်ပုံပြပြီး ပြောခဲ့တဲ့ စကားတွေ ပြန်ကြားယောင်ပြီး Becky ပိုလို့ရှက်လာပြီး မျက်နှာလေးနီရဲလာသည်

ငါ ဘာလို့ လက်ထပ်မယ်လို့ ပြောခဲ့တာပါလိမ့် ရှက်လိုက်တာ ငါမမှတ်မိသလို P'Freenလည်း မမှတ်မိပါစေနဲ့

#Tbc

#zawgyi

တဖြဲဖြဲက်ေနတဲ့ မိုးေရစက္ေတြကိုၾကည့္ရင္း
ကြၽန္မ မ်က္ရည္ေတြကို သုတ္လိုက္မိသည္

ႏွေျမာလိုက္တာ အခ်ိန္အၾကာႀကီး အတူရွိခဲ့တဲ့
အတန္ဖိုးထားဆုံးအရာကို ကြၽန္မ ဆုံးရႈံးလိုက္ရၿပီ

ေပ်ာက္ဆုံးသြားခဲ့ၿပီ ျပန္ရွာမရေတာ့ဘူး......

ဂ႐ုမစိုက္မိဘဲ အေလးမထားမိဘဲ ဆုံးရႈံးသြားမွ ေနာင္တရမိေနၿပီ

ကြၽန္မ တန္ဖိုးထားရတဲ့.....ပိုက္ဆံ ငါးေထာင္ က်ေပ်ာက္သြားၿပီ အဲ့တာ မိုးေၾကာင့္

မာလာရွမ္းေကာစားဖို႔ စုထားတဲ့ပိုက္ဆံကို

ေဖာက္ယူၿပီး အိမ္ကေန ထြက္လာခဲ့တာ

အဲ့ဒီမိုး႐ြာလို႔ ကြၽန္မ မိုးလြတ္ရာကို ေျပးရင္း

ပိုက္ဆံက်ေပ်ာက္သြားတာ

အသက္ကို ျပင္းျပင္းရႈ တေဖ်ာက္ေဖ်ာက္က်ေနတဲ့ မိုးေရေတြၾကားထဲ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ရင္း ကြၽန္မ ေအာ္ဟစ္လိုက္မိသည္

မိုးရာသီ ဒီကမၻာေလာကႀကီးထဲကေန ေပ်ာက္ကြယ္သြားေပး......

"Freen...သမီး ခဏ လာပါအုံး "

အေမျဖစ္သူရဲ႕ ေခၚသံေၾကာင့္ Freen mood အျပည့္ စာေရးေနရာက ရပ္ၿပီး အခန္းထဲက ထြက္လာသည္

"သမီး စာေရးေနတာ အေမ ဘာခိုင္းမလို႔လဲ "

"အမေလး စာသာေရးေန တစ္ခါမွလည္း နင့္စာေတြက သတင္းစာထဲေတာင္ ပါလာတာမဟုတ္ဘူး "

"သမီးလည္း ႀကိဳးစားေရးၿပီး ပို႔ေနတာဘဲ ဂ်ာနယ္တိုက္ေတြကိုက သမီးစာကို မခံစားတတ္ဘဲ ပယ္ခ်ေနတာ မတတ္နိုင္ဘူး "

"အက်ိဳးမရွိအသုံးမဝင္တဲ့ စာေတြေရးမေနနဲ႕ အေမတစ္ခု ခိုင္းစရာရွိတယ္ လုပ္ေပးအုံး "

"ဘာခိုင္းမလို႔လဲ "

"မနက္ျဖန္က်ရင္ အန္တီေရဘက္ကာရဲ႕ သမီး Englandကေန ထိုင္းကို ေက်ာင္းတက္ဖို႔ ျပန္လာမယ္တဲ့ ေရဘက္ကာေတာ့ ပါမလာဘူးေပါ့ အဲ့တာ ေရဘက္ကာက သူတို႔မရွိတဲ့အေတာအတြင္း သူ႕သမီးကို အိမ္မွာေခၚထာေပးၿပီး ဂ႐ုစိုက္ေပးပါေျပာလို႔ သမီးကဘဲ သူ႕သမီးေလးကို ေလဆိပ္သြားႀကိဳေပးပါလား "

"သမီးမွ သူ႕ကိုမသိတာ "

"ေရာ့ ေရဘက္ကာက သူ႕သမီးပုံေလး ပို႔လိုက္တယ္ ေသခ်ာမွတ္သြား နာမည္က Beckyတဲ့ "

"ဟုတ္ ဟုတ္ "

Freen လည္း သူ႕အေမျပတဲ့ပုံကို ေသခ်ာၾကည့္လိုက္သည္

ေကာင္မေလးကေတာ့ ကျပား႐ုပ္ေလး ၾကည့္ရတာ ကျပားမေလးျဖစ္နိုင္သည္

"အဲ့ေတာ့ သူ႕ကို ဘယ္အခ်ိန္သြားႀကိဳရမွာလဲ "

"မနက္ ၆နာရီ "

"ဟုတ္ အေမ "

Freenလည္း သူ သြားႀကိဳရမယ့္ Beckyပုံကို ေသခ်ာၾကည့္ကာ စိတ္ထဲ မွတ္လိုက္သည္

"ကိစၥက အေမလုပ္တာနဲ႕ Mood ေပ်ာက္သြားၿပီ ဇာတ္လမ္းကို ဘယ္လိုဆက္ေရးရပါ့ "

Freenလည္း အခန္းထဲ ျပန္ဝင္လာၿပီး ဇာတ္လမ္းေရးဖို႔ ေခါင္းထိုင္ကုတ္ေနသည္

"Becky သမီး ထိုင္းကို ျပန္ေရာက္ရင္ ေက်ာင္းေအးေဆးတက္ရမယ္ေနာ္ စာလည္း ေသခ်ာလိုက္လုပ္ အန္တီ ရမ္မီရဲ႕ စကားလည္း နားေထာင္ေနာ္ ငါ့သမီးေလးက ထိုင္းစကားေျပာခ်င္တယ္ ထိုင္းကိုျပန္ခ်င္ၿပီး ေက်ာင္းတက္ခ်င္တယ္ေျပာလို႔သာ လႊတ္လိုက္တာ သိပ္ၿပီး စိတ္ခ်တာ မဟုတ္ဘူး "

"စိတ္ခ်ပါ Mommyရဲ႕ သမီး အန္တီ ရမ္မီကို အခက္ေတြ႕ေအာင္မလုပ္ပါဘူး လိမ္လိမ္မာမာနဲ႕ေနမွာပါ "

Becky သူ႕အထုပ္အပိုးေတြကို ျပင္ဆင္ရင္း ျပန္ေျပာလိုက္သည္

"ရည္းစားေတြဘာေတြလည္း ထားမေနနဲ႕ ပညာေရးသာ အာ႐ုံစိုက္ေနာ္ "

"Daddyကလည္း Beckyလို ေဘာကန္ လက္ေဝွ႕ထိုးနဲ႕ ေယာကၤ်ားဆိုက္ကို ဘယ္ေကာင္က သေဘာက်ၿပီး အနားကပ္ရဲမွာလဲ စိတ္ပူမေနနဲ႕ သူ႕ကို ဘယ္သူမွႀကိဳက္မွာမဟုတ္ဘူး "

"Richie နင္ေနာ္ ငါအဝတ္သိမ္းၿပီးရင္ ေတြ႕မယ္ "

Beckyက ရန္လုပ္ေတာ့ အကိုျဖစ္သူ Richieက ေျပာင္ျပၿပီး ထြက္ေျပးသြားသည္

Richieက သူ႕ညီမကို ေယာကၤ်ားဆိုက္လို႔သာ အျပင္ပန္းမွာ စေနာက္ေနေပမယ့္ တကယ္တမ္းေတာ့ သေဘာက်သည္

ဘယ္အေကာင္မွ သူ႕ညီမအနားမကပ္ေလ Richie ပိုႀကိဳက္ေလ.... စိတ္ေအးေအးနဲ႕ေနရတာေပါ့....

တစ္ဦးတည္းေသာ ညီမေလး တစ္ေယာက္မို႔ Richie စိတ္မခ်နိဳင္ ဘယ္ေယာကၤ်ားလက္ထဲမွ ထည့္မေပးနိုင္ ျဖစ္ေနသည္

*****

Alarm ျမည္သံေၾကာင့္ Freen အိပ္ရာက ထၿပီး မ်က္ႏွာသစ္ ေရခ်ိဳးေလသည္

အေမေျပာတဲ့ Beckyဆိုတဲ့ ကေလးမေလးကို သြားႀကိဳရမယ္ေလ

"အေမ သြားၿပီေနာ္ ျပန္လာမွ ဘာဘယ္တီးဆိုင္ဖြင့္ဖို႔ ကူညီေပးမယ္ "

Freen ဦးထုပ္အျဖဴေလးကို ေဆာင္းၿပီး သူ႕အေမကို ေျပာလိုက္သည္

"ေအးေအး ကားကို ျဖည္းျဖည္းေမာင္း "

"ဟုတ္ "

Freenလည္း ကားစက္ႏွိုးၿပီး ေလဆိပ္ဘက္ကို ထြက္လာသည္

ေလဆိပ္ကို ေရာက္လာေတာ့ ေလယာဥ္ဆိုက္မယ့္အခ်ိန္ကို ရပ္ေစာင့္ေနလိုက္သည္

ခဏၾကာေတာ့ ေလယာဥ္ကြင္းထဲကေန မ်က္မွန္အနက္ေရာင္တပ္ၿပီး ေဘာင္းဘီအျဖဴအတိုေလးဝတ္ကာ အိတ္ဆြဲၿပီး ထြက္လာတဲ့ Becky ကို Freen ရွာေတြ႕မိတယ္

"Hey Becky Hey "

Becky ၾကားေအာင္ Freen ေအာ္ၿပီး လက္ေဝွ႕ျပလိုက္သည္

Becky လည္း သူ႕နာမည္ေခၚသံၾကားလို႔ အသံပိုင္ရွင္လိုက္ရွာေတာ့ လူအုပ္ၾကားကေန ခုန္ဆြခုန္ဆြနဲ႕ သူ႕ကိုလက္ျပေအာ္ေနတဲ့ ေကာင္မေလးတစ္ေယာက္ကို ေတြ႕လိုက္ရသည္

"ညီမကို သိတာလား "

"ဟုတ္တယ္ မင္းကို တို႔ လာႀကိဳတာ "

"အာ အန္တီ ရမ္မီက လႊတ္လိုက္တာလား "

"ဟုတ္တယ္ တို႔က သူ႕သမီးေလ မင္းကို ႀကိဳေပးရမယ္ဆိုလို႔ "

"ကားငွားၿပီး လာရမယ္ထင္ေနတာ လာႀကိဳေပးလို႔ ေက်းဇူးတင္ပါတယ္ "

"ရပါတယ္ လာ "

Freenလည္း Beckyရဲ႕ အထုပ္ေတြကို ကူသယ္ေပးလိုက္သည္

ကားေမာင္းေနတဲ့ Freenကို Becky ေလဆိပ္ကတည္းကေန ဘာစကားမွ မေျပာဘဲ ထိုင္ၾကည့္ေနမိတာ

အန္တီ ရမ္မီရဲ႕ သမီးက ကားေမာင္းေနတာေတာင္ ၾကည့္လို႔အရမ္းေကာင္းတာဘဲ မိန္းကေလးတစ္ေယာက္ ကားေမာင္းေနတဲ့ပုံက အရမ္း ခန့္ညားေနတာ ျဖစ္သင့္လား

"Nong Becky ဘာလို႔ စိုက္ၾကည့္ေနတာလဲ တို႔ မ်က္ႏွာမွာ တစ္ခုခုေပေနလို႔လား ဒါမွမဟုတ္ ကားလိုက္စီးရတာ ေၾကာက္လို႔လား "

Freenရဲ႕ စကားေၾကာင့္ Becky သူခိုးလူမိသြားသလို ရွက္သြားၿပီး ေလွ်ာက္ေျဖလိုက္သည္

"အာ မဟုတ္ပါဘူး England မွာ က်န္ခဲ့တဲ့ ေခြးေလးအေၾကာင္း ေတြးေနတာပါ "

"ေၾသာ္ ေခြးေလးေမြးထားတာလား "

"ဟုတ္တယ္ မမ "

"မမ လို႔မေခၚပါနဲ႕ တို႔နာမည္က Freen P'Freenလို႔ ေခၚေပါ့ "

"Freen...."

Freen ဒီနာမည္ကို Becky ၾကားဖူးသလိုရွိလို႔ Becky ေသခ်ာျပန္စဥ္းစားလိုက္သည္

ဘယ္ေနရာမွာ ၾကားဖူးတာပါလိမ့္

ဒါက အန္တီရမ္မီ ဒါက သူ႕သမီး Freenတဲ့ သမီး ေက်ာင္းပိတ္လို႔ Englandကေန ထိုင္းကို အလည္ျပန္တိုင္း Freenနဲ႕ေဆာ့ေနၾကေလ

အဲ့တုံးက ငါ့သမီးေပါက္စေလးက Freenကို လက္ထပ္မယ္လို႔ ထေျပာလို႔ အေမတို႔ေတာင္ အံ့ၾသခဲ့ေသးတယ္

သူ႕အေမ ဓာတ္ပုံျပၿပီး ေျပာခဲ့တဲ့ စကားေတြ ျပန္ၾကားေယာင္ၿပီး Becky ပိုလို႔ရွက္လာၿပီး မ်က္ႏွာေလးနီရဲလာသည္

ငါ ဘာလို႔ လက္ထပ္မယ္လို႔ ေျပာခဲ့တာပါလိမ့္ ရွက္လိုက္တာ ငါမမွတ္မိသလို P'Freenလည္း မမွတ္မိပါေစနဲ႕

#Tbc

Bạn đang đọc truyện trên: Truyen3h.Co