Truyen3h.Co

ဘက်ကီရဲ့ အပျိုကြီး မမ

Part 2

KimFany059

Beckyကလည်း ရှက်ပြီး စကားမပြော Freenကလည်း နဂိုကတည်းက စကားနည်းသူဆိုတော့ လေဆိပ်ကနေ ပြန်လာတဲ့တစ်လျှောက်တွင် နှစ်ယောက်လုံးက တိတ်ဆိတ်နေသည်

"ကဲ အိမ်ရောက်ပြီ "

တစ်လမ်းလုံး တိတ်ဆိတ်လာတဲ့ Freenက အိမ်ရှေ့ကိုရောက်သောအခါမှဘဲ အိမ်ရောက်ပြီဆိုတဲ့ စကားတစ်ခွန်းပြောရှာသည်

"Becky သမီး လာ အိမ်ထဲဝင်လေ Freen ကလေးရဲ့ အိတ်တွေ ကူသယ်ခဲ့နော် "

Freenရဲ့ အမေဖြစ်သူက အိမ်ရှေ့မှာ ထွက်စောင့်နေပြီး ကားပေါ်ကဆင်းလာတဲ့ Becky ကို အိမ်ထဲဆွဲခေါ်လေသည်

Freenကတော့ ဘာမှမပြောဘဲ Beckyရဲ့အထုပ်တွေကို သယ်လာလိုက်သည်

"ကြည့်ပါအုံး Beckyလေးက ငယ်ရုပ်လေး မပျောက်ပေမယ့် ချောလာလိုက်တာ ထိုင်လေ ငါ့သမီးလေး "

အန်တီရမ်မီမှာ Beckyကို ပြုံးပြီး ကြည့်ရင်း ချီးကျူးနေသည်

"ကျေးဇူးတင်ပါတယ် အန်တီရမ်မီ "

"နော့် Freen... Becky က အရင်တိုင်းဘဲ "

အန်တီရမ်မီက သူ့သမီးကို လှမ်းထောက်ခံခိုင်းတဲ့ စကားကြောင့် Beckyမှာ မျက်နှာပူပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားသည်

"မသိဘူးလေ "

"ဟဲ့ မသိစရာရှိလို့လား ငယ်ငယ်က သမီးနဲ့ ခဏခဏဆော့ခဲ့တာလေ မမှတ်မိဘူးလား "

Beckyမှာ သူလက်ထပ်မယ်လို့ ပြောခဲ့တဲ့စကားတွေ ပြန်ကြားယောင်ပြီး မျက်နှာပိုပူလာသည်

"ငယ်ငယ်ကကိစ္စတွေ ဘယ်လိုလုပ်မှတ်မိမှာလည်း ခိုင်းစရာမရှိတော့ဘူး မဟုတ်လား သမီး အခန်းထဲ ဝင်နားတော့မယ် "

"နေပါအုံး Beckyကို ရေလေးဘာလေးတိုက်လိုက်ပါအုံး သူမောနေမှာပေါ့ "

Freenလည်း အရမ်းဧည့်ဝတ်ကျေနေတဲ့ သူ့အမေကို ဘာမှမပြောဘဲ သက်ပြင်းချပြီး ရေခဲသေတ္တာဘက်သွားလိုက်သည်

"ကျေးဇူးတင်ပါတယ် P'Freen "

"ရပါတယ် "

"အခန်းထဲ မသွားနဲ့အုံး Becky ကို သူနေရမယ့်အခန်း လိုက်ပြလိုက် "

Freenလည်း သူ့အမေပြောတဲ့အတိုင်း Beckyကို သူနေရမယ့်အခန်း ​လိုက်ပြလေသည်

"ဒါက Nong Becky နေရမယ့်အခန်း.... Nongအခန်းနဲ့ မျက်နှာချင်းဆိုင်က အခန်းမှာ တို့နေတာလေ တစ်ခုခုဆို တံခါးလာခေါက်လို့ရတယ် "

"Nong အတွက် အပင်ပန်းခံပေးလို့ တကယ်ကျေးဇူးတင်ပါတယ် P'Freen "

Beckyက လက်အုပ်လေးချီပြီး Freenကို ကျေးဇူးတင်စကားပြောသည်

"အင်း အင်း လေယာဥ်စီးလာရတာ ပင်ပန်းမှာပေါ့ နားလိုက်တော့ "

Freenက Beckyကို နှုတ်ဆက်ပြီး သူ့အခန်းထဲ ဝင်သွားလိုက်သည်

အခန်းတံခါးကို ပိတ်ပြီး Freen တံခါးကို မှီကာ မတ်တပ်ရပ်နေမိသည်

အဲ့ဒီကလေးမကို Freen ဘယ်လိုလုပ်မေ့လို့ရမှာလဲ ပေါက်စလေးရှိသေးတယ် ပိုင်ဆိုးပိုင်နင်းနဲ့ သူ့ကိုဖက်နမ်းပြီး လက်ထပ်မယ်လို့ ပြောခဲ့တာလေ

တွီတွီ

ဖုန်းထဲ စာဝင်လာလို့ Freen ကြည့်လိုက်တော့ blockထားတဲ့ ဖုန်းနံပါတ်တစ်ခုက သူ့ကို စာပို့ထားတာတွေ့လိုက်ရတယ်

Freenလည်း messageကို မဖတ်ဘဲ ဖုန်းကိုပိတ်ကာ ကုတင်ပေါ် ပစ်တင်လိုက်သည်

ထို့နောက် စာဆက်ရေးဖို့ သူ့ရဲ့စာရေးစားပွဲတွင် ထိုင်လိုက်သည်

မုန်တိုင်းပြီးရင် လေပြေလာသတဲ့

သစ္စာဖောက်ခံရပြီးရင်ရော အချစ်စစ်ဆိုတာ ပြန်ရနိုင်ပါ့မလား

Freen သူ့စိတ်ထဲ ပေါ်လာတဲ့ စာသားတွေကို ချရေးလိုက်သည်

Beckyကတော့ ပစ္စည်းတွေကို နေရာချပြီး သူ့အမေတို့ဆီ ဖုန်းဆက်လေသည်

နောက်တစ်နေ့ မနက်တွင် Becky အစောကြီးနိုးနေတာနဲ့ အန်တီရမ်မီ မနက်စာချက်နေတာကို ဝင်ကူပေးလေသည်

"အန်တီ သမီး ကူပေးမယ်လေ "

"ရပါတယ် Beckyရဲ့ အေးဆေးအိပ်နေပါ "

"အစောကြီးနိုးနေတာ ပြန်အိပ်လို့လည်းမရတော့လို့ သမီး ကူလုပ်ပေးပါမယ် "

"အေးကွယ် ကျေးဇူးတင်လိုက်တာ သမီးရောက်လာမှဘဲ အန်တီ သက်သာတော့မယ် ဟိုစာရေးဆရာမကြီးကတော့ နေဖင်ထိုးအောင် အိပ်နေလားမသိဘူး "

"အယ် P'Freen က စာရေးတယ်လား "

"ရေးပါ့ရှင် သူ့စာတွေ ဘယ်နေရာမှာမှ ပါမလာဘဲ ရှိမယ် စာကတော့ အားတိုင်းထိုင်ရေးနေတာ "

"အာ အန်တီကလည်း စာမူဆိုတာ ခုပို့ခုရောက်ခုသတင်းစာထဲ စာနယ်ထဲရောက်ဖို့က မလွယ်ဘူးလေ သိပ်မကြာခင်မှာ P'Freenရဲ့ စာတွေက ပါလာမှာပါ "

Freenမှာ အစောကြီးနိုးနေလို့ အခန်းထဲကထွက်ပြီး ရေသွားသောက်စဥ် သူ့အမေနဲ့ Becky တို့ ပြောနေတဲ့စကားကို ကြားလိုက်ရသည်

Beckyက သူ့ဘက်ကနေ နားလည်ပေးပြီး ကူပြောပေးတာ ကြားတော့ Freen ပြုံးလိုက်မိသည်

ဒါပေမယ့် ရေမသောက်တော့ဘဲ Freen သူ့အခန်းထဲဘဲ ပြန်ဝင်သွားလိုက်သည်

Becky က ကြက်ဥကြော်ပေးပြီး ဒယ်အိုးဆေးနေစဥ်

"Becky သမီး ထားလိုက် အန်တီ ဆက်ဆေးလိုက်မယ် Freenကိုသာ သွားနှိုးပေး "

"ဟုတ် အန်တီ "

Beckyလည်း ရေဆိုနေတဲ့ လက်ကို သုတ်ပြီး Freen အခန်းဘက် သွားလေသည်

Knock Knock

"P' Freen kha အိပ်ရာက နိုးပြီလား မနက်စာရပြီနော် ထတော့ "

"နိုးပြီ ကျေးဇူးပါ Nong Becky "

Freen ရေချိုးရင်း အခန်းထဲကနေ အော်လိုက်သည်

Becky ရောက်လာတော့ အိမ်က ပိုပြီး စည်ကားသွားသလိုဘဲ အရင်က မိသားစုထမင်းဝိုင်းက သားအမိနှစ်ယောက်တည်းဆိုတော့ တိတ်ဆိတ်ခြောက်ကပ်နေခဲ့ရာက အခု တက်ကြွစကားများတဲ့ Beckyရောက်လာတော့ အန်တီရမ်မီကလည်း မပျင်းရတော့ဘူးလေ

Becky က စားစရာတွေကို အန်တီရမ်မီကို အရင်ဦးချပြီး Freenထဲ ထည့်ပေးသည် ပြီးမှ သူက စားသ​ည်

Becky အပြုအမူတွေကိုကြည့်ပြီး နိုင်ငံခြားမှာ နေခဲ့တာတောင် အပြုအမူတွေက ယဥ်ကျေးပြီးသိတတ်ပါ့လားလို့ Freen ကောက်ချက်ချလိုက်သည်

မနက်စာစားပြီးနောက် Freen သူ့အမေ ဆိုင်ဖွင့်ဖို့ကို Beckyနဲ့အတူ ပြင်ဆင်ပေးသည်

ပြီးတော့ Beckyက သူတက်ရမယ့် သင်တန်းကျောင်းကို သိချင်တယ်ဆိုလို့ Freen ကားနဲ့ လိုက်ပို့ပေးရသေးသည်

Freen မီးပွိုင့်စောင့်ရင်း တစ်ဖက်က လမ်းကူးလာတဲ့အတွဲကို မြင်ပြီး မီးစိမ်းသွားတာတောင် မသိတော့ပေ

"P'Freen.... မီးစိမ်းနေပြီလေ "

Beckyက သတိပေးမှ Freen အသိပြန်ဝင်လာသည်

"အာ sorry "

Beckyမှာ Freen မျက်နှာပျက်သွားပြီး ညိုးနွမ်းသွားတာကို သတိထားမိသွားတယ်

ဘာလို့ P'Freen မျက်နှာပျက်ပြီး မျက်နှာမကောင်းရတာလဲ....

#tbc

#zawgyi

Beckyကလည္း ရွက္ၿပီး စကားမေျပာ Freenကလည္း နဂိုကတည္းက စကားနည္းသူဆိုေတာ့ ေလဆိပ္ကေန ျပန္လာတဲ့တစ္ေလွ်ာက္တြင္ ႏွစ္ေယာက္လုံးက တိတ္ဆိတ္ေနသည္

"ကဲ အိမ္ေရာက္ၿပီ "

တစ္လမ္းလုံး တိတ္ဆိတ္လာတဲ့ Freenက အိမ္ေရွ႕ကိုေရာက္ေသာအခါမွဘဲ အိမ္ေရာက္ၿပီဆိုတဲ့ စကားတစ္ခြန္းေျပာရွာသည္

"Becky သမီး လာ အိမ္ထဲဝင္ေလ Freen ကေလးရဲ႕ အိတ္ေတြ ကူသယ္ခဲ့ေနာ္ "

Freenရဲ႕ အေမျဖစ္သူက အိမ္ေရွ႕မွာ ထြက္ေစာင့္ေနၿပီး ကားေပၚကဆင္းလာတဲ့ Becky ကို အိမ္ထဲဆြဲေခၚေလသည္

Freenကေတာ့ ဘာမွမေျပာဘဲ Beckyရဲ႕အထုပ္ေတြကို သယ္လာလိုက္သည္

"ၾကည့္ပါအုံး Beckyေလးက ငယ္႐ုပ္ေလး မေပ်ာက္ေပမယ့္ ေခ်ာလာလိုက္တာ ထိုင္ေလ ငါ့သမီးေလး "

အန္တီရမ္မီမွာ Beckyကို ၿပဳံးၿပီး ၾကည့္ရင္း ခ်ီးက်ဴးေနသည္

"ေက်းဇူးတင္ပါတယ္ အန္တီရမ္မီ "

"ေနာ့္ Freen... Becky က အရင္တိုင္းဘဲ "

အန္တီရမ္မီက သူ႕သမီးကို လွမ္းေထာက္ခံခိုင္းတဲ့ စကားေၾကာင့္ Beckyမွာ မ်က္ႏွာပူၿပီး ဘာလုပ္ရမွန္းမသိျဖစ္သြားသည္

"မသိဘူးေလ "

"ဟဲ့ မသိစရာရွိလို႔လား ငယ္ငယ္က သမီးနဲ႕ ခဏခဏေဆာ့ခဲ့တာေလ မမွတ္မိဘူးလား "

Beckyမွာ သူလက္ထပ္မယ္လို႔ ေျပာခဲ့တဲ့စကားေတြ ျပန္ၾကားေယာင္ၿပီး မ်က္ႏွာပိုပူလာသည္

"ငယ္ငယ္ကကိစၥေတြ ဘယ္လိုလုပ္မွတ္မိမွာလည္း ခိုင္းစရာမရွိေတာ့ဘူး မဟုတ္လား သမီး အခန္းထဲ ဝင္နားေတာ့မယ္ "

"ေနပါအုံး Beckyကို ေရေလးဘာေလးတိုက္လိုက္ပါအုံး သူေမာေနမွာေပါ့ "

Freenလည္း အရမ္းဧည့္ဝတ္ေက်ေနတဲ့ သူ႕အေမကို ဘာမွမေျပာဘဲ သက္ျပင္းခ်ၿပီး ေရခဲေသတၱာဘက္သြားလိုက္သည္

"ေက်းဇူးတင္ပါတယ္ P'Freen "

"ရပါတယ္ "

"အခန္းထဲ မသြားနဲ႕အုံး Becky ကို သူေနရမယ့္အခန္း လိုက္ျပလိုက္ "

Freenလည္း သူ႕အေမေျပာတဲ့အတိုင္း Beckyကို သူေနရမယ့္အခန္း လိုက္ျပေလသည္

"ဒါက Nong Becky ေနရမယ့္အခန္း.... Nongအခန္းနဲ႕ မ်က္ႏွာခ်င္းဆိုင္က အခန္းမွာ တို႔ေနတာေလ တစ္ခုခုဆို တံခါးလာေခါက္လို႔ရတယ္ "

"Nong အတြက္ အပင္ပန္းခံေပးလို႔ တကယ္ေက်းဇူးတင္ပါတယ္ P'Freen "

Beckyက လက္အုပ္ေလးခ်ီၿပီး Freenကို ေက်းဇူးတင္စကားေျပာသည္

"အင္း အင္း ေလယာဥ္စီးလာရတာ ပင္ပန္းမွာေပါ့ နားလိုက္ေတာ့ "

Freenက Beckyကို ႏႈတ္ဆက္ၿပီး သူ႕အခန္းထဲ ဝင္သြားလိုက္သည္

အခန္းတံခါးကို ပိတ္ၿပီး Freen တံခါးကို မွီကာ မတ္တပ္ရပ္ေနမိသည္

အဲ့ဒီကေလးမကို Freen ဘယ္လိုလုပ္ေမ့လို႔ရမွာလဲ ေပါက္စေလးရွိေသးတယ္ ပိုင္ဆိုးပိုင္နင္းနဲ႕ သူ႕ကိုဖက္နမ္းၿပီး လက္ထပ္မယ္လို႔ ေျပာခဲ့တာေလ

တြီတြီ

ဖုန္းထဲ စာဝင္လာလို႔ Freen ၾကည့္လိုက္ေတာ့ blockထားတဲ့ ဖုန္းနံပါတ္တစ္ခုက သူ႕ကို စာပို႔ထားတာေတြ႕လိုက္ရတယ္

Freenလည္း messageကို မဖတ္ဘဲ ဖုန္းကိုပိတ္ကာ ကုတင္ေပၚ ပစ္တင္လိုက္သည္

ထို႔ေနာက္ စာဆက္ေရးဖို႔ သူ႕ရဲ႕စာေရးစားပြဲတြင္ ထိုင္လိုက္သည္

မုန္တိုင္းၿပီးရင္ ေလေျပလာသတဲ့

သစၥာေဖာက္ခံရၿပီးရင္ေရာ အခ်စ္စစ္ဆိုတာ ျပန္ရနိုင္ပါ့မလား

Freen သူ႕စိတ္ထဲ ေပၚလာတဲ့ စာသားေတြကို ခ်ေရးလိုက္သည္

Beckyကေတာ့ ပစၥည္းေတြကို ေနရာခ်ၿပီး သူ႕အေမတို႔ဆီ ဖုန္းဆက္ေလသည္

ေနာက္တစ္ေန႕ မနက္တြင္ Becky အေစာႀကီးနိုးေနတာနဲ႕ အန္တီရမ္မီ မနက္စာခ်က္ေနတာကို ဝင္ကူေပးေလသည္

"အန္တီ သမီး ကူေပးမယ္ေလ "

"ရပါတယ္ Beckyရဲ႕ ေအးေဆးအိပ္ေနပါ "

"အေစာႀကီးနိုးေနတာ ျပန္အိပ္လို႔လည္းမရေတာ့လို႔ သမီး ကူလုပ္ေပးပါမယ္ "

"ေအးကြယ္ ေက်းဇူးတင္လိုက္တာ သမီးေရာက္လာမွဘဲ အန္တီ သက္သာေတာ့မယ္ ဟိုစာေရးဆရာမႀကီးကေတာ့ ေနဖင္ထိုးေအာင္ အိပ္ေနလားမသိဘူး "

"အယ္ P'Freen က စာေရးတယ္လား "

"ေရးပါ့ရွင္ သူ႕စာေတြ ဘယ္ေနရာမွာမွ ပါမလာဘဲ ရွိမယ္ စာကေတာ့ အားတိုင္းထိုင္ေရးေနတာ "

"အာ အန္တီကလည္း စာမူဆိုတာ ခုပို႔ခုေရာက္ခုသတင္းစာထဲ စာနယ္ထဲေရာက္ဖို႔က မလြယ္ဘူးေလ သိပ္မၾကာခင္မွာ P'Freenရဲ႕ စာေတြက ပါလာမွာပါ "

Freenမွာ အေစာႀကီးနိုးေနလို႔ အခန္းထဲကထြက္ၿပီး ေရသြားေသာက္စဥ္ သူ႕အေမနဲ႕ Becky တို႔ ေျပာေနတဲ့စကားကို ၾကားလိုက္ရသည္

Beckyက သူ႕ဘက္ကေန နားလည္ေပးၿပီး ကူေျပာေပးတာ ၾကားေတာ့ Freen ၿပဳံးလိုက္မိသည္

ဒါေပမယ့္ ေရမေသာက္ေတာ့ဘဲ Freen သူ႕အခန္းထဲဘဲ ျပန္ဝင္သြားလိုက္သည္

Becky က ၾကက္ဥေၾကာ္ေပးၿပီး ဒယ္အိုးေဆးေနစဥ္

"Becky သမီး ထားလိုက္ အန္တီ ဆက္ေဆးလိုက္မယ္ Freenကိုသာ သြားႏွိုးေပး "

"ဟုတ္ အန္တီ "

Beckyလည္း ေရဆိုေနတဲ့ လက္ကို သုတ္ၿပီး Freen အခန္းဘက္ သြားေလသည္

Knock Knock

"P' Freen kha အိပ္ရာက နိုးၿပီလား မနက္စာရၿပီေနာ္ ထေတာ့ "

"နိုးၿပီ ေက်းဇူးပါ Nong Becky "

Freen ေရခ်ိဳးရင္း အခန္းထဲကေန ေအာ္လိုက္သည္

Becky ေရာက္လာေတာ့ အိမ္က ပိုၿပီး စည္ကားသြားသလိုဘဲ အရင္က မိသားစုထမင္းဝိုင္းက သားအမိႏွစ္ေယာက္တည္းဆိုေတာ့ တိတ္ဆိတ္ေျခာက္ကပ္ေနခဲ့ရာက အခု တက္ႂကြစကားမ်ားတဲ့ Beckyေရာက္လာေတာ့ အန္တီရမ္မီကလည္း မပ်င္းရေတာ့ဘူးေလ

Becky က စားစရာေတြကို အန္တီရမ္မီကို အရင္ဦးခ်ၿပီး Freenထဲ ထည့္ေပးသည္ ၿပီးမွ သူက စားသည္

Becky အျပဳအမူေတြကိုၾကည့္ၿပီး နိုင္ငံျခားမွာ ေနခဲ့တာေတာင္ အျပဳအမူေတြက ယဥ္ေက်းၿပီးသိတတ္ပါ့လားလို႔ Freen ေကာက္ခ်က္ခ်လိဳက္သည္

မနက္စာစားၿပီးေနာက္ Freen သူ႕အေမ ဆိုင္ဖြင့္ဖို႔ကို Beckyနဲ႕အတူ ျပင္ဆင္ေပးသည္

ၿပီးေတာ့ Beckyက သူတက္ရမယ့္ သင္တန္းေက်ာင္းကို သိခ်င္တယ္ဆိုလို႔ Freen ကားနဲ႕ လိုက္ပို႔ေပးရေသးသည္

Freen မီးပြိုင့္ေစာင့္ရင္း တစ္ဖက္က လမ္းကူးလာတဲ့အတြဲကို ျမင္ၿပီး မီးစိမ္းသြားတာေတာင္ မသိေတာ့ေပ

"P'Freen.... မီးစိမ္းေနၿပီေလ "

Beckyက သတိေပးမွ Freen အသိျပန္ဝင္လာသည္

"အာ sorry "

Beckyမွာ Freen မ်က္ႏွာပ်က္သြားၿပီး ညိုးႏြမ္းသြားတာကို သတိထားမိသြားတယ္

ဘာလို႔ P'Freen မ်က္ႏွာပ်က္ၿပီး မ်က္ႏွာမေကာင္းရတာလဲ....

#tbc

Bạn đang đọc truyện trên: Truyen3h.Co