Part 3
Freenတို့ ခြံထဲတွင် Becky တစ်ယောက် Boxing ထိုးနေသည်
မနေ့က သင်တန်းသွားကြည့်ရင်း သဲအိတ်နဲ့လက်အိတ်ကိုပါ Becky တစ်ခါတည်း ဝယ်လာခဲ့တာလေ
ပြီးတော့ ခြံထဲက သစ်ပင်မှာ ချည်ပြီး Boxing ထိုးနေလေရဲ့
Freenကတော့ သူ့အခန်းထဲက ပြတင်းပေါက်နားမှာ ထိုင်ပြီး ပန်းချီဆွဲနေသည်
Becky boxing ထိုးနေရင်း Freenရဲ့ အခန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်
ခြံထဲကနေ လှမ်းကြည့်ရင် Freenရဲ့အခန်းကို မြင်နေရတယ်လေ
ပန်းချီဆွဲနေတဲ့ Freenကို Becky ငေးကြည့်ရင်း Freenက နူးနူးညံ့ညံ့ကောင်မလေးတစ်ယောက်ပါလားလို့ တွေးနေမိသည်
ဒါပေမယ့် တစ်ခါတစ်လေ Freenရဲ့ မျက်နှာမှာ ဝမ်းနည်းမှုတွေ မြင်ရတတ်သည်
ဒီလို အေးအေးချမ်းချမ်းနူးနူးညံ့ညံ့ ကောင်မလေးမှာ ဘာအပူအပင် ဝမ်းနည်းစရာတွေရှိနေလဲဆိုတာ Becky သိချင်မိသည်
ဒီကိုရောက်တာ သုံးရက်ရှိနေပေမယ့် Freenနဲ့တော့ Becky သိပ်မရင်းနှီးသေး အန်တီရမ်မီနဲ့သာ Becky ရင်းနှီးနေပြီလေ
အန်တီရမ်မီကိုကျ ဆိုင်ကူရောင်းပေးရင်း ပိုပြီး ရင်းနှီးလာပြီး Freenကကျ အခန်းထဲက အခန်းအပြင် သိပ်မထွက်တာကြောင့် စကားတောင် အများကြီး မပြောရပေ
"အန်တီ ရမ်မီ ...P'Freenက အမြဲ အဲ့လိုဘဲလားဟင် အခန်းထဲမှာဘဲ ပုံဆွဲစာရေးနေတာမျိုးလား "
Beckyမှာ အန်တီရမ်မီရဲ့ အအေးဆိုင်တွင် ပန်းကန်ကူဆေးပေးရင်း မေးလိုက်သည်
"မဟုတ်ပါဘူးကွယ် အရင်က Freenက အလုပ်လုပ်သေးတယ် အလုပ်နားရက်ဆို စာလေးရေး ပုံလေးဆွဲပေါ့ အဲ့အလုပ်မှာ ဘာပြဿနာဖြစ်လို့ရယ်မသိ အလုပ်ကထွက်လာပြီး အခုလို အခန်းတွင်းအောင်းနေတာဘဲ... "
"သူက ဘာဖြစ်ခဲ့တယ်ဆိုတာ အန်တီ့ကိုမပြောဖူးလား "
"မပြောပါဘူးကွယ် အလုပ်က ထွက်ခဲ့ပြီလို့ဘဲ ပြောတာ အဲ့နောက်ပိုင်း အလုပ်သစ်လည်း မရှာတော့သလို ဒီလိုဘဲနေနေတော့တာ "
အန်တီရမ်မီက ပြောပြီး သက်ပြင်းချတော့ Beckyလည်း ဘာမှဆက်မမေးတော့ဘဲဲ ငြိမ်လိုက်သည်
လှည့်ကွက်တစ်ချို့ကို မသိချင်ယောင်ဆောင်ခဲ့ပေမယ့်
တစ်ဖြည်းဖြည်း စည်းကျော်လာတဲ့အခါ
လွှတ်ချခဲ့လိုက်တဲ့သူက အမှားတဲ့လား
Freen စာရွက်ပေါ် ခေါင်းထဲ ပေါ်လာတဲ့ စာသားတွေကို ချရေးလိုက်သည်
စာသားတွေကို အရင်ကလို တွေးမရဘဲ ဗလာကြီးဖြစ်နေလို့ Freen စိတ်ရှုပ်လာမိသည်
ထို့ကြောင့် စာဆက်မရေးဘဲ ရေချိုးဖို့ ပြင်လေသည်
"P'Freen ညစာအသင့်ဖြစ်ပါပြီ "
Beckyက တံခါးခေါက်တော့ Freen ရေချိုးဝတ်စုံဝတ်ပြီး ဆံပင်စိုတွေကို သဘတ်နဲ့သုတ်ရင်း အခန်းတံခါးဖွင့်ပေးလိုက်သည်
"P'Freen "
ဆံပင်ကနေ လည်ပင်းထိ စီးကျလာတဲ့ ရေစက်တွေကို ကြည့်ရင်း Becky တံတွေးမြိုချမိသည်
P'Freenက တကယ် ဆက်ဆီကျတာဘဲ
"Nong Becky ပြောလေ "
"အာ ဟုတ် ထမင်းစားလို့ရပါပြီလို့ လာပြောတာ "
"အင်းပါ တို့ ခဏနေဆင်းလာခဲ့မယ်လေနော် "
"ဟုတ် ဟုတ် "
Becky က ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားတော့ Freenက လှမ်းခေါ်တယ်
"Nong Becky "
"ဟုတ် "
"ထမင်းစားဖို့ လာခေါ်ပေးလို့ ကျေးဇူးပါနော် "
"ရပါတယ် P'Freen "
Beckyက ပြုံးပြပြီး အောက်ကိုဆင်းသွားသည်
"အဲ့ကလေးမလေး ငါ့ကိုတွေ့ပြီး ဘာလို့ တံတွေးမြိုချလိုက်တာပါလိမ့် "
Becky တံတွေးမြိုချတာကို Freen သတိထားမိတယ်လေ
Freenမှာ နှာခေါင်းလေးရှုံ့ကာ တွေးပြီး အခန်းတံခါးပိတ်ကာ ခေါင်းဆက်သုတ်နေလိုက်သည်
ခြိမ်း ဝုန်း.....
မိုးရာသီလည်း မဟုတ်သေးဘဲနဲ့ ရာသီဥတုက ဖောက်ပြန်ပြီး နွေလယ်ခေါင် ညကြီးမှာ မိုးတွေရွာပြီး ခြိမ်းနေလေရဲ့
Freenမှာ မိုးအေးအေးနဲ့ စောင်ခေါင်းမြီးခြုံပြီး အိပ်ကောင်းနေစဥ် တံခါးခေါက်သံကြားလိုက်ရလေသည်
Freen နားကြားမှားတာနေမှာပါဆိုပြီး ဆက်အိပ်နေပေမယ့် တံခါးအဆက်မပြတ်ခေါက်နေသောကြောင့် အိပ်ချင်မူးတူးနဲ့ ထပြီး မီးဖွင့်ကာ တံခါးဖွင့်ကြည့်လိုက်တော့ စောင်နဲ့ခေါင်းအုံး ကိုင်ထားပြီး သူ့ကို မျက်နှာငယ်လေးနဲ့ ကြည့်နေတဲ့ Beckyကို တွေ့ရသည်
"P'Freen "
"အယ် Becky ဘာဖြစ်လို့လဲ "
"မိုးတွေတအားခြိမ်းနေတာ ကြောက်လို့လေ တစ်ယောက်တည်း မအိပ်ရဲဘူး အဲ့တာ P'Freenနဲ့ အိပ်လို့ရမလားလို့လေ "
"ဟင်.... တို့နဲ့အတူ.....အိပ်..."
Freen စကားဆုံးအောင်ထိ မစောင့်ဘဲ Becky တစ်ယောက် Freen အခန်းထဲ ဝင်သွားတယ်
Freenလည်း ဘာမှထပ်မပြောတော့ဘဲ Becky ကို သူ့အခန်းထဲမှာ အိပ်ဖို့ ခွင့်ပေးလိုက်တယ်
ခွင့်မပေးလည်း Beckyက ကုတင်ပေါ်တောင်ရောက်သွားပြီကို ဆွဲချလို့လည်းမရဘူးလေ
စောင်နဲ့ခေါင်းအုံး နေရာချပြီး အိပ်နေတဲ့ Beckyဘေးနားကို Freen ဝင်အိပ်လိုက်သည်
"P'Freen kha...."
Beckyအသံကြောင့် Freen ကျောပေးထားရာကနေ Beckyဘက်ကို လှည့်လာသည်
"အင်း "
"တကယ်ကျေးဇူးတင်ပါတယ် .....Nongက မိုးခြိမ်းရင် အရမ်းကြောက်တာ..... ငယ်ငယ်က စိတ်ဒဏ်ရာပေါ့.....Nong အိမ်ကနေ ခိုးထွက်ရင်း လမ်းပျောက်ပြီး မိုးရေထဲ ကြောက်နေခဲ့ရတာလေ အဲ့တာကြောင့် မိုးခြိမ်းရင် အရမ်းကြောက်ပြီး တစ်ယောက်တည်းဖြစ်နေရင် ပိုဆိုးတယ် အထီးကျန်တဲ့ခံစားချက်မျိုး "
"အင်းပါ တို့သိပါပြီ...တို့လည်း မင်းအနားရှိနေလို့ မကြောက်ဘဲ စိတ်ချလက်ချအိပ်လိုက်တော့နော် "
"ဟုတ် ကျေးဇူးပါနော်..."
Freenမှာ သူ့ကို ကျေးဇူးတင်စကားပြောပြီး မျက်စိမှိတ်သွားတဲ့ Beckyကို ကြည့်နေမိသည်
တစ်စုံတစ်ယောက်က သူ့ကို အားကိုးသလို ခံစားရတော့ Freen စိတ်ထဲ တစ်မျိုးလေး ကြည်နူးမိသွားသည်
နင်က ဘာမှသုံးစားလို့မရဘူး
အမြဲတမ်း တိတ်ဆိတ်နေပြီး ဘာမှမဖြေရှင်းရဲဘူး
နင်နဲ့ ရှေ့ဆက်ရမယ်ဆိုရင် ငါ သွေးတက်သေဖို့ဘဲ ရှိတော့တယ်
Freen နားထဲ နာကျင်စေတဲ့ စကားလုံးတွေ ပြန်ကြားယောင်လာပြီး ထုတ်မရဖြစ်နေစဥ် ရုတ်တရက် Beckyက သူ့ကိုလာဖက်လေသည်
ဒုတ် ဒုတ် ဒုတ်........
(ဘယ်သူ့ကိုမှ မချစ်နိုင်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ Freenရဲ့ နှလုံးခုန်သံပင် ဖြစ်သည်)
#tbc
#zawgyi
Freenတို႔ ၿခံထဲတြင္ Becky တစ္ေယာက္ Boxing ထိုးေနသည္
မေန႕က သင္တန္းသြားၾကည့္ရင္း သဲအိတ္နဲ႕လက္အိတ္ကိုပါ Becky တစ္ခါတည္း ဝယ္လာခဲ့တာေလ
ၿပီးေတာ့ ၿခံထဲက သစ္ပင္မွာ ခ်ည္ၿပီး Boxing ထိုးေနေလရဲ႕
Freenကေတာ့ သူ႕အခန္းထဲက ျပတင္းေပါက္နားမွာ ထိုင္ၿပီး ပန္းခ်ီဆြဲေနသည္
Becky boxing ထိုးေနရင္း Freenရဲ႕ အခန္းကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္
ၿခံထဲကေန လွမ္းၾကည့္ရင္ Freenရဲ႕အခန္းကို ျမင္ေနရတယ္ေလ
ပန္းခ်ီဆြဲေနတဲ့ Freenကို Becky ေငးၾကည့္ရင္း Freenက ႏူးႏူးညံ့ညံ့ေကာင္မေလးတစ္ေယာက္ပါလားလို႔ ေတြးေနမိသည္
ဒါေပမယ့္ တစ္ခါတစ္ေလ Freenရဲ႕ မ်က္ႏွာမွာ ဝမ္းနည္းမႈေတြ ျမင္ရတတ္သည္
ဒီလို ေအးေအးခ်မ္းခ်မ္းႏူးႏူးညံ့ညံ့ ေကာင္မေလးမွာ ဘာအပူအပင္ ဝမ္းနည္းစရာေတြရွိေနလဲဆိုတာ Becky သိခ်င္မိသည္
ဒီကိုေရာက္တာ သုံးရက္ရွိေနေပမယ့္ Freenနဲ႕ေတာ့ Becky သိပ္မရင္းႏွီးေသး အန္တီရမ္မီနဲ႕သာ Becky ရင္းႏွီးေနၿပီေလ
အန္တီရမ္မီကိုက် ဆိုင္ကူေရာင္းေပးရင္း ပိုၿပီး ရင္းႏွီးလာၿပီး Freenကက် အခန္းထဲက အခန္းအျပင္ သိပ္မထြက္တာေၾကာင့္ စကားေတာင္ အမ်ားႀကီး မေျပာရေပ
"အန္တီ ရမ္မီ ...P'Freenက အၿမဲ အဲ့လိုဘဲလားဟင္ အခန္းထဲမွာဘဲ ပုံဆြဲစာေရးေနတာမ်ိဳးလား "
Beckyမွာ အန္တီရမ္မီရဲ႕ အေအးဆိုင္တြင္ ပန္းကန္ကူေဆးေပးရင္း ေမးလိုက္သည္
"မဟုတ္ပါဘူးကြယ္ အရင္က Freenက အလုပ္လုပ္ေသးတယ္ အလုပ္နားရက္ဆို စာေလးေရး ပုံေလးဆြဲေပါ့ အဲ့အလုပ္မွာ ဘာျပႆနာျဖစ္လို႔ရယ္မသိ အလုပ္ကထြက္လာၿပီး အခုလို အခန္းတြင္းေအာင္းေနတာဘဲ... "
"သူက ဘာျဖစ္ခဲ့တယ္ဆိုတာ အန္တီ့ကိုမေျပာဖူးလား "
"မေျပာပါဘူးကြယ္ အလုပ္က ထြက္ခဲ့ၿပီလို႔ဘဲ ေျပာတာ အဲ့ေနာက္ပိုင္း အလုပ္သစ္လည္း မရွာေတာ့သလို ဒီလိုဘဲေနေနေတာ့တာ "
အန္တီရမ္မီက ေျပာၿပီး သက္ျပင္းခ်ေတာ့ Beckyလည္း ဘာမွဆက္မေမးေတာ့ဘဲဲ ၿငိမ္လိုက္သည္
လွည့္ကြက္တစ္ခ်ိဳ႕ကို မသိခ်င္ေယာင္ေဆာင္ခဲ့ေပမယ့္
တစ္ျဖည္းျဖည္း စည္းေက်ာ္လာတဲ့အခါ
လႊတ္ခ်ခဲ့လိုက္တဲ့သူက အမွားတဲ့လား
Freen စာ႐ြက္ေပၚ ေခါင္းထဲ ေပၚလာတဲ့ စာသားေတြကို ခ်ေရးလိုက္သည္
စာသားေတြကို အရင္ကလို ေတြးမရဘဲ ဗလာႀကီးျဖစ္ေနလို႔ Freen စိတ္ရႈပ္လာမိသည္
ထို႔ေၾကာင့္ စာဆက္မေရးဘဲ ေရခ်ိဳးဖို႔ ျပင္ေလသည္
"P'Freen ညစာအသင့္ျဖစ္ပါၿပီ "
Beckyက တံခါးေခါက္ေတာ့ Freen ေရခ်ိဳးဝတ္စုံဝတ္ၿပီး ဆံပင္စိုေတြကို သဘတ္နဲ႕သုတ္ရင္း အခန္းတံခါးဖြင့္ေပးလိုက္သည္
"P'Freen "
ဆံပင္ကေန လည္ပင္းထိ စီးက်လာတဲ့ ေရစက္ေတြကို ၾကည့္ရင္း Becky တံေတြးၿမိဳခ်မိသည္
P'Freenက တကယ္ ဆက္ဆီက်တာဘဲ
"Nong Becky ေျပာေလ "
"အာ ဟုတ္ ထမင္းစားလို႔ရပါၿပီလို႔ လာေျပာတာ "
"အင္းပါ တို႔ ခဏေနဆင္းလာခဲ့မယ္ေလေနာ္ "
"ဟုတ္ ဟုတ္ "
Becky က ေခါင္းညိတ္ျပၿပီး လွည့္ထြက္သြားေတာ့ Freenက လွမ္းေခၚတယ္
"Nong Becky "
"ဟုတ္ "
"ထမင္းစားဖို႔ လာေခၚေပးလို႔ ေက်းဇူးပါေနာ္ "
"ရပါတယ္ P'Freen "
Beckyက ၿပဳံးျပၿပီး ေအာက္ကိုဆင္းသြားသည္
"အဲ့ကေလးမေလး ငါ့ကိုေတြ႕ၿပီး ဘာလို႔ တံေတြးၿမိဳခ်လိဳက္တာပါလိမ့္ "
Becky တံေတြးၿမိဳခ်တာကို Freen သတိထားမိတယ္ေလ
Freenမွာ ႏွာေခါင္းေလးရႈံ႕ကာ ေတြးၿပီး အခန္းတံခါးပိတ္ကာ ေခါင္းဆက္သုတ္ေနလိုက္သည္
ၿခိမ္း ဝုန္း.....
မိုးရာသီလည္း မဟုတ္ေသးဘဲနဲ႕ ရာသီဥတုက ေဖာက္ျပန္ၿပီး ႏြေလယ္ေခါင္ ညႀကီးမွာ မိုးေတြ႐ြာၿပီး ၿခိမ္းေနေလရဲ႕
Freenမွာ မိုးေအးေအးနဲ႕ ေစာင္ေခါင္းၿမီးၿခဳံၿပီး အိပ္ေကာင္းေနစဥ္ တံခါးေခါက္သံၾကားလိုက္ရေလသည္
Freen နားၾကားမွားတာေနမွာပါဆိုၿပီး ဆက္အိပ္ေနေပမယ့္ တံခါးအဆက္မျပတ္ေခါက္ေနေသာေၾကာင့္ အိပ္ခ်င္မူးတူးနဲ႕ ထၿပီး မီးဖြင့္ကာ တံခါးဖြင့္ၾကည့္လိုက္ေတာ့ ေစာင္နဲ႕ေခါင္းအုံး ကိုင္ထားၿပီး သူ႕ကို မ်က္ႏွာငယ္ေလးနဲ႕ ၾကည့္ေနတဲ့ Beckyကို ေတြ႕ရသည္
"P'Freen "
"အယ္ Becky ဘာျဖစ္လို႔လဲ "
"မိုးေတြတအားၿခိမ္းေနတာ ေၾကာက္လို႔ေလ တစ္ေယာက္တည္း မအိပ္ရဲဘူး အဲ့တာ P'Freenနဲ႕ အိပ္လို႔ရမလားလို႔ေလ "
"ဟင္.... တို႔နဲ႕အတူ.....အိပ္..."
Freen စကားဆုံးေအာင္ထိ မေစာင့္ဘဲ Becky တစ္ေယာက္ Freen အခန္းထဲ ဝင္သြားတယ္
Freenလည္း ဘာမွထပ္မေျပာေတာ့ဘဲ Becky ကို သူ႕အခန္းထဲမွာ အိပ္ဖို႔ ခြင့္ေပးလိုက္တယ္
ခြင့္မေပးလည္း Beckyက ကုတင္ေပၚေတာင္ေရာက္သြားၿပီကို ဆြဲခ်လိဳ႕လည္းမရဘူးေလ
ေစာင္နဲ႕ေခါင္းအုံး ေနရာခ်ၿပီး အိပ္ေနတဲ့ Beckyေဘးနားကို Freen ဝင္အိပ္လိုက္သည္
"P'Freen kha...."
Beckyအသံေၾကာင့္ Freen ေက်ာေပးထားရာကေန Beckyဘက္ကို လွည့္လာသည္
"အင္း "
"တကယ္ေက်းဇူးတင္ပါတယ္ .....Nongက မိုးၿခိမ္းရင္ အရမ္းေၾကာက္တာ..... ငယ္ငယ္က စိတ္ဒဏ္ရာေပါ့.....Nong အိမ္ကေန ခိုးထြက္ရင္း လမ္းေပ်ာက္ၿပီး မိုးေရထဲ ေၾကာက္ေနခဲ့ရတာေလ အဲ့တာေၾကာင့္ မိုးၿခိမ္းရင္ အရမ္းေၾကာက္ၿပီး တစ္ေယာက္တည္းျဖစ္ေနရင္ ပိုဆိုးတယ္ အထီးက်န္တဲ့ခံစားခ်က္မ်ိဳး "
"အင္းပါ တို႔သိပါၿပီ...တို႔လည္း မင္းအနားရွိေနလို႔ မေၾကာက္ဘဲ စိတ္ခ်လက္ခ်အိပ္လိုက္ေတာ့ေနာ္ "
"ဟုတ္ ေက်းဇူးပါေနာ္..."
Freenမွာ သူ႕ကို ေက်းဇူးတင္စကားေျပာၿပီး မ်က္စိမွိတ္သြားတဲ့ Beckyကို ၾကည့္ေနမိသည္
တစ္စုံတစ္ေယာက္က သူ႕ကို အားကိုးသလို ခံစားရေတာ့ Freen စိတ္ထဲ တစ္မ်ိဳးေလး ၾကည္ႏူးမိသြားသည္
နင္က ဘာမွသုံးစားလို႔မရဘူး
အၿမဲတမ္း တိတ္ဆိတ္ေနၿပီး ဘာမွမေျဖရွင္းရဲဘူး
နင္နဲ႕ ေရွ႕ဆက္ရမယ္ဆိုရင္ ငါ ေသြးတက္ေသဖို႔ဘဲ ရွိေတာ့တယ္
Freen နားထဲ နာက်င္ေစတဲ့ စကားလုံးေတြ ျပန္ၾကားေယာင္လာၿပီး ထုတ္မရျဖစ္ေနစဥ္ ႐ုတ္တရက္ Beckyက သူ႕ကိုလာဖက္ေလသည္
ဒုတ္ ဒုတ္ ဒုတ္........
(ဘယ္သူ႕ကိုမွ မခ်စ္နိုင္ေတာ့ဘူးလို႔ ဆုံးျဖတ္ထားတဲ့ Freenရဲ႕ ႏွလုံးခုန္သံပင္ ျဖစ္သည္)
#tbc
Bạn đang đọc truyện trên: Truyen3h.Co