Truyen3h.Co

ဘက်ကီရဲ့ အပျိုကြီး မမ

Part 4

KimFany059

Freenကို ကြည့်ရင် ပြုံးပျော်နေတာထက် အမြဲတမ်း ရုပ်တည်နေပြီး တစ်ခါတစ်လေဆို ဝမ်းနည်းနေတဲ့ပုံစံလေး ဖြစ်နေတာကို Becky တွေ့တိုင်း ဘာကြောင့် Freen အခုလိုဖြစ်နေတာလည်းဆိုတာကို သိချင်မိသည်

ယခုဆို Becky တစ်ယောက် Freenတို့ အိမ်ကိုရောက်တာ တစ်လပြည့်ပြီလေ အရင်ကထက်လည်း Freenနဲ့ရင်းနှီးလာတယ်

Becky ကျောင်းက ပြန်လာရင် အန်တီရမ်မီဆိုင်ကို ကူညီပေးသလို တစ်ခါတစ်လေ Becky ထိုင်းစာလေ့လာလို့ မသိတဲ့အခါကြရင် Freenက စိတ်ရှည်ရှည်နဲ့သင်ပေးသေးသည်

"P'Freen kha.... "

သူ့အိမ်စာတွေကို မှန်မမှန်စစ်ပေးနေတဲ့ Freenကို စိုက်ကြည့်ရာက Becky နာမည်ခေါ်လိုက်သည်

"Humm "

"Nong သိချင်တာလေးတစ်ခုရှိလို့ မေးလို့ရမလား စိတ်မဆိုးရဘူးနော် "

"မဆိုးပါဘူး မေးလေ Nong "

"P' Freen ဘာလို့ အမြဲ ဝမ်းနည်းနေတဲ့ပုံပေါက်နေတာလဲဟင် စိတ်ညစ်စရာတစ်ခုခုရှိလို့လား "

Beckyရဲ့ စကားကြောင့် Freen စာစစ်နေရာက ရပ်သွားပြီး ဘာမှပြန်မဖြေဘဲ တိတ်ဆိတ်သွားတယ်

"အယ်....Sorry မဖြေချင်လည်း ရပါတယ် Nong... မ..."

"တို့ ဘာလို့ Nong မြင်သလို ​ဝမ်းနည်းနေတဲ့ပုံပေါ်နေလည်းဆိုတာ....လူငယ်သဘာဝအရ အသည်းကွဲခဲ့လို့ပေါ့ Nongရယ် "

နောက်ဆုံးတော့ Freen တစ်ယောက် သူခံစားနေရတာကို တစ်စုံတစ်ယောက်ကို ထုတ်ပြောခဲ့ပြီလေ

"နောက်ဆုံးတော့ ပြောပြပြီဘဲ P'Freen ....အခုလို ပြောပြမှ လူက စိတ်ပေါ့ရင်ပေါ့သွားမှာ တစ်ယောက်တည်းကြိတ်ခံစားနေရင် ပင်ပန်းတယ် ..."

"Nong အသ​ည်းကွဲဖူးလား "

Freenက သူ့ဘောပင် အဖုံးကိုပိတ်ပြီး မေးလိုက်သည်

"ဟင့်အင်း မကွဲဖူးဘူး Nong ရည်းစားမထားဖူးဘူး ပြောရင် ယုံမလားတော့ မသိဘူး "

Beckyရဲ့ စကားကြောင့် Freen ခေါင်းညိတ်လိုက်သည်

"မထားတာကောင်းပါတယ် အသည်းကွဲစရာမလိုတော့ဘူးပေါ့ "

"အသည်းကွဲလို့ ဘယ်လောက်ထိခံစားနေရတယ်ဆိုတာ Nong မသိပေမယ့်လေ အချိန်အတိုင်းအတာတစ်ခုထိဘဲ ခံစားဝမ်းနည်းစေချင်တယ် P'Freen..... ဘယ်လိုအကြောင်းမျိုးကြောင့် ဝေးသွားရတာဘဲ ဖြစ်ဖြစ် ကံမပါလို့ဆိုပြီး တွေးဖြေသိမ့်ရင်း ကိုယ့်ကိုကိုယ် ပျော်အောင်ကြိုးစားနေကြည့်သင့်တယ် "

"အင်း တို့ ကြိုးစားကြည့်ပါမယ်... Nongကို အားကျလိုက်တာ ရ​ည်းစားမထားတော့ အပူအပင်ကင်းတာပေါ့..... "

Freenရဲ့ စကားကြောင့် Becky ပြုံးလိုက်သည်

"ဘာလို့ရည်းစားမထားတာလည်း လာကြိုက်တဲ့သူတွေတော့ရှိမှာပါ Nongက ချစ်စရာကောင်းတာကိုး ဘာလို့ ပြန်မကြိုက်တာလ​ည်း "

Freenရဲ့ စကားကြောင့် Becky ခေါင်းညိတ်ပြီး

"Nong စိတ်ထဲ သဘောတွေ့တဲ့သူ မရှိလာသေးလို့လည်း ဖြစ်မယ် "

"အင်းပေါ့ အင်းပေါ့ "

Freenက ခေါင်းညိတ်ပြီး Becky ကို ကြည့်လိုက်သည်

"P'Freen စာရေးနေတာလား "

"ဟုတ်တယ် ဘယ်လိုသိတာလဲ "

"သတိထားမိတာလေ Nong ဖတ်ကြည့်လို့ရလား "

"ရတာပေါ့ ဖတ်ချင်ရင်ဖတ် တို့ရေးထားတာ ကောင်းတဲ့ထဲတော့မပါဘူး "

Freenက ပြောပြီး သူရေးထားတဲ့ စာအုပ်ကို Beckyဖတ်ဖို့ ပေးလိုက်တယ်

Beckyလည်း Freen စာအုပ်ကို ယူပြီး ရေးထားတဲ့ စာတွေကို စိတ်ဝင်တစားဖတ်လိုက်သည်

Freenမှာ သူ့စာကို ဖတ်နေတဲ့ Beckyရဲ့ တုံ့ပြန်မှုကို ရင်တထိတ်ထိတ်နဲ့ စောင့်နေသည်

တစ်ချက်တစ်ချက် မျက်ခုံးလေးတွန့်ပြီး ပြုံးသွားလိုက် တစ်ချက်တစ်ချက် မျက်နှာလေးညိုးသွားတဲ့ Beckyကို Freen မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်

ဒီကလေးမလေးက ချစ်ဖို့ကောင်းလိုက်တာ......

"ဖတ်ကြည့်ရသလောက်ကတော့ P'Freenရဲ့ ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပါတယ် ရယ်လည်းရယ်ရတယ် ဝမ်းနည်းစရာလည်း ကောင်းတယ် ရသမျိုးစုံကို ပေးစွမ်းနိုင်တယ် "

Freen ဘယ်လောက်ထိအောင် သူ့စာကို ဖတ်နေတဲ့ Beckyကို ငေးကြည့်မိတယ်မသိ Becky အသံကြားမှ အသိပြန်ဝင်လာသည်

"အယ် ဖတ်ပြီးပြီပေါ့ "

"ဟုတ် အခု ရေးသလောက်ထိ ဖတ်ပြီးပြီ သဘောကျတယ် အရမ်းကောင်းတယ်​ တကယ်ပြောတာ P'Freenက စာရေးတော်တာဘဲ "

နင် တစ်နေ့တစ်နေ့ အဲ့သောက်ရေးမပါတဲ့ စာတွေဘဲ ရေးနေလိုက်

နင် ရေးတဲ့စာတွေက ဘာအဓိပ္ပါယ်မှမရှိဘူး

သုံးစားမရတဲ့စာတွေ မရေးပါနဲ့တော့လား

အရင်က တစ်စုံတစ်ယောက်ပြောခဲ့တဲ့စကားတွေကို Freen သတိရမိသွားတယ်

သြော် Becky နဲ့များ တစ်ခြားစီပါလား.....

"ကျေးဇူးပါ Nong... Nong စကားတွေကြောင့် တို့ အားတက်သွားပြီ ဆက်ရေးတော့မယ် "

"ဆက်ရေး P'Freen  ပြီးရင် စာဖတ်လို့ရတဲ့ siteတစ်ခုခုမှာ တင်လေ ကံကောင်းရင်
စာအုပ်တိုက်တွေက လာဆက်သွယ်လိမ့်မယ် "

"Haha ဟုတ်ပါပြီကွယ် မင်းရေးထားတဲ့ အိမ်စာတွေ တို့စစ်ပြီးပြီ.....အရင်ကထက် လက်ရေးပိုလှလာပြီး မှန်လာတယ် ဆက်ကြိုးစား "

"ဟုတ် P'Freen စိတ်ရှည်ရှည်နဲ့ Nongကို သင်ကြားပေးလို့ ကျေးဇူးတင်ပါတယ် "

"ရပါတယ်ကွယ် "

Beckyရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ရင်း Freen ပြောလိုက်သည်

နှစ်ယောက်သား မျက်တောင်မခတ်ဘဲ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေစဥ် အန်တီရမ်မီက တံခါးလာခေါက်သည်

Knock knock

"ကလေးတွေရေ ညစာစားရအောင်ကွယ် "

အန်တီရမ်မီ အသံကြားမှ Becky ချက်ချင်း အကြည့်လွှဲပြီး ထရပ်လိုက်သည်

"ဒါဆို Nong သွားနှင့်မယ်နော် အန်တီကို ထမင်းကူခူးပေးလိုက်အုံးမယ် "

Beckyက ရှက်ကိုးရှက်ကန်းနဲ့ထွက်သွားတာကို ကြည့်ပြီး Freen ပြုံးမိသွားတယ်

သူ့စာတွေကို နောက်ဆုံးတော့ အကောင်းပြောပေးတဲ့သူ ပေါ်လာပြီဘဲ

ကျေးဇူးပါ Becky တို့ စိတ်ဓာတ်မကျတော့ဘဲ မင်း ပြောသလို စိတ်ပျော်အောင် နေကြည့်ပါမယ်

Freen ပြောပြီး သူ့နံရံမှာချိတ်ထားတဲ့ သော့ချိတ်တစ်ခုကို လွှင့်ပစ်လိုက်သည်

#tbc

အကြာကြီးပျောက်သွားလို့ အားနာပါတယ် တစ်ပတ်ကို တစ်ခါတော့ ပုံမှန် ရေးပေးနိုင်အောင် ကြိုးစားသွားပါမယ်ဗျာ့ အသစ်လေးတွေလည်း ထပ်ရေးအုံးမှာမို့ ဖတ်ပေးကြပါအုံး

#zawgyi
Freenကို ၾကည့္ရင္ ၿပဳံးေပ်ာ္ေနတာထက္ အၿမဲတမ္း ႐ုပ္တည္ေနၿပီး တစ္ခါတစ္ေလဆို ဝမ္းနည္းေနတဲ့ပုံစံေလး ျဖစ္ေနတာကို Becky ေတြ႕တိုင္း ဘာေၾကာင့္ Freen အခုလိုျဖစ္ေနတာလည္းဆိုတာကို သိခ်င္မိသည္

ယခုဆို Becky တစ္ေယာက္ Freenတို႔ အိမ္ကိုေရာက္တာ တစ္လျပည့္ၿပီေလ အရင္ကထက္လည္း Freenနဲ႕ရင္းႏွီးလာတယ္

Becky ေက်ာင္းက ျပန္လာရင္ အန္တီရမ္မီဆိုင္ကို ကူညီေပးသလို တစ္ခါတစ္ေလ Becky ထိုင္းစာေလ့လာလို႔ မသိတဲ့အခါၾကရင္ Freenက စိတ္ရွည္ရွည္နဲ႕သင္ေပးေသးသည္

"P'Freen kha.... "

သူ႕အိမ္စာေတြကို မွန္မမွန္စစ္ေပးေနတဲ့ Freenကို စိုက္ၾကည့္ရာက Becky နာမည္ေခၚလိုက္သည္

"Humm "

"Nong သိခ်င္တာေလးတစ္ခုရွိလို႔ ေမးလို႔ရမလား စိတ္မဆိုးရဘူးေနာ္ "

"မဆိုးပါဘူး ေမးေလ Nong "

"P' Freen ဘာလို႔ အၿမဲ ဝမ္းနည္းေနတဲ့ပုံေပါက္ေနတာလဲဟင္ စိတ္ညစ္စရာတစ္ခုခုရွိလို႔လား "

Beckyရဲ႕ စကားေၾကာင့္ Freen စာစစ္ေနရာက ရပ္သြားၿပီး ဘာမွျပန္မေျဖဘဲ တိတ္ဆိတ္သြားတယ္

"အယ္....Sorry မေျဖခ်င္လည္း ရပါတယ္ Nong... မ..."

"တို႔ ဘာလို႔ Nong ျမင္သလို ဝမ္းနည္းေနတဲ့ပုံေပၚေနလည္းဆိုတာ....လူငယ္သဘာဝအရ အသည္းကြဲခဲ့လို႔ေပါ့ Nongရယ္ "

ေနာက္ဆုံးေတာ့ Freen တစ္ေယာက္ သူခံစားေနရတာကို တစ္စုံတစ္ေယာက္ကို ထုတ္ေျပာခဲ့ၿပီေလ

"ေနာက္ဆုံးေတာ့ ေျပာျပၿပီဘဲ P'Freen ....အခုလို ေျပာျပမွ လူက စိတ္ေပါ့ရင္ေပါ့သြားမွာ တစ္ေယာက္တည္းႀကိတ္ခံစားေနရင္ ပင္ပန္းတယ္ ..."

"Nong အသည္းကြဲဖူးလား "

Freenက သူ႕ေဘာပင္ အဖုံးကိုပိတ္ၿပီး ေမးလိုက္သည္

"ဟင့္အင္း မကြဲဖူးဘူး Nong ရည္းစားမထားဖူးဘူး ေျပာရင္ ယုံမလားေတာ့ မသိဘူး "

Beckyရဲ႕ စကားေၾကာင့္ Freen ေခါင္းညိတ္လိုက္သည္

"မထားတာေကာင္းပါတယ္ အသည္းကြဲစရာမလိုေတာ့ဘူးေပါ့ "

"အသည္းကြဲလို႔ ဘယ္ေလာက္ထိခံစားေနရတယ္ဆိုတာ Nong မသိေပမယ့္ေလ အခ်ိန္အတိုင္းအတာတစ္ခုထိဘဲ ခံစားဝမ္းနည္းေစခ်င္တယ္ P'Freen..... ဘယ္လိုအေၾကာင္းမ်ိဳးေၾကာင့္ ေဝးသြားရတာဘဲ ျဖစ္ျဖစ္ ကံမပါလို႔ဆိုၿပီး ေတြးေျဖသိမ့္ရင္း ကိုယ့္ကိုကိုယ္ ေပ်ာ္ေအာင္ႀကိဳးစားေနၾကည့္သင့္တယ္ "

"အင္း တို႔ ႀကိဳးစားၾကည့္ပါမယ္... Nongကို အားက်လိဳက္တာ ရည္းစားမထားေတာ့ အပူအပင္ကင္းတာေပါ့..... "

Freenရဲ႕ စကားေၾကာင့္ Becky ၿပဳံးလိုက္သည္

"ဘာလို႔ရည္းစားမထားတာလည္း လာႀကိဳက္တဲ့သူေတြေတာ့ရွိမွာပါ Nongက ခ်စ္စရာေကာင္းတာကိုး ဘာလို႔ ျပန္မႀကိဳက္တာလည္း "

Freenရဲ႕ စကားေၾကာင့္ Becky ေခါင္းညိတ္ၿပီး

"Nong စိတ္ထဲ သေဘာေတြ႕တဲ့သူ မရွိလာေသးလို႔လည္း ျဖစ္မယ္ "

"အင္းေပါ့ အင္းေပါ့ "

Freenက ေခါင္းညိတ္ၿပီး Becky ကို ၾကည့္လိုက္သည္

"P'Freen စာေရးေနတာလား "

"ဟုတ္တယ္ ဘယ္လိုသိတာလဲ "

"သတိထားမိတာေလ Nong ဖတ္ၾကည့္လို႔ရလား "

"ရတာေပါ့ ဖတ္ခ်င္ရင္ဖတ္ တို႔ေရးထားတာ ေကာင္းတဲ့ထဲေတာ့မပါဘူး "

Freenက ေျပာၿပီး သူေရးထားတဲ့ စာအုပ္ကို Beckyဖတ္ဖို႔ ေပးလိုက္တယ္

Beckyလည္း Freen စာအုပ္ကို ယူၿပီး ေရးထားတဲ့ စာေတြကို စိတ္ဝင္တစားဖတ္လိုက္သည္

Freenမွာ သူ႕စာကို ဖတ္ေနတဲ့ Beckyရဲ႕ တုံ႕ျပန္မႈကို ရင္တထိတ္ထိတ္နဲ႕ ေစာင့္ေနသည္

တစ္ခ်က္တစ္ခ်က္ မ်က္ခုံးေလးတြန့္ၿပီး ၿပဳံးသြားလိုက္ တစ္ခ်က္တစ္ခ်က္ မ်က္ႏွာေလးညိုးသြားတဲ့ Beckyကို Freen မ်က္ေတာင္မခတ္ဘဲ ၾကည့္ေနမိသည္

ဒီကေလးမေလးက ခ်စ္ဖို႔ေကာင္းလိုက္တာ......

"ဖတ္ၾကည့္ရသေလာက္ကေတာ့ P'Freenရဲ႕ ဇာတ္လမ္းက စိတ္ဝင္စားစရာေကာင္းပါတယ္ ရယ္လည္းရယ္ရတယ္ ဝမ္းနည္းစရာလည္း ေကာင္းတယ္ ရသမ်ိဳးစုံကို ေပးစြမ္းနိုင္တယ္ "

Freen ဘယ္ေလာက္ထိေအာင္ သူ႕စာကို ဖတ္ေနတဲ့ Beckyကို ေငးၾကည့္မိတယ္မသိ Becky အသံၾကားမွ အသိျပန္ဝင္လာသည္

"အယ္ ဖတ္ၿပီးၿပီေပါ့ "

"ဟုတ္ အခု ေရးသေလာက္ထိ ဖတ္ၿပီးၿပီ သေဘာက်တယ္ အရမ္းေကာင္းတယ္ တကယ္ေျပာတာ P'Freenက စာေရးေတာ္တာဘဲ "

နင္ တစ္ေန႕တစ္ေန႕ အဲ့ေသာက္ေရးမပါတဲ့ စာေတြဘဲ ေရးေနလိုက္

နင္ ေရးတဲ့စာေတြက ဘာအဓိပ္ပါယ်မှမရှိဘူး

သုံးစားမရတဲ့စာေတြ မေရးပါနဲ႕ေတာ့လား

အရင္က တစ္စုံတစ္ေယာက္ေျပာခဲ့တဲ့စကားေတြကို Freen သတိရမိသြားတယ္

ေၾသာ္ Becky နဲ႕မ်ား တစ္ျခားစီပါလား.....

"ေက်းဇူးပါ Nong... Nong စကားေတြေၾကာင့္ တို႔ အားတက္သြားၿပီ ဆက္ေရးေတာ့မယ္ "

"ဆက္ေရး P'Freen  ၿပီးရင္ စာဖတ္လို႔ရတဲ့ siteတစ္ခုခုမွာ တင္ေလ ကံေကာင္းရင္
စာအုပ္တိုက္ေတြက လာဆက္သြယ္လိမ့္မယ္ "

"Haha ဟုတ္ပါၿပီကြယ္ မင္းေရးထားတဲ့ အိမ္စာေတြ တို႔စစ္ၿပီးၿပီ.....အရင္ကထက္ လက္ေရးပိုလွလာၿပီး မွန္လာတယ္ ဆက္ႀကိဳးစား "

"ဟုတ္ P'Freen စိတ္ရွည္ရွည္နဲ႕ Nongကို သင္ၾကားေပးလို႔ ေက်းဇူးတင္ပါတယ္ "

"ရပါတယ္ကြယ္ "

Beckyရဲ႕ မ်က္ဝန္းေတြကို စိုက္ၾကည့္ရင္း Freen ေျပာလိုက္သည္

ႏွစ္ေယာက္သား မ်က္ေတာင္မခတ္ဘဲ တစ္ေယာက္ကို တစ္ေယာက္ စိုက္ၾကည့္ေနစဥ္ အန္တီရမ္မီက တံခါးလာေခါက္သည္

Knock knock

"ကေလးေတြေရ ညစာစားရေအာင္ကြယ္ "

အန္တီရမ္မီ အသံၾကားမွ Becky ခ်က္ခ်င္း အၾကည့္လႊဲၿပီး ထရပ္လိုက္သည္

"ဒါဆို Nong သြားႏွင့္မယ္ေနာ္ အန္တီကို ထမင္းကူခူးေပးလိုက္အုံးမယ္ "

Beckyက ရွက္ကိုးရွက္ကန္းနဲ႕ထြက္သြားတာကို ၾကည့္ၿပီး Freen ၿပဳံးမိသြားတယ္

သူ႕စာေတြကို ေနာက္ဆုံးေတာ့ အေကာင္းေျပာေပးတဲ့သူ ေပၚလာၿပီဘဲ

ေက်းဇူးပါ Becky တို႔ စိတ္ဓာတ္မက်ေတာ့ဘဲ မင္း ေျပာသလို စိတ္ေပ်ာ္ေအာင္ ေနၾကည့္ပါမယ္

Freen ေျပာၿပီး သူ႕နံရံမွာခ်ိတ္ထားတဲ့ ေသာ့ခ်ိတ္တစ္ခုကို လႊင့္ပစ္လိုက္သည္

#tbc

အၾကာႀကီးေပ်ာက္သြားလို႔ အားနာပါတယ္ တစ္ပတ္ကို တစ္ခါေတာ့ ပုံမွန္ ေရးေပးနိုင္ေအာင္ ႀကိဳးစားသြားပါမယ္ဗ်ာ့ အသစ္ေလးေတြလည္း ထပ္ေရးအုံးမွာမို႔ ဖတ္ေပးၾကပါအုံး

Bạn đang đọc truyện trên: Truyen3h.Co