Truyen3h.Co

မောင်

Part 1

KimFany059

တစ်ဖြောက်ဖြောက်နဲ့ ရွာသွန်းနေတဲ့ မိုးရေစက်တွေကို စာအုပ်ဆိုင်ထဲကနေ ကော်ဖီတစ်ခွက်ကိုင်ထားရင်း ယုဂျီမင်း တစ်ယောက် ငေးကြည့်နေမိသည်

မစို့မပို့နဲ့ မိုးရွာနေခြင်းက မောင့်ကို ပိုလွမ်းအောင် လုပ်နေသလိုပင်

မောင်.....ဒီနေ့နဲ့ဆို မောင်ဟာ မပြောမဆိုနဲ့ ကျွန်မ ဘဝထဲကနေ ရုတ်တရက်ပျောက်သွား ထွက်သွားခဲ့တာ ငါးလတောင် ရှိနေရောပေါ့

ရုတ်တရက် ယုဂျီမင်းဆိုတဲ့ ကျွန်မရဲ့ ဘဝထဲကို ရောက်လာခဲ့ပြီး ရုတ်တရက် ဘာမှမပြောဘဲ ပြန်ထွက်သွားတဲ့ မောင့်ကို ကျွန်မ ဘယ်လိုတွေးတွေး  နားမလည်တော့ပါဘူး

မိုးရေတွေထဲဲ ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ မော်တော်ယာဥ်တွေကို လူတွေကို ငေးကြည့်ရင်း မောင့်အကြောင်း တွေးနေမိလိုက်တာ ကော်ဖီတွေ အေးစက်သွားတာတောင် ယုဂျီမင်း မသိတော့ပေ

မောင်ရယ် ဖုန်းလည်းဆက်စရာမရှိ လူကြုံပါးရမယ့်သူလည်း မရှိ အဆက်အသွယ်ဖြတ်ပြီး ကျွန်မကို တစ်ယောက်တည်း ပစ်ထားခဲ့တာ ပျော်ပါရဲ့လား

"ဂျီမင်းရေ မိုးတွေတအားရွာနေတော့ ဘယ်သူမှမလာလောက်တော့ဘူးထင်တယ် စာအုပ်ဆိုင် သိမ်းလိုက်တော့ "

"ဟုတ်ကဲ့ တီလေး "

ဂျီမင်း သက်ပြင်းချပြီး သူ့အဒေါ် မီယောင်းရဲ့ ပြောစကားကို ပြန်ဖြေလိုက်သည်

တီလေးက ဆိုင်ပိတ်ခိုင်းနေတယ် မောင်က မိုးရေထဲကနေ စာအုပ်ဆိုင်ထဲ ပြေးဝင်လာရင် ဘယ်လိုလုပ်မလဲ..... မောင့်အတွက် ပိတ်လို့ဖြစ်ပါ့မလား

မောင်တစ်ယောက် ရုတ်တရက် supriseဆိုပြီး သူ့ဆီရောက်လာမလားလို့ မျှော်လင့်ချက်တွေနဲ့အတူ ယုဂျီမင်းမှာ ညစဥ်ညတိုင်း စာအုပ်ဆိုင်ပိတ်ဖို့ တွေဝေနေလေ့ရှိသည်

သို့သော်လည်း မောင်ကတော့ ဂျီမင်းဆီ ရောက်မလာခဲ့ပါ

မောင်မရှိတဲ့ နေ့တစ်နေ့ကို စတင်ဖို့ ဂျီမင်း အိပ်ရာကနေ ပျင်းရိစွာ ထလိုက်သည်

ဒေါ်လေးမီယောင်းက ကျန်းမာရေး သိပ်မကောင်းတာမို့လို့ ဂျီမင်းကဘဲ  စျေးသွားချက်ပြုတ်လုပ်ပေးရသည်

"တီလေး သမီး စျေးသွားမလို့ ဘာမှာအုံးမလဲ "

"မမှာတော့ပါဘူး သမီးရယ် အဆင်ပြေတာသာ ဝယ်ခဲ့ "

ဒေါ်လေးမီယောင်းကလည်း အလိုက်သိသည် လိုတာထက်ပိုပြီး ဂျီမင်းကို အခက်တွေ့အောင် ပူဆာတာမျိုးမလုပ်ပေ

တူဝရီးနှစ်ယောက်ဘဲ ရှိတော့သည့်အတွက် ဂျီမင်းတို့ တူဝရီးမှာ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးရင်း ဂရုစိုက်ပေးကြသည်

စျေးသွားဖို့အတွက် ဘတ်စ်ကား မှတ်တိုင်ဘက်ကို ဂျီမင်း ထွက်လာသည်

ဂျီမင်းတို့ အိမ်လေးက စျေးနဲ့ဝေးတာမို့ ဘတ်စ်ကားနဲ့သွားရသည်

ဘတ်စ်ကား မှတ်တိုင်မှာ စောင့်နေရင်း တစ်ဖက်လမ်းက ဟိုတယ်ကို ဂျီမင်း လှမ်းကြည့်လိုက်သည်

ဟိုတယ်ကြီးက တော်ဝင်နန်းဆောင်လိုပင် ခန့်ညားလွန်းလှသည်

အပြင်အဆင်တွေကို ကြည့်ရုံနဲ့ ဒီဟိုတယ်အတွက် ငွေပေါင်းများစွာကို ရင်းနှီးမြုပ်နှံထားကြောင်း ဂျီမင်း သိနိုင်သည်

ရပ်ကွက်ထဲက လူတွေ ပြောစကားအရ ဒီဟိုတယ်ကို ကင်မ် မိသားစု ပိုင်တာတဲ့လေ ကင်မ်မိသားစုဆိုတာ တောင်ကိုရီးယားနိုင်ငံက မြို့တိုင်းမှာ companyတွေ shopping mallတွေနဲ့ ဟိုတယ်များစွာကို ပိုင်ဆိုင်ထားတဲ့ သူဌေးမိသားစုပင် ဖြစ်သည်

သြော် သူတို့တွေလည်း ဘယ်ဘဝက ကုသိုလ်တွေကြောင့် ယခုလို လူအများ အားကျရတဲ့ဘဝကို ပိုင်ဆိုင်နေရပါလိမ့်

ဂျီမင်း ငေးမောနေရင်း သူ့ရှေ့ကို BMW ကားတစ်စီးရောက်လာတာကို သတိထားမိသည် 

ကားပေါ်ကနေ အမျိုးသမီးလေး​ယောက်က ဆင်းလာပြီး ဂျီမင်းအနား ဝိုင်းလိုက်ကြသည်

ဂျီမင်းမှာ အမျိုးသမီးတွေရဲ့ အပြုအမူတွေကြောင့် ကြောင်တောင်တောင်လေး ဖြစ်သွားတယ်

"ဒီက မိန်းကလေးက ယုဂျီမင်းလားရှင့် "

ဘုရားရေ သူတို့က ကျွန်မရဲ့ နာမည်ကို ဘယ်လိုသိနေတာပါလိမ့်

"ဟုတ်....ဟုတ်ပါတယ် ရှင်တို့က ဘယ်သူတွေလဲ ကျွန်မရဲ့ နာမည်ကို ဘယ်လိုလုပ်သိတာလဲ "

ဂျီမင်း တအံ့တသြနဲ့ ထိုအမျိုးသမီးတွေကို ပြန်မေးခွန်းထုတ်လိုက်သည်

တီလေး ကျွန်မ မသိအောင် ကျွန်မကို ကျောင်းတက်နိုင်ဖို့ ချေးငွေများ ချေးထားလေသလား ငွေတိုးချေးစားတဲ့လူတွေနဲ့များ ပတ်သက်နေသလား

ဂျီမင်း လျှောက်တွေးမိပြီး ကြောက်လန့်တကြားဖြစ်သွားမိသည်

"သခင်မလေးက ယုဂျီမင်းကို ခေါ်ခိုင်းလိုက်လို့ပါ အဲ့တာကြောင့် ယုဂျီမင်းက ကျွန်မတို့နဲ့ လိုက်ခဲ့ပေးပါရှင့် "

သခင်မလေး? သူတို့တွေ ဘာတွေပြောနေကြတာလဲ ဘယ်သခင်မလေးလည်း

"ရှင်တို့ ပြောနေတာတွေ ကျွန်မ တစ်ခုမှ နားမလည်ဘူး ရှင်တို့ကိုလည်း ကျွန်မ မသိဘူး "

"ကျွန်မတို့နဲ့ လိုက်လာရင် သိသွားမှာပါ

"အို မလိုက်နိုင်ပါဘူး ရှုပ်ရှုပ်ယှက်ယှက်တွေ လာမလုပ်ပါနဲ့ ကျွန်မ အော်လိုက်မှာနော် "

ဂျီမင်းက ပြောတော့ ထိုအမျိုးသမီးထဲက တစ်​ယောက်က ဒူးထောက်ချသည်

ထိုအမျိုးသမီး အပြုအမူကြောင့် ဖြတ်သွားဖြတ်လာတွေကလည်း ဂျီမင်းကို ဝိုင်းကြည့်နေကြသည်

"ရှင် ဘာလုပ်တာလဲ ထပါရှင် ကျွန်မကို အခက်တွေ့အောင် မလုပ်ပါနဲ့ ကျွန်မ ဘာလုပ်မိလို့ ကျွန်မမှာ ဘာအပြစ်ရှိလို့ ခုလိုလုပ်နေရတာလဲရှင် ရှင်တို့နဲ့လည်း ကျွန်မ မသိဘူးလေရှင် "

"ယုဂျီမင်း မလိုက်ခင်ရင် ယုဂျီမင်းကို ရအောင် မခေါ်လာရင် ကျွန်မတို့ကို အလုပ်ထုတ်ပစ်မယ်လို့ သခင်မလေးက ရာဇသံပေးထားလို့ ကျွန်မတို့ကို ထောက်ငှာသောအားဖြင့် ခဏ ဖြ​စ်ဖြ​စ် လိုက်ခဲ့ပေးပါရှင် ပြီးရင် ပြန်ပို့ပေးမှာပါ ကျွန်မ တောင်းပန်ပါတယ် "

လက်အုပ်တွေချီပြီး ထိုင်ကန်တော့နေသောကြောင့် ဂျီမင်းလည်း ဘာမှန်းမသိပေမယ့် ထိုအမျိုးသမီးတွေနဲ့ လိုက်ဖို့ သဘောတူလိုက်ရသည်

သဘောမတူလို့လည်းမရဘူးလေ မဟုတ်ရင် အင်တာနက်မှာ သူကန်တော့ခံနေရတဲ့ပုံနဲ့  ပေါက်ကရသတင်းတွေ တက်လာနေမှာ မဟုတ်လား

#tbc

#zawgyi

တစ္ေျဖာက္ေျဖာက္နဲ႕ ႐ြာသြန္းေနတဲ့ မိုးေရစက္ေတြကို စာအုပ္ဆိုင္ထဲကေန ေကာ္ဖီတစ္ခြက္ကိုင္ထားရင္း ယုဂ်ီမင္း တစ္ေယာက္ ေငးၾကည့္ေနမိသည္

မစို႔မပို႔နဲ႕ မိုး႐ြာေနျခင္းက ေမာင့္ကို ပိုလြမ္းေအာင္ လုပ္ေနသလိုပင္

ေမာင္.....ဒီေန႕နဲ႕ဆို ေမာင္ဟာ မေျပာမဆိုနဲ႕ ကြၽန္မ ဘဝထဲကေန ႐ုတ္တရက္ေပ်ာက္သြား ထြက္သြားခဲ့တာ ငါးလေတာင္ ရွိေနေရာေပါ့

႐ုတ္တရက္ ယုဂ်ီမင္းဆိုတဲ့ ကြၽန္မရဲ႕ ဘဝထဲကို ေရာက္လာခဲ့ၿပီး ႐ုတ္တရက္ ဘာမွမေျပာဘဲ ျပန္ထြက္သြားတဲ့ ေမာင့္ကို ကြၽန္မ ဘယ္လိုေတြးေတြး နားမလည္ေတာ့ပါဘူး

မိုးေရေတြထဲဲ ျဖတ္သြားျဖတ္လာ လုပ္ေနတဲ့ ေမာ္ေတာ္ယာဥ္ေတြကို လူေတြကို ေငးၾကည့္ရင္း ေမာင့္အေၾကာင္း ေတြးေနမိလိုက္တာ ေကာ္ဖီေတြ ေအးစက္သြားတာေတာင္ ယုဂ်ီမင္း မသိေတာ့ေပ

ေမာင္ရယ္ ဖုန္းလည္းဆက္စရာမရွိ လူႀကဳံပါးရမယ့္သူလည္း မရွိ အဆက္အသြယ္ျဖတ္ၿပီး ကြၽန္မကို တစ္ေယာက္တည္း ပစ္ထားခဲ့တာ ေပ်ာ္ပါရဲ႕လား

"ဂ်ီမင္းေရ မိုးေတြတအား႐ြာေနေတာ့ ဘယ္သူမွမလာေလာက္ေတာ့ဘူးထင္တယ္ စာအုပ္ဆိုင္ သိမ္းလိုက္ေတာ့ "

"ဟုတ္ကဲ့ တီေလး "

ဂ်ီမင္း သက္ျပင္းခ်ၿပီး သူ႕အေဒၚ မီေယာင္းရဲ႕ ေျပာစကားကို ျပန္ေျဖလိုက္သည္

တီေလးက ဆိုင္ပိတ္ခိုင္းေနတယ္ ေမာင္က မိုးေရထဲကေန စာအုပ္ဆိုင္ထဲ ေျပးဝင္လာရင္ ဘယ္လိုလုပ္မလဲ..... ေမာင့္အတြက္ ပိတ္လို႔ျဖစ္ပါ့မလား

ေမာင္တစ္ေယာက္ ႐ုတ္တရက္ supriseဆိုၿပီး သူ႕ဆီေရာက္လာမလားလို႔ ေမွ်ာ္လင့္ခ်က္ေတြနဲ႕အတူ ယုဂ်ီမင္းမွာ ညစဥ္ညတိုင္း စာအုပ္ဆိုင္ပိတ္ဖို႔ ေတြေဝေနေလ့ရွိသည္

သို႔ေသာ္လည္း ေမာင္ကေတာ့ ဂ်ီမင္းဆီ ေရာက္မလာခဲ့ပါ

ေမာင္မရွိတဲ့ ေန႕တစ္ေန႕ကို စတင္ဖို႔ ဂ်ီမင္း အိပ္ရာကေန ပ်င္းရိစြာ ထလိုက္သည္

ေဒၚေလးမီေယာင္းက က်န္းမာေရး သိပ္မေကာင္းတာမို႔လို႔ ဂ်ီမင္းကဘဲ ေစ်းသြားခ်က္ျပဳတ္လုပ္ေပးရသည္

"တီေလး သမီး ေစ်းသြားမလို႔ ဘာမွာအုံးမလဲ "

"မမွာေတာ့ပါဘူး သမီးရယ္ အဆင္ေျပတာသာ ဝယ္ခဲ့ "

ေဒၚေလးမီေယာင္းကလည္း အလိုက္သိသည္ လိုတာထက္ပိုၿပီး ဂ်ီမင္းကို အခက္ေတြ႕ေအာင္ ပူဆာတာမ်ိဳးမလုပ္ေပ

တူဝရီးႏွစ္ေယာက္ဘဲ ရွိေတာ့သည့္အတြက္ ဂ်ီမင္းတို႔ တူဝရီးမွာ တစ္ေယာက္ကိုတစ္ေယာက္ နားလည္ေပးရင္း ဂ႐ုစိုက္ေပးၾကသည္

ေစ်းသြားဖို႔အတြက္ ဘတ္စ္ကား မွတ္တိုင္ဘက္ကို ဂ်ီမင္း ထြက္လာသည္

ဂ်ီမင္းတို႔ အိမ္ေလးက ေစ်းနဲ႕ေဝးတာမို႔ ဘတ္စ္ကားနဲ႕သြားရသည္

ဘတ္စ္ကား မွတ္တိုင္မွာ ေစာင့္ေနရင္း တစ္ဖက္လမ္းက ဟိုတယ္ကို ဂ်ီမင္း လွမ္းၾကည့္လိုက္သည္

ဟိုတယ္ႀကီးက ေတာ္ဝင္နန္းေဆာင္လိုပင္ ခန့္ညားလြန္းလွသည္

အျပင္အဆင္ေတြကို ၾကည့္႐ုံနဲ႕ ဒီဟိုတယ္အတြက္ ေငြေပါင္းမ်ားစြာကို ရင္းႏွီးျမဳပ္ႏွံထားေၾကာင္း ဂ်ီမင္း သိနိုင္သည္

ရပ္ကြက္ထဲက လူေတြ ေျပာစကားအရ ဒီဟိုတယ္ကို ကင္မ္ မိသားစု ပိုင္တာတဲ့ေလ ကင္မ္မိသားစုဆိုတာ ေတာင္ကိုရီးယားနိုင္ငံက ၿမိဳ႕တိုင္းမွာ companyေတြ shopping mallေတြနဲ႕ ဟိုတယ္မ်ားစြာကို ပိုင္ဆိုင္ထားတဲ့ သူေဌးမိသားစုပင္ ျဖစ္သည္

ေၾသာ္ သူတို႔ေတြလည္း ဘယ္ဘဝက ကုသိုလ္ေတြေၾကာင့္ ယခုလို လူအမ်ား အားက်ရတဲ့ဘဝကို ပိုင္ဆိုင္ေနရပါလိမ့္

ဂ်ီမင္း ေငးေမာေနရင္း သူ႕ေရွ႕ကို BMW ကားတစ္စီးေရာက္လာတာကို သတိထားမိသည္

ကားေပၚကေန အမ်ိဳးသမီးေလးေယာက္က ဆင္းလာၿပီး ဂ်ီမင္းအနား ဝိုင္းလိုက္ၾကသည္

ဂ်ီမင္းမွာ အမ်ိဳးသမီးေတြရဲ႕ အျပဳအမူေတြေၾကာင့္ ေၾကာင္ေတာင္ေတာင္ေလး ျဖစ္သြားတယ္

"ဒီက မိန္းကေလးက ယုဂ်ီမင္းလားရွင့္ "

ဘုရားေရ သူတို႔က ကြၽန္မရဲ႕ နာမည္ကို ဘယ္လိုသိေနတာပါလိမ့္

"ဟုတ္....ဟုတ္ပါတယ္ ရွင္တို႔က ဘယ္သူေတြလဲ ကြၽန္မရဲ႕ နာမည္ကို ဘယ္လိုလုပ္သိတာလဲ "

ဂ်ီမင္း တအံ့တၾသနဲ႕ ထိုအမ်ိဳးသမီးေတြကို ျပန္ေမးခြန္းထုတ္လိုက္သည္

တီေလး ကြၽန္မ မသိေအာင္ ကြၽန္မကို ေက်ာင္းတက္နိုင္ဖို႔ ေခ်းေငြမ်ား ေခ်းထားေလသလား ေငြတိုးေခ်းစားတဲ့လူေတြနဲ႕မ်ား ပတ္သက္ေနသလား

ဂ်ီမင္း ေလွ်ာက္ေတြးမိၿပီး ေၾကာက္လန့္တၾကားျဖစ္သြားမိသည္

"သခင္မေလးက ယုဂ်ီမင္းကို ေခၚခိုင္းလိုက္လို႔ပါ အဲ့တာေၾကာင့္ ယုဂ်ီမင္းက ကြၽန္မတို႔နဲ႕ လိုက္ခဲ့ေပးပါရွင့္ "

သခင္မေလး? သူတို႔ေတြ ဘာေတြေျပာေနၾကတာလဲ ဘယ္သခင္မေလးလည္း

"ရွင္တို႔ ေျပာေနတာေတြ ကြၽန္မ တစ္ခုမွ နားမလည္ဘူး ရွင္တို႔ကိုလည္း ကြၽန္မ မသိဘူး "

"ကြၽန္မတို႔နဲ႕ လိုက္လာရင္ သိသြားမွာပါ

"အို မလိုက္နိုင္ပါဘူး ရႈပ္ရႈပ္ယွက္ယွက္ေတြ လာမလုပ္ပါနဲ႕ ကြၽန္မ ေအာ္လိုက္မွာေနာ္ "

ဂ်ီမင္းက ေျပာေတာ့ ထိုအမ်ိဳးသမီးထဲက တစ္ေယာက္က ဒူးေထာက္ခ်သည္

ထိုအမ်ိဳးသမီး အျပဳအမူေၾကာင့္ ျဖတ္သြားျဖတ္လာေတြကလည္း ဂ်ီမင္းကို ဝိုင္းၾကည့္ေနၾကသည္

"ရွင္ ဘာလုပ္တာလဲ ထပါရွင္ ကြၽန္မကို အခက္ေတြ႕ေအာင္ မလုပ္ပါနဲ႕ ကြၽန္မ ဘာလုပ္မိလို႔ ကြၽန္မမွာ ဘာအျပစ္ရွိလို႔ ခုလိုလုပ္ေနရတာလဲရွင္ ရွင္တို႔နဲ႕လည္း ကြၽန္မ မသိဘူးေလရွင္ "

"ယုဂ်ီမင္း မလိုက္ခင္ရင္ ယုဂ်ီမင္းကို ရေအာင္ မေခၚလာရင္ ကြၽန္မတို႔ကို အလုပ္ထုတ္ပစ္မယ္လို႔ သခင္မေလးက ရာဇသံေပးထားလို႔ ကြၽန္မတို႔ကို ေထာက္ငွာေသာအားျဖင့္ ခဏ ျဖစ္ျဖစ္ လိုက္ခဲ့ေပးပါရွင္ ၿပီးရင္ ျပန္ပို႔ေပးမွာပါ ကြၽန္မ ေတာင္းပန္ပါတယ္ "

လက္အုပ္ေတြခ်ီၿပီး ထိုင္ကန္ေတာ့ေနေသာေၾကာင့္ ဂ်ီမင္းလည္း ဘာမွန္းမသိေပမယ့္ ထိုအမ်ိဳးသမီးေတြနဲ႕ လိုက္ဖို႔ သေဘာတူလိုက္ရသည္

သေဘာမတူလို႔လည္းမရဘူးေလ မဟုတ္ရင္ အင္တာနက္မွာ သူကန္ေတာ့ခံေနရတဲ့ပုံနဲ႕  ေပါက္ကရသတင္းေတြ တက္လာေနမွာ မဟုတ္လား

#tbc

Bạn đang đọc truyện trên: Truyen3h.Co