Part 2
မိမိကြောင့် တစ်ပါးသူ အလုပ် ပြုတ်မှာဆိုးလို့သာ ဂျီမင်း လိုက်ဖို့သဘောတူလိုက်တာ ဘယ်ကို သွားနေမှန်း ဂျီမင်းမသိပေ
သူ့ကိုခေါ်လာတဲ့ အမျိုးသမီးတွေကို မေးကြည့်တော့လည်း ရောက်တဲ့အခါ သိမှာပေါ့တဲ့ ကဲ
ကျွန်မက မသိတဲ့ သူစိမ်းတွေနောက် လိုက်သွားတာကို မောင်သာသိကြည့် ဘယ်လောက်တောင် ဆူလိုက်မလဲ
အခုတော့ ဆူဖို့နေနေသာသာ မောင်က ဘယ်ရောက်နေမှန်းမသိ အရင်လို ကျွန်မရဲ့ တစ်နေ့တာကို မောင်က သိချင်နေသေးလား မသိချင်တော့ဘူးလား
လုံးဝကို ပျောက်ချက်သား ကောင်းတဲ့မောင်
ကျွန်မ ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် စိတ်နာပြီးများ ထွက်သွားလေသလား
သူ့အကြောင်းတွေ လိုက်စုံစမ်းဖို့ နေနေသာသာ သူ့လိပ်စာ သူ့ဖုန်းနံပါတ် သူ့မိဘတွေအကြောင်း ဘာဆိုဘာမှသိခွင့်ရခဲ့တာမဟုတ်
အရှင်းဆုံးပြောရရင် သူ့နာမည်အရင်းတောင် ကျွန်မ မသိပါ
ဒီအတိုင်း ကျွန်မထက် ငယ်ပြီး ချစ်ဖို့ကောင်းတဲ့သူမို့လို့ ချစ်စနိုးနဲ့ မောင်လို့ ခေါ်ခဲ့ခြင်း ဖြစ်သည်
ကဲ ကျွန်မ အဖြစ်ကို ကြည့်ပြီး ရှင်တို့ ပြက်ရယ်ပြုကြရောပေါ့ မတတ်နိုင်ဘူးလေ ကျွန်မက မျက်စိစုံလုံးမှိတ်ပြီး ချစ်မိတာကိုး
မနက် မိုးလင်းတာနဲ့ ကျွန်မရဲ့ ဆိုင်ကို ရောက်လာတဲ့ မောင့်ကို ကျွန်မ လွမ်းတယ်
ကျွန်မ ကျောင်းသွားရင်လည်း ကျောင်းထိလိုက်ပို့တတ်သူ
စာအုပ်ဆိုင်အတွက် စာအုပ်တွေသွားဝယ်ရင်လည်း ဘေးကနေ လိုက်လာပေးသူ
မုန့်အတူစားရင်တောင် မုန့်မစားဘဲ ခွေးပေါက်လေးတစ်ကောင်လို ရွှန်းလဲ့ပြီးချစ်စရာကောင်းတဲ့ မျက်ဝန်းတွေနဲ့ ကျွန်မကို ထိုင်ကြည့်နေတတ်သူ
အခုတော့ ပြန်လာအုံးမှာလား မပြန်လာတော့ဘူးလား သိခွင့်မရသူဖြစ်နေပြီ
ကားကြီးက ဘယ်လောက်ကောင်းလဲဆို ငြိမ့်ညောင်းပြီး Air conကလည်း အေးစက်လို့
Bus ကားဘဲ စီးနေကျ ကျွန်မအတွက်တော့ တကယ့်ကို စပယ်ရှယ်ပါဘဲ
ယုဂျီမင်းလည်း ဘယ်သူ့ကိုမှ ဘာမှမေးမရတဲ့အဆုံး ကားပေါ်မှာ ငြိမ်ငြိမ်လေးသာ လိုက်လာခဲ့တော့သည်
နောက်ဆုံးတော့ သူတို့ခေါ်လာတဲ့နေရာကို ရောက်လာပြီ ထင်ပါရဲ့
"ရောက်ပါပြီ "
"နေပါအုံးရှင် ကျွန်မ ဒီအထိ လိုက်လာပေးပြီဘဲ ရှင်တို့ မမလေးနာမည်လောက်တော့ ပြောပြပေးလို့မရဘူးလား "
"ဝင်းတား ခေါ် ကင်မင်ဂျောင်းပါ တောင်ကိုရီးယားတစ်နိုင်ငံလုံးရဲ့ စီးပွားရေး ပိုင်းဆိုင်ရာတွေမှာ နာမည်ကြီးထိပ်တန်းဖြစ်တဲ့ Kim Groupရဲ့ ဆက်ခံသူပါရှင့် "
"ဘုရားရေ ..."
ဂျီမင်းမှာ အမျိုးသမီးရဲ့စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားတယ်
"Hotel တွေ shopping mallတွေ အမြောက်အမြားလည်းပိုင်ဆိုင်ထားတယ်လေ "
"ကင် groupကို ကျွန်မ သိတယ် "
"ဟုတ်ကဲ့ ဒါဆို မမလေး စောင့်နေတာမို့ ကားပေါ်ကဆင်းခဲ့ပေးနော် "
ဂျီမင်း ဘယ်လောက်ဘဲ စိတ်အေးအေးထားပါစေ ခမ်းနားထည်ဝါတဲ့ စံအိမ်ထဲ ဝင်ဝင်ချင်း ကြက်သီးတွေက ထလာသည်
သူ့ကိုခေါ်လာတဲ့အမျိုးသမီးတွေက ဂျီမင်းကို အခန်းတစ်ခန်းထဲဝင်ထိုင်ခိုင်းပြီး မမလေးက လာပါတော့မယ်လို့ ပြောပြီး ထွက်သွားတယ်
ဂျီမင်း စောင့်ရင်း နာရီကို ငုံ့ကြည့်တော့ ဆယ်မိနစ်တောင် ကျော်သွားပြီ
ဘယ်လောက်ဘဲ ကြီးကျယ်ခမ်းနားလွန်းသူ သူဌေးကြီးဖြစ်နေပါစေ သူ့ဘက်ကအရင် စတင် ဖိတ်ခေါ်ခဲ့တာဘဲကို ဘာတွေဟိတ်ဟန်ထုတ်ပြီး အချိန်ဆွဲနေသလဲ
စောင့်နေရတဲ့သူကို လေးစားသမှုမရှိသူဟု ဂျီမင်း တွေးနေမိသည်
စောင့်ရတဲ့အလုပ်ကို စိတ်မြန်လက်မြန်စိတ်သွက်လက်သွက်ရှိတဲ့ ဂျီမင်းတစ်ယောက် မကြိုက်တော့ပေ
ဂျီမင်း သက်ပြင်းချပြီး ထပြန်ဖို့ ဆုံးဖြတ်လိုက်တယ်
ထိုစဥ် ကျွီခနဲ မြည်သံနဲ့အတူ တံခါးက ပွင့်လာသည်
"မမလေး လာပါပြီရှင့် "
တရိုတသေနဲ့ ဦးစားပေးနေကြတဲ့ အမျိုးသမီးတွေကြောင့် ကင်မင်ဂျောင်းဆိုတဲ့ အမျိုးသမီးကို မတွေ့ရသေးတာတောင် ဂျီမင်းစိတ်ထဲ နည်းနည်းတော့ ဖြုံမိလာတယ်
"ဟင် "
ရုတ်တရက် တွေ့လိုက်ရတဲ့ တစ်စုံတစ်ယောက်ကြောင့် ဂျီမင်း မျက်လုံးတွေ ဝိုင်းစက်သွားပြီး
ရင်ဘတ်တစ်ခုလုံးလည်း ပေါက်ထွက်သွားတော့မလို ခံစားရသည်
"မောင်..."
နှုတ်ဖျားကနေလည်း ရုတ်တရက်ထွက်လာပြီး မယုံနိုင်စိတ်ကလည်း တစ်ပြိုင်တည်း ဝင်ရောက်လာတယ်
ဖြစ်နိုင်ပါ့မလား
ဆွဲသားဘောင်းဘီအနက်နဲ့ဂျင်းဂျာကင်ကို အမြဲဝတ်ပြီး ဖရိုဖရဲဖြစ်နေကျ မောင်က အခုတော့ လည်သာဂျာကင်နဲ့ သပ်သပ်ရပ်ရပ်ဖြစ်နေပါ့လား
"မောင်လို့ ခေါ်လိုက်တာလား "
ကင်မင်ဂျောင်းရဲ့ အသံက မောင့်အသံနဲ့ ချွတ်စွပ်တူနေပြန်လို့ ဂျီမင်း စိတ်ရှုပ်သွားတယ်
ရုပ်တူတာတော့ ထားပါအုံး အသံကပါ ချွတ်စွပ်တူနေတာကြီးကျ....
"မောင် မဟုတ်လား "
ဂျီမင်းရဲ့ မျက်မှောင်ကြုတ်ပြီး ပြောလိုက်တဲ့ စကားကြောင့် မင်ဂျောင်းက ရိသဲ့သဲ့အပြုံးလေးနဲ့ ပြုံးလာတယ်
ဘုရားရေ ကျွန်မ သိတဲ့မောင်က ဒီလိုရိသဲ့သဲ့ အပြုံးမျိုး မပြုံးတတ်ပါဘူး
မင်ဂျောင်း ပြုံးထားရာကနေ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ဂျီမင်းရဲ့ အံ့သြနေမှုကြောင့် ပွင့်အနေတဲ့ နှုတ်ခမ်းလေးကို စိုက်ကြည့်လိုက်တယ်
အဲ့ဒီနှုတ်ခမ်းလေးပေါ့ ချိုသာတဲ့စကားတွေကို တီတီတာတာပြောတတ်တဲ့အပြင် စိတ်နာစရာကောင်းလွန်းတဲ့ စကားကိုလည်း ပြောတတ်သေးတာ ...
အဲ့လိုတွေပြောတတ်တဲ့ ဒီမိန်းကလေးကို မင်ဂျောင်း မုန်းပစ်လိုက်ချင်ပေမယ့်လည်း သက်ပြင်းလေးကို ခိုးချပြီး ဆိုဖာမှာ ထိုင်ပစ်လိုက်သည်
"ထိုင်လေ မထိုင်ဘူးလား "
ဂျီမင်းမှာ မင်ဂျောင်းကို မျက်စောင်းထိုးပြီး ဇက်ခနဲ ထိုင်ချလိုက်သည်
"မောင်က... တို့ကို အရူးလုပ်ခဲ့တာပေါ့ ဟုတ်လား "
"ကျုပ်ရဲ့နာမည်က ကင်မင်ဂျောင်းပါ"
"မောင် ဘယ်လိုဖြစ်နေတာလဲ "
မာကျောအေးစက်တဲ့ မင်ဂျောင်းပုံစံကြောင့် ဂျီမင်း မျက်ရည်တွေဝဲလာတယ် ဒီလို ပုံစံမျိုး တစ်ခါမှ မမြင်ဖူးဘူးလေ
ဂျီမင်း မျက်ရည်တွေကို မကျလာအောင် အံကြိတ်ထိန်းနေရသည်
#tbc
#zawgyi
မိမိေၾကာင့္ တစ္ပါးသူ အလုပ္ ျပဳတ္မွာဆိုးလို႔သာ ဂ်ီမင္း လိုက္ဖို႔သေဘာတူလိုက္တာ ဘယ္ကို သြားေနမွန္း ဂ်ီမင္းမသိေပ
သူ႕ကိုေခၚလာတဲ့ အမ်ိဳးသမီးေတြကို ေမးၾကည့္ေတာ့လည္း ေရာက္တဲ့အခါ သိမွာေပါ့တဲ့ ကဲ
ကြၽန္မက မသိတဲ့ သူစိမ္းေတြေနာက္ လိုက္သြားတာကို ေမာင္သာသိၾကည့္ ဘယ္ေလာက္ေတာင္ ဆူလိုက္မလဲ
အခုေတာ့ ဆူဖို႔ေနေနသာသာ ေမာင္က ဘယ္ေရာက္ေနမွန္းမသိ အရင္လို ကြၽန္မရဲ႕ တစ္ေန႕တာကို ေမာင္က သိခ်င္ေနေသးလား မသိခ်င္ေတာ့ဘူးလား
လုံးဝကို ေပ်ာက္ခ်က္သား ေကာင္းတဲ့ေမာင္
ကြၽန္မ ေျပာလိုက္တဲ့ စကားတစ္ခြန္းေၾကာင့္ စိတ္နာၿပီးမ်ား ထြက္သြားေလသလား
သူ႕အေၾကာင္းေတြ လိုက္စုံစမ္းဖို႔ ေနေနသာသာ သူ႕လိပ္စာ သူ႕ဖုန္းနံပါတ္ သူ႕မိဘေတြအေၾကာင္း ဘာဆိုဘာမွသိခြင့္ရခဲ့တာမဟုတ္
အရွင္းဆုံးေျပာရရင္ သူ႕နာမည္အရင္းေတာင္ ကြၽန္မ မသိပါ
ဒီအတိုင္း ကြၽန္မထက္ ငယ္ၿပီး ခ်စ္ဖို႔ေကာင္းတဲ့သူမို႔လို႔ ခ်စ္စနိုးနဲ႕ ေမာင္လို႔ ေခၚခဲ့ျခင္း ျဖစ္သည္
ကဲ ကြၽန္မ အျဖစ္ကို ၾကည့္ၿပီး ရွင္တို႔ ျပက္ရယ္ျပဳၾကေရာေပါ့ မတတ္နိုင္ဘူးေလ ကြၽန္မက မ်က္စိစုံလုံးမွိတ္ၿပီး ခ်စ္မိတာကိုး
မနက္ မိုးလင္းတာနဲ႕ ကြၽန္မရဲ႕ ဆိုင္ကို ေရာက္လာတဲ့ ေမာင့္ကို ကြၽန္မ လြမ္းတယ္
ကြၽန္မ ေက်ာင္းသြားရင္လည္း ေက်ာင္းထိလိုက္ပို႔တတ္သူ
စာအုပ္ဆိုင္အတြက္ စာအုပ္ေတြသြားဝယ္ရင္လည္း ေဘးကေန လိုက္လာေပးသူ
မုန့္အတူစားရင္ေတာင္ မုန့္မစားဘဲ ေခြးေပါက္ေလးတစ္ေကာင္လို ႐ႊန္းလဲ့ၿပီးခ်စ္စရာေကာင္းတဲ့ မ်က္ဝန္းေတြနဲ႕ ကြၽန္မကို ထိုင္ၾကည့္ေနတတ္သူ
အခုေတာ့ ျပန္လာအုံးမွာလား မျပန္လာေတာ့ဘူးလား သိခြင့္မရသူျဖစ္ေနၿပီ
ကားႀကီးက ဘယ္ေလာက္ေကာင္းလဲဆို ၿငိမ့္ေညာင္းၿပီး Air conကလည္း ေအးစက္လို႔
Bus ကားဘဲ စီးေနက် ကြၽန္မအတြက္ေတာ့ တကယ့္ကို စပယ္ရွယ္ပါဘဲ
ယုဂ်ီမင္းလည္း ဘယ္သူ႕ကိုမွ ဘာမွေမးမရတဲ့အဆုံး ကားေပၚမွာ ၿငိမ္ၿငိမ္ေလးသာ လိုက္လာခဲ့ေတာ့သည္
ေနာက္ဆုံးေတာ့ သူတို႔ေခၚလာတဲ့ေနရာကို ေရာက္လာၿပီ ထင္ပါရဲ႕
"ေရာက္ပါၿပီ "
"ေနပါအုံးရွင္ ကြၽန္မ ဒီအထိ လိုက္လာေပးၿပီဘဲ ရွင္တို႔ မမေလးနာမည္ေလာက္ေတာ့ ေျပာျပေပးလို႔မရဘူးလား "
"ဝင္းတား ေခၚ ကင္မင္ေဂ်ာင္းပါ ေတာင္ကိုရီးယားတစ္နိုင္ငံလုံးရဲ႕ စီးပြားေရး ပိုင္းဆိုင္ရာေတြမွာ နာမည္ႀကီးထိပ္တန္းျဖစ္တဲ့ Kim Groupရဲ႕ ဆက္ခံသူပါရွင့္ "
"ဘုရားေရ ..."
ဂ်ီမင္းမွာ အမ်ိဳးသမီးရဲ႕စကားေၾကာင့္ ပါးစပ္အေဟာင္းသား ျဖစ္သြားတယ္
"Hotel ေတြ shopping mallေတြ အေျမာက္အျမားလည္းပိုင္ဆိုင္ထားတယ္ေလ "
"ကင္ groupကို ကြၽန္မ သိတယ္ "
"ဟုတ္ကဲ့ ဒါဆို မမေလး ေစာင့္ေနတာမို႔ ကားေပၚကဆင္းခဲ့ေပးေနာ္ "
ဂ်ီမင္း ဘယ္ေလာက္ဘဲ စိတ္ေအးေအးထားပါေစ ခမ္းနားထည္ဝါတဲ့ စံအိမ္ထဲ ဝင္ဝင္ခ်င္း ၾကက္သီးေတြက ထလာသည္
သူ႕ကိုေခၚလာတဲ့အမ်ိဳးသမီးေတြက ဂ်ီမင္းကို အခန္းတစ္ခန္းထဲဝင္ထိုင္ခိုင္းၿပီး မမေလးက လာပါေတာ့မယ္လို႔ ေျပာၿပီး ထြက္သြားတယ္
ဂ်ီမင္း ေစာင့္ရင္း နာရီကို ငုံ႕ၾကည့္ေတာ့ ဆယ္မိနစ္ေတာင္ ေက်ာ္သြားၿပီ
ဘယ္ေလာက္ဘဲ ႀကီးက်ယ္ခမ္းနားလြန္းသူ သူေဌးႀကီးျဖစ္ေနပါေစ သူ႕ဘက္ကအရင္ စတင္ ဖိတ္ေခၚခဲ့တာဘဲကို ဘာေတြဟိတ္ဟန္ထုတ္ၿပီး အခ်ိန္ဆြဲေနသလဲ
ေစာင့္ေနရတဲ့သူကို ေလးစားသမႈမရွိသူဟု ဂ်ီမင္း ေတြးေနမိသည္
ေစာင့္ရတဲ့အလုပ္ကို စိတ္ျမန္လက္ျမန္စိတ္သြက္လက္သြက္ရွိတဲ့ ဂ်ီမင္းတစ္ေယာက္ မႀကိဳက္ေတာ့ေပ
ဂ်ီမင္း သက္ျပင္းခ်ၿပီး ထျပန္ဖို႔ ဆုံးျဖတ္လိုက္တယ္
ထိုစဥ္ ကြၽီခနဲ ျမည္သံနဲ႕အတူ တံခါးက ပြင့္လာသည္
"မမေလး လာပါၿပီရွင့္ "
တရိုတေသနဲ႕ ဦးစားေပးေနၾကတဲ့ အမ်ိဳးသမီးေတြေၾကာင့္ ကင္မင္ေဂ်ာင္းဆိုတဲ့ အမ်ိဳးသမီးကို မေတြ႕ရေသးတာေတာင္ ဂ်ီမင္းစိတ္ထဲ နည္းနည္းေတာ့ ၿဖဳံမိလာတယ္
"ဟင္ "
႐ုတ္တရက္ ေတြ႕လိုက္ရတဲ့ တစ္စုံတစ္ေယာက္ေၾကာင့္ ဂ်ီမင္း မ်က္လုံးေတြ ဝိုင္းစက္သြားၿပီး
ရင္ဘတ္တစ္ခုလုံးလည္း ေပါက္ထြက္သြားေတာ့မလို ခံစားရသည္
"ေမာင္..."
ႏႈတ္ဖ်ားကေနလည္း ႐ုတ္တရက္ထြက္လာၿပီး မယုံနိုင္စိတ္ကလည္း တစ္ၿပိဳင္တည္း ဝင္ေရာက္လာတယ္
ျဖစ္နိုင္ပါ့မလား
ဆြဲသားေဘာင္းဘီအနက္နဲ႕ဂ်င္းဂ်ာကင္ကို အၿမဲဝတ္ၿပီး ဖရိုဖရဲျဖစ္ေနက် ေမာင္က အခုေတာ့ လည္သာဂ်ာကင္နဲ႕ သပ္သပ္ရပ္ရပ္ျဖစ္ေနပါ့လား
"ေမာင္လို႔ ေခၚလိုက္တာလား "
ကင္မင္ေဂ်ာင္းရဲ႕ အသံက ေမာင့္အသံနဲ႕ ခြၽတ္စြပ္တူေနျပန္လို႔ ဂ်ီမင္း စိတ္ရႈပ္သြားတယ္
႐ုပ္တူတာေတာ့ ထားပါအုံး အသံကပါ ခြၽတ္စြပ္တူေနတာႀကီးက်....
"ေမာင္ မဟုတ္လား "
ဂ်ီမင္းရဲ႕ မ်က္ေမွာင္ၾကဳတ္ၿပီး ေျပာလိုက္တဲ့ စကားေၾကာင့္ မင္ေဂ်ာင္းက ရိသဲ့သဲ့အၿပဳံးေလးနဲ႕ ၿပဳံးလာတယ္
ဘုရားေရ ကြၽန္မ သိတဲ့ေမာင္က ဒီလိုရိသဲ့သဲ့ အၿပဳံးမ်ိဳး မၿပဳံးတတ္ပါဘူး
မင္ေဂ်ာင္း ၿပဳံးထားရာကေန ႏႈတ္ခမ္းကို တင္းတင္းေစ့ၿပီး ဂ်ီမင္းရဲ႕ အံ့ၾသေနမႈေၾကာင့္ ပြင့္အေနတဲ့ ႏႈတ္ခမ္းေလးကို စိုက္ၾကည့္လိုက္တယ္
အဲ့ဒီႏႈတ္ခမ္းေလးေပါ့ ခ်ိဳသာတဲ့စကားေတြကို တီတီတာတာေျပာတတ္တဲ့အျပင္ စိတ္နာစရာေကာင္းလြန္းတဲ့ စကားကိုလည္း ေျပာတတ္ေသးတာ ...
အဲ့လိုေတြေျပာတတ္တဲ့ ဒီမိန္းကေလးကို မင္ေဂ်ာင္း မုန္းပစ္လိုက္ခ်င္ေပမယ့္လည္း သက္ျပင္းေလးကို ခိုးခ်ၿပီး ဆိုဖာမွာ ထိုင္ပစ္လိုက္သည္
"ထိုင္ေလ မထိုင္ဘူးလား "
ဂ်ီမင္းမွာ မင္ေဂ်ာင္းကို မ်က္ေစာင္းထိုးၿပီး ဇက္ခနဲ ထိုင္ခ်လိဳက္သည္
"ေမာင္က... တို႔ကို အ႐ူးလုပ္ခဲ့တာေပါ့ ဟုတ္လား "
"က်ဳပ္ရဲ႕နာမည္က ကင္မင္ေဂ်ာင္းပါ"
"ေမာင္ ဘယ္လိုျဖစ္ေနတာလဲ "
မာေက်ာေအးစက္တဲ့ မင္ေဂ်ာင္းပုံစံေၾကာင့္ ဂ်ီမင္း မ်က္ရည္ေတြဝဲလာတယ္ ဒီလို ပုံစံမ်ိဳး တစ္ခါမွ မျမင္ဖူးဘူးေလ
ဂ်ီမင္း မ်က္ရည္ေတြကို မက်လာေအာင္ အံႀကိတ္ထိန္းေနရသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co