Part 9
ကျောင်းမှာ ဂျီမင်း ကိုစိတ်ဝင်စားနေကြသူတွေထဲက ကွမ်ဝူးက အသဲဆုံးပင်ဖြစ်သည်။
ဂျီမင်းကို စာလည်း ပေးဖူးပြီး နောက်က တကောက်ကောက် လိုက်ပြီး စကား ပြောဖူးသည်။
ကန်ငင်းမှာ ဇွတ် ပိုက်ဆံရှင်းသွားတာကို မသိ လိုက်တာမျိုး လည်း ဖြစ်ဖူစခဲ့သည်။
ဂျီမင်း အခန်းဝမှ ရပ်စောင့်ရင်း ငေးကြည့်ကာ အနေရခက်လောက်အောင်လည်း ချစ်မြတ်နိုးဟန်တွေ ပြဖူးသည်။
လူရမ်းကား မဆန်သရွေ့တော့ ဂျီမင်းကဘဲ သည်းညည်းခံရမှာပေါ့။
ဂျီမင်းကို နှောင့်နှောင့်ယှက်ယှက် အဖြစ်မျိုးတော့ သူက ရှောင်ရှားသည်။ သူ့ ပုံစံက တလေးတနက် ရှိတာမို့ ဂျီမင်းလည်း ရင့် သီး မာထန်စွာ မတုံ့ပြန်မိပါ။
ဘာမှ အဖြေမပေးပေမယ့် သူပြုံးပြလျှင်တော့ ဂျီမင်း မပွင့်တပွင့်ပဲဖြစ်ဖြစ် ပြန်ပြီး ပြုံးပြမိတတ်သည်
တစ်ရက်တော့ ဂျီမင်းတို့ ဘတ်စ်ကားစောင့်နေခိုက် သူ့ ကားကလေး ထိုးရပ်လာကာ...
“ဂျီမင်း အိမ်ပြန်မလို့မဟုတ်လား ကိုယ် လိုက်ပို့ ပါရစေ အားလုံးကိုပဲပေါ့”
ရပါတယ် … ဘတ်စ်နဲ့ပြန်နေကျ"
ရူဂျင်းက ခပ်သွက်သွက်ပင် ငြင်းသည်။ သူကလည်း ဇွတ်ပင်ခေါ်သည်။
ဂျီမင်းတို့ သူငယ်ချင်းလေးယောက်လုံး ခေါင်းတခါခါ ငြင်းကြရင်း ကား အချောင်မစောင့်တော့ဘဲ ရောက်လာသော တစ်စင်းပေါ် ကမန်းကတန်း တက်ကြသည်။
ဂျီမင်းတို့ ဘတ်စ်ကားနောက်မှာ ကွမ်ဝူး ကားကလေး တဖြည်းဖြည်းနှင့် ပါလာမှန်းသိတော့ ဂျီမင်း စိတ်ညစ်လိုက်ရတာ။
“ဂိတ်ကျရင် ဟိုတစ်ယောက်က စောင့်နေမှာပဲ”
ဂျီမင်း ညည်းညူတာကို ယူနာက မျက်စောင်းထိုးလျက်...
“တွေ့ ဘာဖြစ်လဲ”
“တစ်မျိုးထင်မှာပေါ့”
"ထင် ဘာဖြစ်လဲ ဘာကိုစိုးရိမ်စရာရှိလို့လဲ ဂျီမင်းရဲ့"
ဂျီမင်း ခေါင်းသာခါလိုက်သည်။ တစ်လမ်းလုံး စိတ်မဖြောင့် လက်မဖြောင့်နှင့်ပင် ဂျီမင်းတို့ မှတ်တိုင်ရောက်တော့ ဆင်းရသည် ထုံးစံအတိုင်း ဂျီမင်းတို့လက်ထဲက ပစ္စည်းတွေကို မောင်ကလှမ်းယူကာ ဂျီမင်းတို့ လွယ်အိတ်ပြင်လွယ် အင်္ကျီဆွဲချ စသဖြင့် နေသား တကျဖြစ်မှ ရယ်ဂျီတို့စာအုပ် ထမင်းဘူးတို့ကို ပြန်ပေးလိုက် ၏။
“ ဟယ် … ကွမ်ဝူး ရပ်ကြည့်နေတုန်း"
ရူဂျင်းက တီးတိုး ပြောပေမယ့် မောင် ကြားသွားကာ မျက်လုံးတွေက ကွမ်ဝူးထံ ရောက်သွားသည်။
ဂျီမင်းလည်းမလုံမလဲ လှမ်းကြည့်မိခိုက် ကွမ်ဝူးကနှုတ် ခမ်းကလေး ဖွင့်ကာ ပြုံးပြလိုက်တာမို့ မနေတတ် မထိုင်တတ် ခြေလှမ်း မှားရသည်။
မောင် တစ်မျိုးထင်မှာကို ဘာကြောင့် ဂျီမင်း ဒီလောက် ကြောက်ရွံ့မိပါလိမ့်။
“အဲဒါ ဘယ်သူလဲ ”
မေးသော မောင့်အသံက မတင်မကျကြီး။
“ကျောင်းကပါ"
“သူငယ်ချင်းလား”
“ကျွန်မကို ချစ်နေတယ်"
တုံ့နှေးနှေး ဖြေလိုက်သံနောက်မှာ မောင့်အသံ တိတ်သွားသည်။
ဆိုင်မှာလဲ စာကို ခပ်တည်တည် ထိုင်ဖတ်နေလျက် ဂျီမင်းကို ဘာမှမပြောတော့။
ဂျီမင်း နေလို့ ထိုင်လို့ မရ။ ငိုချင်သလိုလို ဖြစ်နေကာ စာအုပ်လာငှားသူတွေအပေါ်မှာတောင် မာပြတ်ပြတ် ဖြစ်နေရ၏။
မောင်က အန်တီ မီယောင်း နှင့်တော့ စကား ပြေလည်စွာ ပြောတာမို့ ဂျီမင်း မောင့်အနား ဆက်မထိုင်ချင်တော့။
အန်တီမီယောင်းကို ခွင့်တောင်းကာ ယူနာ့အိမ်ကို သွားဖို့ ထွက်လာခဲ့သည်။ မမှောင်သေးပေမယ့် နေတော့ ဝင်ပြီ။
ယူနာက သူတို့လမ်း အနောက်ဘက်မှာ နေတာမို့ ခါတိုင်းလိုပင် အန်တီမီယောင်းက စိတ်ချလက်ချ လွှတ်လိုက်သည်။
ဂျီမင်း ခြေလှမ်းနှေးနှေးနှင့် ခေါင်းငုံ လျှောက်လာရင်း မီးသတ်ရုံရှေ့မှာ လမ်းကူးဖိုအရပ်...
"ဂျီမင်း"
မောင်ရောက်လာသည်
ဂျီမင်းကတစ်ချက်လှည့်ကြည့်ရင်း....
"ပြန်တော့မလို့လား"
ဟု ခပ်တိုးတိုးပဲ မေးလိုက်သည်။ မောင်က ခေါင်းခါရင်း...
“မင်း တစ်ယောက်ထဲမို့လို့ လိုက်ပို့မလို့”
“ဒီလောက်လေးများ သွားနေကျပါ"
“ဒါပေမယ့် ခါတိုင်းဆို တစ်နေရာ သွားခါနီးရင် ကျွန်တော့်ကို ခေါ်ရင်ခေါ် ဒါမှမဟုတ် သွားအုံးမယ်လို နှုတ်ဆက်သွားနေကျ မဟုတ်လား"
“ခု နှုတ်ဆက်မသွားမိလို့လား၊ ကျွန်မ သူငယ်ချင်းတို့အိမ်သွားလိုက်အုံးမယ် နှုတ်ဆက်ပါတယ်"
ဂျီမင်း မျက်နှာမှုန်မှုန်ကို ကြည့်ကာ မောင်က ပြုံးတော့မလို ဖြစ်လာသည်။
“ဂျီမင်း ဘာဖြစ်နေတာလဲ"
“ကျွန်မ ဘာမှမဖြစ်ဘူး ရှင်ကသာ ဖြစ်နေတာ"
“ကျွန်တော် ဘာဖြစ်လို့လဲ”
"စကား မပြောဘူး"
‘ဟော ဂျီမင်းက မပြောတာများ'
ဂျီမင်း မောင့်ကို မျက်စောင်း ရွယ်လိုက်မိသည်။ မောင်က မှီဘက် တည့်တည့်လှည့်ရပ်ကာ ဂျီမင်း ပါးကွက်ကျားကလေးကို ငေးကြည့်လျက်
“ကွမ်ဝူးက မင်း ရည်းစားလား"
“ဘယ်က ဟုတ်ရမှာလဲ"
“ဒါဆို အဖြေမပေးရသေးတာလား"
“အင်း"
“ဘာလို အဖြေမပေးသေးတာလဲ ဂျီမင်းက သူ့ကိုမချစ်လို့လား"
“အင်းပေါ့”
“ဒါဖြင့် ငြင်းလိုက်တော့ပေါ့”
မောင့် မျက်ဝန်းကလေးတွေကို ဂျီမင်း ကြည့်ရင်း ရင်ထဲမှာ နွေးမြလှိုက်ဖိုသွားရသည်။ ဂျီမင်း ဘယ်လိုဖြစ်သွားမှန်း မသိ။ ကလေးဆိုးကြီးလို ထုံပေပေ မှုန်ကုပ်ကပ်နှင့် မျက်နှာကြီး အလိုမကျ ဖြစ်နေသော မောင့်ပါးပြင် ဖြူစိမ်းစိမ်းကို ချစ် စနိုးစွာ လိမ်ဆွဲပစ်လိုက်ချင်သည်။
ခုနက ဘဝင်မကျခြင်းတွေ ဂျီမင်း ရင်ထဲမှာ ပျောက်ပျက်လျက် ဘာကိုလုပ်မှန်းမသိ ပျော်ရွှင်လာသည်။
ဂျီမင်း ရယ်မောလိုက်မိလေသည်။
“ဂျီမင်း ကျွန်တော့်ကို ရယ်တာလား"
“ အင်း"
"ရယ်ပေါ့ဗျာ”
"ရယ်တယ် ရယ်တယ် ဟင်း ဟင်း ဟင်း"
“ဘာဖြစ်လို့ ရယ်တာလဲ”
“မပြောပါဘူး"
“ပြောပါ ဘာဖြစ်လို့ ဂျီမင်းက ရယ်တာလဲ"
“မပြောဘူး မပြောဘူး ရှင့်ကို ကျွန်မ ဘာများ မေးလို့ ရဖူးလို့လဲ ကျွန်မကို ဘာများ သေသေ ချာချာ ဖြေဖူးလို့လဲ ကျွန်မလဲ မဖြေဘူး ကြေပြီ”
ဂျီမင်းမှာ လမ်းကို အပြေး ဖြတ်ကူးလိုက်သည်။ မောင်ကလဲ နောက်က လိုက်အကူး ကျီးကနဲ ဘရိတ်အုပ်သံကြောင့် ဂျီမင်း လမ်းတစ်ဝက်မှာရပ်ပြီး လှည့်ကြည့်လိုက်မိသည်။
ကားတစီးက မောင့်ကြောင့် အပြင်းအထန် ဘရိတ် အုပ်လိုက်ရတာပါပဲ။ ကားထဲက ခေါင်းတစ်ခေါင်း ထွက်လာကာ မောင့်ကို တအံ့တသြကြည့်ရင်း...
“ဟိတ်....မင်းးးးးး"
လှမ်းအော်လိုက်သည်။ မောင်က ထိုသူကို လက်ဝါးတစ်ချက် ကာပြကာ ဂျီမင်းဆီ လျှောက်လာ၏။
“ဂျီမင်း လာလေ လမ်းဆက်ကူး"
ဂျီမင်းကို တစ်ဘက်ပလက်ဖောင်းရောက်အောင် လမ်းကူး ပေးလိုက်ပြီးမှ...
“ဟိုဟာ သူငယ်ချင်း တစ်ယောက်လေ ကျွန်တော် ကားကြုံစီးပြီး အိမ် တခါထဲ ပြန်လိုက်တော့မယ် နော် "
ဂျီမင်း စကားမပြန်ပဲ ခေါင်းသာ တစ်ချက်ညိတ်လိုက်မိသည်။
ဒီအချိန်မှာ မောင်နှင့် စကားတွေ များစွာပြောချင်နေသေးတာ မောင် မရိပ်မိဘူးလား။ မောင် လမ်းပြန်ကူးပြီး ကား ပေါ် တက်ကာ ဂျီမင်းကိုပင် မကြည့်ဘဲ ထွက်သွားခဲ့သည်။ ဂျီမင်းမှာ ကားကလေး ဝေးသွားသည်ထိ ခြေစုံရပ် ငေးကာ ကျန်ရစ် ခဲ့ရသည်။
မောင် ပြန်သွားတာကို မကျေနပ်နိုင် ကွမ်ဝူးနှင့် ပတ်သက်ပြီး အောင့်သက်သက် မောင့်စကားတွေ ကြည်နူး ရယ်မောကာ နားထောင်ချင်သေးသည်။
ဂျီမင်းအပေါ် မောင်သဝန်တိုရိပ်နှင့် မပွင့်တပွင့်စကားဆိုနေသည်ကို ငေးကြည့်ချင်သေးသည်။
အဲဒီနေ့မှာပဲ ဂျီမင်း နားလည်လိုက်ရတာပါ။
ကျွန်မ မောင့်ကို ချစ်မိ… မချစ်မိ မသေချာသေးပေမယ့် မောင် ကျွန်မကို ချစ်နေစေချင်ခဲ့သည့် ဆန္ဒ၊ ကျွန်မ နှလုံးသားထဲ ကိန်းဝပ်နေခဲ့ပြီ မောင်ရယ်။ ...
အဲဒီနေ့က မောင့်ကို မကျေနပ်။ နောင်အခါ မောင်နှင့် ချစ်မိကြတော့ ဂျီမင်း အမှတ်တရ ပြန်ပြောပြီး စိတ်တိုပြခဲ့သည်။ မောင်က
“ဂျီမင်းကို မောင်က ရိပ်မိနေပြီ ဒါမို့ ရင်ထဲမှာ မထိတထိ ဖြစ်ပြီး ကျန်ရစ်ခဲ့အောင် မောင် တမင်ပြန်သွားတာ ဂျီမင်း ရပ်ငေးနေတာ ကားမှန်ထဲကနေ မောင်မြင်သားပဲ သနားလဲ သနားတယ် ဒါပေမယ့် အဲဒီလို နည်းနည်းတူးဆွပေးမှ ဂျီမင်းက လှုပ်ရှားလာမှာ မဟုတ်လား၊ မောင်က သိပ်ချစ်နေပြီ...အချစ်ရဲ့"
ပြုံးစေ့စေ့ကလေး မောင်ပြောတော့ မောင့်ကို နဖူးချင်းဆောင့်ကာ ဂျီမင်း စိတ်ကောက်ခဲ့ဖူးသည်။
#tbc
#zawgyi
ေက်ာင္းမွာ ဂ်ီမင္း ကိုစိတ္ဝင္စားေနၾကသူေတြထဲက ကြမ္ဝူးက အသဲဆုံးပင္ျဖစ္သည္။
ဂ်ီမင္းကို စာလည္း ေပးဖူးၿပီး ေနာက္က တေကာက္ေကာက္ လိုက္ၿပီး စကား ေျပာဖူးသည္။
ကန္ငင္းမွာ ဇြတ္ ပိုက္ဆံရွင္းသြားတာကို မသိ လိုက္တာမ်ိဳး လည္း ျဖစ္ဖူစခဲ့သည္။
ဂ်ီမင္း အခန္းဝမွ ရပ္ေစာင့္ရင္း ေငးၾကည့္ကာ အေနရခက္ေလာက္ေအာင္လည္း ခ်စ္ျမတ္နိုးဟန္ေတြ ျပဖူးသည္။
လူရမ္းကား မဆန္သေ႐ြ႕ေတာ့ ဂ်ီမင္းကဘဲ သည္းညည္းခံရမွာေပါ့။
ဂ်ီမင္းကို ႏွောင့္ႏွောင့္ယွက္ယွက္ အျဖစ္မ်ိဳးေတာ့ သူက ေရွာင္ရွားသည္။ သူ႕ ပုံစံက တေလးတနက္ ရွိတာမို႔ ဂ်ီမင္းလည္း ရင့္ သီး မာထန္စြာ မတုံ႕ျပန္မိပါ။
ဘာမွ အေျဖမေပးေပမယ့္ သူၿပဳံးျပလွ်င္ေတာ့ ဂ်ီမင္း မပြင့္တပြင့္ပဲျဖစ္ျဖစ္ ျပန္ၿပီး ၿပဳံးျပမိတတ္သည္
တစ္ရက္ေတာ့ ဂ်ီမင္းတို႔ ဘတ္စ္ကားေစာင့္ေနခိုက္ သူ႕ ကားကေလး ထိုးရပ္လာကာ...
ဂ်ီမင္း အိမ္ျပန္မလို႔မဟုတ္လား ကိုယ္ လိုက္ပို႔ ပါရေစ အားလုံးကိုပဲေပါ့
ရပါတယ္ ဘတ္စ္နဲ႕ျပန္ေနက်"
႐ူဂ်င္းက ခပ္သြက္သြက္ပင္ ျငင္းသည္။ သူကလည္း ဇြတ္ပင္ေခၚသည္။
ဂ်ီမင္းတို႔ သူငယ္ခ်င္းေလးေယာက္လုံး ေခါင္းတခါခါ ျငင္းၾကရင္း ကား အေခ်ာင္မေစာင့္ေတာ့ဘဲ ေရာက္လာေသာ တစ္စင္းေပၚ ကမန္းကတန္း တက္ၾကသည္။
ဂ်ီမင္းတို႔ ဘတ္စ္ကားေနာက္မွာ ကြမ္ဝူး ကားကေလး တျဖည္းျဖည္းႏွင့္ ပါလာမွန္းသိေတာ့ ဂ်ီမင္း စိတ္ညစ္လိုက္ရတာ။
ဂိတ္က်ရင္ ဟိုတစ္ေယာက္က ေစာင့္ေနမွာပဲ
ဂ်ီမင္း ညည္းၫူတာကို ယူနာက မ်က္ေစာင္းထိုးလ်က္...
ေတြ႕ ဘာျဖစ္လဲ
တစ္မ်ိဳးထင္မွာေပါ့
"ထင္ ဘာျဖစ္လဲ ဘာကိုစိုးရိမ္စရာရွိလို႔လဲ ဂ်ီမင္းရဲ႕"
ဂ်ီမင္း ေခါင္းသာခါလိုက္သည္။ တစ္လမ္းလုံး စိတ္မေျဖာင့္ လက္မေျဖာင့္ႏွင့္ပင္ ဂ်ီမင္းတို႔ မွတ္တိုင္ေရာက္ေတာ့ ဆင္းရသည္ ထုံးစံအတိုင္း ဂ်ီမင္းတို႔လက္ထဲက ပစၥည္းေတြကို ေမာင္ကလွမ္းယူကာ ဂ်ီမင္းတို႔ လြယ္အိတ္ျပင္လြယ္ အကၤ်ီဆြဲခ် စသျဖင့္ ေနသား တက်ျဖစ္မွ ရယ္ဂ်ီတို႔စာအုပ္ ထမင္းဘူးတို႔ကို ျပန္ေပးလိုက္ ၏။
ဟယ္ ကြမ္ဝူး ရပ္ၾကည့္ေနတုန္း"
႐ူဂ်င္းက တီးတိုး ေျပာေပမယ့္ ေမာင္ ၾကားသြားကာ မ်က္လုံးေတြက ကြမ္ဝူးထံ ေရာက္သြားသည္။
ဂ်ီမင္းလည္းမလုံမလဲ လွမ္းၾကည့္မိခိုက္ ကြမ္ဝူးကႏႈတ္ ခမ္းကေလး ဖြင့္ကာ ၿပဳံးျပလိုက္တာမို႔ မေနတတ္ မထိုင္တတ္ ေျခလွမ္း မွားရသည္။
ေမာင္ တစ္မ်ိဳးထင္မွာကို ဘာေၾကာင့္ ဂ်ီမင္း ဒီေလာက္ ေၾကာက္႐ြံ႕မိပါလိမ့္။
အဲဒါ ဘယ္သူလဲ
ေမးေသာ ေမာင့္အသံက မတင္မက်ႀကီး။
ေက်ာင္းကပါ"
သူငယ္ခ်င္းလား
ကြၽန္မကို ခ်စ္ေနတယ္"
တုံ႕ႏွေးႏွေး ေျဖလိုက္သံေနာက္မွာ ေမာင့္အသံ တိတ္သြားသည္။
ဆိုင္မွာလဲ စာကို ခပ္တည္တည္ ထိုင္ဖတ္ေနလ်က္ ဂ်ီမင္းကို ဘာမွမေျပာေတာ့။
ဂ်ီမင္း ေနလို႔ ထိုင္လို႔ မရ။ ငိုခ်င္သလိုလို ျဖစ္ေနကာ စာအုပ္လာငွားသူေတြအေပၚမွာေတာင္ မာျပတ္ျပတ္ ျဖစ္ေနရ၏။
ေမာင္က အန္တီ မီေယာင္း ႏွင့္ေတာ့ စကား ေျပလည္စြာ ေျပာတာမို႔ ဂ်ီမင္း ေမာင့္အနား ဆက္မထိုင္ခ်င္ေတာ့။
အန္တီမီေယာင္းကို ခြင့္ေတာင္းကာ ယူနာ့အိမ္ကို သြားဖို႔ ထြက္လာခဲ့သည္။ မေမွာင္ေသးေပမယ့္ ေနေတာ့ ဝင္ၿပီ။
ယူနာက သူတို႔လမ္း အေနာက္ဘက္မွာ ေနတာမို႔ ခါတိုင္းလိုပင္ အန္တီမီေယာင္းက စိတ္ခ်လက္ခ် လႊတ္လိုက္သည္။
ဂ်ီမင္း ေျခလွမ္းႏွေးႏွေးႏွင့္ ေခါင္းငုံ ေလွ်ာက္လာရင္း မီးသတ္႐ုံေရွ႕မွာ လမ္းကူးဖိုအရပ္...
"ဂ်ီမင္း"
ေမာင္ေရာက္လာသည္
ဂ်ီမင္းကတစ္ခ်က္လွည့္ၾကည့္ရင္း....
"ျပန္ေတာ့မလို႔လား"
ဟု ခပ္တိုးတိုးပဲ ေမးလိုက္သည္။ ေမာင္က ေခါင္းခါရင္း...
မင္း တစ္ေယာက္ထဲမို႔လို႔ လိုက္ပို႔မလို႔
ဒီေလာက္ေလးမ်ား သြားေနက်ပါ"
ဒါေပမယ့္ ခါတိုင္းဆို တစ္ေနရာ သြားခါနီးရင္ ကြၽန္ေတာ့္ကို ေခၚရင္ေခၚ ဒါမွမဟုတ္ သြားအုံးမယ္လို ႏႈတ္ဆက္သြားေနက် မဟုတ္လား"
ခု ႏႈတ္ဆက္မသြားမိလို႔လား၊ ကြၽန္မ သူငယ္ခ်င္းတို႔အိမ္သြားလိုက္အုံးမယ္ ႏႈတ္ဆက္ပါတယ္"
ဂ်ီမင္း မ်က္ႏွာမႈန္မႈန္ကို ၾကည့္ကာ ေမာင္က ၿပဳံးေတာ့မလို ျဖစ္လာသည္။
ဂ်ီမင္း ဘာျဖစ္ေနတာလဲ"
ကြၽန္မ ဘာမွမျဖစ္ဘူး ရွင္ကသာ ျဖစ္ေနတာ"
ကြၽန္ေတာ္ ဘာျဖစ္လို႔လဲ
"စကား မေျပာဘူး"
ေဟာ ဂ်ီမင္းက မေျပာတာမ်ား'
ဂ်ီမင္း ေမာင့္ကို မ်က္ေစာင္း ႐ြယ္လိုက္မိသည္။ ေမာင္က မွီဘက္ တည့္တည့္လွည့္ရပ္ကာ ဂ်ီမင္း ပါးကြက္က်ားကေလးကို ေငးၾကည့္လ်က္
ကြမ္ဝူးက မင္း ရည္းစားလား"
ဘယ္က ဟုတ္ရမွာလဲ"
ဒါဆို အေျဖမေပးရေသးတာလား"
အင္း"
ဘာလို အေျဖမေပးေသးတာလဲ ဂ်ီမင္းက သူ႕ကိုမခ်စ္လို႔လား"
အင္းေပါ့
ဒါျဖင့္ ျငင္းလိုက္ေတာ့ေပါ့
ေမာင့္ မ်က္ဝန္းကေလးေတြကို ဂ်ီမင္း ၾကည့္ရင္း ရင္ထဲမွာ ႏြေးျမလွိုက္ဖိုသြားရသည္။ ဂ်ီမင္း ဘယ္လိုျဖစ္သြားမွန္း မသိ။ ကေလးဆိုးႀကီးလို ထုံေပေပ မႈန္ကုပ္ကပ္ႏွင့္ မ်က္ႏွာႀကီး အလိုမက် ျဖစ္ေနေသာ ေမာင့္ပါးျပင္ ျဖဴစိမ္းစိမ္းကို ခ်စ္ စနိုးစြာ လိမ္ဆြဲပစ္လိုက္ခ်င္သည္။
ခုနက ဘဝင္မက်ျခင္းေတြ ဂ်ီမင္း ရင္ထဲမွာ ေပ်ာက္ပ်က္လ်က္ ဘာကိုလုပ္မွန္းမသိ ေပ်ာ္႐ႊင္လာသည္။
ဂ်ီမင္း ရယ္ေမာလိုက္မိေလသည္။
ဂ်ီမင္း ကြၽန္ေတာ့္ကို ရယ္တာလား"
အင္း"
"ရယ္ေပါ့ဗ်ာ
"ရယ္တယ္ ရယ္တယ္ ဟင္း ဟင္း ဟင္း"
ဘာျဖစ္လို႔ ရယ္တာလဲ
မေျပာပါဘူး"
ေျပာပါ ဘာျဖစ္လို႔ ဂ်ီမင္းက ရယ္တာလဲ"
မေျပာဘူး မေျပာဘူး ရွင့္ကို ကြၽန္မ ဘာမ်ား ေမးလို႔ ရဖူးလို႔လဲ ကြၽန္မကို ဘာမ်ား ေသေသ ခ်ာခ်ာ ေျဖဖူးလို႔လဲ ကြၽန္မလဲ မေျဖဘူး ေၾကၿပီ
ဂ်ီမင္းမွာ လမ္းကို အေျပး ျဖတ္ကူးလိုက္သည္။ ေမာင္ကလဲ ေနာက္က လိုက္အကူး က်ီးကနဲ ဘရိတ္အုပ္သံေၾကာင့္ ဂ်ီမင္း လမ္းတစ္ဝက္မွာရပ္ၿပီး လွည့္ၾကည့္လိုက္မိသည္။
ကားတစီးက ေမာင့္ေၾကာင့္ အျပင္းအထန္ ဘရိတ္ အုပ္လိုက္ရတာပါပဲ။ ကားထဲက ေခါင္းတစ္ေခါင္း ထြက္လာကာ ေမာင့္ကို တအံ့တၾသၾကည့္ရင္း...
ဟိတ္....မင္းးးးးး"
လွမ္းေအာ္လိုက္သည္။ ေမာင္က ထိုသူကို လက္ဝါးတစ္ခ်က္ ကာျပကာ ဂ်ီမင္းဆီ ေလွ်ာက္လာ၏။
ဂ်ီမင္း လာေလ လမ္းဆက္ကူး"
ဂ်ီမင္းကို တစ္ဘက္ပလက္ေဖာင္းေရာက္ေအာင္ လမ္းကူး ေပးလိုက္ၿပီးမွ...
ဟိုဟာ သူငယ္ခ်င္း တစ္ေယာက္ေလ ကြၽန္ေတာ္ ကားႀကဳံစီးၿပီး အိမ္ တခါထဲ ျပန္လိုက္ေတာ့မယ္ ေနာ္ "
ဂ်ီမင္း စကားမျပန္ပဲ ေခါင္းသာ တစ္ခ်က္ညိတ္လိုက္မိသည္။
ဒီအခ်ိန္မွာ ေမာင္ႏွင့္ စကားေတြ မ်ားစြာေျပာခ်င္ေနေသးတာ ေမာင္ မရိပ္မိဘူးလား။ ေမာင္ လမ္းျပန္ကူးၿပီး ကား ေပၚ တက္ကာ ဂ်ီမင္းကိုပင္ မၾကည့္ဘဲ ထြက္သြားခဲ့သည္။ ဂ်ီမင္းမွာ ကားကေလး ေဝးသြားသည္ထိ ေျခစုံရပ္ ေငးကာ က်န္ရစ္ ခဲ့ရသည္။
ေမာင္ ျပန္သြားတာကို မေက်နပ္နိုင္ ကြမ္ဝူးႏွင့္ ပတ္သက္ၿပီး ေအာင့္သက္သက္ ေမာင့္စကားေတြ ၾကည္ႏူး ရယ္ေမာကာ နားေထာင္ခ်င္ေသးသည္။
ဂ်ီမင္းအေပၚ ေမာင္သဝန္တိုရိပ္ႏွင့္ မပြင့္တပြင့္စကားဆိုေနသည္ကို ေငးၾကည့္ခ်င္ေသးသည္။
အဲဒီေန႕မွာပဲ ဂ်ီမင္း နားလည္လိုက္ရတာပါ။
ကြၽန္မ ေမာင့္ကို ခ်စ္မိ မခ်စ္မိ မေသခ်ာေသးေပမယ့္ ေမာင္ ကြၽန္မကို ခ်စ္ေနေစခ်င္ခဲ့သည့္ ဆႏၵ၊ ကြၽန္မ ႏွလုံးသားထဲ ကိန္းဝပ္ေနခဲ့ၿပီ ေမာင္ရယ္။ ...
အဲဒီေန႕က ေမာင့္ကို မေက်နပ္။ ေနာင္အခါ ေမာင္ႏွင့္ ခ်စ္မိၾကေတာ့ ဂ်ီမင္း အမွတ္တရ ျပန္ေျပာၿပီး စိတ္တိုျပခဲ့သည္။ ေမာင္က
ဂ်ီမင္းကို ေမာင္က ရိပ္မိေနၿပီ ဒါမို႔ ရင္ထဲမွာ မထိတထိ ျဖစ္ၿပီး က်န္ရစ္ခဲ့ေအာင္ ေမာင္ တမင္ျပန္သြားတာ ဂ်ီမင္း ရပ္ေငးေနတာ ကားမွန္ထဲကေန ေမာင္ျမင္သားပဲ သနားလဲ သနားတယ္ ဒါေပမယ့္ အဲဒီလို နည္းနည္းတူးဆြေပးမွ ဂ်ီမင္းက လႈပ္ရွားလာမွာ မဟုတ္လား၊ ေမာင္က သိပ္ခ်စ္ေနၿပီ...အခ်စ္ရဲ႕"
ၿပဳံးေစ့ေစ့ကေလး ေမာင္ေျပာေတာ့ ေမာင့္ကို နဖူးခ်င္းေဆာင့္ကာ ဂ်ီမင္း စိတ္ေကာက္ခဲ့ဖူးသည္။
#tbc
Bạn đang đọc truyện trên: Truyen3h.Co