Part 8
ဂျီမင်းနှင့် မင်ဂျောင်းတို့ စတွေ့ကြကတည်းက မင်ဂျောင်းကို အံ့ဩသည်
ဂျီမင်းက အိမ်ရှေ့ ခြံဝိုင်းကလေးထဲမှာ စာအုပ်ဆိုင်နှင့် အအေးဆိုင် ဖွင့်ထားသည်
ရပ်ကွက်ထဲမှာ စာအုပ်ဆိုင်တွေ မှိုလိုပေါနေပေမယ့် ဂျီမင်း ဆိုင်ကလေးက ထူးခြားသည်
အိမ်ဘေးမှာ မြေကွက်ပိုက အသင့်အတင့် ကျယ်ပြောတာမို့ စားပွဲရှည် တချို့နှင့် ခုံတန်းရှည် တချို့လည်း ချပေးထားသည်
ရှေ့ဘက်မှာတော့ အအေးဆိုင် သန့်သန့်ကလေး ဖွင့်ထားသေးတာမို့ လူလည်း စည်ကားပါသည်
တစ်ရက်မှာ ဖွင့်ထားသော ခြံတံခါးမှ ဖြည်းနှေး လေးကန်သော ခြေလှမ်းတို့နှင့် နားလည်ရခက်သော မျက်ဝန်းတို့နှင့် အအေးဆိုင်ရှိရာ မင်ဂျောင်း ဝင်ရောက်လာခဲ့ခြင်းပါပဲ
ဂျီမင်းက ရှေ့ဘက် အအေးဆိုင်မှာ ထိုင်လေ့မရှိ အန်တီမီယောင်း နှင့် အငှား ခေါ်ထားသော ကလေး ယွန်းဝါ တို့သာ ရှိသည်
မင်ဂျောင်း စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက် သည်နှင့်...
“သမီး ဘာသောက်မလဲ”
အန်တီမီယောင်း က ဆီးကြိုမေးခဲ့သည်။
“ကျွန်တော် လာတာက ဟို စာအုပ်ဆိုင် ရှိတယ်ဆိုလို့”
တွေးဆဆ ငေးကြောင်ကြောင် မင်ဂျောင်း က ပြန်ဖြေတော့ အန်တီက နောက်ဘက်ထဲကို ညွှန်ပြလိုက်သည်
မင်ဂျောင်က စားပွဲမှ ပြန်ထရပ်ရင်း ...
“ဒါဖြင့် အဲဒီနောက်ဘက်ကို ထောပတ်သီး တစ်ခွက် ပို့ပေးလို့ ရမလား”
“ရပါတယ်ကွယ်”
"ပို့ပေးပါနော်"
မင်ဂျောင်းက ခြံဘေးကွက်လပ်ရှိ စာအုပ်ဆိုင်ကို လမ်းလျှောက် လာခဲ့သည်
စာအုပ်ဆိုင် အခန်းကန့်ကလေးထဲ မင်ဂျောင်း ဝင် လာကတည်းက ဂျီမင်း မော့ကြည့် မြင်တွေ့လိုက်သည်
မင်ဂျောင်း ကလည်း ဂျီမင်းကိုသာ တစိုက်မတ်မတ် စူးရှရှကြည့်ကာ ဝင်လာတာ အရောင် မဖျော့တဖျော့ ဂျင်း ဘောင်းဘီနှင့် ဂျင်းဂျက်ကက် ခါးတိုပွပွက မင်ဂျောင်း နှင့် လွန်စွာမှပင် လိုက်ဖက်လွန်း၏ ဆံပင် ဘိုသီ ဖတ်သီတွေကလဲ မျက်စိကို မရိုင်းစေပါ
အသားဖြူကာ မျက်လုံး မျက်ခုံးက မည်းပြီး နှုတ်ခမ်းက ပန်းနုရောင်သန်းနေတာမို့ အလွန်တရာ ကြည့်ကောင်းသော မင်ဂျောင်း က ဂျီမင်းကို စိုက်ကြည့်ရင်းကပင် စာအုပ်စင်တစ်ခု ရှေ့ ရှိရာ ရောက်သွားသည်
မျက်နှာစိမ်းမို့ ဘယ်သူပါလဲဟု ဂျီမင်း မတွေးသိ နိုင်ဘဲ ဖြစ်နေရ၏
စာအုပ်စင်မှာ မင်ဂျောင်းက စာအုပ်ရှာနေတော့ ဂျီမင်း ခေါင်း ပြန်ငုံ့လိုက်ကာ သင်္ချာဂဏန်းတွေ ဆက်တွက်သည်
သိပ်မကြာခင်ပင် ဂျီမင်း အာရုံထဲတစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသလို ခံစားမိတာကြောင့် မော့ ကြည့် လိုက်မိသည်
ခုနနေရာမှာ မင်ဂျောင်း မရှိတော့
ဒါပေမယ့် ထိုစင်၏ တစ်ဘက်ခြမ်းကနေ ဂျီမင်းကို မင်ဂျောင်းက လှမ်းကြည့်နေတာ တွေ့ရသည်
စင်မှ စာအုပ်တချို့ဖယ်ယူကာ လစ်ဟာသွားသော ထို နေရာမှ ဂျီမင်းကို စိုက်ကြည့်နေခြင်းမို့ မင်ဂျောင်း မျက်နှာကလေးကို မြင်သာသည်
ဂျီမင်း ရင်ထဲ ရှိန်းမြ နွေးထွေးသွားမိကာ ရှက်လာသလို ခံစားရလို့ မျက်လွှာ ချပစ်လိုက်ရသည်
မောင်ရယ် စတွေ့တွေ့ချင်း အချိန်ကာလတွေကတည်းက ကျွန်မ ရှုံးနိမ့်ခဲ့ရတာပါပဲ
ခနနေတော့ ဂျီမင်း ရှေ့ကို စာအုပ်တစ်အုပ် ရောက်လာသည်
ဂျီမင်း မော့ကြည့်လိုက်တော့ မောင်...
လက်ထဲမှာ ထောပတ်သီးဖျော်ရည် ဖန်မတ်ခွက်ကို ကိုင်လျက်သား
ဘယ်တုန်းက ဘယ်သူ လာပေးလိုက်မှန်းတောင် ဂျီမင်း မသိလိုက်
“နာမည် ဘယ်လို ခေါ်ပါသလဲ"
မင်ဂျောင်းက မဖြေ
မျက်မှောင်ကြုတ်သွားကာ တစ်ဘက်ကို လှည့်၍ စဉ်းစားဟန်ပြုလိုက်သည်
ခေတ္တခဏသာမက ကြာလာတော့ ဂျီမင်းက နောက်တစ်ကြိမ် ထပ်မေးရပြန်သည်။
“နာမည်ပြောပါရှင် စာအုပ်အတွက် မှတ်ဖို့ပါ”
“အင်း ဝင်းတား လို့ ရေးလိုက်ပါ”
ဂျီမင်း ရေးမှတ်လိုက်သည်
“နေရပ်လိပ်စာကကော”
"ဟိုဘက်လမ်းမှာပါ”
“ဪ ဟိုလေ ကျွန်မတို့က ဒီရပ်ကွက်ထဲက မဟုတ်ရင် စာအုပ်ငှားခ စရံယူပါတယ်"
“ဟုတ်လား ကျွန်တော် စရံ ပေးရမယ်ပေါ့"
“ဟုတ်”
“မပါဘူးဗျာ ပေးဖို့မပါဘူး ဆောရီး မပါတာ မဟုတ်ဘူး ပိုက်ဆံ မရှိတာ ပါ”
“ရှင်”
ဂျီမင်း မျက်ခုံးလေးပင့်ကာ မင်ဂျောင်း ကို အံ့သြတကြီး ဖြစ်ရသည်
မင်ဂျောင်း ဝတ်စားထားပုံက ဘိုသီဖတ်သီ ဖြစ်သလိုနိုင်လှပေမယ့် ဒီ လောက်တော့လည်း မစုတ်ပြတ်
ထုံးစံမရှိပေမယ့် မင်ဂျောင်း ကို ဘာကြောင့်မှန်းမသိ ဂျီမင်း နှလုံး သားက ပူနွေး လှိုက်ခုန်စွာ မြန်မြန်ဆန်ဆန် ရင်းနှီးသွားမိ တာမို့...
“ဒါဖြင့် ယူသွားလိုက်ပါ ကျွန်မကို လိပ်စာ အတိအကျသာ ပေးခဲ့ပါ”
“လိပ်စာက ပြောလို့ မရဘူး"
“ဟင် ဘာဖြစ်လို့လဲ"
“လိပ်စာရယ်လို့ အတည်တကျ မရှိလို့ပါ”
“ရှင်”
ဂျီမင်း ဘာပြန်ပြောရမလဲမသိတော့ဘဲ ငြိမ်သက် သွားတော့ မင်ဂျောင်းက အံကြိတ်ကာ နှုတ်ခမ်းမဖွင့်ဘဲ တစ်ချက်ပြုံးရင်း...
“ကျွန်တော့ ဒီမှာပဲ ထိုင်ဖတ်သွားရင်ရော"
“ရပါတယ် ဟိုမှာ စားပွဲရှိပါတယ်"
“အဲဒါဆို ဘယ်လောက်ကျမလဲ”
ဒီလောက်ထိဆိုတော့ ဂျီမင်း နည်းနည်းစိတ်တိုလာသည်
နှုတ် ခမ်းလေး မသိမသာ စူမိကာ ...
“အလကားသာ ထိုင်ဖတ်သွားပါတော့"
“ကျေးဇူးပါပဲ”
ခပ်တည့်တည့်ပြောကာ စာအုပ်ကို ကိုင်လျက် မင် ဂျောင်းက လှည့်ထွက်သွား၏
သူ ပြောဆို ပြုမူပုံတွေကို ဂျီမင်း စိတ်မဝင်စားဘဲ မနေနိုင်တော့
မင်ဂျောင်း ဝတ္ထုထိုင်ဖတ်နေရာ စားပွဲကို ဂျီမင်း မျက်စိ တစ်ချက်တစ်ချက် ဝေ့ဝဲရောက်ရှိသွားသည်
သူ ဒီလိုတော့လဲ စိတ်ဝင်တစား ဖတ်နေသား
စိတ်မှနှံ့ရဲ့လားဟု တစ်ချက် တွေးမိသေးသည်
မဖြစ်နိုင်မှန်း ကိုလည်း သိသည်
ထောပတ်သီး ဖျော်ရည်တစ်ခွက် ဝတ္ထုတစ်အုပ်နှင့် သူ့ အိမ် သူ့ရာလို အချိန် ဆွဲဖတ်နေလိုက် တာ တဖြည်းဖြည်း ည ခုနှစ်နာရီ ကျော်လာသည်
ဂျီမင်းတို့ဆိုင်က မိန်းမသားချည်းမို့ ခုနှစ်နာရီခွဲမှာ ပိတ်သည်
ဂျီမင်းတို့ သိမ်းစည်းစ ပြုသည်ထိ မပြန်သေး တစ်ယောက်တစ်လှည့် ထမင်းတက်စားပြီးသောအခါ ဂျီမင်း သူ ဗိုက်ဆာ မှာပဲဟု စိတ်မဖြောင့်ဘဲ ရှိသည်
အန်တီငယ်ပါ မင်ဂျောင်း ကို ကြည့်ကာ မျက်မှောင်ကုတ်လာတော့၏
နောက်ဆုံး သူပဲ ဆိုင်ပိတ်တော့ မည့်အကြောင်း မင်ဂျောင်း ကို သွားပြောလိုက်ရသည်
“ကျွန်တော် မပြီးသေးဘူးခင်ဗျ"
“အိမ်ယူသွားပါ၊ ပြီးမှပဲ လာပေးပါတော့”
ဂျီမင်း မျက်ခုံးရှုံကာပြောတော့ မင်ဂျောင်း က အောက်နှုတ်ခမ်း ကိုက်ကာ ကပ်စေးနှဲစွာ ပြုံးပြီးမှ “သင့်ခ်ယူး" ဟု ဆိုသည်
မင်ဂျောင်း ပုံစံ မသပ်ရပ်ပေမယ့် လေယူ လေသိမ်းအရ မင်ဂျောင်း သည် အင်္ဂလိပ်စာကို ပိုင်နိုင်စွာ အသံထွက်တတ်သည် ထိ တတ်မြောက်ကြောင်း ဂျီမင်း သတိထားမိသည်
ဂျီမင်းတို့ စာအုပ်ဆိုင်ကို နေ့စဉ် မပျက်မကွက်လာသော သူတွေ ထဲမှာ ထိပ်ဆုံးက မင်ဂျောင်း ပင် ဖြစ်မည်
တစ်ခါတစ်ရံ မနက်ပိုင်း တစ်ခေါက်၊ ညနေပိုင်းတစ်ခေါက် နှစ်ခေါက် လာတတ်သည်
ဆိုင်သို့ အဝင်အထွက်တွေမှာ ဂျီမင်းနှင့် စကားတစ်ခွန်း နှစ်ခွန်းတော့ ပြော ဖြစ်သည်
သုံးလေးရက်လောက် တွေ့ အပြီးမှာ ဂျီမင်း မင် ဂျောင်းကို အလွန်အမင်း စိတ်စင်စားနေမိပြီ
မင်ဂျောင်း အကြောင်းကိုလည်း သိချင်လာသည်
ဒါကြောင့်လည်း ခါတိုင်းထက် စကား များများ ပိုပြောဖြစ်လာကာ အတန်အသင့်တော့ ရင်းနှီး လာရသည်
ထောပတ်သီး ဖျော်ရည်ကို မင်ဂျောင်း စာ ထိုင်ဖတ်နေရာ စားပွဲသို့ ဂျီမင်း ကိုယ်တိုင်သွားချသည့်အကျင့်လည်းရလာသည်
တစ်နေ့ ဂျီမင်း သူ့စားပွဲကို ထောပတ်သီးဖျော်ရည်သွား အပို့
သူကမော့ကြည့်ကာခါတိုင်းလို ‘သင့်ခ်ယူး’ မဟုတ်တော့ဘဲ....
“ကျွန်တော် ဒီနေ့ကစပြီး ဖျော်ရည်ကို ဖြတ်လိုက်တော့မလို့ ယုဂျီမင်း"
စာအုပ်ဆိုင်အမည်၏ကို အဓိပ္ပာယ်ကို မေးရင်းက ဂျီမင်း နာမည်ပေးထားတာမှန်း မင်ဂျောင်း သိထားပြီးပြီ ဖြစ်သည်
မင်ဂျောင်းက အေးဆေးစွာ ပြောလိုက်ပေမယ့် ဂျီမင်းအတွက် အံ့အားသင့်စရာ ဖြစ်ရပြန်သည်
"ဘာဖြစ်လို့လဲ ဟင်"
ဂျီမင်းက မျက်ခုံးကလေးပင့်ကာ မေးမိ၏
“ကျွန်တော် ထောပတ်သီး အရမ်းကြိုက်တယ် ဒါပေမယ့် တစ်ခွက် သုံးထောင် ဆိုတာကို နေ့တိုင်း ကျွန်တော်ဝယ် မသောက်နိုင်တော့ဘူး"
ဂျီမင်း ရင်ထဲ နင့်ကာ ဘာပြန်ပြောရမှန်း မသိအောင် မင်ဂျောင်းကို ကရုဏာ သက်သွားရသည်
“ဝင်းတားရယ် တစ်ခွက် ဘယ်လောက်ထား ပေးရမှာလဲ”
တီးတိုးမေးတော မင်ဂျောင်း က ချစ်စဖွယ် ကောင်းလှစွာ ပြုံးရယ်ရင်း ဂျီမင်းကို ခပ်ဝေဝေကြည့်ကာ...
"ဂျီမင်းတို့ကို ဈေးကြီးတယ်လို့ ပြောတာ မဟုတ်ပါဘူး ကျွန်တော် ဝယ်မသောက်နိုင်တာကို ပြောတာပါ"
ဂျီမင်း စိတ်မကောင်း ဖြစ်မိသည် ဒီလောက်တောင် မပြည့်မစုံ ဖြစ်နေပုံ ရသော သူကို စေတနာတွေ ပိုမိကာ...
“ဒါဖြင့် ကျွန်မ တစ်ခု ပြောမယ်"
“ဟုတ်ကဲ့”
“ရှင်က နေ့တိုင်း စာအုပ် လာငှားနေကျပဲ ကျွန်မက ခင်မင်ရင်းနှီးတဲ့အနေနဲ့ ထောပတ်သီး ဖျော်ရည်နဲ့ နေ့တိုင်း ဧည့်ခံပါ့မယ်"
“စာအုပ်ငှားတဲ့သူတိုင်းကို ထောပတ်သီးဖျော်ရည် တိုက်နေရရင် အရင်းပြုတ်ရောပေါ့”
"Aww ရှင့်ကို ကျွန်မ ဧည့်သည် သဘောထားပြီးတော့ ပေါ့"
“အဲဒါဆို ကျွန်တော် ဘာပြန်လုပ်ပေးရမလဲဟင်"
မင်ဂျောင်းက မျက်ဝန်းနက် ကလေးများနှင့် မော့ကြည့် မေးလေလျှင် ဂျီမင်း ပြုံးသွားမိကာ...
“ဘာလုပ်ချင်လို့လဲ”
“ကျွန်တော်က ဘာမှလုပ်စရာရှိတဲ့လူမှ မဟုတ်တာ ဂျီမင်းတို့ဆိုင်ကိစ္စ ကူညီလို့ ရမလား"
ဂျီမင်း ဟု ထည့်သုံးလိုက်တာကို ဂျီမင်း ပြုံးပြုံးကလေးပဲ နှစ်သက် လက်ခံလိုက်မိသည်။
“ရှင်က ကျောင်းသားပဲလား"
“ကျောင်းပြီးပြီ”
“ဘာနဲ့ ပြီးတာလဲ"
“ဆယ်တန်း နှစ်နှစ် ကျတော့ ပြီးသွားတာပေါ့"
“ဟင် ရှင်ကလဲ”
"ဘာကို မေးတာလဲ"
“ဘာမှ မဟုတ်တော့ဘူး"
ဂျီမင်း အားနာပါးနာနှင့် ဘာမှ ဆက်မမေးတော့ သူကသာ ဂျီမင်း ကို ငေးမောနေရင်း...
“စာအုပ်တွေ ဘာတွေ ဝယ်ပေးမယ်၊ အအေးဆိုင်မှာလဲ ကူမယ်လေ”
အားတက်သရော ဆိုသည်
“အန်တီ့ကို ပြောမှ ရမယ်"
“ပြောလိုက်မယ်”
“ကျွန်မ ပြောမပေးဘူးနော် ပြီး ကျွန်မ သဘောမတူဘူး....ကျွန်မတို့ဆိုင် မှာလဲ အလုပ်သမား မလိုဘူး"
“ကူညီမှာပါ ဂျီမင်းရယ် လခစား အလုပ်သမား လုပ်မှာ မဟုတ်ပါဘူး ကျွန်တော် အဲ့လို အလုပ်မျိုးလဲ ဝါသနာ မပါပါဘူး...ဂျီမင်း တိုက်တဲ့ ထောပတ်သီး သောက်ဖို့ တန် အောင် ကူညီမယ့်သဘော လောက်ပါ”
“ကျွန်မက ခင်လို့ တိုက်ချင်တာပါ”
“ကျွန်တော်လဲ ခင်လို့ပေါ့”
မင်ဂျောင်း မျက်ဝန်းကလေးတွေက ရွှန်းနေသည်
ငေးငိုင် နေတတ်သော အခါတွေမှာ မင်ဂျောင်း မျက်ဝန်းတွေက မာ ကျောနေတတ်လျက် စိတ်ချမ်းသာ ပျော်ရွှင်နေလျှင် မင်ဂျောင်း မျက်ဝန်ကလေးတွေက တဖြတ်ဖြတ် တောက်ပ ရွှန်းလက် လာတတ်သည်
“သိပ် ကူညီချင်နေရင်လဲ အတော်ပဲ၊ ဒီနေ့ ကျွန်မ မြို့ထဲ မသွားအားဘူး ကျောင်းအပြန် နောက်ကျမှာ ရှင်က မြို့ထဲသွားပေး မဂ္ဂဇင်းအသစ်တွေ ထွက်နေပြီတဲ့ သွားဝယ်ခဲ့ပေးမလား"
မင်ဂျောင်းက ခေါင်းညိတ်သည်
အဲဒီနေ့က သူ့ကို ပိုက်ဆံပေးခဲ့ပြီး ဂျီမင်း ကျောင်းကို စိတ်မဖြောင့် လက်မဖြောင့်နှင့်ပင် သွားရသည်
ညနေ ပြန်လာတော့ ဘတ်စ်ကားဂိတ်မှာ မင်ဂျောင်း က စောင့်နေသည်။
ရူဂျင်းတို့ ကားပေါ်က ဆင်းအလာ မင်ဂျောင်း ကို မြင်လိုက်ရတော့ ဂျီမင်း ပြောစကားနှင့် သိနေကြသူများပီပီ သူတို့က မင်ဂျောင်း ကို ရင်းရင်းနှီးနှီး စကြ နောက်ကြသေးတယ်
မင်ဂျောင်းက စကားနည်းသူပီပီ ... ပြုံးရုံသာ
ပလက်ဖောင်းပေါ်မှာ ငါးယောက် ယှဉ်တွဲ မလျှောက်သာတာမို့ မင်ဂျောင်း နှင့် ဂျီမင်းကတစ်တွဲလိုဖြစ်သွားကာ နောက်ဘက်မှ ဂျီမင်း သူငယ်ချင်းတို့က ဂျီမင်းတစ်ယောက်သာ နားလည်နိုင်မည့် စကားလိမ်တွေနှင့် သူ့ကို စကြပြန်သည်
မင်ဂျောင်းက အဓိပ္ပယ် ပြည့်ဝစွာ မသိပေမယ့် ရိုးတိုး ရိပ်တိတ်တော့ ရိပ်မိပုံနှင့် ဂျီမင်းကို မသိမသာ ငဲ့စောင်း ခိုး ကြည့်လေသည်
လမ်းတစ်လျှောက် ရင်ခုန်ဖွယ် ဖြစ်ခဲ့ပေ မယ့် အိမ်ရောက်တော့ မင်ဂျောင်း ကို ရယ်ရသည်။
မင်ဂျောင်း ဝယ်လာသော မဂ္ဂဇင်းက မျက်နှာဖုံး နည်းနည်း စုတ်နေသည်
“ရှင်ကလဲ မျက်နှာဖုံးကြီးက စုတ်နေတာ ဘာလို. ယူရတာလဲ"
“ဆိုင်မှာ နှစ်အုပ်ပဲ ရှိတော့တာ ကျွန်တော့် ရှေ့က ဝယ်တဲ့လူက နောက်တစ်အုပ်ကိုမတွေ့ဘဲ ဒီအစုတ်ကို ကိုင်နေတာ ကျွန်တော်က ဝယ်ရမှာကို မေ့ပြီး အဲဒီ လူကို “အကောင်းရှိတယ်” လို့ ပြောပြီး အကောင်းစာအုပ် လှမ်း ပေးလိုက်မိတယ်"
“ဟင် ဘယ်လိုလဲကွာ”
ဂျီမင်း စိတ်ပျက် လက်ပျက် ဖြစ်နေတာကို မင်ဂျောင်းက လက်နှစ်ဘက် နောက်ပစ် ပြုံးကာ ကြည့်နေရင်း...
“ဂျီမင်း စိတ်ပျက်သွားပြီလား နောက် ခိုင်းပါအုံးမလား"
“ဘာလဲ နောက်မခိုင်းအောင်ပေါ့”
“မဟုတ်ပါဘူး နောက်ဆို ပြောစရာမရှိအောင် လုပ်ပေးပါ့မယ်လို့ ပြောမလိုပါရယ်"
မင်ဂျောင်း ပြုံးပြုံးကလေး ပြောပုံက အပြစ်ကင်းစင်ကာ ကလေးလည်း ဆန်လှသည်
“ရှင့် အသက်ဘယ်လောက်ရှိပြီလဲ”
"မင်းရော"
ဂျီမင်း ရုတ်တရက်မေးခွန်းကို သူက အမေးနှင့်ပင် တုံ့ပြန် သည်
"ကျွန်မက ဆယ့်ကိုး"
“ဂျီမင်းထက်ကြီးတာပေါ့ အများကြီး"
“ဘယ်လောက်လဲ”
“ကြီးတယ် ဆိုတာလောက်ပဲ ပြောပါရစေ အသက် ထုတ်ဖော်ပြောရမှာ စိတ်ဓာတ်ကျလိုပါ”
“အပိုတွေ ပြောမနေပါနဲ့သူ့ဟာသူ လျှို့ဝှက်ချင်တာများ စိတ်ဓာတ်ကျရလောက်အောင်လဲ မကြီးနိုင်ဘဲနဲ့
အလွန်ဆုံး အစိတ်ပေါ့ မဟုတ်ဘူးလား မပြောလဲ နေပေါ့"
မပြောလဲ နေပေါ့ ဆိုတော့ ဘာမှ မပြောတော့ဘဲ နေသည်
သူ ဝတ္တုစာအုပ်ဖတ်နေတာကို ဂျီမင်းမှာ မရိုးမရွ ဖြစ် လာရတာ
“နေပါအုံးဘာလို့ ဒီလောက်တောင်လျှို့ဝှက်တတ်ရတာလဲ”
“ကျွန်တော့် အကြောင်းက နားထောင် မကောင်းတတ် လို့ပါ”
သူ့အပြောကြောင့် ဒေါသ ပြေရပြန်သည် ဂျီမင်း စဉ်းစားမိတာတွေ တပုံတပင်ကြီးနှင့်...
“ရှင့်နာမည်ရင်းကရော ဝင်းတား ဟုတ်ရဲ့လားဟင်"
မျက်တောင်ကလေး ခတ်ကာ ခတ်ကာ မေးလိုက်မိ၏ သူက မဖြေ
“နာမည် စ ပြောတုန်းက ငြိမ်ပြီးစဉ်းစားနေတာ ပြောလိုက်တာကလဲ ဖုံးကွယ်ထားတဲ့ နာမည်အတုပဲ မဟုတ်လား"
မင်ဂျောင်း ဘာမှ မဖြေ။
“အိမ်လိပ်စာလဲ မပြောဘူး ကဲ အိပ်တော့ ဘယ်မှာ အိပ်သလဲ"
“ခုတင်ပေါ်မှာ”
“ရှင်နော် ကဲ မပြောလဲ နေ"
မင်ဂျောင်းက အသံထွက်အောင် ရယ်နေသည်
ဂျီမင်း မျက်စောင်းထိုးလိုက်မိပြီး မင်ဂျောင်း အကြောင်းကို သိချင်စိတ် နည်းပါးလာရသည်
ဒီလောက် ဖုံးနေပုံ ထောက်တော့ သိလိုက်ရလျှင် စိတ်မချမ်းသာစရာတွေ ပါဖိုများသည်မဟုတ်လား
“ဘာပဲဖြစ်ဖြစ် အကူအညီ လိုရင်တော့ ကျွန်မတို့ကို ပြောပေါ့ နော်"
ဂျီမင်း စကားအဆုံး မင်ဂျောင်း ကို မော့ကြည့်လိုက်တော့ နှလုံးသားတွေ ပြုတ်ကျသွားမတတ် လှုပ်ရှားသွားစေလောက်အောင် တမေ့တမော စိုက်ကြည့်နေသည့် မျက်ဝန်းတွေနှင့် ဆုံသည်
ဂျီမင်း ကျောင်းမသွားခင် ရောက်လာတတ်ကာ ရူဂျင်း ယူနာတို့ သုံးယောက် ဂျီမင်းအိမ် ရောက်လာကြပြီးမှ လေးယောက်လုံးကို ဘတ်စ်ကားဂိတ်သို့ မင်ဂျောင်း က လိုက်ပို့တတ်သည်
ကားထွက် သွားမှ ဂျီမင်းတို့ဆိုင်ဘက် ခြေဦးပြန်လှည့် ထွက်ခွာသွားတတ်၏
ဂျီမင်းတို့ ကျောင်းပြန်ချိန်ဆို ဘတ်စ်ကားဂိတ်မှာ မင်ဂျောင်း ရပ် စောင့်နေတာနှင့် ထာဝစဉ် ကြုံသည်
ကားပေါ်မှာ ဂျီမင်းတို့ ပါလာ မလာ သူ့အရပ်ပုပု လေးကို ခြေဖျား ထောက်လျက် ရှာရတာအမော ပါလာတာကိုမြင်လျှင် ကားတံခါးနားထိ တိုးရပ်ကာ ကြိုတတ်သည်
ကားပေါ်က တိုးဝှေ့ ဆင်းလာသော ဂျီမင်းတို့ လေးယောက် ထံမှ ထီး ထမင်းဘူး ဖိုင်တို့ကိုအောက်မှ ဆီးသယ် တတ်လေသည်
ကားအောက် လွတ်လွတ်ကျွတ်ကျွတ် ရောက်ကြလျှင် ရူဂျင်းတို့က သူတို့ ပစ္စည်းကို ပြန်ယူကြသော်လည်း ဂျီမင်းကတော့ မယူရ
ဂျီမင်း တောင်းလျှင် မင်ဂျောင်းက မပေး အိမ်အထိ သူပဲသယ်ဆောင် ယူလာတတ်တာမို့ ယူနာတို့က စချင်သည်
“ဝင်းတားက ဂျီမင်း ပင်ပန်းမှာ တော်တော် ကြောက်ပုံရတယ်"
ဟု နောက်လျှင်...
“ဂျီမင်းက မနက်ကျောင်းတက်ရ အိမ်ပြန်ရောက်ရင် စာအုပ်ဆိုင်ထိုင်ရ အိမ်အလုပ်လဲ လုပ်ရနဲ ပင်ပန်းလို့ပါ"
“ဒါများ ကျွန်မတို့လဲ ဒီလိုပဲဟာ"
“သူကတော့ ကျွန်တော့် အလုပ်ရှင်ပါဗျာ”
မျက်နှာလေး ခပ်ငုံငုံနှင့် ပြုံးကာ ပြောတတ်သည်
“လခ ဘယ်လောက်ရလဲ”
“ထောပတ်သီးဖျော်ရည် ခွက်သုံးဆယ် ရတယ်"
"ဒီလခမျိုး မကြားဖူးဘူး အဆန်းပဲ”
ဂျီမင်း ပြုံးနေရသည်
ဂျီမင်း သူငယ်ချင်းတွေကလည်း ရင်းနှီးခင်မင်တတ်သူတွေမို့ မင်ဂျောင်း နှင့် ပြေလည်သည်
သူငယ်ချင်းအုပ်စုက ပွင့်လင်းတွေချည်း ပဲမို့ တစ်ခါတစ်ခါ မင်ဂျောင်း ခမျာ အနေရတောင် ခက်နေတတ်သည်
အိမ်ခြေ ရာခြေ အတည်တကျ မသိရသော အလုပ်လက်မဲ့ကို ခင်မင်ရုံထက်ပိုပြီး သူတို့က ဘာမှ အရေး ထား မစဉ်းစားကြပေမယ့် ဂျီမင်းကတော့ သူ့ နံဘေးမှာ လူထူး လူဆန်း တစ်ယောက် ရှိနေတာကို ကျေနပ်ကြည်နူး တတ်နေခဲ့
အစကတော့ ရူဂျင်းတို့လည်း မင်ဂျောင်း အကြောင်းကို စပ်စပ်စုစု ဝိုင်းမေးမြန်းတတ်ကြသေးသည်
မင်ဂျောင်းက လိမ္မာကျွမ်းကျင်စွာ စကားလွဲရှောင် ထွက်သွားသည်ချည်းပါပဲ
သူ့ အကြောင်း ဘာမှ မသိရတာ ကတော့ ဂျီမင်းကို စိတ်အနှောင့် အယှက် ဖြစ်ရသည်
ဒါပေမယ့် မင်ဂျောင်း ကို သံယောဇဉ် ကြီးခဲ့ရပါသည်
ဂျီမင်း တင်မက အန်တီမီယောင်း ကလည်း မင်ဂျောင်း အပေါ် သံယောဇဉ်တွယ်ခဲ့ရတာပါပဲ
“ဝင်းတားရေ … မှောင်ခါတောင် နီးပြီ အိမ်မှာပဲ ထမင်းစားသွားတော့လေ"
မင်ဂျောင်း ပြန်ခါနီးတိုင်း ပြောနေကျ
“ကျွန်တော် အိမ်မှာပဲ စားတော့မယ် အန်တီ"
“အိမ်မှာကျတော့ ဘယ်သူချက်ပြုတ်ကျွေးသလဲ”
အန်တီကိုတော့ လုံးဝကြီး လျှို့ဝှက်ထားဖို့ မဖြစ်
အန်တီမီယောင်း က လူကြီးမဟုတ်လားအထိုက်အလျှောက်တော့ လက်သင့်ခံနိုင်ဖွယ်ဖြေရမှာမို့ မင်ဂျောင်း က ဖြေရတယ်
“ကိုယ့်ဘာသာပဲ ချက်ရတာပါပဲ”
“အိမ်ရောက်မှ ချက်တော့ ဘယ်အချိန် သွားစားမှာလဲ စားသွား စားသွား တစ်နေကုန် အိမ်ကို ပစ်ထားရတာ ကျတော့ကော စိတ်ချရသလား”
“စိတ်မချလောက်တဲ့ ခိုးစရာ ဝှက်စရာ ဘာမှ ရှိတာမှ မဟုတ်တာ အန်တီမီယောင်း ရယ်... သူငယ်ချင်းတွေ စုနေတဲ့ အိမ်ခန်းကျဉ်းကျဉ်းကလေးဟာ စိတ်ချရပါတယ်”
“သူငယ်ချင်းတွေနဲ့ စုနေတာလား သူတို့ကကော ဘာ လုပ်ကြသလဲ”
အန်တီမီယောင်းက ခပ်ရိုးရိုးမို့ စကားကို တန်ဆာမဆင်
သိချင်တာရှိလျှင်...ဗြောင်ပဲ ... ရိုးရိုး ဖွင့်မေးချတတ်တာမို့ မင်ဂျောင်း မကြာခဏ အဖြေခက်နေတတ်သည် ခုလည်း ...
“ကျပန်းပါပဲ၊ ရုံးဝန်ထမ်းလဲ ပါတာပဲ ... စီးပွားရေးလေး ဘာလေး လုပ်တာလဲ ပါ ပါတယ်"
မျက်နှာပျက်ပျက်နှင့် ထစ်ငေါ့ငေါ့ ဖြေသည်
မင်ဂျောင်း ဘာကြောင့် ဒီလောက် လျှို့ဝှက်ပါလိမ့် ဆိုတာ စဉ်းစားမရ
ဂျီမင်းက နောက်ပိုင်း ဘာမှ မမေးတော့သလို.. ဒအန်တီကိုလည်း နည်းနည်း ဟန်တားရသည်။
“သူ ဖြေနိုင်လား မဖြေနိုင်လား မသိ အန်တီမီယောင်း ရယ် ဖြေချင်ပုံမရတဲ့ ဥစ္စာ သူကလဲ မြုံစိစိနဲ့ သိပ်ပြီး မေးမြန်းမနေပါနဲ့ အားနာစရာကောင်းပါတယ်”
“လူကတော့ ရည်မွန်ပါရဲ့ ဘာရယ် ညာရယ် သေချာ မသိရတာက ခက်တာပဲ သူ သိပ်မပြောချင်မှန်းလဲ သိတော့ သိပါတယ် ဂျီမင်းရယ် ဒါပေမယ့် အန်တီတို့က အိမ်မှာ မိန်းမသားချည်းနေတာ အမြဲဝင်ထွက် ခင်မင်နေလိုသာ ကြည့်နေရတယ် ကိုယ့်လဲ ယောက်ျားသား အားကိုး မရှိ တော့ သူ ကူညီ လုပ်ကိုင်ပေးနေတာတွေကို တူလို သားလို အမှတ်နဲ့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် အေ”
အန်တီက စကား လက်စမသတ်ဘဲ ဂျီမင်းကိုလှည့်ကြည့်သည်
သူ့စကား အဓိပ္ပာယ်ကို ဂျီမင်း သဘောပေါက် ပါသည်
“စိတ်မပူပါနဲ့ … သူ့ကို ကြည့်ရတာလဲ သမီး တို့ တူအရီးကိုပဲ ဆွေလို မျိုးလို လာခင်နေတဲ့ ပုံပါပဲ"
ဂျီမင်း တို့ကို ဆိုင်မှာလည်း အောက်ခြေသိမ်း ကူညီကာ မှီ သွားလေးရာကိုလည်း တစောင့် တရှောက် လိုက်ပါနေ တတ်သည့် မင်ဂျောင်း ကို အဖော်ရင်း တစ်ယောက်လို မှီ ခင် တွယ်လာခဲ့ရသည်
မြို့ထဲက စာအုပ်ဆိုင်တန်းတွေမှာ မင်ဂျောင်း နှင့် ပုခုံးချင်း ယှဉ်လျှောက်ရင်း မှီ ဝယ်သမျှ ဝတ္တု မဂ္ဂဇင်း ကာတွန်း စာအုပ်တွေကို သယ်ပေးတတ်သည့် သူ့ကို ဘယ်လို လူတစ်ယောက်ပဲ ဖြစ်နေပစေ ဂျီမင်း သံယောဇဉ် လျော့နိုင်တော့မှာ မဟုတ်
ဘတ်စ်ကားစီး ပြန်လာကြတိုင်း ကားပေါ်မှာ ဝယ်လာခဲ့သော စာအုပ် သစ်စက်စက်တွေကို ထိုင်ဖတ်လာတတ်လျက် ဘယ်စာရေးဆရာက ဘယ်လို ဘယ်ကဗျာက ဘယ်လို စသဖြင့် ဂျီမင်း လာပြီး နှီးနှော ဆွေးနွေး တတ်ပြန်သည်။
“ရှင်က စာရေးဆရာ ဒါမှမဟုတ် ကဗျာ ဆရာများလားဟင်”
ဟု ဂျီမင်း မေးမိတုန်းက ခေါင်းကို မော့ကာ ဟက်ဟက် ပတ်ပတ် ရယ်လိုက်သည်
ချစ်နိုးဖွယ် ဟန်ကလေးကြောင့်လည်း ဂျီမင်း မှင်တတ်သွားတတ်ခဲ့ဖူးပါသည်
#tbc
Bạn đang đọc truyện trên: Truyen3h.Co