Part 1
#unicode
ခေါင်းထဲ ဘာအတွေးမှ မရှိတော့ဘဲ ဗလာဘဲ ကျန်ရှိနေတဲ့ Winter တစ်ယောက် သူ့လက်မှာ ပတ်ထားတဲ့ လက်ပတ်နာရီကို စိုက်ကြည့်နေမိသည်
နာရီလက်တံရှည်က ၁၂ကို ရောက်ဖို့ စက္ကန့်အနည်းငယ်သာ လိုတော့တယ်
မိနစ်အနည်းငယ်ရောက်ရင် သူ့ဂျူတီ ဆင်းရမယ့်အချိန် ရောက်တော့မယ်လေ .
Winter Kim...Synk အထွေထွေဆေးရုံမှာ အာရုံကြော ခွဲစိတ်ဆရာဝန်ဖြစ်ဖို့ အလားအလာရှိတဲ့ လူငယ်ဆရာဝန်တစ်ယောက်ပါ
လတ်တလောတော့ အသေးစားခွဲစိတ်မှုလေးတွေ လုပ်နေရသည်
မနက် သုံးနာရီကတည်းက အရေးပေါ်ခွဲစိတ်မှု သုံးခုရောက်လာလို့ Winter တစ်မနက်လုံး မအိပ်ရသေး ခွဲစိတ်ခန်းထဲ အချိန်ကုန်နေရသည်
ခွဲစိတ်မှုတွေအားလုံးပြီးမှ သက်ပြင်းချပြီး အဝတ်အစားလဲကာ အိမ်ပြန်ချိန်ကို စောင့်နေရတယ်
နောက်ဆုံး အိမ်ပြန်ချိန်ရောက်တော့ Winter သူနာပြုတွေနဲ့ ဆရာဝန်တွေကို နှုတ်ဆက်ပြီး ဆေးရုံကနေထွက်လာတယ်
ကားပေါ်မတက်ခင် ဆေးရုံရှေ့က ကော်ဖီစက်ရှေ့ရပ်ပြီး ကော်ဖီဝယ်သောက်လိုက်သေးသည်
"Damn it ကော်ဖီသောက်ထားတာတောင် ငိုက်ချင်နေသေးတယ် "
တဖြည်းဖြည်း မှေးစင်းလာတဲ့ မျက်လုံးကြောင့် Winter ကားမောင်းဖို့ ခက်လာတယ်
မအိပ်ချင်အောင် သူ့ပေါင်ကို သူဆွဲလိမ်ပြီး ကားကို အားတင်းကာ မောင်းနေစဥ် ရုတ်တရက် မျက်လုံးမှိတ်မိသွားသည်
ဒုန်း.....
မြည်သံနဲ့အတူ Winter မျက်လုံးပွင့်လာသည်
တစ်စုံတစ်ခုကို သူတိုက်မိပြီဆိုတာ ခံစားမိတယ်လေ
မြန်မြန်ဘဲ ခါးပတ်ချွတ်ပြီး ကားပေါ်က ပြေးဆင်းလိုက်သည်
မြေကြီးပေါ် လဲကျနေတဲ့ လူတစ်ယောက်ကို ကြည့်ပြီး Winter ရင်တွေ တုန်လာတယ်
"ချီးဘဲဟေ့ "
ကားနဲ့တိုက်မိတဲ့ ကောင်မလေးမှာ လဲကျရာကနေ ကြိုးစားထလာသည်
ထိုအခါမှ သူ ကားနဲ့တိုက်မိတာ အမျိုးသမီးမှန်း Winter သိသွားတယ် ထိုအမျိုးသမီးမှာလည်း ထိခိုက်ဒဏ်ရာ သွေးထွက်မှုရှိနေတာတွေ မပေါ်ပေ
"Hey hey ဂရု..."
Winter စကားမဆုံးသေး ထိုမိန်းကလေးမှာ Winter ကိုယ်ပေါ်လဲကျလာသည်
Winterလည်း သက်ပြင်းချပြီး ထိုမိန်းကလေးကို ပွေ့ချီကာ ကားထဲသို့ ထည့်လိုက်တယ်
အပေါ်ယံစစ်ဆေးကြည့်တော့ ဘာထိခိုက်မှုမှာမရှိတာကို Winter တွေ့ရသည်
သို့သော်လည်း အတွင်းဒဏ်တွေဘာတွေရှိနေမလား Winter စိတ်ပူမိသေးသည်
ညဆယ်နာရီကျော် ဖြစ်နေသည့်အပြင် ဆေးရုံနဲ့လည်းလမ်းက ဝေးနေပြီမို့ ရွေးချယ်စရာမရှိတာနဲ့ သတိမေ့နေသည့် မိန်းကလေးကို သူ့အိမ်သို့ Winter ခေါ်လာရတော့သည်
အိမ်သို့ရောက်သောအခါ ထိုမိန်းကလေးကို ဆိုဖာပေါ်သို့ Winter တင်လိုက်သည်
ထို့နောက် Winter တစ်ကိုယ်လုံးညောင်းကိုက်လာသည်မို့ အကြောဆန့်လိုက်ရင်း ညည်းတွားလိုက်သည်
"ဘယ်လို မိန်းကလေးရယ်မသိ ခေါ်နှိုးမရ ရိုက်နှိုးမရနဲ့ "
Winter သက်ပြင်းချပြီး ဆိုဖာဘေးနားထိုင်ချလိုက်တယ်
ခွဲစိတ်မှုတွေ နင်းကန်လုပ်ရပြီး နားရက်လေးနှစ်ရက် ရပါမယ်ရှိသေး အခု လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်လာတယ်လေ ကောင်းလိုက်တဲ့ ကံဇာတာဘဲ
*****
တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသလို ခံစားရလို့ Winter နှိုးလာတယ်
ပင်ပန်းပြီး အိပ်ပျော်သွားတာဘဲ....
"နင် ဘယ်သူလဲ "
ရုတ်တရက် မေးလိုက်တဲ့မေးခွန်းကြောင့် Winter အိပ်ချင်မူးတူးဖြစ်ရာက မျက်မှောင်ကြုတ်မိသွားတယ်
အာ....သူက ငါ ကားနဲ့တိုက်မိတဲ့တစ်ယောက်ဘဲ
"ရှင် သတိရလာပြီလား "
Winter မေးပြီး ထရပ်လိုက်သည်
ဆိုဖာပေါ်က မိန်းကလေးကတော့ Winter လှုပ်ရှားမှုတွေကို လိုက်ကြည့်နေသည်
"နင် ဘယ်သူလဲလို့ "
"အာ...ကျွန်မ နာမည်က Winter ပါ မနေ့ညက ကျွန်မ ရှင့်ကို ကားနဲ့ဝင်တိုက်ခဲ့မိတယ် အဲ့အတွက်ကြောင့် တောင်းပန်ပါတယ် အခု ရှင် ရောက်နေတာ ကျွန်မရဲ့ အိမ်ပါ ...ဟိုလေ ရှင် ဘယ်လိုနေသေးလဲဟင် နာတဲ့နေရာတွေရှိသေးလား "
"သြော် မနေ့ညက တို့ ပြုတ်ကျခဲ့တဲ့ မော်တော်ယာဥ်က မင်းရဲ့ကားပေါ့ "
"ရှင် ပြုတ်ကျတာ ဘယ်လိုကြီးလဲ.... "
"မနေ့ညက သစ်ပင်ပေါ်မှာ တို့တပည့်နဲ့ စကားပြောနေတုံး တစ်ခုခုဖြစ်ပြီး ပြုတ်ကျခဲ့တာ "
Winterမှာ သူကြားလိုက်ရတဲ့ စကားတွေကြောင့် ကြောင်တောင်တောင်ဖြစ်နေတယ်
"အာ.... ရှင့်ကြည့်ရတာ ထင်ယောင်ထင်မှားဖြစ်နေတာ ထင်တယ် ခဏ နားလိုက်ပါအုံးလား လာ ကျွန်မ ရှင့်ကို စစ်ပေးမယ် "
Winter ပြောပြီး သူ့အခန်းထဲ ဝင်သွားတယ် ခဏကြာတော့ ဆေးအိတ်နဲ့ ပြန်ထွက်လာသည်
"တို့လိုမသေမျိုးအတွက် ဆေးကုသတာ ဘာညာ မလိုပါဘူး "
"သေချာပေါက်လိုတာပေါ့ ရှင် ခေါင်းထိသွားတာနေမယ် "
"ကျစ် မသေမျိုးပါဆို "
"ကျွန်မက ဆရာဝန်ပါ "
"Ok ငါက နတ်ဆိုး ငါ့နာမည်က Karina ငါ့အဖေက နတ်ဆိုးဘုရင် "
"ကိုင်း... ဟုတ်ပါပြီ နတ်ဆိုးမင်းသမီးရယ် "
"တို့ပြောတဲ့စကား နားလည်တယ် မဟုတ်လား "
"နားလည်ပါသတဲ့ရှင် "
Winterလည်း Karinaကို ရူးနေတယ်ထင်ပြီး အလိုက်အထိုက်ပြန်ပြောဖို့ ဆုံးဖြတ်လိုက်တယ်
"ကဲ ဒီတော့ နတ်ဆိုးတွေကရော ဗိုက်ဆာတတ်လား "
Karinaကို ဆေးရုံမပို့ခင်ထိ Winter မှာ အလိုက်အထိုက်ပြန်ပြောနေသည်
"ဆာတတ်တာတော့မရှိပါဘူး ဒါပေမယ့် လူတွေစားတဲ့အရာတွေ စားတတ်ပါတယ် "
နတ်ဆိုးက ဗိုက်မဆာပေမယ့် Winter ကတော့ တော်တော်ဗိုက်ဆာနေပြီလေ
"ဒီတော့ Karinaနော် ဟုတ်တယ်မလား ကြက်ဥနဲ့ဘေကွန်ဆိုရင်ရော အဆင်ပြေလား "
Winterက မေးတော့ Karinaက ခေါင်းညိတ်ပြသည်
Winterလည်း Ok signပြပြီး မီးဖိုခန်းထဲ ဝင်ကာ အစားအသောက် ပြင်ဆင်လိုက်တော့သည်
Karinaကတော့ ချက်ပြုတ်ပြင်ဆင်နေတဲ့ Winter ကို ငေးကြည့်နေသည်
#tbc
#zawgyi
ဒုန်း.....
"ချီးဘဲဟေ့ "
"Hey hey ဂရု..."
*****
"နင် ဘယ်သူလဲ "
"ရှင် သတိရလာပြီလား "
"နင် ဘယ်သူလဲလို့ "
"ကျစ် မသေမျိုးပါဆို "
"ကျွန်မက ဆရာဝန်ပါ "
"နားလည်ပါသတဲ့ရှင် "
#tbc
Bạn đang đọc truyện trên: Truyen3h.Co