Truyen3h.Co

ကျွန်မရဲ့ နတ်ဆိုးမင်းသမီး

Part 2

KimFany059

"နွားနို့ ထပ်သောက်အုံးမလား "

Winterကမေးတော့ Karina ခေါင်းခါပြတယ်

Karina မနက်စာစားနေချိန် Winterမှာ သူ့ဖုန်းကနေ အနီးဆုံး စိတ်ကျန်းမာရေးဆေးရုံကို ရှာဖွေနေသည်

ထို့နောက် ထိုဆေးရုံတွေဆီကနေ လူနာများ ထွက်ပြေးလွတ်မြောက်တာရှိမလားဆိုပြီလည်း ထပ်ရှာနေ၏

"ကဲ မနက်စာစားပြီးပြီဆိုတော့ ရေချိုးမလား နတ်ဆိုးမလေး.... တောထဲပြေးလွှား သစ်ပင်တွေပေါ် ပြေးတက်ထားရတော့ ညစ်ပတ်နေမှာ ရေချိုးသင့်တယ် "

နတ်ဆိုးမလေးလည်း ဘာမှမပြောဘဲ Winterခေါ်ရာနောက် လိုက်လာသည်

"ရေချိုးလိုက်နော် ခဏနေ အဝတ်အစားတွေလာပေးမယ် "

Karina ရေချိုးနေချိန် Winterမှာ ရှာဖွေရေးလုပ်နေလေရဲ့

သို့သော်လည်း စိတ်ကျန်းမာရေးဆေးရုံကနေ ထွက်ပြေးလာတဲ့ လူနာတွေ မှတ်တမ်းတစ်ခုမှ မရှိပေ

"ဒုက္ခ.....  ငါ လုပ်နေတဲ့ဆေးရုံကို ခေါ်သွားပြီး စစ်ဆေးရေးလုပ်ကြည့်ရမလားဘဲ အဲ့ကျမှ တစ်ခါတည်း ရဲခေါ်ပြီး ဒီသနားစရာကောင်းတဲ့ ကောင်မလေးကို ရဲလက်အပ်လိုက်ရမလား "

မိနစ်အနည်းငယ်ကြာတော့ Winter ရေချိုးခန်းဘက် ပြန်ရောက်လာပြီး တံခါးခေါက်လိုက်သ​ည်

ဘာမှတုံ့ပြန်သံမကြားလို့ Winter တံခါးဖွင့်ကြည့်တော့ ရေမချိုးသေးဘဲ မတ်တပ်ရပ်ကာ သူ့ကိုကြည့်နေတဲ့ Karinaကို တွေ့ရသည်

"အခုထိ ရေမချိုးသေးဘူးလား "

"မင်းကို စောင့်နေတာလေ "

"အာ အရင်ကလည်း ရေချိုးဖို့ အကူအညီလိုသေးတာလား "

"ဟုတ်တယ် "

အရင်ကလည်း အစေခံတွေ ရေချိုးပေးတာ Karina ခံနေကြလေ

"တို့ကို အဝတ်အစားချွတ်ပေး "

Karinaက ပြောပြီး ခေါင်းမော့လိုက်သ​ည်

ပုံမှန်ဆို သူ့အစေခံတွေက ပြောစရာမလိုအောင် အစအဆုံးလုပ်ပေးတာလေ ဒီလူသားကျမှ ပြောနေရပြီး နှေးကွေးလိုက်တာလို့ Karina တွေးမိသည်

သြော် ဆေးပညာတွေ​လေ့လာခဲ့ရတဲ့ ဆရာဝန်မလေး အခုတော့ သူများအဝတ်အစားချွတ်ပေးနေရပါ့လား

Winterလည်း ဘာမှမပြောတော့ဘဲ Karina ကို အင်္ကျီချွတ်ပေးလိုက်သည်

"အားပါးပါး ရင်ဘတ်ကလည်း ကိတ်လိုက်တာ "

နတ်ဆိုးမလေးရဲ့ ရင်ဘတ်ကို ကြည့်ပြီး Winter သူ့ကိုယ်သူတောင် အားငယ်မိသွားတယ်

ဘောင်းဘီချွတ်ပေးရမယ့်အလှည့်ရောက်တော့ Winter ရှက်သလိုခံစားရပြီး မျက်စိမှိတ်လိုက်သည်

ထို့နောက် ရေပူရေအေး ချိန်ဆပြီး ရေပန်းဖွင့်လိုက်သည်

"ဟိတ် ဘယ်သွားမှာလဲ တို့ကို ဆပ်ပြာတိုက်ပေးအုံးလေ "

ရေချိုးခန်းထဲက ထွက်သွားဖို့ လုပ်နေတဲ့ Winter ကို Karina လှမ်းဆွဲလိုက်သ​ည်

"ရှင်...."

Karinaမှာ သူ့ကိုရေချိုးဆပ်ပြာတိုက်ပေးနေတဲ့ Winterကို ကြည့်နေသည်

Winterဆီက ရတဲ့အနံ့က Karinaရနေကြ အနံ့နဲ့မတူပေ

"မယုံနိုင်စရာဘဲ သေမျိုးနဲ့လာတွေ့နေတာ...."

"ဟင် "

"မင်းက တို့ရဲ့ mateဘဲ..."

"ဟမ်..."

"တို့ရဲ့ ရင်သားတွေရော မင်းအကုန်မြင်ပြီးပြီလေ ဟုတ်တယ်မလား "

"အဲ့တာ ရှင် ချွတ်ခိုင်းလို့လေ "

"နတ်ဆိုးဘုရင်ရဲ့ သားသမီးတွေဆီမှာ Mate တစ်ယောက်ကတော့အမြဲရှိရတယ်သိလား သူတို့ရဲ့စစ်မှန်တဲ့ mateကဘဲ သူတို့ရဲ့လိင်ဆန္ဒကို နှိုးဆွနိုင်တာ....Winter မင်းက တို့ကို ထန်အောင်လုပ်နေတာဘဲ "

"ဘုရားရေ...."

"တို့က ဘုရားမဟုတ်ပါဘူး နတ်ဆိုးပါ "

"ဟုတ်ပြီ ဟုတ်ပြီ နတ်ဆိုးရေ ရော့ တဘတ် ကိုယ့်ကိုကိုယ်လုံအောင်ဖုံးထား "

"M...A...T...E..."

"ဒီမှာ ရှင် ထန်တာ မထန်တာ ကျွန်မ ကိစ္စမဟုတ်ဘူး ကျွန်မနဲ့လည်း မဆိုင်ဘူး "

"မင်းက တို့ရဲ့ mateလေ မဆိုင်လို့မရဘူး "

"ရှင့်ကို ထန်အောင်လုပ်ရုံနဲ့ ကျွန်မက ရှင့် mateမှ မဟုတ်တာ "

"အင်း မင်းကတော့ ဒါတွေနားလည်မှာ မဟုတ်​ပါဘူးလေ ..."

'ဒီမယ် မိန်းမမြင်ရင် ထန်တဲ့ ယောင်္ကျားတွေ အများကြီးရှိတယ် အဲ့ကောင်တွေကရော ကျွန်မရဲ့တာဝန်လား "

Winterက ရန်လုပ်လိုက်သော်လည်း Karina ဆီက တုံ့ပြန်မှုရမယ့်အစား.....

ရုတ်တရက် နတ်ဆိုးအသွင် ပြောင်းသွားတဲ့ Karinaကြောင့် Winter လန့်သွားတယ်

"Ka...Karina "

"မင်း....အခြားသူတွေနဲ့ mate လုပ်ပြီးပြီလား "

"မ...မလုပ်ရသေးဘူး ရှင်...ရှင်က...."

"တို့ မင်းကို အစောကတည်းက ပြောခဲ့သားဘဲ ကလေးရယ် တို့က နတ်ဆိုးပါလို့ "

Karina ရယ်ပြီး သူ့အနက်ရောင် အတောင်ပံကို ဖြန့်လိုက်သည်

ဒါဆို Karinaက ရူးနေတာ မဟုတ်ဘဲ တကယ် နတ်ဆိုးပေါ့....fuck my life....

#tbc

#zawgyi














"မင်းကို စောင့်နေတာလေ "


"ဟုတ်တယ် "













"ရှင်...."




"ဟင် "

"မင်းက တို့ရဲ့ mateဘဲ..."

"ဟမ်..."




"ဘုရားရေ...."



"M...A...T...E..."








"Ka...Karina "






#tbc

Bạn đang đọc truyện trên: Truyen3h.Co