Part 4
နောက်ဆုံးတော့ နတ်ဆိုးနဲ့ လူသားကြားက ငြင်းခုန်မှုတွေလည်း ပြီးဆုံးသွားပြီလေ
Winterက နတ်ဆိုးတွေက လူတွေနေတဲ့ ကမ္ဘာမှာ ဘာလာလုပ်တာလဲမေးတော့ Karinaတို့ ဘာပြန်ဖြေရမှန်းမသိဖြစ်နေတယ် တကယ်တော့ Karinaက နတ်ဆိုးတိုင်းပြည်ကနေ နှင်ချခံထားရတာလေ
ဘာမှအသုံးမကျလို့ နှင်ချခံရတာလို့ လူသားဆရာဝန်လေးကို အမှန်တိုင်း ပြောပြရမလား ဒါမှမဟုတ် လိမ်ပြောလိုက်ရမလား
Karinaကတော့ သူ့ရဲ့ mateကို မလိမ်ထားချင်ဘူး အမှန်တိုင်းပြောပြချင်နေတယ်
'တကယ်တော့ တို့က နတ်ဆိုးတိုင်းပြည်ကနေ နှင်ချခံထားရတာ '
Karina စကားကိုကြားတော့ Winter နည်းနည်းတောင် စိတ်မကောင်းဖြစ်သွားတယ်
"အင်းပါ ရှင်တို့ သွားစရာနေရာမရှိရင်လည်း ကျွန်မ အိမ်မှာ နေလို့ရပါတယ် အခန်းအပိုတွေရှိတယ်ရယ် "
နတ်ဆိုးတွေဆိုပေမယ့်လည်း မကောင်းဘူးလို့ ဆုံးဖြတ်လို့မှမရတာ စာအုပ်တစ်အုပ်ကို အဖုံးတစ်ခုတည်းသာ ကြည့်ပြီး ဆုံးဖြတ်လို့မရဘူးလို့ ဆိုရိုးစကားရှိသလိုပေါ့ ရုပ်ရှင်တွေထဲကလို ဒီနတ်ဆိုးတွေကလည်း ကောင်းရင်ကောင်းနေမှာပါ
ပြီးတော့ အစောပိုင်းက နတ်ဆိုးပုံပန်းသွင်ပြင်ကလွဲရင် အခုတော့ နတ်ဆိုးနှစ်ယောက်လုံးက လုံးဝကို လူသားတွေထက် လှပပြီး ချောလွန်းနေတယ် ခန္ဓာကိုယ်အချိုးအစားကလည်း အပြစ်ပြောစရာမရှိ
ထပ်ပြီး ပြောရမယ်ဆို ရိုးသားတဲ့နတ်ဆိုးတွေ မဟုတ်လား သူတို့က နတ်ဆိုးတွေဖြစ်ကြောင်း အမှန်တိုင်းလည်း ပြောတယ် ပြီး Winterကို အန္တရာယ်လည်း မပေးဘူး
အင်း ဟုတ်တယ် Winterလည်း ကောင်းကွက်တွေချည်း ရှာကြံပြီး ဖြည့်တွေးပေးလိုက်တော့တယ်
"Ningကိုဘဲ ပိုနေတဲ့အခန်းမှာ နေခိုင်းပြီး တို့က မင်းရဲ့အခန်းမှာ လာအိပ်လို့မရဘူးလား "
"အန္တရာယ်မှန်း သိတာတောင် လက်ခံပေးပြီး အိမ်မှာ နေခိုင်းတာကိုဘဲ ကျေးဇူးတင်ပါအုံး ဘာလို့ ကျွန်မရဲ့အခန်းထဲ လာအိပ်ချင်ရတာလဲ "
Winterရဲ့ စကားကြောင့် Karina နှုတ်ခမ်းစူပြီး
"ဟွန်း မင်းက တို့ရဲ့ မိန်းမဘဲကို ဇနီးမယားတွေက တစ်ကုတင်ထဲမှာ အတူအိပ်သင့် "
Karina ရဲ့ စကားကြောင့် Winterမှာ ခါးထောက်ပြီး Karinaကို လက်ညိုးထိုးကာ ရန်လုပ်လိုက်သည်
"ဒီမှာရှင့် ကျွန်မက ရှင့်ရဲ့ mateဆိုတာ လက်မခံသေးဘူး သဘောမတူသေးဘူးနော် ပြီးတော့ ဒါ မြေအောက်ကမ္ဘာ နတ်ဆိုးတိုင်းပြည်လည်း မဟုတ် ဒါ ကျွန်မရဲ့အိမ် ကျွန်မရဲ့ စည်းမျဥ်းစည်းကမ်းဘဲ နားလည်လား "
Ningningမှာ သူ့masterကို ဆက်မပြောဖို့ ဘေးကနေ လက်ကုတ်လိုက်သည်
ဆက်ပြောလည်း နိုင်မယ့်ပုံမှ မပေါ်တာ
"ကောင်းပြီ ဒါဆိုလည်း တစ်ခုတော့ ယူထား "
Karinaပြောပြီး သူ့ခန္ဓာကိုယ်ထဲက စက်ဝိုင်းပုံသဏ္ဍာန် အမဲရောင်လေး ထွက်လာပြီး Winter ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်
"ဘာကြီးလဲ ဘာလဲဟ ရှင် ကျွန်မ ခန္ဓာကိုယ်ထဲ ဘာထည့်လိုက်တာလဲ "
"တို့ရဲ့အစွမ်းတွေ "
"ဟမ် ရှင် ကျွန်မဆီက ခွင့်မတောင်းဘဲ လုပ်ချင်သလိုလုပ်နေတာဘဲ ရှင့်အစွမ်းတွေကို ကျွန်မ ဘာလုပ်ရမှာလဲ ကျွန်မ တစ်ခုခုဖြစ်တော့မှာလား နတ်ဆိုးပြောင်းသွားမှာလား "
ကြောက်လန့်တကြားဖြစ်နေတဲ့ Winterကို Karinaကလည်း ရှင်းပြတတ်မှာ မဟုတ်တာ သေချာသောကြောင့် NingNingကဘဲ ဝင်ရှင်းလိုက်ရသည်
"မဟုတ်ပါဘူး ဒီလိုမျိုးပါ ရုပ်ရှင်တွေထဲကလို မြေခွေးအမြုတေကို လူသားခန္ဓာကိုယ်ထဲ ထည့်သိမ်းထားရင် ဘာမှမဖြစ်သလိုမျိုးပါ စိတ်မပူပါနဲ့ Winter "
"သြော် အဲ့လိုလား နောက်ဆို ကျွန်မကို အရင် ခွင့်ပြုချက်တောင်းပါ "
"ဟုတ်ကဲ့...."
ဘဝပေးကံကြမ္မာအရ အိမ်ထဲထိရောက်လာကြတဲ့ နတ်ဆိုးနှစ်ကောင်နေဖို့ အခန်းသန့်ရှင်းရေး Winter လုပ်နေရပြီလေ
"ရှင်တို့ ညစာ ဘာစားမှာလဲ "
"ရှုးပျံဦးနှောက် "
"ဟမ်....ဟမ်... "
Karina ရဲ့ စကားကြောင့် Winter ကြောင်သွားတယ်
ဘုရားရေ ရှုးပျံဦးနှောက်ကို ငါ ဘယ်သူ့သွားရှာခိုင်းရမှာ... Giselleကိုလား Liaကိုလား...
"မင်းဆီမှာ အဲ့လိုမျိုးတွေမရှိဘူးလား "
"ရှင် ရူးနေသလား ရှုးပျံတွေက ဒီဘက်ခေတ်မှာ ရှိသေးလို့လား "
"Sushi....သူ့အတွက် sushi ...မကျက်တကျက် အသားတွေနဲ့လုပ်ထားတဲ့ sushi..."
Ningningမှာ အမြန်ဝင်ဖြေပေးလိုက်ရသည်
"Ok...အဲ့တာတွေက ကျွန်မဆီတော့ မရှိဘူး မြို့ထဲသွားဝယ်လိုက်မယ် "
"Delivery နဲ့မှာလိုက်လေ "
Wow...Ningningဆိုတဲ့ တစ်ယောက်က လူသားတွေအကြောင်း ထင်ထားတာထက် ပိုသိတာဘဲ
"Deliနဲ့ဆို မကောင်းတာတွေ ရလိမ့်မယ် ကျွန်မကိုယ်တိုင် သွားဝယ်လိုက်မယ် "
"နေပါအုံး.... မင်းက ဘာလို့ လူတွေမရှိတဲ့ ဒီတောအုပ်ဘက် နေရတာလဲ "
"ကားနဲ့သွားမှာဘဲ ဘာမှ မဖြစ်ဘူးရတယ် "
"ရပါတယ် ဒီကဘဲ တယ်လီပို့အစွမ်းနဲ့ သွားဝယ်လိုက်မယ် ခဏစောင့် "
Ningningက ပြောပြီး ဖက်ခနဲ ပျောက်သွားသည်
ဒါမျိုးတွေကျတော့လည်း နတ်ဆိုးတွေက မိုက်သား ဆီဖိုး မကုန်တော့ဘူး
Ningning ထွက်သွားတော့ Karinaနဲ့ Winter နှစ်ယောက်တည်းသာ ကျန်ခဲ့သည်
"My...lady "
တိတ်ဆိတ်မှုကို Karinaက ဖြိုခွဲလိုက်သည်
Winterမှာ သက်ပြင်းချပြီး Karinaကို ကြည့်လိုက်သည်
"နေရခက်လို့ Winterလို့ဘဲခေါ်ပေးပါ့လား "
"ကောင်းပြီ Winter...ခုန တို့အပြုအမူအတွက် မင်းကို လန့်စေတယ်ဆိုရင် တောင်းပန်ပါတယ် နော် "
"ရပါတယ် နောက်တစ်ခါ အဲ့လိုမျိုးထပ်မလုပ်နဲ့တော့ပေါ့နော် ပြီးတော့ တစ်ခုခုလုပ်မယ်ဆို ကျွန်မကို ခွင့်တောင်းပါ "
"အင်းပါ မင်းကို ခွင့်တောင်းပါမယ် တို့ ကတိပေးပါတယ် "
နတ်ဆိုးသာ ပြောတယ် Winterကို ပါပီပေါက်လေးလို မျက်လုံးနဲ့ ကြည့်နေတဲ့ Karinaမှာ သနားစရာကောင်းလွန်းတဲ့ပုံ ပေါ်နေသည်
NingNing ပြန်လာပြီး နောက် သုံးယောက်သား ညနေစာကို အတူ စားကြလေသည်
#tbc
#zawgyi
ေနာက္ဆုံးေတာ့ နတ္ဆိုးနဲ႕ လူသားၾကားက ျငင္းခုန္မႈေတြလည္း ၿပီးဆုံးသြားၿပီေလ
Winterက နတ္ဆိုးေတြက လူေတြေနတဲ့ ကမၻာမွာ ဘာလာလုပ္တာလဲေမးေတာ့ Karinaတို႔ ဘာျပန္ေျဖရမွန္းမသိျဖစ္ေနတယ္ တကယ္ေတာ့ Karinaက နတ္ဆိုးတိုင္းျပည္ကေန ႏွင္ခ်ခံထားရတာေလ
ဘာမွအသုံးမက်လိဳ႕ ႏွင္ခ်ခံရတာလို႔ လူသားဆရာဝန္ေလးကို အမွန္တိုင္း ေျပာျပရမလား ဒါမွမဟုတ္ လိမ္ေျပာလိုက္ရမလား
Karinaကေတာ့ သူ႕ရဲ႕ mateကို မလိမ္ထားခ်င္ဘူး အမွန္တိုင္းေျပာျပခ်င္ေနတယ္
'တကယ္ေတာ့ တို႔က နတ္ဆိုးတိုင္းျပည္ကေန ႏွင္ခ်ခံထားရတာ '
Karina စကားကိုၾကားေတာ့ Winter နည္းနည္းေတာင္ စိတ္မေကာင္းျဖစ္သြားတယ္
"အင္းပါ ရွင္တို႔ သြားစရာေနရာမရွိရင္လည္း ကြၽန္မ အိမ္မွာ ေနလို႔ရပါတယ္ အခန္းအပိုေတြရွိတယ္ရယ္ "
နတ္ဆိုးေတြဆိုေပမယ့္လည္း မေကာင္းဘူးလို႔ ဆုံးျဖတ္လို႔မွမရတာ စာအုပ္တစ္အုပ္ကို အဖုံးတစ္ခုတည္းသာ ၾကည့္ၿပီး ဆုံးျဖတ္လို႔မရဘူးလို႔ ဆိုရိုးစကားရွိသလိုေပါ့ ႐ုပ္ရွင္ေတြထဲကလို ဒီနတ္ဆိုးေတြကလည္း ေကာင္းရင္ေကာင္းေနမွာပါ
ၿပီးေတာ့ အေစာပိုင္းက နတ္ဆိုးပုံပန္းသြင္ျပင္ကလြဲရင္ အခုေတာ့ နတ္ဆိုးႏွစ္ေယာက္လုံးက လုံးဝကို လူသားေတြထက္ လွပၿပီး ေခ်ာလြန္းေနတယ္ ခႏၶာကိုယ္အခ်ိဳးအစားကလည္း အျပစ္ေျပာစရာမရွိ
ထပ္ၿပီး ေျပာရမယ္ဆို ရိုးသားတဲ့နတ္ဆိုးေတြ မဟုတ္လား သူတို႔က နတ္ဆိုးေတြျဖစ္ေၾကာင္း အမွန္တိုင္းလည္း ေျပာတယ္ ၿပီး Winterကို အႏၱရာယ္လည္း မေပးဘူး
အင္း ဟုတ္တယ္ Winterလည္း ေကာင္းကြက္ေတြခ်ည္း ရွာႀကံၿပီး ျဖည့္ေတြးေပးလိုက္ေတာ့တယ္
"Ningကိုဘဲ ပိုေနတဲ့အခန္းမွာ ေနခိုင္းၿပီး တို႔က မင္းရဲ႕အခန္းမွာ လာအိပ္လို႔မရဘူးလား "
"အႏၱရာယ္မွန္း သိတာေတာင္ လက္ခံေပးၿပီး အိမ္မွာ ေနခိုင္းတာကိုဘဲ ေက်းဇူးတင္ပါအုံး ဘာလို႔ ကြၽန္မရဲ႕အခန္းထဲ လာအိပ္ခ်င္ရတာလဲ "
Winterရဲ႕ စကားေၾကာင့္ Karina ႏႈတ္ခမ္းစူၿပီး
"ဟြန္း မင္းက တို႔ရဲ႕ မိန္းမဘဲကို ဇနီးမယားေတြက တစ္ကုတင္ထဲမွာ အတူအိပ္သင့္ "
Karina ရဲ႕ စကားေၾကာင့္ Winterမွာ ခါးေထာက္ၿပီး Karinaကို လက္ညိုးထိုးကာ ရန္လုပ္လိုက္သည္
"ဒီမွာရွင့္ ကြၽန္မက ရွင့္ရဲ႕ mateဆိုတာ လက္မခံေသးဘူး သေဘာမတူေသးဘူးေနာ္ ၿပီးေတာ့ ဒါ ေျမေအာက္ကမၻာ နတ္ဆိုးတိုင္းျပည္လည္း မဟုတ္ ဒါ ကြၽန္မရဲ႕အိမ္ ကြၽန္မရဲ႕ စည္းမ်ဥ္းစည္းကမ္းဘဲ နားလည္လား "
Ningningမွာ သူ႕masterကို ဆက္မေျပာဖို႔ ေဘးကေန လက္ကုတ္လိုက္သည္
ဆက္ေျပာလည္း နိုင္မယ့္ပုံမွ မေပၚတာ
"ေကာင္းၿပီ ဒါဆိုလည္း တစ္ခုေတာ့ ယူထား "
Karinaေျပာၿပီး သူ႕ခႏၶာကိုယ္ထဲက စက္ဝိုင္းပုံသ႑ာန္ အမဲေရာင္ေလး ထြက္လာၿပီး Winter ခႏၶာကိုယ္ထဲသို႔ ေရာက္သြားသည္
"ဘာႀကီးလဲ ဘာလဲဟ ရွင္ ကြၽန္မ ခႏၶာကိုယ္ထဲ ဘာထည့္လိုက္တာလဲ "
"တို႔ရဲ႕အစြမ္းေတြ "
"ဟမ္ ရွင္ ကြၽန္မဆီက ခြင့္မေတာင္းဘဲ လုပ္ခ်င္သလိုလုပ္ေနတာဘဲ ရွင့္အစြမ္းေတြကို ကြၽန္မ ဘာလုပ္ရမွာလဲ ကြၽန္မ တစ္ခုခုျဖစ္ေတာ့မွာလား နတ္ဆိုးေျပာင္းသြားမွာလား "
ေၾကာက္လန့္တၾကားျဖစ္ေနတဲ့ Winterကို Karinaကလည္း ရွင္းျပတတ္မွာ မဟုတ္တာ ေသခ်ာေသာေၾကာင့္ NingNingကဘဲ ဝင္ရွင္းလိုက္ရသည္
"မဟုတ္ပါဘူး ဒီလိုမ်ိဳးပါ ႐ုပ္ရွင္ေတြထဲကလို ေျမေခြးအျမဳေတကို လူသားခႏၶာကိုယ္ထဲ ထည့္သိမ္းထားရင္ ဘာမွမျဖစ္သလိုမ်ိဳးပါ စိတ္မပူပါနဲ႕ Winter "
"ေၾသာ္ အဲ့လိုလား ေနာက္ဆို ကြၽန္မကို အရင္ ခြင့္ျပဳခ်က္ေတာင္းပါ "
"ဟုတ္ကဲ့...."
ဘဝေပးကံၾကမၼာအရ အိမ္ထဲထိေရာက္လာၾကတဲ့ နတ္ဆိုးႏွစ္ေကာင္ေနဖို႔ အခန္းသန့္ရွင္းေရး Winter လုပ္ေနရၿပီေလ
"ရွင္တို႔ ညစာ ဘာစားမွာလဲ "
"ရႈးပ်ံဦးႏွောက္ "
"ဟမ္....ဟမ္... "
Karina ရဲ႕ စကားေၾကာင့္ Winter ေၾကာင္သြားတယ္
ဘုရားေရ ရႈးပ်ံဦးႏွောက္ကို ငါ ဘယ္သူ႕သြားရွာခိုင္းရမွာ... Giselleကိုလား Liaကိုလား...
"မင္းဆီမွာ အဲ့လိုမ်ိဳးေတြမရွိဘူးလား "
"ရွင္ ႐ူးေနသလား ရႈးပ်ံေတြက ဒီဘက္ေခတ္မွာ ရွိေသးလို႔လား "
"Sushi....သူ႕အတြက္ sushi ...မက်က္တက်က္ အသားေတြနဲ႕လုပ္ထားတဲ့ sushi..."
Ningningမွာ အျမန္ဝင္ေျဖေပးလိုက္ရသည္
"Ok...အဲ့တာေတြက ကြၽန္မဆီေတာ့ မရွိဘူး ၿမိဳ႕ထဲသြားဝယ္လိုက္မယ္ "
"Delivery နဲ႕မွာလိုက္ေလ "
Wow...Ningningဆိုတဲ့ တစ္ေယာက္က လူသားေတြအေၾကာင္း ထင္ထားတာထက္ ပိုသိတာဘဲ
"Deliနဲ႕ဆို မေကာင္းတာေတြ ရလိမ့္မယ္ ကြၽန္မကိုယ္တိုင္ သြားဝယ္လိုက္မယ္ "
"ေနပါအုံး.... မင္းက ဘာလို႔ လူေတြမရွိတဲ့ ဒီေတာအုပ္ဘက္ ေနရတာလဲ "
"ကားနဲ႕သြားမွာဘဲ ဘာမွ မျဖစ္ဘူးရတယ္ "
"ရပါတယ္ ဒီကဘဲ တယ္လီပို႔အစြမ္းနဲ႕ သြားဝယ္လိုက္မယ္ ခဏေစာင့္ "
Ningningက ေျပာၿပီး ဖက္ခနဲ ေပ်ာက္သြားသည္
ဒါမ်ိဳးေတြက်ေတာ့လည္း နတ္ဆိုးေတြက မိုက္သား ဆီဖိုး မကုန္ေတာ့ဘူး
Ningning ထြက္သြားေတာ့ Karinaနဲ႕ Winter ႏွစ္ေယာက္တည္းသာ က်န္ခဲ့သည္
"My...lady "
တိတ္ဆိတ္မႈကို Karinaက ၿဖိဳခြဲလိုက္သည္
Winterမွာ သက္ျပင္းခ်ၿပီး Karinaကို ၾကည့္လိုက္သည္
"ေနရခက္လို႔ Winterလို႔ဘဲေခၚေပးပါ့လား "
"ေကာင္းၿပီ Winter...ခုန တို႔အျပဳအမူအတြက္ မင္းကို လန့္ေစတယ္ဆိုရင္ ေတာင္းပန္ပါတယ္ ေနာ္ "
"ရပါတယ္ ေနာက္တစ္ခါ အဲ့လိုမ်ိဳးထပ္မလုပ္နဲ႕ေတာ့ေပါ့ေနာ္ ၿပီးေတာ့ တစ္ခုခုလုပ္မယ္ဆို ကြၽန္မကို ခြင့္ေတာင္းပါ "
"အင္းပါ မင္းကို ခြင့္ေတာင္းပါမယ္ တို႔ ကတိေပးပါတယ္ "
နတ္ဆိုးသာ ေျပာတယ္ Winterကို ပါပီေပါက္ေလးလို မ်က္လုံးနဲ႕ ၾကည့္ေနတဲ့ Karinaမွာ သနားစရာေကာင္းလြန္းတဲ့ပုံ ေပၚေနသည္
NingNing ျပန္လာၿပီး ေနာက္ သုံးေယာက္သား ညေနစာကို အတူ စားၾကေလသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co