Truyen3h.Co

ကျွန်မရဲ့ နတ်ဆိုးမင်းသမီး

Part 3

KimFany059

"ဒီတော့ မင်း အ​ခြားသူတွေနဲ့ အိပ်ပြီးပြီလား "

နတ်ဆိုးအသွင်ပြောင်းသွားတဲ့ Karinaကြောင့် Winterမှာ အရင်လို မဟုတ်တော့ဘဲ ကြောက်လန့်လာတယ်

"ကျေး.....ကျေးဇူးပြုပြီး ကျွန်မကို.... ကျွန်မကို နာအောင်မလုပ်ပါနဲ့ "

ဆရာဝန်မလေး Winterမှာ ကြောက်လွန်းလို့ အသားတွေတဆတ်ဆတ်တုန်နေသည်

Karinaက သူ့လက်ကို ကိုင်တော့ Winterက တွန်းပစ်သည်

အကြောက်လွန်နေတဲ့ လူသားကောင်မလေးကြောင့် Karinaလည်း နတ်ဆိုး သွင်ပြင်ကနေ လူသားပုံစံပြန်ပြောင်းလိုက်လေသည်

"အရမ်းလန့်သွားတာလား....ခုနအတွက် တောင်းပန်ပါတယ် ကလေးရယ် "

Karinaက လူသားပုံစံပြောင်းပြီး စကားကို နူးနူးညံ့ညံ့ပြောသော်လည်း မရ Winterမှာ ကြောက်လွန်းလို့ တုန်ခါနေသည်

"ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး.... ကျေးဇူးပြုပြီး.... "

အကြောက်လွန်နေတဲ့ Winterမှာ ကျေးဇူးပြုပြီး စကားကို ဘယ်နှခါပြောမိနေမှန်းကို မသိပေ

Karinaမှာလည်း ဒီလူသား သူ့ကိုမကြောက်တော့အောင် ဘာလုပ်ပေးရမလဲ တွေးနေစဥ် သတ္တိခဲ Winter တစ်ယောက် မေ့လဲသွားလေသည်

Karinaလည်း မေ့လဲသွားတဲ့ Winterကို ပွေ့ချီပြီး သူ့အခန်းထဲ ခေါ်သွားလိုက်သည်

Winterကို ကုတင်ပေါ်တင်ပေးပြီး စောင်သေချာခြုံပေးလိုက်သည်

"သူက တကယ့်ကို လူသားလေးဘဲ "

မတူညီတဲ့ကမ္ဘာနှစ်ခုကနေ နောက်ဆုံးတော့ သူ့mateလေးကို ရှာတွေ့ခဲ့ပြီလေ

စိတ်ရှည်ရှည်နဲ့ Winter သူ့ကို လက်ခံမယ့်အချိန်ကို စောင့်ရမှာဘဲ

အိပ်ပျော်နေတဲ့ Winterကို ကြည့်ရင်း Karina ဘာလုပ်ရမှန်းမသိလို့ သူ့ရဲ့ အစောင့် NingNingကို ခေါ်လိုက်သည်

အိမ်နံရံကနေ အနီရောင် စက်ဝိုင်းကြီးပေါ်လာပြီးနောက် စက်ဝိုင်းထဲကနေ NingNing ထွက်လာလေသည်

'"lady Karina.... "

"ငါ သူ့ကို ရှာတွေ့ပြီ "

Karina စကားကြောင့် NingNing ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကုတင်ပေါ် အိပ်ပျော်နေတဲ့ Winterကို တွေ့ပြီး ထအော်မိသည်

"Graceကိုတွေ့တာလား.....သူက လူသားလား "

"ဟုတ်တယ် ငါ့ကျက်သရေကို တွေ့တာ "

"သူက အစ်မရဲ့ ကျက်သရေ ဆိုတာ သေချာလား "

NingNing ထပ်ပြီး မေးလိုက်သည်

"သေချာတယ်....ငါ ခံစားရတယ် "

"ဟုတ်ပါပြီ mateကိုရော ကျက်သရေကိုပါ ရှာတွေ့လို့ congratulation ပါ "

Ningning လက်ခုပ်တီးရင်း နတ်ဆိုးမလေးကို ဂုဏ်ပြုစကားဆိုလိုက်သည်

Karinaမှာ ဂုဏ်ယူစွာ ပြုံးလိုက်သ​ည်

Ningningမှာ သူ့ရဲ့ masterကိုကြည့်ပြီး ကုတင်ပေါ် အိပ်ပျော်နေတဲ့ ကောင်မလေးကို ကြည့်လိုက်ပြန်သည်

"ဘယ်လောက်တောင် သောင်းကျန်းခဲ့တာလည်းဟင် သူ့မှာ မြော့ပြီး မေ့လဲသွားရှာတယ် "

"အယ် "

NingNingရဲ့  စကားကြောင့် Karina လန့်သွားတယ်

"မဟုတ်ဘူး နင် အထင်လွဲနေတာ ငါတို့ ဘာမှမဖြစ်ခဲ့ဘူး ငါလည်း ဘာမှမလုပ်ရသေးဘူး ငါ့ demon sideကို မြင်ပြီး မေ့လဲသွားတာဘဲ ဆိုတော့လေ နင်က လူသားတွေနဲ့ ပိုပြီးထိတွေ့ရင်းနှီးတော့ နင့်ဆီက အကူအညီလိုလို့ Ning "

******
လူသားမျိုးနွယ်လေး သတိရလာပြီထင်ပါရဲ့ လှုပ်စိလှုပ်စိလေး ဖြစ်လာတယ်

"Winter...နိုးလာပြီလား ကလေး "

Winter မှာ မျက်လုံးမဖွင့်နိုင်သေးပေမယ့် သူကြားနေရတဲ့အသံကိုတော့ ဘယ်သူ့ အသံမှန်းခွဲခြားနိုင်သည်...

"ရှင် အခုထိ ဘာလို့အဝတ်အစားမဝတ်ရ​သေးတာလဲ "

"အယ် ဘာဖြစ်လို့လဲ "

"ဒါမျိုးကြီး မြင်ရတာအဆင်မပြေဘူး "

ဟောတော် လူသားပေါက်စလေးက သတိရလာတာနဲ့လူကို တန်းပြီး ရန်လုပ်တော့တာဘဲ

Karina တွေးနေတုံးရှိသေး Winterက သူ့ကိုယ်သူ ပါးရိုက်ချလို့ လန့်သွားပြန်သည်

"Ha "

"အဝတ်အစားတွေဝတ်ပြီး အောက်ဆင်းခဲ့ စောင့်နေမယ် "

Karina ကို အဝတ်အစားတွေ ပစ်ပေးပြီးနောက် Winter အောက်ထပ်ကို ဆင်းသွားလေသည်

Winter အောက်ဆင်းသွားတော့ NingNingကို Karina ထပ်ခေါ်ပြန်သည်

'သူ ဘာလို့ သူ့ပါးသူရိုက်နေတာလဲ Ning  "

"သူ့ကိုယ်သူ demon နတ်ဆိုးနဲ့ တွေ့နေရတာ မယုံလို့ဖြစ်မယ် "

"လူသားတွေကိုလည်း ငါလိုက်မမှီပါလား Ning "

"ဆိုတော့ နတ်ဆိုး နှစ်ကောင်လုံး အောက်ကို ကြွခဲ့ပါ "

"ဟိုက် သူ ဘယ်လိုသိ "

တကယ်တော့ NingNingနဲ့ Karina စကားပြောနေကတည်းက Winterက နိုးနေတာပါ ဒါပေမယ့် ဘာလုပ်ရမှန်းမသိလို့ ဆက်ပြီး အိပ်ချင်ယောင်ဆောင်နေခြင်း ဖြစ်သည်

ကော်ဖီသောက်မှဖြစ်မယ် အခု မြင်နေရတာတွေက ဘာတွေမှန်းမသိ.....

Winter တွေးရင်း ကော်ဖီတစ်ခွက် ဖျော်လိုက်သည်

အခုရှေ့ဆက်ပြီး သူမ ဘဝ ဘာဆက်ဖြစ်မလဲ....

"ငါ တကယ်ဘဲ နတ်ဆိုး ရဲ့ mateလား "

Winter တွေးနေတုံးရှိသေး နတ်ဆိုးနှစ်ကောင်က သူ့ရှေ့ပေါ်လာလို့ ကော်ဖီတွေ သီးကုန်သည်

"Fuck တကယ် နတ်ဆိုးတွေဟေး "

Winterမှာ နတ်ဆိုးနှစ်ယောက်ကို ကော်ဖီသောက်မလား မေးပေမယ့် နှစ်ယောက်လုံးက ခေါင်းခါပြသည်

"ဒီတော့ နှစ်ယောက်လုံးက နတ်ဆိုးလား "

"တကယ်တော့ ငါက နတ်ဆိုးမဟုတ်ပေမယ့် အင်းပေါ့ နတ်ဆိုးလို့ဘဲဆိုကြပါတော့ ငါတို့နှစ်ယောက်လုံးက မြေအောက်ကမ္ဘာက..."

Winterရဲ့ မေးခွန်းကို NingNingက ဖြေပေးလိုက်သည်

Winterမှာ ကော်ဖီတစ်ငုံသောက်ရင်း ခေါင်းညိတ်လိုက်တယ်

"ပြီးတော့ အခုမှ မိတ်ဆက်ရလို့ အားနာပါတယ် မမလေး Winter....ငါက NingNingပါ Masterရဲ့ သစ္စာစောင့်သိယုံရတဲ့ ညာလက်ရုံးပါ "

"အာ မမလေး Winterလို့ မခေါ်ပါနဲ့ ဒီတိုင်း ပုံမှန်ဘဲလုပ်ပါ "

"မခေါ်ပါရစေနဲ့ Master ရဲ့ mateမို့ လေးစားသမှုနဲ့ မမလေး Winterလို့ ခေါ်ပါရစေ "

"နေပါအုံး ကျွန်မက သူ့ရဲmateဆိုတာ ဘယ်လိုသေချာလဲ "

"တို့ခန္ဓာကိုယ်က အလိုအလျောက်သိတာပါဆို "

"မဖြစ်နိုင်တာ ကျွန်မတို့ လူသားတွေမှာဆို....."

"တို့က Demonလေ "

"နေအုံး ရှင်နဲ့စကားမပြောဘူး လူသားတွေနဲ့ရင်းနှီးတဲ့ Ningလား လာ ရှင်နဲ့ပြောမယ် ကျွန်မတို့ လူသားသဘာဝမှာဆို @*@$% "

နောက်ဆုံးတော့ Karina နတ်ဆိုးမလေးလည်း ဒေါက်တာမလေး Winter နဲ့ အငြင်းအခုန်ဆက်မလုပ်နိုင်သောကြောင့် လက်လျော့လိုက်သည်။

သို့သော်လည်း သူမရဲ့ ညာလက်ရုံး NingNingကတော့ ဒေါက်တာမလေးနဲ့ စပယ်ရှယ် ငြင်းခုန်နေပြီလေ

ဒါမျိုးတော့ အားကိုးရသားဘဲ NingNingက....

#tbc

#zawgyi



















'"lady Karina.... "

"ငါ သူ့ကို ရှာတွေ့ပြီ "






"သေချာတယ်....ငါ ခံစားရတယ် "






"အယ် "



******




"အယ် ဘာဖြစ်လို့လဲ "




"Ha "








"ဟိုက် သူ ဘယ်လိုသိ "



















"တို့က Demonလေ "





#tbc

Bạn đang đọc truyện trên: Truyen3h.Co