သေခါနီးဖြတ်လျောက်လေးပြန်ကျန်းမာလာပြီ
1
ကူးပြောင်းလာသူတစ်ယောက်အနေနဲ့ သူရဲ့ ရည်ရွယ်ချက်က ကောင်းမွန်တယ့် ဇာတ်ကြောင်းတစ်ခုရရှိရန်နှင့် အနာဝတ်မှာဖြစ်လာမယ့် မကောင်းတယ့်အရာတွေကနေရှောင်ရှားဖို့ဖြစ်တယ်။
ဒါဆိုရင် ဝတ္ထုတစ်ပုဒ်ထဲမှာ စာတစ်ကြောင်းတည်းနဲ့ပဲ ဖော်ပြခံရပြီး စောစောစီးစီး သေဆုံးသွားမယ့် အသက်အန္တရာယ်ရှိတဲ့ ဇာတ်ပို့တစ်ယောက်အနေနဲ့ ကူးပြောင်းမိတယ့်အခါ ဘာဆက်လုပ်သင့်လဲ။
ဝတ္ထုထဲမှာ သူက ဇာတ်လိုက်ဖြစ်သူရဲ့ ငယ်သူငယ်ချင်းဖြစ်ပြီး နာမကျန်းဖြစ်ကာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရမှာဖြစ်တယ်၊၊ အဓိကမင်းသားက သူသေဆုံးမှု့ကြောင့် စိတ်ဒဏ်ရာရာခဲ့ကာ ထို စိတ်ဒဏ်ရာကြောင့် သူက နူးညံ့တယ့် အဓိကအမျိုးသမီးဇာတ်မလိုက်ကို လက်မခံနိုင်ဖြစ်ခဲ့ရသည်။
ပြီးတော့ ကျွန်ကတော် အဲ့ဒီ အသက်အန္တရာယ်ရှိတဲ့ ငယ်သူငယ်ချင်းအဖြစ် ကူးပြောင်းသွားရတာမို့ မူကိုယ်ရဲ့သေဆုံးခြင်းကို မပြောင်းလဲနိုင်ပေမယ့် အဓိကဇာတ်လိုက်မင်းသား စိတ်ဒဏ်ရာ မရစေဖို့ တိတ်တဆိတ် ထွက်ပြေးခဲ့တယ်။
ဒါပေမဲ့ သေမယ့်အစား ကျွန်ကတော် အလွန်အမင်း ကျန်းမာသန်စွမ်းလာခဲ့တယ်။
ဒုန်း—! ဒုန်း ဒုန်း—!
မင်းသားက အခုဆိုရင် စစ်ပွဲတစ်ခုကို ဆင်နွှဲနေသလိုမျိုး တံခါးကို အတင်းထုရိုက်နေတယ်။
"ငါတော့ သွားပြီ"
ငါသိသလောက်ဆို မူရင်းဇာတ်လမ်းက အဆုံးသတ်မှာ မိစ္ဆာတစ်ကောင်လို မျက်နှာပေးရှိတယ့် အဓိကဇာတ်လိုက်မင်းသား တစ်ယောက်ပဲ ကျန်ရစ်ခဲ့ရမှာလေ ။
တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီ။
ငယ်စဉ်ကတည်းက နတ်သားလေးလို ရုပ်ရည်မျိုးနဲ့ နူးညံ့ သိမ်မွေ့ပြီး ကြင်နာတတ်တဲ့ စရိုက်ကြောင့် လီဒယ်လ် မားကွစ်နယ်မြေရဲ့ အချစ်တွေကို တစ်ဦးတည်း သိမ်းပိုက်ထားခဲ့တဲ့ အငယ်ဆုံးလေးဖြစ်သူ ကျွန်တော် ဂျေဒန် လီဒယ်လ်ဟာ အသက် ၁၀ နှစ်အရွယ်မှာ ခေါင်းဆောင့်မိပြီး သတိလစ်သွားရာကနေ ကျွန်တော့်ရဲ့ အတိတ်ဘဝကို ပြန်လည်မှတ်မိခဲ့တယ်။
တစ်ချိန်တည်းမှာပဲ ကျွန်တော်ဟာ ဝတ္ထုတစ်ပုဒ်ထဲက ဇာတ်ကောင်ဖြစ်နေမှန်း သိလိုက်ရတယ်။
'ဂျောင်အင်း' အဖြစ် နှစ် သုံးဆယ်လောက် ဖြတ်သန်းခဲ့ရပြီး နောက် ပြန်နိုးလာတဲ့အခါမှာတော့ သုံးရက် ထဲသာကုန်ဆုံးသွားခဲ့မှန်းသိလိုက်ရတယ်။
နိုးလာပြီးနောက်မှာတောင် လေဟာနယ်ကို ကြောင်ကြည့်ပြီး မျက်တောင်ခတ်နေတဲ့ ကျွန်တော့်ကို မြင်တော့ မိခင်ဖြစ်သူက သူရူးသွားပြီထင်ကာ ရှိုက်ကြီးတငင်နဲ့ငိုနေပေမယ့် ဒါက အရေးကြီးတဲ့အပိုင်း မဟုတ်ခဲ့ဘူး။
'အို ဘုရားသခင်၊ ဘာလို့မှများ ဒီလိုဟာမျိုး ဖြစ်ရတာလဲ!!! '
ကူးပြောင်းလာတာဖြစ်ဖြစ်၊ ဘဝသစ်ပြန်စရတာဖြစ်ဖြစ် အဆင်ပြေပါတယ်။
ဇာတ်ပို့တစ်ယောက် ဖြစ်နေတာလည်း ဘာမှ ပြဿနာမရှိပါဘူး။
လူတန်းစား ခွဲခြားထားတဲ့ ကမ္ဘာမျိုးမှာ လိုလေသေးမရှိ နေထိုင်နိုင်ရင်ပဲ ဇာတ်ပို့ဖြစ်ဖြစ်၊ ဇာတ်လိုက်ဖြစ်ဖြစ် ဘာကွာလို့လဲ။ တကယ်တော့ အဓိကဖြစ်ရပ်တွေကနေ ရှောင်ရှားပြီး အေးအေးချမ်းချမ်း နေနိုင်တာမို့ ဖြတ်လျောက်ဖြစ်ရတာက ပိုတောင် ကောင်းပါသေးတယ်။
ဒါပေမဲ့ အသက်အန္တရာယ်ရှိတဲ့ ရောဂါခံစားနေရသူ ဆိုတဲ့ ဂုဏ်ပုဒ်သာ တွဲပါလာရင်တော့ ဇာတ်လမ်းက ပြောင်းလဲသွားပြီမဟုတ်ဘူးလား။
သူကူးပြောင်းလာတယ့် မူရင်းဝတ္ထု 'How to Successfully Conclude a Contract Marriage' ဆိုတယ့်အလယ်ခေတ်ကာလကို အခြေခံထားတဲ့ ရိုမန့်စ် ဖန်တစီတစ်ပုဒ်ဖြစ်တယ်။
မှော်ဆရာတွေ၊ အော်ရာ (Aura) အသုံးပြုနိုင်သူတွေနဲ့ မိစ္ဆာလို သတ္တဝါတွေ ပေါ်ပေါက်တဲ့ ကမ္ဘာမျိုးမှာ Mana လို့ခေါ်တဲ့ ဒြပ်မဲ့စွမ်းအင်ဟာ လေထုထဲက အောက်ဆီဂျင်လို သဘာဝအတိုင်း တည်ရှိနေတာ ဖြစ်တယ်။
ပြီးတော့ မူရင်းထဲက ဂျေဒန် လီဒယ်လ် ကတော့အဖြေထွက်ထားတဲ့ ရောဂါကတော့ Mana ခံစားလို့မရတယ့်ရောဂါ (mana sclerosis) ပဲ ဖြစ်တယ်။
(sclerosis ကိုဘယ်လိုဘာသာပြန်ရမှန်းမသိလို့ ဒီတိုင်းပြန်လိုက်တယ်နော် )
ဘာပဲဖြစ်ဖြစ်၊ Mana အတွက်ပဲသုံးသုံး အော်ရာအတွက်ပဲသုံးသုံး လူသားအားလုံးရဲ့ ခန္ဓာကိုယ်ထဲမှာ Mana ရှိနေကြပြီး၊ Mana ခံစားလို့မရတယ့်ရောဂါ ရှိသူတွေမှာတော့ အဲ့ဒီMana တွေက တဖြည်းဖြည်း ခဲလာပြီး သေဆုံးခြင်းဆီ ဦးတည်သွားစေတာ ဖြစ်တယ်။
အထူးသဖြင့် Mana နဲ့ပိုမိုနီးစပ်လေလေ စောစောစီးစီး သေဆုံးလေလေဖြစ်ရာ၊ ထူးချွန်ထက်မြက်တဲ့ မှော်ဆရာတွေနဲ့ အော်ရာအသုံးပြုနိုင်သူ အများအပြား ထွက်ပေါ်ခဲ့တဲ့ လီဒယ်လ် မားကွစ်အနွယ်ဝင် ဂျေဒန် ဟာလည်း အရွယ်မရောက်ခင်မှာပဲ သေဆုံးသွားခဲ့ရတယ်။
ပြီးတော့ အခုဆိုရင် အဲ့ဒါက ကျွန်တော့်အတွက် ကျန်ရှိနေတဲ့ အနာဂတ် ဖြစ်နေပြီ။
ကျွန်တော်က ရူးနေတာမဟုတ်ဘဲ ခေါင်းကိုက်ပြီး ဝေဝေဝါးဝါး ဖြစ်နေရုံရုံပဲလို့ မိသားစုဝင်တွေကို စိတ်အေးအောင် ပြောပြပြီးနောက်၊ တစ်ယောက်တည်း ကျန်ရစ်တဲ့အခါမှာတော့ လက်နှစ်ဖက်နဲ့ မျက်နှာကို အုပ်လိုက်မိတယ်။
"ဟာ... တောက်..."
ချစ်စဖွယ်ကောင်းပြီး ကြည်လင်ပြတ်သားတဲ့ အသံလေးက ဆဲရေးတိုင်းထွာသံနဲ့ မလိုက်ဖက်လှပေမဲ့ ဘယ်သူက ဂရုစိုက်နေမှာလဲ။
သူဟာ အသက် ၃၀ ဆိုတဲ့ ငယ်ရွယ်တဲ့အသက်နဲ့ ဘဝကို အဆုံးသတ်ခဲ့ရပြီး၊ မှူးမတ်တစ်ယောက်အနေနဲ့ သက်တောင့်သက်သာ နေထိုင်နိုင်တော့မယ်လို့ ထင်ခဲ့ကာမှ၊ အရွယ်မရောက်ခင်မှာပဲ သေခြင်းတရားနဲ့ ထပ်မံရင်ဆိုင်ရဦးမှာ ဖြစ်တယ်။ ဒီအခြေအနေမှာတော့ ကျွန်တော်ဟာ အသက်တိုမယ့် ကျိန်စာသင့်နေတာလားလို့တောင် သူ့ကိုယ်သူတွေးမိတော့တယ်။
"မူရင်းဇာတ်လမ်းက....."
သူကုတင်ပေါ်ကနေ အပြေးအလွှား ထလိုက်ပြီး၊ စက္ကူနဲ့ ဖောင်တိန်ကို ထုတ်ကာ မူရင်းဇာတ်လမ်းရဲ့ အကြောင်းအရာတွေကို စတင်ချရေးမိတော့တယ်။
သူကုတင်ပေါ်ကနေ အပြေးအလွှား ထလိုက်ပြီး၊ စက္ကူနဲ့ ဖောင်တိန်ကို ထုတ်ကာ သူ မှတ်မိနေတဲ့ မူရင်းဇာတ်လမ်းရဲ့ အကြောင်းအရာတွေကို စတင်ချရေးမိတော့တယ်။
မူရင်းဇာတ်လမ်းရဲ့ မင်းသမီးဖြစ်သူ 'အန်း ရိုဟေဗန်' ဟာ ကုသလို့မရနိုင်တဲ့ ရောဂါဝေဒနာတစ်ခုကို ခံစားနေရသူ ဖြစ်တယ်။
အရွယ်မရောက်ခင်မှာတင် သေဆုံးရမယ့် ကျွန်တော့်ရဲ့ ရောဂါလိုမျိုး အသက်အန္တရာယ် မစိုးရိမ်ရပေမဲ့၊ ပုံမှန်လူလို ဖြတ်သန်းသွားလာဖို့ တော့မဖြစ်နိုင်လောက်တဲ့အထိတော့ ပြင်းထန်လှပါတယ်။
ထိုရောဂါကို ကုသဖို့ နည်းလမ်း ရှာဖွေနေရင်းနဲ့ သူမဟာ မင်းသား 'ကဲလစ် 'ရဲ့ နယ်မြေဖြစ်တဲ့ ဘာလ်မိုး ဒျုခ်နယ်မြေမှာပဲ ပေါက်ရောက်တဲ့ ဆေးဘက်ဝင်အပင်တစ်မျိုးဟာ သူမရဲ့ ရောဂါကို ကုသဖို့အတွက် သော့ချက်ဖြစ်မှန်း အမှတ်မထင် သိရှိသွားခဲ့တယ်။
အထူးသဖြင့် ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာက စိတ်ဒဏ်ရာ ဖြစ်သွားစေတယ်ဆိုရင်၊ အဲ့ဒါက သူ တော်တော်လေး နာကျင်ခဲ့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပြီး၊ ပင်ပန်းခက်ခဲလှတဲ့ ဘဝကို ဖြတ်သန်းနေရတဲ့သူ့ကို ဒီလိုမျိုး နာကျင်မှုကို ထပ်ပြီး မခံစားစေချင်တာ ဖြစ်တယ်။
"သူငယ်ချင်းတစ်ယောက်ရဲ့ သေဆုံးမှုအပေါ် ဝမ်းနည်းရမှာကတော့ ရှောင်လွှဲလို့မရဘူးလေ"
အဲ့ဒါကထိန်းချုပ်လို့ရတဲ့ အရာမျိုးမဟုတ်ဘူး။ ဒါကြောင့် အရိုးရှင်းဆုံးပြောရရင် ကျွန်တော်က မင်းသားနဲ့ သူငယ်ချင်း မဖြစ်အောင် နေလိုက်ရုံပဲ။
ကျွန်တော့်မှာ ရှက်စရာကောင်းတဲ့ နောက်ခံအသိုင်းအဝိုင်းမျိုး မရှိတာ မှန်ပေမဲ့လည်း၊ မင်းသားက အမွေဆက်ခံသူ တစ်ယောက်ဖြစ်တယ်။ သဘာဝကျကျပဲ သူက သူ့(ဂျေဒန်လီဒယ် ) ထက် ပိုပြီးတော့ သူငယ်ချင်းတွေကို အများကြီး ရနိုင်ပါတယ်။
"အေးပါ မင်းသားရာ ငါက ငါ့အခန်းထဲမှာပဲ အောင်းပြီး နာမကျန်းဖြစ်နေတုန်း၊ မင်းကတော့ ကျန်းမာသန်စွမ်းတဲ့ လူတွေနဲ့သူငယ်ချင်းတွေ အများကြီးသာ ဖွဲ့ထားလိုက်ပါ"
သူက ဘာအစီအစဉ်မှမရှိတဲ့ အစီအစဉ်ကို နိဂုံးချုပ်လိုက်ပြီး စာရေးခုံကနေ ထလိုက်တယ်။
အရာအားလုံးက ထင်သလို ဖြစ်မလာနိုင်ပေမဲ့လည်း၊ မင်းသားနဲ့ သူငယ်ချင်းမဖြစ်အောင် ရှောင်ကြဉ်ဖို့ကတော့ သိပ်ပြီးတော့ မခက်ခဲလောက်ပါဘူး။
အဲ့လိုတွေးခဲ့တာရက်အနည်းပဲရှိသေးသည်။ အဓိကမင်းသားဖြစ်သူ ကဲလစ်နဲ့ မျက်နှာချင်းဆိုင် တိုးမိတဲ့အခါမှာတော့၊ အဲ့ဒီအတွေးကို ပြန်လည်ပြင်ဆင်ဖို့ကလွဲလို့ ကျွန်တော့်မှာ အခြားရွေးချယ်စရာ မရှိတော့ပါဘူး။
"အာ... မင်္ဂလာပါ..."
ဒီလို ကြောင်ပေါက်လေးလို နူးညံ့တဲ့ကလေးက ဘယ်ကနေ ရောက်လာတာလဲ။
ကဲလစ်နဲ့ တွေ့ဆုံဖြစ်ခဲ့တာက ကျွန်တော် အတိတ်ဘဝကို သတိရသွားသည်။ အတိအကျ တစ်ပတ်အကြာမှာ တွေ့ရမှာဖြစ်တယ်။
ကျွန်တော်တို့က မားကွစ်မျိုးရိုးဖြစ်ပေမဲ့ ဝေးလံလှတဲ့ ဘာလ်မိုး ဒျုခ်နယ်မြေက သခင်လေးနဲ့ ဘယ်လိုဖြစ်ပြီး ငယ်သူငယ်ချင်းတွေ ဖြစ်လာခဲ့တာလဲလို့ တွေးမိသေးတယ်။
အဓိကမင်းသားက ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေဖို့အတွက် နွေးထွေးတဲ့ လီဒယ်လ်နယ်မြေဆီ လာရောက်နေထိုင်ခဲ့ရာကနေ သူတို့ရဲ့ပတ်သက်မှု စတင်ခဲ့တာ ဖြစ်နေတယ်။
အရွယ်မရောက်ခင်ကတည်းက Mana နိုးထစေပြီး သာမန်သူရဲကောင်းတွေကို ကျော်လွန်တဲ့ ဓားသိုင်းပညာရှင်တစ်ယောက်အဖြစ် ကြီးပြင်းလာမယ့် ကဲလစ်ဟာ အံ့ဩစရာကောင်းလောက်အောင်ပဲ သူ့ရဲ့ငယ်စဉ်ကလေးဘဝမှာတော့ အားနည်းတဲ့ ခန္ဓာကိုယ်ကြောင့် အဖျားဒဏ်ကို တွေ ခံစားခဲ့ရရှာတယ်။
တကယ်တော့ သူက အမှန်တကယ် အားနည်းတာမျိုး မဟုတ်ပါဘူး၊ သူ့ခန္ဓာကိုယ်က Mana တွေကို သဘာဝအတိုင်းအငမ်းမရ စုပ်ယူနေတာကြောင့် သူ့ကိုယ်ကဝန်ပိပြီး အားနည်းသလိုမျိုး ဖြစ်နေရုံသက်သက်ပဲ ဖြစ်တယ်။
ဒါကိုပဲ ဒျုခ်က ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေဖို့အတွက် ကဲလစ်ကို လီဒယ်လ်နယ်မြေဆီ လွှတ်လိုက်တာ ဖြစ်ပါတယ်။
ကဲလစ်ကို မွေးဖွားပြီး မကြာခင်မှာသူ့အမေကဿွယ်လွန်ခဲ့ရပြီး သူ့ (ဂျေဒန်လီဒယ် )မိခင်နဲ့ ခင်မင်ရင်းနှီးမှု ရှိခဲ့သလို၊ ဤနေရာရဲ့ ရာသီဥတုကလည်း ကောင်းမွန်တာကြောင့် ကျန်းမာရေးပြန်ကောင်းလာစေရန်အတွက် သင့်တော်တာဖြစ်တယ်။
ဒါ့အပြင် အခြားသော နယ်မြေတွေနဲ့ နှိုင်းယှဉ်ရင် Mana ဓာတ် ကြွယ်ဝလှတဲ့ ဒျုခ်နယ်မြေရဲ့ ပတ်ဝန်းကျင်ဟာ ကဲလစ်ရဲ့ ခန္ဓာကိုယ်ကို အမှန်တကယ်ပဲ ပိုဆိစေတာကြောင့်၊ ဤနေရာမှာ နှစ်အနည်းငယ်နေထိုက်ပြီးနောက် သိသိသာသာ ပိုမိုကျန်းမာလာကာ ဒျုခ်နယ်မြေကိုပြန်သွားခဲ့သည်။
(Name တွေကရှုပ်နေရော မပျော်တော့ဘူး T T )(ဘာသာပြန်တာ သိပ်မကျွမ်းသေးတော့အဆင်မပြေတာရှိရင်ပြောလို့ရပါတယ် ပြီးတော့ Shou ကို သူလို့သုံးရမလား ကျွန်တော်လို့သုံးရမလား ဘယ်ဟာအဆင်ပြေလဲဟင် )
Bạn đang đọc truyện trên: Truyen3h.Co