Truyen3h.Co

သေခါနီးဖြတ်လျောက်လေးပြန်ကျန်းမာလာပြီ

Description

pice200

အသက် ၃၀ အရွယ်မှာ သေဆုံးပြီးနောက် Romance Fantasy ဝတ္ထုတစ်ပုဒ်ထဲက အမျိုးသားဇာတ်လိုက်ရဲ့ ကလေးဘဝသူငယ်ချင်းအဖြစ် ပြန်လည်မွေးဖွားလာခဲ့တယ်။

ပြဿနာကတော့ အဲ့ဒီသူငယ်ချင်းဟာ အသက် ၁၈ နှစ်မှာ ရောဂါကြောင့် သေဆုံးရမယ့် ဖြတ်လျောက်တစ်ယောက် ဖြစ်နေတာပဲ။

မူရင်းဝတ္ထုထဲမှာတော့၊ ဇာတ်လိုက်က သူ့ကလေးဘဝသူငယ်ချင်း သေဆုံးသွားပြီးနောက် စိတ်ဒဏ်ရာရသွားတယ်။

အဲ့ဒါကြောင့်ပဲ အားနည်းနုနယ်တဲ့ ပမျိုးသမီးဇာတ်လိုက်ကို ငြင်းပယ်ခဲ့ပေမယ့်၊ နောက်ဆုံးမှာတော့ သူမကို ချစ်မိသွားပြီး ပျော်ရွှင်စွာနေထိုင်သွားကြတယ်။

ဒါပေမယ့်... လူအများကြီးထဲကမှ ဘာလို့ အဲ့ဒီကလေးဘဝသူငယ်ချင်း ဖြစ်ရတာလဲ?

ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးရမယ်ဆိုတာတောင် ဝမ်းနည်းစရာကောင်းပြီးသား။
အဲ့ဒီအပြင် တစ်ယောက်ယောက်ကို ဘဝတစ်လျှောက်လုံး စိတ်ဒဏ်ရာကျန်အောင် လုပ်ခဲ့ရမယ်ဆိုတာတော့ လုံးဝမလုပ်ချင်ဘူး။

ဒီလိုဖြစ်လာပြီဆိုတော့ ဖြတ်လျောက်တစ်ယောက်အနေနဲ့ လုပ်စရာနှစ်ခုပဲရှိတယ်

Plan A: အမျိုးသားဇာတ်လိုက်နဲ့ မနီးစပ်မိအောင်နေမယ်။

"သခင်လေး... ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်ရင် နောက်မှ သေချာပေါက် နောင်တရလိမ့်မယ်နော်"

"ငါ ဘယ်တော့မှ နောင်တမရဘူး။"

"အခုတင်ပဲ စကားပြောပုံ ပြောင်းသွားပြီနော်"

"သူငယ်ချင်းဆိုတာ အလွတ်သဘောပြောရတာပဲလေ။"

ကျွန်တော့်ကတော့ ကြောက်လန့်တကြားငြင်းဆန်ပေမယ့် သူရဲ့ဇွဲကြီးမှုရှေ့မှာတော့ လုံးဝရှုံးနိမ့်သွားခဲ့တယ်။

Plan B: မသေခင် အရင်ထွက်ပြေးသွားမယ် ဒါမှ သူ စိတ်ဒဏ်ရာမရတော့ဘူး။

ကျွန်တော် တကယ် ထွက်ပြေးခဲ့တယ်။ ဒါပေမယ့်

"သေစမ်း... ဘာလို့ ငါ မသေသေး
တာလဲ...?"

တစ်ခုခုတော့ လုံးဝ မှားယွင်းနေခဲ့တယ်။

အနောက်တိုင်းဘာသာစကားကိုမြန်မာမှု့ပြုထားသဖြင့်ကျေးဇူးပြု၍ တီအာအေအန် ထဲမထည့်ကြပါရန်နှင့်ကော်ပီရိုက်မိလျင် ဘဝပျက်မှာမို့ မေတ္တာရပ်ခံပါသည်။

Bạn đang đọc truyện trên: Truyen3h.Co