Truyen3h.Co

သင်္ကြန်​ဖူးစာ Thingyan ဖူးစာ

သင်္ကြန်​ဖူးစာ Part-1

KimFany059

"Yeah.... သင်္ကြန်​​ရောက်​ပြီကွ....."

နာရီနှိုးစက်​သံ​ကြောင့်​ နိုးလာပြီး Kim Taeyeon တ​ယောက်​ ​အော်​​နေခြင်းဖြစ်​သည်​။

မ​နေ့ညကတည်းက သင်္ကြန်​အကြို​နေ့အတွက်​ သူ စိတ်​လှုပ်​ရှားလွန်းလို့ နာရီနှိုးစက်​​ပေးပြီး မနည်းရ​အောင်​ အိပ်​ခဲ့ရသူ......

သင်္ကြန်​ဟာ သူများ​တွေလို သူ့အတွက်​ အမှတ်​ရစရာ ​ကောင်​မ​လေးရှိလို့လား မနှစ်​ကသင်္ကြန်​မှာ ​တွေ့ခဲ့တဲ့ ​ကောင်​မ​လေးနဲ့ ဒီနှစ်​ပြန်​​တွေ့မယ်​လို့ ချိန်းခဲ့လို့ သူအခုလို အရမ်းစိတ်​လှုပ်​ရှား​နေတာလား.....

တခုမှမဟုတ်​ပါ.... ​ကောင်​မ​လေးထားဖို့​နေ​နေသာသာ Taeyeonမှာ အ​ပျော်​အပါး Game​တွေနဲ့ အချိန်​ဖြုန်းလို့မ၀......

သင်္ကြန်​​ရောက်​လို့ ​ပျော်ပြီး စိတ်​လှုပ်​ရှားတယ်​ဆိုတာကလည်း တနှစ်​မှတခါဘဲ​ရေစို​ရေပက်​ခွင့်​ရတဲ့အတွက်​​ကြောင့်​သာဖြစ်​သည်​။

Taeyeon နိုးလာတာနဲ့ ​ရေချိုး အ၀တ်​အစားလဲပြီး အိမ်​​အောက်​ထပ်​ကိုဆင်းလာတယ်

သူ့Hyung​တွေကို မ​တွေ့တာနဲ့

"Morning mom, Hyungတို့​ရော "

"အိပ်​​နေတုံး​နေမှာ​ပေါ့..... မင်းသာ ကျီးမနိုးခင်​နိုး​နေတာ"

"ဟာဗျာ မ​နေ့ညက အ​စောကြီးထဖို့ ​သေချာမှာထားတာကို Hyung တို့က​တော့"

Taeyeonတ​ယောက်​ ပွစိပွစိ​ပြောပီး အ​ပေါ်ပြန်​တက်​သွားသည်​။ သူ့အကို​လတ်​ အခန်း​ဆီသွားပြီး

"အကိုလတ်​........ Kim Hyoyeon ​ရေ.......ထ​တော့........ သင်္ကြန်​​ရောက်​​နေပြီ......."

မထမချင်း တံခါးကို တဒုံးဒုံးထုပြီး စက်​​သေနတ်​နဲ့ ဆက်​တိုက်​ပစ်​​နေသလို သူ့နာမည်​ကို တတွတ်​တွတ်​​အော်​​ခေါ်​နေတဲ့အတွက်​​ကြောင့်

Hyoyeon တ​ယောက်​ အိပ်​ချင်​မူးတူးနဲ့ အခန်းတံခါးဖွင့်​ပြီး

"၀ါး...... ဘာလို့ ဒီ​လောက်​​တောင်​ တဒုန်းဒုန်း ထု​နေတာတုံး အငယ်​​လေးရဲ့...."

"အကိုလတ်​.... မ​နေ့ညကတည်းက ကျွန်​​တော်​​ပြောထားတယ်​​လေ မနက်​ကျ သင်္ကြန်​​ရောက်​​ပြီ​ ​စော​စောထပါလို့"

"Aigoo အခု ဘယ်​နှနာရီရှိ​ပြီလည်း"

Taeyeonလည်း သူ့လက်​က နာရီကို ပြပြီး
"Dမှာကြည့်​ ၇နာရီ ၁၅မိနစ်​...⌚"

"​စောပါ​သေးတယ်​ကွာ "

"ဘာ​စောတာတုံး သူငယ်​ချင်း​တွေလည်း သွား​ခေါ်ရအုံးမှာ​လေ အချိန်​ကကွက်​တိဘဲကို..... သွားသွား ​ရေသွားချိုး"

Hyoyeonရဲ့ အင်္ကျီကို ချွတ်​​ပေးပြီး ​ရေချိုးခန်းထဲကို ဇွတ်​တွန်းပို့လိုက်​သည်​။

ပြီး​နောက်​ အကိုကြီး HeeChulကို နှိုးရအုံးမယ်​ဆိုပြီး HeeChul အခန်းရှိရာကို Taeyeon သွားပြန်​သည်​။

တံခါးကို တခါဘဲ​ခေါက်​ရ​သေး HeeChulတ​ယောက်​ အမြန်​တံခါးဖွင့်​ပြီး

"အငယ်​​လေး အကိုကြီး​ရေချိုးပြီးပြီသိလား အခုအ၀တ်​လဲ​နေတယ်​..... ပြီးရင်​ ဆင်းခဲ့မယ်​​နော်​...."

"Nae Hyung ဒါဆို ညီ​လေး ​အောက်​ထပ်​မှာ ​စောင့်​​နေမယ်​​နော်​..."

Hyoyeonကို နှိုးကတည်းက HeeChulတ​ယောက်​ နိုး​နေပြီ​လေ...

Taeyeon သူ့ဘက်​လာပြီး ပွစိပွစိမလုပ်​ခင်​ ​​ရေချိုးခန်းထဲ​ပြေးဝင်​ပြီး ​ရေအမြန်​ချိုးလိုက်​လို့ Taeyeon တံခါး​ခေါက်​​တုံးက သူ​ရေချိုးပြီးတာ မဟုတ်​ရင်​ သူလည်း Hyoyeonလို ပွစိပွစိ​ပြောခံရမှာ....

Taeyeon အိမ်​​အောက်​ထပ်​ကို ဆင်းလာ​တော့

"Taeyeon သားငယ်​ မင်း ထမင်း​ကြော်​စားသွားအုံး အ​မေ​လေ ပဲနဲ့ထမင်း​ကြော်​ထားတယ်​ မင်းအကို​တွေ ​ရေချိုး​နေတုံး​လေး စားထားလိုက်​"

Taeyeonလည်း ထမင်း​ကြော်​စား​နေရင်း

"အ​မေ မုန့်​ဖိုး​ပေးအုံး 😁😁"

"သိ​နေတယ်​ ငါ့သား မုန့်​ဖိုး​တောင်းမယ်​ဆိုတာ ​ရော့ သုံး​သောင်းယူသွား...."

Taeyeonလည်း သူ့အ​မေ​ပေးတဲ့ သုံး​သောင်းကို အိတ်​ထဲထည့်​ပြီး

"အဲ့တာ​ကြောင့်​ အ​မေ့ကိုချစ်​တာ"ဆိုပီး သူ့အ​မေပါးကို နမ်းလိုက်​သည်​။

HeeChulတို့လည်း ပြင်​ဆင်​ပြီး ​အောက်​ကိုဆင်းလာသည်​။

"Go go goကြစို့​ဟေ့..... "

"​နေပါအုံး အငယ်​​လေးရာ ငါတို့ မနက်​စာ​လေးစားပါရ​စေအုံး" HeeChulစကား​ကြောင့်
"ဟုတ်​သားဘဲ သားငယ်​ရယ်​ မင်းအကိုတို့ မနက်​စာစားပါ​စေအုံး"

"ဟုတ်​ကဲ့ပါ အကိုတို့ မနက်​စာစားလိုက်​အုံး ကျွန်​​တော်​ သူငယ်​ချင်း​တွေဆီဖုန်းဆက်​လိုက်​အုံးမယ်​...."

Taeyeonလည်း ​ခြံထဲဆင်းပြီး သူ့သူငယ်​ချင်း​တွေဆီ ဖုန်းဆက်​​​နေသည်

"Arrr Si Wonတို့ ခရီးထွက်​သွားတုံးက လိုက်​သွားရမှာ😓😓 ခု​တော့ က​လေးထိန်းဖြစ်​​နေရပြီ😒😒"

ထမင်းစားရင်း HeeChulမှာ ညည်း​နေရှာသည်​။

Hyoyeonက​တော့ သူ့အကိုညည်းသံနား​ထောင်​ပြီး ထမင်းဆက်​စား​နေတယ်​..

"​ရော့ သားတို့ နှစ်​​ယောက်​အတွက်​ မုန့်​ဖိုး ၆သောင်း တ​ယောက်​ကို တ၀က်​စီ ခွဲယူကြ​နော်​......ပြီး​​တော့ သားငယ်​ကိုလည်း ဂရုစိုက်​လိုက်​အုံး ရန်​မဖြစ်​လာကြနဲ့​နော်​....."

Kim Omarလည်း သူ့သားအကြီးနှစ်​​ယောက်​ကို မုန့်​ဖိုး​ပေးပြီး ရန်​ဖြစ်​မလာဖို့ မှာတမ်း​ခြွေ​နေသည်​။

အရင်​တနှစ်​က Taeyeonတ​ယောက်​ သင်္ကြန်​​နောက်​ဆုံး​နေ့မှာ ရန်​ဖြစ်​လို့ HeeChulတို့ပါ ၀င်​ဖြစ်​ရင်း ရဲစခန်း​ရောက်​ခဲ့ပြီးပြီ Kim Appaမသိ​အောင်​ Kim Omarမှာ သူ့သားသုံး​ယောက်​ကို ရဲစခန်းက​နေ ခိုးထုတ်​ခဲ့ရ​သေးသည်​။

ထို့​ကြောင့်​ ဒီနှစ်​ ရန်​ဖြစ်​မလာဖို့ အတန်​တန်​မှာတမ်း ​ခြွေ​နေရသည်​။

ခြံထဲမှာ ဖုန်းတစ်​လုံး ​တောင်​​လျှောက်​​မြောက်​​လျှောက်​​နေသူက Taeyeon..... သူ့သူငယ်​ချင်း Sooyoung ဆီ ဖုန်းဆက်​တာ Sooyoungက ဖုန်းပိတ်​ထားတယ်ဆိုလို့ Yulဆီဖုန်းထပ်​ဆက်​တယ်​ အ​တော်​ကြာမှ

"Hello......"ဆိုတဲ့ အိပ်​ချင်​မူးတူးနဲ့ Yul ဖုန်း​ဖြေသံကိုကြား​တော့

"Hello Yul..."

"လူကြီးမင်း​ခေါ်ဆို​သောဖုန်းမှာ ဆက်​သွယ်​မှုဧရိယာပြင်​ပသို့ ​ရောက်​ရှိ​နေပါသဖြင့်​ ​ခေါ်ဆို၍ မရနိုင်​ပါရှင်​ Sorry..."

"Hyung ​နောက်​မ​နေနဲ့ ထ​တော့ သင်္ကြန်​​ရောက်​ပြီကွ..."

"ခဏ​လောက်​နှပ်​ပါရ​စေ...."

"နှပ်​မ​နေနဲ့​တော့ ​..."

Yulက ခဏအိပ်​ချင်​ Taeyeonက မအိပ်​ခိုင်း နှစ်​​ယောက်​သား ငြင်းခုန်​​နေကြတုံး Yul​ဘေးနားက သူ့မိန်းမ Jessica နိုးလာပြီး Yulဖုန်းကို ယူကာ

"ဟဲ့အပု နင့်​ဘာသာနင်​ လည်​မယ့်​သူမရှိတာနဲ့ ဇွတ်​ကို ငါတို့ကို ဖုန်းဆက်​​နေတာ ​ကောင်း​ကောင်းကို မအိပ်​ရဘူး"

"ဟဲ့​​ရေခဲတုံးမ...... အိပ်​တာက ဘယ်​အချိန်​ အိပ်​အိပ်​ အိပ်​လို့ရတယ်​ သင်္ကြန်​က တနှစ်​မှ တခါဘဲကဲလို့ရတာ နင်​တို့လင်​မယားကလည်း ညကဘာ​တွေလုပ်​​နေလို့ ဇွတ်​အိပ်​ချင်​​နေရတာလည်း...."

"Yrr ငါတို့ဘာသာဘာလုပ်​လုပ်​​ပေါ့..."

"ငါနင်​တို့ အိမ်​နား​ရောက်​​နေပြီ မြန်​မြန်​ပြင်​ဆင်​ထား ဒါဘဲ"

Taeyeonလည်း သူ​ပြောချင်​တာ​ပြောပြီး ဖုန်းချသွားတယ်​...

Jessicaတို့လည်း အိပ်​ရာက​နေထ ပြင်​ဆင်​ပြီး Taeyeonကို​စောင့်​​နေကြတယ်

....Taeyeonနဲ့ သူတို့ဆိုတာ ​ကျောင်းမှာကတည်းက​ Uniထိ​ပေါင်းလာသူ​တွေ အခု သူတို့က Second year​တွေ​လေ Yul,Taeyeon, Sooyoung, Jessica သူတို့​လေး​ယောက်​က ဘယ်​လိုခွဲခွဲ ခွဲမရတဲ့ Bff​တွေ Yulနဲ့ Sicaက​တော့ First yearမှာ နှစ်​ဖက်​မိဘသ​ဘောတူ ​စေ့စပ်​ထားသူ​တွေ ​ကျောင်းပြီးမှ လက်​ထပ်​မယ်​ဆို​ပေမယ့်​ ခု​တော့ သူတို့မိဘ​တွေ ၀ယ်​​ပေးတဲ့ အိမ်​မှာ ​အတူ​နေ​နေကြသည်​​။

Taeyeon ဖုန်း​ပြောပြီး အိမ်​ထဲဝင်​လာ​တော့
"ကဲ အငယ်​​လေး​ရေ ကိုကြီးတို့က​တော့ အဆင်​သင့်​ဖြစ်​​နေပြီ....."

"Yeah.... let's go အ​မေ​ရေ သွားပြီဗျို့"

ဂျစ်​ကား​ပေါ် ​ရေတိုင်​ကီတင်​ပြီး HeeChulက ကား​မောင်း Taeyeonနဲ့ Hyoyeonက ဂျစ်​ကားအမိုးဖြုတ်​ပြီး အ​နောက်​က​နေ လိုက်​လာကြသည်​။

Yulတို့ အိမ်​​ရှေ့​ရောက်​​တော့ HeeChulက ဟွန်းတီးလိုက်​သည်​။

အိမ်​ထဲက​နေ ထွက်​လာတဲ့ Yulsicတို့ကို ကြည့်​ပြီး Hyoyeonတ​ယောက်​ Sicaကို လှမ်းစ​လေသည်​။

"Sica​ရေ မနှစ်​ကလို အလန်း​လေးမ၀တ်​ပါ့လား😜😜"

"Hyoyeon oppa​ရေ ရှင့်​​ညီက မ၀တ်​ခိုင်းဘူး​လေ အင်္ကျီရှည်​နဲ့ ​ဘောင်းဘီရှည်​၀တ်​ဆိုပြီး😒😒"

"Yulတို့ သူ့မိန်းမကို အူတိုချက်​က​တော့ 😂😂"
"မင်းရည်းစားရလာတဲ့ တ​နေ့ ငါအူတိုရတဲ့ ခံစားချက်​ကို မင်းနားလည်​လာမှာပါ  Taeyeonရာ..."
Yulလည်း Taeyeonကို ​ပြောပြီး Sicaနဲ့ အတူ ဂျစ်​ကား​ပေါ်ကို တက်​လိုက်​သည်​။

"ကဲ အငယ်​​လေး Sooyoungရဲ့ အိမ်​ကို အကိုကြီး​မောင်းရမှာ ဟုတ်​..."

"ဟုတ်​တယ်​ အကိုကြီး လန်​ဘားအိမ်​ကို ​မောင်းရမှာ "

Sooyoung အိမ်​ကိုလည်း ​ရောက်​​ရော Sicaက​တော့ Sooyoungအ​မေနဲ့ စကား​ပြော​နေတယ်​... HeeChulက​တော့ ကား​ထဲမှာဘဲ ထိုင်​​စောင့်​​နေသည်​။

Yul,Taeyeon,Hyoyeon က​​တော့ Sooyoung အခန်းထဲဝင်​ပြီး Taeနဲ့ Yulက Sooyoungရဲ့ ​ခြေ​ထောက်​တဖက်​စီကိုကိုင်​ Hyoyeonက​တော့ Sooyoungရဲ့ လက်​နှစ်​ဖက်​ကို ကိုင်​မပြီး အခန်းထဲက ထွက်​လာကြ​တယ်​...Sooyoungက​တော့

"ဟိတ်​​ကောင်​​တွေ လွှတ်​ ဘယ်​နဲ့​ကြောင့်​ ငါ့ကို မပြီး ဘယ်​​ခေါ်သွားကြမှာလည်း"

"မင်းကိုငါ မ​နေ့ညကတည်းက chat boxမှာ သတိ​ပေးထားတယ်​​လေ မနက်​ဖြန်​ကျ သင်္ကြန်​​ရောက်​ပြီလို့ ​မေ့​နေတာလား လဒ မင်းဆီဖုန်းဆက်​တော့လည်း ဖုန်းပိတ်​ထားတယ်​ အဲ့တာ​ကြောင့်​ ငါတို့ဆွဲ​ခေါ်လာတာ"

"​နေကြပါအုံးဟက်​ ငါအ၀တ်​အစား​တွေလဲပါရ​စေအုံး..."

"မလဲနဲ့ ဒီအတိုင်းလိုက်​ခဲ့...."

"ညအိပ်​၀တ်​စုံနဲ့..... Taeyeon​ရေ...
"
"ဘာဖြစ်​လဲ fashion ​ပေါ့ကွ ဘယ်​သူမှ​တောင်​ မ၀တ်​ကြဘူး သင်္ကြန်​မှာ"

Sicaနဲ့ Sooyoungအ​မေက​တော့ သူတို့​လေး​ယောက်​ကို ကြည့်​ပြီး ရယ်​​နေကြသည်​။

Tae,Yul,Hyoတို့ Sooyoung ကို မပြီး ကား​ပေါ်တင်​လိုက်​သည်​။ Sooyoungလည်း ကား​ပေါ်က ခုန်​ချပီး သူ့အခန်းထဲကို ​ပြေးဝင်​သွားတယ်​.....

Taeyeon တို့က အ​နောက်​က​နေ ​ပြေးလိုက်​လာပြီး Lockချထားတဲ့ Sooyoung တံခါးကို တဒုန်းဒုန်း ထုပြီး
"Yrrr Choi Sooyoung.....တံခါးဖွင့်​ yrrrr......"

ငါးမိနစ်​​လောက်​ကြာ​တော့ Sooyoung သူ့အခန်းထဲက​နေထွက်​လာပြီး
"ဒန်​တန့်​တန်​ ​"

Yulတို့လည်း Choi omarကို နှုတ်​ဆက်​ပြီး ကား​ပေါ်တက်​လာကြသည်​။

"ကဲ ဘယ်​အရင်​ဒိုးမလည်း...."

HeeChulစကား​တောင်​မဆုံး​သေး
"မုန့်​ဆိုင်​ "ဆိုတဲ့ Sooyoung အသံကြီးက ထွက်​လာသည်​။ အားလုံးက Sooyoung ကို ၀ိုင်းကြည့်​ကြ​တော့

"Hey ငါအခုမှနိုးတာ​လေ မနက်​စာမှ မစားရ​သေးတာ တ​နေကုန်​ ကဲဖို့ဆိုရင်​ Energy ပြည့်​ဖို့လိုအပ်​တယ်​...."

"​အေးပါကွာ Yulမင်းတို့ လင်​မယား​ရော စားပြီးပြီလား"

"မစားရ​သေးဘူး Taeyeon😁😁"

"ဒါဆို အကိုကြီး​ရေ ​အောင်​​တော်​မူ ဘုရားနားက လက်​ဖက်​ရည်​ဆိုင်​သာ ​မောင်း​တော့.... ကျွန်​​တော်​နာမည်​ကို ရုတ်​တရက်​ ပါးစပ်​ဖျားက ​မေ့သွားလို့"

"အသက်​ကကြီးပြီဆို​တော့ ​မေ့မှာ​ပေါ့​လေ...."
"အကိုလတ်​​နော်😒😒😒😒"

လက်​ဘက်​ရည်​ဆိုင်​မှာ Choi Sooyoung စားချက်​က​တော့ ဇူဇကာပုဏ္ဏား​တောင်​ လက်​​မြှောက်​အရှုံး​ပေး ဆလံ​ပေးပြီး ထိုင်​ငိုချင်​စိတ်​​ပေါက်​သွားမယ်​.....

တဖက်​မှာလည်း ​ခြေနင်းကြီး စီးလျက်​နဲ့ အိမ်​အ​ပေါ်ထပ်​ကဆင်းလာသူက Tiffany.....
"Unnie... unnie... လက်​မှတ်​​တွေ​ရောပါပြီလား သွားရ​အောင်​ ​နောက်​ကျ​နေပီ ပိုက်​မရဘဲ​နေလိမ့်​မယ်​....."

"အခုမှ​လော​နေသိလား ခုန unnie လာနှိုးတုံးက ဟိုလှည့်​ဒီလှည့်​နဲ့ ​တော်​​တော်​နဲ့မထဘဲ....."
"Go go​နောက်​ကျ​နေပီ "

Tiffanyကို ကြည့်​ပြီး သူ့အ​မေတ​ယောက်
"ဟဲ့ Lee Mi Young နင်​ ​ရေသွားပက်​မှာ ဟုတ်​ပါတယ်​​နော်​ ၀တ်​ထားတာက ချက်​​ပေါ် စကတ်​ကအတိုနဲ့ စုတ်​ပြတ်​သွားချင်​တာလား ပြန်​သွားလဲစမ်း.... နင့်​အမ Sunnyကိုကြည့်​လိုက်​ ​ဘောင်းဘီရှည်​ အင်္ကျီရှည်​နဲ့.. ..နင့်​ကျမှ...."

"သူအဲ့လို ပုံတုံးတုံး style​တွေ​ကြောင့်​ သူ့ကိုကြိုက်​မယ့်​သူ မရှိတာ"

Tiffanyတိုးတိုး​လေး​ပြောပြီး အိမ်​​ပေါ်ပြန်​တက်​ပြီး အ၀တ်​သွားလဲသည်​။ အ၀တ်​လဲပီး ပြန်​ဆင်းလာ​တော့

"​ဘောင်းဘီရှည်​သာ ၀တ်​လာတယ်​ ဟို​နေရာကပြဲ ဒီ​နေရာက​ပေါက်​နဲ့ "

Tiffanyလည်း သူ့ကိုကြည့်​ပီး ပွစိပွစိ​ပြော​နေတဲ့ သူ့အ​မေကို
"Omar ဒါဆို သမီး ရင်​ဖုံးနဲ့ထမီဝတ်​ပြီး​ ​ရေပတ်​ရမှာလား😒😒 ​နောက်​ကျ​နေပါပီဆိုရစ်​​နေတယ်​.... unnieမြန်​မြန်​လာ...."

သူ့unnie sunnyကိုဆွဲ​ခေါ်ပြီး ဆိုင်​ကယ်​နဲ့ မဏ္ဍပ်​ရှိရာကို​မောင်းထွက်​သွားသည်​။

"သတင်းစာထဲမှာ သရုပ်​ပြတ်​ မူးရူး​နေတဲ့ပုံ​တွေထဲ နင့်​ကို မမြင်​ချင်​ဘူး​နော်​ Tiffany"
သူ့အ​မေ​အော်​​ပြောလိုက်​​ပေမယ့်​  Tiffanyက​တော့ မကြား​ချေ ......

Bạn đang đọc truyện trên: Truyen3h.Co