Truyen3h.Co

သင်္ကြန်​ဖူးစာ Thingyan ဖူးစာ

သင်္ကြန်​ဖူးစာ (Part-2)

KimFany059

Taeyeonတို့ မုန့်​စားပြီး​နောက်
"ကဲ အငယ်​​လေး အကိုကြီးက ဘယ်​ကို​မောင်း​ပေးရမလည်း"

"Umm...... ကျွန်​​တော်​တို့မနက်​ပိုင်း မြို့ကိုပတ်​ပြီး

နေ့လည်​မှ မဏ္ဍပ်​​တွေဘက်​ ၀င်​ရင်​​ရော...."

"​Taeyeon​ပေးတဲ့ အကြံ​ကောင်းတယ်​ HeeChul hyung...."

Yulကလည်း Taeyeonအကြံကို ​ထောက်​ခံလိုက်​သည်​။

HeeChulလည်း
"Omm ဒါဆို အဲ့လိုဘဲ လုပ်​ကြတာ​ပေါ့ ကဲသွားကြစို့..."

"မသွားခင်​ ဒီနားက ​ရေခဲတုံး​တွေဝင်​၀ယ်​ရ​အောင်​...... လမ်းမှာ​တွေ့တဲ့သူ​တွေကို ​ရေခဲ​ရေနဲ့ ပက်​ချင်​လို့"

"Sooyoung မင်း​ရေခဲတုံး ၀ယ်​စရာမလိုပါဘူး Sicaကို ​​ရေတိုင်​ကီထဲထည့်​လိုက်​.... 😝😝"

Hyoyeon စကား​ကြောင့်​ Taeyeonတို့ ရယ်​ကြပြီး
"ဟုတ်​တယ်​ ဟုတ်​တယ်​​ အကိုလတ်​​ပေးတဲ့ အကြံ​ကောင်းတယ်​ 😂👍👍"

"Yrr မင်းတို့ Kimညီအကို​တွေ ငါ့မိန်းမကို😾😾"

Sica တ​ယောက်​ Taeyeonတို့ကို မျက်​​စောင်းထိုးပြီး

"ထည့်​လိုက်​​လေ ​ရေခဲ​ရေ ရမလား ငါဘဲ ရှူး​ပေါက်​ချမလား ကြည့်​ကြတာ​ပေါ့😏😏😏"

Sicaစကား​ကြောင့်​ အားလုံးမျက်​နှာကြီး ရှုံ့မဲ့သွားကြသည်​။

"​ရေခဲတုံးသာ ၀ယ်​ရ​အောင်​ပါ 😹😹​တော်​ကြာ ရှူးရှူး​တွေနဲ့ ပက်​မိလို့ စကီ​လေး​တွေ ငါတို့ကို ပါး​တွေချည်းရိုက်​သွားလိမ့်​မယ်​..."

Sooyoung စကား​ကြောင့်​ အားလုံးရယ်​ကြ​လေသည်​။ရေခဲတုံးဝယ်​ပြီးတာနဲ့... Taeyeonရဲ့ ကျယ်​​လောင်​တဲ့အသံ​ကြီး ထွက်​​ပေါ်လာ​လေသည်​။

"မြို့အနှံ့​လျှောက်​လို့ လည်​ကြစို့.........."

Fanyတို့ မဏ္ဍပ်​ဆီကို​ရောက်​​တော့ ဆိုင်​ကယ်​ထားပြီး ၀င်​​ပေါက်​ကို ​သွားကြသည်​။ ထို့​နောက်​ အ​ပေါက်​​စောင့်​ကို လက်​မှတ်​ပြပြီး မဏ္ဍပ်​​ပေါ်ကို တက်​သွားကြတယ်​....

"​တော်​​သေးတယ်​ ပိုက်​ရ​သေးလို့.... "
Fanyလည်း ​ရေပိုက်​နှစ်​​ချောင်းယူပြီး Sunnyကို ​ပေးကာ

"Unnie ဒီပိုက်​​တွေကိုင်​ပြီး ဒီ​နေရာမှာဘဲ ရပ်​​နေ​နော်​...ဘယ်​သူ ပိုက်​လာ​တောင်း​တောင်းမ​ပေးနဲ့ ​နေရာဖယ်​မ​ပေးနဲ့"

"Fanyက ဘယ်​သွားမလို့လဲ "

"Chaw ​အောက်​ကို ခဏဆင်းပြီး မုန့်​ဝယ်​မလို့.."

"Aww omm ပါ"

Tiffany မဏ္ဍပ်​​အောက်​ဆင်းသွား​တော့ Sunnyတ​ယောက်​ ပိုက်​​တွေကိုင်​ပြီး မဏ္ဍပ်​​ပေါ်က​နေ ဖြတ်​သွားဖြတ်​လာလုပ်​​နေတဲ့ ဆိုင်​ကယ်​​တွေ​ သင်္ကြန်​ကား​တွေ​ငေးလိုက်​... မဏ္ဍပ်​​အောက်​မှာ ​နေရာယူထားတဲ့ ကား​တွေကို ​ငေးလိုက်​နဲ့.....

ခဏအကြာ​တော့ fanyတ​ယောက်​ ​ဖော့ဘူး​နှစ်​ဘူးနဲ့ ကြွပ်​ကြွပ်​အိတ်​ကိုင်​ပြီး ​ရောက်​လာတယ်​...

"​ရော့ unnie မနက်​စာ မစားရ​သေးဘူးမလား ကြာဇံ​ကြော်​ ၀ယ်​လာတယ်​ ပိုက်​မဖွင့်​ခင်​စားလိုက်အုံး......"

"အင်းပါ ဒါနဲ့ ဟို ကြွပ်​ကြွပ်​အိတ်​အမဲထဲက ဘာ​တွေလည်း...."

"ဟီး.......... ချမ်းရင်​ အချမ်း​ပြေ​သောက်​ဖို့ ဘီယာ​၀ယ်​လာတာ......😁😁"

Fanyကို မျက်​​စောင်းထိုးပြီး
"ချမ်းရင်​ unnie​ပြော ဖက်​ထား​ပေးမယ်​😌"

"Unnie အရပ်​နဲ့ chawကို မှီလို့လား😜😜"

"​အစုတ်​ပလုတ်​မ​လေး.."

Tiffanyနဖူးကို လက်​နဲ့ဖွဖွ​လေးထုပြီး Sunny မုန့်​ဆက်​စား​နေလိုက်​သည်​။

မုန့်​စားပြီး ခဏအကြာ..... 9နာရီထိုး​တော့ ​ရေပိုက်​​တွေ ဖွင့်​ပြီ​​လေ.... မဏ္ဍပ်​​အောက်​က ​ရေစိုခံဖို့​စောင့်​​နေတဲ့သူ​တွေလည်း ကား​ပေါ်က​နေ DJက ဖွင့်​တဲ့ Music​တွေနဲ့ ကခုန်​​နေ​လေရဲ့......

Tiffanyက​တော့ Beat​တွေနဲ့အတူ ခန္ဓာကိုယ်​က လှုပ်​ခါ​နေ​ပေမယ့်​ Sunnyက​တော့ မဏ္ဍပ်​​အောက်​က​နေ သူ့ညီမကို ငမ်း​နေတဲ့ ​ကောင်​​လေး​တွေ မျက်​နှာကို ​မဏ္ဍပ်​​ပေါ်က​နေ ​ရေပိုက်​နဲ့ လှမ်းထိုး​နေသည်​။ 

ရေပက်​ရင်းနဲ့ ခဏအကြာ
"Fany ငါ့​နေရာလာခဲ့...."

"Wae unnie"

"နင့်​​ဘေးက ​ကောင်​က နင့်​ကို ၀ါးစား​တော့မတတ်​ကြည့်​​နေတာ...... ပြီး​တော့ နင့်​အနားလည်းတဖြည်းဖြည်းတိုးလာလို့.... ငါ့​ဘေးက တ​ယောက်​က မိန်းက​လေးဆို​တော့ ဘာမှမဖြစ်​ဘူး လာ ​နေရာချင်းလဲမယ်​....."

Sunnyစကားကို Fanyရယ်​ပြီး
"Unnieက​တော့ 😂😂"

"ရယ်​မ​နေနဲ့ လာ​နေရာလဲမယ်​...."

Sunnyအလို​တော်​ အတိုင်း Fany​နေရာလဲ​ပေးလိုက်​သည်​။

Taeyeonတို့အုပ်စုြ​မို့ ပတ်​ရင်း ကား​ပေါ်က​နေ ​ကောင်​မ​လေး​ချော​ချော​လေး​တွေ​တွေ့ရင်​... Taeyeonမှာ ​ရေခွက်​နဲ့ လှမ်းလှမ်းပက်​သည်​။ 

ကောင်​မ​လေး​တွေက ​အေးလို့ "အား...​အေးလိုက်​တာ"လို့​အော်​ကြရင်​ Taeyeonမှာ ပြုံးဖီးလို့....

"Taeyeon ဟို ကား​ပေါ်က ​ကောင်​မ​လေး​ချောတယ်​ဟ ငါ့ကို ခွက်​​ပေး..."

Taeyeonဆီက ခွက်​ကို ယူပြီး ကား​ပေါ်က ​ကောင်​မ​လေးကို Yulလှမ်းပက်​လိုက်​သည်​။ ခဏအကြာ..

"ဟာ ဟိုဆိုင်​ကယ်​​ပေါ်က တ​ယောက်​ကလန်းတယ်​ဟ...."

ကား​ပေါ်က​နေ ဟို​ကောင်​မ​လေး လန်းတယ်​ ဒီ​ကောင်​မ​လေး မိုက်​တယ်​ဆိုပြီး ခွက်​တစ်​လုံးနဲ့ ​ရေလှမ်းပက်​​နေတဲ့ Kwon Yulကို သူ့မိန်းမ Jessicaတ​ယောက်​ လက်​ပိုက်​ပြီးကြည့်​​နေသည်​။

နောက်​ဆုံး​တော့ Jessica တ​ယောက်​မ​နေနိုင်​​တော့....

"Kwon Yul shii ကျွန်​မကိုလည်း ​ရေခွက်​​လေး​ပေး​ပါအူး....😏😏"

"ဟင်​.... ဘာလုပ်​မလို့လည်း ...."

"ကျွန်​မလည်း အဆင်​​လေး​တွေ သူငယ်​​လေး​တွေကို ​ရေ​ခဲ​ရေ​လေးနဲ့ ပက်​ချင်​လို့😏😏😏"

"မပက်​ရပါဘူး.😒😒"

Yulဆီက​ရေခွက်​ကို ဆွဲလုပီး တခွပ်​ခွပ်​မြည်​​အောင်​ Yulရဲ့​ခေါင်းကို ခွက်​နဲ့​ Sicaတ​ယောက်​ ​ခေါက်​လိုက်​ပြီး

"ရှင်​ကျ ဟို​ကောင်​မ​လေး​ချောတယ်​ဟ ဒီ​ကောင်​မ​လေး​ချောတယ်​ဟနဲ့ ပက်​ပြီး ကျွန်​မကိုကျ မပက်​ရပါဘူး ဟုတ်​လား တရားလိုက်​တာရှင်​...."

Sicaရဲ့​ခေါက်​ခြင်းခံရပြီး​နောက်​ Yulတ​ယောက်​ ​ရေခွက်​က​လေး လွှတ်​ချပြီး ငြိမ်​ငြိမ်​​လေးလိုက်​လာသည်​။

ထိုအခါမှ Sooyoungက
"​တော်​ပါ​သေးရဲ့ Sica ​ကြောင့်​ ငါ​ရေခွက်​​​လေးရလို့ မဟုတ်​ရင်​ Yulတ​ယောက်​....."

Sooyoungကို Yulမျက်​​မှောင်​ကြုတ်​ပြီးကြည့်​လိုက်​​တော့ Sooyoung လျှာ​လေးထုတ်​ပြီး ​ပြောင်​ပြသည်​။

Kimညီအကို​တွေက​တော့ Yulနဲ့ Sicaကိုကြည့်​ပြီး တခွီးခွီးနဲ့ရယ်​​နေကြတယ်​....


ကား​မောင်း​နေတဲ့ HeeChulက​တော့  Sooyoungကို
"ဇူဇကာ ပုဏ္ဏား Sooyoung ​ရေ ​ရှေ့မှာ မုန့်​လုံး​ရေ​ပေါ်​ကျွေး​နေတယ်​ ရပ်​လိုက်​ရမလား..."

HeeCulစကား​တောင်​မဆုံး​သေး Sooyoung အသံကြီးထွက်​​ပေါ်လာသည်​။

"Nae ရပ်​လိုက်​ပါ hyung"

မုန့်​လုံး​ကျွေးတဲ့​ရှေ့ ကားလည်းရပ်​​ရော Sooyoungတ​ယောက်​ ကား​ပေါ်ကဆင်း​ပြေးသွားပြီး မုန့်​လုံးသွား​တောင်း​နေသည်​။

Yulလည်း ကား​ပေါ်ကဆင်းလာ​ရော ​ကောင်​မ​လေးတ​ယောက်​ Yulကို ​ရေ​လောင်းလိုက်​သည်​။

Sicaက​တော့ ​ရေခဲ​မျက်​​စောင်း​တွေနဲ့ ​ကောင်​မ​လေးကို ၀ါးစားမတတ်​ကြည့်​​နေသည်​။

Sica သ၀န်​တို​နေပါတယ်​ဆို Hyoyeon တေ​ယာက်​ အခုလို​ပြောလိုက်​​သေး
"Aww ကား​ပေါ်က​နေ ​ယောင်္ကျား​လေး ငါး​ယောက်​ဆင်းလာတယ်​..... လူပျို ​လေး​ယောက်​ကို ​ကျော်ပြီး လူအို​ကောင်​ကို ​ရေသွား​လောင်းတယ်​ဆို​တော့....ငါတို့ကဘဲ အဖြစ်​မရှိတာလား Yulကဘဲ စန်းအပွင့်​လွန်​​နေတာလား...."

Hyoyeonစကားကိုကြား​တော့ Yulတ​ယောက်​ ဂုဏ်​ယူတဲ့ မျက်​နှာ​ပေးနဲ့ Hyoyeonတို့ကို ကြည့်​ပြီး Sicaဘက်​လည်းလှည့်​​ရော ​ရေခဲမျက်​​စောင်းကို​တွေ့ပြီး Yulတ​ယောက်​ ခဲသွား​လေသည်​။
Sooyoungက​တော့ မုန့်​လုံး​တွေကို တဖြဲနှစ်​ဖြဲစား​နေသည်​။

Taeyeonတို့ကို ဘယ်​သူမှ မုန့်​လုံးလာမ​ပေးလို့ သွား​တောင်းမယ်​အလုပ်​ မုန့်​လုံးလုံးတဲ့ အ​ဒေါ်ကြီးက

"ဟဲ့​ကောင်​မ​လေး​တွေ ဟိုနားမှာ ရပ်​​နေတဲ့ အ​ချော​လေး​တွေကို မုန့်​လုံး​ပေးလိုက်​အုံး​လေ.."

အ​ဒေါ်ကြီး​ကြောင့်​ ​ကောင်​မ​လေးတ​ယောက်​ Yulတို့ကို မုန့်​လုံးလာ​ပေးသည်​။

Yulတို့လည်း မုန့်​လုံးစား​နေရင်း မုန့်​လုံးဆယ်​​နေတဲ့ ​ကောင်​မ​လေးတ​ယောက်​က Yulကို
"ဟိတ်​ ​ချောကလက်​အကိုကြီး မ၀​သေးရင်​ ​ပြော​နော်​ အများကြီးရှိတယ်​ 😉"

"ဟုတ်​ကဲ့..."

Yulစကားမဆုံး​သေး Sicaတ​ယောက်​ Yulရဲ့ဗိုက်​​ခေါက်​ကိုဆွဲလိမ်​ပါ​လေ​ရော....

"အား....wae ကိုယ်​ဘာလုပ်​လို့လည်း sica...."

"ရှင်​ဘာလုပ်​တာလည်းမသိဘူးလား ​ရေစိုရင်​ အင်္ကျီ​တွေက ကိုယ်​​ပေါ်မှာ ကပ်​မှာကိုသိရက်​နဲ့... အဖြူ​ရောင်​ကြီးဝတ်​လာတယ်​​လေ..... ရှင့်​ ​ချောကလက်​Absကိုကြည့်​ပြီး ​ကောင်​မ​တွေ သွားရည်​ယို​နေကြပြီ..... ရှင်​အကြည့်​ခံချင်​လို့ ဒီလိုဝတ်​လာတာမလား....."

"မဟုတ်​ရပါဘူးကွာ ရှိတာ​လေး ​ကောက်​၀တ်​လာတာပါ....."

"ဘာရှိတာ​လေးလည်း ရှင့်​ကို ကျွန်​မ အင်္ကျီ​တွေအများကြီးဝယ်​​ပေးထားတယ်​​လေ အဲ့တာ​တွေက ဘယ်​​ရောက်​သွားတာလည်း....."

"အာ စကားမှားလို့ ​တွေ့တာ​ကောက်​၀တ်​တာ​ပြောတာပါ..."

"ရှင်​​နော်​.... "

"Sooyoung​ရေ အပို​တောင်းခဲ့ပီး လစ်​ကြစို့​ဟေ့ ဒီမှာဆက်​​နေရင်​ တတိယကမ္ဘာစစ်​ဖြစ်​ကုန်​လိမ့်​မယ်​.. ကဲကား​ပေါ်တက်​ကြ ​နောက်​​တ​နေရာကို လှိမ့်​ကြမယ်​....."

HeeChulရဲ့ စကား​ကြောင့်​ Taeyoenတို့ကား​ပေါ်တက်​ပြီး ​နောက်​တ​နေရာကို ဆက်​သွားကြသည်​။ HeeChulကယ်​လို့​ပေါ့ မဟုတ်​ရင်​ Yulတ​ယောက်​ကို လက်​သွက်​တဲ့ Sicaတ​ယောက်​ ​ဘေးနားကဒယ်​အိုးနဲ့​ကောက်​ထုမလား​တောင်​မသိ....

✂✂✂✂✂✂✂
နေ့လည်​​ထမင်းစားချိန်​​ရောက်​​တော့...... ထမင်းစားနားဖို့အတွက်​ မဏ္ဍပ်​က ​ခဏ​ရေပိုက်​ပိတ်​လိုက်​သည်​။ Fanyတို့လည်း မဏ္ဍပ်​​အောက်​က မုန့်​ဆိုင်​ကိုဆင်းလာကြသည်​။

Sunnyက ထမင်းဝယ်​​နေချိန်​ Fanyက​တော့ ထိုင်​ခုံမှာထိုင်ပြီး ​​ဘီယာတဗူးကို ​ဖောက်​​သောက်​ရင်း ကျုံး​ရေပြင်​ရဲ့အလှကို ခံစား​နေသည်​။

"​ရော့ ထမင်းဗူး ပင်​လယ်​စာအကင်​​တွေပါ ၀ယ်​လာတယ်​"

ဘီယာဗူးကို ​ခုံ​ဘေးထားပြီး Sunny​ပေးတဲ့ ထမင်းဗူးကို ယူစားလိုက်​သည်​။

"Beer​တွေသိပ်​မ​သောက်​နဲ့အုံး Fany, ပထမတရက်​ဘဲရှိ​သေးတယ်​ အမူးလွန်​​နေလို့ ​နောက်​ရက်​ကျ အ​မေက အပြင်​မလွှတ်​ဘဲ​နေမယ်​...."

"Unnieရယ်​ ဘီယာဆိုတာ chawအတွက်​ အ​အေး​သောက်​ရသလိုဘဲ လုံးဝမမူးဘူး😋😋"

"ဘာဘဲဖြစ်​ဖြစ်​ အများကြီးမ​သောက်​နဲ့😐 မဟုတ်​ရင်​ မနက်​ဖြန်​ ငါမလိုက်​ဘဲ​နေလိုက်​မယ်​...."

"အဲ့လို​တော့မလုပ်​ပါနဲ့ unnieမပါရင်​....အ​မေက လွှတ်​မှာမဟုတ်​ဘူး😁😁 ​ ​လေးဗူးဘဲ​သောက်​မယ်​​လေ​နော်​ မနက်​နှစ်​ဗူး ည​နေ နှစ်​ဗူး.."

"အမ​လေး 😳​လေးဗူး?"

" ဒါ​တောင်​ chaw​လျော့ထားတာ​နော်​"

"အမ​လေး ​လျော့လို့ဘဲ အရက်​သမားမရယ်​😒😒"

Taeyeonတို့လည်း ​နီးစပ်​ရာ စား​သောက်​ဆိုင်​သို့ ၀င်​ထိုင်​ကြ​လေသည်​။ စားစရာများ မှာပြီးစားပြီး​နောက်
"အကိုကြီး Beer​သောက်​ချင်​လို့😁😁"

"ဘာကိစ္စနဲ့ ​သောက်​ချင်​ရတာလည်း "

"ချမ်းလို့ပါ အကိုကြီးရာ ​နော့်​ ချမ်းတယ်​​နော့်​ အကိုလတ်​"

"ဟုတ်​တယ်​ အကိုကြီး တခွက်​​လောက်​​သောက်​ရ​အောင်​​လေ​နော်​..."

Taeyeonစကားကို Hyoyeon ကပါ ​ထောက်​ခံ​သော​ကြောင့်
"Ok ok တခွက်​ဘဲ​သောက်​မယ်​.....Sooyoungမင်း​ရော ​သောက်​မှာလား....."

"Omm ​သောက်​မယ်​ Hyung..."

"Yulမင်း​ရော...."

"​သောက်​မယ်​ hyung...."

HeeChulစကားကို Yulပြန်​​ဖြေလိုက်​​တော့
"​နေပါအုံး ရှင်​က ဘာကိစ္စနဲ့​သောက်​မှာလည်း...."

"ကိုယ်​လည်း ချမ်းလို့ပါ😢😢.."

"ချမ်းရင်​ ကျွန်​မကို ဖက်​ထားလို့ရတယ်​​လေ.... 😏😏😏"

"Ok okမ​သောက်​​တော့ဘူး.."

"Yulကို ကြည့်​ပြီး ငါမိန်းမမယူမိတာ မှန်​သွားပြီလို့ ​တွေးမိတယ်​...."

"အပိုမ​ပြောပါနဲ့ Hyoyeon hyungရယ်​ hyungကို ကြိုက်​မယ့်​သူမရှိတာပါ😌"

"ဘာလို့ မရှိရမှာလည်း Yul ရှိတာ​ပေါ့ကွ ငါကမကြိုက်​လို့ ငါက​လေ Girls'generation က maknae​လေး Seohyunကို လက်​ထပ်​ချင်​တာကွ..."

"ဖြစ်​နိုင်​တာ​ပြောပါ Hyungရယ်​ မိုးနဲ့​မြေလိုကွာ​နေတာကို....."

"​လောကမှာ မဖြစ်​နိုင်​တာမရှိဘူး မဖြစ်​​သေးတာဘဲ ရှိတယ်​ Yul"

Yulနဲ့ Hyoတို့အပြန်​အလှန်​ငြင်းခုန်​​နေရင်း
"ကဲပါ​တော်​ကြပါ​တော့ Yul ရှင်​တခွက်​ဘဲ​သောက်​ရမယ်​​နော်​..."

Sicaစကား​ကြောင့်​ Yul​ပျော်​သွားပြီး Sicaပါးကို နမ်းလိုက်​​လေသည်

"Hey လူ​ရှေ့သူ​ရှေ့မှာကဲ​နေကြတာ မြင်​မ​ကောင်းဘူး🙈🙈"

Sooyoung မျက်​နှာကို လက်​နဲ့ကာပြီး ​Yulတို့ကိုစလိုက်​​သည်​။

"​စောင်​FA​တွေ အားကျ​သေကွာ😝😝😝"

✂✂✂✂✂✂

ရေပိုက်​ပြန်​ဖွင့်​လို့ Fanyတို့လည်း မဏ္ဍပ်​​ပေါ်ပြန်​​ရောက်​​နေသည်​။

Taeyeonတို့လည်း ကားနဲ့ ကျုံးဘက်​က မဏ္ဍပ်​​တွေဆီ ​ရောက်​​နေသည်​။

မဏ္ဍပ်​​ပေါ်က​နေ မီးသတ်​ပိုက်​နဲ့ထိုး​တော့ Yulတ​ယောက်​ Sicaကို တအားဖက်​ထားလိုက်​သည်​။

Sooyoungနဲ့ Taeyeonတို့လည်း တဘက်​​တွေနဲ့ မဏ္ဍပ်​ကို​ကျော​ပေးပြီး ကာထားသည်​။

Hyoyeonက​တော့ ​ရေခဲ​ရေနဲ့ မဏ္ဍပ်​​ပေါ်က စကီ​ချော​ချော​လေး​တွေကို ​ရေလှမ်းပက်​​နေတယ်​.....Dလိုနဲ့ တဖြည်းဖြည်းတိုးရင်း တိုးရင်း Fanyတို့ရှိတဲ့ မဏ္ဍပ်​​ရှေ့ Taeyeonတို့​ရောက်​လာသည်​။

Fanyကို​ရှေ့ကို Taeyoenတို့ကားက ရပ်​​တော့...... မဏ္ဍပ်​က ဖွင့်​တဲ့သီချင်းသံကြားပြီး Hyoyeonတ​ယောက်​ Taeyeonကို လက်​နဲ့ပုတ်​ပြီး

"အငယ်​​လေး နား​ထောင်​စမ်း Seo​လေးနဲ့ yuriဆိုတဲ့ 'secret 'သီချင်းမလား....."

"ဟုတ်​တယ်​ hyung​ရေ ကဲကြစို့....."

Taeyeonမှာ အဒွန့်​လွန်​ပြီး ​ဘောင်းဘီ​လျှောကျ​နေတာမသိ..... Tiffanyက​တော့ ​ရေပက်​ရင်း Taeyeonကို မြင်​သွား​တော့ သူ့unnieကိုလက်​တို့ပြီး

"Unnie..... ဟိုတ​ယောက်​ကို ကြည့်​အုံး အကလွန်​ပြီး ​ဘောင်းဘီကြီး​လျှောကြ​နေတယ်​😂😂😂 ပိုက်​နဲ့ထိုးအုံးမှ ဟီးဟီး..."

"ဟဲ့ မြင်​လည်းမြင်​တတ်​ပါ့ ဘယ်​နဲ့​ကြောင့်​ ထိုးမှာ​တော့ အဲ့လိုမလုပ်​ပါနဲ့​အေ ရှက်​စရာကြီး...."
"အာ့ဆို မျက်​နှာကို ထိုးပြီး သတိ​ပေးလိုက်​မယ်​ ဟီး..."

Fanyလည်း Taeyeonမျက်​နှာကို ပိုက်​နဲ့လှမ်းထိုးလိုက်​သည်​။

ပထမတခါ​တော့ Taeyeon ဘာမှမဖြစ် ဒုတိယတခါ​တော့ Taeyeon သူ့မျက်​နှာကို ဘယ်​သူ ပိုက်​နဲ့ထိုးတာလည်းဆိုပြီး လှည့်​ကြည့်​​တော့ သူ့ကို eyesmile​လေးနဲ့ သူ့​ဘောင်းဘီကို လက်​ညိုးထိုးပြ​နေတဲ့ ​ကောင်​မ​လေးကို မြင်​​တော့..... ပါးစပ်​အ​ဟောင်းသားနဲ့ ​ငေးကြည့်​​နေသည်​။

သူ့ညီမကို ​ငေးကြည့်​​နေတဲ့ Taeyeonပါးစပ်​ကို Sunnyတ​ယောက်​ ပိုက်​နဲ့ထိုးလိုက်​​တော့ Teyeon ပါးစပ်​ထဲ​ရေ၀င်​ပီး သီးသွား​လေသည်​။

Taeyeonကို ကြည့်​ပြီး 2Nyညီမနှစ်​​ယောက်​ သ​ဘောကျပြီး ရယ်​​ကြ​လေသည်​။

Yulsicတို့က​တော့ ပတ်​၀န်းကျင်​ကို ​မေ့ပြီး အ​သေအ​ကြေကိုဖက်​ထားကြသည်​။

Soohyoတို့ နှစ်​​ယောက်​ကလည်း Taeကို​မေ့ပြီး Secret နဲ့ က​ကောင်းဒွန့်​​ကောင်း​နေသည်​။

Taeyeonလည်း​ရေ​တွေ ​ထွေးထုတ်​ပြီး Fanyကို ပြန်​ပြီး ကြည့်​​တော့ Fanyက သူ့​ဘောင်းဘီကို လက်​ညိုးထိုးပြလို့ ကြည့်​လိုက်​​တော့ ​ဘောင်းဘီက​တော်​​တော်​​လေး ​လျှောကြတာသိပြီး Taeyeonတ​ယောက်​ ​တော်​​တော်​ရှက်​ပြီး Soohyoနှစ်​​ယောက်​ကြားထဲ သွား​နေသည်​။

Fanyလည်း Taeyeonရှက်​​နေတာ​လေးကြည့်​ပြီး
"Ahh.....​ယောင်္ကျား​လေးဖြစ်​ပြီး ရှက်​​နေတာ ကြည့်​အုံး ချစ်​ဖို့​ကောင်းတာ....."

"အကိုကြီး ဒီ​ရှေ့က မြန်​မြန်​​သွားလို့မရဘူးလား....."

Taeyeonရှက်​ပြီး သူ့အကိုကြီးကို ဒီမဏ္ဍပ်
ရှေ့က​ အမြန်​ဆုံးသွားဖို့ ပူဆာ​နေသည်​။

"မရဘူး အငယ်​​လေးရ ​ရှေ့မှာ ကား​တွေ ပိတ်​​နေတယ်​....."

"​သေစမ်း ရှက်​ဖို့​ကောင်းလိုက်​တာ..😖😖😖"

Taeyeonတ​ယောက်​ တဘတ်​ကြီးခြုံပြီး Soohyoတို့ကြားထိုင်​​နေပြီး ခဏအကြာ Tiffanyကို လှမ်းကြည့်​လိုက်​သည်​။

Tiffanyက တခြားဘက်​လှည့်​ပြီး ​ရေပက်​​နေတာ​တွေ့​တော့ သူသက်​ပြင်းချပြီး
"ဟူး ​တော်​​သေးတယ်​ အဲ့​ကောင်​မ​လေး ငါ့ကို မကြည့်​​တော့လို့...."

Taeyeonစကား​တောင်​မဆုံး​သေး Tiffanyတ​ယောက်​ Taeyeonကို လှမ်းကြည့်​​တော့ နှစ်​​ယောက်​သားအကြည့်​ချင်းဆုံသွား​လေသည်​။

ပထမဆုံး အကြည့်​လွှဲသူက Taeyeon
"Ahh... သူဘာလို့ ငါ့ကို ကြည့်​ပြန်​တာလည်းမသိဘူး ရှက်​တာ ငါ့​ဘောင်းဘီ​လျှောကျတာကို သူမြင်​သွားလို့ ​တော်​​သေးတာ​ပေါ့ ငါ့​နောက်​ကိုဘဲ မြင်​လို့ ဟူး....."

တဖြည်းဖြည်းနဲ့ Taeyeonတို့ ​ရှေ့ကကား​တွေ ​ရွေ့သွား​တော့ Taeyeonတို့ကားလည်း Fanyတို့နားက ​ရွေ့သွားပြီ​လေ.....

နောက်​ဆုံးအ​နေနဲ့ Tiffanyကို Taeyeon ထပ်​ပြီးခိုးကြည့်​​တော့ Tiffanyက သူ့ကို ပြုံးပြ​နေသည်​။

Taeyeonလည်း Tiffanyကို ပြန်​ပြီးပြုံးပြလိုက်​ပြီး..... Tiffanyတို့ရဲ့မြင်​ကွင်းက​နေ Taeyeonတို့ကား​လေး ​ပျောက်​ကွယ်​သွား​ချေပြီ.....

✂✂✂✂✂

ည​နေ​ခြောက်​နာရီထိုးလို့ Taeyeonတို့ Sooyoungနဲ့ Yulsicကို ပြန်​ပို့ပြီး အိမ်​ပြန်​လာသည်​။ 

ရေချိုးထမင်းစားပြီး အခန်းထဲမှာ လှဲ​နေရင်း ည​နေက အ​ကြောင်း​တွေကို ပြန်​​တွေးမိရင်းTiffanyအပြုံး​လေးကို မြင်​​ယောင်​ပြီး တ​ယောက်​တည်းပြုံး​နေမိသည်​။

Bạn đang đọc truyện trên: Truyen3h.Co