Truyen3h.Co

သင်္ကြန်​ဖူးစာ Thingyan ဖူးစာ

သင်္ကြန်​ဖူးစာ Part-4

KimFany059

Taeyeon ဆိုင်​ကယ်​နဲ့ တ​နေရာကို ခဏသွားမယ်​​ပြောလို့ Hyoyeon သူ့ညီ​လေးကို စိတ်​မချလို့သာ လိုက်​လာ​ပေမယ့်​ Tae ဘယ်​သွားမယ်​မှန်း သူမသိ​ချေ......

"အငယ်​​လေး မင်း ဘယ်​ကို သွား​နေတာလည်း....."

"ဟို​ကောင်​မ​လေးဆီကို....."

"ဘာသွားလုပ်​မလို့လည်း......"

"ဟို​ရောက်​ရင်​ သိမှာ​ပေါ့ အကိုလတ်​....."

Fanyတို့ မဏ္ဍပ်​နား​ရောက်​​တော့ Amberဆိုင်​ကယ်​ကို ဆိုင်​ကယ်​အပ်​တဲ့​နေရာမှာ ထားခဲ့ပီး Hyoyeonနဲ့ အတူ Fanyတို့ဆီကို သွားတယ်​.. ...

မဏ္ဍပ်​​ဘေးနားက ပင်​လယ်​စာအကင်​​တွေ ရပ်​၀ယ်​​နေတဲ့ Fanyကို ​တွေ့​တော့ ၀မ်းသာအားရနဲ့ လှမ်းနှုတ်​ဆက်​လိုက်​တယ်​....

"Hi pany"

"Panyမဟုတ်​ပါဘူး တို့က..."

"မှားလို့ Fany😁😁"

"ဘာလာလုပ်​တာလည်း.. ....."

"Fanyဘဲ မုန့်​ဝယ်​​ကျွေးမယ်​ဆို အာ့​ကြောင့်​ လာစားတာ...."

"ဟင်​ တကယ်​ကြီးကို ငတ်​တာဘဲ....."

"ငတ်​တာ မဟုတ်​ပါဘူး ခင်​မင်​မှုအထိမ်းအမှတ်​အ​နေနဲ့ စားချင်​တာပါ...."

"ဒါဆိုလည်း ​စောနက ကား​ပေါ်မှာ တွဲက​နေတဲ့ ​ကောင်​မ​လေး​တွေကို ၀ယ်​​ကျွေးခိုင်း​လိုက်​​လေ.."

"ဟာ.... ကျွန်​​တော်​က သူတို့ဆီက စားချင်​တာမဟုတ်​ဘူး​လေ Fanyဆီက စားချင်​တာကို.....ပြီး​တော့ သူတို့က ​ကျောင်းက ဂျူ နီယာ​လေး​တွေပါ...."

"ဘယ်​သူက ​မေးလို့လည်း.. ..."

"မ​မေးလည်း ​ဖြေတယ်​ကွာ...."

Fanyက​တော့ သူ့ဘာသာသူ အကင်​​တွေ ထပ်​​ရွေး​နေပြီး သူ့အမရှိရာ မဏ္ဍပ်​ထဲ ၀င်​သွားတယ်​....

Taeyeon နဲ့ Hyoyeon က​တော့ လက်​မှတ်​မပါ​တော့ ၀င်​မရဘူး​လေ.... 

ယောင်​လည်​လည်​နဲ့ Fanyတို့ကို အပြင်​က​နေ လှမ်းကြည့်​​နေတယ်​.. ..

မဏ္ဍပ်​ထဲမှာ ထိုင်​ပီး Sunnyနဲ့ အတူမုန့်စားရင်း တချက်​တချက်​ Taeyeon ဘက်​ကို Fany လှမ်းလှမ်းခိုးကြည့်​​တော့...

"Fany.... ငါ့ညီမ​လေး ဘာ​တွေ ခိုးကြည့်​​နေတာလည်း မှန်းစမ်း..."

Fanyကြည့်​ရာကို Sunny လှမ်းကြည့်​​တော့ Taeyeon တို့ကို​တွေ့တယ်​....

"Aww..... မနက်​တုံးက ​ကောင်​​လေးကိုး....သူက ဘာလာလုပ်​တာလည်း.. .."

" Chaw ဆီက  မုန့်​စားချင်​လို့တဲ့​လေ... ခင်​မင်​မှုအထိမ်းအမှတ်​အ​နေနဲ့တဲ့......"

"မ​ကျွေးလိုက်​ဘူးလား ညီမ​လေးက...."

"ဘာလို့ ​ကျွေးရမှာလည်း ​စေတနာကိုမရှိဘူး ..."

"အမ​လေး.... ​စေတနာမရှိဘူးသာ​ပြောတယ်​ မျက်​နှာက သူ့ဆီမှာ😏😏😏"

"သူ ပြန်​ပြီလား မပြန်​​သေးဘူးလား ကြည့်​တာပါ....unnieကလည်း...."

နောက်​ဆုံး Fanyလည်း Sunny​ကြောင့်​ Taeyeonဆီကို သွားလိုက်​တယ်​....(အမှန်​က သွသူသွားချင်​တာပါ xD)

ပြီး​တော့ လက်​ထဲက အကင်​ထုပ်​ကို လှမ်း​ပေးပြီး
"​ရော့ စား..... တို့ဝယ်​​ကျွေးတာ...."

"ဟင်​...စားပီးသားကြီးကို..."

"Yahh... တ​ချောင်း နှစ်​​ချောင်းဘဲ စားရ​သေးတာ......မစားချင်​ရင်​ မစားနဲ့ ပြန်​​ပေး....."

"စတာပါ😁😁"

Fany​ပေးတဲ့ အကင်​ထုပ်​ထဲက တ​ချောင်းကို Taeyeon ယူစားလိုက်​သည်​။

Fanyက​တော့ Taeyeonကို ​ကျော​ပေးပြီး ကျုံး​ရေပြင်​ကို ​ငေး​နေတယ်​.....Hyoyeon က​တော့ လက်​ကြီးပိုက်​ပြီး ဟို​ငေးဒီ​ငေးလုပ်​​နေရင်း မ​မျှော်​လင့်​ဘဲ သူ့အထက်တန်းေ​​ကျာင်းတုံးက သူ​ငယ်​ချင်းနဲ့ ​တွေ့​လေသည်​။

"Bora yrrr....."

"Hyo.....နင်လည်း​ ဒီမဏ္ဍပ်​မှာထိုင်​တာလား..."
"မဟုတ်​ပါဘူးကွာ ငါ့ညီ​လေ ဟိုမှာ သူ့​ crush ​နေတဲ့ ​ကောင်​မ​လေးဆီကို လာလို့ ငါလိုက်​လာတာ....."

Hyoyeon ညွှန်​ပြရာကို Bora လှမ်းကြည့်​လိုက်​ပြီး

"နင့်​ညီ​လေးက မ​တွေ့တာကြာ​တော့ ပို​ချောလာသလိုဘဲ.... ဒါ​ပေမယ့် က​လေးရုပ်​က မ​ပျောက်​​သေးဘူး​နော်​...."

"Omm ဟုတ်​တယ်​...."

"အဲ့ က​လေးရုပ်​နဲ့ ​ကောင်​​လေးက နင့်​ကို ​ကျော်​​တော့မယ်​.... နင်​က ခုထိ ရည်းစားမထား​သေးဘူးလား မှားလို့ ရည်းစားမရ​သေးဘူးလား😂😂"
"မထား​သေးတာပါ😌"

"မရ​သေးဘူး​တော့ လုပ်​လိုက်​ "

"Apk..... ဒါနဲ့ နင်​ ဒီမဏ္ဍပ်​မှာထိုင်​တာလား Bora...."

"Omm ဟုတ်​တယ်​ ငါ့သူငယ်​ချင်း​တွေနဲ့ အတူထိုင်​တာ Dasomတို့​လေ သိတယ်​မဟုတ်​လား. .. ဒါ​ပေမယ့် ဒီ​နေ့​နောက်​ဆုံး ထိုင်​တာ...."

"Wae.... ဘာလို့လည်း.. ...."

"Soo Youတို့ အ​ဖေက မနက်​ဖြန်​ ငပလီလိုက်​ပို့မလို့တဲ့ ဒီ​နေ့ညကားနဲ့ ထွက်​ကြမှာ...."

"Aww..... လက်​မှတ်​​တွေ​တော့ န​မြောစရာကြီး​နော်​ ၀ယ်​ထားပီး ... "

"Omm ဟုတ်​တယ်​ ငါတို့ လက်​မှတ်​​လေး​စောင်​ ဘယ်​လိုလုပ်​ရင်​ ​ကောင်းမလည်း​တွေး​နေတာ....."

Boraတချက်​ ​စဉ်းစားလိုက်​ပြီး
"ဟာ ဟုတ်​သားဘဲ Hyo နင်​ယူလိုက်​ပါ့လား လက်​မှတ်​ကို နင့်​ညီတို့နဲ့ ထိုင်​လို့ရတာဘဲ....."

Hyoyeon အစက မယူဘူးဆိုပြီး ငြင်းဖို့ စိတ်​ကူးထား​သော်​လည်း..... သူ့ညီနဲ့ Tiffany စကား​ပြော​နေတာ​တွေ ကြည့်​ပြီး ယူဖို့ဆုံးဖြတ်​လိုက်​တယ်​....

"Omm ငါယူလိုက်​မယ်​..... ​ကျေးဇူးကွာ လက်​မှတ်​​ပေးလို့...."

"​ကျေးဇူးတင်​ရင်​ ငါ ငပလီက ပြန်​လာရင်​ မုန့်​ဝယ်​​ကျွေး​ပေါ့...."

"​အေးပါ...."

"​ရော့ လက်​မှတ်​ ယူထားလိုက်​​တော့ ငါတို့က ခု ​နေ့လည်​စာ စားပီး သွားကြ​တော့မှာ...."

"Omm..."

"သွားပီ​ဟေ့ See yrr...."

Hyoyeonလည်း Bora​ပေးတဲ့ လက်​မှတ်​​လေးယူပီး Boraကို လက်​ပြနှုတ်​ဆက်​​လိုက်​တယ်​.....

တဖက်​မှာလည်း ကျုံး​ရေပြင်​ကို ကြည့်​​နေတဲ့ Fanyနားကို Taeyeon ကပ်​လာပီး
"Fany.... ဘာ​တွေကြည့်​​နေတာလည်း...."

"Aww ကျုံးထဲက ငါး​လေး​တွေ ကြည့်​​နေတာပါ....."

"မုန့်​​ကျွေးလို့ ​ကျေးဇူးတင်​ပါတယ်​​နော်​...."

"ရပါတယ်​...."

"Fanyနဲ့ ခင်​ခွင့်​ရလို့ အရမ်း​ကျေးဇူးတင်​တယ်​....​ပျော်​လည်း​ပျော်​တယ်​...."

"​ပြောပြန်​ပြီ ပြီးရင်​ တခြား​ကောင်​မ​လေး​တွေနဲ့...."

"ဘာလည်း Fanyက J၀င်​​နေတာလား😜"

"၀င်​စရာလား....​ပြောစရာမရှိ​တော့ဘူးဆိုရင်​ တို့ အ​ပေါ်တက်​​တော့မယ်​....."

"​နေပါအုံး..... မတက်​ခင်​ Fanyရဲ့ ဖုန်းနံပါတ်​​လေး သိခွင့်​ရမလား....."

"ဆု​တောင်း​လေ....."

"Fany... ကျွန်​​တော့်​ကို မခင်​လို့လား...."

"အခုမှသိတဲ့ သူကို ဖုန်းနံပါတ်​​ပေးဖို့ဆိုတာက...."

"ရပါတယ်​​လေ..ကျွန်​​တော်​ကFanyကို ​တွေ့ချင်​ လို့ သူငယ်ချင်းရဲ့ ဆိုင်ကယ်ကို ငှားလားပီး ဟိုးအေ​​​​၀းကြီးက​နေ လာခဲ့တာ Fanyကမ​ပေးချင်​ဘူးဆို​တော့လည်း.... ဒါဆို ကျွန်​​တော်​ပြန်​​တော့မယ်​...."

မျက်နှာ​ငယ်​လေးနဲ့ ​​​Fanyကို နှုတ်​ဆက်​ပြီး Taeyeonလှည့်​အထွက်​....

"​နေအုံး.......ရှင့်​ဖုန်း​ပေး....."

Taeyeonလည်း မျက်​နှာငယ်​​လေးနဲ့ Fanyကို ဖုန်း​ပေးလိုက်​တယ်​....

Fanyလည်း Taeyeonဖုန်းမှာ သူ့ph noမှတ်​ပြီး
"​ရော့ တို့ဖုန်းနံပါတ်​....."

"😍😍😍😍 ​ကျေးဇူးအများကြီးတင်​ပါတယ်​ Fany....."

"​ပြောစရာစကားမရှိ​တော့ဘူးဆိုရင်​.... တို့သွား​တော့မယ်​​နော်​...."

Taeyeonလည်း Fanyကို လက်​ပြနှုတ်​ဆက်​ပြီး ငုတ်​တုတ်​​လေးထိုင်​ပြီး ကြာဇံ​ကြော်​စား​နေတဲ့ သူ့အကိုလတ်​ Hyoyeonဆီ သွားလိုက်​တယ်​...

"အကိုလတ်​ ထ. .ထ ပြန်​ကြစို့ ဘာလို့ဒီမှာ ထိုင်​ပီး မုန့်​စား​နေတာလည်း....."

"ငါ ဘာမှမစားရ​သေးဘဲ မင်းနဲ့လိုက်​လာတာ​လေ.... မင်းကကျ ​ကောင်​မ​လေး​ကျွေးတဲ့ အကင်​​တွေစားပီး ငါကကျ ဘာမှမစားရ​သေးဘူး ဆာတယ်​ဟ......"

"​တော်​​တော်​​လေး​နောက်​ကျ​နေပြီ အကိုကြီးတို့ ​စောင့်​​နေ​တော့မှာဘဲ...."

"အခုကျမှ အကိုကြီး​တွေ ဘာ​တွေ သတိရ​နေတယ်​​ပေါ့...."

"လာပါ စီးရင်း အ​နောက်​က​နေ ထိုင်​စားဗျာ...."
"​ရေ​တွေပက်​​နေတာ​လေ ငါ့မုန့်​ထဲ ​ရေ​တွေဝင်​ကုန်​မှာ​ပေါ့ ....."

"​နေ့လည်​ ဘယ်​သူကပက်​မှာလည်း ထမင်းစားနား​နေကြပီ​လေ လာပါဗျာ...."

Hyoyeonလည်း နားပူမခံနိုင်​တာနဲ့ ဆိုင်​ကယ်​​နောက်​က​နေ ထိုင်​လိုက်​ပြီး မုန့်​စားလိုက်​ရတယ်​......

Taeyeonက​တော့ ​ပျော်​ပီး ဆိုင်​ကယ်​ကို တလကြမ်း ​မောင်း​ပီး ​အော်​ဟစ်​​နေတယ်​.  ...

"၀ူး.....Yeah....."

"အငယ်​​လေး မင်းဝက်​ရူးပြန်​​နေတာလား ​ဖြေး​ဖြေး​မောင်းစမ်း ငါ့မှာ ပြုတ်​ကျမှာစိုးလို့ မုန့်​​တောင်​မစားနိုင်​ဘူး ကိုင်​ထားရတာ...."

"​ပျော်​လို့ပါ Hyungရာ....."

"မင်း​ပျော်​တာ အ​ရေးမကြီးဘူး ငါက မသာဖြစ်​​တော့မှာ မင်း​နောက်​က​နေ ထိုင်​လိုက်​ရတာ ဘုရားစာ​တောင်​ အစုံဆိုတတ်​​နေပြီ..."

Heechulတို့ဆီပြန်​​ရောက်​​တော့ Sicaရဲ့ အ​ဟောက်​ကို Taeyeon ခံ​နေရပြီ​လေ...

"Yrrr... ဂျပု​ကောင်​  ငါတို့ဒီမှာ အကြာကြီးထိုင်​​စောင့်​​နေရတာ...."

"မီယားနဲ 😁😁 ငါဟို​ကောင်​မ​လေးဆီက ဖုန်းနံပါတ်​​တောင်း​နေလို့....."

"ဘုရား​ရေ နင်​ အဲ့ မဏ္ဍပ်​ထိသွားတာလား အ​ဝေးကြီးကို...."

"Omm.... Amber ​ညေး ​ကျေးဇူးကွာ ​ညေး​ကြောင့်​လည်း ပါတယ်​...... ဘာ​သောက်​မလည်း ဘီယာ​သောက်​အုံးမလား...."

"​တော်​ပါပီ မ​သောက်​​တော့ပါဘူး ဆိုင်​ကယ်​​မောင်းရအုံးမှာဆို​တော့ သိပ်​မူးလို့မဖြစ်​ဘူး​လေ......"

Amberလည်း Taeတို့ကို နှုတ်​ဆက်​ပြီး ထွက်​သွားတယ်​.....HeeChulလည်း စားထား​တာ​တွေ ရှင်းပြီး
"ကဲ ပြန်​ကြစို့...."

"​နေအုံး ငါ​ပြောစရာရှိလို့.. ....."

Hyoyeonလည်း Boraဆီက သူလက်​မှတ်​ရ​ကြောင်း ​ပြောပြပြီး​နောက်​....

"ဟင်​ လက်​မှတ်​က​လေး​စောင်​ထဲ​ပေါ့......"

"Ommဟုတ်​တယ်​ Yuri.....အဲ့တာ​ကြောင့်​ လိုတဲ့ နှစ်​​​စောင်​ကို ငါတို့ ....."

Hyoyeon စကား​တောင်​ မဆုံး​သေး
"Hyo.... ငါတို့ နှစ်​​ယောက်​မ​လိုက်​​တော့ဘူး....မပက်​​တော့ဘူး​လေ...."

"ဟင်​ ဘာလို့လည်း Sica....."

"တစ်​ရက်​တစ်​​လေ​လေး နားချင်​လို့ပါ.... "

"သင်္ကြန်​က ​လေးရက်​ထဲရှိတာကို Sicaကလည်း ပြီး​တော့ ကိုယ်​ကလည်း Taeတို့နဲ့အတူ မဏ္ဍပ်​ထိုင်​ချင်​တယ်​...."

Yulစကား​တောင်​မဆုံး​သေး ​ရေခဲမျက်​​စောင်းက Yulဆီကို ​ရောက်​လာပြီ​လေ....

"Kwon YulYuk..... ရှင့်​မိန်းမက မပက်​ဘူးဆို မပက်​ဘူး​ပေါ့ ဘာလို့ အပို​တွေ​ပြော​နေတာလည်း တခါမှ မဏ္ဍပ်​မထိုင်​ဘူးတာလည်းမဟုတ်​ အခု​တောင်​ ​နေပူထဲ လည်​လွန်းလို့ ရှင့်​အသားမဲရာက​နေ နက်​​နေပြီ​သိလား....."

Sicaစကား​ကြောင့်​ Yulမှာ ဇက်​က​လေးပုသွားရှာတယ်​....

"အဲ့တာဆို နင်​ကမလိုက်​ဘူး​ပေါ့...."

"ဟုတ်​တယ်​ Taeyeon...."

"Sooyoung မင်း​ရော လိုက်​မှာလား...."

"လိုက်​မှာ​ပေါ့ကွ...."

"ဒါဆိုလည်း ငါတို့ Kim Brother နဲ့ Sooyoung နဲ့ ထိုင်​ကြတာ​ပေါ့.... Yulက​တော့ အိမ်​မှာ တရားထိုင်​​နေ​တော့....."

'Hyoyeon hyung 😑😑"

"တရားမထိုင်​ဘဲ မင်းလုပ်​စရာရှိတာလုပ်​မယ်​ဆိုရင်​​ကော ဟိုတ​နေ့က မင်း​ပြောတာ​လေ...."

"အာ... ဟုတ်​သားဘဲ Tae မင်း​ပြောမှ သတိရလာတယ်​ ငိငိ"

Yulတ​ယောက်​ Sicaဘက်​ကို လှည့်​ပီး Devil eyeနဲ့​ကြည့်ေ​တာ့ ဟိုက ​ရေခဲမျက်​​စောင်းနဲ့ ပြန်​ကြည့်​လိုက်​လို့ Devil eyeက​နေ puppy eye​လေး​ပြောင်းသွားရှာပီး

"Sicaနဲ့ အတူ ရုပ်​ရှင်​ကျိမလို့ပါ သင်္ကြန်​မတိုင်​ခင်​က ၀ယ်​ထားတဲ့​ခွေ​တွေ ရှိတယ်​​လေ..."

"Aww​တော်​​သေးတာ​ပေါ့ မဟုတ်​ရင်​ ငါထင်​တာမှန်​ပီ..."

"Yrr Choi Sooyoung.. .."

"ဘာတုံး ငါ့ဘာသာငါ မုန့်​လုပ်​စားမယ်​ဘာညာထင်​တာ​လေ ဘာ​ဒေ အိုးမလုံအုံပွင့်​​နေတာလည်း..."

တဖက်​မှာလည်း Fany မဏ္ဍပ်​ထဲ ပြန်​၀င်​လာ​တော့

"​အော်​ မ​ကျွေးချင်​ဘူးသာ​ပြော​တယ်​ ​တော်​​တော်​နဲ့​ပေါ်မလာဘူး မုန့်​​ပေးပီး ပြန်​လာခဲ့လိုက်​​ပေါ့ Fanyရယ်​.....😏"

"😁😁 "

"​ကောင်​​လေးကြည့်​ရတာ က​လေးရုပ်​နဲ့ ဖြူဖြူစင်​စင်​​လေးလို့ထင်​ရတာဘဲ.... သူက Fanyကို စိတ်​၀င်​စား​နေတဲ့ပုံဘဲ..... Fany​ရော ဘယ်​လိုသ​ဘောရလည်း...."

"ဟာ... unnieကလည်း ဘာ​တွေလာ​မေးမှန်းမသိဘူး...."

"သူနဲ့ဆို Unnieသ​ဘောတူပါတယ်​ ဟို​တ​ယောက်​နဲ့သာ သ​ဘောမတူတာ..."

"ဘယ်​သူက ရည်းစား​တွေဖြစ်​​နေပြီ​ ​ပြောလို့ သ​ဘောတူတယ်​ မတူဘူး​ပြော​နေတာလည်း unnie သူက အခုမှ ​တွေ့ဖူးတာ​နော်​ ဟိုတ​ယောက်​က...."

"အခုမှ ​တွေ့ဖူး​ပေမယ့်​ သူ့ပုံစံက ဖြူစင်​တယ်​ဟဲ့ ရည်းစား​တွေအထည်​အလဲတွဲတဲ့ထဲ မပါ​လောက်​ပါဘူး...."

"Unnieက​တော့​😒😒...."

✂✂✂✂✂✂ ည​နေ​စောင်းလို့ Taeyeonတို့ အိမ်​ပြန်​လာကြတယ်​....​ရေချိုး ညစာစားပီး ကုတင်​​ပေါ်မှာ ထိုင်​ရင်း Fanyဆီ ဖုန်း​ခေါ်ရမလား မ​ခေါ်ရမလား ​စဉ်းစား​နေတယ်​....

Bạn đang đọc truyện trên: Truyen3h.Co