သင်္ကြန်ဖူးစာ (Part-3)
အကျနေ့တွင်.......
"အကိုလတ်.....Hyoyeon Hyung.. ......."ဆိုပြီး Kim Taeyeon အသံပြဲကြီးကို ခုနှစ်အိမ် ရှစ်အိမ်လောက်ကနေတောင် ကြားနိုင်လောက်သည်။
"နိုးပါပြီဟဲ့ ငါအခု ရေချိုးနေပီ...."
"မြန်မြန် အကိုကြီးတောင် ကားပေါ်ရောက်နေပြီ...."
"အမလေးဗျာ သင်္ကြန်လည်း ပြီးရော ငါလည်း မျက်တွင်းဟောက်ပက်ဖြစ်ရော...."
"ပန်ဒါဝက်ဝံနဲ့တူအောင်လို့ပါ ဟီး ရေချိုးပြီးရင် ဆင်းလာနော် ကျွန်တော်တို့ ကားပေါ်မှာ စောင့်နေမယ်...."
"Aပါဟ...."
Taeyeonလည်း Hyoyeonကိုပြောပြီး အိမ်အောက်ကို ဆင်းလာတယ်....
"ဟာ.... သားငယ် မင်းရဲ့ ဒီဇိုင်းက လန်းလှချည်လား....."
"ဟီး...... Omar မုန့်ဖိုးပေးအုံး.. .."
"မနေ့ကပေးတဲ့ သုံးသောင်းက ကုန်သွားပီလား...."
"😁"
"အရမ်းမသုံးနဲ့လေ သားငယ်ရယ် ရော့ ရော့ ၂သောင်းယူသွား...."
"အာ့ကြောင့် Omarကိုချစ်တာမွ...."
သူ့အမေပေးတဲ့ မုန့်ဖိုးကို ယူပြီး ကားပေါ်တက်လာတယ်.... HeeChulကတော့ တိုင်ကီထဲ ရေထည့်နေတယ်.....
"Ummm.. Sooyoungကို ဖုန်းဆက်ထားအုံးမှ ငါလာနေပြီအသင့်ပြင်ထားဆိုပြီး..... ဟို လင်မယားနှစ်ယောက်ကိုရောဘဲ......"
Taeyeonပြောပြောဆိုဆိုနဲ့ Sooyoungဆီဖုန်းဆက်လိုက်သည်။
"အေး ငါပြင်ပြီးပြီဟေ့ လာခေါ်..."
Sooyoungရဲ့ အော်သံကြောင့် Taeyeon တယောက်
"Yrrr ...... ဖြည်းဖြည်းပြောပါဟ နားကိုထူပူသွားတာဘဲ...."
"အမြင်ကပ်လို့ဟေ့ ကျောင်းတက်ဖို့ကျ ငါကလာလာပြီး လိပ်ခေါင်းထွက်မတတ်နှိုးရပြီး သင်္ကြန်ကျတော့ ၀ီရိယတွေကောင်းနေလို့...."
"မင်းကလည်း ကျောင်းကနေ့တိုင်း တက်နေရတာလေ သင်္ကြန်က တစ်နှစ်မှ တခါကဲရတာ မတူဘူးကွ.. .."
"အေးပါကွာ...."
"ငါလာခေါ်လိုက်မယ်နော်... ဒါဆို..."
"Aa...."
Sooyoungဆီဖုန်းဆက်ပြီးတာနဲ့ Yulတို့ဆီဖုန်းထပ်ဆက်လိုက်တယ်...
"အေးပြော.... ငါတို့နိုးနေပြီ..."
"အလဲ့ မင်းတို့ကောင်တွေ ထူးဆန်းလှချည်လား ဒီနေ့ နှိုးစရာကို မလိုဘူး... ဘာဆေးမှားစားထားလို့လည်း..."
"မင်းရဲ့ ပွစိပွစိကို မကြားချင်လို့ဟေ့ ပြင်ထားလိုက်မယ် လာခေါ် ဒါဘဲ.. ."
Yulလည်းဖုန်းချရော Hyoyeon ကိုခေါ်ပြီး Sooyoungကိုဝင်ခေါ်တယ် ပြီးနောက် Yulတို့ရဲ့ အိမ်ကိုသွားတယ်.....
"Hey Yul မနေ့ကလို အလန်းလေးမ၀တ်တော့ဘူးလား...."
Heechulတယောက် Yulကို လှမ်းစလိုက်တယ်..
"မ၀တ်တော့ပါဘူး Hyungရယ် ရေခဲမျက်စောင်းနဲ့တွေ့ပီး ခဲကုန်မှ...."
Yulစကားကြောင့် Sica တယောက် Yulကို မျက်စောင်းလှမ်းထိုးလိုက်တယ်....
"မင်းတို့ကောင်တွေ ဒီနေ့ အစောကြီး နိုးနေကြပါ့လား..."
"မင်းကြောင့်ဟေ့ ညတုံးက ငါလုပ်ချင်တာမလုပ်ရဘဲ အစောကြီး အိပ်ရာဝင်ရတာ Sicaကလည်း ပင်ပန်းလို့တဲ့လေ...."
"ဟေ လုပ်ချင်တာမလုပ်ရဘူးဆိုတာ ဘာကို ဆိုလိုတာလည်း😜😜"
"စာတွေးတွေး နှာတွေးမတွေးနဲ့ Byuntae ငါက Tvမကျိရတာကိုပြောတာ"
"အော် အာ့လိုလား အဟိ အဟိ..."
"ကဲ မင်းတို့ နောက်မှလေပေါတော့ ငါဆာလှပီ မနက်စာမစားရသေးဘူးဟ"
"အစားပုတ်ရေ မင်းတင်မစားရသေးတာ မဟုတ်ဘူး ငါတို့လည်းမစားရသေးပါဘူး လာ Yulတို့ ကားပေါ်တက် မုန့်ဆိုင်အရင်ထိုင်မယ်...."
HeeChulတို့ မုန့်ဆိုင်ကို သွားထိုင်ကြတယ်...
မုန့်ဆိုင်မှာ မုန့်စားရင်း Taeyeonတယောက် မနေ့ကတွေ့ခဲ့တဲ့ ကောင်မလေးကို တွေ့ချင်တာနဲ့.....
"Hyungတို့ ဒီနေ့တော့ မဏ္ဍပ်တွေဘက်ကို အရင်သွားရအောင်..... "
"Omm အငယ်လေးသဘောလေ...."
"ဒါဆို (xxx) မဏ္ဍပ်ကို အရင်သွားကြမယ်...."
တက်ကြွစွာပြောနေတဲ့ Taeyeonကို Yulတချက်ကြည့်လိုက်ပြီး
"Taengoo.... အဲ့ မဏ္ဍပ်မှာ မင်းသဘောကျတဲ့သူများ ရှိနေတာလား...."
"ဟင် ဘာလို့လည်း..."
" မဏ္ဍပ်တွေအများကြီးထဲမှာ အဲ့မဏ္ဍပ်ကို အရင်သွားချင်နေလို့ ငါမေးကြည့်တာ...."
"😁😁 onn တကယ်တော့ မြင်မြင်ချင်း စိတ်ဝင်စားမိသွားတယ်....."
"ဟာ.... Gameရူး ငါ့ညီလေးကို ဘယ်ကောင်မလေးက ဆွဲဆောင်လိုက်တာလည်း အဲ့ကောင်မလေး တော်တော်ချောလောက်မယ်...."
"Heeဟုတ်တယ် အကိုလတ် တော်တော်ချောတယ်...."
"ကြည့်ချင်လာပီဝေ့..."
"ကြည့်ဘဲကြည့်နော် မကြွေရဘူး Sooyoung.. ..."
"အမလေး မကြွေဘူး စိတ်ချ ငါက အစားကလွဲပီး ကျန်တာ ဘာမှစိတ်မ၀င်စားဘူး သိလား😌"
"Aww ငါ့ညီလေးတောင် ချစ်တတ်တော့မှာပါလား..."
HeeChul တယောက် လက်ပိုက်ပီး Taeyoenကို ကြည့်ရင်း ပြောလိုက်သည်။
"နောက်ကားက ကျော်တတ်တော့မှာနော်..... HeeChul oppaနဲ့ Hyoyeon oppaတို့.....oppaတို့က ခုထိ မစွံသေးဘူး"
"မစွံတာမဟုတ်ပါဘူး Sicaရယ် ငါက Seohyunလေးကို စောင့်နေတာပါ...."
"Hyoyeon oppaတော့ ဆေးသောက်ဖို့လိုပြီ😂😂"
"ဟားဟား.. ."
Dလိုနဲ့ စားပြီးသောက်ပြီးနောက် Taeyeonပြောတဲ့ မဏ္ဍပ်ရှိရာကို ၀င်လိုက်တယ်.......
မဏ္ဍပ်အောက်မှာ ကားရပ်ပြီး Taeyeonတယောက် မနေ့က ကောင်မလေးကို လိုက်ရှာနေတယ်...
သိပ်မရှာလိုက်ရပါ.... ပန်းရောင် အင်္ကျီနဲ့ ဦးထုပ်လေး ၀တ်ထားတဲ့ Tiffanyကို တွေ့လိုက်တော့ ပျော်သွားပြီး
"Hyungတွေ ဟိုမှာ ဟိုမှာ ဟီးဟီး...."
Taeyeon ပြရာကို အားလုံးလှမ်းကြည့်ကြတော့....
"Woo အငယ်လေးကြွေလည်း ကြွေချင်စရာဘဲ ကောင်မလေးက ချစ်စရာလေး.. ..."
"အကိုကြီး မပြစ်မှားရဘူးနော်...."
"ဟုတ်ပါ့ကွာ ငါတောင် Seohyunလေးကို မေ့ချင်သလိုတောင်ဖြစ်နေပီ...."
"အကိုလတ် 😠😠😠😠"
"မင်းအကိုတွေကြွေတာလည်း မပြောနဲ့ ကောင်မလေးက တကယ်ချစ်ဖို့ကောင်းလိုက်တာ Eyesmileလေးနဲ့...."
Yulစကားတောင်မဆုံးသေး Sooyoungတယောက် Yulကို မျက်ရိပ်မျက်ခြေပြတော့ ရေခဲမျက်စောင်းကို တွေ့ပြီး Sicaကို လှမ်းဖက်ပြီး
"ဒါပေမယ့် သူဘယ်လောက်ချောချော ချစ်ဖို့ကောင်းပါစေ ငါ့မိန်းမကိုမမှီဘူး ဟုတ်တယ်နော် မိန်းမ..."
"ဟင်းဟင်း ရှင်တော့ ကျုံးထဲ ပစ်ချတာခံရတော့မယ်...."
"ငိ..."
Tiffanyလည်း နေရာယူပြီးနောက် မဏ္ဍပ်အောက်ကို ငုံ့ကြည့်တော့ သူမကို ပြုံးပြုံးကြီး ကြည့်နေတဲ့ Taeyeonကိုတွေ့တယ်....
"မနေ့က ဘောင်းဘီကျွတ်တဲ့ ကောင်လေးဘဲ...... ငါ့ကို စိုက်ကြည့်နေတယ်ဟ......"
Tiffanyတယောက် Taeyeonကို ကြည့်ပြီး စိတ်ထဲမှာ ကိုယ့်ဘာသာကိုယ် စကားပြောနေတုံး မျက်နှာကို အောက်ကနေ ရေလှမ်းပက်ခံရလို့ အောက်ကို ငုံ့ကြည့်လိုက်တော့ ရေခွက်ကလေးကိုင်ပြီး ခုန်ခုန်ပက်နေတဲ့ Taeyeonကိုတွေ့တော့...
"ဘာလုပ်တာလည်း....."
"မင်းနဲ့ ခင်ချင်လို့ရလား...."
Hyoyeon တယောက် HeeChul ကို လက်တို့ပြီး
"Hyung အငယ်လေးက ကျွန်တော်တို့ထက် သွက်တယ်ဟ😁😁"
"Hyungတို့နှစ်ယောက်ကတော့ ရိပ်သာဝင်သင့်ပါပြီ..."
"ဘာပြောတယ် Sooyoung😠...."
"ဟီး hyungတို့ကလည်း ကျွန်တော်က စတာကို...."
"Kwon YulYuk ရှင့်ဘေးမှာ ကျွန်မ တယောက်လုံးရှိနေတာကို သတိရသေးလား ကောင်မလေးကို ပြုံးပြီးကြည့်နေတာများ..."
"ဟာ ကောင်မလေးကို ကြည့်တာမဟုတ်ပါဘူး Taeyeonကို သူဘာဆက်ပြောမလည်း သိချင်လို့ပါ မိန်းမရယ်...."
Taeyeonစကားကြောင့် Fanyလည်း
"တို့နဲ့ ခင်ချင်တာလား....."
"Omm.... မင်းနဲ့...."
"တို့က ခင်စရာကောင်းလို့လား......"
"ခင်စရာကောင်းမကောင်း သူငယ်ချင်းမဟုတ်တော့ မသိသေးဘူးလေ... ဒါပေမယ့် မင်းရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် မင်းက ခင်ဖို့တော်တော်ကောင်းမယ်လို့ ကိုယ်ထင်တယ်...."
"အပြောတွေက တော်တော်ကောင်းတယ်နော် ဘာလည်း မိန်းကလေးတိုင်းကို ဒီလိုပြောပြီး ခြွေလာတာလား....."
"မဟုတ်ပါဘူးကွာ.... မင်းတယောက်တည်းကို ပထမဆုံး ခင်ချင်တယ်လို့ပြောဖူးတာပါ မယုံရင် ကိုယ့်အကို သူငယ်ချင်းတွေကို မေးကြည့်..."
"Aww ရှင့်ဘက်က ရှေ့နေတွေကို ရှင့်အကြောင်းမေးမှတော့ သူတို့က ရှင်ကောင်းတာတွေဘဲ ဖြေမှာပေါ့ ရှင်....."
"ကိုယ့်နာမည်က Taeyeon.. ..."
"ရှင့်ကို ဘယ်သူက မေးလို့လည်း😜"
"မင်းနာမည်ကို သိချင်တယ်.. ..."
"ရော်...."
"ရော်....တဲ့လား နာမည်က...."
"မဟုတ်ပါဘူး ရှင်က ဇွတ်နာမည်မေးလို့ ရော်...လို့ ပြောတာ..."
"ပြောပါကွာနော်...."
"Tiffany.. .."
"Tipany.. .."
"Tipany မဟုတ်ဘူး Tiffany..."
"လှတယ်နော် နာမည်လေးက လူအတိုင်းဘဲ.. ..."
"Hk hk မုန့်ဝယ်ကျွေးမယ်လေ...."
"ဒါဆို အောက်ဆင်းခဲ့ဗျာ အောက်မှာ မုန့်သည်တွေရှိတယ် ၀ယ်ကျွေး...."
Sunnyကတော့ ဘေးနားမှာ ရပ်နေပြီး
"အဟမ်း ငါ့ကို ရှိတယ်လို့ထင်သေးလား မိဖန်နီ ကိုယ့်အမကိုဘေးထားပီး😏😏"
"😁😁"
ရေပိုက်ဖွင့်တာနဲ့ တပြိုင်နက် Sunnyတယောက် Taeyeonကို ပိုက်နဲ့ဇွတ်ထိုးလိုက်သည်။
"ဖလူး... အမကြီး ဖြည်းဖြည်းထိုးပါဗျာ လူလည်းလွှင့်တော့မယ်...."
"မှတ်ထား ငါ့ညီမကို ငမ်းချင်အုံး...."
Yulsicတို့လည်း ရေစိုလို့ပျော်နေတယ်..မပျော်နိုင်သူက Sooyoung... သူ့ကို တယောက်မှမပက်တော့ ရေမစိုဘူး အဲ့တာကြောင့် ရေစိုချင်တာနဲ့ Taeyeonကို ဇွတ်ပက်နေတဲ့ ကောင်မလေးကို
"ဟိတ် ပုပုလေး ဟိတ် ...."
သူ့ကိုခေါ်မှန်း Sunnyမသိ Taeyeonကိုသာ မဲပီး ရေပက်နေသည်။
Taeyeonမှာလည်း Sunnyတို့မောင်နှမ လက်ချက်ကြောင့် Hyoyeonကိုကွယ်ပြီး ပုန်းနေရှာသည်။
Sooyoungလည်း ရေခွက်ယူပီး Sunnyကို လှမ်းပက်ကာ....
"ဟိတ် ပုပုလေး ဟိုကောင်ကိုချည်း ပက်မနေနဲ့ ဒီဘက်လည်းပက်အုံး ဒီမှာရေမစိုသေးလို့...."
သူ့ကို ပုပုလေးလို့ ခေါ်လို့ Sunnyတယောက် စိတ်တိုပြီး
"အရပ်က ကလန့်ကလားနဲ့ သစ်ကုလားအုတ် လန်ဘား ရေစိုချင်ရင် နင့်ကားပေါ်က တိုင်ကီထဲ ၀င်စိမ်နေပါ့လား😒😒"
"သင်္ကြန်တွင်းမို့ စတာပါ စိတ်မဆိုးပါနဲ့ အပုလေးရာ...."
Sunnyတယောက် ရွဲ့ပီး Sooyoungရဲ့ မျက်နှာကို ရေပိုက်နဲ့ထိုးလိုက်တော့...
"ဘာလို့ မျက်နှာကို ထိုးတာလည်း ဖလူး😖😖"
"နင်ဘဲ ရေစိုချင်လို့ဆို လန်ဘား..."
Sunnyနဲ့ Sooyoung ရန်ဖြစ်နေပေမယ့် Taeyeonကတော့ Tiffanyကိုဘဲ စိုက်ကြည့်နေတယ်.....
Taeyeon စိုက်ကြည့်တာခံရတဲ့ Tiffanyတယောက် မနေတတ်တော့တာနဲ့ တခြားဘက်ကို လှည့်သွားတယ်.....
Yulကတော့ Sicaကိုဖက်ထားတာများ မလွှတ်တော့ဘူး ဘေးနားက ကားပေါ်က ကောင်လေးတွေတောင် "ဖြည်းဖြည်း ဖက်ပါအကို"ဆိုပီး ၀ိုင်းစကြတယ်....
Taeyeonတယောက် Fanyကို ငေးကြည့်နေရင်း စီနီယာဆိုတဲ့အသံတွေကြားရာကို လှည့်ကြည့်တော့ သူတို့မေဂျာက Junior ပေါက်စလေးတွေဖြစ်တဲ့ Wendyတို့ကို တွေ့တော့ Hyoyeonကို ပြောပြီး Wendyတို့ရှိရာ ကားပေါ်ကိုတက်သွားတယ်...
"Hi senior.. ... စီနီယာလည်း လည်တာလား..."
"Omm ဟုတ်တယ် wendyတို့နဲ့ ဒီမှာတွေ့မယ်တောင်မထင်ထားဘူး..."
"Senior ဒီနေ့အရမ်းမိုက်တယ်...."
"Yeriလည်း လန်းပါတယ်ဗျာ.."
Fanyတယောက် Taeyeonကိုရှက်ပြီး မျက်နှာလွှဲရာမှ Taeyeonရှိရာဘက်ကို လှမ်းကြည့်တော့ Taeyeonကို မတွေ့တာနဲ့ မျက်လုံးကစားကြည့်တယ်.....
သူတို့ကားပေါ်ကျိပြီး Taeyeonကိုရှာနေတဲ့ Fanyကိုမြင်ပြီး Hyoyeon တယောက် HeeChulကို လက်တို့ပြီး
"အငယ်လေးရဲ့ ကောင်မလေးက အငယ်လေးကို ရှာနေတာထင်တယ်...."
"အင်းဟုတ်မယ် ဒါနဲ့ အငယ်လေးရော..."
"ကျွန်တော်တို့ကားနဲ့ တစ်ကားကျော်က ကားပေါ်မှာ သူ့ junior ကလေးတွေနဲ့ စကားပြောနေတယ် အဲ့မှာစသေမှာ...."
"ဘာလို့...."
"အကိုကြီးကလည်း ပိန်းတာဗျာ.... အငယ်လေးက မိန်းကလေးတွေနဲ့ တရုန်းရုန်းဆိုတော့ ဟိုကောင်မလေးက သ၀န်တိုမှာသေချာတယ်...."
"သ၀န်က ဘာလို့တို..."
"ချစ်လို့... အာ့ကြောင့် အကိုကြီး ခုထိ ရည်းစားမရသေးတာ...."
"ငါခေါက်လိုက်ရ ဒီ့ထက်ပိုပုတော့မယ် 😒"
Fanyတယောက် မျက်လုံးကစားကြည့်ရင်း Wendyတို့နဲ့ ကနေတဲ့ Taeyeonကို တွေ့ပါလေရော....
"ဟွန့် သူပြောတော့ ငါ့ကို ခင်ချင်တယ်လေး ဘာလေးနဲ့ အခုကျ တခြားကားပေါ်က မိန်းကလေးတွေနဲ့တောင် ကနေသေး ယောင်္ကျားတွေများ 😏😏"
"ဘာတွေပွစိပွစိ ပြောနေတာလည်း.."
ယောင်္ကျားလေးတယောက်အသံကြောင့် Fanyကြည့်လိုက်တော့ သူ့ဘေးနားမှာ လာရပ်ပြီး သူ့ကို ပြုံးပြီးကြည့်နေတဲ့ သူရဲ့ ရည်းစားဟောင်း Nickhunကို တွေ့တော့....
"Aww ဘာမှမပြောပါဘူး Nick...."
"Fanyက ဒီမဏ္ဍပ်မှာ ပက်တာလား...."
"Ommဟုတ်တယ်....."
"ကိုယ်ရောဘဲ😃 ဒီမှာပက်တာ မနေ့က ဟိုဘက်အခြမ်းမှာ ပက်လို့ Fanyကို မတွေ့တာနေမှာ..."
"AWW Nae..."
"တယောက်တည်းလား...."
"အာညီး Fanyရဲ့ အမပါ ပါတယ်...."
"Aww....."
Taeyeonတယောက် ကနေရင်း မဏ္ဍပ်ပေါ်လှမ်းကြည့်တော့ Nickhunနဲ့ Fany စကားပြောနေတာကြည့်ရင်း Jတွေဝင်နေတယ်....
"ဘယ်သူလည်းဟ အဲ့ကောင်က Fanyနဲ့ စကားတွေပြောနေတာ ဘာလား......"
Fanyတယောက် Nickhunနဲ့ စကားပြောရင်း Taeyeonကို လှမ်းကြည့်တော့ အကြည့်ချင်းဆုံသွားကြတယ်....
ဒါပေမယ့် Fanyက မကျေနပ်တဲ့အကြည့်နဲ့ ကြည့်ပြီး မျက်စောင်းထိုးပြီး အကြည့်လွှဲလိုက်တယ်......
Hyoyeonက သူတို့ကားထွက်တော့မှာမို့လို့ဆိုပီး လာခေါ်လို့ Taeyeon လိုက်သွားတယ်.....
Taeyeonတို့ကားက Fanyတို့ မဏ္ဍပ်ကနေ တခြားမဏ္ဍပ်ကိုရောက်သွားတယ်...ထိုအခါမှ Sooyoungနဲ့ရန်ဖြစ်နေတဲ့ Sunnyလည်း သူ့ညီမဘေးနား Nickhunရောက်နေတာ သိပြီး
"Fany ညီမလေး လာ unnieနဲ့ နေရာချင်းလဲမယ်...."
Fanyလည်း စိတ်မကြည်တာနဲ့ Sunnyနဲ့နေရာချင်းလဲလိုက်တယ်....
Nickhunက သူ့ဘေးနားရောက်လာတဲ့ Sunny ကို ရယ်ပြပေမယ့် Sunnyကမမြင်ချင်ယောင်ဆောင်လိုက်တယ်....ရေပက်ရင်း Fanyတယောက်
"ဘယ်လိုကောင်မှန်းမသိဘူး ခင်ချင်တယ်ဆိုပီး တခြားမိန်းကလေးတွေနဲ့ ပလူးနေတယ် ထွက်သွားတာတောင် ငါ့ကိုမနှုတ်ဆက်သွားဘူး ငါကသာ ရင်ခုန်နေတာ သူက စိတ်ထဲကို မရှိဘူး ငါ့ကို...."
Taeyeonကို မကျေနပ်လို့ ပွစိပွစိပြောနေတယ်..... နောက် မဏ္ဍပ်တခုမှာတော့ Sooyoungတို့က ကဲနေပေမယ့် မကဲနိုင်သူက Taeyeon.....
Fanyနဲ့ သူ့ဘေးနားက ကောင်လေးအကြောင်းကို တွေးပီး စိတ်ထဲတနုံ့နုံ့နဲ့ ဒေါသထွက်နေတယ်.....
ထိုအချိန် မဏ္ဍပ်ပေါ်ကနေ မေသက်ထားဆွေဆိုတဲ့ ကောင်မလေးတယောက် စံတော်ချိန် ကိုကိုလည်း ဆိုရော Taeyeonဒေါသတွေပေါက်ကွဲကုန်ပြီလေ....
ကားစက်ခေါင်းပေါ်တက်ပီး မေသက်ထားဆွေကြားအောင်
"Hey..... copyရင်လည်း ကောင်းကောင်း copyပါဟေ့ စိတ်ပျက်စရာကောင်းအောင် မcopyပါနဲ့ Gee သီချင်းတော့ ပျက်ပါပီ....grrrr....."
Taeyeonအော်သံကြောင့် ကားထဲကနေ HeeChul ထွက်လာပြီး စက်ခေါင်းပေါ်က Taeyeonကို ဆွဲချ ချီပီး ကားနောက်ခန်းထဲထားပီး
"အငယ်လေး စိတ်လျော့ ဘေးကလူတွေ ၀ိုင်းကြည့်နေတယ်.... မတော်လို့ မေသက်ထားဆွေရဲ့ ပရိတ်သတ်တွေက အငယ်လေးကို ရေသန့်ဘူးနဲ့ ပေါက်နေမှ...."
"ပေါက်ရဲပေါက်ကြည့်ပါ့လား ဒီမှာ soneတွေအများကြီး သူတို့ကို ပြန်ချမှာပေါ့ Hyoyeon hyungလည်း Sone, Junior Wendyတို့လည်း Soneဘဲ ပြန်ချမှာပေါ့..."
"အငယ်လေး အမေကရန်မဖြစ်ဖို့မှာထားတယ်လေ စိတ်လျော့ မဖြစ်သေးပါဘူး ဒီ မဏ္ဍပ်တွေကနေ အမြန်ခွာပီး မြို့ထဲသွားမှာပါ...."
HeeChulလည်း ကားပေါ်ပြန်တက်ပြီး မြို့်ထဲကို သွားတယ် နေ့လည်စာချိန်ရောက်တော့ ဆိုင်တဆိုင်မှာ ၀င်ထိုင်ကြတယ်....
ကျန်တဲ့သူတွေက စားစရာတွေမှာနေပေမယ့် Taeyeonကတော့ မမှာဘဲ ထိုင်ငိုင်နေတယ်.... သူ Tiffanyဆီသွားပီး စကားပြောချင်နေတယ် ဘယ်လိုသွားရမလည်းဆိုပီး စဉ်းစားနေတယ်.......
ထိုစဉ်DTဆိုင်ကယ်နဲ့ ရောက်လာပီး Taeyeonတို့ဆိုင်ထဲ ၀င်လာသူက Amber ..... Taeyeon လည်း ဆိုင်ကယ်ကိုကြည့်ရင်း Ideaတခုရလာတယ်...
"ဟာ Amber လာဟေ့...."
Amberဆိုတာ Taeyeonတို့နဲ့ အမျိုးတော်တယ်လေ....
"ဟာ Kim Hyung တို့ မတွေ့တာတောင် ကြာပြီ.... ဒီမှာ တွေ့မယ်လို့တောင်မထင်ထားဘူး...."
Amber လည်းTaeyeonတို့ ၀ိုင်းထဲ ၀င်ထိုင်လိုက်တယ်....
"Amber ငါ့ကို ဆိုင်ကယ်သော့ခဏပေး..."
"ဘယ်သွားမလို့လဲ Tae..."
"ခဏပါ Yul..မင်းတို့်စားနှင့်ကြနော် ငါခဏသွားစရာရှိလို့ ပြန်လာမယ်...."
Hyoyeonလည်း Taeyeonကို စိတ်မချတာနဲ့ Taeyoenနဲ့အတူ လိုက်လာတယ်...
Taeyeonလည်း Amberဆိုင်ကယ်ကို စီးပီး hyoyoenနဲ့ အတူ တနေရာကို သွားလေသည်။
Bạn đang đọc truyện trên: Truyen3h.Co