Truyen3h.Co

Unexpected

Part 4

KimFany059

"ချန်းချောင်းရပ်ကွက်ရှိ စွန့်ပစ်နေရာတွင် ခရီးဆောင်အိတ်နဲ့ ထုတ်ပိုးထားတဲ့ အလောင်းတစ်လောင်းကို ရှာဖွေတွေ့ရှိကြောင်း.... "

Pran မီးဖိုခန်းထဲတွင် အအေးသောက်ဖို့ပြင်နေရင်း Tvက လွှင့်တဲ့ သတင်းကြောင့် မုန်လာဥနီတွေကို ဓားနဲ့လှီးနေရာက ရပ်သွားတယ်

"အဟက် နောက်ဆုံးတော့  ရှာတွေ့သွားပြီလား ...."

Pran ပြုံးပြီး  လက်က အင်္ကျီစကို ပင့်တင်ကာ မုန်လာဥနီတွေကို ဆက်လှီးလိုက်သည်

"စည်ပင်သာယာမှ အမှိုက်တွေ လိုက်ကောက်ရင်း စွန့်ပစ်နေရာမှာ မသင်္ကါဖြစ်စရာ အထုပ်ကို တွေ့လို့ ဖွင့်ကြည့်ရာမှ အလောင်းကို တွေ့ပြီး သက်ဆိုင်ရာကို ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း သိရပါတယ် "

လှီးထားတဲ့ မုန်လာဥနီတွေကို ကြိတ်စက်ထဲ ထည့်ကြိတ်ပြီးနောက် ဖန်ခွက်ထဲထည့်လိုက်သည်

ပြီးနောက် မုန်လာဥနီဖျော်ရည်ခွက်က​လေးကို ယူလာပြီး  ဧည့်ခန်းထဲက Tv ရှေ့ သွားထိုင်လိုက်တယ်

မုန်လာဥနီဖျော်ရည်ကို သောက်ရင်း Pran တစ်ယောက် Tvက သတင်းကို ပြုံးပြီး ကြည့်နေပုံက ကြက်သီးထစရာကောင်းလွန်းနေသည်

မှုခင်းဆရာဝန်တွေပါ ရောက်လာပြီး အလောင်းကို မှတ်တမ်းတင် ဓာတ်ပုံရိုက်နေတာတွေကြည့်ရင်း Pran သူ့ရဲ့လက်ရာတွေအတွက် ဂုဏ်ယူမိနေတယ်

"Chaeyoung အဲ့မောင်းခလုတ်ဓားကို ထုတ်ထုတ်ကြည့်မနေစမ်းနဲ့ သိမ်းထားစမ်းပါ "

"အယ် ထုတ်ကြည့်တာ ဘယ်သူ့ကို ထိခိုက်လို့လည်း စခန်းမှူးရဲ့ "

"ဘယ်သူ့မှ မထိခိုက်ပေမယ့် ငါအသည်းယားတယ် ညည်းက ဘာလို့ အဲ့ဓားဆောင်ထားရတာလဲ "

"စခန်းမှူးရယ် ကျွန်မက မိန်းကလေးလေ ခေတ်ကာလကလည်း ကောင်းတာမဟုတ်ဘူး ဓားက လိုရမယ်ရဆောင်ထားရတာပေါ့ "

"လိုရမယ်ရဆောင်လည်း ငါ့ရှေ့ထုတ်မကြည့်နဲ့ "

စခန်းမှူးက ဟောက်ပြီး သူ့ရုံးခန်းထဲဝင်သွားတော့ Chaeyoungမှာ နှုတ်ခမ်းထော်ပြီး မျက်စောင်းထိုးလိုက်သည်

"သူ့ဟာသူ တရားခံတွေ ရှာမတွေ့တာနဲ့ ငါ့လာ ရန်လုပ်နေတာ ဟွန့် "

Chaeyoung အလုပ်တွေ လက်စသတ်ပြီး ညနေအတွက် ပြင်ဆင်လေသည်

ဘာလို့လဲဆိုတော့ Dating appကနေ တစ်ယောက်နဲ့တွေ့ပြီး အပြင်မှာ ဒီနေ့တွေ့ဖို့ ချိန်းထားလို့လေ

မနေ့ညက စကားပြောဖြစ်ပြီး typeတူတာနဲ့ အပြင်မှာ တွေ့ဖို့ ချိန်းခဲ့ကြခြင်း ဖြစ်သည်

"Chaeyoung....နင့်ဆီ လူပျောက်လာတိုင်တဲ့ကောင်မလေးက ဟို ချန်းချောင်းရပ်ကွက်မှာ အသတ်ခံရတဲ့ကောင်မလေးဘဲ DNA စစ်ကြည့်တာ Jiwonဆိုတဲ့ ပျောက်နေတဲ့ ကောင်မလေး DNAနဲ့ ကွက်တိဘဲ "

စီနီယာ Seung Yoonရဲ့ စကားကြောင့် Chaeyoung စိတ်မကောင်းဖြစ်သွားတယ်

"အာ ဟုတ်လား ဒါဆို Noriဆီကို ဖုန်းဆက်လိုက်အုံးမယ် "

Chaeyoungမှာ သက်ပြင်းချပြီး Noriဆီကို ဖုန်းဆက်လိုက်သည်

Noriမှာ အစက Chaeyoung ဖုန်းဆက်လို့ သူ့သူငယ်ချင်းကို ပြန်တွေ့ပြီထင်ပြီး ပျော်နေပေမယ့် ကြားလိုက်ရတဲ့ သတင်းကြောင့် ယုံကြုံးမရဖြစ်ပြီး ငိုလေသည်

Chaeyoungလည်း Noriကို နှစ်သိမ့်ပေးရုံမှ အပ ဘာမှလုပ်မပေးနိုင်ပေ

Chaeyoung ချိန်းထားတဲ့နေရာကို မသွားခင် သူ့သူငယ်ချင်းတစ်ယောက်ဆီ အရင်ဝင်တွေ့လိုက်သည်

"သမီးရေ Hyeriရေ Chaeyoung လာတယ်ဟေ့ "

Hyeriမှာ သူ့အမေရဲ့ စကားကြောင့် ရုပ်ရှင်ကြည့်ရာကနေ ဝှီးချဲနဲ့ ဧည့်ခန်းဘက် ထွက်လာလေသည်

"Chaeyoung မတွေ့ရတာကြာရောပေါ့ အခုမှ တွေ့ရတယ် ငါနင့်ကို လွမ်းနေတာ "

"ငါရောဘဲ အရင်ရက်ပိုင်းက အလုပ်များနေလို့ နင့်ဆီကို မလာဖြစ်တာ အခု လမ်းကြုံလို့ နင့်အိမ်ဝင်လာတာ ဘယ်လိုလဲ ခြေထောက်က သက်သာလား "

"ဆရာဝန်က နောက်သုံးလေးလလောက်နေရင် အရင်လို လမ်းပြန်လျှောက်နိုင်မယ်လို့ ပြောတာဘဲ "

Hyeriက ကားမတော်တဆမှုကြောင့် အောက်ပိုင်းထိခိုက်သွားခဲ့တာလေ

အောက်ပိုင်းမလှုပ်နိုင်လို့ အလုပ်ကနေထွက်ပြီး ဝှီးချဲနဲ့ အိမ်မှာနေနေရသူ တစ်ဦးပင်

Chaeyoungက အလုပ်အားရင်အားသလို သူ့သူငယ်ချင်းကို လာကြည့်ပေးရှာသည်

"တော်သေးတာပေါ့.... မကြာခင် လမ်းပြန်လျှောက်နိုင်တော့မှာမို့လို့ fighting နော် "

"Chaeyoung သမီး ထိုင်အုံးလေ coffee သောက်မလား အန်တီဖျော်ပေးမယ် "

"ရပါတယ် အန်တီ မသောက်တော့ဘူး ချိန်းထားတာလေး ရှိလို့ သွားတော့မယ်နော် Hyeri နောက်မှ အေးဆေးလာတွေ့မယ်နော် "

Chaeyoungမှာ သူ့သူငယ်ချင်းကို နှုတ်ဆက်ပြီး ချိန်းထားတဲ့နေရာကို ထွက်လာခဲ့သည်

Dating appက တွေ့တဲ့တစ်ယောက် ချိန်းထားတဲ့နေရာမှာ လူသူသိပ်မရှိတဲ့ Supermarket အပျက်အဟောင်းတစ်ခုဘက်ပင်

Chaeyoung သူရောက်နေကြောင်း စာပို့တော့ သူနဲ့ချိန်းထားတဲ့သူက အထဲကို ဝင်ခဲ့ဖို့ စာပြန်ပို့သည်

Chaeyoungလည်း Supermarket အပျက်အဟောင်းထဲ ဂရုတစိုက်နဲ့ဝင်လာလေသည်

အထဲကိုရောက်တော့ ယောင်္ကျားလေး သုံးလေးယောက်က သူ့ကိုပြုံးပြီး ကြည့်နေတာကို တွေ့ရသည်

"အိုး ဟိုး ဟိုး အလှလေးရောက်လာပြီဘဲ..... Threesome လုပ်ဖို့ စိတ်ဝင်စားလား "

Chaeyoungမှာ သူ fuck boyတွေနဲ့ တွေ့ပြီး ထောင်ချောက်ထဲမိသွားမှန်း ချက်ချင်း ရိပ်မိသွားတယ်

Chaeyoung ချက်ချင်းဘဲ ထွက်ပြေးဖို့ လုပ်ပေမယ့် အပေါက်မှာလည်း ယောင်္ကျားလေး နှစ်ယောက် ရပ်ပြီး ပိတ်ထားတာကို တွေ့လိုက်ရသည်

ဒါကြောင့် Chaeyoungလည်း ခြေဦးတည့်ရာကို ပြေးလေသည်

Chaeyoung မှာ ပြေးရင်း သန့်စင်ခန်းတစ်ခုတွေ့လို့ သန့်စင်ခန်းထဲ ဝင်ပုန်းလေသည်

Chaeyoungကို အမဲလိုက်နေတဲ့ ယောင်္ကျားတွေမှာ နေရာအနှံ့လိုက်ရှာနေသည်

ထိုစဥ် ယောင်္ကျားတစ်ယောက်ရောက်လာပြီး အိမ်သာဘက်ကို ဝင်လာသည်

အိမ်သာထဲ Chaeyoung ရှိနေမှန်းလည်း သိရော တံခါးကို တဘုန်းဘုန်းထုပြီး အော်လေသည်

"တံခါးဖွင့်စမ်း ကောင်မ....ငါ အရမ်းထန်နေပြီ နင် ထန်နေတယ် မဟုတ်လား ထန်နေလို့ဘဲ dating appက တွေ့တဲ့ကောင် ချိန်းရာကို လာတွေ့တာ မဟုတ်လား သောက်ကောင်မ တံခါးဖွင့်စမ်း နင့်ကို ငါတို့ တစ်စစီစုတ်ဖြဲပစ်မယ် "

ထိုယောင်္ကျားမှာ ဆဲဆိုရင်း တံခါးကိုဖြတ်ကာ ဝင်လေသည်

"မိပြီ ကောင်မ နင် ဘယ်ပြေးမလဲ အေးဆေးလေးသာ ငြိမ်ခံလိုက် "

Chaeyoungမှာ သူ့ကို အတင်းလာဖက်နမ်းတဲ့ အဓမ္မကျင့်ဖို့ ကြိုးစားနေသော ယောင်္ကျားကို တွန်းလွှတ်လိုက်သည်

"ဒီကောင်မတော့ "

ရွှပ်

ဓားသံနဲ့အတူ ထိုအမျိုးသား လည်ပင်းမှ သွေးတွေဟာ ရေပန်းတွေလို ပန်းထွက်လာသည်

"နင် နင် "

Chaeyoungမှာ ပန်းထွက်လာတဲ့ သွေးတွေကို ကြည့်ပြီး သဘောကျစွာ ပြုံးလိုက်သည်

ဒီ ဓားလေး ဆောင်ထားတာ အသုံးဝင်သားဘဲ

#tbc

Hello ဒီ ficကလေ Romanceရော psychoဆန်ဆန် လူသတ်တာမျိုးလေးတွေပါ ပါပါတယ်နော် Author ဇာတ်ကားတစ်ကားကြည့်ပြီး idea ရသွားလို့ ဒါမျိုးလေးရေးထားတာပါ အခုအပိုင်းတွေမှာတော့ လူသတ်တာတွေဘဲ ပါသေးပေမယ့် နောက်အပိုင်းတွေမှာ Romanceတွေ လာတော့မှာပါ ဖတ်ရင်း ပျင်းနေမှာဆိုးလို့ ရှင်းပြတာပါ Hee"

#zawgyi

"ခ်န္းေခ်ာင္းရပ္ကြက္ရွိ စြန့္ပစ္ေနရာတြင္ ခရီးေဆာင္အိတ္နဲ႕ ထုတ္ပိုးထားတဲ့ အေလာင္းတစ္ေလာင္းကို ရွာေဖြေတြ႕ရွိေၾကာင္း.... "

Pran မီးဖိုခန္းထဲတြင္ အေအးေသာက္ဖို႔ျပင္ေနရင္း Tvက လႊင့္တဲ့ သတင္းေၾကာင့္ မုန္လာဥနီေတြကို ဓားနဲ႕လွီးေနရာက ရပ္သြားတယ္

"အဟက္ ေနာက္ဆုံးေတာ့  ရွာေတြ႕သြားၿပီလား ...."

Pran ၿပဳံးၿပီး  လက္က အကၤ်ီစကို ပင့္တင္ကာ မုန္လာဥနီေတြကို ဆက္လွီးလိုက္သည္

"စည္ပင္သာယာမွ အမွိုက္ေတြ လိုက္ေကာက္ရင္း စြန့္ပစ္ေနရာမွာ မသကၤါျဖစ္စရာ အထုပ္ကို ေတြ႕လို႔ ဖြင့္ၾကည့္ရာမွ အေလာင္းကို ေတြ႕ၿပီး သက္ဆိုင္ရာကို ဖုန္းဆက္ အေၾကာင္းၾကားခဲ့ေၾကာင္း သိရပါတယ္ "

လွီးထားတဲ့ မုန္လာဥနီေတြကို ႀကိတ္စက္ထဲ ထည့္ႀကိတ္ၿပီးေနာက္ ဖန္ခြက္ထဲထည့္လိုက္သည္

ၿပီးေနာက္ မုန္လာဥနီေဖ်ာ္ရည္ခြက္ကေလးကို ယူလာၿပီး  ဧည့္ခန္းထဲက Tv ေရွ႕ သြားထိုင္လိုက္တယ္

မုန္လာဥနီေဖ်ာ္ရည္ကို ေသာက္ရင္း Pran တစ္ေယာက္ Tvက သတင္းကို ၿပဳံးၿပီး ၾကည့္ေနပုံက ၾကက္သီးထစရာေကာင္းလြန္းေနသည္

မႈခင္းဆရာဝန္ေတြပါ ေရာက္လာၿပီး အေလာင္းကို မွတ္တမ္းတင္ ဓာတ္ပုံရိုက္ေနတာေတြၾကည့္ရင္း Pran သူ႕ရဲ႕လက္ရာေတြအတြက္ ဂုဏ္ယူမိေနတယ္

"Chaeyoung အဲ့ေမာင္းခလုတ္ဓားကို ထုတ္ထုတ္ၾကည့္မေနစမ္းနဲ႕ သိမ္းထားစမ္းပါ "

"အယ္ ထုတ္ၾကည့္တာ ဘယ္သူ႕ကို ထိခိုက္လို႔လည္း စခန္းမႉးရဲ႕ "

"ဘယ္သူ႕မွ မထိခိုက္ေပမယ့္ ငါအသည္းယားတယ္ ညည္းက ဘာလို႔ အဲ့ဓားေဆာင္ထားရတာလဲ "

"စခန္းမႉးရယ္ ကြၽန္မက မိန္းကေလးေလ ေခတ္ကာလကလည္း ေကာင္းတာမဟုတ္ဘူး ဓားက လိုရမယ္ရေဆာင္ထားရတာေပါ့ "

"လိုရမယ္ရေဆာင္လည္း ငါ့ေရွ႕ထုတ္မၾကည့္နဲ႕ "

စခန္းမႉးက ေဟာက္ၿပီး သူ႕႐ုံးခန္းထဲဝင္သြားေတာ့ Chaeyoungမွာ ႏႈတ္ခမ္းေထာ္ၿပီး မ်က္ေစာင္းထိုးလိုက္သည္

"သူ႕ဟာသူ တရားခံေတြ ရွာမေတြ႕တာနဲ႕ ငါ့လာ ရန္လုပ္ေနတာ ဟြန့္ "

Chaeyoung အလုပ္ေတြ လက္စသတ္ၿပီး ညေနအတြက္ ျပင္ဆင္ေလသည္

ဘာလို႔လဲဆိုေတာ့ Dating appကေန တစ္ေယာက္နဲ႕ေတြ႕ၿပီး အျပင္မွာ ဒီေန႕ေတြ႕ဖို႔ ခ်ိန္းထားလို႔ေလ

မေန႕ညက စကားေျပာျဖစ္ၿပီး typeတူတာနဲ႕ အျပင္မွာ ေတြ႕ဖို႔ ခ်ိန္းခဲ့ၾကျခင္း ျဖစ္သည္

"Chaeyoung....နင့္ဆီ လူေပ်ာက္လာတိုင္တဲ့ေကာင္မေလးက ဟို ခ်န္းေခ်ာင္းရပ္ကြက္မွာ အသတ္ခံရတဲ့ေကာင္မေလးဘဲ DNA စစ္ၾကည့္တာ Jiwonဆိုတဲ့ ေပ်ာက္ေနတဲ့ ေကာင္မေလး DNAနဲ႕ ကြက္တိဘဲ "

စီနီယာ Seung Yoonရဲ႕ စကားေၾကာင့္ Chaeyoung စိတ္မေကာင္းျဖစ္သြားတယ္

"အာ ဟုတ္လား ဒါဆို Noriဆီကို ဖုန္းဆက္လိုက္အုံးမယ္ "

Chaeyoungမွာ သက္ျပင္းခ်ၿပီး Noriဆီကို ဖုန္းဆက္လိုက္သည္

Noriမွာ အစက Chaeyoung ဖုန္းဆက္လို႔ သူ႕သူငယ္ခ်င္းကို ျပန္ေတြ႕ၿပီထင္ၿပီး ေပ်ာ္ေနေပမယ့္ ၾကားလိုက္ရတဲ့ သတင္းေၾကာင့္ ယုံႀကဳံးမရျဖစ္ၿပီး ငိုေလသည္

Chaeyoungလည္း Noriကို ႏွစ္သိမ့္ေပး႐ုံမွ အပ ဘာမွလုပ္မေပးနိုင္ေပ

Chaeyoung ခ်ိန္းထားတဲ့ေနရာကို မသြားခင္ သူ႕သူငယ္ခ်င္းတစ္ေယာက္ဆီ အရင္ဝင္ေတြ႕လိုက္သည္

"သမီးေရ Hyeriေရ Chaeyoung လာတယ္ေဟ့ "

Hyeriမွာ သူ႕အေမရဲ႕ စကားေၾကာင့္ ႐ုပ္ရွင္ၾကည့္ရာကေန ဝွီးခ်ဲနဲ႕ ဧည့္ခန္းဘက္ ထြက္လာေလသည္

"Chaeyoung မေတြ႕ရတာၾကာေရာေပါ့ အခုမွ ေတြ႕ရတယ္ ငါနင့္ကို လြမ္းေနတာ "

"ငါေရာဘဲ အရင္ရက္ပိုင္းက အလုပ္မ်ားေနလို႔ နင့္ဆီကို မလာျဖစ္တာ အခု လမ္းႀကဳံလို႔ နင့္အိမ္ဝင္လာတာ ဘယ္လိုလဲ ေျခေထာက္က သက္သာလား "

"ဆရာဝန္က ေနာက္သုံးေလးလေလာက္ေနရင္ အရင္လို လမ္းျပန္ေလွ်ာက္နိုင္မယ္လို႔ ေျပာတာဘဲ "

Hyeriက ကားမေတာ္တဆမႈေၾကာင့္ ေအာက္ပိုင္းထိခိုက္သြားခဲ့တာေလ

ေအာက္ပိုင္းမလႈပ္နိုင္လို႔ အလုပ္ကေနထြက္ၿပီး ဝွီးခ်ဲနဲ႕ အိမ္မွာေနေနရသူ တစ္ဦးပင္

Chaeyoungက အလုပ္အားရင္အားသလို သူ႕သူငယ္ခ်င္းကို လာၾကည့္ေပးရွာသည္

"ေတာ္ေသးတာေပါ့.... မၾကာခင္ လမ္းျပန္ေလွ်ာက္နိုင္ေတာ့မွာမို႔လို႔ fighting ေနာ္ "

"Chaeyoung သမီး ထိုင္အုံးေလ coffee ေသာက္မလား အန္တီေဖ်ာ္ေပးမယ္ "

"ရပါတယ္ အန္တီ မေသာက္ေတာ့ဘူး ခ်ိန္းထားတာေလး ရွိလို႔ သြားေတာ့မယ္ေနာ္ Hyeri ေနာက္မွ ေအးေဆးလာေတြ႕မယ္ေနာ္ "

Chaeyoungမွာ သူ႕သူငယ္ခ်င္းကို ႏႈတ္ဆက္ၿပီး ခ်ိန္းထားတဲ့ေနရာကို ထြက္လာခဲ့သည္

Dating appက ေတြ႕တဲ့တစ္ေယာက္ ခ်ိန္းထားတဲ့ေနရာမွာ လူသူသိပ္မရွိတဲ့ Supermarket အပ်က္အေဟာင္းတစ္ခုဘက္ပင္

Chaeyoung သူေရာက္ေနေၾကာင္း စာပို႔ေတာ့ သူနဲ႕ခ်ိန္းထားတဲ့သူက အထဲကို ဝင္ခဲ့ဖို႔ စာျပန္ပို႔သည္

Chaeyoungလည္း Supermarket အပ်က္အေဟာင္းထဲ ဂ႐ုတစိုက္နဲ႕ဝင္လာေလသည္

အထဲကိုေရာက္ေတာ့ ေယာကၤ်ားေလး သုံးေလးေယာက္က သူ႕ကိုၿပဳံးၿပီး ၾကည့္ေနတာကို ေတြ႕ရသည္

"အိုး ဟိုး ဟိုး အလွေလးေရာက္လာၿပီဘဲ..... Threesome လုပ္ဖို႔ စိတ္ဝင္စားလား "

Chaeyoungမွာ သူ fuck boyေတြနဲ႕ ေတြ႕ၿပီး ေထာင္ေခ်ာက္ထဲမိသြားမွန္း ခ်က္ခ်င္း ရိပ္မိသြားတယ္

Chaeyoung ခ်က္ခ်င္းဘဲ ထြက္ေျပးဖို႔ လုပ္ေပမယ့္ အေပါက္မွာလည္း ေယာကၤ်ားေလး ႏွစ္ေယာက္ ရပ္ၿပီး ပိတ္ထားတာကို ေတြ႕လိုက္ရသည္

ဒါေၾကာင့္ Chaeyoungလည္း ေျခဦးတည့္ရာကို ေျပးေလသည္

Chaeyoung မွာ ေျပးရင္း သန့္စင္ခန္းတစ္ခုေတြ႕လို႔ သန့္စင္ခန္းထဲ ဝင္ပုန္းေလသည္

Chaeyoungကို အမဲလိုက္ေနတဲ့ ေယာကၤ်ားေတြမွာ ေနရာအႏွံ႕လိုက္ရွာေနသည္

ထိုစဥ္ ေယာကၤ်ားတစ္ေယာက္ေရာက္လာၿပီး အိမ္သာဘက္ကို ဝင္လာသည္

အိမ္သာထဲ Chaeyoung ရွိေနမွန္းလည္း သိေရာ တံခါးကို တဘုန္းဘုန္းထုၿပီး ေအာ္ေလသည္

"တံခါးဖြင့္စမ္း ေကာင္မ....ငါ အရမ္းထန္ေနၿပီ နင္ ထန္ေနတယ္ မဟုတ္လား ထန္ေနလို႔ဘဲ dating appက ေတြ႕တဲ့ေကာင္ ခ်ိန္းရာကို လာေတြ႕တာ မဟုတ္လား ေသာက္ေကာင္မ တံခါးဖြင့္စမ္း နင့္ကို ငါတို႔ တစ္စစီစုတ္ၿဖဲပစ္မယ္ "

ထိုေယာကၤ်ားမွာ ဆဲဆိုရင္း တံခါးကိုျဖတ္ကာ ဝင္ေလသည္

"မိၿပီ ေကာင္မ နင္ ဘယ္ေျပးမလဲ ေအးေဆးေလးသာ ၿငိမ္ခံလိုက္ "

Chaeyoungမွာ သူ႕ကို အတင္းလာဖက္နမ္းတဲ့ အဓမၼက်င့္ဖို႔ ႀကိဳးစားေနေသာ ေယာကၤ်ားကို တြန္းလႊတ္လိုက္သည္

"ဒီေကာင္မေတာ့ "

႐ႊပ္

ဓားသံနဲ႕အတူ ထိုအမ်ိဳးသား လည္ပင္းမွ ေသြးေတြဟာ ေရပန္းေတြလို ပန္းထြက္လာသည္

"နင္ နင္ "

Chaeyoungမွာ ပန္းထြက္လာတဲ့ ေသြးေတြကို ၾကည့္ၿပီး သေဘာက်စြာ ၿပဳံးလိုက္သည္

ဒီ ဓားေလး ေဆာင္ထားတာ အသုံးဝင္သားဘဲ

#tbc

Hello ဒီ ficကေလ Romanceေရာ psychoဆန္ဆန္ လူသတ္တာမ်ိဳးေလးေတြပါ ပါပါတယ္ေနာ္ Author ဇာတ္ကားတစ္ကားၾကည့္ၿပီး idea ရသြားလို႔ ဒါမ်ိဳးေလးေရးထားတာပါ အခုအပိုင္းေတြမွာေတာ့ လူသတ္တာေတြဘဲ ပါေသးေပမယ့္ ေနာက္အပိုင္းေတြမွာ Romanceေတြ လာေတာ့မွာပါ ဖတ္ရင္း ပ်င္းေနမွာဆိုးလို႔ ရွင္းျပတာပါ Hee"

Bạn đang đọc truyện trên: Truyen3h.Co