Part 5
Chaeyoungမှာ သွေးတွေပန်းထွက်ပြီး လဲကျနေတဲ့ကောင်ကို ကြည့်ပြီး သဘောကျနေစဥ် သူ့ကို လိုက်ရှာနေကြတဲ့ ကျန်နှစ်ယောက်မှာ အိမ်သာထဲရောက်လာကြသည်
အစကတော့ Chaeyoung ကို စားချင်နေတဲ့နှစ်ယောက်မှာ သွေးတွေပေနေတဲ့ Chaeyoung နဲ့ ကြမ်းပြင်ပေါ် လည်းပင်းပြတ်ပြီး ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ သူတို့သူငယ်ချင်းကို တွေ့ပြီး အရမ်းလန့်သွားကြသည်
"ငါနဲ့အတူ မဆော့ချင်ကြဘူးလား "
Chaeyoungက Devil smileနဲ့ ပြုံးပြီး မေးတော့ ထိုနှစ်ယောက်မှာ ကြောက်ပြီး ထွက်ပြေးသွားကြသည်
ထိုအဖြစ်အပျက်တွေကို တစ်နေရာကနေ ချောင်းကြည့်နေသူရှိသည်
ထိုသူကား တစ်ခြားမဟုတ် Pranပင်.....
အပြင်ထွက်ပြီး မုန့်ဝယ်ရင်း Chaeyoung ကို တွေ့လို့ အနောက်ကနေ လိုက် stalkချောင်းနေခဲ့တာလေ
ယောင်္ကျားနှစ်ယောက် ထွက်ပြေးသွားတော့ Pranမှာ Chaeyoung ရှိတဲ့ အိမ်သာထဲ ဝင်လာသည်
"အလောင်းကူဖျောက်ပေးရမလား "
Pranရဲ့ စကားကြောင့် Chaeyoungမှာ Pranကို ကြည့်လိုက်သည်
ဟို...ဟိုကောင်မလေးဘဲ Pranကို Chaeyoung ချက်ချင်း မှတ်မိသွားတယ်
ဒါနဲ့ဆို နှစ်ခါရှိနေပြီ အဲ့ကောင်မလေးနဲ့ မျက်နှာချင်းဆိုင်တွေ့ရတာ
"Hey ကိုယ်က ဟိုမကောင်းတဲ့ ခွေးကောင်တွေနဲ့ တစ်ဖွဲ့တည်း မဟုတ်ပါဘူး....ဒီအတိုင်း ဖြတ်သွားရင်း ဆူညံသံကြားလို့ ဝင်ကြည့်တာ "
"ရှင် ရှင်က "
"Manoban....Lisa Manoban.....ဒီလိုနေရာမှာတော့ တွေ့ရတာ ဝမ်းသာပါတယ်လို့ ပြောဖို့ မသင့်တော်ဘူးထင်တယ် "
"ငါ "
"Hey ကိုယ် မင်း လူသတ်ခဲ့တဲ့အကြောင်း ဘယ်သူ့ကိုမှမပြောဘူး စိတ်ချပါ တကယ်တော့ ဒီခွေးကောင်တွေက အသတ်ခံရတာနဲ့တန်တယ်လေ "
Pran ခေါ် lisa က ပြောပြီး Chaeyoung အနားကို ကပ်လာသည်
"အရင်ဆုံး ဒီဓားကို အိမ်သာထဲ ဆွဲချရအောင် "
"ဟင့်အင်း ဒီဓားကို ကျွန်မ လွှင့်မပစ်နိုင်ဘူး "
"ဒါဆိုလည်း သွေးတွေကို ရေဆေးလိုက်လေ နော် "
Lisaက ပြောပြီး အလောင်းကို အိမ်သာထဲဆွဲသွားပြီး ရေပိုက်နဲ့ သွေးတွေကို ရေဆေးချလိုက်သည်
ကြမ်းပြင်ပေါ်က သွေးတွေကိုလည်း ရေဆေးချပြီးနောက် သူ့အပေါ်ဂျာကင်ကို Lisa ချွတ်လိုက်သည်
ပြီးတော့ လည်ပင်းပြဲနေတဲ့ ယောင်္ကျားရဲ့ လည်ပင်းကို ပတ်ပေးလိုက်သည်
"ဟိုတစ်ယောက် ရပ်ကြည့်မနေနဲ့လေ လာကူတွဲပါအုံး "
Lisaမှာ လူသေလောင်းကို တွဲထူရင်း Chaeyoungကို လှမ်းပြောသည်
"အယ် "
"ဒီနေရာမှာ အလောင်းဖျောက်လို့မလွယ်ဘူးလေ .....အဲ့တော့ သူ့ကို အရက်မူးပြီးမှောက်နေတဲ့လူလို ဟန်ဆောင်ပြီး ဒီက တွဲထုတ်မှ ဖြစ်မှာပေါ့ "
"ဟုတ် ဟုတ် "
"Aigoo သူက လူသတ်ခဲ့တာလား ငါကလူသတ်ခဲ့တာလား မသဲကွဲဘူး "
Chaeyoungလည်း ဓားကို ရေဆေးပြီးနောက် သူ့အိတ်ထဲပြန်ထည့်လိုက်ပြီး Lisaကို သွားကူလေသည်
"ဒီဘက်က သွားရင် CCTV မရှိဘူး အဆင်ပြေတယ် ပြီးတော့ အဲ့ဘက်မှာ ကိုယ့်ကားရှိတယ် "
Chaeyoungမှာ ကူတွဲရင်း Lisaကို အကဲခတ်နေတယ်
ဘာလို့ သူက ငါ့ကို ကူညီပေးရတာလဲ
လမ်းသွားလမ်းလာတွေက Chaelisaတို့ကို ကြည့်သွားတော့ Lisaမှာ ချောင်းဟန့်ပြီး
"ကျေးဇူးတင်ပါတယ်နော် Oppaကို ထိန်းထားပေးလို့ မူးအောင်မသောက်ပါနဲ့လို့ မှာထားတာကို နားမထောင်ဘူး "
Lisaက ဟန်ဆောင်ပြောတော့ Chaeyoungကလည်း အလိုက်သင့် ခေါင်းညိတ်ပြတယ်
"ကားပေါ်တင်လိုက် "
အလောင်းကို Lisa တစ်ယောက် ကားပေါ် တင်ခိုင်းလိုက်သည်
"အခု ဘယ်သွားနေတာလဲဟင် "
"ကိုယ့်အိမ်ကို သွားနေတာ လောလောဆယ် ဒီအလောင်းကို ကိုယ့်အိမ်မှာ ခဏထားမယ် "
Lisaက Chaeyoungကို သူ့ရဲ့တစ်ခြားနေရာက အိမ်တစ်ခုကို ခေါ်သွားတယ်
Lisaရဲ့ အိမ်ကိုရောက်သောအခါ
Lisaနဲ့ Chaeyoungမှာ အလောင်းကို ဆိုဖာပေါ်သို့ တင်လိုက်သည်
"စိတ်မပူပါနဲ့ သူ့ကို ကိုယ် ကြည့်လုပ်လိုက်ပါမယ် "
"Lisa...... ဟိုလေ ကျေးဇူးတင်ပါတယ် "
"ရပါတယ် ကျေးဇူးတင်ရင် နောက်တစ်ခါတွေ့ရင် ထမင်းဝယ်ကျွေးပေါ့ ဒါနဲ့ ဒီက တစ်ယောက် နာမည်မသိရသေးဘူးနော် "
"Chaeyoung ပါ...ဒါနဲ့ ငါ့ကို ဘာလို့ ကူညီပေးတာလဲ လူသတ်ထားတဲ့ လူကို ကူညီပေးရင် ကြံရာပါအနေနဲ့ ဖမ်းခံရမယ်ဆိုတာ သိတယ်မလား ..."
"သိပါတယ် ဒါပေမယ့် Chaeyoung က တမင် လူသတ်တာမှ မဟုတ်တာ ခုခံကာကွယ်မှုလေ ဒါက "
Lisaမှာ ရေခဲသေတ္တာထဲက ရေကို ထုတ်သောက်ပြီး ပြောလိုက်သည်
"ဘာသောက်မလည်း Chaeyoung shii ရေလား ဘီယာလား ကော်ဖီလား မက်ဂျူလား အစုံရှိတယ်"
"ရေဘဲ ပေးပါ "
Chaeyoungမှာ Lisa ပေးတဲ့ရေကို သောက်နေချိန် Lisaကတော့ အလောင်းကို ပြုံးပြီး ကြည့်နေတယ်
"ဘာလို့ ရဲကို မတိုင်တာလဲ "
Chaeyoungက မေးတော့ Lisaက သူ့မျက်မှန်လေးကို လက်ညှိုးလေးနဲ့ ပင့်တင်ပြီး
"မင်းလို မိန်းမလှလေးကို ခွေးတွေကြောင့် အလကားနေရင်း အဖမ်းမခံစေချင်လို့ "
Lisaရဲ့စကားကြောင့် Chaeyoung သူ့နှာခေါင်းလေးကို ရှုံ့လိုက်သည်
"အလောင်းကို ဘယ်လိုဖျောက်မှာလဲ "
"စိတ်မပူပါနဲ့ ရဲတွေ သတိမထားမိအောင် ဖျောက်ပေးမယ် အလောင်းကိုရှာတွေ့ရင်တောင် မင်း သတ်တယ်ဆိုတာ မသိအောင် လုပ်ပေးမယ် "
"oh Lisa ပြောပုံနားထောင်ရတာ proတစ်ယောက်လိုဘဲနော် "
"အာ ကိုယ်က လူသတ်ကားတွေ အများကြီး ကြည့်ဖူးလို့ သိတာပါ "
Lisa မှာ Chaeyoung သတိမထားမိ မရိပ်မိအောင် လိမ်ပြောလိုက်တယ်
"သြော်.... ဘာဘဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ပြန်တော့မယ်နော် "
"ညနက်နေပြီ ဒီအချိန်တစ်ယောက်တည်း ပြန်ရင် အန္တရာယ်များတယ် ကိုယ့်အိမ်မှာ အိပ်သွားလိုက်လေ အခန်းပိုရှိတယ်ရယ် မနက်ကျမှ စောစောထပြီး အိမ်ပြန်ပေါ့ "
Lisaက ပြောတော့ Chaeyoungက နာရီကို လှမ်းကြည့်သည်
ည ၁၂ထိုးတော့မှာဆိုတော့ Lisa အိမ်မှာဘဲ အိပ်လိုက်တာ ကောင်းတယ်လို့ Chaeyoung သဘောတူလိုက်သည်
Chaeyoung မှာ Lisa ပေးတဲ့ အခန်းထဲ အိပ်နေရင်း ဓားသံ ဒယ်အိုးအသံတွေကြားလို့ ထကြည့်တော့ Spot Bra ဝတ်ပြီး ဟင်းချက်နေတဲ့ Lisaကို တွေ့ရသည်
"Aww သူက ဟင်းချက်နေတာဘဲ မနက်သုံးနာရီရှိသေးတယ် ငါ ပြန်အိပ်အုံးမှပါ "
Chaeyoungမှာ နာရီကိုတစ်ချက်ကြည့်ပြီး စောသေးတယ်လို့ တွေးရင်း ပြန်အိပ်လိုက်သောကြောင့် Lisa မှာ အလောင်းကို လှီးဖြတ်နေမှန်း Chaeyoung မသိလိုက်ပေ
#tbc
#zawgyi
Chaeyoungမွာ ေသြးေတြပန္းထြက္ၿပီး လဲက်ေနတဲ့ေကာင္ကို ၾကည့္ၿပီး သေဘာက်ေနစဥ္ သူ႕ကို လိုက္ရွာေနၾကတဲ့ က်န္ႏွစ္ေယာက္မွာ အိမ္သာထဲေရာက္လာၾကသည္
အစကေတာ့ Chaeyoung ကို စားခ်င္ေနတဲ့ႏွစ္ေယာက္မွာ ေသြးေတြေပေနတဲ့ Chaeyoung နဲ႕ ၾကမ္းျပင္ေပၚ လည္းပင္းျပတ္ၿပီး ဆန့္ငင္ဆန့္ငင္ျဖစ္ေနတဲ့ သူတို႔သူငယ္ခ်င္းကို ေတြ႕ၿပီး အရမ္းလန့္သြားၾကသည္
"ငါနဲ႕အတူ မေဆာ့ခ်င္ၾကဘူးလား "
Chaeyoungက Devil smileနဲ႕ ၿပဳံးၿပီး ေမးေတာ့ ထိုႏွစ္ေယာက္မွာ ေၾကာက္ၿပီး ထြက္ေျပးသြားၾကသည္
ထိုအျဖစ္အပ်က္ေတြကို တစ္ေနရာကေန ေခ်ာင္းၾကည့္ေနသူရွိသည္
ထိုသူကား တစ္ျခားမဟုတ္ Pranပင္.....
အျပင္ထြက္ၿပီး မုန့္ဝယ္ရင္း Chaeyoung ကို ေတြ႕လို႔ အေနာက္ကေန လိုက္ stalkေခ်ာင္းေနခဲ့တာေလ
ေယာကၤ်ားႏွစ္ေယာက္ ထြက္ေျပးသြားေတာ့ Pranမွာ Chaeyoung ရွိတဲ့ အိမ္သာထဲ ဝင္လာသည္
"အေလာင္းကူေဖ်ာက္ေပးရမလား "
Pranရဲ႕ စကားေၾကာင့္ Chaeyoungမွာ Pranကို ၾကည့္လိုက္သည္
ဟို...ဟိုေကာင္မေလးဘဲ Pranကို Chaeyoung ခ်က္ခ်င္း မွတ္မိသြားတယ္
ဒါနဲ႕ဆို ႏွစ္ခါရွိေနၿပီ အဲ့ေကာင္မေလးနဲ႕ မ်က္ႏွာခ်င္းဆိုင္ေတြ႕ရတာ
"Hey ကိုယ္က ဟိုမေကာင္းတဲ့ ေခြးေကာင္ေတြနဲ႕ တစ္ဖြဲ႕တည္း မဟုတ္ပါဘူး....ဒီအတိုင္း ျဖတ္သြားရင္း ဆူညံသံၾကားလို႔ ဝင္ၾကည့္တာ "
"ရွင္ ရွင္က "
"Manoban....Lisa Manoban.....ဒီလိုေနရာမွာေတာ့ ေတြ႕ရတာ ဝမ္းသာပါတယ္လို႔ ေျပာဖို႔ မသင့္ေတာ္ဘူးထင္တယ္ "
"ငါ "
"Hey ကိုယ္ မင္း လူသတ္ခဲ့တဲ့အေၾကာင္း ဘယ္သူ႕ကိုမွမေျပာဘူး စိတ္ခ်ပါ တကယ္ေတာ့ ဒီေခြးေကာင္ေတြက အသတ္ခံရတာနဲ႕တန္တယ္ေလ "
Pran ေခၚ lisa က ေျပာၿပီး Chaeyoung အနားကို ကပ္လာသည္
"အရင္ဆုံး ဒီဓားကို အိမ္သာထဲ ဆြဲခ်ရေအာင္ "
"ဟင့္အင္း ဒီဓားကို ကြၽန္မ လႊင့္မပစ္နိုင္ဘူး "
"ဒါဆိုလည္း ေသြးေတြကို ေရေဆးလိုက္ေလ ေနာ္ "
Lisaက ေျပာၿပီး အေလာင္းကို အိမ္သာထဲဆြဲသြားၿပီး ေရပိုက္နဲ႕ ေသြးေတြကို ေရေဆးခ်လိဳက္သည္
ၾကမ္းျပင္ေပၚက ေသြးေတြကိုလည္း ေရေဆးခ်ၿပီးေနာက္ သူ႕အေပၚဂ်ာကင္ကို Lisa ခြၽတ္လိုက္သည္
ၿပီးေတာ့ လည္ပင္းၿပဲေနတဲ့ ေယာကၤ်ားရဲ႕ လည္ပင္းကို ပတ္ေပးလိုက္သည္
"ဟိုတစ္ေယာက္ ရပ္ၾကည့္မေနနဲ႕ေလ လာကူတြဲပါအုံး "
Lisaမွာ လူေသေလာင္းကို တြဲထူရင္း Chaeyoungကို လွမ္းေျပာသည္
"အယ္ "
"ဒီေနရာမွာ အေလာင္းေဖ်ာက္လို႔မလြယ္ဘူးေလ .....အဲ့ေတာ့ သူ႕ကို အရက္မူးၿပီးေမွာက္ေနတဲ့လူလို ဟန္ေဆာင္ၿပီး ဒီက တြဲထုတ္မွ ျဖစ္မွာေပါ့ "
"ဟုတ္ ဟုတ္ "
"Aigoo သူက လူသတ္ခဲ့တာလား ငါကလူသတ္ခဲ့တာလား မသဲကြဲဘူး "
Chaeyoungလည္း ဓားကို ေရေဆးၿပီးေနာက္ သူ႕အိတ္ထဲျပန္ထည့္လိုက္ၿပီး Lisaကို သြားကူေလသည္
"ဒီဘက္က သြားရင္ CCTV မရွိဘူး အဆင္ေျပတယ္ ၿပီးေတာ့ အဲ့ဘက္မွာ ကိုယ့္ကားရွိတယ္ "
Chaeyoungမွာ ကူတြဲရင္း Lisaကို အကဲခတ္ေနတယ္
ဘာလို႔ သူက ငါ့ကို ကူညီေပးရတာလဲ
လမ္းသြားလမ္းလာေတြက Chaelisaတို႔ကို ၾကည့္သြားေတာ့ Lisaမွာ ေခ်ာင္းဟန့္ၿပီး
"ေက်းဇူးတင္ပါတယ္ေနာ္ Oppaကို ထိန္းထားေပးလို႔ မူးေအာင္မေသာက္ပါနဲ႕လို႔ မွာထားတာကို နားမေထာင္ဘူး "
Lisaက ဟန္ေဆာင္ေျပာေတာ့ Chaeyoungကလည္း အလိုက္သင့္ ေခါင္းညိတ္ျပတယ္
"ကားေပၚတင္လိုက္ "
အေလာင္းကို Lisa တစ္ေယာက္ ကားေပၚ တင္ခိုင္းလိုက္သည္
"အခု ဘယ္သြားေနတာလဲဟင္ "
"ကိုယ့္အိမ္ကို သြားေနတာ ေလာေလာဆယ္ ဒီအေလာင္းကို ကိုယ့္အိမ္မွာ ခဏထားမယ္ "
Lisaက Chaeyoungကို သူ႕ရဲ႕တစ္ျခားေနရာက အိမ္တစ္ခုကို ေခၚသြားတယ္
Lisaရဲ႕ အိမ္ကိုေရာက္ေသာအခါ
Lisaနဲ႕ Chaeyoungမွာ အေလာင္းကို ဆိုဖာေပၚသို႔ တင္လိုက္သည္
"စိတ္မပူပါနဲ႕ သူ႕ကို ကိုယ္ ၾကည့္လုပ္လိုက္ပါမယ္ "
"Lisa...... ဟိုေလ ေက်းဇူးတင္ပါတယ္ "
"ရပါတယ္ ေက်းဇူးတင္ရင္ ေနာက္တစ္ခါေတြ႕ရင္ ထမင္းဝယ္ေကြၽးေပါ့ ဒါနဲ႕ ဒီက တစ္ေယာက္ နာမည္မသိရေသးဘူးေနာ္ "
"Chaeyoung ပါ...ဒါနဲ႕ ငါ့ကို ဘာလို႔ ကူညီေပးတာလဲ လူသတ္ထားတဲ့ လူကို ကူညီေပးရင္ ႀကံရာပါအေနနဲ႕ ဖမ္းခံရမယ္ဆိုတာ သိတယ္မလား ..."
"သိပါတယ္ ဒါေပမယ့္ Chaeyoung က တမင္ လူသတ္တာမွ မဟုတ္တာ ခုခံကာကြယ္မႈေလ ဒါက "
Lisaမွာ ေရခဲေသတၱာထဲက ေရကို ထုတ္ေသာက္ၿပီး ေျပာလိုက္သည္
"ဘာေသာက္မလည္း Chaeyoung shii ေရလား ဘီယာလား ေကာ္ဖီလား မက္ဂ်ဴလား အစုံရွိတယ္"
"ေရဘဲ ေပးပါ "
Chaeyoungမွာ Lisa ေပးတဲ့ေရကို ေသာက္ေနခ်ိန္ Lisaကေတာ့ အေလာင္းကို ၿပဳံးၿပီး ၾကည့္ေနတယ္
"ဘာလို႔ ရဲကို မတိုင္တာလဲ "
Chaeyoungက ေမးေတာ့ Lisaက သူ႕မ်က္မွန္ေလးကို လက္ညွိုးေလးနဲ႕ ပင့္တင္ၿပီး
"မင္းလို မိန္းမလွေလးကို ေခြးေတြေၾကာင့္ အလကားေနရင္း အဖမ္းမခံေစခ်င္လို႔ "
Lisaရဲ႕စကားေၾကာင့္ Chaeyoung သူ႕ႏွာေခါင္းေလးကို ရႈံ႕လိုက္သည္
"အေလာင္းကို ဘယ္လိုေဖ်ာက္မွာလဲ "
"စိတ္မပူပါနဲ႕ ရဲေတြ သတိမထားမိေအာင္ ေဖ်ာက္ေပးမယ္ အေလာင္းကိုရွာေတြ႕ရင္ေတာင္ မင္း သတ္တယ္ဆိုတာ မသိေအာင္ လုပ္ေပးမယ္ "
"oh Lisa ေျပာပုံနားေထာင္ရတာ proတစ္ေယာက္လိုဘဲေနာ္ "
"အာ ကိုယ္က လူသတ္ကားေတြ အမ်ားႀကီး ၾကည့္ဖူးလို႔ သိတာပါ "
Lisa မွာ Chaeyoung သတိမထားမိ မရိပ္မိေအာင္ လိမ္ေျပာလိုက္တယ္
"ေၾသာ္.... ဘာဘဲျဖစ္ျဖစ္ ေက်းဇူးတင္ပါတယ္ ျပန္ေတာ့မယ္ေနာ္ "
"ညနက္ေနၿပီ ဒီအခ်ိန္တစ္ေယာက္တည္း ျပန္ရင္ အႏၱရာယ္မ်ားတယ္ ကိုယ့္အိမ္မွာ အိပ္သြားလိုက္ေလ အခန္းပိုရွိတယ္ရယ္ မနက္က်မွ ေစာေစာထၿပီး အိမ္ျပန္ေပါ့ "
Lisaက ေျပာေတာ့ Chaeyoungက နာရီကို လွမ္းၾကည့္သည္
ည ၁၂ထိုးေတာ့မွာဆိုေတာ့ Lisa အိမ္မွာဘဲ အိပ္လိုက္တာ ေကာင္းတယ္လို႔ Chaeyoung သေဘာတူလိုက္သည္
Chaeyoung မွာ Lisa ေပးတဲ့ အခန္းထဲ အိပ္ေနရင္း ဓားသံ ဒယ္အိုးအသံေတြၾကားလို႔ ထၾကည့္ေတာ့ Spot Bra ဝတ္ၿပီး ဟင္းခ်က္ေနတဲ့ Lisaကို ေတြ႕ရသည္
"Aww သူက ဟင္းခ်က္ေနတာဘဲ မနက္သုံးနာရီရွိေသးတယ္ ငါ ျပန္အိပ္အုံးမွပါ "
Chaeyoungမွာ နာရီကိုတစ္ခ်က္ၾကည့္ၿပီး ေစာေသးတယ္လို႔ ေတြးရင္း ျပန္အိပ္လိုက္ေသာေၾကာင့္ Lisa မွာ အေလာင္းကို လွီးျဖတ္ေနမွန္း Chaeyoung မသိလိုက္ေပ
#tbc
Bạn đang đọc truyện trên: Truyen3h.Co