Part 6
"လူတစ်ယောက်က ပျော်ရွှင်တဲ့အခါ ဒီလိုမျက်နှာလေး ဖြစ်ပြီး ဝမ်းနည်းတဲ့အခါ ဒီလို ငိုမဲ့မဲ့မျက်နှာလေး ဖြစ်တတ်တယ်နော် သမီးလေး Chaeyoung မှတ်ထားနော် "
Mrs.Parkမှာ ရှစ်နှစ်သမီးအရွယ်လေး ဖြစ်တဲ့ Chaeyoungကို လူတစ်ယောက်ရဲ့ မျက်နှာအမူအရာတွေအကြောင်း ဖော်ပြထားတဲ့ စာအုပ်လေးက ရုပ်ပုံလေးတွေကို လက်ညိုးထိုးပြပြီး သင်ကြားပေးနေသည်
ရှစ်နှစ်အရွယ် Little Park Chaeyoungလေးမှာ လူတစ်ယောက်ရဲ့မျက်နှာပုံစံကို အကဲမခတ်နိုင်သေးဘူးလေ
"Omma...ဒီ ခရမ်းရောင်မျက်နှာက ဘာဖြစ်တဲ့အခါလဲဟင် "
"အဲ့ခရမ်းရောင် မျက်နှာက လူတွေကြောက်လန့်တဲ့အခါ ဖြစ်လာတာ သမီးရဲ့ လူတွေက ကြောက်လန့်လာရင် ဒီလိုမျက်နှာမျိုး လုပ်တတ်ကြတယ် "
"ဒါဆို မျက်နှာခရမ်းရောင်က ဘာလို့ဖြစ်တာလဲ "
"လန့်သွားလို့လေ လန့်သွားလို့ အရမ်းကြောက်လန့်ပြီး တုန်လှုပ်သွားရင် အသက်ကောင်းကောင်းရှူလို့ မရတော့ဘူးလေ အသက်မရှူနိုင်ရင် သွေးကကောင်းကောင်း မလည်ပတ်တော့လို့ ဒီလိုမျိုး ခရမ်းရောင်မျက်နှာ ဖြစ်သွားတာရယ် "
Chaeyoung ငယ်လေးမှာ ခေါင်းညိတ်ပြပြီး စာအုပ်ကို သေချာ ကြည့်နေသည်
ခဏကြာတော့ စာဖတ်နေရာက ရပ်ပြီး သူ့အမေကို ဖက်ကာ သူ့အမေမျက်နှာကို သေချာကြည့်နေသည်
"ပျော်နေတာဘဲ Omma မျက်နှာမှာ ပျော်ရွှင်မှု မြင်နေရတယ် "
"ဟုတ်တာပေါ့ Ommaရဲ့ ချစ်ဆုံးသမီးလေးက လာဖက်တော့ Ommaက ပျော်တာပေါ့ "
Chaeyoungမှာ ထိုင်နေရာက ထပြီး သူ့အမေပခုံးကို သွားဖက်လေသည်
ထို့နောက် သူ့အမေ လည်ပင်းမှာ စည်းထားတဲ့ Apron ကို ဆွဲပြီး လည်ပင်းအစ်အောင် ညှစ်လိုက်သည်
"Chae သမီး...အစ်...."
"ကြောက်ရွံမှု...Omma မျက်နှာမှာ ကြောက်ရွံ့မှုတွေ တွေ့နေရတယ် "
Chaeyoungမှာ သူ့အပြုအမူကြောင့် ကြောက်လန့်သွားတဲ့ သူ့အမေကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်
"Chae သမီး အခု ဘာလုပ်လိုက်တာလဲ "
"Omma မျက်နှာ ခရမ်းရောင်ပြောင်းသွားလား သိချင်လို့ "
"Chaeyoung....Chaeyoung shii ...Chaeyoung"
တစ်စုံတစ်ယောက်က သူ့လက်မောင်းကို ကိုင်လှုပ်သောကြောင့် Chaeyoung နိုးလာသည်
ခုနက အိမ်မက်မက်နေတာဘဲ....အပြင်မှာ တကယ် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပေါ့
ငယ်ငယ်က သူ့အမေကို ခဏခဏ လည်ပင်းကို ညှစ်ဖူးတဲ့အတွက်ကြောင့် Chaeyoung စိတ်ကျန်းမာရေးဆေးရုံကို သုံးလလောက် သွားခဲ့ရဖူးသည်
နောက်တော့ Chaeyoungကို သူ့အမေက စွန့်ပစ်သွားခဲ့တယ်လေ
"Chaeyoung shii အိပ်ရေးရော ဝရဲ့လား မနက်စာကို ပူတုံးလေး စားစေချင်လို့ နှိုးလိုက်တာရယ် အနှောင့်အယှက်ဖြစ်သွားလား sorryပါနော် "
Chaeyoung မျက်လုံးဖွင့်လိုက်တော့ သူ့ကို အားနာတဲ့မျက်လုံးတွေနဲ့ ကြည့်နေတဲ့ Lisaကို တွေ့ရလေသည်
"Lisa shii "
"နိုးပြီလား မျက်နှာသွားသစ်လိုက်လေ ကိုယ် မနက်စာပြင်ပေးထားတယ် စောင့်နေမယ်နော် အတူစားကြတာပေါ့ "
"ဟုတ်ကဲ့ "
Lisaလည်း အိပ်မှုန်စုံဖွားဖြစ်နေတဲ့ Chaeyoungကို ပြုံးပြပြီး အခန်းထဲက ထွက်လာလိုက်သည်
Chaeyoung မျက်နှာသစ်ပြီး ထွက်လာတော့ ထမင်းစားခန်းထဲတွင် Lisaက မနက်စာအတွက် ပန်းကန်တွေကို နေရာချထားပေးနေတာကို တွေ့ရသည်
"မနက်စာအတွက် ပြင်ထားတာတွေက အများကြီးဘဲ "
"ဟုတ်ပါ့ အရင်က တစ်ယောက်တည်း အထီးကျန်ကျန် မနက်စာစားခဲ့ရတော့ အခု နောက်တစ်ယောက်နဲ့ အတူစားရမယ်ဆိုတာ သိပြီး စိတ်ပျော်သွားလို့ ထင်ပါရဲ့ အများကြီး ချက်မိတာ "
"ကျေးဇူးတင်ပါတယ် Lisa shii "
Chaeyoungမှာ Lisaကို ကျေးဇူးတင်စကားပြောပြီး ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်
မနေ့က အလောင်းကြီး Lisa အိမ်ထဲမရှိတော့ပါလား Lisa လက်စဖျောက်လိုက်ပြီ ထင်ပါရဲ့
Chaeyoungလည်း Lisaကို ဘာမှမမေးတော့ဘဲ မနက်စာကိုသာ စားလိုက်သည်
မနက်စာစားပြီးနောက် Chaeyoung နာရီကို ကြည့်တော့ ကိုးနာရီထိုးနေပြီ
တော်သေးတယ် ဒီနေ့ Chaeyoung အလုပ်နားရက်မို့လို့ပေါ့ မဟုတ်ရင် အလုပ်နောက်ကျလို့ ဒဏ်ကြေးပေးနေရမှာ
Chaeyoungတို့များ သူစိမ်းအိမ်မှာ ဘယ်လောက်တောင် စိတ်ချလက်ချအိပ်ပစ်လည်းဆိုရင် သူများလာနှိုးမှ နိုးတဲ့အထိဘဲ
မနက်စာစားပြီးနောက် Lisaကို ကျေးဇူးတင်စကားပြောပြီး Chaeyoung အိမ်ပြန်လာခဲ့သည်
Lisaက ပြန်လိုက်ပို့ပေးမယ် ပြောပေမယ့် Chaeyoungကတော့ အားနာလို့ ပြန်မပို့ခိုင်းဘဲ တက္ကစီငှားပြန်ခဲ့လိုက်သည်
အင်ဂျင်နီယာ ဖြစ်တဲ့ Lisa တစ်ယောက် Chaeyoung ပြန်သွားတော့ ရေမိုးချိုး သန့်စင်ပြီး အလုပ်ကို ထွက်လာခဲ့လိုက်သည်
...အလုပ်သွားတဲ့အခါတိုင်း Lisa ဖြတ်သွားနေကျ ရပ်ကွက်တစ်ခုတွင် ဝှီးချဲနဲ့ကောင်မလေးတစ်ယောက်ကို Lisa အမြဲ သတိထားမိသည်
ဝှီးချဲပေါ်ကနေ အမြဲတမ်း လမ်းမပေါ်ကို ပြုံးကြည့်နေတတ်တဲ့ ကောင်မလေးကို ပစ်မှတ်အသစ် တစ်ခုအနေနဲ့ထားဖို့ Lisa ဒီနေ့တော့ ဆုံးဖြတ်ချက်ချလိုက်သည်
သားကောင်အသစ်ကို အမဲလိုက်ရမယ်ဆိုတော့ Lisa အသွင်ပုံသဏ္ဍာန်တစ်ခုပြောင်းမှ ဖြစ်တော့မယ်လေ
ဆေးရုံကိုပြန်လည်တည်ဆောက်ဖို့ Lisaတို့အဖွဲ့ ဆေးရုံသွားကြည့်ရင်း ဝှီးချဲတွေကို တွေ့တော့ Lisa idea တစ်ခုရသွားပြီး ဝှီးချဲဖော်တက်ထိုင်ကာ သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက် ကို ဓာတ်ပုံရိုက်ခိုင်းလိုက်သည်
တစ်နေကုန် ကုတင်ပေါ်မှာနေလိုက် ဝှီးချဲပေါ်မှာ ထိုင်နေလိုက်နဲ့ ပျင်းနေရတဲ့ Hyeri တစ်ယောက် လိုင်းပေါ်တွင် ခေတ်စားနေတဲ့ Dating App တစ်ခုကို Downထားပြီး အချိန်ဖြုန်းနေလေရဲ့
Appတွင်ပေါ်လာတဲ့ Account တွေကို ကြည့်ရင်း ဝှီးချဲပေါ်မှာ Maskလေး တပ်ပြီး ထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ပုံနဲ့ accountကို တွေ့ပြီး Hyeri စိတ်ဝင်စားသွားတယ်
Hyeri စိတ်ဝင်စားလို့ အသည်းပုံ နှိပ်လိုက်တော့ တစ်ဖက်ကကောင်မလေးကလည်း ပြန်ပြီး အသည်းပေးသောကြောင့် နှစ်ယောက်သား perfect match ဖြစ်သွားကြသည်
ကောင်မလေးကို စကားသွားပြောရမလား မပြောရမလား Hyeri တွေးနေတုံး ကောင်မလေးဘက်ကနေ စကားစပြောလာသည်
- Hi....ငါ့လို လူတစ်ယောက်ကို အသည်းပေးလို့ ကျေးဇူးတင်ပါတယ်
- အာ ရပါတယ် ဟိုလေ စိတ်မဆိုးနဲ့နော် အခုလိုမေးလို့...မေးလို့ရမလားမသိဘူး
- ရပါတယ် ဘာလဲ ငါက ဝှီးချဲသမားလားလို့ မေးချင်တာလား ဟုတ်တယ် ဝှီးချဲသမားပါ
- ဟုတ်လား အတူတူဘဲ ကျွန်မလည်း ကားမတော်တဆမှုတစ်ခုကြောင့် ဝှီးချဲပေါ်ရောက်နေခဲ့တာရယ်
- အယ် ဒါဆို ဘဝတူပေါ့
- ဟုတ်ပါ့...
Lisaမှာ Hyeri အိမ်နဲ့ မလှမ်းမကမ်းက Coffee ဆိုင်မှာ ထိုင်ရင်း Devil smileနဲ့ ပြုံးလိုက်သည်
သားကောင်က သူ့ထောင်ချောက်ထဲ ဝင်လာခဲ့ပြီလေ
P.s Dating appက မိမိအသုံးပြုနေတဲ့နေရာနဲ့ အနီးအနားကလူတွေကို ဖော်ပြတာကြောင့် Lisaက သားကောင်လိုက်ရင် ထိုသားကောင်ရဲ့ အနီးအနားမှာ အမြဲနေတတ်ပြီး ဂွင်ဖန်ခြင်း ဖြစ်သည်
#tbc
#zawgyi
"လူတစ္ေယာက္က ေပ်ာ္႐ႊင္တဲ့အခါ ဒီလိုမ်က္ႏွာေလး ျဖစ္ၿပီး ဝမ္းနည္းတဲ့အခါ ဒီလို ငိုမဲ့မဲ့မ်က္ႏွာေလး ျဖစ္တတ္တယ္ေနာ္ သမီးေလး Chaeyoung မွတ္ထားေနာ္ "
Mrs.Parkမွာ ရွစ္ႏွစ္သမီးအ႐ြယ္ေလး ျဖစ္တဲ့ Chaeyoungကို လူတစ္ေယာက္ရဲ႕ မ်က္ႏွာအမူအရာေတြအေၾကာင္း ေဖာ္ျပထားတဲ့ စာအုပ္ေလးက ႐ုပ္ပုံေလးေတြကို လက္ညိုးထိုးျပၿပီး သင္ၾကားေပးေနသည္
ရွစ္ႏွစ္အ႐ြယ္ Little Park Chaeyoungေလးမွာ လူတစ္ေယာက္ရဲ႕မ်က္ႏွာပုံစံကို အကဲမခတ္နိုင္ေသးဘူးေလ
"Omma...ဒီ ခရမ္းေရာင္မ်က္ႏွာက ဘာျဖစ္တဲ့အခါလဲဟင္ "
"အဲ့ခရမ္းေရာင္ မ်က္ႏွာက လူေတြေၾကာက္လန့္တဲ့အခါ ျဖစ္လာတာ သမီးရဲ႕ လူေတြက ေၾကာက္လန့္လာရင္ ဒီလိုမ်က္ႏွာမ်ိဳး လုပ္တတ္ၾကတယ္ "
"ဒါဆို မ်က္ႏွာခရမ္းေရာင္က ဘာလို႔ျဖစ္တာလဲ "
"လန့္သြားလို႔ေလ လန့္သြားလို႔ အရမ္းေၾကာက္လန့္ၿပီး တုန္လႈပ္သြားရင္ အသက္ေကာင္းေကာင္းရႉလို႔ မရေတာ့ဘူးေလ အသက္မရႉနိုင္ရင္ ေသြးကေကာင္းေကာင္း မလည္ပတ္ေတာ့လို႔ ဒီလိုမ်ိဳး ခရမ္းေရာင္မ်က္ႏွာ ျဖစ္သြားတာရယ္ "
Chaeyoung ငယ္ေလးမွာ ေခါင္းညိတ္ျပၿပီး စာအုပ္ကို ေသခ်ာ ၾကည့္ေနသည္
ခဏၾကာေတာ့ စာဖတ္ေနရာက ရပ္ၿပီး သူ႕အေမကို ဖက္ကာ သူ႕အေမမ်က္ႏွာကို ေသခ်ာၾကည့္ေနသည္
"ေပ်ာ္ေနတာဘဲ Omma မ်က္ႏွာမွာ ေပ်ာ္႐ႊင္မႈ ျမင္ေနရတယ္ "
"ဟုတ္တာေပါ့ Ommaရဲ႕ ခ်စ္ဆုံးသမီးေလးက လာဖက္ေတာ့ Ommaက ေပ်ာ္တာေပါ့ "
Chaeyoungမွာ ထိုင္ေနရာက ထၿပီး သူ႕အေမပခုံးကို သြားဖက္ေလသည္
ထို႔ေနာက္ သူ႕အေမ လည္ပင္းမွာ စည္းထားတဲ့ Apron ကို ဆြဲၿပီး လည္ပင္းအစ္ေအာင္ ညွစ္လိုက္သည္
"Chae သမီး...အစ္...."
"ေၾကာက္႐ြံမႈ...Omma မ်က္ႏွာမွာ ေၾကာက္႐ြံ႕မႈေတြ ေတြ႕ေနရတယ္ "
Chaeyoungမွာ သူ႕အျပဳအမူေၾကာင့္ ေၾကာက္လန့္သြားတဲ့ သူ႕အေမကို ၾကည့္ၿပီး ၿပဳံးကာ ေျပာလိုက္သည္
"Chae သမီး အခု ဘာလုပ္လိုက္တာလဲ "
"Omma မ်က္ႏွာ ခရမ္းေရာင္ေျပာင္းသြားလား သိခ်င္လို႔ "
"Chaeyoung....Chaeyoung shii ...Chaeyoung"
တစ္စုံတစ္ေယာက္က သူ႕လက္ေမာင္းကို ကိုင္လႈပ္ေသာေၾကာင့္ Chaeyoung နိုးလာသည္
ခုနက အိမ္မက္မက္ေနတာဘဲ....အျပင္မွာ တကယ္ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္တစ္ခုေပါ့
ငယ္ငယ္က သူ႕အေမကို ခဏခဏ လည္ပင္းကို ညွစ္ဖူးတဲ့အတြက္ေၾကာင့္ Chaeyoung စိတ္က်န္းမာေရးေဆး႐ုံကို သုံးလေလာက္ သြားခဲ့ရဖူးသည္
ေနာက္ေတာ့ Chaeyoungကို သူ႕အေမက စြန့္ပစ္သြားခဲ့တယ္ေလ
"Chaeyoung shii အိပ္ေရးေရာ ဝရဲ႕လား မနက္စာကို ပူတုံးေလး စားေစခ်င္လို႔ ႏွိုးလိုက္တာရယ္ အႏွောင့္အယွက္ျဖစ္သြားလား sorryပါေနာ္ "
Chaeyoung မ်က္လုံးဖြင့္လိုက္ေတာ့ သူ႕ကို အားနာတဲ့မ်က္လုံးေတြနဲ႕ ၾကည့္ေနတဲ့ Lisaကို ေတြ႕ရေလသည္
"Lisa shii "
"နိုးၿပီလား မ်က္ႏွာသြားသစ္လိုက္ေလ ကိုယ္ မနက္စာျပင္ေပးထားတယ္ ေစာင့္ေနမယ္ေနာ္ အတူစားၾကတာေပါ့ "
"ဟုတ္ကဲ့ "
Lisaလည္း အိပ္မႈန္စုံဖြားျဖစ္ေနတဲ့ Chaeyoungကို ၿပဳံးျပၿပီး အခန္းထဲက ထြက္လာလိုက္သည္
Chaeyoung မ်က္ႏွာသစ္ၿပီး ထြက္လာေတာ့ ထမင္းစားခန္းထဲတြင္ Lisaက မနက္စာအတြက္ ပန္းကန္ေတြကို ေနရာခ်ထားေပးေနတာကို ေတြ႕ရသည္
"မနက္စာအတြက္ ျပင္ထားတာေတြက အမ်ားႀကီးဘဲ "
"ဟုတ္ပါ့ အရင္က တစ္ေယာက္တည္း အထီးက်န္က်န္ မနက္စာစားခဲ့ရေတာ့ အခု ေနာက္တစ္ေယာက္နဲ႕ အတူစားရမယ္ဆိုတာ သိၿပီး စိတ္ေပ်ာ္သြားလို႔ ထင္ပါရဲ႕ အမ်ားႀကီး ခ်က္မိတာ "
"ေက်းဇူးတင္ပါတယ္ Lisa shii "
Chaeyoungမွာ Lisaကို ေက်းဇူးတင္စကားေျပာၿပီး ေဘးပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္လိုက္သည္
မေန႕က အေလာင္းႀကီး Lisa အိမ္ထဲမရွိေတာ့ပါလား Lisa လက္စေဖ်ာက္လိုက္ၿပီ ထင္ပါရဲ႕
Chaeyoungလည္း Lisaကို ဘာမွမေမးေတာ့ဘဲ မနက္စာကိုသာ စားလိုက္သည္
မနက္စာစားၿပီးေနာက္ Chaeyoung နာရီကို ၾကည့္ေတာ့ ကိုးနာရီထိုးေနၿပီ
ေတာ္ေသးတယ္ ဒီေန႕ Chaeyoung အလုပ္နားရက္မို႔လို႔ေပါ့ မဟုတ္ရင္ အလုပ္ေနာက္က်လိဳ႕ ဒဏ္ေၾကးေပးေနရမွာ
Chaeyoungတို႔မ်ား သူစိမ္းအိမ္မွာ ဘယ္ေလာက္ေတာင္ စိတ္ခ်လက္ခ်အိပ္ပစ္လည္းဆိုရင္ သူမ်ားလာႏွိုးမွ နိုးတဲ့အထိဘဲ
မနက္စာစားၿပီးေနာက္ Lisaကို ေက်းဇူးတင္စကားေျပာၿပီး Chaeyoung အိမ္ျပန္လာခဲ့သည္
Lisaက ျပန္လိုက္ပို႔ေပးမယ္ ေျပာေပမယ့္ Chaeyoungကေတာ့ အားနာလို႔ ျပန္မပို႔ခိုင္းဘဲ တကၠစီငွားျပန္ခဲ့လိုက္သည္
အင္ဂ်င္နီယာ ျဖစ္တဲ့ Lisa တစ္ေယာက္ Chaeyoung ျပန္သြားေတာ့ ေရမိုးခ်ိဳး သန့္စင္ၿပီး အလုပ္ကို ထြက္လာခဲ့လိုက္သည္
...အလုပ္သြားတဲ့အခါတိုင္း Lisa ျဖတ္သြားေနက် ရပ္ကြက္တစ္ခုတြင္ ဝွီးခ်ဲနဲ႕ေကာင္မေလးတစ္ေယာက္ကို Lisa အၿမဲ သတိထားမိသည္
ဝွီးခ်ဲေပၚကေန အၿမဲတမ္း လမ္းမေပၚကို ၿပဳံးၾကည့္ေနတတ္တဲ့ ေကာင္မေလးကို ပစ္မွတ္အသစ္ တစ္ခုအေနနဲ႕ထားဖို႔ Lisa ဒီေန႕ေတာ့ ဆုံးျဖတ္ခ်က္ခ်လိဳက္သည္
သားေကာင္အသစ္ကို အမဲလိုက္ရမယ္ဆိုေတာ့ Lisa အသြင္ပုံသ႑ာန္တစ္ခုေျပာင္းမွ ျဖစ္ေတာ့မယ္ေလ
ေဆး႐ုံကိုျပန္လည္တည္ေဆာက္ဖို႔ Lisaတို႔အဖြဲ႕ ေဆး႐ုံသြားၾကည့္ရင္း ဝွီးခ်ဲေတြကို ေတြ႕ေတာ့ Lisa idea တစ္ခုရသြားၿပီး ဝွီးခ်ဲေဖာ္တက္ထိုင္ကာ သူ႕လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ ကို ဓာတ္ပုံရိုက္ခိုင္းလိုက္သည္
တစ္ေနကုန္ ကုတင္ေပၚမွာေနလိုက္ ဝွီးခ်ဲေပၚမွာ ထိုင္ေနလိုက္နဲ႕ ပ်င္းေနရတဲ့ Hyeri တစ္ေယာက္ လိုင္းေပၚတြင္ ေခတ္စားေနတဲ့ Dating App တစ္ခုကို Downထားၿပီး အခ်ိန္ျဖဳန္းေနေလရဲ႕
Appတြင္ေပၚလာတဲ့ Account ေတြကို ၾကည့္ရင္း ဝွီးခ်ဲေပၚမွာ Maskေလး တပ္ၿပီး ထိုင္ေနတဲ့ ေကာင္မေလးတစ္ေယာက္ပုံနဲ႕ accountကို ေတြ႕ၿပီး Hyeri စိတ္ဝင္စားသြားတယ္
Hyeri စိတ္ဝင္စားလို႔ အသည္းပုံ ႏွိပ္လိုက္ေတာ့ တစ္ဖက္ကေကာင္မေလးကလည္း ျပန္ၿပီး အသည္းေပးေသာေၾကာင့္ ႏွစ္ေယာက္သား perfect match ျဖစ္သြားၾကသည္
ေကာင္မေလးကို စကားသြားေျပာရမလား မေျပာရမလား Hyeri ေတြးေနတုံး ေကာင္မေလးဘက္ကေန စကားစေျပာလာသည္
- Hi....ငါ့လို လူတစ္ေယာက္ကို အသည္းေပးလို႔ ေက်းဇူးတင္ပါတယ္
- အာ ရပါတယ္ ဟိုေလ စိတ္မဆိုးနဲ႕ေနာ္ အခုလိုေမးလို႔...ေမးလို႔ရမလားမသိဘူး
- ရပါတယ္ ဘာလဲ ငါက ဝွီးခ်ဲသမားလားလို႔ ေမးခ်င္တာလား ဟုတ္တယ္ ဝွီးခ်ဲသမားပါ
- ဟုတ္လား အတူတူဘဲ ကြၽန္မလည္း ကားမေတာ္တဆမႈတစ္ခုေၾကာင့္ ဝွီးခ်ဲေပၚေရာက္ေနခဲ့တာရယ္
- အယ္ ဒါဆို ဘဝတူေပါ့
- ဟုတ္ပါ့...
Lisaမွာ Hyeri အိမ္နဲ႕ မလွမ္းမကမ္းက Coffee ဆိုင္မွာ ထိုင္ရင္း Devil smileနဲ႕ ၿပဳံးလိုက္သည္
သားေကာင္က သူ႕ေထာင္ေခ်ာက္ထဲ ဝင္လာခဲ့ၿပီေလ
P.s Dating appက မိမိအသုံးျပဳေနတဲ့ေနရာနဲ႕ အနီးအနားကလူေတြကို ေဖာ္ျပတာေၾကာင့္ Lisaက သားေကာင္လိုက္ရင္ ထိုသားေကာင္ရဲ႕ အနီးအနားမွာ အၿမဲေနတတ္ၿပီး ဂြင္ဖန္ျခင္း ျဖစ္သည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co